← Chapters

အပိုင်း ၁၆၀ (Extra 7 - ဆယ်နှစ်ကြာပြီးနောက် ၅)

Vol. 13 Ch. 160

အပိုင်း ၁၆၀ (Extra 7 - ဆယ်နှစ်ကြာပြီးနောက် ၅)

Vol. 13 Ch. 160

"ထမင်းစားလို့ ရပြီ။ စကားတွေ နောက်မှ ပြောကြမယ်"

ချန်ရှန်းယွင် းသည် ပန်းကန်များနှင့် တူများကို ကိုင်ဆောင်လျက် မီးဖိုချောင်ထဲမှ ထွက်လာပြီး အုပ်စုကြားရှိ တင်းမာနေသော အခြေအနေကို ဖြိုခွင်းလိုက်သည်။

စုရှီသည် ကလေးများ၏ အသနားခံနေသော အကြည့်ကို မြင်လိုက်ရသဖြင့် သဘောကျသွားပြီး ခင်ပွန်းသည်၏ လက်မောင်းကို ချိတ်ကာ ပြောလိုက်သည်။

"ကဲ ... အရင်စားကြရအောင်။ ထမင်းစားပြီးမှ ပြောကြတာပေါ့"

သူမသည် ယန်ကျင့် ဘက်သို့ လှည့်ကာ ပြုံး၍ ထပ်ပြောလိုက်သည်။ "ရှောင်ကျင့် ... သားလာတာ အချိန်ကိုက်ပဲ။ ဒီနေ့ သားအကြိုက်ဆုံး ပုစွန်ပြုတ် ဟင်းပါတယ်လေ။ အဒေါ် ယန်ရဲ့ အထူးလက်ရာ ... များများစားနော်"

ရှဲ့ကျန်း၏ စိုက်ကြည့်ခြင်းကို ခံနေရသော ယန်ကျင့်သည် ကျောပြင်၌ ချွေးအေးများ စီးကျလာသည်ကို ခံစားလိုက်ရသည်။ သူ၏ လက်ဖဝါးများ စိုစွတ်လာပြီး တစ်ခါမျှ မကြုံဖူးသော စိတ်လှုပ်ရှားမှုများ လွှမ်းခြုံသွားသည်။

စုရှီ၏ စကားကို ကြားသောအခါ သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး နှုတ်ခမ်းပါးများ အနည်းငယ် တွန့်သွားသည်။ "ကျေးဇူးတင်ပါတယ် အန်တီရှီရှီ"

ယောက္ခမဖြစ်သူသည် သားမက်ကို ကြည့်ကာ ပိုကျေနပ်အားရလာသည်။ ဤသည်မှာ စုရှီ ယခင်က အပြည့်အဝ နားမလည်ခဲ့သော အရာဖြစ်သော်လည်း ထိုအချိန်တွင် ဒီအဓိပ္ပာယ်ကို သူမ အမှန်တကယ် သဘောပေါက်လိုက်သည်။

သူမသည် ယန်ကျင့်ကို အမြဲသဘောကျခဲ့ပြီး သူ့အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်သည်ဟု တွေးမိသည်။

နောက်ဆက်ခံမည့် မိသားစုခေါင်းဆောင်အဖြစ် ပျိုးထောင်ခံခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ဤကလေးသည် ငယ်စဉ်ကတည်းက လူကြီးပေါက်စလေးတစ်ယောက်ကဲ့သို့ လေးနက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိသည်။ သူမ၏သမီး ထောင်ထောင် သည် သူ့ကို ရွေးချယ်လိမ့်မည်ဟု စုရှီ လုံးဝ မထင်ထားခဲ့ပေ။

သို့သော် မိခင်တစ်ယောက်၏ အမြင်အရ သူမသည် ဤသားမက်အပေါ် အတော်လေး ကျေနပ်မိပြီး ခင်ပွန်းဖြစ်သူလည်း ထိုနည်းတူ ခံစားရမည်ဟု ယုံကြည်သည်

ယခုအချိန်တွင် ခင်ပွန်းဖြစ်သူသည် သူ၏ သမီးချောလေး အလုခံလိုက်ရသဖြင့် ဒေါသထွက်နေသောကြောင့် သူမက မိခင်တစ်ယောက်အနေဖြင့် ပိုအားတက်သရော ဆက်ဆံပေးရမည်သာ ဖြစ်သည်။

ထမင်းစားပြီးနောက် ရှဲ့ကျန်းသည် ယန်ကျင့်နှင့် သားနှစ်ယောက်ဖြစ်သော ရှဲ့ချန်းတို့ကို အပေါ်ထပ်ရှိ စာကြည့်ခန်းသို့ ခေါ်သွားခဲ့သည်။ သူတို့ သီးသန့်ဆွေးနွေးစရာ ရှိနေကြောင်း ထင်ရှားသည်။

စုရှီသည် ဂနာမငြိမ်ဖြစ်နေသော သမီးဖြစ်သူကို ကြည့်ကာ ပြုံးလိုက်ပြီး ပန်းလက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်သည်။

"စိတ်မပူပါနဲ့။ သမီးအဖေက ရှောင်ကျင့်ကို အရမ်းသဘောကျပါတယ်"

ရှဲ့ချန်၏ မျက်နှာ အနည်းငယ် နီမြန်းသွားခဲ့သည်။ သူမသည် လက်ဖက်ရည်ခွက်ကို ယူကာ ဘေးတွင်ချထားလိုက်ပြီး သောက်ရန် မလောပေ။ ထို့အစား သူမသည် မိခင်ဖြစ်သူ၏ လက်မောင်းကို လှမ်းဖက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "သမီး စိတ်မပူပါဘူး။ သူတို့ ဘာတွေ ပြောနေလဲဆိုတာ သိချင်ရုံလေးပါ"

စုရှီသည် သမီးဖြစ်သူ၏ နှာခေါင်းလုံးလုံးလေးကို တို့ထိကာ စနောက်လိုက်သည်။

"သိချင်ရင် တော်ကြာနေ သမီးရည်းစားကို မေးကြည့်လိုက်လေ"

ထိုစကားကို ကြားသောအခါ ရှဲ့ချန်၏ မျက်နှာ ပို၍ပင် နီမြန်းသွားခဲ့သည်။ ဤကဲ့သို့ ရှက်ရွံ့ပြီး အနေခက်နေသည်မှာ ရှားပါးလှသည်။ သူမ ရှက်ကိုးရှက်ကန်းဖြင့် လိမ်ဖည်နေရင်း ညည်းတွားလိုက်သည်။ "မေမေကလည်း ..."

"အေးပါ ... အေးပါ။ မေမေ မစတော့ပါဘူး။ ပြောပါဦး ... ဒီနေ့ နေ့လယ်က မန့်မန့်တို့နဲ့ ဘာတွေ ဖြစ်ခဲ့ကြတာလဲ” မိခင်ဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ ရှဲ့ချန် ဘာမှ ဖုံးကွယ်မထားပေ။ နေ့လယ်က ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ရှင်းပြလိုက်ပြီးနောက် ဒေါသတကြီး ထပ်ပြောလိုက်သည်။

"အဲ့ဒီ လူကုန်ကူးတဲ့လူတွေက ရွံစရာကောင်းတယ်။ သူတို့မှာလည်း ကိုယ်ပိုင်သားသမီးတွေ ရှိကြတာပဲ။ သူများသားသမီးကို ဒုက္ခပေးရက်တာ ယုံတောင် မယုံနိုင်ဘူး။ တကယ့်ကို အသည်းနှလုံးမရှိတဲ့လူတွေ"

လူကုန်ကူးသူများနှင့် ပေါင်းပြီး ကိုယ့်လိပ်ပြာကို ငွေနှင့် လဲလှယ်ခြင်းမှာ ရယ်စရာကိစ္စ မဟုတ်ပေ။

စုရှီ၏ အပြုံး အနည်းငယ် ပျောက်ကွယ်သွားပြီး စိတ်ဓာတ်ကျစရာကောင်းသော ဤအကြောင်းအရာကို ဆက်မဆွေးနွေးချင်တော့ပေ။ သူမသည် သမီးဖြစ်သူ၏ ခေါင်းကို ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ "ကလေးတွေ အခု အန္တရာယ်ကင်းသွားပြီလား"

ထိုစကားကို ကြားသောအခါ ရှဲ့ချန် ပြုံးလိုက်သည်။ "အင်း ... မန့်မန့်၊ တန့်တန့်နဲ့ သမီးတို့ ဆေးရုံမှာ နေခဲ့ကြတယ်။ နောက်ဆုံးကျန်တဲ့ကလေး အန္တရာယ်ကင်းပြီဆိုတာ သေချာမှ သမီးတို့ ပြန်လာကြတာ"

စုရှီလည်း ပြုံးလိုက်သည်။ "ကောင်းတာပေါ့"

ခေါင်းစဉ်မှာ လေးလံလွန်းနေသည်ဟု ခံစားရသဖြင့် စုရှီ သမီးဖြစ်သူနှင့် ဆက်မပြောချင်တော့ပေ။ သူမ ပေါ့ပါးသော အကြောင်းအရာတစ်ခုသို့ ပြောင်းလိုက်သည်။ "ထောင်ထောင် ... ရှောင်ကျင့်က စပြီး လာပြောမှတော့ သမီးတို့နှစ်ယောက် အချိန်သတ်မှတ်သင့်တယ်။ မကြာခင် ယန်မိသားစုဆီ သွားလည်လိုက်ဦး”

ထောင်ထောင် အနည်းငယ် ရှက်နေပုံရသည်။ "မစောလွန်းဘူးလားဟင်"

စုရှီ ပြန်ဖြေလိုက်သည်။ "နည်းနည်းတော့ စောတာပေါ့။ ဒါပေမဲ့ ဒါက အပြန်အလှန် လေးစားမှုသဘောပဲလေ။ ပေါ့ပေါ့ပါးပါးပဲ ထားပါ။ သိပ်ပြီး ဖိအားများတယ်လို့ ခံစားနေစရာ မလိုဘူး။ ဘာပဲဖြစ်ဖြစ် ဖေဖေနဲ့ မေမေက သမီးနောက်မှာ အမြဲရှိနေပြီး ပံ့ပိုးပေးနေမှာ"

ထိုစကားများကို ကြားသောအခါ ထောင်ထောင် နှာခေါင်းထိပ်များ စပ်ဖျဥ်းဖျဥ်း ဖြစ်သွားရသည်။ အလုပ်ကိစ္စကြောင့် မိဘများက သူမ အသက်ဆယ်နှစ်မတိုင်မီ အချိန်အထိ သူမအနားတွင် နေပေးနိုင်ခဲ့တာ ရှားသော်လည်း သူမသည် မေတ္တာငတ်မွတ်ခြင်း မရှိခဲ့ဖူးပေ။

သူမသည် နွေးထွေးမှုနှင့် ကြင်နာမှုများ ဝန်းရံလျက် ကြီးပြင်းလာခဲ့သည်ဟု ပြောနိုင်သည်။

ယခု သူမ အသက်၂၀ရောက်နေပြီ ဖြစ်သော်လည်း မိဘများက သူမကို ကလေးလေးတစ်ယောက်လို ဆက်ဆံနေဆဲဖြစ်ပြီး ရုတ်တရက် ခံစားလိုက်ရသော ထိုခံစားချက်ကြောင့် သူမ ငိုချင်သွားသည်။ ရှဲ့ချန်က သူမအမေ့ပခုံးပေါ် ခေါင်းမှီပြီး ချွဲတော့မည့်ဆဲဆဲတွင် မိခင်ဖြစ်သူ၏ နောက်ထပ်စကားကြောင့် ပြောစရာမဲ့သွားသည်။

"မနက်ဖြန် မနက်လောက် သွားရင်ရော ဘယ်လိုလဲ။ နေ့ဘက်ဆို ဦးလေး ယန်နဲ့ အဒေါ် ယန်တို့ အိမ်မှာ ရှိချင်မှ ရှိမှာ" စုရှီသည် သူမ မေးကို ပွတ်ရင်း စဉ်းစားကာ အကြံပြုလိုက်သည်။

ညဉ့်နက်သထက် နက်လာခဲ့ချေပြီ။

ကျယ်ဝန်းသပ်ရပ်သော အိပ်ခန်းထဲတွင် စုရှီသည် ကုတင်ပေါ်မှာ ကိုယ်တစ်ပိုင်း မှီလျက် မျက်နှာလိမ်းခရင်မ် လိမ်းနေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သူမသည် ရွယ်တူများထက် များစွာနုပျိုနေသော်လည်း ၎င်းသည် လုံးဝဥဿုံတော့ မဟုတ်ပေ။ နှစ်များတစ်လျှောက် သူမကိုယ်တိုင် ဂရုစိုက်ပြုပြင်မှုများကို မလွဲမသွေ လိုအပ်ခဲ့သည်။

လက်ရှိတွင် ဈေးကွက်၌ စနိုးခရင်မ် မှလွဲ၍ အခြားသော ကျွမ်းကျင်အဆင့် အသားအရေထိန်းသိမ်းမှု ပစ္စည်းများ မရှိသေးပေ။ နှစ်များတစ်လျှောက် အိမ်ရှိ အသားအရေထိန်းသိမ်းမှု ပစ္စည်းများအားလုံးကို သူမကိုယ်တိုင် ဖော်စပ်ထားခြင်းဖြစ်သည်။

သူမတွင် ထူးခြားဆန်းပြားသော လျှို့ဝှက်ချက်နည်းလမ်းများ ရှိသည်ဟု ဆိုနိုင်သော်လည်း ဒါက လုံးဝမမှန်ကန်ပေ။ အားလုံးသည် မက်မွန်သီးအဆီအနှစ်၏ အထောက်အပံ့ကြောင့်သာ ဖြစ်သည်။ ကြိမ်ဖန်များစွာ ကြိုးစားပြီးနောက်တွင် တတ်ယောင်ကား ပညာရှင်တစ်ယောက်အနေဖြင့် တဝက်တပျက် အရည်အချင်းများဖြင့် ဤပစ္စည်းများကို နောက်ဆုံးတွင် ဖန်တီးနိုင်ခဲ့သည်။

သူမသည် မျက်နှာလိမ်းခရင်မ်ကို ပါးပါးလေး ဂရုတစိုက် လိမ်းကျံလိုက်ပြီး ညီညာစွာ ပြန့်နှံ့ကာ စိမ့်ဝင်သွားကြောင်း သေချာစေပြီးနောက် လက်ကျန်များကို သူမ၏ လက်များနှင့် လည်ပင်းသို့ လိမ်းလိုက်သည်။

လက်ပေါ်တွင် အကြွင်းအကျန်များ မရှိတော့သည့်အခါ ခန္ဓာကိုယ်လိမ်း လိုးရှင်းဘူးအကြီးကြီးကို ထုတ်ယူပြီး သူမ၏ တစ်ကိုယ်လုံးသို့ စတင်လိမ်းကျံလိုက်သည်။ ကိစ္စအဝဝ ပြီးစီးသွားသောအခါ စုရှီသည် ပုလင်းများနှင့် ဘူးများကို သိမ်းဆည်းလိုက်ပြီးနောက် နောက်ထပ် တစ်လက်မမျှပင် မရွေ့ချင်တော့ဘဲ မျက်နှာသေဖြင့် ကုတင်ပေါ်သို့ လဲကျသွားလေသည်။

အလွန်ပင်ပန်းလှသည်။

မိန်းမတစ်ယောက်ဖြစ်ရသည်မှာ အလွန်ပင်ပန်းလှသည်ဟု သူမကိုယ်သူမ ဒီလို ခံစားလွယ်ဖို့ တစ်ခါတစ်လေမှ ခွင့်ပြုတတ်သော စုရှီတစ်ယောက် တွေးလိုက်မိသည်။

သို့သော် သူမ၏ ချောမွေ့တောက်ပသော အသားအရေကို မြင်လိုက်ရသောအခါ ကုတင်ပေါ်တွင် လူးလိမ့်မိသည်မှာ မနေနိုင်တော့ချေ။ ပင်ပန်းရကျိုးနပ်ပါသည်.. အားလုံးက အလှအပအတွက်ပင် ဖြစ်သည်။

—

ရှဲ့ကျန်းသည် လည်ပင်းတွင် မျက်နှာသုတ်ပဝါ တစ်ထည်တင်လျက် အခန်းထဲသို့ ဝင်လာရာ ကုတင်ပေါ်တွင် လူးလိမ့်နေသော ဇနီးသည်ကို တွေ့လိုက်ရသည်။

ဇနီးသည်၏ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော ကလေးဆန်သည့် ဘက်ခြမ်းကို မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများထဲတွင် အပြုံးတစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။

"ဘာတွေများ ဒီလောက်တောင် ပျော်နေရတာလဲ" ရှဲ့ကျန်းသည် ကုတင်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလာပြီး ထိုင်ချကာ ဇနီးသည်ကို သူ၏ပေါင်ပေါ်သို့ ညင်သာစွာ ဆွဲတင်လိုက်ပြီးနောက် သူမ၏ခေါင်းမှ မျက်နှာသုတ်ပဝါအကြီးကို ဂရုတစိုက် ဖယ်ရှားပေးရင်း မေးလိုက်သည်။

သူမ၏ ခါးအထိရှည်သော ဆံနွယ်များကို ဘီးဖြင့် ညင်သာစွာ ရှင်းပေးပြီးနောက် ညအိပ်စားပွဲအံဆွဲထဲမှ ဆံပင်မှုတ်စက်ကို ရှာဖွေကာ ဆံပင်စတင် မှုတ်ပေးလေသည်။

ရှီရှီနှင့် နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့သဖြင့် ရှဲ့ကျန်းသည် ဇနီးသည်၏ ပျင်းရိတတ်သော စိတ်နေသဘောထားကို ကောင်းစွာ သိရှိထားသည်။ သူမသည် ထိုင်နိုင်လျှင် မတ်တတ်မရပ်၊ လှဲနိုင်လျှင် ထိုင်မည် မဟုတ်သည့် ပျင်းရိမှု အစုအဝေးလေး တစ်ခုပင်။

သူသာ သူမ၏ဆံပင်ကို မကြာခဏ လျှော်ပြီး ခြောက်သွေ့အောင် ကူညီမပေးခဲ့လျှင် သူမ၏ ထူထဲနက်မှောင်သော ဆံပင်များကို လွန်ခဲ့သည့် နှစ်များထဲက ညှပ်ပစ်လိုက်လောက်ပြီ ဖြစ်သည်။

သူသည် ဆံပင်မှုတ်စက်ကို အသုံးပြုရင်း ရှဲ့ကျန်း၏ ရှည်လျားသော လက်ချောင်းများသည် သူမ၏ ဆံနွယ်ရှည်များကြားသို့ ထပ်ကာတလဲလဲ ဖြတ်သန်းသွားသည်။ သူမ၏ ဆံပင်သည် ခါးအထိ ရှည်လျားလာပြီး နူးညံ့တောက်ပကာ ထိတွေ့လိုက်လျှင် ချောမွေ့နေသည်။ သူ၏လက်ချောင်းများဖြင့် ဖြီးသင်လိုက်တိုင်း စိတ်ဝင်စားမှုကို မထိန်းနိုင်အောင် ဖြစ်ရသည်။

စုရှီသည် အမျိုးသား၏ ပခုံးပေါ်တွင် မေးတင်ထားပြီး သူ၏ ရှည်လျားသော လက်ချောင်းများက သူမ၏ ဆံပင်ကြားတွင် ညင်သာစွာ လှုပ်ရှားနေသည်။ တစ်ခါတစ်ရံ သူသည် အကြောအခြင်ပြေသည့် နေရာများကို ဖိနှိပ်ပေးသဖြင့် သူမမှာ အလွန်သက်သောင့်သက်သာ ခံစားရပြီး အိပ်ပျော်လုနီးပါး ဖြစ်နေသည်။

ခင်ပွန်းဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ သူမ၏ အလှကို သူမကိုယ်တိုင် သဘောကျနေကြောင်း ဝန်ခံရန် ရှက်ရွံ့သဖြင့် တိုးတိုးလေး ရယ်မောလိုက်မိသည် .. ဒါက အနည်းငယ် အရှက်မဲ့ရာ ကျနေသည်။ ထို့ကြောင့် သူမသည် ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်ပြီး ပျင်းရိလေးတွဲ့စွာ ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ကျွန်မတို့နှစ်ယောက်လုံး အားတယ်နော်၊ ကလေးတွေကို အပြင်ခေါ်သွားပြီး ကစားကြမလား"

ရှဲ့ကျန်းသည် ဇနီးသည်၏ ခေါင်းလုံးလုံးလေးကို ရွှေ့လိုက်ပြီး စောစောက လွတ်သွားသော နေရာများကို ဆံပင်မှုတ်စက်ဖြင့် နေရာချပေးကာ တိုးတိုးလေး ရယ်မောရင်း ပြောလိုက်သည်။

"သူတို့ကို မခေါ်သွားဘူး၊ ကိုယ်တို့နှစ်ယောက်ထဲပဲ သွားကြမယ်၊ အတူတူ ဈေးဝယ်ထွက်ပြီး ရုပ်ရှင်မကြည့်ဖြစ်တာတောင် ကြာလှပြီ"

"တကယ်လား" စုရှီသည် ရုတ်တရက် အားအင်ပြည့်ဝသွားကာ မတ်မတ်ထိုင်လိုက်ပြီး မေးလိုက်သည်။

သူတို့နှစ်ဦးတည်း အပြင်မထွက်ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့၏ အကန့်အသတ်ရှိသော အားလပ်ရက်များတွင် မိသားစုနှင့်သာ အချိန်ကုန်ဆုံးလေ့ရှိသည်။ စုရှီ ဤမျှ ပျော်ရွှင်သွားသည်မှာ အံ့သြစရာ မဟုတ်ပေ။

ဇနီးသည်၏ ပျော်ရွှင်နေပုံကို မြင်လိုက်ရသဖြင့် ရှဲ့ကျန်း၏ အကြည့်များ နူးညံ့သွားပြီး ညင်သာစွာ ပြန်ဖြေလိုက်သည်။

သေချာသော အဖြေကို ရရှိလိုက်သောအခါ စုရှီသည် ပို၍ပျော်ရွှင်သွားခဲ့သည်။ သူမသည် ခါးကို လှည့်လိုက်ပြီး ဘေးတိုက်ထိုင်နေရာမှ သူ့ကို ခွထိုင်လိုက်ကာ သူမ၏ လက်သေးသေးလေးများကို အမျိုးသား၏ ပခုံးပေါ်သို့ တင်လိုက်သည်။ သူမသည် ကိုယ်ကိုကိုင်းကာ သူ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းပါးများကို နမ်းရှိုက်လိုက်သည်။

ရှဲ့ကျန်း၏ အကြည့်များ ချက်ချင်းနက်ရှိုင်းသွားသော်လည်း သူ၏လက်များမှာ လှုပ်ရှားမှု မရပ်တန့်ခဲ့ပေ။ သူသည် ဇနီးသည်၏ ဆံပင် ခြောက်သွေ့သွားအောင် တည်ငြိမ်စွာဖြင့် ဆက်၍ မှုတ်ပေးနေခဲ့သည်။

All Chapters