ဖန်တီးခြင်းမျက်လုံး
Vol. 11 Ch. 105
ထိုအချိန်တွင် မြူခိုးနေထိုင်သူများ၏အဖွဲ့အစည်းအတွင်း၌ ပုံရိပ်အချို့သည် မျက်မှောင်ကြုတ်ထားကြသည်။
"ဒီရက်ပိုင်းတွေမှာ ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်မျိုးနွယ်ဝင်တွေက ပိုပိုပြီး ဂနာမငြိမ် ဖြစ်လာကြတယ်။ ငါထင်တာတော့ တစ်ခုခု အကြီးအကျယ် ဖြစ်လာတော့မယ် ထင်တယ်"
"တချို့လူတွေ ခန့်မှန်းကြတာကတော့ ရှေးဟောင်းနတ်ဘုရားမျိုးဆက်တွေက ရှေးဟောင်းနတ်ဘုရားရဲ့စိတ်ဆန္ဒနဲ့ ပြီးပြည့်စုံစွာလိုက်ဖက်ညီနိုင်တဲ့ တည်ရှိမှုတစ်ခုကို ရှာဖွေနေကြတယ်တဲ့။ အကယ်၍ သူတို့သာ အောင်မြင်သွားရင် လက်ရှိခေတ်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး တကယ်ပေါ်ထွန်းလာမှာကို ငါ စိုးရိမ်မိတယ်။ အဲ့ဒီအချိန်ကျရင် မြူခိုးသမုဒ္ဒရာကြီးက ဖယ်ရှားခံလိုက်ရလိမ့်မယ်။ ဟေးရှက ငါတို့ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပဲလေ"
"အဲ့ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ဒါက အမှောင်ခေတ်ကြီး ဖြစ်လာလိမ့်မယ်..."
သူတို့အားလုံး ခေါင်းကိုက်နေကြသည်။
"ဟေ... အကဲဖြတ်သူအဖွဲ့ဆီက သတင်းစကားလား။ ထူးဆန်းလိုက်တာ... ဒီဝိညာဉ်ကျောက်စိမ်းသတင်းစကားရဲ့အဆင့်က အမြင့်ဆုံးဆက်သွယ်ရေးအဆင့်လေ... ပုံမှန်သတင်းစကားမျိုး ဝင်လာရင် ချက်ချင်း ပယ်ချခံရမှာ။ အရေးကြီးကိစ္စ တစ်ခုခုများ ဖြစ်လို့လား"
သူတို့သည် အမှောင်နတ်ဘုရားကျောက်တိုင်၏ ပျက်သုဉ်းခြင်းကမ္ဘာမှ ဝတ်ရုံဖြူလူငယ်ကို ရှာဖွေနေကြခြင်း ဖြစ်သည်။
သူတို့ ထိုလူငယ်ကို တွေ့ရှိသွားပြီလော။
'မြူခိုးသမုဒ္ဒရာ အပြင်နယ်မြေတွင် ဝတ်ရုံဖြူလူငယ်ကို တွေ့ရှိ။သူ၏အလားအလာသည် လက်ရှိတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်ပြီး နတ်တံတားအဆင့် နှောင်းပိုင်းတွင် ရှိသည်။
သူသည် ကူးပြောင်းခြင်းအဆင့် အလယ်အလတ်ရှိသော နတ်ဆိုးဘုရင်တစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။'
ဝိညာဉ်ကျောက်စိမ်းမှ သတင်းစကားများကို တစ်ခုပြီးတစ်ခု ကုဒ်ဖော်ပြီး ဆက်စပ်ကြည့်လိုက်သောအခါ ၎င်းတို့၏ရှေ့မှောက်တွင် သတင်းအချက်အလက်များ ပေါ်ထွက်လာသည်။
ဘာ...
နတ်ဘုရားတစ်ပိုင်းအဆင့် အလားအလာတဲ့လား။
သူ၏လှုပ်ရှားခြင်းနည်းစနစ် အထွတ်အထိပ်ရောက်ရှိမှုသည် အရိပ်ခွဲထုတ်ခြင်းနယ်ပယ် နှင့် နီးစပ်နေပြီဖြစ်သည်။
သူ၏တိုက်ခိုက်ခြင်းစွမ်းအားသည် သူနှင့် ရွယ်တူများထက် အများကြီး သာလွန်နေသည်။
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဝတ်ရုံဖြူလူငယ်... နတ်ဘုရားတစ်ပိုင်းအဆင့် အလားအလာ အကဲဖြတ်ချက်... ဓား... လှုပ်ရှားခြင်းနည်းစနစ် အထွတ်အထိပ်နယ်ပယ်... ဒီလောက်ကြီး တိုက်ဆိုင်နေတာတော့ မဖြစ်နိုင်ဘူး"
ရုတ်တရက် သူတို့ လူတစ်ယောက်ကို သတိရသွားကြသည်။
ထိုသူမှာ အမှောင်နတ်ဘုရားကျောက်တိုင်၏ပျက်သုဉ်းခြင်းကမ္ဘာမှ လူငယ်ပင်ဖြစ်သည်။
"ချက်ချင်း လူလွှတ်လိုက်စမ်း... ဝတ်ရုံနက် နတ်ဘုရားတမန်တော်က သူ့ကို တိုက်ခိုက်ချင်နေတာလား။ သောက်ကျိုးနည်း... ဝတ်ရုံနက်က သူ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မသိဘူးလား"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ခမ်းနားသော ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်သွားသည်။
ထိုပုံရိပ်သည် အလွန်အမင်း ဒေါသထွက်နေပုံရသည်။
သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနည်းငယ် ပိန်ပါးသော ပုံပန်းသဏ္ဍာန်ရှိသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြူခိုးနေထိုင်သူများ၏အကြီးအကဲပိုင်းအားလုံး တပ်လှန့်နှိုးဆော်ခံလိုက်ရပြီး အနန္တအမှောင်ထုအဆင့် ကျွမ်းကျင်သူများစွာ အပြေးအလွှား ထွက်ခွာသွားကြသည်။
"ဘာဖြစ်တာလဲ။ ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါပဲ..."
"အဖွဲ့အစည်းက အထက်ပိုင်းတွေအကုန်လုံး လှုပ်ရှားနေကြတာလား"
"ဘာတွေ ဖြစ်ကုန်တာလဲ"
ခဏတာမျှ မြူခိုးနေထိုင်သူများ အဖွဲ့အစည်းမှ လူများစွာ၏မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
ထိုအရှိန်အဝါ၏ ဖိအားကြောင့် လူတိုင်း အသက်ရှူကျပ်မတတ် ဖြစ်နေကြရသည်။
လက်ရှိအချိန်မှာတော့ နံပတ်၇ နတ်ဘုရားတမန်တော်၏စိတ်ဓာတ်ကြံ့ခိုင်မှု မည်မျှပင် မြင့်မားပါစေ သူ စိတ်လှုပ်ရှားသွားရသည်။
သူတို့ ပြောခဲ့ကြသည်မှာ
အမှောင်နတ်ဘုရားကျောက်တိုင်၏ပျက်သုဉ်းခြင်းကမ္ဘာတွင် ဤကာလအပိုင်းအခြားအတွင်းတွင် ထူးကဲသော ကောင်းကင်ဘုံအချစ်တော်တစ်ဦး ပေါ်ထွန်းလာခဲ့သည်။
သူသည် သမိုင်းတစ်လျှောက် ဒသမမြောက် ရှေးဟောင်းနတ်ဘုရားငယ်စဉ်က ချန်ထားခဲ့သော ဓားအလင်းရိပ်ကို တိုက်ရိုက် အနိုင်ယူခဲ့သည်။
သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ငယ်ဘဝနှင့် ယှဉ်နိုင်ပေသည်။
ယခုအခါ မြူခိုးနေထိုင်သူများ၏ အဖွဲ့အစည်းတစ်ခုလုံးနှင့် ဝတ်ရုံနက်အဖွဲ့အစည်းတို့သည် ထိုရှေးဟောင်းနတ်ဘုရားလေးကို ရှာဖွေနေကြသည်။
သူတို့သည် ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်စေရန် သူ့ကို ပြုစုပျိုးထောင်ပြီး ရှေးဟောင်းနတ်ဘုရားချောက်နက်ကို ဖိနှိပ်လိုကြသည်။
သူ့ရင်ထဲတွင် မုန်တိုင်းထန်နေသည်။
အကယ်၍ ရှန်းချန်ကောသာ ပြုစုပျိုးထောင်ခံရပါက၊ ဤကောင်စုတ်၏ထူးကဲမှုကို ကြည့်ခြင်းအားဖြင့် သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားကြီးတစ်ကောင်အဖြစ် ကြီးပြင်းလာမည်မှာ သေချာသလောက်ပင်။
ထို့နောက် သူ၏အဆင့် ၇ ရာထူးသည်လည်း ရေမြင့်ကြာသင့် ဆိုသလို မြင့်တက်လာပေလိမ့်မည်။
သို့သော်...
သူသည် ဒေါင်လိုက်မျက်လုံး ပွင့်နေသော ရှန်းချန်ကောကို အေးစက်စွာ ကြည့်လိုက်သည်။
ဤကိစ္စများက လက်ရှိအဆင့်ထိ ရောက်လာပြီဖြစ်ရာ တည်ငြိမ်စွာပြီးဆုံးသွားနိုင်ဦးမည်လော။
မဖြစ်နိုင်တော့ပေ။
ရှန်းချန်ကောသည် သူ့ကို အလွန် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။
ဒေါင်လိုက်မျက်လုံးမှ ရှေးဟောင်းအရှိန်အဝါသည် သူ့ကို မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်စေသည်။
ထိုအရာသည် ဒဏ္ဍာရီလာ အရာတစ်ခုနှင့် အနည်းငယ် တူနေသည်။
ရှန်းချန်ကောသည် သူ့သားကို သတ်ခဲ့သည်။
အကယ်၍ လင်းရွှီယွင်သည် အထက်ပိုင်းတစ်ဦး၏ သားကို သတ်ဖြတ်မိပြီး ထိုအထက်ပိုင်းက သူ့ကို စတင်လေ့ကျင့်ပေးမည် ဆိုပါက ထိုအထက်ပိုင်းလူ ဘာလုပ်ရန် ကြိုးစားနေခြင်း ဖြစ်မည်နည်း။
လင်းရွှီယွင်သည် တစ်ဖက်သား၏နေရာတွင် ဝင်ရောက်စဉ်းစားကြည့်လိုက်ရာ ထိုအတွေး၏ ရလဒ်က သူ့ခန္ဓာကိုယ်ကို အေးစက်သွားစေသည်။
သူသည် ရူးသွပ်မတတ် ကျင့်ကြံအားထုတ်ပြီး ပိုမိုသန်မာလာရန် ကြိုးစားမည်။
ထို့နောက် သူ့အပေါ် ရန်ငြိုးရှိသူကို သတ်ပစ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူသည် သူ့ကို အမြဲစောင့်ကြည့်နေမည့် ဖုံးကွယ်ထားသော အမုန်းတရား ဗုံးတစ်လုံးကို ခွင့်ပြုထားမည် မဟုတ်သောကြောင့်ပင်။
သူ့အပေါ် မည်သို့မျှ မခံစားရလျှင်တောင်မှ သူ စိတ်မသန့် ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့်...
သူ၏ကျောပေါ်မှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရင်း သူ၏မျက်နှာထားသည် တဖြည်းဖြည်း အေးစက်လာခဲ့၏။
"မင်းမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်။မင်းရဲ့ မျက်ခုံးနှစ်ခုကြားက ဒေါင်လိုက်မျက်လုံးကို ရှေးဟောင်းစာအုပ်တွေထဲမှာ ငါ မြင်ဖူးသလိုပဲ... ဒါပေမဲ့ မှတ်ဉာဏ်က သိပ်မရှင်းလင်းဘူး..."
"'ဖန်တီးခြင်းမျက်လုံး'... မြူခိုးသမုဒ္ဒရာရဲ့ ဘိုးဘေးမျက်လုံး... ဒီအဆိုအမိန့်ကို ငါ မှတ်မိတယ်။ အပြင်နယ်မြေက ကလေးတစ်ယောက်ဖြစ်တဲ့ မင်းရဲ့ မျက်ခုံးကြားမှာ သူက အမှန်တကယ် ပေါ်လာခဲ့တာပဲ..."
လင်းရွှီယွင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူသည် ရှေးဟောင်းစာအုပ်များကို ဖတ်ရှုရသည်ကို နှစ်သက်သည်။
အမှန်တကယ် ပြောရလျှင် ထိုမျက်လုံးအကြောင်း အနည်းငယ် ဖတ်ဖူးသော်လည်း ရှန်းချန်ကော၏ မျက်ခုံးကြားရှိ မျက်လုံးသည် ထိုအရာ ဟုတ်မဟုတ် မသေချာပေ။
သို့သော် ရှန်းချန်ကောကို ဖိအားပေးရန်အတွက် သူ ဖြည်းညှင်းစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လူတစ်ယောက်၌ လျှို့ဝှက်ချက်တစ်ခု ရှိနေသည့်အခါ မည်သည့်အချိန်တွင် စိတ်လွတ်သွားတတ်သနည်း။
လျှို့ဝှက်ချက်ကို အလွယ်တကူ ဖော်ထုတ်လိုက်သည့် အချိန်တွင်ပင် ဖြစ်သည်။
တောအုပ်ထဲတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်၍ ပြိုလဲတတ်စမြဲ။
သူ့တွင် ဤမျက်လုံး ရှိနေသည့်အခါ အခြားသူများ သိရှိသွားပြီး လုယူသွားမည်ကို သူ စိုးရိမ်နေရမည်မှာ အသေအချာပင်။
ရှန်းချန်ကောသည် ငြိမ်သက်စွာ ရပ်နေသည်။သူ ပြောနေသည်ကို နားထောင်နေသည်။
"သူပြောတာ မှန်တယ်... ငါက ဖန်တီးခြင်းမျက်လုံးပဲ"
ရှေးဟောင်းနန်းတော်ထဲတွင် မျက်လုံးကြီးပိုင်ရှင်သည် ကျေနပ်အားရစွာ ပြောဆိုနေသည်။
သို့သော် ရှန်းချန်ကောသည် စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းခြင်းကို ခံစားရစေရန် သူ့ကို အသံတိတ် လုပ်ထားလိုက်သည်။
ထိုအချိန်၌...
ထိုလူက ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
သူတို့နှစ်ဦးသည် အကွာအဝေးတစ်ခုတွင် ရပ်နေကြသည်။
ရှန်းချန်ကော၏ဦးခေါင်းထက်တွင် နတ်တံတားတစ်ခု ရှိနေပြီး မျက်ခုံးကြားတွင် ဒေါင်လိုက်မျက်လုံး ပွင့်နေသည်။
ရွှေရောင်လှိုင်းများသည် သူ့အား ဗဟိုပြု၍ ပျံ့နှံ့သွားပြီး လူများကို သူ့အား ဦးညွှတ်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
ထို အရိုင်းဆန်ပြီး အထီးကျန်သော ခံစားချက်သည် လူများကို အလွန်အမင်း ကြောက်ရွံ့စေသည်။
"အကယ်၍ မင်းသာ မြူခိုးနေထိုင်သူတွေနဲ့ ပူးပေါင်းလိုက်ရင် မင်းရဲ့ တိုးတက်မှုက အတိုင်းအဆ ရှိမှာမဟုတ်ဘူး။ နှမြောစရာကောင်းတာက ငါ မင်းကို အရှင်ပြန်လွှတ်ပေးမှာ မဟုတ်ဘူး"
ရှန်းချန်ကော မရယ်ဘဲ မနေနိုင်တော့ပေ။
"အဖွဲ့အစည်းက ကျုပ်ကို ဒီလောက်တောင် တန်ဖိုးထားနေမှတော့ ကျုပ်ကို သတ်လိုက်ရင် ရှင်းပြဖို့ ခက်ခဲသွားမှာကို ခင်ဗျား မကြောက်ဘူးလား"
"မင်းရဲ့ကိုယ်ပိုင်အမှတ်အသားကို အပြည့်အဝ မထုတ်ဖော်ခင် ငါ မင်းကို သတ်လိုက်ရင် ဒါကို မတော်တဆ သတ်မိလိုက်တာလို့ပဲ ယူဆလို့ရတယ်"
"သေသွားတဲ့လူတစ်ယောက် ရှေးဟောင်းနတ်ဘုရားဖြစ်လာမယ့် မျှော်လင့်ချက်အတွက်နဲ့ ဘယ်သူကမှ အနန္တအမှောင်ထုအဆင့် နတ်ဘုရားတမန်တော် တစ်ယောက်ကို စတေးမှာ မဟုတ်ဘူး"
သူသည် အလွန် သေချာပြီး ယုံကြည်မှု ရှိနေပုံရသည်။
သူသည် အလေးချိန်ကို ချိန်ဆပြီးပြီ ဖြစ်သည်။
"ဒါပေမဲ့ ကျုပ် ခင်ဗျားကို သတ်လိုက်ရင် လူအများကြီးက အငြိုးထားကြလိမ့်မယ်"
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
"ခင်ဗျား ကိုယ်တိုင် အပြင်နယ်မြေကို ရောက်လာတယ်ဆိုတာ လူတော်တော်များများ သိပြီးသားဖြစ်မယ်လို့ ကျွန်တော် သေချာတယ်။ ကျွန်တော် ခင်ဗျားကို သတ်လိုက်ရင် အထက်ပိုင်းတွေက ကျွန်တော့်ကို တန်ဖိုးထားကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က အရှိန်အဟုန်နဲ့ တက်လာနေတဲ့ အဆင့်ဆိုတာ ထင်ရှားနေတာပဲ။ ကျွန်တော်သာ နတ်ဘုရားတမန်တော်တစ်ယောက်ကို သတ်လိုက်ရင် ဝတ်ရုံနက်ထဲက အထက်ပိုင်းတွေနဲ့ ကျွန်တော့်ကြားမှာ ကွာဟချက်ကြီး ဖြစ်သွားလိမ့်မယ်။ အနည်းဆုံးတော့ ဝတ်ရုံနက်ထဲက လူတွေကို စော်ကားမိသလိုဖြစ်ပြီး ပြဿနာတွေ အများကြီး ရှိလာလိမ့်မယ်"
လင်းရွှီယွင် ရုတ်တရက် ရယ်မောလိုက်သည်။
"မင်းက ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား"
"ကျုပ်တော့ ထင်တယ်... သတ်နိုင်မယ်လို့လေ"
ထိုအချိန်တွင် မြူခိုးနေထိုင်သူများ၏ အကဲဖြတ်အဖွဲ့သည် ပြန်ရောက်လာကြပြီဖြစ်သည်။
သူတို့အားလုံး အမောတကောဖြစ်နေပြီး ချွေးစေးများ ပြန်နေကြသည်။
ကလစ်
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု ဓားအိမ်မှ ထွက်ပေါ်လာသည်။
ဓားအလင်းတန်းနှစ်ခုသည် ကျယ်လောင်သော အသံနှင့်အတူ ဝင်တိုက်မိကြပြီး အလွန်ခမ်းနားသော အရှိန်အဝါသည် ကြောက်မက်ဖွယ် လှိုင်းတံပိုးများကို ဖြစ်ပေါ်စေသည်။
ယခုအချိန်မှာတော့ ရှန်းချန်ကောသည် ယခင်က မကြုံဖူးလောက်အောင် သန်မာနေသည်။
သူသည် ဒေါင်လိုက်မျက်လုံးကို ဖွင့်လိုက်ပြီး ဓားနတ်ဘုရားအသိစိတ်ကို ထုတ်လွှတ်လိုက်သည်။
ဓားသုံးလက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
မဟာပျက်သုဉ်းခြင်းကျမ်း အသက်ဝင်လာခဲ့ပြီး ပျက်သုဉ်းခြင်းချီ များသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
"ခင်ဗျားက ကျုပ်ရဲ့ဝှက်ဖဲတွေအကုန်လုံးကို ထုတ်သုံးပြီး ရင်ဆိုင်ရတဲ့ ပထမဆုံးလူပဲ"
မျက်တောင်တစ်ခတ်အတွင်းမှာပင်...
နတ်ဘုရားတမန်တော်၏မျက်ဝန်းသငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
သူသည် နတ်တံတားအဆင့်နှောင်းပိုင်း ဂျူနီယာတစ်ယောက်ထံမှ ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုကို အမှန်တကယ် ခံစားလိုက်ရသည်။
ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။