← Chapters

ဒွိဟဖြစ်ခြင်း

Vol. 7 Ch. 88

ဒွိဟဖြစ်ခြင်း

Vol. 7 Ch. 88

ဗီလာသို့ ပြန်ရောက်ချိန် ဖြစ်သည်။

အိမ်တော်ထိန်းကျန်းနှင့် အိမ်အကူများ၏ အကြည့်အောက်တွင် ထိုလူနှစ်ယောက်က အိမ်ပေါ်သို့ တက်သွားခဲ့သည်။

တစ်ချိန်လုံ ချီမော့က သူမကို ချီထားသည်။

ရှန်းမူမူက အရှက်သည်းသူ မဟုတ်သော်လည်း အကြောင်းတချို့ကြောင့် ရှက်ရွံ့နေကာ သူမရဲ့ မျက်နှာကို ချီမော့၏ ရင်ဘတ်ထဲ ဝှက်ထားလေသည်။

သူမ၏ အပြုအမူကြောင့် ချီမော့က သူမကို ငုံ့ကြည့်ခဲ့သည်။

သူ့အသံက တိုးလျကာ နူးညံ့နေသည်။ “ရေအရင်ချိုးမလား၊ ဆရာဝန်နဲ့ အရင်ပြမလား။”

ထိုစကားကိုကြားတော့ ရှန်းမူမူက မော့ကြည့်လိုက်ရာ နှစ်ဦးသာ အကြည့်ချင်း ဆုံသွားလေသည်။

နှစ်ဦးကြား ဒွိဟဖြစ်စေသည့် လေထု ဖြစ်ပေါ်လာခဲ့သည်။

ရှန်းမူမူက အကြည့်လွှဲလိုက်သည်။ “ဆရာဝန် ပြစရာ မလိုပါဘူး၊ ကျွန်မက ရေထဲ ခဏလေး နေခဲ့ရုံပါ။”

ချီမော့က သူမရဲ့စကားကို နားမလည်ပုံရသည်။ “အင်း။”

သူက တီးတိုးပြောလိုက်သည်။ “ဒါဆို ရေအရင်ချိုး။”

အခန်းထဲဝင်ပြီးသည့်နောက်တွင် သူမကို ရေချိုးခန်းအပြင်က ခုံပေါ်တင်ခဲ့သည်။

ချီမော့က အင်္ကျီလက်ကို လိပ်တင်ရင်း ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

သူက မျက်မှောင်ကြုတ်ပြီးနောက် နက်ကတိုင်ကို ဖြုတ်ချကာ ပစ်ထားလိုက်လေသည်။

သိပ်မကြာခင်တွင် ရေချိုးကန်က ရေနွေးများ ပြည့်သွားခဲ့သည်။

ထို့နောက် ရေချိုးခန်းထဲက ပြန်ထွက်လာကာ ရှန်းမူမူကို ပွေ့ချီဖို့ ပြင်လိုက်သည့်အချိန်တွင် သူမက အမြန်ပြေးကာ ရေချိုးခန်းထဲဝင်သွားပြီး တခါးကို ဂျိန်းကတည်း ပိတ်သွားလေသည်။

သူမ ဖြတ်ပြေးသွားသည့်အချိန်က သူမရဲ့ နားက အနည်းငယ်နီနေသည်ကို ချီမော့ သတိထားမိခဲ့သည်။

ချီမော့က ခဿလောက် တောင့်တင်းသွားခဲ့သည်။

ထိုလူက စက္ကန့်များစွာအထိ တိတ်ဆိတ်နေခဲ့သည်။

သူ့မျက်ဝန်းတွေက အနည်းငယ် ရယ်ချင်စိတ်သန်းနေသည်။

ရှန်းမူမူ ရေချိုးပြီးထွက်လာသည့်နောက်တွင် မိသားစု ဆရာဝန်က ရောက်နေပြီဖြစ်သည်။

သူမကို ကိုယ်အပူချိန်တိုင်းကာ မည်သည့်နေရာ မသက်မသာဖြစ်နေသနည်းဟုမေးပြီး သွေးခုန်နှုန်းလည်း တိုင်းပေးခဲ့သည်။

သူမ အဆင်ပြေကြောင်းအတည်ပြုပြီးမှ မိသားစုဆရာဝန်က ပြန်သွားခဲ့သည်။

အိမ်တော်ထိန်းကျန်းက တံခါးခေါက်ပြီး ဝင်လာကာ စားပွဲပေါ် ဆန်ပြုတ်နှစ်ပန်းကန် တင်ထားပြီးမှ အောက်ထပ် ပြန်ဆင်းသွားခဲ့သည်။

ရှန်းမူမူက ကုတင်ခေါင်းရင်းတွင် မှီနေကာ ချီမော့က ကုတင်အစွန်းတွင် ထိုင်နေသည်။

ချီမော့က ဆန်ပြုတ်တစ်ဇွန်းကိုခပ်ကာ ရှန်းမူမူ၏ နှုတ်ခမ်းနား တေ့ခဲ့သည်။

စကားတစ်ခွန်းမှမဆိုဘဲ အသံတိတ်ပြုမူသည့် အပြုအမူက ရှန်းမူမူကို မျက်မှောင်ကြုတ်စေခဲ့သည်။

ထူးဆန်းလိုက်တာ၊ ထူးဆန်းလိုက်တာ။

သူမ နေကောင်းကာ အကုန်အဆင်ပြေကြောင်း ဆရာဝန်ပြောခဲ့သည်ကို သူမ ရှင်းလင်းစွာ ကြားခဲ့သည်။

ရှန်းမူမူက ချီမော့ထံမှ ပန်းကန်နှင့်ဇွန်းကို ယူလိုက်သည်။

ကို့ရို့ကားယား လေထုကို ဖျောက်ဖျက်ရန်အတွက် ရှန်းမူမူက ရယ်ကာ စကားပြောလိုက်သည်။

“ခွံ့ကျွေးစရာ မလိုပါဘူး၊ ကျွန်မက ရေထဲကျတာပါ၊ အကြောသေသွားတာ မဟုတ်ပါဘူး။”

ချီမော့က သူမကို ကြည့်လိုက်ကာ မျက်ဝန်းက ရယ်ချင်စိတ်ပြည့်နေသည်။ “ကောင်းပါပြီ။”

သူ့အကြည့်များက တစ်ခုခု ထူးဆန်းနေသော်လည်း မည်သည်က ထူးဆန်းနေသည်ကို ရှန်းမူမူ အတိအကျ မသိပေ။

ထိုလူ၏ အကြည့်စူးစူးအောက်တွင် ရှန်းမူမူက ဆန်ပြုတ်တစ်ဇွန်းကို ကို့ရို့ကားရား စားသောက်ခဲ့သည်။

နှစ်ဇွန်း…

သုံးဇွန်း….

တကယ်သည်းမခံ‌နိုင်တော့သဖြင့် သူမက ပန်းကန်နှင့်ဇွန်းကို အောက်ချလိုက်သည်။

“ကျွန်မကို ဒီလိုကြည့်နေတာ ရှင်ဗိုက်ဆာပြီး စားချင်နေလို့လား။”

ချီမော့က ခပ်တိုးတိုး ရယ်ခဲ့သည်။

“မကြည့်တော့ပါဘူး၊ စားပါ။”

ချီမော့က အိပ်ရာခေါင်းရင်းထက် လက်တစ်ဖက်တင်ထားကာ အဝေးကိုကြည့်နေသည်။

ခြေထောက်တစ်ချောင်းကို ချထားကာ နောက်တစ်ချောင်းကို ကွေးထားပြီး အင်္ကျီရင်ဘတ်က ဟနေကာ ညှပ်ရိုးများ တွေ့နေရပြီး မြင်နေကြပုံစံ မဟုတ်ပေ။

ရှန်းမူမူက သူမရှေ့က လူ၏ပုံစံကိုကြည့်ကာ ကျေနပ်စွာဖြင့် ဆန်ပြုတ်တစ်ဇွန်းကို ခပ်ပြည့်ပြည့် ခပ်ကာ သောက်လိုက်သည်။

မျက်လုံးအသာကျွေးတာပဲ။

ထိုအရာက တကယ်ကို အစားစားချင်စိတ် ဖြစ်စေသည်။

အောက်ထပ်ရှိ ဧည့်ခန်းတွင် ဖြစ်သည်။

ချီရှောင်ပိုင်က ရှန်းမူမူ ရေထဲပြုတ်ကျကြောင်း ကြားလိုက်ရသည့်အခါ သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူက အခြေအနေကို မေးမြန်းရန်အတွက် ခြေလှမ်းများကို အပေါ်ထပ်တက်ရန် ဦးတည်လိုက်သည်။

ရုတ်တရက်ပင် သူ့ကို အသံ တစ်သံက တားမြစ်လိုက်သည်။

“ရှောင်ပိုင်၊ ဒီကိုလာဦး၊ ဒါဘယ်လိုလုပ်တာလဲ။”

ဖုန်းယောင်ချင်က ဖုန်းကိုင်ထားကာ မြေးဖြစ်သူကို ခေါ်လိုက်သည်။

ယခုအချိန်တွင် ချီရှောင်ပိုင်က တခြားဘာကိုမှ အာရုံမစိုက်နိုင်အောင် စိတ်လှုပ်ရှားနေသည်။ သူက စိတ်မရှည်စွာ လှည့်ကြည့်လိုက်သည်။

“အဖွား ကျွန်တော် အပေါ်သွားပြီး အခြေအနေ သွားစစ်ဆေးပြီးမှ ပြန်ဆင်းလာပြီး အဖွားကို သင်ပေးမယ်။”

“နင့်အဖေရှိနေတာပဲ၊ ဘာဖြစ်မှာမလို့လဲ။” ဖုန်းယောင်ချင်က ချီရှောင်ပိုင်ကို နောက်တစ်ကြိမ် လက်ယက်ခေါ်ပြီး လေသံက မာထန်လာခဲ့သည်။

ချီရှောင်ပိုင်ရဲ့ခြေလှမ်းများက ရပ်တန့်သွားပြီး ဆိုဖာထံ ပြန်လျှောက်လာခဲ့သည်။

အဖွားပြောတာ မှန်သည်။

သူ့ဖခင်သာရှိနေပါက ပြဿနာ အကြီးကြီးတောင် အဆင်ပြေသွားလိမ့်မည်။

ချီရှောင်ပိုင်က ဖုန်းယောင်ချင်၏ ဖုန်းကို ယူကာ fontအရွယ်အစားကြီးနည်း သင်ပေးနေသည်။

ဖုန်းယောင်ချင်က ပြတ်တောင်းပြတ်တောင်း ပြန်ဖြေရင်း သူမ မျက်လုံးထဲတွင် အနိုင်ရသူဟန် ပေါ်လာခဲ့သည်။

အစောပိုင်းက မတော်တဆမှုအပြီးတွင် ရှန်းမူမူပေါ် ဖုန်းယောင်ချင်၏ အမြင်က လုံးဝ ပြောင်းလဲသွားခဲ့သည်။

ရှန်းမူမူက ကောက်ကျစ်သူဟု ယခင်တုန်းက သူမ ထင်မိခဲ့သည်။

သူမသား၏ ပိုင်ဆိုင်မှုတွေကို မက်မောလို့ သခင်မကြီးကို နည်းမျိုးစုံ စည်းရုံးကာ ချီမိသားစုထဲ ဝင်ခဲ့သည်ဟု ထင်ခဲ့မိသည်။

သို့သော် ယနေ့တော့ ဖုန်းယောင်ချင်က ရှန်းမူမူ၏ ကောင်းသည့်ဘက်ခြမ်းကို ရုတ်တရက် ရှာတွေ့ခဲ့သည်။

ကြင်နာတတ်ခြင်း၊ အကောင်းမြင်တတ်ခြင်း၊ ဉာဏ်ကောင်းခြင်းနှင့် မျက်နှာထက်တွင် တည်ငြိမ်မှုတို့ ရှိသည်။

ထိုအချက်တွေက ဖုန်းယောင်ချင်က ချွေးမဖြစ်သူထံမှ တွေ့ချင်သည့် အချက်များ ဖြစ်သည်။

ယခင်က သူမက သူမ ချွေးမကို နှိပ်စက်ရန် ဆုံးဖြတ်ခဲ့သည်။

ယခုတော့ ယနေ့မှ စကာ သူမကို မိသားစုတစ်ဦးလို ဆက်ဆံတော့မည်။

ထိုအကြောင်းများကိုတွေးကာ ဖုန်းယောင်ချင်က ပြုံးလိုက်သည်။

“အဖွား ကျွန်တော်ပြောတာ ကြားလား။” သူမ အာရုံပြောင်းနေသည်ကိုမြင်တော့ ချီရှောင်ပိုင်က ဖုန်းခါပြလိုက်သည်။ “fontအရွယ်အစား ကြီးချင်ရင် ဒါလေးကို ထိ၊ ဒါလည်း အတူတူပဲ။ အရင်ဆုံး settingထဲ သွားရမှာပဲ….”

“သိပါပြီ သိပါပြီ။” ဖုန်းယောင်ချင်က ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။

သူမက ဖုန်းကို တစ်စက္ကန့်၊ နှစ်စက္ကန့်လောက် အာရုံစိုက်ပြီးသည့်အခါ တခြားသို့ အာရုံရောက်သွားသည်။

သူမက အစောပိုင်းက သူမသား ချွေးမဖြစ်သူကို ပွေ့ချီထားစဉ်က သူမ သားရဲ့ အမူအရာကို ပြန်မြင်ယောင်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့ အမှန်တကယ် ချစ်မိနေကြောင်း ပြောနိုင်သည်။

သူမသား၏အကြည့်တွေက သူမခင်ပွန်း သူမကို ကြည့်သည့်အကြည့်တွေနှင့် တူသည်။

ထိုသို့တွေးပြီးနောက် ဖုန်းယောင်ချင်က အပေါ်ထပ်ကို လှမ်းကြည့်ကာ မျက်လုံးထဲ အပြုံးရိပ် ထင်သွားခဲ့လေသည်။

သူမက သက်ပြင်းရှိုက်ထုတ်လိုက်လေသည်။

ကံကောင်းလို့ ထိုအရူးလေး ချီရှောင်ပိုင်ကို သူမ တားနိုင်ခဲ့သည်။

ချီမော့နှင့် ရှန်းမူမူက အလွန်ချစ်နေကြသည်။

သူတို့က ချီရှောင်ပိုင်အတွက် မောင်လေး၊ ညီမလေးတွေ လုပ်ပေးနေတာ ဖြစ်နိုင်သည်။

မည်သို့ဖြင့် ချီရှောင်ပိုင်ကို သွားနှောက်ယှက်ဖို့ ခွင့်ပြုရမည်နည်း။

အား ကလေးက ကလေးပါပဲ။

ဘာမှကို နားမလည်ကြဘူး။

နောက်တစ်နေ့ ဖြစ်သည်။

ထိုအမျိုးသမီးက အရင်ဆုံး လာလည်မည်ဟု ရှန်းမူမူ မထင်ခဲ့ပေ။

မနေ့က သူမ ကယ်ခဲ့သည့် အမျိုးသမီးက ယခု သူမအိမ်၏ ဧည့်ခန်းရှိ ဆိုဖာတွင် ထိုင်နေပြီဖြစ်သည်။ သူမလက်တွေကို မသက်မသာဖြင့် ဒူးပေါ်တင်ထားသည်။ သူမ မျက်လုံးတွေက သက်ဝင်ခြင်း မရှိသော်လည်း သူမက စိတ်အေးအောင် အကောင်းဆုံး ကြိုးစားနေသည်။

ရှန်းမူမူက အရင်ဆုံးပြုံးကာ စကားပြောလိုက်သည်။ “နာမည် ဘယ်လိုခေါ်လဲ။”

တစ်ဖက်လူက နှုတ်ခမ်းကိုက်ပြီးမှ ဖြည်းညင်းစွာ ပြန်ဖြေခဲ့သည်။ “ကျွန်မက အဆောက်အဦး ၂၁ရဲ့ ပိုင်ရှင်ပါ၊ ရှန်းလန်လို့ပဲခေါ်ပါ။”

ရှန်းမူမူက ပြုံးခဲ့သည်။ “ကောင်းပါပြီ၊ ကျွန်မက ရှန်းမူမူပါ။”

“မနေ့က ကျွန်မနဲ့ ကြောင်လေးကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။” ရှန်းလန်၏ မျက်နှာဖြူဖြူထက်တွင် အပြုံးရေးရေးလေး ပေါ်လာပြီး သူမက စကားပြောသည့်လူကို ကြည့်မနေပေ။ “တကယ် ကျေးဇူးတင်ပါတယ်။”

“ရပါတယ်။” ရှန်းမူမူက ပြုံးပြီးနောက် အကူမိန်းကလေးတွေကို ကော်ဖီနှစ်ခွက် ယူလာခိုင်းခဲ့သည်။ “ရှင်က အဲ့ကြောင်လေးတွေကို မကြာခဏ အစာကျွေးနေတဲ့လူလား။”

ရှန်းလန်က ခေါင်းငြိမ့်ပြသော်လည်း အကြည့်လွှဲနေဆဲဖြစ်သည်။ “ဟုတ်တယ်၊ သူတို့ကို အစာကျွေးနေကြပါ၊ မနေ့က အစာသွားကျွေးတော့ ကြောင်အမေ ပျောက်နေတာကို သတိထားမိခဲ့တယ်၊ ပြီးတော့ ကြောင်ကလေးတစ်ကောင်က ငါးဖမ်းရင်း ရေထဲကျသွားတာကိုတွေ့ပြီး ကျွန်မပါ ရေထဲကျသွားတာ။”

ရှန်းမူမူက နားလည်သွားခဲ့သည်။

ယခင်တစ်ခေါက် ရှန်းလန်ကို တွေ့စဉ်က သူမက အိတ်တစ်လုံးဖြင့် ရေကန်လမ်းကြားထဲ ဝင်သွားသည်မှာလည်း မဆန်းတော့ပေ။ သူမက ကြောင်လေးတွေကို အစာသွားကျွေးခြင်း ဖြစ်သည်။

မကြာခင်က groupထဲက အမျိုးသမီးတစ်ဦးက ဗီလာဝန်းရှိ အလေအလွင့်ကြောင်တွေကို မောင်းထုတ်ရန် မန်နေဂျာကို ပြောခဲ့သည်။

ထို့ကြောင့် ကြောင်အမေက မောင်းထုတ်ခံရကာ ကြောင်ကလေးတွေက ဗိုက်ဆာသဖြင့် ကေထဲပြုတ်ကျခြင်း ဖြစ်မည်။

ရှန်းမူမူက ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ရှန်းလန်က ကြောင်လေးတွေကို မောင်းထုတ်မည့်အကြောင်းကို သိပုံမရတာကြောင့် သူမက group chat ထဲ ပါဝင်သူ မဖြစ်နိုင်ပေ။

သူမ ထိုသို့တွေးနေစဉ်မှာပင် အိမ်အကူက ကော်ဖီယူလာခဲ့သည်။

ကော်ဖီခွက်နှင့် စားပွဲထိသံ ခပ်အုပ်အုပ် ထွက်လာခဲ့သည်။

ရှန်းလန်က အချိန်ခဏလောက် မျက်လုံးပြူးသွားပြီး မျက်မှောင်ကြုတ်ပြီးမှ ပြန်တည်ငြိမ်သွားခဲ့သည်။

သူမ အမူအရာကိုမြင်တော့ ရှန်းမူမူက ထူးဆန်းသလို ခံစာလိုက်ရကာ နက်နက်နဲနဲ တွေးလိုက်သည်။

ဧည့်ခန်းက တိတ်ဆိတ်နေသည်။

ရှန်းလန်က မသက်မသာမှုကို ဖုံးကွယ်ရန် ကော်ဖီတစ်ငုံ ယူသောက်လိုက်ပြီး ခွက်ကို ပြန်ချလိုက်သည်။

သူမရဲ့အမူအရာကိုမြင်ပြီး ရှန်းမူမူက သဲလွန်စတချို့ကို တွေ့လိုက်သည်။ သူမက ခေါ်‌လိုက်သည်။ “ရှန်းလန်။”

ရှန်းလန်က မျက်မှောင်ကြုတ်ပြီးနောက် စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။

“ကျွန်မထင်တာ မမှားရင် ရှင်က လူစုလူဝေးတွေနဲ့ နေရတာကို ကြောက်တတ်တာလား။”

ထိုစကားကြားတော့ ရှန်းလန်က ထိတ်လန့်စွာ မျက်လုံးပြူးသွားပြီးနောက် နောက်ဆုံးတွင် ရှန်းမူမူနှင့် အကြည့်ချင်း ဆုံခဲ့လေသည်။

“အမ်၊ သိသာ‌နေတာလား။”

သူမက ကြိုးစားကာ တက်ကြွဖော်ရွေစွာ နေနေသည်။

သူမက မည်သို့ဖြင့် ထိုးဖောက်မြင်နေသနည်း။

***

All Chapters