ပြင်းထန်သောတိုက်ပွဲ
Vol. 11 Ch. 106
ဟူလလာ...
တောက်ပသော ဓားအလင်းတန်းတစ်ခုသည် လေထုထဲတွင် ပွင့်အာလာပြီး အနက်ရောင်မြူခိုးများကို ဖြတ်တောက်သွားသည်။
နှစ်ဖက်စလုံး ထိပ်တိုက်တွေ့နေလေပြီ။
ဝတ်ရုံနက်ဝတ် နတ်ဘုရားတမန်တော်က သူ၏ဓားဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူ၏ပျံသန်းနေသော ဓားသည် အလွန်လျင်မြန်လှသဖြင့် ပတ်ဝန်းကျင်၌ ခမ်းနားသော လေပြင်းများ တိုက်ခတ်သွားခဲ့သည်။
ထိုဓားသည် ရှန်းချန်ကောဆီသို့ ရုတ်တရက် တိုးဝင်သွားသည်။
ယင်ဒြပ်စင်ငါးပါးအဆင့်ရှိသော ဓားထိန်းချုပ်ခြင်းသိုင်းကွက်သည် သူ၏ဂုဏ်ယူစရာတစ်ခု အမြဲဖြစ်ခဲ့သည်။
သူ၏လက်ရှိအသိုင်းအဝိုင်းတွင် ယင်ဒြပ်စင်ငါးပါးအဆင့် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်သူမှာ မများလှပေ။
ရှည်လျားသောဓားသည် လေထုကို ခွဲဖြတ်သွားပြီး လေစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
လျင်မြန်ပြီး ပြင်းထန်လှပေသည်။
သို့သော် ထိုအချိန်၌...
လင်းရွှီယွင်သည် မွန်းကြပ်ဖွယ် ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ဤအရာသည် သူ၏ကျင့်ကြံခြင်းအဆင့်နှင့် မသက်ဆိုင်ဘဲ ဓားထိန်းချုပ်ခြင်းနည်းစနစ်မှ အမှန်တကယ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မည်သို့ ဖြစ်နိုင်မည်နည်း။
သူ၏မျက်ဝန်းသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
သူ၏ဓားသည် လေထဲတွင် ရှိနေသော်လည်း ရွှံ့အိုင်ထဲသို့ ကျသွားသကဲ့သို့ ဖြစ်နေသည်။
အလွန်ထူးဆန်းသော သံလိုက်စက်ကွင်းတစ်ခုသည် ဓား၏ပတ်လည်တွင် ပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ဓားထိန်းချုပ်ခြင်းနည်းစနစ်ဖြင့် ရှန်းချန်ကော၏ဘေးကို ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။
ဒါက...
နတ်ဘုရားနယ်ပယ်၊ ဓားစိတ်ဝိညာဉ်အသိစိတ်...
"နတ်ဘုရားနယ်ပယ် ဓားစိတ်ဝိညာဉ်အသိစိတ်"
သူ အံကြိတ်ကာ အာမေဋိတ် ပြုလိုက်မိသည်။
ရိုးရိုးသားသား ဆိုရလျှင် သူသည် နတ်ဘုရားနယ်ပယ် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့မဟုတ် ယန်ဒြပ်စင်ငါးပါးအဆင့်ကိုပင် သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။(အခြားသူသုံးတာ)
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ခဏတာမျှ သူ တုန်လှုပ်သွားသည်။
သူ အလွန်ဂုဏ်ယူခဲ့ရသော ဓားထိန်းချုပ်ခြင်းနည်းစနစ်သည် ဖိနှိပ်ခံလိုက်ရသည်။
ဤလူသည် မည်သို့သော သရဲသဘက်ဖြစ်သနည်း။
နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဆိုသည်မှာ ပျက်သုဉ်းခြင်းကမ္ဘာထဲရှိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများသာ ပိုင်ဆိုင်နိုင်သည့် အရာဖြစ်သည်။
သူ့လို သေးနုပ်သော နတ်တံတားအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်အတွက်မူ...
သူသည် ရေအေးတစ်ပုံးနှင့် လောင်းချလိုက်သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
ရွှေရောင်နတ်တံတားဆိုသည်မှာ ပျက်သုဉ်းခြင်းကမ္ဘာတွင်သာ တည်ရှိနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားတစ်ကောင် မဟုတ်ပါလော။
ကလစ်
ကလစ်
ကလစ်...
သူ၏ဓားထိန်းချုပ်ခြင်းနည်းစနစ်သည် ရူးသွပ်မတတ် ဖိနှိပ်ခံလိုက်ရသည်။
ရှန်းချန်ကော၏ဓားထိန်းချုပ်မှုသည် ဓားချက်တစ်ချက်သာ ထုတ်လိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်းပြီး ခမ်းနားထည်ဝါသော ဓားနတ်ဘုရားအသိစိတ်သည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
လင်းရွှီယွင်၏ဓားမှာ အနောက်သို့ ဆုတ်ခွာသွားရသည်။
သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေလေပြီ။
ရွှပ်...
သူသည် ကျောပေါ်ရှိ ဓားကို ဆွဲထုတ်လိုက်ပြီး ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်သည်။
၎င်းသည် အမှန်တရားပြန်လည်ခြင်းအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း သူသည် အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။
သူ ပျောက်ကွယ်သွားပြီး အနက်ရောင်မြူခိုးများ နှစ်ခြမ်းကွဲသွားသည်။
မြေပြင်အက်ကွဲသွားပြီး ကမ္ဘာလောကသည် အရောင်အဆင်း ကင်းမဲ့သွားသည်။
ဓားအလင်းတန်းသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရှန်းချန်ကောသည် သူ၏ဓားကိုအသုံးပြုကာ နဂါးပုံစံကဲ့သို့ အသက်သွင်းပြီး ထိုတိုက်ခိုက်မှုကို ခုခံရန် ရည်ရွယ်ခဲ့သော်လည်း နှစ်ဖက်စလုံး၏ အင်အားကွာခြားချက်မှာ ကြီးမားလွန်းသည်ဟု ခန့်မှန်းမိသဖြင့် သူ၏ဓားဖိနှိပ်မှုသည် သိသာထင်ရှားပုံ မရပေ။
ပျံသန်းနေသော ဓားပေါ်ရှိ သူ၏ဓားစတ်ဝိညာဉ်အသိစိတ် ပေါက်ကွဲထွက်လာသည်။
အင်အားတစ်ခုသည် သိုင်းကွက်တစ်သောင်းကို ချိုးဖျက်ပစ်လိုက်သည်။
မင်းက ဓားသိုင်းကွက်ကို သုံးတယ်။
ငါက ခုခံဖို့ ငါ့ရဲ့ ဓားစိတ်ဝိညာဉ်ကို သုံးမယ်။
နတ်ဘုရင်...
ရှန်းချန်ကော၏ဒေါင်လိုက်မျက်လုံး ပွင့်လာသည်။
ရှေးဟောင်းခန်းမဆောင်ကြီးထဲရှိ မျက်လုံးကြီးမှာ တစ်ကိုယ်လုံး တုန်ခါနေသည်။
သံချေးတက်နေသော သံကြိုးများသည် ရူးသွပ်မတတ်လှုပ်ခါနေပြီး ထိုပုံရိပ်သည် ပိန်လှီသွားသကဲ့သို့ ဖြစ်နေသည်။
"ငါ ထပ်ပြီး မထုတ်နိုင်တော့ဘူး..."
"တစ်စက်လေးမှ မကျန်တော့ဘူး..."
မျက်လုံးကြီးပိုင်ရှင်က အံကြိတ်ကာ ပြောလိုက်သည်။
ဗုံး...
ရှန်းချန်ကော၏နောက်တွင် အနက်ရောင်မြူခိုးများ ပေါက်ကွဲထွက်သွားပြီး ပြန်လည်စုစည်းသွားကြသည်။
အဆုံးမဲ့စွမ်းအားများသည် ရှန်းချန်ကော၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ရွှေရောင်နတ်တံတားဆီသို့ စီးဆင်းသွားသည်။
အကယ်၍သာ သာမန်နတ်တံတားအဆင့် ဖြစ်ခဲ့လျှင် ချက်ချင်း ပြိုကျသွားမည် ဖြစ်သည်။
မည်သို့ ဖြစ်နိုင်မည်နည်း။
ဒါ ဘယ်လို စွမ်းရည်မျိုးလဲ။
ရှန်းချန်ကော၏ဒေါင်လိုက်မျက်လုံး ပွင့်လာပြီးနောက် သူ၏အရှိန်အဝါသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းလာသည်။
ယခုအခါ အနက်ရောင်မြူခိုး၏စွမ်းအားများ ဝင်ရောက်လာသောကြောင့် သူ၏အရှိန်အဝါသည် ကူးပြောင်းခြင်းအဆင့် နှောင်းပိုင်းနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
သူသည် နယ်ပယ်အကြီးကြီးတစ်ခုကို ကျော်ဖြတ်လိုက်ခြင်းပင်။
ထို့ပြင် အကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ ရှန်းချန်ကော၏လှုပ်ရှားခြင်းနည်းစနစ်သည် သူ့ထက် မနိမ့်ကျနေခြင်းပင် ဖြစ်သည်။
ယခု ပေါက်ကွဲထွက်လာသော ဓားအလင်းတန်း၏ စွမ်းအားမှာ ပို၍ပင် ပြင်းထန်နေသေးသည်။
၎င်းသည် တူညီသော နယ်ပယ်ရှိ ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်ပေသည်။
သူသည် ပြီးပြည့်စုံသောမွန်းစတားကြီးတစ်ကောင်ပင်။
အကယ်၍ သူသာ သတိမထားဘဲ အလေးအနက် မရှိခဲ့လျှင် ဤနေရာတွင် အမှန်တကယ် ကျရှုံးသွားနိုင်ပေသည်။
ဗုံး...
သူ၏ဓားထိန်းချုပ်ခြင်းနှင့် ဓားသိုင်းကွက်အားလုံးကို ရှန်းချန်ကော၏ ဓားထိန်းချုပ်မှုက ပိတ်ဆို့ထားလိုက်သည်။
ဓားနတ်ဘုရား၏စိတ်ဝိညာဉ်အသိစိတ်သည် သူ၏ ဓားကို ရူးသွပ်မတတ် တုန်ခါသွားစေသည်...
သတ်ဖြတ်ခြင်းဓား...
ဗုံး...
သူသည် သတ်ဖြတ်ခြင်းဓားကို ထိန်းချုပ်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများသည် ဧရာမ ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
ခမ်းနားထည်ဝါသော စွမ်းအားတစ်ခုသည် လှိုင်းထန်လာပြီး ဟိန်းဟောက်ကာ ပတ်ဝန်းကျင်ရှိ လူများကို ခြိမ်းခြောက်လိုက်သည်။
ဓားကို အသုံးပြုလိုက်သည့်အခါ ကြီးမားသော သံလိုက်စက်ကွင်းတစ်ခုသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ရှန်းချန်ကော၏လက်ရှိအခြေအနေတွင်ပင် သူသည် ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုကို ခံစားနေရဆဲ ဖြစ်သည်။
အနန္တအမှောင်ထုအဆင့် နတ်ဘုရားတမန်တော်၊ဒါက သူ့ရဲ့ အင်အားလား။
"အမှောင်ချောက်နက်ကို ဖြိုခွင်းခြင်း"
တမန်တော်၏မျက်လုံးများ မည်းနက်နေပြီး ခန္ဓာကိုယ်သည် ခရမ်းရောင်အလင်းများဖြင့် တောက်ပနေသည်။
ပျက်သုဉ်းခြင်းချီများနှင့် ရောနှောနေသဖြင့် သူသည် နတ်ဆိုးဆန်နေပုံရသည်။
သူ၏သတ်ဖြတ်ခြင်းဓားသည် တုန်ခါနေပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါများ စီးဆင်းနေသည်။
ဓားထိပ်ဖျား ညွှန်ရာနေရာတွင် လေထုစတင် ပြိုကျလာသည်။
လေထုသည် အတွင်းဘက်သို့ ပြိုကျသွားပြီး ပျက်စီးခြင်းစွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။
ဗုံး...
ဓားသည် ပေါက်ကွဲထွက်လာပြီး ရှန်းချန်ကောဆီသို့ ချက်ချင်း တိုးဝင်သွားသည်။
ရှန်းချန်ကော အသက်ပြင်းပြင်း ရှူလိုက်သည်။
သူ့ကျောပေါ်ရှိ သတ်ဖြတ်ခြင်းဓားကိုလည်း တစ်ချိန်တည်းမှာပင် ဆွဲထုတ်လိုက်သည်။
"မဟာကပ်ဘေး"
ဟူလာ...
သတ်ဖြတ်ခြင်းနည်းစနစ်၊ ကပ်ဘေးအဆင့်...
၎င်းသည် ပေါက်ကွဲထွက်လာပြီး ဓားအလင်းတန်းသည် ကပ်ဘေးတစ်ခုအသွင် ပြောင်းလဲသွားသကဲ့သို့ပင်။
အတိုင်းအဆမဲ့ ဓားချီစွမ်းအင်များ လှိုင်းထန်လာသောအခါ ရှန်းချန်ကော၏ဓားအလင်းတန်းသည် သေးငယ်သော အလင်းတန်းလေးတစ်ခုနှင့် တူသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည်။
ဟူလာ...
နှစ်ဖက်စလုံး ဝင်တိုက်မိကြပြန်သည်။
နတ်ဘုရားတမန်တော်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
အဘယ်ကြောင့်ဆိုသော် စောစောက ရှန်းချန်ကော၏ ဓားချက်ကြောင့်ပင်...
၎င်းသည် အမှန်တကယ်ပင် ကပ်ဘေးအဆင့် သတ်ဖြတ်ခြင်းနည်းစနစ် ဖြစ်နေသည်မလော။
သူလည်း အနက်ရောင်မြူခိုးများထံမှ သတ်ဖြတ်ခြင်းစွမ်းရည်များကို သင်ယူခဲ့ဖူးသော်လည်း ၎င်းတို့သည် အမှန်ပြန်လည်ခြင်းအဆင့်တွင်သာ ရှိသေးသည်။
ဤလူက ကပ်ဘေးအဆင့် သတ်ဖြတ်ခြင်းနည်းစနစ်ကို မည်သို့လုပ်ပြီး ကျွမ်းကျင်ထားရသနည်းယ။
သူသည် ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ထားလိုက်သည်။
ဤအချိန်တွင် သူသည် ဆိုးရွားသော ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း ခံစားနေရပြီ ဖြစ်သည်။
ဤလူငယ်သည် အမှန်တကယ်ပင် အလွန်ထူးဆန်းလွန်းလှသည်။
ရုတ်တရက် လေတစ်ချက် တိုက်ခတ်သွားပြီး ကြောက်မက်ဖွယ် စွမ်းအားများ တဖြည်းဖြည်း ငြိမ်းသတ်သွားသည်။
သူ အာရုံစိုက်ကြည့်လိုက်သော်လည်း ရှန်းချန်ကော၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
လေတိုက်၍ ရုတ်တရက် ငြိမ်းသွားသော ဖယောင်းတိုင်မီးကဲ့သို့ပင်။
ဘာတွေ ဖြစ်ကုန်တာလဲ...
ခဏတာမျှ သူ၏နှလုံးခုန်သံများ မြန်ဆန်လာသည်။
ရှန်းချန်ကောသည် အနက်ရောင်မြူခိုးထဲရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသည်။
သူသည် တစ်စုံတစ်ခုကို အချိန်ကြာမြင့်စွာ စုဆောင်းနေပုံရသည်။
သောက်ကျိုးနည်း...
လင်းရွှီယွင်သည် အလွန်ဆိုးရွားသော ခံစားချက်ကို ခံစားလိုက်ရသည်။
တစ်ဖက်လူတွင် သတ်ဖြတ်ခြင်းနည်းစနစ် ရှိနေပြီး ၎င်းသည် ကပ်ဘေးအဆင့်တွင် ရှိနေသည်။
ဤအရာက သူ့ကို နတ်ဘုရားတမန်တော် အသစ်တစ်ယောက် ဖြစ်လာစေရန် လုံလောက်ပေသည်။
သို့သော် သူသည် နတ်တံတားအဆင့်နှောင်းပိုင်းမှာသာ ရှိသေးလေ၏။
ရှန်းချန်ကော ကောင်းကင်ယံတွင် ရပ်နေသည်။
ဓားသုံးလက်သည် ဓားအိမ်ထဲသို့ ဖြည်းညှင်းစွာ ပြန်ဝင်သွားကြသည်။
သူသည် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး လေဟာနယ်ကို ညွှန်ပြလိုက်သည်။
ဟူလလာ...
ကောင်းကင်ယံရှိ အနက်ရောင်မြူခိုးများသည် ရုတ်တရက် စုဝေးလာကြသည်။
ရှေးဟောင်းအမှောင်ဘုရင်နည်းစနစ်...
မျက်တောင်တစ်ခတ်အတွင်းမှာပင်...
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
ရှန်းချန်ကောသည် သူ၏နတ်ဘုရင်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
သူ့နောက်ရှိ အနက်ရောင်မြူခိုးများသည် စွမ်းအင်များကို အဆက်မပြတ် လောင်းထည့်ပေးနေသည်။
သူ၏တစ်ကိုယ်လုံးတွင် ပျက်သုဉ်းခြင်းချီများ ဖုံးလွှမ်းနေပြီး မဟာပျက်သုဉ်းခြင်းကျမ်းသည် လည်ပတ်နေခဲ့သည်။
ရွှပ်...
ကောင်းကင်ယံရှိ ရှေးဟောင်းအမှောင်ဘုရင်နညိးစနစ်သည် ချက်ချင်းပင် ကျယ်ပြန့်ပြီး ဧရာမဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
၎င်းသည် အံ့အားသင့်ဖွယ် ထက်ရှမှုဖြင့် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အက်ကွဲပြီး ကြေမွစပြုလာသည်။
ထိုဓားကြီးသည် ကျယ်လောင်သော အသံနှင့်အတူ ပြိုဆင်းလာခဲ့သည်။
ဤဓားချက်သည် ကူးပြောင်းခြင်းအဆင့်နှင့် အနန္တအမှောင်ထုအဆင့်ကြားရှိ အတားအဆီးကို လုံးဝ ထိုးဖောက်သွားခဲ့ပြီး လင်းရွှီယွင်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။
သူ့မျက်ဝန်းသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
ဗုံး...
ထိုဓားသည် ဤနေရာရှိ အရာအားလုံးကို ချက်ချင်းနစ်မြှုပ်ပစ်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးသည် စောစောက လှုပ်ရှားခြင်းနည်းစနစ်များကို အသုံးပြုခဲ့ကြသဖြင့် သူတို့ကြားရှိ အကွာအဝေးမှာ ကျယ်ဝန်းသွားခဲ့သည်။
"ဒါက..."
ထိုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်း၌ သတင်းပို့လိုက်သော မြူခိုးနေထိုင်သူများသည် ထိတ်လန့်သွားကြသည်။
ဒါက...
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"သူက နတ်ဘုရားတမန်တော် ဖြစ်လာဖို့ လုံလောက်တဲ့အင်အား ရှိနေပြီ။ နတ်ဘုရားတမန်တော်ရာထူး တိုက်ရိုက်ရလာနိုင်တယ်"
ထို့ပြင် အကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ရှန်းချန်ကောသည် နတ်တံတားအဆင့်နှောင်းပိုင်းတွင်သာ ရှိသေးသော်လည်း အနန္တအမှောင်ထုအဆင့် နတ်ဘုရားတမန်တော်တစ်ဦးကို ဤအတိုင်းအတာအထိ တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းပင်။
ထိုအချိန်၌...
ရှန်းချန်ကော၏ကိုယ်ထဲရှိ ရှေးဟောင်းနန်းတော်တွင် မျက်လုံးကြီးဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်းနတ်ဘုရား၏အရိပ်သည် ၎င်း၏ ကျောပေါ်ရှိ သံကြိုးများဖြင့် စုပ်ယူခြင်း ခံနေရပြီး တစ်ကိုယ်လုံး တုန်တက်နေသည်။
လွန်ခဲ့သော အချိန်အတန်ကြာက ရှန်းချန်ကော လောင်းထည့်ပေးခဲ့သော စွမ်းအင်များအားလုံးသည် ယခုအခါ ပြန်လည်စုပ်ယူခြင်း ခံနေရလေပြီ...
သူ့ပါးစပ်မှ အမြှုပ်များပင် ထွက်လုနီးပါး ဖြစ်နေသည်။
"ငါတော့ လူမှား ယုံလိုက်မိပြီ..."