← Chapters

ဤသည်မှာ မော့မိသားစု ဆင်းရဲခြင်း၏ အကြောင်းအရင်းဖြစ်သည်

Vol. 11 Ch. 132

ဤသည်မှာ မော့မိသားစု ဆင်းရဲခြင်း၏ အကြောင်းအရင်းဖြစ်သည်

Vol. 11 Ch. 132

ဟဲကျစ်ယန်သည် ထိန်းချုပ်မှုဘောင်ကွက်နှင့် တစ်နာရီကျော်ကြာ အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံးတွင် နေရာလွတ်ရှိ စိုက်ပျိုးမြေကို ဆောက်လုပ်ပြီးစီးခဲ့သည်။

ငါးကန်များနှင့် ဂိုဒေါင်များကဲ့သို့သော အခြားသော လိုအပ်သည့် အဆောက်အဦးများကို အပြည့်အစုံ တပ်ဆင်လိုက်သည်။

ထို့အပြင် သူမသည် စိတ်လှုပ်ရှားဖွယ်ရာ ရှာဖွေတွေ့ရှိမှုတစ်ခုကိုမြင်ပြီး အံ့အားသင့်သွားခဲ့သည်။

အဲဒါကတော့ သူမ လယ်ယာမြေတွင် စိုက်ပျိုးထားသော မျိုးစေ့များသည် စိမ်းလန်းသော အညွှန့်လေးတွေ ပေါက်လာခဲ့သည်။

ထိုအချိန်တွင် ထိန်းချုပ်မှုဘောင်ကွက်၏ မျက်နှာပြင်ပေါ်တွင် အခြားသော ဒိုင်ယာလော့ခ်ဘောက်စ်တစ်ခု ပေါ်လာခဲ့သည်။

ဒိုင်ယာလော့ခ်ဘောက်စ်တွင် အချက်အလက် များစွာ ပါရှိပြီး အဓိကအားဖြင့် စိုက်ပျိုးမြေ၏ အင်္ဂါရပ်များကို မိတ်ဆက်ပေးထားသည်။

[ စိုက်ပျိုးမြေတွင် ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီးနောက် သုံးရက်အတွင်း အရွယ်ရောက်မည်ဖြစ်ကာ သစ်ပင်ကြီးများကို စိုက်ပျိုးပြီးနောက် ဆယ်ရက်အတွင်း အရွယ်ရောက်ရှိမည်ဖြစ်ပြီး ဆယ်ရက်တစ်ကြိမ် အသီးအနှံများ ရင့်မှည့်မည်ဖြစ်သည်။

ငါးကန်များတွင် ငါးပုစွန်မွေးမြူပြီးနောက် ဆယ်ရက်အတွင်း အရွယ်ရောက်မည်ဖြစ်ကာ ကြက်မွေးမြူပြီး အရွယ်ရောက်ချိန်သည်လည်း ဆယ်ရက်ဖြစ်ပြီး တိရိစ္ဆာန်ကြီးများကို အရွယ်ရောက်ချိန်ကတော့ တစ်လခွဲ ကြာမြင့်ပါမည်။

နေရာလွတ်စိုက်ပျိုးမြေမှ ထွက်ရှိသော အစေ့များသည် မျိုးရိုးဗီဇ တိုးတက်လာပြီး မြေဆီလွှာ၊ ရာသီဥတုတို့နှင့် ပတ်သက်၍ ဇီဇာကြောင်ခြင်း မရှိဘဲ ပြင်ပတွင် စိုက်ပျိုးနိုင်ပါသည်။ ]

ဒါကိုမြင်တော့ ဟဲကျစ်ယန်သည် အရမ်းဝမ်းသာသွားသည်။ အသားစားသတ္တဝါများ၏ အရွယ်ရောက်ချိန်ကို မပြောနှင့်ဦး၊ ကောက်ပဲသီးနှံတွေရဲ့ ရင့်မှည့်ချိန်ကပင် သူမကို အလွန်စိတ်ကျေနပ်စေခဲ့သည်။

ထို့အပြင်၊ ဤစိုက်ပျိုးမြေတွင် ထွက်ရှိသော မျိုးစေ့များသည် အလွန်အစွမ်းထက်သောကြောင့် သူမ အနောက်မြောက်ဘက်သို့ရောက်သောအခါ ရာသီဥတုကို လုံးဝ ဂရုစိုက်စရာ မလိုဘဲ လွတ်လွတ်လပ်လပ် စိုက်ပျိုးနိုင်တော့မည်။

ဟဲကျစ်ယန်သည် အနောက်မြောက်ဘက်တွင် လင်မယားတွေ အတူတကွ နေထိုင်ပြီး အမျိုးသားက လယ်ယာမြေ ထွန်ယက်စိုက်ပျိုး၊ အမျိုးသမီးက အထည်ယက်လုပ်ကာ သူမ၏ မိသားစုနှင့်အတူ နွေးထွေးပြီး သာယာဝပြောသောဘဝဖြင့် နေထိုင်လိုသူဖြစ်သည်။

ဒီစိုက်ပျိုးမြေကို ဖော်ဆောင်ဖို့ သူမ သိန်းပေါင်းများစွာ ကုန်ကျခဲ့ပေမယ့် ဒီလို အသုံးပြုရလွယ်ကူသော ပတ်ဝန်းကျင်ကို မြင်လိုက်ရတဲ့အခါ အားလုံးက ထိုက်တန်တယ်လို့ ခံစားလိုက်ရသည်။

ဟဲကျစ်ယန်သည် အချိန်အတော်ကြာအောင် စိတ်လက်ပေါ့ပါးတဲ့ ပျော်ရွှင်မှုမျိုးကို မခံစားခဲ့ရပေ။ သူမသည် အသစ်ပြုပြင်ထားတဲ့ စိုက်ပျိုးမြေတဝိုက်ကို လှည့်လည်ကြည့်ဖို ဆုံးဖြတ်ခဲ့သည်။

သူမသည် ရေများ ကြည်လင်နေသော ငါးကန်ကို အရင်သွားခဲ့သည်။

သူမ အသစ်ဝယ်ထားသော ငါးသားပေါက်များနှင့် ပုစွန်ပေါက်များသည် ဟိုဟိုဒီဒီ ကူးခတ်နေကြသည်။ အထူးသဖြင့် ငါးခေါင်းလေးတွေက အဆီဖြိုးလှသည်။ သူမ မှတ်မိတာမှန်ရင် သူမ ဝယ်တုန်းက ငါးသားပေါက်လေးတွေက လက်တစ်ချောင်းစာလောက်သာ ရှိပေမယ့် အခုက နည်းနည်းလေး ပိုရှည်သွားပုံရသည်။

ငါးကန်ကိုကြည့်ပြီးနောက် မွေးမြူရေးခြံများနှင့် စားကျက်မြေများကို စစ်ဆေးကြည့်ရှုခဲ့သည်။

နေရာတိုင်းတွင် နွားနှင့် သိုးများရှိပြီး မွေးမြူရေးခြံများနှင့် စားကျက်မြေများကို ကြက်နှင့် တိရိစ္ဆာန်အမျိုးမျိုးအတွက် နေရာများကို ရှင်းလင်းစွာ ပိုင်းခြားထားသည်။

ဂိုဒေါင်ကလည်း တော်တော်ကျယ်ပုံရသည်။ မော့ကျိုုးယွီ သူမကို နိုင်ငံတော် ဘဏ္ဍာတိုက်ကို ရွှေ့ဖို့ ခေါ်သွားသည့်အခါက ဒီလို ဂိုဒေါင်တစ်ခုရှိထားမည်ဆိုလျှင် အရမ်းကို အံ့ဩဖို့ကောင်းနေမှာပင်။

ဒါကိုတွေးပြီး ဟဲကျစ်ယန်က ဆေးကုသခန်းမှာ သိမ်းဆည်းထားတဲ့ ပစ္စည်းအားလုံးကို ဂိုဒေါင်ကို ပို့ဖို့ သူမ၏ အသိစိတ်ကို အသုံးပြုလိုက်သည်။

သူမသည် စိုက်ပျိုးမြေတွင် အချိန်အတော်ကြာအောင် ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်ရှုပြီးနောက် တွန့်ဆုတ်စွာ အပြင်ပြန်ထွက်ခဲ့သည်။

နောက်ဆုံး သူမ ပြန်ရောက်လာတာကိုမြင်တော့ မော့ကျိုးယွီက စိတ်အားထက်သန်စွာ မေးလိုက်သည်၊ “မင်း နေရာလွတ်ထဲမှာ ဘာဖြစ်လို့ ဒီလောက်ကြာနေတာလဲ။”

မော့ကျိုးယွီသည် ယခုလေးတင် အိပ်ရာနိုးလာပြီး သူမက နေရာ၌ ကြောင်တက်တက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ဤအချက်ကြောင့် သူမ၏ အသိစိတ်သည် နေရာလွတ်ထဲသို့ ဝင်သွားတာဖြစ်ရမည်ဟု ကောက်ချက်ချနိုင်ခဲ့သော်လည်း ယနေ့တွင် သူမသည် ထိုနေရာ၌ အချိန်အတော်ကြာ အသိပြန်မဝင်လာသောကြောင့် မော့ကျိုးယွီအား စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ အမေးကိုကြားတော့ ဘယ်လိုရှင်းပြမှန်း မသိပေ။

“လာ၊ ကျွန်မ ရှင့်ကို အံ့အားသင့်စရာ တစ်ခု ပြမယ်။”

သူမ စကားမဆုံးခင်မှာပင် သူမတို့ရဲ့ ပုံရိပ်တွေက နေရာလွတ်ထဲမှာ ပေါ်လာခဲ့သည်။

သူတို့သည် ဆေးကုသခန်းတွင် ရပ်နေတုန်းပင်။

မော့ကျိုးယွီ ပထမဆုံး သတိပြုမိတာကတော့ ဘဏ္ဍာတိုက်ထဲက ပစ္စည်းအားလုံး ပျောက်ဆုံးနေတာပါပဲ။

သူ အနည်းငယ် ထိတ်လန့်သွားသည်ကို တွေ့လိုက်ရသဖြင့် ဟဲကျစ်ယန်က ချက်ချင်း မရှင်းပြဘဲ လျှို့ဝှက်ဆန်းကြယ်သော မျက်နှာထားဖြင့် သူ့ကို လက်ဆွဲပြီး ဆေးကုသခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

မော့ကျိုးယွီ အံ့အားသင့်သွားပြန်သည်၊ “ဒီတံခါးကို ဖွင့်လို့ရပြီလား။”

သူ အသိစိတ်မကပ်ချိန်မှာပဲ သူ့ရှေ့က မြင်ကွင်းက သူ့ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။

သူ့ဘဝ နှစ်ခုတွင် ဟဲကျစ်ယန်သည် အခြားသူများနှင့် ပထမဆုံးအကြိမ် မျှဝေခြင်းအတွက် စိတ်ကျေနပ်မှုကို တွေ့ရှိခဲ့သည်။

ဟဲကျစ်ယန်သည် သူ့ရှေ့က စည်းစနစ်ကျစွာ လည်ပတ်နေတဲ့ စိုက်ပျိုးမြေကို ညွှန်ပြပြီး “ဒါက အခုလေးတင် ရထားတဲ့ အဖိုးတန်နေရာပဲ” ဟု ပြောလိုက်သည်။

ထို့နောက် သူမသည် မော့ကျိုးယွီအား ဤစိုက်ပျိုးမြေ၏ အကျိုးကျေးဇူးများနှင့် ဝိသေသများကို အသေးစိတ် ရှင်းပြခဲ့သည်။

ဒါကိုကြားတော့ မော့ကျိုးယွီဟာ ပထမတော့ ထိတ်လန့်သွားပေမယ့် သူ ခေါင်းကို လှည့်ကြည့်လိုက်ချိန်မှာ ရင်းနှီးကျွမ်းဝင်နေတဲ့ ဆေးကုသခန်းကို တွေ့လိုက်ရတော့ စိတ်သက်သာရာရသွားခဲ့သည်။

ဟဲကျစ်ယန်မှာ ဒီလို မှော်ဆန်တဲ့ ဆေးကုသခန်းကို ပိုင်ဆိုင်ထားတယ်ဆိုမှတော့ ဒီလိုမျိုး စိုက်ပျိုးမြေ တစ်ခြံရှိတာက မထူးဆန်းတော့ဘူး။

ဟဲကျစ်ယန်သည် ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေကာ သူမသည် မော့ကျိုးယွီအား လက်ဆွဲပြီး စိုက်ပျိုးမြေနေရာအနှံ့ကို အလည်အပတ် ခေါ်သွားခဲ့သည်။

မော့ကျိုးယွီသည် သူမနှင့် အတူတူ ဤနေရာသို့ ရောက်သောအခါ သူမလိုပင် ပြန်ထွက်ဖို့ တွန့်ဆုတ်နေခဲ့သည်။

အပြင်မှာလို အန္တရာယ်တွေမရှိ၊ လှည့်စားတတ်တဲ့ အကြံအစည်တွေမရှိ၊ အမှားအမှန်မရှိ၊ သူ့စိတ်နှလုံးထဲက အကြွင်းမဲ့ ချစ်မြတ်နိုးသည့် မိန်းကလေးသာ…

ငါးကန်ဘေးမှာ ကြောင်တတ်တက်ထိုင်နေတဲ့ မော့ကျိုးယွီကိုတွေ့တော့ ဟဲကျစ်ယန်က သူ့ကို ဖြေးဖြေးလေး တွန်းလိုက်သည်။

“ဒီစိုက်ပျိုးမြေကို ရှင် ဘယ်လိုမြင်လဲ။”

မော့ကျိုးယွီသည် စကားပြောကောင်းသူ မဟုတ်ပါ။

“ဒါက လုံးဝ ကောင်းတာပေါ့။”

သူ၏ တည်ငြိမ်နေသော အသွင်အပြင်ကို မြင်လိုက်ရတော့ ဟဲကျစ်ယန်သည် နှုတ်ခမ်းစူလိုက်မိသည်။

“ဒီနေရာကို အလကားရတယ်လို့ထင်မနေနဲ့။”

မော့ကျိုးယွီက “ဒါဆိုရင် မင်း ဘယ်လို ရလိုက်တာလဲ” ဟု ပြန်မေးသည်။

ဟဲကျစ်ယန်က သူမ၏ လက်ဖဝါးကို ဖြန့်ကာ “သန်း ( ၅၀ )၊ ဒီနေရာကို သန်း ( ၅၀ ) နဲ့ ဝယ်ခဲ့တာ” ဟု ပြောလိုက်သည်။

မော့ကျိုးယွီ မျက်မှောင်ကြုတ်သွားသည်၊ “မင်း ဒီလောက် ငွေသားတွေ အများကြီးကို ဘယ်က ရခဲ့တာလဲ” နိုင်ငံတော် ဘဏ္ဍာတိုက်မှ ရရှိလာသော ပိုင်ဆိုင်မှုများကို ငွေသားအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် အများဆုံး ( ၁၈ ) သန်းလောက် ရရှိနိုင်မည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။

သူ့အမူအရာကိုမြင်တော့ ဟဲကျစ်ယန်သည် တာ့ပေါင်ကနေ ငွေရှာလို့ရတာကို ပြောပြဖို့ သူမ မေ့သွားတာကို သတိရမိသည်။

“ငွေသား မဟုတ်ဘူး၊ ဒီပိုက်ဆံတွေက အွန်လိုင်းကနေ ဈေးရောင်းပြီး ရလာတဲ့ ငွေတွေပါ။”

မော့ကျိုးယွီသည် တာ့ပေါင်တွင် ဈေးဆိုင်ဖွင့်ခြင်းနှင့် ပတ်သတ်၍ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော်လည်း ငွေကြေးဆိုင်ရာ နက်နဲသော အယူအဆ မရှိပေ။

“သန်း ( ၅၀ ) ဆိုတော့ မင်း အဖိုးတန်ပစ္စည်း ဘယ်လောက်များများ ရောင်းချခဲ့ရလဲ။”

ဟဲကျစ်ယန်က တွက်ချက်ကြည့်လိုက်သည်။

“လက်ရေးလှနဲ့ ပန်းချီကား ဒါဇင် အနည်းငယ်၊ ပန်းအိုးနဲ့ အဆင်တန်ဆာ ဒါဇင် အနည်းငယ်လောက် ရှိမယ်။”

မော့ကျိုးယွီသည် သူ့နားကို သူပင် မယုံနိုင်ပေ။

လက်ရေးလှ၊ ပန်းချီနှင့် ပန်းအိုးများသည် နိုင်ငံဘဏ္ဍာတိုက်မှ ထွက်လာသော်လည်း ၎င်းတို့သည် တန်ဖိုးအရှိဆုံးပစ္စည်းများ မဟုတ်ပေ။

ဒါကိုတွေးရင်း မော့ကျိုးယွီက သက်ပြင်းမချဘဲ မနေနိုင်ပေ၊ “ဒါက အရမ်းဈေးပေါတယ်။”

“ရှင်က သန်း ( ၅၀ ) ကို ဈေးပေါတယ်လို့ ထင်နေတာလား။”

အရင်ဘဝက ထောက်ပံ့ကြေးများကို မှီခိုနေထိုင်ခဲ့ရသော ဟဲကျစ်ယန်အတွက်မူ သန်း ( ၅၀ ) ဆိုသော ပမာဏသည် ကြီးမားပေသည်။

မော့ကျိုးယွီက လေးလေးနက်နက် ပြန်ဖြေသည်။

“ကိုယ် တပ်ကို ဦးဆောင်ပြီး ရန်သူ့နန်းတော်ကို သိမ်းပိုက်ခဲ့စဉ်အခါက ဘုရင်မင်းမြတ်က အဲဒါတွေကို စုဆောင်းရတာ သဘောကျတယ်၊ ကိုယ် အဲဒီတုန်းက ဒါကို သိပ်ပြီး မစဉ်းစားမိခဲ့ဘူး။”

မော့ကျိုးယွီသည် ရန်သူ့တိုင်းပြည်၏ ဘဏ္ဍာများအကြောင်းပြောသည်ကို နားထောင်ရင်း ဟဲကျစ်ယန်သည် သူမတို့ နိုင်ငံဘဏ္ဍာတိုက်ကို အတူတကွ ပြောင်းရွှေ့ချိန်ကို ချက်ချင်း သတိရသွားခဲ့သည်။

ထိုအချိန်တုန်းက စိတ်ကျေနပ်စရာကောင်းတဲ့ ခံစားချက်ကို သူမ အခုအချိန်ထိတိုင် မှတ်မိနေဆဲပင်။

မော့ကျိုးယွီက ထိုအရာများကို အဘယ်ကြောင့် တန်ဖိုးမထားခဲ့သည်ကို သူမ နားမလည်နိုင်ခဲ့ပါ။

“ဘာဖြစ်လို့ ရှင် သူတို့ကို မလိုချင်ခဲ့တာလဲ။”

“နှစ်ပေါင်းများစွာ စစ်မီးတောက်လောင်ခဲ့တယ်၊ စစ်ပွဲအပြီးမှာ နှစ်နိုင်ငံလုံးက လူတွေ ငတ်သေကုန်ကြတယ်။ အဲဒီအရာတွေကို အစားအစာအဖြစ် အသုံးမပြုနိုင်ဘူး။ ကိုယ့်အမြင်အရ သူတို့က လူအများ ဟိတ်ဟန်ထုတ်လို့ရတဲ့ ပစ္စည်းတွေသာဖြစ်ပြီး အသုံးမဝင်တဲ့ အရာတွေပဲ။”

မော့ကျိုးယွီပြောတာကိုကြားတော့ ဟဲကျစ်ယန်က သက်ပြင်းမချဘဲ မနေနိုင်ပေ။

ရတနာများစွာရရှိသော ဖြစ်နိုင်ချေရှိသည့်နေရာများကို တွေးတောရင်း “ရန်သူ့နန်းတော်ရှိ ရတနာအားလုံးကို ဘုရင့်ကိုပဲ ဆက်သခဲ့တယ်လို့ ရှင်မပြောနဲ့နော်” ဟု သူမ မေးလိုက်မိသည်။

မော့ကျိုးယွီက ခေါင်းခါသည်၊ “အဲဒီရတနာတွေကို ငွေသားနဲ့ လဲလှယ်ခဲ့တယ်။ တချို့ကို ကိုယ်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်တွေကို ဆုကြေးငွေအဖြစ် ခွဲဝေပေးခဲ့တယ်။ တချို့ကိုတော့ စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဝေငှပေးခဲ့တယ်။”

ဒါကိုကြားတော့ ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ ငွေကြေးကြောင့် အမြင်မကွယ်သည့် စိတ်သဘောထားကို ချီးကျူးမိသွားသည်။

မူလက တစ်နှစ်ပတ်လုံး စစ်ပွဲအတွင်း တိုက်ပွဲဝင်ခဲ့သော စစ်သည်မိသားစုအနေဖြင့် ၎င်းတို့၏ ဂိုဒေါင်ထဲတွင် မရေမတွက်နိုင်သော ရတနာများ ပြည့်နေလိမ့်မည်ဟု သူမ ထင်ခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် စစ်ပွဲ၏ ဘဏ္ဍာများကို သိမ်းပိုက်ရန် အခွင့်အလမ်းများစွာရှိသည်။

သို့သော်လည်း မော့မိသားစု၏ ဂိုဒေါင်ထဲတွင် ဆင်းရဲမွဲတေနေရုံသာမက ချမ်းသာသည်ဟုပင် မယူဆနိုင်ပေ။

ဤသည်မှာ မော့မိသားစု ဆင်းရဲရခြင်း၏ အကြောင်းအရင်း ဖြစ်သည်။

ဒါပေမယ့် အဲဒါကို တွေးကြည့်တော့ ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ လုပ်ရပ်ကို နားလည်ပေးနိုင်ခဲ့သည်။

မျိုးချစ်စစ်သူကြီးတစ်ဦးအနေဖြင့် မိမိအသက်ကိုစွန့်ကာ သံချပ်ကာဝတ်ဆင်ပြီး တိုက်ပွဲဝင်ခဲ့သည့် ရည်ရွယ်ချက်က ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့သက်သက်ပဲ မဟုတ်ပါလား။

မော့ကျိုးယွီသည် စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ၏ အတိဒုက္ခကို မျက်ကွယ်ပြုပြီး ထိုပစ္စည်းဥစ္စာများကို သူ့ကိုယ်ကျိုးအတွက် သိမ်းယူခဲ့မည်ဆိုပါက တိုက်ပွဲဝင်သည့် သူ့မူလရည်ရွယ်ချက်ကို ဖောက်ဖျက်ရာကျသွားပါလိမ့်မည်။

ဒါကိုတွေးရင်း ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ မွန်မြတ်လှသော မူဝါဒများကို ပိုပိုပြီး သဘောကျလာခဲ့သည်။

မော့ကျိုးယွီကဲ့သို့သော ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ရှေးရှုသော စိတ်သဘောထားမျိုး အရာရှိအားလုံးမှာ ရှိမည်ဆိုလျှင် သာမန်ပြည်သူလူထု၏ ဘဝများ ပိုမိုသာယာလာမည်မှာ သေချာပါသည်။

***

All Chapters