← Chapters

ကြီးမြတ်သည့် သိပ္ပံပညာရှင် ပရော်ဖက်ဆာ ယန်

Vol. 12 Ch. 171

ကြီးမြတ်သည့် သိပ္ပံပညာရှင် ပရော်ဖက်ဆာ ယန်

Vol. 12 Ch. 171

ထိုသို့ဖြင့် အန်လင်းနှင့် စုချန်းရန် တို့သည် ဘေးချင်းယှဉ်ကာဖြင့် သစ်တောစိမ်း အင်ပါယာ နန်းတော်အတွင်း လမ်းလျှောက်လျက် ရှိကြသည်။

သစ်တောစိမ်း အင်ပါယာနန်းတော်မှာ အလွန်ကျယ်ပြော လှပေသည်။ ခမ်းနားကြီးကျယ်သည့် နန်းဆောင်များ ရှိသည်သာမက ရှုချင်စဖွယ် တောင်ကုန်းများ၊ လှပသည့် ရေကန်များ၊ ပင်လယ်များနှင့် ပန်းမန်များ ရှိလေသည်။

ဝန်ခံရမည်မှာ ဤအင်ပါယာ နန်းတော်ရှိ မြင်ကွင်းသည် အလွန်မိန်းမောဖွယ်ရာ ကောင်းလှသည်။

သူတို့နှစ်ဦးသားသည် လွတ်လပ်ပေါ့ပါးကာဖြင့် စိတ်ဆန္ဒရှိသည့် အတိုင်း လှည့်လည် သွားလာ နေကြသည်။

အန်လင်းသည် အခြားသော အံ့အားသင့်ဖွယ်များ၏ ဆွဲဆောင်ခြင်း ခံရသည်မှအပ ထွေထွေထူးထူး ဖြစ်ပျက်ခဲ့သည်အရာ မရှိချေ။

“အရှေ့မှာ ငါတို့အင်ပါယာ နန်းတော်ရဲ့ နံပါတ်၆ သုတေသန စင်တာလေ။ သွားကြည့်ချင်လား။” စုချန်းရန်သည် ကျောက်စိမ်းဖြူ အဆောက်အဦအား ညွှန်ပြကာဖြင့် မေးလေသည်။

“သုတေသနစင်တာ ဟုတ်လား။ သိပ္ပံနဲ့ ကျင့်ကြံခြင်းဆို့ ဆက်နွယ်နေတဲ့ သုတေသနလား။” အန်လင်း၏ မျက်လုံးများ လက်လာသည်။

“အင်း အမှန်ပဲ။” စုချန်းရန်သည် ပြုံးလျက်နှင့် ပြောသည်။ “အဲဒီမှာ ပရော်ဖက်ဆာ ယန် ဆိုတာ ရှိတဲ့။ ငါတို့တော်ဝင် မိသားစုရဲ့ ကြီးမြတ်တဲ့ သိပ္ပံပညာရှင်ကြီးက သူ့ရဲ့ သုတေသန လုပ်ငန်းတွေ ဆောင်ရွက် နေတယ်လေ။ အထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာတွေ အများကြီးပဲ ရှိတယ်။”

သူမ စကားပြောသည့်အခါတွင် သူမ၏ နူးညံ့သည့် မျက်နှာလေးတွင် ပါးချိုင့်နှစ်ခု ပေါ်လာသည်။ ထိုပါးချိုင့်နှစ်ခုသည် သူမအား ပို၍ ချစ်စဖွယ်ဖြစ်ကာ နှစ်လိုဖွယ် ကောင်းစေသည်။

“သွားကြည့်ကြမယ်။” သူမ၏ စကားကြောင့် အန်လင်း၏ စိတ်ဝင်စားမှုသည် ချက်ချင်းမြင့်တက် လာလေသည်။

သိပ္ပံပညာနှင့် ကျင့်ကြံခြင်းတို့၏ ပေါင်းစပ်ခြင်းအား အလွန်စူးစမ်း ချင်နေမိသည်။ ထိုအရာများအား လေ့လာလိုစိတ် ပြင်းထန်ကြီးမားနေခြင်း ဖြစ်သည်။

သတ္တုတံခါးအား တွန်းဖွင့် လိုက်သည့်အခါတွင် သူ့အား ဆီးကြို နေသည်မှာ လွန်စွာ ထူးခြား ဆန်းသစ်သည့် စက်ပစ္စည်းများပင် ဖြစ်သည်။ ထို့အပြင် လေထဲတွင် ဝင်္ကပါပြား များစွာလည်း ရှိနေသည်။ အန်လင်း၏ အရှေ့တွင် ရှိနေသည့် များပြားလှစွာသော အရာများသည် သူ့အား လွှမ်းမိုးလာလေသည်။

“ဝိုး … ရတနာတွေ အများကြီးပါလား။” ပတ်ဝန်းကျင်တွင် ပြန့်ကြဲနေသည့် သတ္တုလက်ဝတ် တန်ဆာများအား မြင်လိုက်သည့်အခါ အန်လင်း၏ မျက်လုံးများသည် ကြယ်ကလေး များကဲ့သို့ တဖျက်ဖျက် လက်လာလေသည်။

“ဟဟ ဟုတ်ပါကွာ။ ရတနာတွေ” သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးသည် ရယ်မောကာဖြင့် လျှောက်လှမ်း လာလေသည်။ မျက်မှန်တစ်လက် တပ်ဆင်ထားပြီး မုတ်ဆိတ်မွေး စစနှင့်ဖြစ်သည်။ ဆံပင်များမှာလည်း ရှုပ်ပွကာ ဖိုသီဖက်သီ ဖြစ်နေလေသည်။

အန်လင်းသည် ထိုလူအား မြင်လိုက်သည့်အခါတွင် ခေတ္တမျှ ဆွံ့အ သွားလေသည်။ ကိုးပြည်ထောင် နိုင်ငံတော်တွင် မျက်မှန်တပ်ဆင်သည့်သူအား ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။

အာ … မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည်လည်း ယခင်က မျက်မှန် တပ်ဆင်လေသည်။ သို့သော်လည်း သူမသည် အလှအပအတွက် တပ်ဆင်ခြင်း ဖြစ်သည်။

“သူက ငါတို့ သစ်တောစိမ်း အင်ပါယာမိသားစုရဲ့ ကြီးမြတ်တဲ့ သိပ္ပံပညာရှင်ကြီး ပရော်ဖက်ဆာ ယန် လေ။” စုချန်းရန်သည် အန်လင်းအား ထိုလူနှင့် မိတ်ဆက် ပေးလာသည်။

အန်လင်းသည် လေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ “မင်္ဂလာပါ။ ကျွန်တော်က အန်လင်းပါ။ စုချန်းရန်ရဲ့ အတန်းဖော် ဖြစ်ပါတယ်။”

ပရော်ဖက်ဆာ ယန်သည် သူ၏ မျက်မှန်အား ပင့်တင်လိုက်ပြီးနောက် ပညာသားပါသည့် အကြည့်များ ထွက်ပေါ် လာလေသည်။ သူ၏မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာပြီး “ယွင်လဲ့ မင်းသမီးလေးရေ … အခုလိုမျိုး အမျိုးသားတစ်ဦးနဲ့ လှည့်လည် သွားလာနေတာ မင်းသမီးလေး အတွက် ပထမဦးဆုံးပဲနော်။ မင်းသမီးလေးနဲ့ ဒီလူငယ်လေးရဲ့ ပတ်သက်မှုက အတော်လေး ကောင်းမွန်ပုံပဲ။”

“အန်လင်းက ကျွန်မရဲ့ အတန်းဖော်ပါ။ ကျွန် … ကျွန်မက အိမ်ရှင်ကောင်း ပီသဖို့ ကြိုးစားနေရုံပါပဲ။” စုချန်းရန်သည် ပရော်ဖက်ဆာ ယန်၏ စကားကြောင့် ပျာယာခတ် သွားတော့သည်။ အနည်းငယ်မျှ စနောက်ခံလိုက် ရရုံနှင့်ပင် သူမ၏ မျက်နှာလှလှလေးမှာ ရှက်သွေးဖြာ လာတော့သည်။

ပရောက်ဖက်ဆာ ယန်သည် သူ၏လက်များကို ဝှေ့ယမ်းကာဖြင့် “ဒီလိုကိစ္စတွေကို ကျွန်တော်က ဂရုမစိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နတ်မိမယ် ချန်အယ် စိတ်မဆိုးသေး သရွေးတော့ အဆင်ပြေပါတယ်။ ဟုတ်သားပဲ။ ဒီကိုဘာလို့ လာကြတာလဲ။”

“ကျွန်မက ကျောင်းသား အန်လင်းကို ခေါ်လာခဲ့တာပါ။ နောက်ဆုံးပေါ် ကျင့်ကြံခြင်း နည်းပညာကို လေ့လာနိုင်အောင်လို့လေ။” အကြောင်းအရာ ပြောင်းလဲသွားပြီးသည့် နောက်တွင် စုချန်းရန်သည် သူမတို့ ရောက်ရှိလာရသည့် အကြောင်းအား ရှင်းပြလေသည်။

ပရောက်ဖက်ဆာ ယန်သည် သူ၏မေးစေ့အား ပွတ်ကာဖြင့် “အဲဒီလိုလား။ မင်းသမီးလေးတို့ လှည့်ပတ်ပြီး ကြည့်ကြမယ်ဆိုရင် ဒီပစ္စည်းတချို့က အန္တရာယ် ရှိတယ်နော်။ ကျွန်တော်ကပဲ လှည့်ပတ်ပြီး လိုက်ပြပေးပါ့မယ်။ တချို့အရာတွေကိုလည်း ရှင်းပြရင်းပေါ့။”

စုချန်းရန်မှာ ရွှင်မြူး သွားသည်။ “ကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ် ပရောက်ဖက်ဆာ ယန်”

ပရော်ဖက်ဆာ ယန်သည် အန်လင်းနှင့် စုချန်းရန်တို့အား စက်ပစ္စည်း အမျိုးအစား အားလုံးအား လိုက်လံပြသ ပေးလေသည်။

Professor Yang showed An Lin and Su Qianyun all types of mechanical contraptions.

ပျံသန်းနိုင်သည့် ပစ္စည်းများလည်း ရှိလေသည်။ သံမဏိတောင်ပံများ၊ တိမ်ခြေနင်းများနှင့် ကော်ဇောပျံ ကဲ့သို့သော ပျဉ်ချပ်ပျံများ ဖြစ်လေသည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများ စီးနင်းသည့် ဓားပျံများကဲ့သို့ မြန်ဆန်ခြင်း မရှိသော်လည်း လွန်စွာ အသုံးဝင်သည့် ပစ္စည်းများ ဖြစ်ကြသည်။ တာအို ခန္ဓာအဆင့် ကျင့်ကြံသူများသည် ထိုပစ္စည်းများထဲသို့ ချီစွမ်းအင် ထည့်သွင်း အသုံးပြုသည့် အခါတွင် ကောင်းကင်၌ ပျံသန်းနိုင်ကြမည် ဖြစ်သည်။

ပျံသန်းရခြင်းအား သဘောကျ နှစ်ခြိုက်သည့် တာအိုခန္ဓာအဆင့်ရှိ ကျင့်ကြံသူများ အတွက် ယင်းတို့သည် အံ့ဖွယ်ကောင်းလှသည့် တီထွင်မှုများ ဖြစ်ပေသည်။

သို့သော်လည်း ယင်းတို့သည် ထုတ်လုပ်မှုစရိတ် မြင့်မားလှသည်။ ထို့အတွက်ကြောင့် အထူးတာဝန်များ လုပ်ဆောင်ရာတွင်သာ အသုံးပြုကြသေးသည်။

ထို့နောက်တွင် ပရော်ဖက်ဆာသည် နေ့စဉ်သုံး ပစ္စည်းမျိုးစုံအား ပြသပေးသည်။ အပူချိန်နှင့် စိုထိုင်းဆအား ထိန်းညှိပေးနိုင်သည့် ပုတီးစေ့များ ရှိသလို အညစ်အကြေးများအား သန့်စင် ပေးနိုင်သည့် ဝါဂွမ်းဖူးများလည်း ရှိသည်။

ထို့နောက်တွင် နည်းပညာနှင့် ကျင့်ကြံခြင်းအား ပေါင်းစပ်ထားသည့် လက်နက်များ ရှိပေသည်။

ပစ္စတိုကဲ့သို့သော သာမန် လက်နက်များသည် ကျင့်ကြံသူများ၏ ချီစွမ်းအင်အား ဖိနှိပ်အား သိမ်းဆည်း ပေးထားနိုင်သည်။ လိုအပ်ပါက ထိုးဖောက်စွမ်းရည် အလွန်မြင့်မားသည့် ကျည်ဆန်အား ပစ်လွှတ်လိုက်ရုံပင် ဖြစ်သည်။

ပို၍အဆင့်မြင့်သည့် လက်နက်များလည်း ရှိပေသည်။ မိုးကြိုးနှင့် လျှပ်စီးများ၏ စွမ်းအားကို စုစည်း ပေးနိုင်သည့် ဓားကဲ့သို့သော လက်နက် ဖြစ်သည်။ ထို့အပြင် မှော်ပစ္စည်း အမျိုးမျိုးလည်း ရှိပေသည်။ တချို့သည် လေစွမ်းအားကို စုဆောင်းနိုင်သလို တချို့သည် မန္တန်ဝင်္ကပါများ၊ အလင်းများအပြင် သေစေနိုင်လောက်သည့် အလင်း ကွန်ယက်အား ဖန်တီးနိုင်သည့် လက်နက်များလည်း ရှိပေသည်။

ဝန်ခံရမည်မှာ ထိုတီထွင်မှု များကိုသာ အများအပြား ထုတ်လုပ်မည်ဆိုပါက ကျင့်ကြံသူများ၏ စွမ်းအားသည် သိသိသာသာ တိုးတက် လာပေလိမ့်မည်။

သုတေသန စင်တာ၏ အဆုံးသို့ ရောက်သည့်အခါတွင် အန်လင်းသည် အလွန်ကြီးမားသည့် ရုပ်တုတစ်ခုအား မြင်လိုက်ရသည်။

ပြွန်အများအပြားအား တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး အပြာရောင် သင်္ကေတများသည် ယင်းအပေါ်တွင် ရှပ်ပြေးလျက် ရှိသည်။ ထိုရုပ်တုမှနေ အေးစက်သည့် အော်ရာများ ဖြည်းညင်းစွာ ထွက်ပေါ်လာနေပြီး ၎င်း၏ နက်မှောင်နေသော ဧရာမ အမြှောက်ကြီးသည် ကောင်းကင်သို့ ချိန်ရွယ် ထားလေသည်။ ယင်း၏ ရပ်တန့်နေသည့်ပုံမှာ ကောင်းကင်သို့ ဖျက်ဆီးလိုဟန်ပင် ဖြစ်သည်။

“ဒါက ဘာကြီးလဲဗျ” အန်လင်းသည် ထိုဧရာမ စက်ကြီးအား ညွှန်ပြကာဖြင့် တအံ့တဩ မေးလေသည်။

ပရော်ဖက်ဆာ ယန်သည် လျှို့ဝှက်စွာ ပြုံးလိုက်သည်။ “ဒါက အထက်အရာ ရှိတွေပဲ သိနိုင်မယ့် အရာလေ။ အဲဒီတော့ မရှင်းပြနိုင်တာ အားနာပါတယ်။”

အန်လင်းသည် ခေါင်းညိတ် လိုက်ပြီးနောက် ပရော်ဖက်ဆာ ယန် နောက်သို့ လိုက်ပါသွားသည်။

“နောက်တစ်မျိုးအနေနဲ့ ငါ့ရဲ့ အသစ်ဆုံးသော တီထွင်မှု စူပါသံမဏိ ရုပ်သေးနဲ့ မိတ်ဆက် ပေးပါရစေ။”

ပရော်ဖက်ဆာ ယန်သည် အနက်ရောင် သတ္တုသေတ္တာ တစ်ခု၏ရှေ့တွင် ရပ်တံ့လိုက်သည်။ သေတ္တာအား ဖွင့်လိုက်သည့် အခါတွင် တောက်ပသည့် အဖြူရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။

အန်လင်းသည် လူသဏ္ဌာန်ရှိ သတ္တုရုပ်သေးအား မြင်လိုက်သည့် အခါတွင် အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးကျယ် သွားလေသည်။ ထိုသည်မှာ လူသား အရွယ်အစားရှိ Gundam ဖြစ်လေသည်။

သတ္တုရောင် လက်နေခြင်း၊ ရေခဲတမျှ အေးစက်သည့် အမြောက်၊ ထက်မြိနေသည့် ဓားသွားနှင့် အဓိကစွမ်းအင် သိုလှောင်မှု … အနည်းငယ် ရုပ်ဆိုးနေသည်မှလွဲ အလွန်တူ လှပေသည်။

“ဒီရုပ်သေးရုပ်လေးရဲ့ ခုခံနိုင်စွမ်းက အလွန်မြင့်မားတယ်။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ ကျင့်ကြံသူတွေ တောင်မှပဲ သူ့ရဲ့ သတ္တုအရေပြားကို မထိုးဖောက်နိုင်ဘူး။ သူ့မှာ တပ်ဆင်ထားတဲ့ လက်နက် တွေကလည်း သံအမြောက်၊ ချီစွမ်းအင်အမြောက်နဲ့ ဒြပ်စင်၅ခု အမြောက်တွေ ဖြစ်တယ်။ အရမ်းကို မာကြောတဲ့ဓားလည်း ပါသေးတယ်။ ဒီဟာကို အများအပြား ထုတ်လုပ် နိုင်မယ်ဆိုရင် ငါတို့ရဲ့ အင်ပါယာ မိသားစုက အင်ပါယာ ၉ခုမှာ ထိပ်ဆုံးအဆင့်မှာ ရပ်တည်နိုင်မှာ အသေအချာပဲ။” ပရော်ဖက်ဆာ ယန်သည် မျက်မှန်ပင့်တင် လိုက်သည်။ သူ၏မျက်နှာတွင် ယုံကြည်ချက် ပြည့်ဝကာ အောင်ပွဲခံသည့် အမူအရာများ ထင်းနေလေသည်။

စုချန်းရန်သည် နံဘေးတွင် ရပ်ကာဖြင့် ပြုံးနေလေသည်။ သူမသည် စူပါသံမဏိ ရုပ်သေးအား မြင်ဖူးထားခဲ့သည်။ ယင်းသည် အမှန်တကယ်ကိုပင် အလွန် စွမ်းအားကြီး လှသည်။

ဤစူပါသံမဏိရုပ်သေးသည် အင်ပါယာ မိသားစုဝင်များ အကြားတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်သလို ခရမ်းကြယ်စင်ပြည်နယ်ရှိ ထိပ်တန်းအင်မော်တယ် ဂိုဏ်းများ သည်လည်း ယင်းအကြောင်းအား သိရှိကြလေသည်။

ပြောင်းပြန်ဆိုရမည်ဆိုလျှင် သစ်တောစိမ်း အင်ပါယာ မိသားစုသည် ဤလျှို့ဝှက်ချက်အား အဟန့်အတား ဖြစ်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ အင်မော်တယ်ဂိုဏ်းများ အနေဖြင့် ဤသတင်းအား သိရှိရုံမျှနှင့် တုပပြုလုပ်နိုင်မည် မဟုတ်ကြချေ။

“မင်းကော ဘယ်လိုထင်လဲ အန်လင်း။ ငါက ကြွားနေတာတော့ မဟုတ်ဘူးနော်။ ဒါပေမဲ့လည်း ငါ့ရဲ့ကောင်လေးထက် ပိုကောင်းတဲ့ ရုပ်သေးရုပ်တော့ သေချာပေါက် မရှိနိုင်တော့ဘူး။ စူပါသံမဏိရုပ်သေးက ပြီးပြည့်စုံမှုတို့ရဲ့ ပြယုဂ်ပဲကွ။” ပရော်ဖက်ဆာ ယန်သည် အန်လင်းအား ကြည့်လိုက်သည်။ အန်လင်း၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှု၊ နှစ်သက် သဘောကျမှု တို့အား မြင်ချင်နေမိသည်။

သို့သော်လည်း အန်လင်း၏ တုံ့ပြန်ချက်သည် ပရော်ဖက်ဆာ ယန်အား ကြီးစွာ စိတ်ပျက် သွားစေသည်။ အန်လင်းသည် စူပါသံမဏိ ရုပ်သေးအား ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေလေသည်။

ပရော်ဖက်ဆာ ယန်သည် မကျေလည်သည့် ခံစားချက်များ ဖြစ်ပေါ်လာစဉ်မှာပင် အန်လင်း စကားပြော လာသည်။ “ဒါက … ကျွန်တော့်မှာလည်း ရုပ်သေးတစ်ခု ရှိတယ်ဗျ။ ကြည့်ချင်လား။”

“ဘာပြောတယ်။ မင်းမှာ တစ်ခုရှိတယ် ဟုတ်လား။” ပရော်ဖက်ဆာ ယန်၏ အမူအရာမှာ ပြောင်းလဲ သွားတော့သည်။

ထို့နောက်တွင် သူ့ကိုယ်သူ သတိပေး လိုက်လေသည်။ အန်လင်းသည် သံကိုယ်ထည် ဖုံးအုပ်ထားသည့် ကြက်ရုပ်သေးရုပ်ကိုသာ ထုတ်ပြပေလိမ့်မည် ဟူ၍ ဖြစ်သည်။ “ဘာလို့ မပြသေးတာလဲ။” အထင်သေးစွာဖြင့် ရယ်မော လိုက်သည်။ “ပိုကောင်းအောင် ကူညီပေးချင် ကူပေးနိုင်မှာပေါ့။”

အန်လင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း အမှတ်၈၈မှ ရရှိခဲ့သည် လူသားသဏ္ဌာန် Gundam အား ထုတ်ယူ လိုက်လေသည်။

Gundamသည် သတ္တုရောင် တောက်ပြောင်လျက်ရှိပြီး ရုပ်တု တစ်ခုလုံးသည် ချောမွေ့ ပြောင်လက် နေလေသည်။ ထို့အပြင် အော်ရာ ခပ်ရေးရေးအား ထုတ်လုပ်နေသည့် အတွက် သူ၏ ကိုယ်ပိုင်အသက် ရှိနေပေလိမ့်မည်။

ပရော်ဖက်ဆာ ယန်၏ အထင်အမြင်သေးသည့် အကြည့်မှ တဖြည်းဖြည်းနှင့် တွေဝေသည့် အကြည့်သို့ ပြောင်းလဲ လာလေသည်။ သူ၏အသက်ရှူနှုန်း သည်လည်း ပိုမိုမြန်ဆန် လာတော့သည်။

သူ၏လက်များ တုန်ယင်လျက်နှင့် ရွှေရောင် တောက်ပလျက်ရှိသည့် အဖြူရောင် Gundamအား ကြင်နာစွာ ပွတ်သပ် နေလေသည်။ “သတ္တုစပ်နဲ့ တည်ဆောက်ထားတာ။” တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “ကောင်းလိုက်တာ။ လိုက်ဖက်လွန်းတဲ့ အတွဲအစပ် … ကောင်းလိုက်တာ။ စက်ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်မှု … ပြည့်စုံလိုက်တာ။ လက်နက်တွေ …. မသိတော့ဘူး”

ထိုသို့ဖြင့် ပရော်ဖက်ဆာ ယန် ကျရှုံး သွားလေသည်။

အန်လင်း၏ ရုပ်သေးရုပ်နှင့် နှိုင်းယှဉ်ပါက သူ၏ စူပါသံမဏိ ရုပ်သေးသည် ကြက်ရုပ်သေး ထက်ပင် ပို၍ဆိုးဝါး သေးသည်။ လုံးဝ အမှိုက်တစ်ခုသာ ဖြစ်သည်။

***

All Chapters