ကြေးနီကြေးခွံကင်းခြေများနက်
Vol. 23 Ch. 310
တစ်ခဏကြာပြီးနောက်....
လန်ဂုနောက်လွင့်သွားပြီး ခန္ဓာကိုယ်ပေါ်မှာ ဓားရာတွေအပြည့်ပင်။
၎င်းညာလက်ရှိလက်သည်းများစွာလည်း ပြတ်ထွက်ကုန်ပြီဖြစ်သည်။
လန်ဂုကြောက်လန့်သွား၏။
ရှုချင်းယန်၏ခွန်အားပြန်ကောင်းမှုက မျှော်လင့်ထားတာထက်ကျော်လွန်နေပြီး လုံးဝထိန်းမထားနိုင်ပေ။
ထိုအရာကိုတွေးပြီး ထွက်ပြေးဖို့သာဆုံးဖြတ်လိုက်သည်။
သားရဲဘုရင်စစ်တပ်ရောက်လာသည့်အခါမှသာ အခွင့်အရေးရှိမည်ဖြစ်သည်။
ရှုချင်းယန် သူ့အစီအစဥ်ကို ဘယ်လိုလုပ်မမြင်ပဲနေမည်နည်း။
နောက်ကလိုက်ဖမ်းဖို့ ခုန်တက်လိုက်ရင်း ညွှန်ကြားလိုက်သည်။
"အကြီးအကဲလင်း, မြန်မြန် သူတို့ကို ဒီနေရာကခေါ်သွားတော့...."
"ဒီကောင့်မှာ စစ်ကူတွေရှိနိုင်တယ်...."
လင်ဂျင်ဟူမျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး မနှောင့်နှေးရဲတော့ပေ။
ချက်ချင်းပဲ တပည့်တွေကို ခေါ်လိုက်သည်။
"မြန်မြန်, သွားကြစို့...."
ဂျန်ဖန်း သူ့လှည်းပေါ်ခုန်တက်ပြီး ကဗျာကယာမောင်းတော့၏။
တစ်နာရီလောက်ကြာပြီးနောက်....
သူတို့က မည်သည့်သားရဲတိုက်ခိုက်မှုမှ အကြုံတွေ့ရ၍ လူတိုင်း သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
သို့ပေမယ့် ဂျန်ဖန်း သတိထားမိ၏။
အစောပိုင်းထွက်သွားသည့် သိမ်းငှက်နက် ပြန်ရောက်လာပြီး သူတို့အထက်မှာ ဝဲပျံနေခဲ့သည်။
ကြည့်ရတာ အခြားနတ်ဆိုးသားရဲတွေကို သူတို့၏တည်နေရာ ညွှန်ပြနေသလိုပင်။
ဤအရာကြောင့် ဂျန်ဖန်းမျက်နှာပြောင်းသွားပြီး ပြောလိုက်သည်။
"အကြီးအကဲလင်း, လူစုခွဲရအောင်, မဟုတ်ရင် ငါတို့ ဘယ်သူမှ လွတ်မြောက်တော့မှာ မဟုတ်ဘူး..."
လင်ဂျင်ဟူ မော့ကြည့်လိုက်သည့်အခါ သူမမျက်နှာလည်း အကြီးကျယ်ပြောင်းလဲသွား၏။
ချက်ချင်းပဲ နတ်ဆိုးသားရဲတွေ သူမတို့နှင့်နီးကပ်နေပြီဆိုတာ သိလိုက်၏။
သူမတို့သာ အတူတကွနေနေလျှင် အဝိုင်းခံရတော့မည်ပင်။
လူခွဲသွားလျှင် သိမ်းငှက်နက် လူတစ်ယောက်ကိုပဲခြေရာခံနိုင်မည်ဖြစ်သည်။
လန်ဂုလိုစစ်သူကြီးတစ်ယောက်တောင် ရှုချင်းယန်ကို ချုံခိုတိုက်ခိုက်သည့်ထဲ ပါဝင်ခဲ့သည်။
ကျန်စစ်ကူတွေကကော ပိုအားနည်းနိုင်မည်လား...
သူမတစ်ယောက်တည်းနှင့် ရှိနေသည့်တပည့်တွေကို မကာကွယ်နိုင်ပေ။
ထို့ကြောင့် အံ့ကြိတ်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။
"လူစုခွဲမယ်၊ မတူတဲ့ဘက်တွေကိုသွားကြ။ မရပ်နဲ့...."
"အသက်ရှင်ရင်, အသင်္ချေဓားဂိုဏ်းမှာ တွေ့မယ်...."
တပည့်တွေ အလွန်အမင်းကြောက်ရွံ့သွား၏။
လင်ဂျင်ဟူကို တွန့်ဆုတ်စွာနှုတ်ဆက်ပြီးသည်နှင့် ဦးတည်ချက်အသီးသီးရွေးကာ ထွက်ပြေးကြတော့၏။
ဂျန်ဖန်းလည်း ရှေ့လမ်းဆုံတစ်ခု၌ လင်ဂျင်ဟူကို နှုတ်ဆက်ပြီး ပြောလိုက်သည်။
"အကြီးအကဲလင်း, ဂရုစိုက်ပါ..."
လင်ဂျင်ဟူ ပြန်ပြောလိုက်သည်။
"မင်းရောပဲ..."
ထို့နောက် သိမ်းငှက်နက်ကိုမော့ကြည့်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ငါက ရမ္မက်ဂိုဏ်းရဲ့ မဟာအကြီးအကဲပဲ...."
"နင့်မှာ သတ္တိရှိရင်, ငါ့ဆီလာခဲ့...."
သိမ်းငှက်နက် သူမစကားကိုနားလည်ပုံရပြီး အမှန်တကယ် သူမဦးတည်ချက်အတိုင်း ပျံသန်းလာခဲ့သည်။
ဂျန်ဖန်း အတော်လေး ရင်ထဲထိသွား၏။
ရမ္မက်ဂိုဏ်းက အဝေဖန်ခံရပေမယ့် မဟာအကြီးအကဲ၏စိတ်ဓာတ်က လေးစားစရာပင်။
သူမကိုယ်သူမအသုံးချပြီး လူငယ်မျိုးဆက်တွေအတွက် အသက်ရှင်ရန် လမ်းကြောင်းဖောက်ပေးခဲ့သည်။
သူက အံ့ကြိတ်လိုက်ပြီး အလျှင်အမြန် အဝေးကို မောင်းထွက်သွား၏။
"နံပါတ် ၁ အရိပ်စောင့် ခဏနေပါအုန်း....."
ထိုအရာက ပြန်ရောက်လာသည့်ရှုယင်းရင်ဖြစ်ပြီး နဖူးမှာချွေးတွေစိုဆွဲနေခဲ့သည်။
"ငါလည်း နင်နဲ့လိုက်ခဲ့မယ်...."
ဂျန်ဖန်း ပြောလိုက်သည်။
"ငါနဲ့လိုက်အသေခံမလို့လား..."
"မြန်မြန်သွားတော့, ဒါဆို ငါတို့နှစ်ယောက်လုံး အသက်ရှင်ဖို့အခွင့်အရေးရှိသေးတယ်...."
အကြီးအကဲလင်း နတ်ဆိုးသားရဲ၏အာရုံကိုဆွဲဆောင်သွားသော်လည်း....
အခြားလမ်းတွေ၌ ချုံခိုတိုက်ခိုက်မှုတွေ မရှိတော့ဘူးဟုမည်သူ အာမခံနိုင်မည်နည်း။
ဂျန်ဖန်းသွားသည့်လမ်းသာ အန္တရာယ်ရှိနေလျှင် ရှုယင်းရင်ကိုပါ ပါဝင်ပတ်သက်စေမိမည်ဖြစ်သည်။
သို့ပေမယ့် ရှုယင်းရင် လှည်းပေါ်ခုန်တက်ပြီး နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
"ငါမသွားဘူး...."
"နတ်ဆိုးသားရဲတွေနဲ့တွေ့ရလောက်တဲ့ထိ ငါတို့ကံဆိုးမယ်လို့မထင်ဘူး...."
နံပါတ် ၁ အရိပ်စောင့်က သူမကို မကြာခဏ ကူညီခဲ့သည်။
ထိုအရာကြောင့် သူမစိတ်ထဲလေးလံနေခဲ့သည်။
သူမကပြန်ပေးဆပ်ချင်ပေမယ့် အခွင့်အရေးမရှိခဲ့ပေ။
ယခု, အသက်အန္တရာယ်ကြုံနေရချိန် အရေးကြီးအခိုက်အတန့်မျိုးမှာ နတ်ဆိုးသားရဲတွေတားဆီးပြီး သူမ သူ့အတွက်အခွင့်အရေးတစ်ခုဖန်တီးပေးမည်ဟု တွေးထား၏။
"မင်း...."
ဂျန်ဖန်း အပြင်းအထန် မျက်မှောင်ကြုတ်သွား၏။
သို့ပေမယ့် အခြားတပည့်တွေ ခြေရာလက်ရာမကျန်ပဲ ထွက်ပြေးသွားကြတာမြင်သည့်အခါ....
သူလည်း မကြန့်ကြာနိုင်တော့ပဲ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
"ကြပ်ကြပ်ကိုင်ထား..."
ထို့နောက် တောင်လမ်းအတိုင်း အရှိန်ပြင်းပြင်းမောင်းနှင်လိုက်၏။
လမ်းကကျဥ်းမြောင်းကြမ်းတမ်းပြီး မြင်းရုန်းကန်နေရကာ နှေးကွေးလာခဲ့သည်။
ရှုယင်းရင်းပြောလိုက်သည်။
"လှည်းကိုထားခဲ့ရအောင်..."
ဂျန်ဖန်း တွေဝေသွား၏။
လှည်းထဲ၌ ခရမ်းဓားနှင့် ရှေးဟောင်ဗျတ်စောင်းရှိ၏။
သို့ပေမယ့်....
ရမ္မက်ဂိုဏ်းအဖွဲ့ဝင်တွေ မရှိတော့၍ ရှာတွေ့သွားမှာ စိုးရိမ်စရာမလိုတော့ပေ။
သူက ကောင်းညိတ်ပြီး ရှေ့နားမှာရပ်တန့်လိုက်၏။
ထို့နောက် လှည်းထဲမှပစ္စည်းတွေယူဖို့ တစ်ဖက်လှည့်လိုက်သည်။
သို့ပေမယ့် ရုတ်တရက်...
ဂျန်ဖန်းစိတ်ထဲ၌ ချီလင်းလေး၏ အဆောတလျှင်အော်သံ ထွက်ပေါ်လာခဲ့သည်။
"သခင်, မင်းဘာလို့ရပ်လိုက်တာလဲ...."
"မြေအောက်ကကောင်လိုက်မှီတော့မှာ...."
ဘာ?....
ဂျန်ဖန်း တုန်လှုပ်သွား၏။
သူ့နောက်ကိုလိုက်နေသည့် နတ်ဆိုးသားရဲတစ်ကောင်ရှိနေခဲ့သည်။
အာရုံစိုက်လိုက်သည့်အခါ သူတို့အောက်ရှိမြေပြင်တုန်ခါနေတာကို ခံစားမိ၏။
ထို့ပြင် ပိုပိုပြီးပြင်းထန်လာခဲ့သည်။
တစ်ခုခု အလျှင်အမြန် ချည်းကပ်လာတာကို ညွှန်ပြနေတာပင်။
သူ့မျက်နှာ အနည်းငယ်ပြောင်းလဲသွား၏။
ချက်ချင်းပဲ လှည်းအောက်ခြေပြားကိုခြေမွကာ အထဲရှိ ခရမ်းဓားနှင့် ရှေးဟောင်းဗျတ်စောင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် မြင်းဖင်ကိုပိတ်ကန်လိုက်၏။
မြင်းနာကျင်သွား၍ လှည်းကိုဆွဲကာ ဝရုန်းသုန်းကားပြေးတော့၏။
ရှုယင်းရင်၏အံ့အားသင့်မှုနှင့်အတူ ဂျန်ဖန်း သူမ၏သေးသွယ်သည့်ခါးလေးကိုပွေ့ဖက်ကာ ပြောလိုက်သည်။
"စကားမပြောနဲ့...."
သူက လှုပ်ရှားမှုနည်းလမ်းသုံးပြီး သူမကို သစ်ပင်ကြီးတစ်ခုပေါ်သို့ ပွေ့ချည်သွားခဲ့သည်။
ထို့နောက် ပင်စည်တစ်ခုမှာကပ်ပြီး မလှုပ်မယှက်နေလိုက်၏။
ရှုယင်းရင်မျက်နှာ အလျှင်အမြန်ပဲ နီရဲလာကာ မျက်လုံးတွေ၌ ဆွဆောင်မှုရှိသည့်အလင်းရောင်တွေ တောက်ပလာခဲ့သည်။
ဤအခိုက်အတန့်၌ သူမကို ဂျန်ဖန်းက သစ်ပင်နှင့် တင်းကြပ်စွာဖိကပ်ထားခဲ့သည်။
သူတို့မျက်နှာချင်းထိလုနီးပါးဖြစ်ပြီး အသက်ရှူသံတွေကို ကြားနေရသည်။
ဂျန်ဖန်းရင်ဘတ်မှပူနွေးမှုနှင့် သူ၏သန်မာသည့်နှလုံးခုန်သံကိုတောင် ခံစားမိ၏။
ဤအရာက ယောက်ျားတစ်ယောက် ဤလောက်ထိနီးနီးကပ်ကပ်နေဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူမမျက်နှာ အလျှင်အမြန်ပဲ ပုံမှန်မဟုတ် ဖြစ်လာပြီး ဂျန်ဖန်းကို တွန်းဖယ်တော့မည်အချိန်မှာပဲ...
ရုတ်တရက် သစ်ပင်တုန်ခါသွား၏။
တိတိကျကျပြောရလျှင် တောအုပ်တစ်ခုလုံး တုန်ခါသွားတာဖြစ်သည်။
မြေပြင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည့်အခါ သူမမျက်ခွံ့တွေကျုံ့သွားစေသည့်အရာတစ်ခုကို မြင်လိုက်ရသည်။
မြေပြင်အောက်၌ တစ်စုံတစ်ခု အလျှင်အမြန်လှုပ်ရှားနေပြီး မျက်နှာပြင်အက်ကွဲလိုက်နေ၏။
ထိုသတ္တဝါက အသံအပေါ် အလွန်အမင်းအာရုံခံစားမှုပြင်း၏။
၎င်းက မြင်ခွာသံနောက်ကို အလျှင်အမြန်ပဲ လိုက်သွားပြီး မကြာခင် အက်ကွဲရာက လှည်းဆီရောက်သွားခဲ့သည်။
မြင်း အန္တရာယ်ကိုခံစားမိပြီး ကြောက်လန့်တကြားဟီးလိုက်၏။
သို့ပေမယ့် အချည်းနှီးပင်။
ကျယ်သံသည့် ပေါက်ကွဲသံနှင့်...
မြေပြင်ရုတ်တရက် ပေပေါင်းများစွာ ပွင့်ထွက်သွား၏။
ထိုအခါ ပေဆယ်ချီရှည်လျားပြီး ပေပေါင်းအနည်းငယ်အကျယ်ရှိသည့် ဧရာမကင်းခြေများကြီး မြေပြင်မှထွက်ပေါ်လာခဲ့သည်။
၎င်း၏ ကြီးမားပြီး ချွန်ထက်သည့်သွားအပြည့်ပါးစပ်ကြီးဖြင့် လှည်းတစ်ခုလုံးကို တစ်ခါတည်းမျိုချလိုက်၏။
ရှုယင်းရင်မျက်နှာ ဖြူဖြော့သွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
သို့ပေမယ့် ပါးစပ်ပွင့်တော့မည်အချိန်မှာပဲ လက်တစ်ဖက်က သူမ၏အနီရောင်နှုတ်ခမ်းလေးကိုပိတ်လိုက်သည်။
ဂျန်ဖန်းမျက်နှာလေးနက်နေပြီး တိတ်တိတ်နေဖို့ အချက်ပြလိုက်သည်။
ရှုယင်းရင်း တည်ငြိမ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှသာ ဂျန်ဖန်း သူ့လက်ကို ဖယ်လိုက်သည်။
သူတို့က အသက်ရှူသံကိုထိန်းညှိထားပြီး အသံတစ်သံတောင် မထွက်ရဲကြပေ။
မြေကြီးအောက်တဖန်ပြန်ဝင်သွားသည့် ဧရာမကင်းခြေမြားကြီးကိုကြည့်နေခဲ့ကြသည်။
၂၅ မိနစ်လောက်ကြာပြီးနောက်....
ပတ်ဝန်းကျင်တိတ်ဆိတ်သွားပြီး မြေပြင်လည်း ငြိမ်သက်သွား၏။
ရှုယင်းရင် ဂျန်ဖန်းကို မေးခွန်းထုတ်သည့်အကြည့်ကြည့်လိုက်သည်။
အဓိပ္ပာယ်က အခု ငါတို့လမ်းလျှောက်နိုင်ပြီလားဟူ၍ပင်။
ဂျန်ဖန်း ခေါင်းခါယမ်းပြီး စိတ်ဝိညာဥ်စွမ်းအားဖြင့် ပင်စည်ပေါ်မှာ စာရေးပြလိုက်သည်။
"ဒါက ကြေးနီကြေးခွံကင်းခြေများနက်ပဲ။ အရွယ်ရောက်တစ်ကောင်က အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်ရှိပြီး အရမ်းဉာဏ်နီဉာဏ်နက်များတယ်...."
"ဘာမှမရှိတဲ့လှည်းက သူ့ကို အရူးလုပ်နိုင်မှာမဟုတ်ဘူး..."
အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်?....
ရှုယင်းရင်း လျှာကိုက်မိပြီး အသက်တောင် ကျယ်ကျယ်မရှူရဲတော့ပေ။
တစ်နာရီလောက်ကြာပြီးနောက်....
ပတ်ဝန်းကျင်က ငြိမ်သက်နေဆဲဖြစ်ပြီး အသံတစ်သံမှမကြားရပေ။
သူမက ဂျန်ဖန်းကိုအတုခိုးပြီး စာရေးပြလိုက်သည်။
"သူသွားလောက်ပြီမလား...."
ဂျန်ဖန်းလည်း ထူးဆန်းနေ၏။
သူပဲ မှားနေသည်လား?....
သတိထားသည့်အနေဖြင့် သူက ခုန်ချမသွားပေ။
ခဏနေတော့ ထိခိုက်ထားသည့်အနက်ရောင်ဓားကိုထုတ်ပြီး အတွေးတစ်ခုဖြင့်ထိန်းချုပ်ကာ အဝေးကို ပစ်လွတ်လိုက်သည်။
ဝှစ်!
အနက်ရောင်ဓား လျှပ်စီးကဲ့သို့ရွေ့လျားသွားပြီး ဓားမြည်သံနှင့်အတူ လေထုကို ထိုးခွင်းသွားခဲ့သည်။
တိတ်ဆိတ်နေသည့်တောအုပ်ထဲ၌....
၎င်းက အလွန် ရုတ်တရက်ဆန်လွန်း၏။
တစ်ချိန်တည်းမှာပဲ....
ရှုယင်းရင်မျက်နှာပြောင်းသွားစေတာက....
သစ်တောတစ်ခုလုံး နောက်တစ်ကြိမ်တုန်ခါလာခဲ့သည်။