← Chapters

အံ့ဖွယ်

Vol. 7 Ch. 92

အံ့ဖွယ်

Vol. 7 Ch. 92

ရှန်းမူမူက စင်ပေါ်ကို သေချာ စူးစိုက်ကြည့်လိုက်သည်။

သူမ၏ နူးညံ့ဖြူဖွေးသည့် မျက်နှာကို အံ့ဩစွာ တွေ့လိုက်ရလေသည်။

ဘုရားရေ။

တကယ်ကို ချောင်လီဟ။

တစ်နာရီကြာပြီးသည့်နောက် ဘားစင်နောက်တွင်ဖြစ်သည်။

ချောင်လီက သူမ၏ ဝမ်းကွဲကိုမြင်လိုက်ရသဖြင့် ဝိဉာဉ်ပင် ကွဲအက်တော့မတတ်ဖြစ်နေသည်။

စင်ပေါ်က ထောင်လွှားသည့်အသွင်က ချက်ချင်း ပျောက်သွားကာ နာခံတတ်သည့်ဟန်ဖြစ်သွားသည်။

“ဝမ်းကွဲယောက်မ ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ။” ချောင်လီက မေးလိုက်သည်။

“နင်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ။” ဖုန်းယောင်ချင်က မျက်မှောင်ကြုတ်လိုက်သည်။ “တကယ်လို့ ငါသာ မတွေ့ခဲ့ရင် ဘယ်လောက်ထိ ဖုံးကွယ်ထားဦးမှာလဲ။”

ချောင်လီက သူမ မျက်စိရှေ့တွင် ကြီးပြင်းလာသူ ဖြစ်သည်။

သူမ၏ နာခံတတ်သည့် တူမက ယခုလိုဖြစ်နေမည်ဟု မထင်မိခဲ့ပေ။

တစ်ဖက်ကဒေါသထွက်လာသည်ကိုမြင်တော့ ချောင်လီက ခေါင်းငုံ့ ပါးစပ်ပိတ်ထားကာ မည်သို့ ပြန်ဖြေရမည်ကို မသိပေ။

ဖုန်းယောင်ချင်က စင်နောက်က သွားလာနေသည့်လူတွေကို သံသယဝင်စွာကြည့်ပြီး ပြောလိုက်သည်။ “နင်ဒီက လူမိုက်ကောင်နဲ့ တွဲနေပြီး သူ့ကြောင့် အကျင့်ပျက်သွားတာလား။”

“မဟုတ်ပါဘူး၊ ကျွန်မက သီချင်းဆိုရတာကို ကြိုက်ရုံပါ။” သူမက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ကျွန်မ ဘယ်က လူရမ်းကားနဲ့မှ တွဲမနေပါဘူး။”

ဖုန်းယောင်ချင်က ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ “ဒါဆို နင်ချိန်းတွေ့ဖို့ စီစဉ်ပေးမယ်၊ မငြင်းနဲ့၊ ဒါမှ နင်ပြောတာကို ငါယုံမယ်။”

ချောင်လီက ကြက်သေသေသွားခဲ့သည်။ “...”

ယခုမှ သူမ နားလည်တော့သည်။

ဖုန်းယောင်ချင်က သူမ သီချင်းဆိုသည်ကို အံ့ဩတာ မဟုတ်ဘဲ မကောင်းသည့်လူနှင့် ဆုံတွေ့မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

“နင် သဘောမတူရင် ဒီကိစ္စကို နင့်မိဘတွေ‌ကို ပြောပြပြီး ပြန်ခေါ်သွားခိုင်းမယ်။” ဖုန်းယောင်ချင်က ခြိမ်းခြောက်ခဲ့သည်။

မိဘ ဟူသောစကားကိုကြားတော့ ချောင်လီ၏ မျက်နှာက ချက်ချင်း အရောင်ပြောင်းသွားခဲ့သည်။

ကလေးဘဝကတည်းက အရွယ်ရောက်သည်အထိ သူမ မိဘများက စည်းကမ်းတင်းကြပ်သဖြင့် သူမက မိဘတွေရှေ့တွင် သူမ၏ စရိုက်အမှန်ကို ဖုံးဖိထားခဲ့သည်။

သူမက ဖုန်းယောင်ချင်နှင့် မြို့ထဲတွင်နေသဖြင့် သူမက ပိုရင်းနှီးလာကာ ဖုန်းယောင်ချင်က ပို၍ ပွင့်လင်းမြင်သာမှုရှိသဖြင့် ပိုမို နီးကပ်ခဲ့သည်။

ဖုန်းယောင်ချင်က စည်းကမ်းတင်းကြပ်ပုံရသော်လည်း သူမက အသစ်များကို လက်ခံနိုင်သည်။

သူမက ဖုန်းယောင်ချင်ကို ချော့ရန်အတွက် ချောင်လီက သူမ၏ လက်ကို ဖက်တွယ်လိုက်သည်။ “ဘလိုင်းဒိတ်သွားပါ့မယ်၊ ကျွန်မ လမ်းမှားမရောက်ဘူးဆိုတာ သက်သေပြပါ့မယ်။”

ထိုစကားကြားမှ ဖုန်းယောင်ချင်၏ မျက်မှောင်က အနည်းငယ် ပြေလျော့သွားသည်။

ရှန်းမူမူက အရက်သောက်ထားသဖြင့် ယာဉ်မောင်းက အိမ်ပြန်လိုက်ပို့ခဲ့သည်။

ဇိမ်ခံကားထဲတွင် ဖုန်းယောင်ချင်က လက်ပိုက်ကာ ရှေ့ခန်းတွင် ထိုင်နေသည်။

လေထုက ငြိမ်သက်သွားမှ ရှန်းမူမူက ဖုန်းကိုထုတ်လိုက်သည်။

သူမ တက္ကသိုလ်တက်စဉ်က သူမက သီချင်းပွဲတိုင်းသွားခဲ့ကာ rockကိုလည်း သဘောကျသည်။

သူမ ဝမ်းကွဲက အံ့ဖွယ်ကောင်းသည့် အဆိုတော်ဖြစ်နေသည့်အခါ သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ပေ။ သို့သော် သူမက ဒေါသထွက်နေသည့် ယောက္ခမရှေ့တွင် သူမ၏ ပျော်ရွှင်မှုကို ပေါ်တင်မထုတ်ပြရဲသဖြင့် ချောင်လီကို စာပို့လိုက်သည်။

သူမ၏ အချစ်နှင့် လေးစားမှုကို ရှုထောင့်သုံးမျိုးဖြင့် ဖော်ပြခဲ့သည်။ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သင်္ချာဂဏန်းတို့ဖြင့် ဖော်ပြခဲ့သည်။

ရှန်းမူမူက ပြောလိုက်သည်။ “လီလီရေ တော်လိုက်တာ၊ စင်ပေါ်မှာ တည်ငြိမ်နေတာပဲ၊ တကယ့်ကို ကျွမ်းကျင်တဲ့ အဆိုတော်နဲ့ တူတယ်။”

ရှန်းမူမူက ပြောခဲ့သည်။ “ငါတို့က သွေးသောက်ညီအစ်ကိုတွေပဲ၊ နင်က ဟယ်ရုရွှေပဲ၊ ငါတောင် ‌နင့်လောက် မတော်ဘူး။”

ရှန်းမူမူ။ “၆၆၆၆၆”

ရှန်းမူမူ။ “အား။”

ထိုစာတွေမြင်တော့ ချောင်လီက ပြုံးလိုက်ပြီး ဖုန်းယောင်ချင် မြင်သွားမည်ကို စိုးရိမ်သဖြင့် ပါးစပ်ကို အမြန်ဖုံးအုပ်လိုက်သည်။

သူမက ရှန်းမူမူကို လှည့်ကြည့်လိုက်သည်။

ရှန်းမူမူက မျက်လုံးလေး တောက်ပနေကာ သူမကို လက်ဖြင့် အသည်းပုံလေးလုပ်ပြကာ အသည်းများ ပို့ပေးလိုက်သည်။

သူမက နှုတ်ခမ်းလှုပ်ကာ ဝေါင်းဝေါင်းဟု ပြောနေသည်။

“အဟမ်း။”

ဖုန်းယောင်ချင်က မှန်ကနေ ထိုနှစ်ယောက်၏ ဆက်သွယ်မှုကိုမြင်ကာ ချောင်းဟန့်လိုက်သည်။

ချက်ချင်းပင် ထိုနှစ်ယောက်က သတိအနေအထားဖြင့် ခါးမတ်လိုက်သည်။

သူမက အာဏာသုံးသည့်ဟန်ဖြင့် အနောက်ခန်းက နှစ်ယောက်ကို ခက်ထန်စွာ ပြောလိုက်သည်။ “လီလီ မနက်ဖြန် ဘလိုင်းဒိတ် စီစဉ်ပေးမယ်၊ အသင့်ပြင်ထား။”

“ပြီးတော့ မူမူ။”

ရှန်းမူမူက ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။

သူက ဘာလို့လဲ။

“နင့်အကြောင်းကို ငါမေ့နေတယ်လို့ မထင်နဲ့”ဟူသော အကြည့်ဖြင့် ဖုန်းယောင်ချင်က ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။ “နင်နဲ့ ချီမော့ ဘာလို့ ကလေးမယူသေးတာလဲဆိုတာကို နင်မဖြေရသေးဘူး၊ အခုတော့ ငါ သည်းမခံနိုင်တော့ဘူး၊ နင် ဒီအကြောင်းကို ရက်အနည်းငယ်လောက် တွေးပြီးရင် ငါ့ကို လာပြော။”

ရှန်းမူမူ၏ မျက်လုံးက အနည်းငယ် တုန်လှုပ်သွားသည်။

ဒီကိစ္စလား။

ငါတောင် မေ့လုနီးပါး ဖြစ်နေပြီ။

သူမကို ‌ကျောင်းအုပ်ကြီးက ရုံးခန်းခေါ်လိုက်သလို ခံစားလိုက်ရလေသည်။

ခြိမ်းခြောက်ခံလိုက်ရသည့် ခံစားချက်ရသည်။

ရှီယွီယွဲ့ဗီလာကိုပြန်သည့်လမ်းတွင်ဖြစ်သည်။

အနောက်ခန်းက နှစ်ယောက်က စကားမပြောတော့ဘဲ အခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောနေသည်။

ရှန်းမူမူက အရင်ဆုံး အဖြေရခဲ့သည်။

နောက်တစ်နေ့ ညနေခင်းတွင် ဖြစ်သည်။

ချီမော့ အလုပ်ပြီးသည်နှင့် အခန်းထဲဝင်လာသည်နှင့် ရှန်းမူမူက မေးလိုက်သည်။

“ကျွန်မတို့ ဘယ်အချိန် ကလေးယူမှာလဲလို့ အမေက မေးနေတယ်။” ရှန်းမူမူက မျက်မှောင်ကြုတ်ကာ စိုးရိမ်စွာ ဆွေးနွေးနေသည်။ “အဲ့အကြောင်းကို တွေးပြီးပြီ၊ ရှင်းပြဖို့ ခက်တယ်၊ ရှင့်မှာ ပြဿနာရှိတယ်လို့ ပြောလိုက်ရမလား၊ ဘယ်လိုလဲ။”

ထိုစကားကြားတော့ ချီမော့က မျက်မှောင်ကြုတ်ပြီး အလျင်စလို ပြောလိုက်သည်။ “ငါ့မှာ ဘာပြဿနာ ရှိနေလို့လဲ။”

ထိုသို့ တုံ့ပြန်မည်ဟု ရှန်းမူမူက မထင်မိခဲ့ပေ။ သူမက ပြုံးပြီး စိတ်ရှည်စွာ ပြောလိုက်သည်။ “တကယ်လို့ ကျွန်မမှာ ပြဿနာ ရှိတယ်ပြောရင် ကျွန်မကို ဆွဲခေါ်ပြီး ဆေးသွားစစ်မှာပေါ့၊ ရှင့်မှာ ပြဿနာရှိတယ်ပြောရင် အကျိုးအကြောင်းသင့်တယ်လေ၊ အတည်ပြုစရာ မရှိဘူးလေ။”

ချီမော့က မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးထဲတွင် အရောင်တချို့ ဖြတ်ပြေးသွားခဲ့သည်။

“သက်သေပြဖို့ မလွယ်ဘူးလေ၊ သူ့ကို လှည့်စားပြီး အချိန်ဆွဲလို့ရတာပေါ့။” ရှန်းမူမယက ဆက်လက်ပြောဆိုနေကာ ချီမော့၏ အေးစက်ခက်ထန်သည့် မျက်နှာက သူမ အနားကပ်လာသည်ကို မြင်လိုက်လေသည်။

သူရှေ့တိုးလာသည်ကိုမြင်တော့ သူမက ခြေလှမ်းများကို နောက်ပြန်ဆုတ်လိုက်သည်။

ချီမော့က ရှေ့ဆက်တိုးနေကာ သူမကျောနှင့် မှန်နံရံကပ်သွားသည်အထိ ရှေ့ဆက်တိုးခဲ့သည်။

လေထုက ရုတ်တရက် နူးညံ့သွားခဲ့သည်။

မျက်နှာတွေ အလွန်နီးကပ်နေသဖြင့် ရှန်းမူမူက အသက်ကို ဖြည်းညှင်းစွာ ရှူနေသည်။

ချီမော့က ‌ရှေ့သို့ အနည်းငယ် ကိုင်းကာ သူမကို စိုက်ကြည့်နေသည်။

အေးစက်နူးညံ့သည့် အသက်ရှူသံက သူမကို လွှမ်းခြုံနေသည်။

သူမက ခေါင်းမော့ကြည့်လိုက်တော့ ချီမော့နှင့် အကြည့်ချင်းဆုံခဲ့သည်။

ထိုလှပသည့် မျက်လုံးထဲတွင် နက်နဲကာ ဖော်ပြရန်ခက်သည့် အရိပ်များ ရှိနေသည်။

ချီမော့က တိုးလျဩရှသည့်အသံဖြင့် ပြောလိုက်သည်။ “ငါ့မှာ ပြဿနာ ရှိ မရှိကို သက်သေပြပေးနိုင်တယ်။”

***

All Chapters