ယောက္ခမနှင့်အတူတူ ဘားသွားခြင်း
Vol. 7 Ch. 91
ဖုန်းယောင်ချင်၏ ကမ္ဘာတွင် တံခါးအသစ်တစ်ချပ် ပွင့်သွားခဲ့သည်။
သူမက မိုးရွာရွာ၊ နေပူပူ အဖွဲ့လိုက်ကသည့်နေရာသို့ သွားခဲ့သည်။
သူမကို အဖော်ပြုပေးဖို့ ရှန်းမူမူနှင့် ချောင်လီတို့ကို မလိုတော့ဘဲ သူမက အကအဖွဲ့တွင် မိတ်ဆွေများရနေပြီဖြစ်သည်။
သူမက အဖွဲ့ထဲတွင် အလှဆုံးအမျိုးသမီး ဖြစ်လာခဲ့သည်။
ညနေတိုင်း ယာဉ်မောင်းသမားက သူမကို ကသည့်နေရာသို့ ပို့ပေးသည်။
အကပြီးသွားပါက ပုံမှန်အလုပ်ကဲ့သို့ပင် ယာဉ်မောင်းသမားက ပြန်လာကြိုသည်။
တစ်နေ့ပြီးတစ်နေ့ ဖုန်းယောင်ချင်က ပိုပျော်ရွှင်လာကာ သူမ မျက်နှာထက်တွင် အပြုံးကို မြင်နေရသည်။
တစ်နေ့တွင် ဖုန်းယောင်ချင်က ပုံမှန်လို မပြန်သေးသည်ကို ရှန်းမူမူ သတိထားမိခဲ့သည်။ သူမက ဆိုဖာခုံကို မှီကာထိုင်နေသည်။
“အမေ ဒီနေ့ သွားမကဘူးလား။”
ရှန်းမူမူက သိချင်စွာ မေးလိုက်သည်။
ဖုန်းယောင်ချင်က မပျော်ရွှင်သော အမူအရာဖြင့် ဖုန်းယမ်းပြလိုက်သည်။ “သီချင်းအသံလာတဲ့စနစ်က ပျက်နေတယ်လို့ အဖွဲ့က ကြေငြာထားတယ်၊ အဲဒါ ပြင်ရမယ်လို့ သီချင်းအတွက် တာဝန်ယူထားတဲ့ အစ်မဖန်းက ပြောတယ်၊ ဒါကြောင့် ဒီနေ့ လူတိုင်း နားရတာ။”
ရှန်းမူမူက ပြောလိုက်သည်။ “ဒါဆို အမေ ဒီနေ့ အေးအေးဆေးဆေး နားရတာပေါ့။”
ဖုန်းယောင်ချင်က ရုတ်တရက် ကျောမတ်လိုက်ပြီး ရှန်းမူမူကို ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဟုတ်သားပဲ မူမူ၊ ရှီချန်ဒေသလမ်းမှာ ညဆိုရင် လူငယ်တွေ အများကြီး ကနေတာ ရှိတယ်လို့ ရှောင်ရယ်နဲ့ လောင်ကျောက် ပြောတာကြားတယ်၊ အဲဒါ နင်သိလား။”
သူမ ယောက္ခမက အကအဖွဲ့ထဲ ဝင်ပြီးကတည်းက ထိုသို့ မရင်းနှီးသည့် နာမည်များဖြစ်သည့် ရှောင်ရယ်တို့ လောင်ကျောက်တို့ နာမည်များကို ကြားရလေ့ရှိသည်။ သူတို့က အဖွဲ့ထဲတွင် တက်တက်ကြွကြွရှိသူများဖြစ်နိုင်သည်။
ရှီချန်ဒေသက လမ်းအကြောင်းကိုတော့ ရှန်းမူမူ ကြားဖူးပြီးသားဖြစ်သည်။
မြို့ထဲရှိ နာမည်ကြီးသည့် ဘားတစ်ခုဖြစ်သည်။
ရှန်းမူမူက ပြောလိုက်သည်။ “အမေ အဲဒါက အဖွဲ့လိုက်ကတဲ့နေရာ မဟုတ်ဘူး။”
ဖုန်းယောင်ချင်က ပြောလိုက်သည်။ “သိပါတယ်၊ သူတို့ အဓိက လုပ်တာက ဒစ်စကိုလေ၊ ပြီးတော့ live သီဆိုကြတာမလား။”
ရှန်းမူမူက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ “အင်း၊ အဲလိုပဲပေါ့။”
ဖုန်းယောင်ချင်က လက်သီးဆုပ်ကို အားပါးတရပွတ်ပြီး ခါးမတ်လိုက်သည်။
“သွားရအောင်၊ ငါရဲ့ အမြင်တွေကို ချဲ့ထွင်ရမယ်၊ မနက်ဖြန် ရှောင်ရယ်နဲ့ လောင်ကျောက်ကိုတွေ့ရင် ငါလည်း အဲကို ရောက်ဖူးကြောင်း ပြောရမယ်။”
သူမရဲ့ စိတ်အားထက်သန်မှုကိုမြင်တော့ ဖုန်းယောင်ချင်က မည်သို့ ဖျောင်းဖျတားမြစ်ရမည်ကို မသိတော့ပေ။
ထို့နောက် အဘယ်ကြောင့် တားမြစ်ရမည်နည်းဟု ပြန်တွေးမိခဲ့လေသည်။ ဘားအဝင်ပေါက်တွင် အသက်၅၀ကျော်လျှင် မဝင်ရဟု တားမြစ်ထားခြင်း မရှိပေ။
အဲကိုသွားလို့ ဘာအန္တရာယ်မှ မဖြစ်ဘူး။
ရှန်းမူမူက သူမ၏ ပိုက်ဆံအိတ်ကို ကောက်ကိုင်ကာ ပြောလိုက်သည်။ “သွားမယ်၊ ဒါပေမယ့် ည ၁၁ နာရီ မထိုးခင် ပြန်ရမယ်နော်၊ နောက်ကျအောင်နေလို့ မရဘူး။”
“အေးပါ၊ အေးပါ။” ဖုန်းယောင်ချင်က ရယ်လိုက်ကာ သူမ၏ မျက်လုံးထောင့်စွန်းများ တွန့်ကွေးသွားသည့်အထိ ပျော်ရွှင်သွားလေသည်။
လူကြီးနှင့် လူငယ်ကြာက ဆက်ဆံရေးက မကြာခဏ ပြောင်းပြန်ဖြစ်တတ်သည်။
ဖုန်းယောင်ချင်က မိဘနောက်ကို လိုက်ရသည့် သမီးလေးလို ပျော်ရွှင်နေပုံရကာ ရယ်ချင်စဖွယ်ဖြစ်နေသည်။
တံခါးကိုရောက်သည့်အခါ ဖုန်းယောင်ချင်၏ အမူအရာက ရုတ်တရက် ပြောင်းသွားခဲ့သည်။
“နေဦး၊ ရပ်လိုက်။”
“ဟမ်။”
ရှန်းမူမူက ဘာဖြစ်တာလဲဟု မေးမည့်အချိန်မှာပင် ဖုန်းယောင်ချင်က သူမ အဝတ်အစားများကို ပြန်ကြည့်လေသည်။
“ငါ အပြင်မသွားခင် ဒီထက်ကောင်းတဲ့အဝတ်လဲသင့်တယ်ထင်တယ်။”
“အဟားဟား။” ရှန်းမူမူက အသံထွက်ကာ ရယ်လိုက်သည်။
တကယ်ကိုပင် အသက်အရွယ်မျိုးစုံက အမျိုးသမီးများက အလှကို နှစ်သက်ကြသည်။
၁၅ မိနစ် ကြာပြီးသည့်နောက်တွင် ဖုန်းယောင်ချင်က အဝတ်အစားအသစ်နှင့်ထွက်လာကာ ကားပေါ် ပျော်ရွှင်စွာ တက်ခဲ့သည်။
ကားက ရှီချန်လမ်းရှိဘားရှေ့တွင် ရပ်ခဲ့သည်။
ကားရပ်လိုက်သည့်အခါ ဖုန်းယောင်ချင်က သူမရှေ့က မြင်ကွင်းကြောင့် အံ့ဩသွားခဲ့သည်။
အသက်အရွယ်ကွာဟခြင်းက အဆင်ပြေခြင်းမရှိဘူးဟု သူမ ခံစားလိုက်ရသည်။
သူမ မြင်တွေ့နေသည့် အမျိုးသား၊ အမျိုးသမီးများက အရောင်အသွေး အစုံ၊ ပုံစံ အစုံကို ဝတ်ဆင်ထားကြသည်။
ဖုန်းယောင်ချင်က လှောင်ပြောင်လိုက်သည်။ “သူတို့ကနေတာက ဟိုဟိုဒီဒီ လှုပ်ယမ်းနေတာပဲ ရှိတယ်။”
ကားကထွက်ပြီးနောက် သူမ ယောက္ခမ၏ တုံ့ဆိုင်းနေသည့် အမူအရာကိုမြင်တော့ ရှန်းမူမူက ပြုံးကာ ပြောလိုက်သည်။ “ဒါဆို အနားက ပန်းခြံကိုပဲ သွားကြမလား။”
သူမက တခြားနယ်မြေက အကအဖွဲ့ထံ သွားလို့ရနိုင်သည်။
ဖုန်းယောင်ချင်က လက်ခါပြလိုက်သည်။ “မလိုဘူး၊ ဒီရောက်လာမှတော့ ဘာပဲဖြစ်ဖြစ် ရောက်အောင် သွားရမှာပဲ။”
သူမက သူမရဲ့ အသိုင်းအဝိုင်း၊ အမြင်တွေကို ချဲ့ထွင်ချင်တာကြောင့် နောက်ဆုတ်စရာ အကြောင်း မရှိပေ။
ရှန်းမူမူက အံ့အားသင့်သွားခဲ့သည်။ “ကောင်းပြီ။”
သီချင်းသံ အကျယ်ကြီးများက သူမ ယောက္ခမ၏ နားကို ထိခိုက်မည်စိုးသဖြင့် ရှန်းမူမူက အပြင်မှာ ထိုင်ဖို့ ရွေးခဲ့သည်။
အထဲဝင်ပြီးသည်နှင့် ဖုန်းယောင်ချင်က ရောင်စုံမီးများကြောင့် အံ့ဩသွားခဲ့သည်။ စင်ပေါ်တွင် အဖွဲ့တစ်ဖွဲ့က ဖျော်ဖြေနေသည်။
သူတို့က အင်္ဂလိပ်သီချင်း သီဆိုနေကာ အသံသိပ်မဆူသဖြင့် နားမဆူပေ။
နှစ်ယောက်လုံး ထိုင်ပြီးသည့်နောက်တွင် ရှန်းမူမူက စားပွဲထိုးကို ခေါ်လိုက်သည်။
ချွေးမနှင့်ယောက္ခမကို မြင်ပြီးသည့်နောက်တွင် စားပွဲထိုး၏ မျက်အိမ်က အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
ဘယ်လိုတောင် ထူးဆန်းတဲ့ ပေါင်းစပ်မှုလဲ။
သမီးက အမေကို ဘားခေါ်လာတာလား။
စားပွဲထိုးလေးက ဟန်မပျက်အောင် ထိန်းထားသော်လည်း သံသယဝင်နေသည်။
“မင်္ဂလာညနေခင်းပါ၊ ဘာများ သုံးဆောင်မလဲခင်ဗျာ။”
ဖုန်းယောင်ချင်က သူ့ကိုကြည့်ကာ သာမာန်ကာလျှံကာ ပြောလိုက်လေသည်။ “မိုးဦးရှေ့က လုံကျင်းလက်ဖက်ရည်ပေးပါ။”
စားပွဲထိုးလေး။ “...”
ရှန်းမူမူ။ “...”
စားပွဲထိုးလေးနှင့် ရှန်းမူမူက ဆွံ့အသွားခဲ့သည်။
ရှန်းမူမူက ဖုန်းယောင်ချင်နားကပ်ကာ ပြောခဲ့သည်။ “အမေ ဒါက ဘားလေ၊ ဘယ်လိုလုပ် အဲလို လက်ဖက်ရည်ကောင်း ရှိမှာလဲ၊ အဲ့အစား လိမ္မော်ဖျော်ရည် မှာပေးရမလား။”
ဖုန်းယောင်ချင်က မျက်မှောင်ကြုတ်ကာ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ဘယ်လိုကြီးလဲ မိုးဦးရှေ့က လုံကျင်း လက်ဖက်ရည်တောင် မရှိဘူးလား။
အနည်းဆုံးတော့ ပြောင်းဖျော်ရည်တို့ သကြားလုံးပျော့ဖျော်ရည်တို့ရော ရှိလား။
ရှန်းမူမူ။ “...”
သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများ သဘောကျသည့် ဖျော်ရည်များ ယခုနေရာ၌ မရှိကြောင်းကို သူမ ယောက္ခမကို မည်သို့ရှင်းပြရမည်ကို ရှန်းမူမူ မသိတော့ပေ။
သူမက ခဏလောက်တွေးပြီးနောက် ပြုံးကာ အကြံပြုပြောလိုက်သည်။
“အမေ ဖရဲသီးဖျော်ရည် မှာပေးရမလား၊ ဒါဆို အမေ့ဝတ်စုံနဲ့ လိုက်မယ်ထင်တယ်။”
သူတို့စကားအား နားထောင်ရင်း စားပွဲထိုးလေးက အံ့ဩသွားခဲ့သည်။
သောက်စရာကို အဝတ်အစားပေါ် မူတည်ပြီး ရွေးချယ်တာလား။ ဒါက ဘယ်လိုအတွေးအခေါ်လဲ။
သူ ရှည်ရှည်ဝေးဝေး ဆက်မတွေးရသေးခင်မှာပဲ အသံကြားလိုက်ရလေသည်။
“အကြံကောင်းပဲ၊ ဖရဲသီးဖျော်ရည်ယူမယ်။”
ရှန်းမူမူ မျှော်လင့်ထားသည့်အတိုင်း အမျိုးသမီးဖြစ်သည့် ဖုန်းယောင်ချင်က ချက်ချင်း နားလည်ခဲ့သည်။
လက်ကိုင်အိတ်နှင့် ဆံပင်စည်းကြိုးကို အရောင်တူရွေးသကဲ့သို့ ဖြစ်သည်။
မည်သည့်အသက်အရွယ်မဆို အမျိုးသမီးများအားလုံးတွင် ဘုံတူညီချက် ရှိသည်။
ရှန်းမူမူက သူမအတွက် လက်ဖက်ရည်နှင့် စားစရာ တချို့မှာယူခဲ့သည်။
ဘားကို ပထမဆုံးရောက်ဖူးသည့် ဖုန်းယောင်ချင်က သိက္ခာကိုထိန်းကာ ပတ်ပတ်လည်ကို စပ်စုနေသည်။
ကသည့်နေရာတွင် အမျိုးသား၊ အမျိုးသမီးများ ကနေသည်။
ဖုန်းယောင်ချင်က ခနဲ့လိုက်သည်။ “သူတို့တွေက ဟိုဟိုဒီဒီ လျှောက်ကနေတာပဲ။”
ရှန်းမူမူက အာလူးကြော်ကိုစားရင်း ပြောလိုက်သည်။ “ဟုတ်တယ်။”
ဖုန်းယောင်ချင်က စင်အကြီးကြီးကိုကြည့်ကာ ပြောလိုက်သည်။ “သံစဉ်ကလည်း မကောင်းဘူး၊ ဆူညံလွန်းတယ်၊ ငါတောင် တုန်သွားတယ်။”
ရှန်းမူမူက ထောက်ခံလိုက်သည်။ “မှန်ပါ့။”
ဖုန်းယောင်ချင်က မျက်လုံးထောင့်မှ လူငယ်စုံတွဲ နမ်းနေသည်ကို တွေ့လိုက်သည်။ “ဒီနေ့ခေတ် လူငယ်တွေက နေ့တိုင်း ဒီလိုလျှောက်သွားနေတော့ ဘယ်လို သင်ယူတော့မှာလဲ၊ ရည်းစားလိုချင်ရင် ဖူးစာဖက်ရှာပေးတဲ့နေရာကိုသွား၊ ဘားမှာတွေ့တဲ့လူက ဘယ်လိုယုံလို့ရမှာလဲ။”
ရှန်းမူမူက ရင်းနှီးသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်တာကြောင့် ယခုတစ်ခေါက်တွင် ဝင်မထောက်ခံမိခဲ့ပေ။
သူမဘေးက ဖုန်းယောင်ချင်က ဆက်လက်ပြောဆိုနေခဲ့သည်။ “ဟိုက လီလီအရွယ်လောက်ရှိတဲ့ ၂၂၊ ၂၃ လောက် ရှိသေးတဲ့ မိန်းကလေးတွေက ဘာတွေ ဝတ်ထားတာလဲ၊ ဟိုတစ်ယောက်ဆို ဆံပင်တောင် ပန်းရောင်နဲ့၊ ငါတို့လီလီက အကောင်းဆုံးပဲ၊ နူးညံ့သိမ်မွေ့တယ်၊ မိန်းကလေးဆိုတာ သိုသိုသိပ်သိပ် နေထိုင်ရမှာ၊ မဟုတ်ဘူးလား မူမူ။”
“ဟဲ့ မူမူ။”
ရှန်းမူမူရဲ့ ပြန်ဖြေသံကို မကြားတော့ ဖုန်းယောင်ချင်က သူမကို လှည့်ကြည့်လိုက်သည်။
ရှန်းမူမူက မျက်မှောင်ကြုတ်ကာ စင်ပေါ်ကို ရှုပ်ထွေးစွာ ကြည့်နေသည်။
စင်ပေါ်တွင် အဖွဲ့တစ်ဖွဲ့က ဂီတပစ္စည်းများ တပ်ဆင်နေကာ ထိုအဖွဲ့က rock bandတစ်ခု ဖြစ်ပုံရသည်။
ခေါင်းဆောင် အဆိုတော်က အမျိုးသမီးငယ်တစ်ဦးဖြစ်ကာ ဆံပင်က မီးခိုးရောင် ဖြစ်သည်။
အင်္ကျီခါးတိုနှင့် စကပ်အတိုကို ဝတ်ဆင်ထားကာ သူမ ပုံရိပ်က အလွန်လန်းနေသည်။
သူမက ပြုံးပြီး ဆံပင်ကိုခါကာ ပါးစပ်ဖွင့်ကာ သီဆိုလိုက်သည်။
သူမ၏ ကြည်ရှင်းကာ ထူးခြားသည့်အသံက စပီကာထဲမှာ ထွက်လာသည်။
သူမက မိုက်စင်ကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ မိုက်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ဒရမ်သမားဖြင့် အကြည့်ချင်း ဖလှယ်နေသည်။
ဒရမ်သံနှင့် လျှပ်စစ်ဂီတာသံများ ထွက်လာခဲ့သည်။
စင်အောက်က လူငယ်များက ပျော်ရွှင်စိတ်လှုပ်ရှားလာကြသည်။
အမျိုးသမီးအဆိုတော်ကို မီးရောင်များ ထိုးထားသည်။
သူမက ပရိသတ်များ၏ တုံ့ပြန်မှုကို သဘောကျနေပုံရသည်။
သူမက ဆံပင်ကိုခါကာ သီဆိုနေသည်။
ရှန်းမူမူက ထိုအမျိုးသမီးအဆိုတော်က ရင်းနှီးနေသည်ဟု ခံစားရသော်လည်း မည်သူမှန်း အတိအကျ မသိပေ။
သူမက သီးချင်းသံထဲ စီးမျောသွားကာ တွေးတောနေသည်ကိုပင် မေ့သွားခဲ့သည်။
မိုက်လိုက်တာ။
ရုတ်တရက်ပင် သူမ လက်ကောက်ဝတ်က အဆွဲခံလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ ဖုန်းယောင်ချင်က ထိတ်လန့်အံ့ဩစွာ စင်ပေါ်ကို ကြည့်နေသည်ကို တွေ့လိုက်လေသည်။
“မူမူ အဲ့စင်ပေါ်က အရောင်စုံဝတ်ဆင်ထားတဲ့အမျိုးသမီးက လီလီ မဟုတ်လား။”
***