← Chapters

အနန္တလက်စွပ်၏ကောင်းကင်ဘုံစွမ်းအား

Vol. 23 Ch. 313

အနန္တလက်စွပ်၏ကောင်းကင်ဘုံစွမ်းအား

Vol. 23 Ch. 313

ဂျန်ဖန်းလည်မျို ခက်ခက်ခဲခဲလှုပ်ရှားသွား၏။

ချွေးအေးတွေလည်း ခန္ဓာကိုယ်မှ ရေတံခွန်ကဲ့သို့စီးကျလာ၏။

ဤသားရဲဘုရင်ကို ရှုချင်းယန် လိုက်ဖမ်းနေသည်မဟုတ်လား...

ဘယ်လိုလုပ် ပြန်လာရသနည်း။

ထို့ပြင်, သူ့လက်အောက်ငယ်သား၏အတွင်းအမြုတေကို သူ့ရှေ့မှာ ယူလိုက်သေး၏။

ရှုယင်းရင်လည်း တောင့်တင်းနေပြီး မျက်လုံးထဲ၌ ကြောက်ရွံ့မှုတွေအပြည့်ပင်။

ဘယ်တုန်းကမှ အိမ်မက်မမက်ဘူးပေ။

သားရဲဘုရင်တွေကြားက အသန်မာဆုံးတည်ရှိမှုနှင့် လာတွေ့နေခဲ့သည်။

ဤအရာက မြင့်မြတ်အကြီးအကဲတစ်ယောက်နှင့်အဆင့်တူ ကြောက်စရာတည်ရှိမှုတစ်ခုပင်။

နတ်ဆိုးသားရဲနယ်မြေ၌ သူက မဟာနတ်ဆိုး ၁၅ ယောက်ထဲ အဆင့်ဝင်၏။

သူနှင့်တွေ့မှတော့ အသက်ရှင်ဖို့အခွင့်အရေးရှိပါအုန်းမည်လား....

ဂျန်ဖန်း ချွေးအေးတွေ ဒလဟောစီးကျလာ၏။

သန္ဓေသားကျောက်စိမ်းတံဆိပ်ရှိလျှင်တောင် အဆင်ခြင်မဲ့မပြုမူရဲပေ။

သူက လန်ဂုလှုပ်ရှာတာကို မြင်ဖူး၏။

အရိပ်တစ်ခုကဲ့သို့မြန်ပြီး သာမန်မျက်လုံးဖြင့် မမြင်နိုင်ပေ။

သူသာလှုပ်ရှားလျှင် ကျောက်စိမ်းအဆောင် မထုတ်ရသေးခင် ခေါင်းပြတ်သွားနိုင်၏။

လန်ဂု လက်နောက်ပစ်ပြီးလျှောက်လာခဲ့သည်။

သူခြေလှမ်းလှမ်းတိုင်း မိုးကြိမ်းသံလိုမြည်ဟီးနေပြီး သူတို့ဆီဖြည်းညင်းစွာချည်းကပ်လာခဲ့သည်။

ကောက်ကျစ်သည်လူသားအသံနှင့် ပြောလိုက်သည်။

"သေးနုပ်တဲ့အခြေခံတည်ဆောက်ခြင်းအဆင့်လေးတွေက ငါ့ရဲ့အမြုတေဖွဲ့စည်းခြင်းသားရဲဘုရင်ကို သတ်နိုင်တယ်...."

"ငါပြောရင် ဘယ်သူမှယုံမှာမဟုတ်ဘူး...."

"မင်းသုံးလိုက်တာ ဘယ်လိုမှော်ရတနာမျိုးလဲ။ ထုတ်လိုက်၊ မင်းအသက်ကို ချမ်းသာပေးဖို့ စဥ်းစားပေးမယ်...."

သူက နှစ်ခြမ်းပြတ်နေသည့် ကြေးနီကြေးခွံကင်ခြေများနက်၏ခန္ဓာကိုယ်ကိုကြည့်ပြီး တစ်ခုခုကို နားလည်လိုက်သည်။

မျက်လုံးထဲ၌ လောဘအလင်းအရောင်တစ်ချက် လက်သွား၏။

ကြေးနီကြေးခွံကင်းခြေများနက်၏ကြေးခွံ့တွေက ၎င်၏မာကျောမှုကြောင့်ကျော်ကြားပြီး သူ့လက်သည်းတောင် ချိုးဖြတ်ဖို့ခက်၏။

သူ့ရှေ့ရှိလူငယ်လေးက ကင်းခြေများနက်ကို ခါးမှဖြတ်နိုင်ခဲ့၏။

ထိုအရာအရ သူ့မှာ အလွန်အမင်းထက်ရှသည့်အရာတစ်ခုရှိတာသိသာလှ၏။

သာမန်မှော်ရတနာဆိုလျှင် အလွန်ပြီးပြည့်စုံပြီး နတ်ဆိုးသားရဲတစ်ကောင်အနေနှင့် သူလည်း အသုံးပြုလို့ရ၏။

ဂျန်ဖန်း တည်ငြိမ်မှုအချို့ပြန်ရလာ၏။

ဘာကောင်ကြီးပဲဖြစ်နေပါစေ, ဉာဏ်ပညာအဆင့်တစ်ခုထိရောက်လာလျှင် လောဘကြီးသည့်သဘာဝကို ပြသလာမည်ဖြစ်သည်။

သူ့ကို ချက်ချင်းမသတ်သရွေ့ ပြန်တိုက်ဖို့အခွင့်အရေးရှိသေး၏။

"ကောင်းပြီလေ၊ ငါမင်းကို ပစ္စည်းပေးမယ်။ ဒါပေမယ့် အနားကပ်မလာနဲ့၊ မဟုတ်ရင် ဖျက်ဆီးပစ်လိုက်မှာ...."

ဂျန်ဖန်း အော်ပြောလိုက်၏။

လန်ဂုမျက်လုံးတွေ ကျဥ်းမြောင်းသွား၏။

သူက ဂျန်ဖန်းနှင့်အပေးအယူမလုပ်ချင်သော်လည်း မှော်ရတနာ၏သဘာဝကို မသိရသေး၍ ဖျက်ဆီးလို့ရမရဆိုတာ မသေချာပေ။

ထို့ကြောင့်, သူ့ခြေလှမ်းတွေကို ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လိုက်၏။

ဇန်တစ်ရာအဝေးရောက်သည့်အခါ လေထဲကနေ စကားပြောလိုက်သည်။

"ထုတ်လိုက်၊ ငါ့ကြည့်ကြည့်အုန်းမယ်...."

သူအဆင့်သားရဲဘုရင်တစ်ယောက်အတွက်....

၁၀ ဇန် နှင့် ဇန် ၁၀၀ က ကွာခြားမှုမရှိပေ။

သူသာသတ်ဖို့ဆုံးဖြတ်လိုက်လျှင် ရှေ့ကလူသား သေချာပေါက်သေမှာပင်။

ဂျန်ဖန်း အသက်ရှူလိုက်သည်။

"ငါမင်းကိုပေးမယ်...."

ထို့နောက် ရင်ဘတ်ထဲလက်နိုက်ကာ သန္ဓေသားကျောက်စိမ်းအဆောင်ပါ ကျောက်စိမ်းသေတ္တာကို ကျွမ်းကျင်စွာဖွင့်လိုက်သည်။

သူထုတ်ယူတော့မည့်အချိန်မှာပဲ...

လန်ဂု အလွန်အမင်းအန္တရာယ်ရှိသည့်အော်ရာကိုခံစားမိပြီး အမူအရာပြောင်းသွားကာ ဒေါသတကြီး အော်လိုက်၏။

"မင်းက သေချင်နေတာပဲ..."

ထိုအရာ ဘာပစ္စည်းလည်းအရေးမပါပေ။

သူ့လို အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ကိုတောင် အန္တရာယ်ကြီးကြီးမားမားခံစားမိစေသည့်ပစ္စည်းက အတော်လေးအဖိုးတန်မှာအသေအချာပင်။

ထိုကောင်ကို ထုတ်ခွင့်မပြုနိုင်ပေ။

ဝှစ်!

သူရပ်နေသည့်နေရာ၌ နောက်ခံအရိပ်တစ်ခုချန်ထားခဲ့၏။

ကြီးမားကြောက်စရာကောင်းသည့်ခန္ဓာကိုယ်ကြီးက ဂျန်ဖန်းရှေ့မှာ ချက်ချင်းပေါ်လာခဲ့သည်။

ဂျန်ဖန်းမျက်ခွံ့တွေ အပြင်းအထန်ကျုံ့သွား၏။

ကျောက်စမ်းအဆောင်ကို မယူနိင်ခင် လန်ဂု ပြတ်ပြတ်သားသားပဲ ဂျန်ဖန်းရင်ဘတ်ကို လက်သည်းဖြင့် တိုက်ခိုက်လိုက်၏။

သွားပြီပင်။

ဂျန်ဖန်းအမြင်မဲမှောင်သွားပြီး ထိုအတွေးတစ်ခုသာ ရှိတော့၏။

အကျွင်းမဲ့စွမ်းအားရှေ့၌ ရုန်ကန်မှုတိုင်းက အချည်းနှီးပင်။

စူးရှသည့်နာကျင်မှုက နောက်ကနေ အလျှင်အမြန်ပဲ လိုက်ပါလာခဲ့သည်။

ထိုအရာက လက်သည်း ချပ်ဝတ်ကိုဖြတ်ပြီး အသားကိုထိလာသည့်နာကျင်မှုပင်။

ထိုနာကျင်မှုကြောင့် ဂျန်ဖန်း ရုတ်တရက်စိတ်လှုပ်ရှားသွားစေပြီး သူ၏ဗလာဖြစ်နေသည့်ဦးနှောက်ကိုလှုံ့ဆော်ကာ အလျှင်အမြန်လည်ပတ်လိုက်၏။

ရုတ်တရက်....

ဂျန်ဖန်းအမြင်အာရုံ တောက်ပသွား၏။

ထိုအခိုက်အတန့်၌ လက်သည်းတွေက ချပ်ဝတ်ကိုထိုးဖောက်ပြီး အသားကိုဆုတ်ဖြဲတော့မည့်အချိန်မှာ....

ဂျန်ဖန်းရင်ဘတ် မို့တက်လာပြီး အော်ပြောလိုက်သည်။

"ပွင့်စမ်း...."

သူ့လည်ပင်း၌ ပန်းရောင်ဗုဒ္ဓကျောက်စိမ်းဆွဲသီးတစ်ခု ဝတ်ဆင်ထား၏။

ထိုအရာက ချောက်ကမ်းပါးအောက်ခြေမှာ ယွဲ့မင်ကျူး သူ့ကို ပေးထားသည့်အရာဖြစ်ပြီး သေရေးရှင်ရေးအခြေအနေမဟုတ်လျှင် မသုံးဖို့မှာထား၏။

သူက ထိုအရာကို ဘယ်လိုသုံးရမှန်းမသိပေ။

ဒါမှမဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ၏တိုက်ခိုက်မှုကို ခုခံနိင်မလား မသိပေ။

သို့ပေမယ့် ဤအခိုက်အတန့်၌ ကြိုးစားကြည့်ရုံသာတတ်နိုင်တော့၏။

စိတ်ဝိညာဥ်စွမ်းအင်ပေါက်ကွဲထွက်လာပြီး ကျောက်စိမ်းကို ရင်ဘတ်ဖြင့်တွန်းလိုက်ရာ ချက်ချင်းပဲ ကြေမွသွား၏။

ထိုအခါ ပန်းရောင်မြူတစ်ခု ထွက်ပေါ်လာပြီး ဂျန်ဖန်းပတ်လည်၌ စက်လုံးပုံစံဒိုင်းတစ်ခုကို ဖန်တီးလိုက်၏။

ဘန်း!

စက်လုံးပုံစံဒိုင်း ချက်ချင်းပဲ လန်ဂုကို အဝေးပြန်ကန်ထုတ်လိုက်၏။

ဂျန်ဖန်းခန္ဓာကိုယ်ထဲစိုက်နေသည့် လက်သည်းတွေလည်း ကျိုးပဲ့ကုန်သည်။

လန်ဂုနာကျင်စွာညည်းညူလိုက်ရပြီး ဂျန်ဖန်းပတ်လည်ရှိ ပန်းရောင်အကာအကွယ်ကို တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ကာကွယ်ရေးကျောက်စိမ်းဆွဲပြား...."

"မင်းဘယ်သူလဲ...."

ဤကဲ့သို့အဖိုးတန်ကာကွယ်ရေးဆွဲပြားတစ်ခုရှိသည့်လူတစ်ယောက်က ရိုးရှင်းသည့်လူတစ်ယောက်မဖြစ်နိုင်ပေ။

ဂျန်ဖန်းကြောင်သွား၏။

ယွဲ့မင်ကျူးပေးလိုက်သည့်ဆွဲပြားက ဤလောက်တောင်အဆင့်မြင့်သည်လား.....

ဤအကာအကွယ်နှင့်ဆိုလျှင် လန်ဂု သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

ပြတ်ပြတ်သားသားပဲ သန္ဓေသားကျောက်စိမ်းအဆောင်ထုတ်ယူပြီး အေးစက်စွာပြောလိုက်သည်။

"ထွက်သွားမလား၊ ဒါရဲ့စွမ်းအားကိုစမ်းကြည့်မလား...."

ဟစ်!

လန်ဂု အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏သေးငယ်သည့်သွေးနီရောင်မျက်လုံးတွေ မြေငလျှင်တစ်ခုကဲ့သို့တုန်ယင်လာခဲ့သည်။

"သန္ဓေသားကျောက်စိမ်းအဆောင်...."

"မင်း.... မင်းဘယ်သူလဲ...."

အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ကာကွယ်ရေးရတနာက ကိစ္စတစ်ခုဖြစ်ပြီး...

ယခု သန္ဓေသားကျောက်စိမ်းအဆောင်တစ်ခုတောင် ရှိနေခဲ့သည်။

ဤကြေက်စရာကောင်းသည့်အဆောင်၊ သန္ဓေသားကျင့်ကြံသူတစ်ယောက်တောင် ထိတ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်ပေ။

သို့ပေမယ့် သူဘယ်လိုလုပ်ထွက်သွားနိုင်မည်နည်း။

သူ့ရှေ့ရှိလူငယ်လေးက အလွန်အရေးကြီးသည့်လူဖြစ်ရမည်ပင်။

သခင်မလေးဆီသာပြန်ဖမ်းခေါ်နိုင်လျှင် သူ့အပြစ်ဒဏ်လျော့ပေါ့နိုင်၏။

စစ်ကူရောက်လာသည့်အတွက် ရှုချင်းယန်သူ့ကိုသတ်ဖိုကျရှုံးခဲ့၏။ သို့ပေမယ့် ရှုချင်းယန်လည်း လွတ်သွားခဲ့သည်။

သူသာ ရှုချင်းယန်ခေါင်းပြန်ယူမသွားနိုင်လျှင် သူ့ခေါင်းပြတ်မည်ပင်။

ရှေ့ကလူငယ်က သူအသက်ရှင်ဖို့ မျှော်လင့်ချက်ဖြစ်၏။

သို့ပေမယ့် ထိုကောင်က အဖိုးတန်ရတနာတွေ သယ်ဆောင်ထား၏။

ခဏအတွင်း သူ သူ့ကို အနိုင်မယူနိုင်ပေ။

ရုတ်တရက်...

သူ့ဘေးဘက်အကြည့်က ရှုယင်းရင်ကိုမြင်သွားပြီး ဉာဏ်များသည့်အပြုံးတစ်ခု နှုတ်ခမ်းပေါ်မှာ ပေါ်လာခဲ့သည်။

သူက အေးစက်စွာရယ်လိုက်၏။

"မင်းက မင်းကိုယ်မင်းကာကွယ်နိုင်တယ်...."

"ဒါပေမယ့်, မင်းအဖော်ကိုကော ကာကွယ်နိုင်မှာလား...."

ဝှစ်!

နောက်တစ်ကြိမ်ပြန်ပျောက်သွားပြီး ပုံရိပ်တစ်ခုချန်ထားခဲ့၏။

ဤတစ်ချိန်၌ သူက ရှုယင်းရင်ဆီသို့ပြေးဝင်သွားခဲ့သည်။

"မင်းလုပ်ရဲလား...."

ဂျန်ဖန်းဟိန်းဟောက်ပြီး သန္ဓေသားကျောက်စိမ်းအဆောင်ကို အသက်မသွင်းရဲပေ။

အဘယ်ကြောင့်ဆိုသော် ဤကျောက်စိမ်းအဆောင်၏ တိုက်ခိုက်မှုအကျယ်အဝန်းက အလွန်ကျယ်သောကြောင့်ပင်။

ထိုအရာက ရှုယင်းရင်ကိုလည်း သတ်သွားမှာဖြစ်သည်။

မျှော်လင့်ချက်မဲ့စွာဖြင့်....

ဂျန်ဖန်း ရုတ်တရက် သူ့လက်ညိုးက အနန္တလက်စွပ်ကို ထိလိုက်သည်။

အတွေးတစ်ခု သူ့စိတ်ထဲဖြတ်ပြေးသွားပြီး ကျယ်လောင်စွာပြောလိုက်သည်။

"ရှုယင်းရင်, အဲ့နေရာကဖယ်လိုက်...."

ထို့နောက် လက်မြောက်ကာ ရှုယင်းရင်နှင့် ပုံရိပ်ကြားနေရာကို ညွှန်ပြလိုက်၏။

သူက လန်ဂုပုံရိပ်ကို မဖမ်းမိနိုင်သော်လည်း..

အနန္တလက်စွပ်၏မြေဆွဲအားစက်ကွင်းက လုံလောက်အောင်ကျယ်၏။

ရှုယင်းရင် တုံ့ပြန်ပြီး အလျှင်အမြန်နောက်ဆုတ်သွား၏။

သူမခြေလှမ်းအနည်းငယ်ဆုတ်ရုံရှိသေး...

မမြင်ရသည့်အားတစ်ခု ဘယ်နေရာကမှန်းမသိပေါ်လာပြီး ရုတ်တရက်အောက်ကိုဖိချလိုက်၏။

သူမလက်ထဲကဓား စက်ကွင်းမိသွားပြီး ချက်ချင်း အမှုန့်ဖြစ်သွား၏။

ထို့နောက်....

မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။

ကောင်းကင်နှင့်မြေပြင် ပြိုကျလာသလိုပင်။

သူတို့ရှေ့ရှိမြေပြင် ကြောက်မက်ဖွယ်စွမ်းအားကြောင့် ဆယ်ပေလောက်နက်သည့်တွင်းကြီးအဖြစ်ဖိချခံလိုက်ရပြီး မြေငလျှင်တစ်ခုဖြစ်ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိမြေကြီးတွေ အဆက်မပြတ်တုန်ခါနေပြီး ရှုယင်းရင် ဖင်ထိုင်လဲကျသွား၏။

လူတစ်ကိုယ်စာလောက်ရှိသည့်အက်ကွဲကြောင်းကြီးတွေလည်း တွင်းကြီးကိုဗဟိုပြုပြီး တစ်မိုင်လောက်ထိအောင် ဖျာထွက်သွားခဲ့သည်။

ငလျှင်နောက်ဆက်တွဲက ပတ်ဝန်းကျင်မိုင်ပေါင်းများစွာကို ဖြန့်ကျက်သွားခဲ့သည်။

ငှက်နှင့်သားရဲတွေ ထိတ်လန့်တကြားထွက်ပြေးကုန်၏။

မိုးထိအောင်မြင့်သည့်ဖုန့်မှုန့်လုံးကြီးတွေ အဝါရောင်နဂါးကဲ့သို့ ကောင်ကင်ပေါ်ထိုးတက်သွား၏။

ထိုအရာက အသက်ရှုချိန် ဒါဇင်နဲ့ချီကြာမြင့်ခဲ့၏။

ငလျှင်ငြိမ်သွားခဲ့သည်။

ထူထဲသည့်ဖုန်မှုန့်တွေ လေထဲမှာ အချိန်အတော်ကြာ ရစ်ဝဲနေ၏။

ဖုန်မှုန့်တွေကြား၌ ရှုယင်းရင် သူမရှေ့က ကြောက်မက်ဖွယ်တွင်းကြီးကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

သနားစရာလန်ဂု တစ်ကိုယ်လုံး အက်ကွဲကြောင်းတွေ ပြည့်နှက်နေပြီး ကွဲကြေတော့မည့်ကြွေထည်တစ်ခုလိုပင်။

သူ့၏ ထက်ရှသည့်လက်သည်းဆယ်ချောင်း တစ်လက်မချင်း ကျိုးကျေကုန်ပြီး ခြေလက်တွေလည်း အက်ကြောင်းတွေ ပြည့်နှက်နေ၏။

ခန္ဓာကိုယ်လည်း တုန်လှုပ်ဖွယ်အက်ကွဲကြောင်းတွေနှင့်ပြည့်နှက်နေကာ ထိလိုက်တာနှင့် ကွဲကျေသွားတော့မလိုပင်။

ဤအခိုက်အတန့်၌, သူက အသက်ငွေ့ငွေ့လေးသာကျန်တော့ပြီး အနည်းငယ်တောင် မလှုပ်ရှားနိုင်တော့ပေ။

မျက်လုံးတွေသာ လှုပ်ရှားနိုင်တော့၏။

သူ၏သွေးနီရောင်မျက်လုံးတွေ တုန်ယင်နေပြီး ထိတ်လန့်စွာမေးလိုက်သည်။

"အဲ့...အဲ့တာ ဘာပစ္စည်းလဲ...."

All Chapters