ကစားပွဲ
Vol. 23 Ch. 311
သူတို့နှင့် ၁၀ ပေအကွာရှိမြေပြင် ရုတ်တရက် ပေါက်ကွဲသွား၏။
ထွက်သွားပုံရသည့် ကြေးနီကြေးခွံကင်းခြေများနက် အရိပ်တစ်ခုလိုပြေးဝင်လာပြီး အနက်ရောင်ဓားကို ကြမ်းကြတ်စွာ ကိုက်ချလိုက်၏။
ခရက်!
အက်ကွဲသံတစ်ခုပဲ့တင်ထပ်လာပြီး အလယ်အလတ်အဆင့်မှော်လက်နက်ဖြစ်သည့် အနက်ရောင်ဓား နှစ်ပိုင်းချိုးသွားခဲ့သည်။
သူ အလှည့်စားခံရတာ နားလည်သွားပုံရကာ...
ကြေးနီကြေးခွံကင်းခြေများနက် ၎င်း၏ရှည်လျားသည့်ခန္ဓာကိုယ်ကြီးကို မြှောက်ပြီး ရက်စက်သည့်မျက်လုံးတွေဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
၎င်းခေါင်းပေါ်ရှိ အာရုံခံတိုင်နှစ်ခုက အဆက်မပြတ်လှုပ်ခါနေပြီး ပတ်ဝန်းကျင်ရှိအသံတွေကို ထောက်လှမ်းနေခဲ့သည်။
ရှုယင်းရင် သူမပါးစပ်ကိုကာပြီး ကြောက်လန့်တကြားမအော်မိစေရန်ကာကွယ်လိုက်၏။
အဆုံးမှာတော့ နံပါတ် ၁ အရိပ်စောင့် မှန်နေခဲ့သည်။
ဤကြေးနီကြေးခွံကင်းခြေများနက်က တကယ်ပဲ သူတို့ကို ချောင်းမြောင်းနေခဲ့သည်။
ထို့ပြင်, တစ်နာရီနီးပါး မြေကြီးထဲမှာ စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့သည်။
နံပါတ် ၁ အရိပ်စောင့်၏သတိထားနေခြင်းကြောင့်သာမဟုတ်လျှင် သူမတို့နှစ်ယောက်လုံး ၎င်းအကွက်ထဲကျသွားမည်ဖြစ်သည်။
ကြေးနီကြေးခွံကင်းခြေများနက် အချိန်အတော်ကြာသည့်တိုင်လှုပ်ရှားမှုမရှိတာမြင်တော့ ၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးကို ဒေါသတကြီးလှုပ်ယမ်းကာ ထွက်ခွာသွားခဲ့သည်။
တုန်ခါသံ တဖြည်းဖြည်းမိန်ဖျော့သွားပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့သည်။
အမှန်တကယ်ထွက်ခွာသွားပုံပင်။
ရှုယင်းရင် နှုတ်ခမ်းအနည်းငယ်ဟပြီး စကားပြောတော့မည့်အချိန်မှာပဲ ဂျန်ဖန်း သူမကို နောက်တစ်ကြိမ်တားလိုက်သည်။
သူကစာရေးလိုက်၏။
"ငါတို့ထွက်လာအောင် ဟန်ဆောင်မျှားခေါ်နေတာ..."
ဘာ?...
ရှုယင်းရင်းမျက်လုံးအပြူးသားဖြင့် ပတ်ဝန်းကျင်ကိုကြည့်နေပြီး ကြောက်ရွံ့မှုကြောင့် ဦးရေပြားတွေထုံကျဥ်သွား၏။
အဝေးရှိသစ်တောနက်ထဲ၌ အာရုံခံတိုင်နှစ်ခု ထောင်မတ်ပြီး အလျှင်အမြန် ခါယမ်းနေခဲ့သည်။
သူမ အမနေနိုင်ပဲ အသက်ပြင်းပြင်းရှူလိုက်၏။
ဤသားရဲဘုရင်က မယုံနိုင်လောက်အောင်ကို ဉာဏ်နီဉာဏ်နက်များ၏။
သူမတစ်ယောက်တည်းသာဆိုလျှင် အသက်ဘယ်လောက်ရှိရှိ ထိုသားရဲ၏လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
နှစ်ယောက်လုံး အသက်ရှူသံထိန်းထားပြီး အာရုံစိုက်နေကြသည်။
နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် စိတ်ရှည်မှုကို စမ်းသပ်နေခဲ့သည်။
သိသာစွာပင်, ကြေးနီကြေးခွံကင်းခြေများနက် ဦးစွာ စိတ်ရှည်မှုဆုံးရှုံးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော်, ၎င်း၏တာဝန်က လန်ဂုကိုကူညီပြီး ရှုချင်းယန်ကို တိုက်ခိုက်ဖို့ပင်။ ဤနေရာရှိ အမည်မသိလူတွေနှင့် အချိန်ဖြုန်းဖို့ အချိန်မရှိပေ။
ထို့ကြောင့်, တစ်နာရီစိတ်ရှည်စွာစောင့်ပြီး သားကောင်၏အရိပ်အယောင်မတွေ့၍ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
၎င်း၏ရှည်လျားသည့်အမြီးက လမ်းတစ်လျှောက် သစ်ပင်ကြီးတွေကို ကြမ်းတမ်းစွာ ရိုက်ခတ်သွားပြီး....
လူခန္ဓာကိုယ်လောက်ရှိသည့်ရှေးဟောင်းသစ်ပင်ကြီးတွေကို ချက်ချင်း ချိုးပဲ့သွားစေခဲ့သည်။
မိုးထိအောင်မြင့်သည့်ရှေးဟောင်းသစ်ပင်ကြီးတွေ တစ်ဝုန်းဝုန်းဖြင့် တစ်ပင်ပြီးတစ်ပင် လဲကျသွား၏။
ဂျန်ဖန်းမျက်နှာကို ပိုပြီးမဲမှောင်သွားစေတာက....
မနီးမဝေးရှိ သစ်ပင်ကြီးတွေထဲမှတစ်ပင် သူတို့ရှိရာသစ်ပင်ဆီသို့လဲကျလာ၏။
ဝုန်း!
ကျယ်လောင်သည့်အသံဖြင့် ဂျန်ဖန်းတို့သစ်ပင် အပြင်းအထန်တုန်ခါသွားကာ နှစ်ယောက်သားမထိန်းနိုင်ပဲ သစ်ပင်ပေါ်မှ ပြုတ်ကျသွားကြ၏။
ဂျန်ဖန်း လှုပ်ရှားမှုနည်းစနစ် အလျှင်အမြန်သုံးပြီး အသံတိုးနိုင်သမျှတိုးအောင် လုပ်လိုက်တာတောင်....
ကြေးနီကြေးခွံကင်းခြေများနက်ခေါင်းရှိ အာရုံခံတိုင်နှစ်ခု ရုတ်တရက် ကြမ်းတမ်းစွာတုန်ခါလာပြီး သားကောင်၏ ပုံမှန်မဟုတ်သည့် ခြေနင်းသံကိုကြားလိုက်၏။
သူက တစ်ဖက်လှည့်လာပြီး စိတ်လှုပ်ရှားသည့် စူးစူးဝါးဝါးအသံတစ်ခု ထုတ်လွတ်လိုက်သည်။
ဆိုလိုတာက...
ငါမင်းတို့ကိုရှာတွေ့ပြီဟူ၍ပင်။
၎င်း၏သွေးနီရောင်မျက်လုံးတွေက ဂျန်ဖန်းနှင့်ရှုယင်းရင်တို့ကို စိုက်ကြည့်နေ၏။
ရှုယင်းရင်မျက်နှာပေါ်၌ ကြောက်ရွံ့မှုတွေပြသလာပေမယ့် ရဲရင့်စွာပဲဓားဆွဲထုတ်လိုက်သည်။
သူမအသံကတုန်ယင်နေပြီး ပြတ်သားစွာပြောလိုက်သည်။
"နံပါတ်တစ်အရိပ်စောင့်, နင်အရင်သွားနှင့်...."
ဟမ်?...
ဂျန်ဖန်း အနည်းငယ်ကြောင်သွားပြီး ရှုယင်းရင်ကို အံ့အားသင့်စွာကြည့်လိုက်သည်။
အရေးကြီးအခိုက်အတန့်၌ ရှုယင်းရင် တကယ်ပဲ အခြားသူကိုကာကွယ်ဖို့ သူမကိုယ်သူမ စတေးဖို့ရွေးချယ်နေ၏။
ဤအရာက သူသိသည့် မာနကြီးစိတ်ထင်ရာလုပ်တတ်သည့် ရှုယင်းရင်မှ ဟုတ်သေးရဲ့လား....
သူမသာ အစကတည်းက ဤကဲ့သို့ကျိုးကြောင်းဆီလျော်ခဲ့မည်ဆိုလျှင်....
သူတို့နှစ်ယောက်ကြားကိစ္စတွေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည်ဖြစ်သည်။
သို့ပေမယ့် ရှုယင်းရင်ကိုထားခဲ့ပြီး ထွက်ပြေးတာက ဂျန်ဖန်းလုပ်နိုင်သည့်အရာမဟုတ်ပေ။
"မင်းအရင်သွားပါ...."
ဂျန်ဖန်း ဖြည်းဖြည်းချင်း လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုဆွဲထုတ်ပြီး အကြည့်တွေကလေးနက်ကာ ကြောက်ရွံံ့မနေပေ။
ရှုယင်းရင် ခေါင်းမာစွာဖြင့် ပြောလိုက်သည်။
"ငါ နင့်ကိုသွားလို့ပြောနေတယ်။ မငြင်းနဲ့...."
"ဒီနည်းနဲ့ ငါနင့်ကို နောက်ထပ်အကြွေးမတင်တော့ဘူး...."
အလျှင်အမြန်ချည်းကပ်လာသည့် ဧရာကင်းခြေများကြီးကိုကြည့်ပြီး သူမ ပိုကြောက်ရွံ့လာကာ ဓားတောင် ခိုင်မြဲစွာ မကိုင်နိုင်တော့ပေ။
အသံမှာလည်း ရှိုက်သံသဲ့သဲ့ ပါလာခဲ့၏။
ဂျန်ဖန်း ဆွံ့အသွား၏။
ဒီလောက်ကြောက်နေမှတော့ မင်းက ဘယ်လိုအချိန်ဆွဲထားမှာလဲ....
ကြေးနီကြေးခွံကင်းခြေများနက်ရဲ့ အမြီးရိုက်ချက်တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး....
ဂျန်ဖန်း ပြောဖို့ပြင်လိုက်ချိန်မှာပဲ ရှုယင်းရင်စကားတွေကြောင့် ရပ်တန့်သွားပြီး သူ့ခန္ဓာကိုယ်ကို အနည်းငယ်တုန်ယင်သွား၏။
"နင်အသက်ရှင်ခဲ့ရင်, တိမ်စိမ်းဂိုဏ်းကိုသွားပြီး ငါ့ဆရာကို ငါသေသွားပြီဖြစ်တဲ့အကြောင်းပြောပေးပါ...."
"ပြီးတော့...."
"ဂျန်ဖန်းကိုလည်းပြောလိုက်ပါ။ ငါက တောင်ပန်းပါတယ်လို့...."
ပြောပြီးနောက် ဂျန်ဖန်းကို အဝေးတွန်းလွတ်ပြီး ပြောလိုက်သည်။
"မြန်မြန်သွား၊ ပြန်လှည့်မကြည့်နဲ့....."
သူမက အံကြိတ်ပြီး သုံးပေရှည်သည့် အစိမ်းရောင်တောင်ထွဋ်ဓားကို လက်နှစ်ဖက်ဖြင့်ကိုင်လျက် ကြေးနီကြေးခွံကင်းခြေများနက်ဆီ ပြေးဝင်သွားခဲ့သည်။
ကြေးနီကြေးခွံကင်းခြေများနက် အထင်သေးသည့်အမူအရာ ပြသလိုက်၏။
၎င်း၏ကြီးမားသည့်အမြီးကြီးက နောက်ခံပုံရိပ်တွေချန်ထားခဲ့ပြီး ကိုယ့်သေတွင်းကိုယ်တူးသည့် ရှုယင်းရင်ဆီ အပြင်းအထန် ရိုက်ချလိုက်သည်။
ရှုယင်းရင် နတ်ဆိုးလေပြင်းတစ်ခု သူမကိုရိုက်ခတ်သွားသလိုခံစားရပြီး အမြင်က သေးငယ်သည့်လက်သည်းအပြည့် အမြီးကြီးဖြင့် ပြည့်နှက်သွားခဲ့သည်။
နှလုံးသားက ဝမ်းနည်းမှုအရိပ်အယောင်နှင့်အတူ ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှုတို့နှင့်ပြည့်နှက်သွား၏။
သူမတကယ်ပဲ ဤကဲ့သို့သေဆုံးသွားတော့မည်လား?...
နောင်တတွေအများကြီးရှိိနေသေး၏။
မသိစိတ်အရ, ဂျန်ဖန်းပုံရိပ် သူမစိတ်ထဲမှာ ပေါ်လာပြီး ခါးသီးမှုတစ်ခု ရင်ထဲမှာ တက်လာခဲ့သည်။
ကံမကောင်းစွာဖြင့်, အရာအားလုံးပြီးဆုံးသွားပြီပင်။
မျှော်လင့်မဲ့သည့်အပြုံးနှင့် ဓားကို ဧရာမအမြီးကြီးဆီသို့ လွဲယမ်းပြီး သူမအသက်ကို အဆုံးသတ်လိုက်သည်။
ဝှစ်!
ထိုအရေးကြီးအခိုက်အတန့်၌....
သူမခါး တင်းကြပ်သွား၏။
ထို့နောက်, ကမ္ဘာကြီးလည်သွားသလိုခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ နံပါတ် ၁ အရိပ်စောင့်ရင်ခွင်ထဲ တဖန်ပြန်ရောက်နေတာ တွေ့လိုက်၏။
သူက သူမကိုပွေ့ထားပြီး သစ်ပင်တစ်ပင်မှတစ်ပင် ခုန်ကူးနေခဲ့သည်။
"နင်... ဘာလို့စကားနားမထောင်တာလဲ...."
ရှုယင်းရင် ထိတ်ထိတ်ပျာပျာဖြင့် အော်လိုက်၏။
နံပါတ် ၁ အရိပ်စောင့်တစ်ယောက်တည်းဆိုလျှင် သူ၏လှုပ်ရှားမှုနည်းလမ်းဖြင့် လွတ်မြောက်ဖို့မျှော်လင့်ချက်ရှိ၏။
သို့ပေမယ့်...
သူမပါတစ်ပါတည်းခေါ်သွားမည်ဆိုလျှင် သေချာပေါက် လွတ်မည်မဟုတ်ပေ။
ဂျန်ဖန်း လေးနက်သည့်အကြည့်ဖြင့် ပြောလိုက်သည်။
"စကားမပြောနဲ့, ဒါကို တင်းတင်းကြပ်ကြပ်ကိုင်ထား...."
သူက ကောင်းကင်ထောင်ထွဋ်ပိုးမျှင် အစွန်းတစ်ဖက်ကို ရှုယင်ရင်းလက်ဝါးထဲထည့်ပေးလိုက်သည်။
ထိုအခိုက်အတန့်၌....
ကြေးနီကြေးခွံကင်းခြေများနက်, ၎င်း၏အမြီးရိုက်ချက်လွဲသွား၍ အရှက်ရပြီး ဒေါသထွက်သွားခဲ့သည်။
သေးငယ်သည့်လူသားနှစ်ယောက်က ၎င်းကို အချိန်တစ်နာရီတိတိ ဖြုန်းတီးစေခဲ့၏။
ထိုအရာကကို အလုံအလောက် စော်ကားရာရောက်နေပြီဖြစ်ပြီး ၎င်း၏တိုက်ခိုက်မှုအလယ်မှ တစ်စုံတစ်ယောက်ကို ကယ်ထုတ်သွားတာ မျက်နှာဖြတ်ရိုက်လိုက်တာပင်။
ဝေါ!
နောက်ကနေ ဒေါသတကြီးလိုက်တော့၏။
၎င်း၏ကြီိးမားသည့်ခန္ဓာကိုယ်ကြီးက အရှိန်နှင့် သွက်လက်မှုကို လုံးဝအဟန့်အတားမဖြစ်စေပဲ မြေကြီးပေါ်မှာ အလျှင်အမြန်ပဲ တွားသွားနေခဲ့သည်။
အသက်ရှူချိန်အနည်းငယ်ဖြင့်, ဂျန်ဖန်းတို့ကို လိုက်မီလာ၏။
ဂျန်ဖန်းမျက်နှာ ပြောင်းလဲသွားပြီး သစ်ကိုင်းတစ်ခုကိုနင်း၍ အရှိန်ယူကာ ဘယ်ဘက်သို့ အလျှင်အမြန်ရှောင်တိမ်းလိုက်၏။
ကြေးနီကြေးခွံကင်းခြေများနက်က အလွန်အမင်းသွက်လက်လွန်း၏။
၎င်း၏ခန္ဓာကိုယ်က လေထဲမှာရှိနေပေမယ့် ခန္ဓာကိုယ်အပေါ်ပိုင်းကိုလှည့်ကာ တိုက်ခိုက်သည့်ဦးတည်ချက်ကိုပြောင်းလိုက်၏။
ဘန်း!
၎င်းက ဂျန်ဖန်းတွန်းအားအဖြစ်အသုံးပြုသည့် သစ်ပင်ကြီးကိုဝင်တိုက်လိုက်ပြီး အပိုင်းပိုင်းကျိုးကျေသွားစေကာ သစ်သားအပိုင်းအစကြီးတွေ သူတို့နှစ်ယောက်ဆီသို့ လွင့်စင်လာခဲ့သည်။
ဂျန်ဖန်း အလျှင်အမြန်ပဲ ရှုယင်းရင်ကိုသူ့ရှေ့မှာကာထားလိုက်ပြီး သစ်စအားလုံးကို သူ့နောက်ကျောဖြင့် တားဆီးထားလိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
ပြင်းထန်သည့်ပေါက်ကွဲမှုတွေ အလယ်၌ ဂျန်ဖန်းကျော သွေးတွေ စိုးဆွဲသွား၏။
အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်၏ တိုက်ခိုက်မှုကို ခုခံနိုင်သည့် ထိပ်တန်းအဆင့်ချပ်ဝတ်ဝတ်ဆင်ထားလို့တော်သေး၏။
မဟုတ်လျှင်, သစ်ချောင်းတွေက သူ့အသားတွေကို ဆုတ်ဖြဲရုံတင်မကပဲ ဆန်ကာပေါက်ပါဖြစ်သွားစေမည်ဖြစ်သည်။
ဂျန်ဖန်းနာကျင်စွာညီးညူလိုက်ပေမယ့် အံ့ကြိတ်ပြီး လှုပ်ရှားမှုနည်းလမ်းအသုံးပြုကာ သစ်တောတစ်လျှောက် စနစ်တကျ ခုန်ပျံနေခဲ့သည်။
ရှုယင်းရင် ဂျန်ဖန်းကျောမှ စေးကပ်မှုကိုသတိထားမိပြီး စမ်းကြည့်လိုက်ရာ သူမလက် သွေးတွေနှင့်ဖုံးလွမ်းသွားပြီး ထိတ်လန့်တကြား အော်လိုက်သည်။
"နင်ဒဏ်ရာရသွားပြီ...."
ဂျန်ဖန်း နာကျင်မှုကိုတောင့်ခံပြီး ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး။ ပိုးမျှင်ကိုသာ တင်းတင်းကြပ်ကြပ်ကိုင်ထား...."
"ငါတို့အသက်ရှင်ဖို့က အဲ့ဒီအရာပေါ်မှာ မူတည်နေတယ်....
အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်သားရဲဘုရင်နှင့်ရင်ဆိုင်ရသည့်အခါ သူ့၌ အနိုင်ရဖို့အခွင့်အရေးမရှိပေ။
သန္ဓေသားကျောက်စိမ်းအဆောင်ကို မသုံးသရွေ့ပင်။
သို့ပေမယ့် ထိုအရာက နောက်ဆုံးနည်းလမ်းဖြစ်၏။
ယခု သူက ကောင်းကင်တောင်ထွဋ်ပိုးမျှင်၏စွမ်းအားကို စမ်းသပ်ကြည့်ချင်နေ၏။
ရှုယင်းရင် သူမနှင့်နီးကပ်နေသည့် နံပါတ် ၁ အရိပ်စောင့်ကိုကြည့်နေပြီး ရှင်းပြလို့မရသည့် ကျေးဇူးတင်မှုကို ခံစားလိုက်ရသည်။
သူမနားမလည်ပေ။
ဘာကြောင့် နံပါတ်တစ်အရိပ်စောင့်က သူမအပေါ် အရမ်းကောင်းနေရသနည်း။
သူမကိုကာကွယ်ဖို့ သူ့အသက်ကိုတောင် စွန့်စားနေခဲ့သည်။
ထိုအရာက တန်ရဲ့လား...
သူမအတွေးထဲနစ်မြောနေစဥ်, ဂျန်ဖန်း အကြိမ်များစွာ ခုန်ကူးနေ၏။
ကြေးနီကြေးခွံကင်းခြေများနက်လည်း နောက်မှထပ်ကြပ်မကွာလိုက်နေပြီး အကြိမ်များစွာ ကိုက်မိလုနီးပါးပင်။
အခြေအနေက အလွန်အန္တရာယ်များ၏။
ကြေးနီကြေးခွံကင်ခြေများနက် စော်ကားမှုအချို့ခံစားလိုက်ရ၏။
အခြေခံတည်ဆောက်ခြင်းအဆင့် လူသားနှစ်ယောက်က အစွမ်းထက်လှုပ်ရှားမှုနည်းလမ်းသုံးပြီး သူ့ကို ပြေးတမ်းလိုက်တမ်းကစားနေခဲ့သည်။
သူ ဒေါသထွက်လာပြီပင်။
သေးငယ်သည့်ခြေသည်းအစုံတစ်ရာကို အဆက်မပြတ်လှုပ်ရှားလိုက်ပြီး ကိုယ်တွင်းက နတ်ဆိုးအမြုတေကလည်း နတ်ဆိုးစွမ်းအင်ပမာဏများစွာကို ထုတ်လွတ်လာ၏။
ချက်ချင်းဆိုသလိုပဲ...
၎င်း၏အရှိန်က ၁၀ ဆ တိုးလာခဲ့သည်။
ဂျန်ဖန်းခုန်ပြီးခါစ တွန်အားမရှိချိန်ကိုအခွင့်ကောင်းယူပြီး ၎င်းက ရုတ်တရက် ရှေ့ကိုပြေးထွက်လာ၏။
ဂျန်ဖန်းလှည့်ကြည့်လိုက်သည့်အခါ အရိပ်တစ်ခုသာမြင်လိုက်၏။
ကြေးနီကြေးခွံကင်းခြေများနက် လိုက်မီသွားပြီး ၎င်း၏ပါးစပ်ကြီးက လက်မအနည်းငယ်သာလိုတော့၏။
သို့ပေမယ့် ဂျန်ဖန်း ထိတ်လန့်မသွားပေ။
ထိုအစား, သူ့မျက်နှာ၌ ပျော်ရွင်သည့်အရိပ်ယောင်အချို့ ပေါ်လာ၏။
သူက ဤအခိုက်အတန့်ကိုစောင့်နေတာဖြစ်သည်။
ကြေးနီကြေးခွံကင်းခြေများ ဂျန်ဖန်းမျက်လုံးထဲရှိ အလင်းတန်းကိုမြင်သည့်အခါ ၎င်းနှလုံးသား ရုတ်တရက် တုန်လှုပ်သွား၏။
ခဏနေပါအုန်း...
တစ်ခုခုမှားနေပြီ...