ပိုးမျှင်ဖြင့်အာဏာထူထောင်ခြင်း
Vol. 23 Ch. 312
၎င်းက ပိုလို့တောင် မလွယ်ကူသလို ခံစားလိုက်ရ၏။
ဂျန်ဖန်း ပြင်ဆင်ထားပြီးဖြစ်၏။
အတွေးတစ်ခုနှင့် ကျောရှိ လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုထိန်းချုပ်ကာ ခြေထောက်အောက်သို့ပျံသန်းစေလိုက်၏။
ထို့နောက် ဓားကိုကန်အားအဖြစ်အသုံးပြုပြီး လေထဲသို့ခုန်တက်လိုက်၏။
တစ်ချိန်တည်းမှာပဲ ကြေးနီကြေးခွံကင်းခြေများနက် နောက်ဆုံးမှာနားလည်သွားခဲ့သည်။
ရှေ့သစ်ပင်နှစ်ပင်ကြား၌ မျက်စိဖြင့်မမြင်နိုင်သည့် ကြည်လင်သည့်ပိုးမျှင်တစ်ခုရှိနေခဲ့သည်။
၎င်း၏မျက်ခွံ့တွေ အပြင်းအထန်ကျုံ့သွားပြီး ရှောင်တိမ်းဖို့ကြိုးစားလိုက်၏။
သို့ပေမယ့် ခန္ဓာကိုယ်ကြီးကကြီးမားလွန်း၍ လုံးဝရှောင်တိမ်းလို့မရနိုင်ပေ။
ထို့ပြင် ရပ်တန့်ဖို့က ပိုလို့တောင်မဖြစ်နိုင်ပေ။
ဂျန်ဖန်းကို တစ်ချက်တည်းဖြင့်သတ်ဖို့ ၎င်း၏မွေးရာပါစွမ်းရည်သုံးကာ အရှိန်ကို ၁၀ ဆ တင်ခဲ့၏။
ဤကဲ့သို့ ကြီးမားသည့် အရှိန်အောက်၌ သူက လုံးဝမရပ်တန့်နိုင်တော့ပေ။
မဟုတ်ဘူး....
စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
နောက်တစ်ခဏ၌ ၎င်း၏ခန္ဓာကိုယ်တစ်လုံး ကောင်းကင်တောင်ထွဋ်ပိုးမျှင်၏ပိုင်းဖြတ်ချင်းခံလိုက်ရ၏။
ထို့နောက်....
ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကို နတ်ဘုရားမျဥ်းကြောင်းအဖြစ်သတ်မှတ်ကာ....
ခန္ဓာကိုယ်အပေါ်ပိုင်းက ရှေ့ပျံထွက်လာပြီး အောက်ပိုင်းက မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
ဘုန်း!
ဘုန်း!
ကျယ်လောင်သည့်အသံနှစ်ခု တစ်ပြိုင်နက်တည်းကြားလိုက်ရ၏။
ကြေးနီကြေးခွံကင်းခြေများနက်၏ ခန္ဓာကိုယ်နှစ်ပိုင်း မြေပြင်ပေါ်ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်။
တစ်ပိုင်းစီက ရူးသွပ်စွာတွန့်လိမ်နေပြီး တောအုပ်တစ်လုံးဖျက်ဆီးပစ်လိုက်သည်။
ရှေ့တစ်ပိုင်းက နာကျင်စွာအော်ဟစ်နေပြီး တောင်တန်းနှင့်တောအုပ်တစ်လျှောက်ပဲ့တင်ထပ်နေ၏။
ဂျန်ဖန်း သစ်ပင်ပေါ်ဆင်းသက်လိုက်ပြီး စူးရှသည့်အော်သံကြောင့် စိတ်ဝိညာဥ်စွမ်းအင်တွေ ကမောက်ကမဖြစ်ကုန်၏။
သူ့ခန္ဓာကိုယ် အပြင်းအထန်တုန်ခါသွားပြီး ပြုတ်ကျလုနီးပါးပင်။
ကံကောင်းစွာဖြင့် ရှုယင်းရင် အန္တရာယ်ကိုမြင်ပြီး သူမဓားကို သစ်ပင်သို့ထိုးစိုက်လိုက်၏။
ဤသို့ဖြင့် နှစ်ယောက်သား တည်ငြိမ်အောင်လုပ်နိုင်သွားသည်။
သူတို့က အဆက်မပြတ်အော်ဟစ်နေသည့် ကြေးနီကြေးခွံကင်းခြေများနက်ကို အပေါ်စီးမှ ကြည့်နေခဲ့ကြသည်။
အချိန်တွေကုန်သွားပြီး, ကြေးနီကြေးခွံကင်းခြေများနက်၏ အမြီးပိုင်းက အချိန်တော်ကြာကတည်းက လှုပ်ရှားမှုမရှိတော့ပေ။
အပေါ်ပိုင်းလည်း တဖြည်းဖြည်း ငြိမ်ကြသွား၏။
ဝမ်းဗိုက်ပိုင်းသာ အနည်းငယ် နိိမ့်လိုက်မြင့်လိုက်ဖြစ်နေတာ မြင်နိုင်၏။
သေဖို့မဝေးတော့ပေ။
ခေါင်းကိုမနည်းထောင်မတ်ပြီး ဂျန်ဖန်းရှိရာကိုကြည့်လိုက်သည်။
သွေးနီရောင်မျက်လုံးတွေက ပြင်းထန်သည့်နာကျည်းချက်တွေနှင့်ပြည့်နှက်နေခဲ့သည်။
သူက တကယ်ပဲ လူသားတစ်ယောက်၏ထောက်ချောက်ထဲမှာ ကျရှုံးခဲ့၏။
သူ တကယ်ကို ဆန္ဒမရှိပေ။
ထို့နောက် ခေါင်း ဖြည်းညင်းစွာကျသွားပြီး နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည့် ဝမ်းဗိုက်လည်း တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
သံသယရှိစရာမလိုအောင် သေသွားပြီပင်။
ရှုယင်းရင် အိမ်မက်မက်နေသလို ခံစားရ၏။
"အမြုတဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်သားရဲ, သေသွားပြီ...."
ဂျန်ဖန်း အကြိမ်အနည်းငယ်လှုပ်ရှားပြီး ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိုပြန်သိမ်းလိုက်သည်။ သူက ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ငါ သူ့ကိုဘယ်လိုလုပ်သတ်နိုင်မှာလဲ..."
"ဒါ သူ့ရဲ့ကိုယ်ပိုင် သတိမထားမှုကြောင့်ပဲလေ..."
"သူသာ နည်းနည်းပိုပြီး သတိရှိမယ်ဆိုရင် ထောက်ချောက်ထဲဝင်မိဖို့က အတော်ခက်တယ်...."
"ဒါပေါ့..."
ခဏရပ်ပြီး ဂျန်ဖန်း လက်ထဲရှိ ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကို ကြည့်ပြီး ပြုံးလိုက်သည်။
"ဒီကောင်းကင်တောင်ထွဋ်ပိုးမျှင်ရဲ့စွမ်းအားကလည်း အဓိကအကြောင်းပြချက်ပေါ့...."
သာမန်ပိုးမျှင်တွေက ဤကဲ့သို့အကျိုးသက်ရောက်မှုမျိုးမရနိုင်ပေ။
ထိုအရာတွေက ကြေးနီကြေးခွံကင်းခြေများနက်၏ ကြေးခွံကိုတောင် ဖြတ်နိုင်မည်မဟုတ်ပေ။
ထက်ရှမာကျောသည့် ကောင်းကင်တောင်ထွဋ်ပိုးမျှင်သာ လုပ်နိုင်၏။
သူက ဤပစ္စည်းကို ပိုပိုသဘောကျလာသည်။
ရှုယင်းရင် ဂျန်ဖန်းကို သဘောကျစွာကြည့်လိုက်သည်။
ဂျန်ဖန်း၏ အလိုက်သင့်လုပ်ကိုင်နိုင်စွမ်းကိုသာမက သူ၏နှိမ့်ချသည့်စိတ်ထားကိုပါ သဘောကျတာဖြစ်သည်။
နံပါတ် ၁ အရိပ်စောင့် ထိုအရာကို ပေါ့ပေါ့ပါးပါးပြောနေပေမယ့်, လူဘယ်လောက်များများ အောင်မြင်နိုင်မည်နည်း။
ကောင်းကင်တောင်ထွဋ်ပိုးမျှင်ရှိလျှင်တောင် အန္တရာယ်ကိုထိတ်လန့်ခြင်းမရှိပဲ မည်သူက ထောင်ချောက်ဆင်နိုင်မည်နည်း။
မည်သူက ကြေးနီကြေးခွံကင်းခြေများနက်၏ တိုက်ခိုက်မှုတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ကပ်သီလေးရှောင်တိမ်းနိုင်မည်နည်း။
မည်သူက အချိန်ကိုက် အသေသတ်တိုက်ကွက်ထုတ်လာအောင် မျှားခေါ်နိုင်မည်နည်း။
ဤအချက်အားလုံးပေါင်းလိုက်မှ ကြေးနီကြေးခွံကင်းခြေများနက်ကို အောင်အောင်မြင်မြင်သတ်နိုင်ခဲ့တာဖြစ်သည်။
ကြေးနီကြေးခွံ့ကင်းခြေများနက်၏ သတိပေါ့လျော့မှုဆိုတာလောက် ရိုးရှင်းသည့်ကိစ္စမဟုတ်ပေ။
သူမက နံပါတ် ၁ အရိပ်စောင့်ကိုငေးကြည့်နေရင်း အနည်းငယ်စိတ်လွင့်သွားပြီး ပြောလိုက်သည်။
"နင်က တကယ်နှိမ့်ချတာပဲ...."
"ဂျန်ဖန်းဆိုတဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တကယ်တူတယ်..."
သူမအမြင်မှာတော့ ဂျန်ဖန်းကလည်း အမြဲတမ်း နှိမ့်နှိမ့်ချချနေတတ်သည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်၏။
ဘယ်သောအခါမှ မာနကြီး မမောက်မာပေ။
သူ၏ကောင်းကွက်တွေကို သူမ ဘာကြောင့်အရင်ကမမြင်ခဲ့ရသနည်း။
ဂျန်ဖန်း အပြစ်ရှိသလိုခံစားရပြီး အကြောင်းအရာပြောင်းလိုက်သည်။
"ငါတို့မြန်မြန်ထွက်သွားသင့်တယ်...."
"ဒီနေရာမှာက အန္တရာယ်တွေအပြည့်ပဲ...
ရှုယင်းရင်လည်း အသိပြန်ဝင်လာခဲ့သည်။
ကြေးနီကြေးခွံကင်ခြေများနက်ကြောင့်ဖြစ်သည့် ရုတ်ရုတ်သဲသဲဖြစ်ပွားမှုက မြေငလျှင်တစ်ခုနှင့်တောင်ယှဥ်နိုင်၏။
အနီးနား၌ အခြားသားရဲဘုရင်တွေရှိနေလျှင် သေချာပေါက် သတိထားမိမည်ဖြစ်သည်။
သူမအမူအရာလေးနက်လာပြီး ထွက်သွားဖို့ပြင်လိုက်၏။
သို့ပေမယ့် ကြေးနီကြေးခွံ့ကင်းခြေများနက်ကို အမှတ်တမဲ့ကြည့်ပြီး ပြောလိုက်သည်။
"သူ့ပစ္စည်းတွေ မယူတော့ဘူးလား...."
ဤအရာက အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် သားရဲဘုရင်ဖြစ်၏။
ကြေးခွံတစ်ခုကတောင် တန်ဖိုးရှိ၏။
ဂျန်ဖန်းမျက်လုံးတွေ အရောင်လက်သွားပြီး ပြောလိုက်သည်။
"ဒါပေါ့, ယူရမှာပေါ့...."
"ဒါပေမယ့် မယူခင် တကယ်သေပြီလားဆိုတာ သေချာအောင်လုပ်ရမယ်...."
ဘာ?....
ရှုယင်းရင် တုန်လှုပ်သွားပြီး အသေကောင်လိုဖြစ်နေသည့် ကြေးနီကြေးခွံကင်းခြေများနက်ကို ကြည့်ပြီး ပြောလိုက်သည်။
"အသက်ရှင်နေသေးတာလား...."
ဂျန်ဖန်း သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
"အဲ့ကောင်ရဲ့ဉာဏ်နီဉာဏ်နက်များတဲ့သဘာဝအရ, ဒီလောက်လွယ်လွယ်သေမယ်လို့ ငါတော့မယုံဘူး..."
"စမ်းကြည့်ကြတာပေါ့..."
ပြောပြီးနောက်....
ရှေးဟောင်းဗျတ်စောင်းကိုထုတ်ပြီး အဝေးမှ "ကျားနဂါးဟိန်းသံ"ကို တီးခတ်လိုက်သည်။
အသံလှိုင်းက ကြေးနီကြေးခွံကင်းခြေများနက်ခန္ဓာကိုယ်ကို ဓားတစ်ချောင်းကဲ့သို့ တိုက်ခိုက်လိုက်၏။
၎င်း၏မာကျောသည့်ကြေးခွံ့တွေ တိုက်ခိုက်မှုကြောင့် အဖြူရောင်အမှတ်သားတွေ ထင်ကျန်သွား၏။
အများကြီးတော့ ထိခိုက်မှုမရှိပေ။
သို့ပေမယ့် အားနည်းသည့်မျက်လုံးတွေကတော့ ချက်ချင်းပဲ ကြေမွသွားခဲ့သည်။
သေချင်ယောင််ဆောင်နေသည့် ကင်ခြေများနက် နာကျင်စွာခေါင်းထောင်လာပြီး ဒေါသတကြီးဟိန်းဟောက်လိုက်၏။
ထို့နောက် နောက်ဆုံးလက်ကျန်ခွန်အားအနည်းငယ်ကိုသုံးပြီး ကျန်ရှိနေသည့်ခန္ဓာကိုယ်ကြီးကို ဂျန်ဖန်းဆီသို့ တရွတ်ဆွဲခေါ်လာ၏။
တွားသွားလာနေစဥ်၌ ဒေါသတကြီးမာန်ဖီနေခဲ့သည်။
သို့ပေမယ့် ဤခွန်အားအနည်းငယ်က ဂျန်ဖန်းအတွက်နောက်ဆုံးတိုက်ခိုက်မှုအဖြစ် ချန်ထားတာဖြစ်ပြီး အချိန်အတော်ကြာမခံလိုက်ပေ။
တစ်ခဏကြာပြီးနောက် လှုပ်ရှားမှုနှေးကွေးလာပြီး နောက်ဆုံး မြေပြင်ပေါ် မလှုပ်မယက် လှဲကျသွားခဲ့သည်။
ပါးစပ်မှ အားနည်းသည့် ရှူးရှူးမြည်သံထွက်ပေါ်လာပြီး စိတ်ထဲမှာ သူ့ဘဝ၏နောက်ဆုံးကျိန်ဆဲမှုကို ရေရွတ်လိုက်သည်။
"မင်း...ခွေးမသား... မင်းကလူသားမဟုတ်ဘူး...."
နတ်ဆိုးသားရဲတွေထဲ၌, သတိအကြီးဆုံးဖြစ်သည့် နတ်ဆိုးယုန်တောင် ဤလူသားလောက် ရင်ဆိုင်ရမခက်ပေ။
နည်းကြည်းမှုတွေနှင့်အတူ သူက လုံးဝသေသွားခဲ့သည်။
ရှုယင်းရင် ကြေးနီကြေးခွံကင်းခြေများနက်၏ သေခါနီးတိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားခဲ့သည်။
သို့ပေမယ့် ၎င်း၏ ရူးသွပ်စွာအော်ဟစ်သံကိုကြားတော့ ဂျန်ဖန်းကို ထူးဆန်းသည့်အမူအရာဖြင့်ကြည့်လိုက်သည်။
"ကြည့်ရတာ နင့်ကိုဆဲနေတာနဲ့တူတယ်..."
သူမက နတ်ဆိုးမျိုးနွယ်ဘာသာစကားကို နားမလည်လျှင်တောင် သက်ရှိတွေကြား၌ နားလည်နိုင်သည့်ခံစားမှုအချို့ရှိ၏။
ဂျန်ဖန်း သူ့နှာခေါင်းကိုပွတ်လိုက်သည်။
ထိုအရာက သူ့ကိုဆဲနေရုံတင်မဟုတ်ပေ။
အတော်ကြမ်းကြမ်းတမ်းတမ်းကို ဆဲသွားပုံပင်။
သူက နောက်ထပ်အသံလှိုင်းတစ်ခုထုတ်လွတ်ပြီး ကင်ခြေမျာနက်၏ အသားနှင့်သွေးတွေကို ပေါက်ကွဲထွက်သွားစေခဲ့သည်။
ကြေးနီကြေးခွံကင်ခြေများနက် အမှန်တကယ်သေသွားပြီးလှည့်ကွက်တွေ မကစားတော့ဘူးဆိုတာ အတည်ပြုလိုက်၏။
ထိုနောက်မှသာ ရှုယင်းရင်နှင့်အတူ မြေပေါ်ဆင်းသက်လာ၏။
ကြေးနီကြေးခွံကင်းခြေများနက်ကိုလှည့်ပတ်ပြီး ဂျန်ဖန်း အတွင်းအမြုတေရှိသည့်နေရာကို ရှာဖွေလိုက်သည်။
သံမဏိလိုမာကျောသည့်ကြေးခွံတွေကိုခွာထုတ်ပြီး အသားတွေထုတ်ဖော်ပြသလိုက်သည်။
ထို့နောက် ဓားတစ်ချောင်းနှင့်ထိုးစိုက်ကာ လက်သီးအရွယ်အတွင်းအမြုတေတစ်ခုကို ထုတ်ယူလိုက်သည်။
အတွင်းအမြုတေက အနက်ရောင်အရည်တွေဖြင့်ပြည့်နှက်နေပြီး အဆိပ်ပြင်းတစ်မျိုးဆိုတာ သိသာလှ၏။
ဂျန်ဖန်း မနေနိုင်ပဲ တုန်ယင်သွား၏။
"ငါ စောနက အနားကပ်မသွားတာ ကံကောင်သွားတယ်...."
ကြေးနီကြေးခွံကင်းခြေများနက်က မသေခင်ဂျန်ဖန်းကို အဆိပ်ခတ်သတ်သွားချင်ပုံပင်။
"အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် အဆိပ်ဂုဏ်သတ္တိအမြုတေ၊ မြင့်မြတ်အကြီးအကဲကျောက်ချီဒန် စိတ်ဝင်စားမလား သိချင်မိတယ်...."
အဆိပ်နဂါးရိုးတွင်းချင်ဆီနှင့်လဲလှယ်တာ စိတ်ကူယဥ်ဆန်လွန်းသော်လည်း....
လက်ဗလာဖြင့်သွားတာထက်တော့ပိုကောင်း၏။
ထိုအချိန်၌, ရှုယင်းရင်လည်း ကြေးနီကြေးခွံကင်ခြေများနက်အလောင်းကြီးကို စိတ်ဝင်စားစွာ စိုက်ကြည့်နေခဲ့သည်။
ဤအရာက သူမ အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်သားရဲခန္ဓာကိုယ်ကို ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။
၎င်း၏အစိတ်အပိုင်းတိုင်းက အဖိုးတန်၏။
"မင်းလိုချင်တဲ့ဟာယူလေ...."
ဂျန်ဖန်း သူမကို ပြောလိုက်သည်။
ရှုယင်းရင် အလျှင်အမြန်ပဲ လက်ဝှေ့ယမ်းပြလိုက်သည်။
"မဟုတ်တာ၊ ဒါတွေက နင်ရဲ့အနိုင်ရပစ္စည်းလေ၊ ငါ မယူနိုင်ဘူး..."
ဂျန်ဖန်းပြောလိုက်သည်။
"အတွင်းအမြုတေက ငါ့အတွက်လုံလောက်ပါပြီ။ ငါ အခြားအရာတွေ ထပ်မသယ်နိုင်ဘူး...."
"မင်းယူနိုင်သလောက် ယူလောက်ပါ...."
ထိုအရာကိုကြားသည့်အခါ ရှုယင်းရင် ပျော်ရွင်မှုနှင့် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူမက ကြေးခွံဆယ်ခု၊ အာရုံခံတိုင်နှစ်ခုကို ဖြတ်လိုက်သည်။
နောက်ဆုံး၌ ကျောရှိအသန့်စင်ဆုံးစိတ်ဝိညာဥ်အသားအပိုင်းအစကို ဖြတ်ယူလိုက်ပြီး တွန့်ဆုတ်စွာ ရပ်တန့်လိုက်၏။
ဤပစ္စည်းတွေနှင့်တင် သူမအိတ်က ပြည့်နေပြီဖြစ်သည်။
အကောင်းတိုင်းနီးပါးကျန်နေသေးသည့် ကြေးနီကြေးခွံကင်းခြေများနက်ခန္ဓာကိုယ်ကိုကြည့်ပြီး ရှုယင်းရင် နောင်တရစွာ ပြောလိုက်သည်။
"နှမြောစရာကြီး၊ ပစ္စည်းကောင်းတွေ အများကြီးကျန်သေးတယ်..."
သူမပြောပြီးပြီးချင်း...
အေးစက်သည့်အသံတစ်ခု သတိပေးမှုမရှိပဲ သစ်တောနက်ထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။
"မင်းတို့မထားခဲ့ချင်ဘူးဆိုရင်, ဒီမှာပဲနေလိုက်တော့...."
ဘယ်သူလဲ?....
ဂျန်ဖန်း ဆံပင်တွေ အဆုံးစွန်ထိထောင်မတ်သွား၏။
တစ်စုံတစ်ခုအနားကပ်လာပေမယ့် သူသတိမထားမိပေ။
ထို့ပြင် အသံက လူသားမျိုးနွယ်ဘာသာစကားပင်။
သို့ပေမယ့် နက်ရှိုင်းထူထဲသည့်အသံက လူသားတစ်ယောက် ပြောနိုင်သည့်အရာမဟုတ်ပေ။
သူက အသံလာရာကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
အရိပ်တစ်ခုထဲမှ....
လက်သည်းတွေနှင့် ကြောက်စရာအရိုးစုသတ္တဝါကြီးတစ်ကောင် မြေပြင်ပေါ်လမ်းလျှောက်ကာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
ဂျန်ဖန်း ဆံပင်တွေ အဆုံးစွန်ထိထောင်မတ်သွားပြီး မျက်ခွံ့တွေ အပြင်းအထန် တုန်ခါသွား၏။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ သားရဲဘုရင်, လန်ဂု....