မထင်မှတ်ထားတဲ့ အံ့အားသင့်ဖွယ်ရာ
Vol. 11 Ch. 131
ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ တစ်သန်း၊ ဆယ်သန်း၊ သန်းတစ်ရာ၊ သန်းတစ်ထောင်။
သေစမ်း၊ ဒါက အံ့ဖွယ်ပဲ။
အချက်အလက်ဘောက်စ်တွင် ပေါ်လာသော နံပါတ်သည် ဂဏန်း ( ၉ ) လုံး ဖြစ်သည်၊
ဟဲကျစ်ယန်သည် သူမ၏ ခြေထောက်တွေ အားနည်းသွားသလို ခံစားလိုက်ရသည်။
တစ်နေ့မှာ သူမ သန်းကြွယ်သူဌေးဖြစ်ဖို့ အခွင့်အလမ်း တကယ်ရှိနေတာပဲ…။
ခဏတာ ပျော်ရွှင်ပြီးနောက် ဟဲကျစ်ယန်သည် အချက်အလက်ဘောက်စ်ကို ပိတ်ပြီး ဆိုင်၏ သီးခြားအရောင်းအခြေအနေကို စစ်ဆေးကြည့်ချင်ခဲ့သည်။
မထင်မှတ်ဘဲ သူမ အချက်အလက်ဘောက်စ်ကို ပိတ်လိုက်ချိန်မှာပဲ နောက်ထပ်တစ်ခု ပေါ်လာခဲ့သည်။
[ ဂုဏ်ပြုပါတယ်၊ သင်ဟာ တာ့ပေါင်၏ ဘီလျံနာအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး ထီကံစမ်းနိုင်မည့် အခွင့်အရေးတစ်ခုကို သင့်အး ဆုချပါသည်။ ]
ထီလား။
ဒီတာ့ပေါင်က တကယ့်ကို ကစားလို့ ကောင်းလွန်းနေပါလား။
ဟဲကျစ်ယန် အံ့အားသင့်သွားချိန်တွင် ဒိုင်ယာလော့ခ်ဘောက်စ်က အလိုအလျောက်က ပျောက်ကွယ်သွားခဲ့သည်။
စခရင်ပေါ်တွင် ထီကံစမ်းခွင့် ဘီးကြီး တစ်ခု ပေါ်လာခဲ့သည်။
ဟဲကျစ်ယန်သည် ထီကို လုံးဝ အလေးအနက် မထားပေ။
အစိုးရ၏ လှည့်ကွက်လေးများကို မြှင့်တင်ထားသော တရားဝင် ပြုလုပ်ထားသည့် ကူပွန်များထက် မပိုပါ။
သူမသည် စခရင်အလယ်ရှိ ‘ထီ’ ခလုတ်ကို ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်။
ထီကံစမ်းသည့် ဘီးကြီးသည် လျင်မြန်စွာ လည်ပတ်နေသည်။
စက္ကန့်အနည်းငယ်အကြာတွင် လျှို့ဝှက်ဆန်းကြယ်သော အံ့အားသင့်ဖွယ်ဆုအတွက် ညွှန်ပြချက်ကို ပြုပြင်ခဲ့သည်။
ထို့နောက်တွင် အခြား ဒိုင်ယာလော့ခ်ဘောက်စ်သည် စခရင်ပေါ်တွင် ပေါ်လာခဲ့သည်။
[ လျှို့ဝှက်ဆန်းကြယ်သော အံ့အားသင့်ဖွယ်ဆုများကို အထူး၊ အဆင့်မြင့်နှင့် သာမန်အဆင့်ဟူ၍ သုံးဆင့် ခွဲခြားထားသည်။ ယခုအချိန်သည် သင့်ကံတရားကို စမ်းသပ်ရန် အချိန်ပင် ဖြစ်သည်။ ]
ဒိုင်ယာလော့ခ်ဘောက်စ်သည် အလိုအလျောက် ပျောက်ကွယ်သွားပြီး ဖန်သားပြင်ပေါ်တွင် နောက်ထပ် ကတ် ( ၃ ) ကတ် ပေါ်လာခဲ့သည်။
ဟဲကျစ်ယန်သည် ဒါနှင့် မစိမ်းပေ။
သူမသည် အလယ်ရှိ ကတ် ( ၁ ) ကတ်ကို ကျပန်းနှိပ်လိုက်သည်။
ဖန်သားပြင်သည် ရုတ်တရက် ရွှေရောင်တောက်ပလာခဲ့သည်။
[ ဂုဏ်ပြုပါတယ်၊ သင်သည် အထူးအံ့အားသင့်ဖွယ်ဆုကို ရရှိခဲ့ပြီး ကူးပြောင်းလာသူများအတွက် စိုက်ပျိုးမွေးမြူရေးခြံ တစ်ခုကို ဆုချီးမြှင့်ခြင်းခံရပါသည်။ ]
ဟဲကျစ်ယန် - ???
စိုက်ပျိုးရေးနေရာလွတ်လား။
ဒါက သူမ ထင်နေတဲ့ဟာပဲလား။
ဟဲကျစ်ယန်သည် သူမ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတောနေချိန်တွင် ဖန်သားပြင်ပေါ်မှာ သုံးဖက်မြင် ရုပ်ပုံ တစ်ခု ပေါ်လာခဲ့သည်။
အဆိုပါရုပ်ပုံမှာဆိုရင် ကောက်ပဲသီးနှံတွေ ပြည့်နှက်နေတဲ့ မြေဩဇာကောင်းတဲ့ လယ်ကွင်းတွေ၊ ကြည်လင်တဲ့ရေတွေနဲ့ ငါးကန်တွေ၊ ကျယ်ပြောလှတဲ့ စားကျက်နေရာတွေ၊ အလုပ်ရုံတွေနဲ့ ဂိုဒေါင်ကြီးတွေအပြင် အသီးအနှံတွေ အပြည့် သီးပွင့်နေတဲ့ အဝေးက တောင်ကုန်းတွေပေါ်မှ သစ်သီးပင်တွေကိုလည်း တွေ့နိုင်ပါသည်။
ဟဲကျစ်ယန်သည် ထိုကဲ့သို့သော စိုက်ပျိုးမွေးမြူရေးခြံကို ရရှိခဲ့သည်ကိုတွေးကာ မသိစိတ်အရ တံတွေးမျိုချလိုက်မိသည်။
ထိုနေရာသည် သူမအတွက် ချမ်းသာကြွယ်ဝမှုများစွာကို မည်မျှ ဖန်တီးပေးနိုင်လိမ့်မည်ကို မတွေးနှင့်ဦး၊ ၎င်းကို တန်ဖိုးထားအသုံးပြုရုံဖြင့် လူအများကို စိတ်အေးလက်အေး ပျော်ရွှင်စေနိုင်လိမ့်မည်။
ဒါတင်မကဘူး၊ စိုက်ပျိုးမွေးမြူရေးခြံ၏ အသုံးပြုပုံကလည်း အလွန်အသုံးပြုရ အဆင်ပြေသည်။
ဤတွင် စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်အတွက် စွယ်စုံရ ထိန်းချုပ်မှု ဘောင်ကွက် တစ်ခုကို တည်ဆောက်ပေးထားသည်။
ထိန်းချုပ်မှုဘောင်ကွက်ရှိ ခလုတ်ကို တစ်ချက်နှိပ်ရုံဖြင့် သီးနှံအားလုံးကို ရေလောင်းရန် ရွေးချယ်နိုင်သည်၊ သို့မဟုတ် သတ်မှတ်ထားသည့် နေရာများကို ရေလောင်းခြင်း၊ အလိုအလျောက် အစာကျွေးခြင်းနှင့် အလိုအလျောက် ရိတ်သိမ်းခြင်း ကဲ့သို့သော လုပ်ဆောင်ချက်များကို ရွေးချယ်နိုင်သည်။
တစ်နည်းဆိုရသော် စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်သည် လူအင်အားကို အသုံးပြုစရာ မလိုဘဲ သူ လုပ်လိုသမျှကို ထိန်းချုပ်မှုဘောင်ကွက်ရှိ ခလုတ်များကို နှိပ်ပြီး လုပ်ဆောင်နိုင်သည်။
ဟဲကျစ်ယန်က ဒီလိုနေရာမျိုး ရနိုင်ခဲ့သည်ကို တွေးပြီး သူမအား ကူးပြောင်းသွားစေသည့် ကူးပြောင်းခြင်းဖခင်၏ ကြင်နာမှုကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။
ဟဲကျစ်ယန်သည် စိုက်ပျိုးမွေးမြူရေးခြံ၏ ဝင်ပေါက်ကို စိတ်အားထက်သန်စွာ ရှာဖွေနေချိန်တွင် အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာ ဒိုင်ယာလော့ခ်ဘောက်စ်တစ်ခု ထွက်ပေါ်လာပြီး သူမအား ချက်ချင်း တွန်းအားပေးလာခဲ့သည်။
[ စိုက်ပျိုးမွေးမြူရေးခြံ ဖွင့်လှစ်ရန် သန်း ( ၅၀ ) ပေးဆောင်ရပါမည်။ ]
ဟဲကျစ်ယန် မတုံ့ပြန်နိုင်ခင် ဒိုင်ယာလော့ခ်ဘောက်စ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လုပ်ဆောင်ပါ သို့မဟုတ် မလုပ်ဆောင်ပါ ဟူသော ရွေးချယ်စရာ ( ၂ ) ခုသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
ဟဲကျစ်ယန်သည် ထိုကဲ့သို့သော နေရာတစ်ခုကို ရရှိနိုင်မည်ဆိုလျှင် သဘာဝကျစွာပင် ဒါကို ငြင်းလိမ့်မည် မဟုတ်ပါ။
သန်း ( ၅၀ ) ဟူသော ပမာဏသည် ဟဲကျစ်ယန်အတွက် အနည်းငယ် ရင်နာစေသော်လည်း သူမ၏ နှလုံးသားထဲတွင် အလကားရရှိသော ညစာဟူ၍ မရှိ ဆိုသည့် သဘောတရားကို သိရှိပေသည်။
ဟဲကျစ်ယန်သည် ‘လုပ်ဆောင်ပါ’ ကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမ၏ ပိုင်ဆိုင်မှုထဲမှ သန်း ( ၅၀ ) ဆိုသည့် ပမာဏဟာ လျော့ကျသွားခဲ့သည်။
စိုက်ပျိုးမွေးမြူရေးခြံ ဘယ်မှာပေါ်လာမလဲဆိုတာကို သူမ တွေးနေချိန်မှာပဲ ပိတ်ထားတဲ့ ဆေးခန်းတံခါးက ရုတ်တရက် ပွင့်သွားခဲ့သည်။
သူမရှေ့က မြင်ကွင်းကြောင့် ဟဲကျစ်ယန်သည် ချက်ချင်းဆိုသလို ဒေါသထွက်သွားခဲ့သည်။
ဆေးခန်းအပြင်ဘက်ရှိ ကားပါကင်နေရာလေး ပျောက်ကွယ်သွားပြီး သူမ၏ မျက်လုံးရှေ့တွင် မြုံနေတဲ့ မြေကွက်လပ် တစ်ခုနှင့် အဝေးက တောင်တန်းတွေချည်းကိုသာ မြင်တွေ့လိုက်ရသည်။
ဟဲကျစ်ယန်သည် လှည့်စားခံလိုက်ရသလို ခံစားရသည်။
မွေးမြူရေးခြံ၊ ငါးကန်၊ ဂိုဒေါင်များ၊ မြေဩဇာကောင်းသော လယ်ကွင်းများ၊ ဥယျာဉ်ခြံများ လုံးဝ မရှိခဲ့ပါ။ သူမကို အနည်းငယ် အစစ်အမှန်ဟု ခံစားစေရသည့် တစ်ခုတည်းသော အရာမှာ သူမ အပြင်ထွက်ပြီး ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ပုံထဲက ထိန်းချုပ်မှုဘောင်ကွက်နှင့် ဆင်တူသည့် စားပွဲ တစ်လုံး ရှိနေခြင်းပင် ဖြစ်သည်။
သူမ လှည့်စားခံရရင်တောင်မှ သန်း ( ၅၀ ) အကုန်အကျခံပြီးပြီဆိုတော့ ဟဲကျစ်ယန်က ဒါကို ဖြေရှင်းရပေမည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် ထိန်းချုပ်မှုဘောင်ကွက်ရှိရာ စားပွဲသို့ အမြန်သွားခဲ့သည်။
သူမ၏ အတွေ့အကြုံကို အခြေခံပြီး အဖွင့်ခလုတ်တစ်ခုနှင့်တူသော ခလုတ်တစ်ခုကို ပြတ်ပြတ်သားသား နှိပ်ချလိုက်သည်။
ဆယ်စက္ကန့်အကြာတွင် ထိန်းချုပ်မှုဘောင်ကွက်၏ မျက်နှာပြင်သည် လင်းလာခဲ့သည်။
[ စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်ကို ကြိုဆိုပါတယ်။ ကျွန်တော်က အိမ်ထိန်းအမှတ် ၀၀၈ ပါ။ နောင်တွင် သခင့်အား စိတ်ရင်းမှန်ဖြင့် ဝန်ဆောင်မှုပေးသွားပါ့မယ်။ ]
ဟဲကျစ်ယန်သည် သူမ၏ အသိစိတ်ဖြင့် ဖန်သားပြင်ကို ထိန်းချုပ်ကာ စာမျက်နှာကို အောက်သို့ ဆွဲချဖတ်ရှုခဲ့သည်။
[ လက်ရှိတွင် နေရာလွတ်က ၎င်း၏ မူလအခြေအနေတွင်ရှိပြီး ပိုင်ရှင် စိတ်ကြိုက်ရွေးချယ်ပြီး ဂရုတစိုက် ကိုင်တွယ်ပေးဖို့ လိုအပ်ပါတယ်။ ]
[ ခွင့်ပြုပါ၊ မြေယာ ဖွင့်လှစ်ချင်ပါသလား။ ]
ဟဲကျစ်ယန်က ဖွင့်လှစ်ချင်တယ်ကို ရွေးချယ်လိုက်သည်။
နောက်ထပ် ဒိုင်ယာလော့ခ်ဘောက်စ်တစ်ခု ပေါ်လာပြန်သည်။
[ မြေယာသည် မူလအခြေအနေတွင် ရှိနေပြီး မြေဩဇာကောင်းသော စိုက်ပျိုးမြေအဖြစ် ပြောင်းလဲလိုပါက မြေတစ်ဧကလျှင် ယွမ် ၁၀၀ ကျသင့်ပါတယ်။ သခင် မြေဩဇာကောင်းသော စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲချင်ပါသလား။ ]
ပိုက်ဆံ ထပ်လိုပြန်တာလား။
ဟဲကျစ်ယန်သည် တကယ်ကို မူးဝေနေလေပြီ။
သူမသည် အမြဲလိုလို လှည့်စားခံနေရသည်ဟု ခံစားနေရပြီး ဤလယ်မြေတွင် ရင်းနှီးမြှုပ်နှံမှုများ အနာဂတ်တွင် တိုးမြှင့်လာနိုင်သည်။
သူမ တုံ့ဆိုင်းနေချိန်တွင်၊ ထိန်းချုပ်မှုဘောင်ကွက်ပေါ်မှာ ဒိုင်ယာလော့ခ်ဘောက်စ်တစ်ခု ထပ်မံ ပေါ်လာခဲ့သည်။
[ သခင်၊ စိုက်ပျိုးမြေက သူ့မူလအခြေအနေမှာ ရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှုအချို့ လိုအပ်တယ်။ မြေဩဇာကောင်းသော စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပြီးသည်နှင့် သခင့်အတွက် ပိုမိုမြင့်မားတဲ့ အကျိုးအမြတ်တွေကို ရရှိစေလိမ့်မယ်။ မြေဩဇာကောင်းသော စိုက်ပျိုးမြေအဖြစ် ပြောင်းလဲဖို့ ရွေးချယ်ချင်ပါသလား။ ]
ဟဲကျစ်ယန်သည် အနည်းငယ် ဒေါသထွက်နေသော်လည်း သူမ စမ်းကြည့်ချင်သေးသည်။
သူမသည် လုပ်ဆောင်မည်ကိုရွေးချယ်ခဲ့ပြီး မြေဩဇာကောင်းမွန်သော စိုက်ပျိုးမြေအဖြစ် ပြောင်းလဲဖို့ကို သူမ လှည့်စားခံရမှာ ဟုတ် မဟုတ်ကို စောင့်ကြည့်ရန် အရင်ဆုံး မြေတစ်ဧကကိုသာ ပြောင်းလဲဖို့ ရွေးချယ်ခဲ့သည်။
အခကြေးငွေကို သူမ၏ ဘဏ်အကောင့်မှ တိုက်ရိုက်နုတ်ယူသွားပြီး ထိန်းချုပ်မှုဘောင်ကွက်သည် ချက်ချင်း စတင်အလုပ်လုပ်ခဲ့သည်။
ထိန်းချုပ်မှုဘောင်ကွက်စားပွဲနှင့် မီတာ ( ၅၀ ) အကွာက မြေကွက် တစ်ကွက်ပေါ်တွင် မရေမတွက်နိုင်တဲ့ သင်းခွေချပ်များက မြေများကို အပြန်ပြန် အလှန်လှန် ထယ်ထိုးနေတာကို လှမ်းမြင်လိုက်ရပြီး မျက်စိတစ်မှတ်အတွင်းမှာပဲ မြေတစ်ဧကလုံး တူးဖော်ပြီးသွားခဲ့သည်။
မြေယာပြန်လည်ပြုပြင်ခြင်းလုပ်ငန်းစဉ်ကို သူမ၏ မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ပြီးနောက် ဟဲကျစ်ယန်သည် သူမ လှည့်စားမခံရကြောင်းကို အတည်ပြုနိုင်ခဲ့သည်။
နောက်ပိုင်း မျိုးဆက်တွေမှာတောင် လယ်တစ်ဧက ထွန်ယက်စိုက်ပျိုးဖို့ လုပ်သားငှားရမ်းခက ဒီထက်ပိုပြီး ကုန်ကျနိုင်သည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် ကျန်မြေ ( ၄၉ ) ဧကကို ထွန်ယက်စိုက်ပျိုးဖို့ ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။
တစ်ပြိုက်နက်တည်း ဆောင်ရွက်မှုကြောင့် ကျန်မြေ ( ၄၉ ) ဧကကို ထွန်ယက်သည့်အချိန်မှာလည်း ပထမ တစ်ဧကကို ထွန်ယက်သည့်အချိန်နှင့်အတူတူပင် ဖြစ်သည်။
ဒါတင်မကသေးဘူး၊ လယ်မြေတစ်ဧကစီရဲ့ ကပ်လျက်နေရာတွေကို အရမ်းမနက်တဲ့ ကတုတ်ကျင်းတစ်ခုနှင့် ခြားထားပေးတာမို့ ကြည့်လိုက်တာနဲ့ အရမ်းသပ်ရပ်ပုံရသည်။
နေရာလွတ်အတွင်းရှိ မြေအားလုံးကို ပြုပြင်ပြီးနောက် ထိန်းချုပ်မှုဘောင်ကွက်ရှိ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော သီးနှံအမျိုးအစားများကို ရွေးချယ်နိုင်ရန် ပေါ်လာခဲ့သည်။
မိသားစု၏ အနာဂတ် စားနပ်ရိက္ခာကို ထည့်သွင်းစဉ်းစားကာ ဟဲကျစ်ယန်သည် စပါး၊ ဂျုံနှင့် ပြောင်းကဲ့သို့သော အဓိကကောက်နှံပင်များကို စိုက်ပျိုးရန် လယ်မြေ တစ်ဝက်ကို အသုံးပြုဖို့ ရွေးချယ်ခဲ့သည်။
ကျန်လယ်မြေ တစ်ဝက်ကို ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရန် အသုံးပြုခဲ့သည်။
သို့သော် ဤနေရာရှိ မျိုးစေ့များသည့် တာ့ပေါင်မောလ်ထက် အနည်းငယ် ပိုဈေးကြီးကာ ဟဲကျစ်ယန် လက်ခံနိုင်သော အတိုင်းအတာအတွင်းမှာပင် ရှိပါသည်။
ထိန်းချုပ်မှုဘောင်ကွက်၏ မျက်နှာပြင်ပေါ်တွင် အပင်စိုက်ပျိုးခြင်းနှင့် ရေလောင်းခြင်း ကဲ့သို့သော လုပ်ဆောင်ချက်များကို ကလစ် တစ်ချက်နှိပ်၍ လုပ်ဆောင်လို့ရသည်။ ဟဲကျစ်ယန်သည် အရာအားလုံးကို ပြင်ဆင်ပြီးနောက်၊ သူမသည် အခြားနေရာများကို စစ်ဆေးဖို့ပြင်ခဲ့သည်။
ငါးကန်များ၊ စားကျက်များ၊ ဂိုဒေါင်များ၊ ဥယျာဉ်ခြံများ စသည်တို့ကို အလားတူနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။
တစ်နည်းဆိုရသော် မင်းမှာ ပိုက်ဆံရှိနေသရွေ့ ဘာပြဿနာမှမရှိပါဘူး။
***