← Chapters

ဒီလူက တော်တော်သနားဖို့ကောင်းတယ်။

Vol. 11 Ch. 135

ဒီလူက တော်တော်သနားဖို့ကောင်းတယ်။

Vol. 11 Ch. 135

ထို့အပြင် ဖေးနန်ယွီသည် ထန်မင်လွေ့ကို အလွန်ယုံကြည်ပြီး သူ ထီးနန်းတက်ပြီး မကြာမီတွင် ထန်မိသားစုအား တာ့ရှင်းနိုင်ငံ၏ တစ်ဦးတည်းသော တော်ဝင်ကုန်သည်ဘွဲ့ထူးအား အပ်နှင်းခဲ့သည်။

ရလဒ်အနေဖြင့် ဖေးနန်ယွီ အုပ်ချုပ်စဉ် ထန်မိသားစု၏ လုပ်ငန်းသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး နိုင်ငံတစ်နိုင်ငံစာမျှ ချမ်းသာလာခဲ့သည်။

ဟုတ်ပါတယ်၊ ထန်မိသားစုရဲ့ စီးပွားရေး ဉာဏ်အမြင်ဟာ ယုံမှားစရာမရှိ အလွန်ကောင်းမွန်လှသည်။

ထို့အပြင် ထန်မင်လွေ့၏ ဘိုးဘေးများသည် မျိုးဆက်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဆားဂိုဏ်း၏ ကြံစည်မှုဖြင့် မိသားစု ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ရကြောင်း သမိုင်းစာအုပ်များတွင် ဖော်ပြထားသည်။

ထန်မိသားစု ပြန်လည်ရှင်သန်ဖို့အတွက် အသက် ( ၁၇ ) နှစ်အရွယ် ထန်မင်လွေ့သည် သူ့မိခင်နှင့် ညီငယ် ( ၂ ) ဦးကို ခေါ်ဆောင်ကာ မိသားစုတွင် ကျန်ရှိသော စုဆောင်းငွေ အနည်းငယ်ကို အသုံးပြု၍ ၎င်း၏ ဇာတိမြို့မှ ထွက်ပြေးခဲ့သည်။

နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီးနောက်တွင် ကြီးမားကျယ်ပြန့်သော မိသားစုစီးပွားရေးကွန်ယက်ကို ထူထောင်နိုင်ခဲ့ပြီး တစ်ချိန်တည်းတွင် ဆားဂိုဏ်းအကြောင်း အသေးစိတ် အချက်အလက်များကိုလည်း လျှို့ဝှက်စုဆောင်းခဲ့သည်။

နန်ချီ နန်းတက်ပြီးနောက် ဖေးနန်ယွီသည် ဆားဂိုဏ်းကို နှိမ်နင်းရန် လူများကို ဦးဆောင်ပြီး ချီတက်လာခဲ့သည်။ ထန်မင်လွေ့သည် နှစ်များတစ်လျှောက် သူ စုဆောင်းထားသော အချက်အလက်များကို ပြတ်ပြတ်သားသား လွှဲပြောင်းပေးခဲ့ပြီး သူတို့ နှစ်ယောက်သား ရင်းနှီးကျွမ်းဝင်လာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ခုနတုန်းက အရာရှိ ပြောပြခဲ့သော ထန်မိသားစုအကြောင်းကို ချက်ချင်းဆိုသလို အမှတ်ရလိုက်သည်။

ထိုအရာရှိပြောပြခဲ့သော ထန်မိသားစုသည် ထန်မင်လွေ့၏ မူရင်းမျိုးနွယ်စုဖြစ်ဖွယ်ရှိသည်။

ယခုအချိန်တွင် ဟဲကျစ်ယန် တွေးနေသည့်အရာမှာ ထန်မင်လွေ့နှင့် ဖေးနန်ယွီတို့ ပတ်သက်မှု ရှိ မရှိကို ထည့်သွင်း‌စဉ်းစားနေတာ မဟုတ်ပေ။

အနောက်မြောက်ဘက်ဒေသသို့ရောက်ပြီးနောက် သူမတို့မိသားစုဘဝ ပိုကောင်းလာစေရန်အတွက် ဘဏ္ဍာတိုက်မှ ငွေများကို အသုံးပြုသည့်အခါမှာ ဖုံးကွယ်သည့်အနေဖြင့် အမြတ်အစွန်းကောင်းမွန်တဲ့ လုပ်ငန်းတချို့ကို အပေါ်ယံမှာ လုပ်ကိုင်ပြသဖို့ ကျိန်းသေပေါက် လိုအပ်ပေသည်။

သို့သော်လည်း တာ့ရွှင်းနိုင်ငံတွင် ပြည်နှင်ဒဏ်ခံရသူများသည် ဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မရှိပါက၊ ၎င်းတို့သည် တစ်သက်လုံး ပြည်နှင်ဒဏ်ပေးခံရသည့်နေရာတွင် နေထိုင်ရပြီး မြို့မှ ခြေတစ်လှမ်းမျှပင် ထွက်ခွာခွင့် မရှိပေ။

ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ သူမနှင့် စီးပွားရေး အတူပူးပေါင်းလုပ်ဆောင်ရန် လိမ္မာပါးနပ်သော စီးပွားရေးသမားကို ရှာဖွေရန် ဖြစ်သည်။

ဒါကိုစဉ်းစားပြီးနောက် ဟဲကျစ်ယန်သည် ထန်မင်လွေ့က သူမနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အသင့်တော်ဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း ခံစားခဲ့ရသည်။

“ယောကျာ်း၊ ဒီလူက တော်တော်သနားဖို့ကောင်းတယ်။”

မော့ကျိုးယွီသည် သူမ၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သည်။

“အင်း ကိုယ် တစ်ချက်လောက် သွားစစ်ကြည့်လိုက်မယ်။”

မော့ချူဟန်က အများကြီး မစဉ်းစားဘဲ သူ့နဝမခယ်မလေးက အရမ်းစာနာသနားတတ်တယ်ဟုသာ ထင်ခဲ့သည်။

ထို့ကြောင့် သူသည် မော့ကျိုးယွီနောက်သို့ လိုက်သွားရန် ရည်ရွယ်ခဲ့သည်။

သို့သော်လည်း မော့ကျိုးယွီက သူ့ကို တားလိုက်သည်။

“အဌမအစ်ကို၊ အစ်ကိုရဲ့ ကျန်းမာရေးက အားနည်းနေသေးတယ်။ ဒီအသေးအမွှားကိစ္စလေးတွေကို ကျွန်တော့်လက်ထဲ အပ်ထားလိုက်ပါ။”

မော့ချူဟန်က ဓားနဲ့ လိုက်ဖမ်းတဲ့ လူအနည်းငယ်သာ ရှိတာကို မြင်လိုက်ရတော့ မော့ကျိုးယွီက လုံးလုံးလျားလျား ကိုင်တွယ်နိုင်တာကို သတိပြုမိတာကြောင့် အတင်းအကြပ် ဆက်မလုပ်ခဲ့ဘူး။

မော့ကျိုးယွီက ဝင်ပါဖို့ကို ရွေးချယ်လိုက်တဲ့အတွက် သဘာဝအတိုင်း သူ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး။

ထို့အပြင် သူသည် ဆားဂိုဏ်းမှ လူများအပေါ် အထင်အမြင်ကောင်း မရှိပေ။

သူသည် ဖြတ်သွားသည့် လမ်းတစ်လျှောက်လုံး ထိုသူများ၏ ခွေးအသက်များကို တိုက်ရိုက်သတ်ဖြတ်ခဲ့သည်။

သူသည် အမှောင်ထဲတွင် ပုန်းအောင်းနေပြီး ဆားဂိုဏ်းအဖွဲ့ဝင်များစွာကို မှုတ်ပြောင်းမြှားသေးလေးများဖြင့် ချိန်ရွယ်ထားသည်။

သက်ပြင်းရှိုက်သံအချို့ကို ကြားပြီးနောက် ဆားဂိုဏ်းသားများအားလုံး မျက်ခုံး နှစ်ခုကြားတွင် မြှားအသေးလေးများ စိုက်ဝင်ပြီး မြေပြင်ပေါ် လဲကျသေဆုံးသွားကြသည်။

ထန်မင်လွေ့သည် သူ့ကို လိုက်ဖမ်းနေတဲ့သူတွေ သေဆုံးသွားတာကို မြင်လိုက်ရတော့ သူ ကယ်တင်ခံလိုက်ရပြီဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။

သူက သက်ပြင်းချကာ မော့ကျိုးယွီ၏ အနားသို့ ဆက်လျှောက်သွားခဲ့သည်။

“ကျွန်တော်က ထန်မင်လွေ့ပါ။ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် လူကြီးမင်းကို ကျေးဇူးအများကြီးတင်ပါတယ်။”

မော့ကျိုးယွီသည် လူကို ရည်ရွယ်ချက်ရှိရှိ ကယ်တင်ပြီးသောအခါတွင် သဘာဝအတိုင်း ဆက်လက် ဖုံးကွယ်ထားမည် မဟုတ်ပေ။

သူ လှည့်ကြည့်လိုက်တော့ ဘေးပတ်ဝန်းကျင်မှာ ဘာအန္တရာယ်မှ မရှိတာကို တွေ့လိုက်ရတော့ အမှောင်ထဲကနေ ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟဲကျစ်ယန်ကလည်း အပြေးရောက်လာခဲ့သည်။

ထန်မင်လွေ့သည် သူ့ရှေ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်သောအခါတွင် သူသည် ၎င်းတို့၏ လက်မှ ကယ်တင်ခြင်းခံရကြောင်း သံသယ မရှိပေ။

သူသည် အရိုအသေပေးသည့် လက်ဟန်ဖြင့် “လူကြီးမင်း” ဟု ဦးညွှတ်ခေါ်ဆိုလိုက်သည်။

မော့ကျိုးယွီက သူ့ကို အသာအယာ ဖေးမပေးလိုက်သည်။

“ကျွန်တော်က လမ်းပေါ်က မတရားမှုတွေကို လျစ်လျူမရှုထားနိုင်လို့ပါ။ သခင်လေး ဒါကို အလေးအနက်ထားဖို့ မလိုပါဘူး။”

ထန်မင်လွေ့သည် ကယ်တင်ခံလိုက်ရပြီးနောက် သူ့စိတ်ထဲ ပထမဆုံး ရောက်လာတာက ကျေးဇူးတရားကို ဘယ်လို ဖော်ပြရင် ကောင်းမလဲဆိုတာပင်။

ထန်မင်လွေ့သည် သူ့လက်ကို အိတ်ကပ်ထဲသို့ နှိုက်ကြည့်လိုက်သော်လည်း ဗလာချည်းသာ ခံစားလိုက်ရသည်။

သူ အတော်လေး ရှက်သွားပုံရသည်။

“ကျွန်တော် အစတုန်းကတော့ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ငွေအချို့နဲ့ ကျေးဇူးဆပ်ချင်ပေမယ့် မကြာသေးခင်ကမှ ကျွန်တော့်မိသားစုဟာ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံတွေ့နေခဲ့ရတယ်…”

ထန်မင်လွေ့၏ အနာဂတ် စီးပွားရေး အလားအလာမှာ အကန့်အသတ် မရှိဘူးဟု သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသောကြောင့် ယနေ့တွင် သူ့ကို သူကိုယ်တိုင် မကယ်တင်လျှင်ပင် ထန်မင်လွေ့သည် ဤနေရာတွင် မသေဆုံးသွားနိုင်ဘူးလို့ မော့ကျိုးယွီက တွေးထင်ခဲ့သည်။

ထို့ကြောင့် သူသည် လူကို ကယ်တင်ဖို့ အလွန်အလေးအနက်မထားခဲ့ပေ။

“ရပါတယ်” လို့ ပြောခါနီးမှာ ဟဲကျစ်ယန်က စကားပြောဖို့ အခွင့်အရေးကို အရင်ဆုပ်ကိုင်လိုက်သည်။

“ကျွန်မတို့က နေအိမ်တွေ အသိမ်းခံရယူပြီး တရားရုံးရဲ့ အမိန့်အရ ပြည်နှင်ဒဏ်ပေးခံရတဲ့ အကျဉ်းသားတွေပါ။ အခု ကျွန်မတို့က အနောက်မြောက်ဘက်ရှိ ယွင်ချန်ကို သွားနေရတဲ့ လမ်းခရီးမှာပါ။

ကျွန်မခင်ပွန်းနာမည်က မော့ကျိုးယွီလို့ခေါ်တယ်။ သခင်လေး၊ ကျွန်မတို့ရဲ့ အသက်ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားအတွက် တကယ့်ကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်တယ်ဆိုရင် ရှင့်မှာ ငွေအလုံအလောက်ရှိတဲ့အခါကျ အနောက်မြောက်ဒေသ ယွင်ချန်မြို့ကို ပို့ပေးနိုင်ပါတယ်။ ကျွန်မတို့ အနာဂတ်မှာ အမှန်တကယ်ကို ငွေအနည်းငယ် လိုအပ်ပါလိမ့်မယ်။”

ထန်မင်လွေ့ကို ကယ်တင်ရန် မော့ကျိုးယွီကို တောင်းဆိုလိုက်ကတည်းက သူမ၏ ရည်ရွယ်ချက်မှာ အနာဂတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်ဖြစ်ကြောင်း ဟဲကျစ်ယန်က ကြိုတွေးထားခဲ့သည်။

မရေရာသော ယဉ်ကျေးမှုအရ ဆိုသော စကားများဖြင့် အနာဂတ် အလားအလာရှိသော အဆက်အသွယ်များကို ဖြတ်တောက်မည့်အစား ကျေးဇူးဆပ်သောအခါ မှန်ကန်သော တည်နေရာကို ရှာဖွေနိုင်စေရန်အတွက် နာမည်နှင့် လိပ်စာကို တိုက်ရိုက်ပြောပြခြင်းက ပိုကောင်းပါသည်။

ဟုတ်ပါတယ်၊ ဟဲကျစ်ယန်က ဒီလိုလုပ်ခြင်းအားဖြင့် လောင်းကစားသက်သက်ပါပဲ။

တကယ်တော့ အနောက်မြောက်ဒေသလို မြုံတဲ့မြေမှာ ဘယ်သူမှ ခြေမချချင်ကြဘူး။

ထန်မင်လွေ့က သူ့ကျေးဇူးကို တကယ်ပြန်ဆပ်ချင်ပြီး အနာဂတ်မှာ အနောက်မြောက်ဒေသဆီသို့ ငွေပို့မှာလားဆိုတာကတော့ မသေချာ မရေရာပေ။

သူမသည် နောက်ထပ် အပိုလမ်းကြောင်းတစ်ခု ချန်ထားရန်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထန်မင်လွေ့သည် သူမ၏ ကြင်နာမှုကို အမှန်တကယ် ပေးဆပ်လိုပါက သူမသည် သူနှင့် အဆက်အသွယ်ထားရှိပြီး သူမ၏ အနာဂတ်လုပ်ငန်းများအတွက် အကျိုးရှိစေလိမ့်မည်။

ထန်မင်လွေ့သည် မော့ကျိုးယွီ၏ နာမည်ကို ကြားလိုက်ရသောအခါ ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။

ရှင်းပါတယ်၊ သူက မော့ကျိုးယွီဆိုတဲ့ နာမည်နဲ့ သိပ်မစိမ်းသက်ပေ။

ထန်မင်လွေ့သည် မော့မိသားစု အဘယ်ကြောင့် အိမ်ခြံမြေတွေ အသိမ်းခံရပြီး ပြည်နှင်ဒဏ်အထိ ပေးခံလိုက်ရသည်ကို မသိပါ။

ငယ်စဉ်ကတည်းက ရန်သူများကို သတ်ဖြတ်ရာတွင် မော့မိသားစုဝင် အမျိုးသားများ၏ သူရဲကောင်းဆန်သော လုပ်ရပ်များအကြောင်း ပုံပြောသူများ ပြောပြသည်ကို မကြာခဏ ကြားခဲ့ရသောကြောင့် သူသည် မော့မိသားစုကို အလွန်အမင်း သဘောကျခဲ့သည်။

အထူးသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က မော့မိသားစု၏ တတိယသခင်သည် ဆားဂိုဏ်းမှ လူဆိုးများကို သုတ်သင်ရန် လူများကို ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာခဲ့သည်။

မော့မိသားစု တတိယသခင်သည် ထိုစဉ်က ဆားဂိုဏ်းခေါင်းဆောင်အား အကျဉ်းသားလှည်းထဲသို့ တွန်းပို့ခဲ့သည့် မြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။

အထူးသဖြင့် မော့မိသားစု တတိယသခင်သည် ဆားကန် အနီးတစ်ဝိုက်ရှိ လူများ၏ ကာလကြာရှည်စွာ ချီးမွမ်းခံခဲ့ရပြီး လူအများက သူသည် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်ဟု ချီးမွမ်းကြွေးကြော်ခဲ့ကြသည်။

မထင်မှတ်ဘဲ နှစ်အနည်းငယ်ကြာပြီးနောက် ခေတ်များပြောင်းလာပြီး မော့မိသားစုဝင် အမျိုးသားများသည် တိုက်ပွဲတစ်ခုပြီးတစ်ခုတွင် ကျဆုံးခဲ့ကြရာ ယခုအခါတွင် ၎င်းတို့၏ နေအိမ်များကိုပင် သိမ်းယူခံလိုက်ရပြီး ပြည်နှင်ဒဏ်ပေးခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ကြသည်။

ဒါကိုပြောရရင် ထန်မင်လွေ့သည် အပေါ်ယံတွင် ဖော်ရွေပျူငှာစွာ ငြင်းပယ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ ဒါပေမယ့် သူမက လက်တွေ့ဆန်လွန်းလှသည်။

မထင်မှတ်ဘဲ သူမ၏ စကားများကို နားထောင်ပြီးနောက် ထန်မင်လွေ့သည် ပို၍ပင် နှိမ့်ချလာခဲ့သည်။

“ကျွန်တော့်မိသားစုက မနေ့က မြစ်ကိုဖြတ်ပြီး လှေစီးသွားကြပြီ။ သူတို့က ကျွန်တော့်ကို တုချန်းဆိပ်ခံမှာ စောင့်နေကြတယ်။

အဲဒီနေရာက အနောက်မြောက်ဒေသကို ဦးတည်းသွားတဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲ။ ကျွန်တော့်မိသားစုကို ဘယ်ကိုခေါ်သွားရမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူး။ ဒါကြောင့် ကျွန်တော် လူကြီးမင်းတို့လင်မယားနောက် ဘာဖြစ်လို့ မလိုက်ရမှာလဲ။ လမ်းတစ်လျှောက်မှာ ငွေရှာဖို့ နည်းလမ်းတွေကိုလည်း တွေးလို့ ရတာပေါ့။”

ဒါကိုကြားတော့ ဟဲကျစ်ယန်က မဆိုင်းမတွ သဘောတူလိုက်သည်။

“သခင်လေးထန်နဲ့ ကျွန်မတို့က တကယ့်ကို ရေစက်ပါပုံပဲ။ ဒါဆိုရင်လည်း အတူတူ သွားကြရအောင်လေ။ လမ်းမှာ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရှုစောင့်ရှောက်ပေးတာက ပိုလိုခြုံလိမ့်မယ်။”

ထန်မင်လွေ့သည် မြေပြင်ပေါ်ရှိ ဆားဂိုဏ်းဝင်များ၏ အလောင်းမျးကို လှည့်ပတ်ကြည့်ရှုပြီး ပြောလိုက်သည်။

“လူကြီးမင်းက ကျွန်တော့်ကို ကယ်တင်ဖို့ သူတို့ကို သတ်ဖြတ်ခဲ့တာ၊ မနက်ဖြန်မနက်မှာ တစ်ယောက်ယောက်က ဒါကို ရှာတွေ့သွဦးမှာ ကျွန်တော် စိုးရိမ်တယ်။

ဆားဂိုဏ်းမှာ ဂိုဏ်းသားတွေ အများကြီးရှိတယ်။ ကျွန်တော် ခင်ဗျားတို့ကို ထပ်ပြီး ဒုက္ခမပေးနိုင်တော့ဘူး။ ခင်ဗျားတို့ကို မနှောင့်ယှက်တော့ဘူး။ မနက်ဖြန်ကျရင် ခင်ဗျားတို့ကို တုချန်ဆိပ်ခံမှာ ကျွန်တော် စောင့်နေမယ်။”

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် ဆားဂိုဏ်းသားများကို မကြောက်သော်လည်း အကြောင်းပြချက်မရှိ ပြဿနာကို ဖိတ်ခေါ်တာကိုတော့ ဘယ်သူမှ မကြိုက်ကြပါဘူး။

ထို့ကြောင့် သူတို့သည် ထန်မင်လွေ့၏ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။

“ကောင်းပြီ၊ ဒါဆို မနက်ဖြန်ကျရင် တုချန်ဆိပ်ခံမှာ တွေ့ကြတာပေါ့။”

မော့ကျိုးယွီသည် စကားပြောပြီးနောက် ဟဲကျစ်ယန်၏ လက်ကို ဆွဲကာ မော့ချူဟန်နှင့် တွေ့ဆုံပြီး စခန်းသို့ ပြန်ခဲ့ကြသည်။

သူသည် သိပ်မဝေးလှသော နေရာမှ လျန့်ဟောက်တို့ဆီသို့ လက်အမူအရာဖြင့် လှမ်းခေါ်လိုက်ပြီး သိပ်မကြာခင်မှာပဲ လျန့်ဟောက်တို့တွေက သူ့ဆီ အပြေးရောက်လာကြသည်။

***

All Chapters