သူတို့က ဘယ်သူတွေလဲ။
Vol. 11 Ch. 137
ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့သည် အနက်ရောင်ဝတ်စုံများကို သီးခြားစီ ပြောင်းလဲဝတ်ဆင်ကာ တဲထဲမျ ထွက်လာခဲ့ကြသည်။
တိကျသော ပစ်မှတ်မရှိဘဲ မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ပွေ့ဖက်ထားပြီး ကိုယ်ဖော့ပညာကို အသုံးပြု၍ ကြုံရာကျပန်းသွားလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူတို့၏ မျက်လုံးများသည် ရေကန်ပေါ်ရှိ တောက်ပသော လှေတစ်စင်းပေါ် ရပ်တန့်သွားခဲ့ကြသည်။
အဝေးက လှေပေါ်မှာ သီဆိုကခုန်သံတွေကို သူတို့ရှိနေရာကပင် ကြားနေရဆဲပါ။
ပန်းလှေသည် ရေကန်အတွင်းမှာ ဖြည်းညှင်းစွာ လှော်ခတ်နေပြီး ကမ်းစပ်မှ အနည်းဆု့း တစ်ကီလိုမီတာအကွာတွင် ရှိနေသည်ဟု ခန့်မှန်းရသည်။
ပန်းလှေပေါ်တွင် သူတို့ သိချင်နေသော အကြီးတန်းအရာရှိ ရှိ၊ မရှိကို ဆုံးဖြတ်ရန်အတွက် ဟဲကျစ်ယန်သည် ညကြည့်မှန်ပြောင်းကို ပြတ်ပြတ်သားသား ဝယ်ယူလိုက်သည်။
ညကြည့်မှန်ပြောင်းကဲ့သို့သော နည်းပညာဆိုင်ရာထုတ်ကုန်များသည် အမှန်တကယ်ပင် လွန်ကဲသည်ဟု ဆိုရပေမည်။
ဟဲကျစ်ယန်သည် ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါး စစ်ဆေးကြည့်ရှုခဲ့ပြီး လူနှစ်ယောက် ထိုင်နေသည့် လှေ၏ ဒုတိယထပ် အလယ်ဗဟိုတွင် သူမ၏ အကြည့်တွေ ရပ်တန့်သွားသည်။
၎င်းတို့အနက်မှ တစ်ဦးသည် အသက်သုံးဆယ်ကျော်ခန့်ရှိကာ စိုပြေသော အသားအရေနှင့် မျက်ခုံးတန်းတန်းရှိကာ အရင်ဆုံး မြင်လိုက်တာနဲ့ အနည်းငယ် ယုတ်ညံ့သူဟု ဦးစွာထင်မြင်လာစေသည်။
သူ့ရဲ့ ဇိမ်ခံအဝတ်အစားများကို ကြည့်ပြီး ဒီလူက ဆိပ်ခံတံတားစောင့်ပြောတဲ့ အကြီးတန်းအရာရှိဖြစ်ပုံရသည်။
အဆိုပါလူက မလုံမခြုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို သူ့လက်ထဲတွင် ပွေ့ဖက်ထားပြီး ဝိုင်ဖန်ခွက်ကို ကိုင်ကာ သူ့အကြည့်တွေက ကခုန်နေသော အစေခံများထံ စူးစူးရဲရဲ ကျရောက်နေသည်။
တစ်ဖက်တွင် ထိုင်နေသည့် အမျိုးသားမှာ မုတ်ဆိတ်မွေးအပြည့်ရှိပြီး ပိန်ပိန်ပါးပါး အသွင်ရှိကာ သူ့ဆံပင်များကို တမင်တကာ ဖြန့်ထားပုံရပြီး သူ့မျက်နှာတစ်ဝက်ကို ပိတ်ဆို့ထားလေ၏။
ညကြည့်မှန်ပြောင်းအောက်တွင် ဟဲကျစ်ယန်သည် ထိုလူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
ထိုလူနှစ်ယောက်စလုံးသည် ဟဲကျစ်ယန်နှင့် သိပ်မရင်းနှီးပေ။
မော့ကျိုးယွီက သူမလက်ထဲက ပစ္စည်းကို ကြည့်ပြီး “အဲ့တာက ဘာလဲ” ဟု မေးလာခဲ့သည်။
ဟဲကျစ်ယန်က ညကြည့်မှန်ပြောင်းကို သူ့လက်ထဲ တိုက်ရိုက်ကမ်းပေးလိုက်သည်။
“ရှင့်မျက်လုံးတွေကို ဒီမှာ ထားပြီး ရှင်ကိုယ်တိုင် စမ်းကြည့်ချေ။”
ရှင်းပြရတာထက် လက်တွေ့လုပ်ဆောင်ခိုင်းတာက ပိုအဆင်ပြေတယ်လို့ ခံစားမိတဲ့အတွက် မော့ကျိုးယွီကို ကိုယ်တိုင် လုပ်ဆောင်ခိုင်းကာ အဲဒီလူနှစ်ယောက်နဲ့ ရင်းနှီးမှု ရှိမရှိကို စစ်ဆေးကြည့်ဖို့ ပြောလိုက်သည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီကို အနီးကပ် စိုက်ကြည့်ကာ သူ၏ နဂိုက သက်တောင့်သက်သာရှိနေသော မျက်ခုံးများသည် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့လိုက်ရသည်။
မော့ကျိုးယွီ၏ အမူအရာမှတဆင့် ထိုလူနှစ်ယောက်အား သူ သိနေလိမ့်မည် သို့မဟုတ် နှစ်ယောက်ထဲမှ တစ်ယောက်ကိုတော့ သူ သိနေလိမ့်မည်ဖြစ်သည်ကို သိရန်မှာ မခဲယဉ်းပေ။
သူမက စိတ်အားထက်သန်စွာ မေးလိုက်သည်။
“သူတို့က ဘယ်သူတွေလဲ။”
မော့ကျိုးယွီက ချက်ချင်းပြန်မဖြေဘဲ ညကြည့်မှန်ပြောင်းကို မသိမ်းဆည်းခင် အချိန်အတော်ကြာအောင် ဆက်လက်ကြည့်ရှုခဲ့သည်။
“သူက နန်ဟန်ပဲ။”
“နန်ဟန်လား။”
ဟဲကျစ်ယန်က ဆက်မေးခဲ့သည်၊ “နောက်တစ်ယောက်ကိုရော ရှင် သိလား။”
မော့ကျိုးယွီက မျက်မှောင်ကြုတ်ကာ “သူ့ရုပ်ကို ရင်းနှီးနေပုံပဲ၊ ဒါပေမယ့် ကိုယ် အခု အတည်မပြုနိုင်သေးဘူး။”
ဟဲကျစ်ယန်က လှည့်ပတ်ကြည့်ရှုရင်း တိုးတိုးလေး ပြောလိုက်သည်၊ “ကျွန်မတို့ စစ်ဆေးကြည့်ရှုဖို့ ဘာဖြစ်လို့ ပန်းလှေပေါ်ကို မသွားရမှာလဲ။”
သူ မပြောရင်တောင် သူ့မှာ ဒီလိုလုပ်ဖို့ အစီအစဉ် ရှိပေသည်။
နန်ဟန်က ဆားဂိုဏ်းနှင့် ပတ်သက်မှု ရှိ မရှိကို ဘေးဖယ်ထားလိုက်ရင်တောင် သူ့ကို လုပ်ကြံဖို့ လူသတ်သမား အများကြီးကို စေလွှတ်ခဲ့သည့်အချက်အပေါ် အခြေခံ၍ မော့ကျိုးယွီက သူ့ကို လွယ်လွယ်နဲ့ လွှတ်ထားပေးဖို့ အစီအစဉ် မရှိပေ။
ထို့အပြင် မုတ်ဆိတ်မွှေးနှင့်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့စိတ်ထဲတွင် ရင်းနှီးကျွမ်းဝင်သလို ခံစားရသည်။
ဘာပဲဖြစ်ဖြစ် သူ ဒီနေ့ လှေပေါ်တက်ပြီး စစ်ဆေးကြည့်ရမည်။
“ပန်းလှေတစ်ဝိုက်မှာ နန်ဟန်ရဲ့ အစောင့်တွေ ရှိတယ်၊ ကိုယ် တစ်ယောက်တည်း ရေကူးသွားပြီး စစ်ဆေးကြည့်လိုက်မယ်၊ မင်းက ကိုယ့်ကို ဒီနေရာကနေ စောင့်နေပေး။”
မော့ကျိုးယွီက သူမ၏ လုံခြုံရေးအတွက် စိတ်ပူနေကြောင်း ဟဲကျစ်ယန်က သိသော်လည်း ဤနေရာတွင် စိတ်အေးလက်အေး ထိုင်စောင့်နေသည်မှာ သူမ၏ ပုံစံ မဟုတ်ပေ။
“ရှင် ကျွန်မကိုပါ ခေါ်သွားပေး၊ ကျွန်မတို့ တာ့ပေါင်ကနေ ရာဘာလှေတစ်စင်းဝယ်ပြီး ဟိုမှာ တန်းစီစောင့်မယ်၊ အခွင့်အရေးတွေ့တာနဲ့ ကျွန်မတို့ ချက်ချင်း လှုပ်ရှားကြမယ်။ အဲဒီလူတွေ ကျွန်မတို့ကို ရှာတွေ့သွားရင် ကျွန်မလည်း အဲ့မှာ ရှင်နဲ့ အတူရှိနေရင် ကျွန်မ ရှင့်ကို နေရာလွတ်ထဲပို့ပြီး ယာယီဖျောက်ထားပေးလို့ရတယ်။ ဒါ့အပြင်၊ အရေးပေါ်ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပစ္စည်းတချို့ကို ကျွန်မက အချိန်မရွေး ထုတ်ယူပေးနိုင်တယ်ဆိုတာလည်း ရှင် ရှင်းရှင်းလင်းလင်း သိတယ်မလား။”
ဒီအချိန်အတောအတွင်း သူမအကြောင်းကို သိလာရပြီးနောက် မော့ကျိုးယွီဟာ သူမရဲ့ စိတ်ကို သိပြီး သူမ လုပ်ချင်တာမှန်သမျှကို သူ တားလို့ မရဘူး။
“မင်း ကိုယ့်နောက်ကနေ အနီးကပ်လိုက်ရမယ်၊ ကိုယ့်အနားကနေ ထွက်သွားလို့မရဘူး။”
“စိတ်မပူပါနဲ့။”
သူတို့နှစ်ယောက်သား စကားပြောနေရင်း ရေကန်ဘေးကို ရောက်သွားခဲ့သည်။
ဟဲကျစ်ယန်သည် ပတ်ဝန်းကျင် လှုပ်ရှားမှုကို သေချာပြန်စစ်ဆေးပြီးနောက် ပုံမှန်ဖြစ်ကြောင်း ခံစားရသဖြင့် သူမ၏ အသိစိတ်ဖြင့် နေရာလွတ်ထဲသို့ အလျင်အမြန် ဝင်ရောက်ကာ လေမှုတ်ရာဘာလှေတစ်စင်းကို ဝယ်ယူလိုက်သည်။
ဆားကန်ထဲကလူတွေ သတိမထားမိနိုင်စေရန်အတွက် သူမဟာ လုံးဝ နက်မှောင်နေသည့် အရောင်ကို အထူးရွေးချယ်ဝယ်ယူခဲ့သည်။
ဟဲကျစ်ယန်သည် ရာဘာလှေကို လျင်မြန်စွာ ဖောင်းပွလာစေရန် လေမှုတ်စက်ကို အသုံးပြုပြီး ရေကန်ထဲသို့ ချလိုက်သည်။
မော့ကျိုးယွီက သူမလက်ကို ဆွဲပြီး အတူဝင်ထိုင်လိုက်သည်။
ရန်သူ သတိမမူမိစေရန်အတွက် လှေလှော်ခတ်သည့် ရေသံကို တစ်ဖက်လူ ကြားသွားမှာကို စိုးရိမ်ပြီး လှေလှော်ရာတွင် ခပ်မြန်မြန် မလှော်ခတ်ဝံ့ပေ။
မော့ကျိုးယွီသည် လှေနှင့် တစ်မီတာခန့်အကွာသို့ ရောက်သောအခါ ညကြည့်မှန်ပြောင်းကို ကောက်ယူပြီး ထပ်မံ စစ်ဆေးကြည့်ခဲ့သည်။
ထို့နောက် သူသည် ညကြည့်မှန်ပြောင်းကို ဟဲကျစ်ယန်အား ပေးလိုက်သည်။
ဟဲကျစ်ယန်က စစ်ဆေးကြည့်ရှုပြီးနောက် “အနီးဆုံး အစောင့်အနည်းငယ်ကို ပစ်သတ်ပြီး သင်္ဘောပေါ်တက်ဖို့ ရှင် တွေးထားတာလား” ဟု တိုးတိုးလေး ကပ်မေးလိုက်သည်။
မော့ကျိုးယွီက ခေါင်းညိတ်သည်၊ “ကိုယ်တို့ မြင်နေရတဲ့ ပဲ့ပိုင်းမှာဆို အစောင့် စုစုပေါင်း ခြောက်ယောက် ရှိတယ်။ တခြားနေရာတွေနဲ့ ယှဉ်ရင် အတော်လေး နည်းတယ်။”
“ကောင်းပြီ၊ ကျွန်မ ဘယ်ဘက်က အစောင့် သုံးယောက်ကို တာဝန်ယူလိုက်မယ်။”
ဟဲကျစ်ယန်က ထိုသို့ပြောပြီးသည်နှင့် တစ်ချိန်တည်းတွင် သူတို့နှစ်ယောက်သား မပြောဘဲသိသောနားလည်မှုဖြင့် လက်မြှောက်ပြီး ရာဘာလှေကို ပန်းလှေအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လှော်ခတ်လိုက်သည်။ ဒူးလေးမြှားသေးလေးများကို အလယ်ရှိ အစောင့်နှစ်ဦး၏ မျက်ခုံးကြားကို ဦးတည်ချိန်ရွယ်ထားပြီးပြီဖြစ်သည်။
သူတို့နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုက အရမ်းကောင်းပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ပြီးပြည့်စုံတယ်လို့ဆိုနိုင်သည်။
မြှားအနည်းငယ်ပစ်ပြီးနောက် တခဏအတွင်းမှာပင် ပကတိမျက်စိအမြင်ဖြင့် အစောင့်ခြောက်ယောက်လုံး မြေပြင်ပေါ်သို့ လဲကျသွးသည်။
သူတို့ရောက်ရှိနေတာကို သံသယမဝင်ခင် မော့ကျိုးယွီက ဟဲကျစ်ယန်ကိုချီပြီး ကိုယ်ဖော့ပညာကို အသုံးပြုကာ လှုပ်ရှားလိုက်သည်။ တစ်ချိန်တည်းမှာပင် ဟဲကျစ်ယန်က ရာဘာလှေကို နေရာလွတ်ထဲသို့ ပို့ဆောင်လိုက်သည်။
ကုန်းပတ်ပေါ်ရှိ အစောင့်ခြောက်ယောက်သည် အသံ လုံးဝ မထွက်နိုင်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ရှေ့ကို လှမ်းကြည့်လိုက်တော့ လှည့်ကင်းတာဝန်ကျတဲ့ အစောင့်တွေတင်မကဘဲ တာဝန်ကျနေတဲ့ အစောင့်တစ်ဖွဲ့လည်း ဒီနားကနေ ဖြတ်သွားပါသေးသည်။
“ကျွန်မတို့ လှုပ်ရှားရ အဆင်ပြေအောင် အစောင့်အဝတ်အစားတွေ လဲကြရအောင်”
ဟဲကျစ်ယန်က တိုးတိုးလေး အကြံပြုလိုက်သည်။
မော့ကျိုးယွီက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် သေးသော အစောင့်၏ အဝတ်အစားများကို ချွတ်ကာ ဟဲကျစ်ယန်ကို ပေးလိုက်ပြီးနောက်တွင် သူသည် သူနှင့် အလုံးအထည်တူသော အစောင့်ဝတ်စုံကို ရှာဖွေပြီး ဝတ်ဆင်လိုက်သည်။
ကင်းလှည့်အစောင့်အဖွဲ့တစ်ဖွဲ့က သူတို့ဆီရောက်လာတဲ့အခါ သူတို့နှစ်ယောက်သား သပ်ရပ်စွာ ပြင်ဆင်ပြီးနေခဲ့ပြီ။
ဒီမှာ လူနှစ်ယောက်ပဲရှိတာကိုမြင်တော့ အစောင့်တွေက “ကျန်တဲ့သူတွေ ဘယ်မှာလဲ” ဟု မေးခဲ့သည်။
မော့ကျိုးယွီက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်၊ “သူတို့တွေ ဗိုက်အခြေအနေမကောင်းကြလို့ အိမ်သာတက်သွားတယ်။”
အစောင့်တွေက သံသယ သိပ်မရှိတော့ဘဲ ပုံမှန်အတိုင်း သူတို့နှစ်ယောက်အနားကနေ ဖြတ်သွားကာ လှည့်ကင်း ဆက်လှည့်ကြသည်။
အစောင့်တွေ ထွက်သွားတာကိုမြင်တော့ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ဟာ ပန်းလှေ၏ ဒုတိယထပ်ကို ဦးတည်ပြီး တက်သွားခဲ့ကြသည်။
ဆန့်ကျင်ဘက်အားဖြင့် ဒုတိယထပ်တွင် တာဝန်ကျအစောင့်များသာမက အရပ်ဝတ်ဖြင့် စားပွဲငယ်များတွင် ထိုင်သောက်ကာ အံစာတုံးကစားနေသောသူများလည်း ရှိသည်။
မော့ကျိုးယွီသည် အရပ်ဝတ် ဝတ်ဆင်ထားသူများသည် ဆားဂိုဏ်းဝင်များ ဖြစ်နိုင်သည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
နန်ဟန်သည် ဆားဂိုဏ်း၏ နောက်ကွယ်မှ ချုပ်ကိုင်သူ အစစ်အမှန် မဟုတ်လျှင်ပင် သူနှင့်လည်း လုံးလုံးလျားလျား ခွဲခြားထား၍မရသည်မှာ ထင်ရှားပါသည်။
ထို့အပြင် ဆားဂိုဏ်းဝင်များ၏ အပြုအမူများကိုကြည့်လျှင် နန်ဟယန်သည် သူတို့နှင့် အလွန်ရင်းနှီးပုံရသည်။
မော့ကျိုးယွီသည် ခဏစောင့်ကြည့်ပြီးနောက် ဟဲကျစ်ယန်ကိုခေါ်ကာ ပန်းလှေခေါင်မိုးပေါ်သို့ တိုက်ရိုက်ခုန်တက်ခဲ့သည်။
နန်ဟန်နှင့် အတော်လေး နီးတဲ့ နေရာကို ရှာတွေ့ခဲ့ပြီး အောက်ကိုငုံ့ကြည့်ဖို့ မျက်နှာကြတ်မှာ အပေါက်လေးတစ်ခု ဖောက်လိုက်သည်။
ဒီအခိုက်အတန့်မှာ ပန်းလှေနှင့် မနီးမဝေးမှာ လှေငယ်တစ်စင်း မျောလာတာကို တွေ့လိုက်ရသည်။
လရောင်အောက်တွင် လှေ၏ ပဲ့ပိုင်းမှာ လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တပ်ရပ်နေသော တစ်စုံတစ်ဦးကို လှမ်းမြင်လိုက်ရကာ ပုံသဏ္ဍာန်အရကြည့်လျှင် အမျိုးသမီးတစ်ဦးနှင့်တူသည်။
ခဏကြာတော့ အစောင့်တွေက သတင်းပို့ဖို့ရောက်လာကြသည်၊ “မင်းသားဟန်ကို သတင်းပို့ပါတယ်၊ တော်ဝင်နည်းပြဆရာ ရောက်လာပါပြီ။”
နန်ဟန်သည် သူ့ရင်ခွင်ထဲမှ အမျိုးသမီးကို တွန်းဖယ်လိုက်ပြီး မတ်တပ်ထရပ်ကာ သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။
“သူ့ကို ကိုယ်တိုင်ကိုယ်ကျ သွားကြိုဖို့ ဒီမင်းသားကို လမ်းပြချေ။”
***