← Chapters

ငါဓားထိန်းချုပ်ခြင်းနည်းစနစ်မသုံးတတ်ဘူးလို့ ဘယ်သူပြောလဲ

Vol. 23 Ch. 314

ငါဓားထိန်းချုပ်ခြင်းနည်းစနစ်မသုံးတတ်ဘူးလို့ ဘယ်သူပြောလဲ

Vol. 23 Ch. 314

ဂျန်ဖန်းလည်း ကြောင်အနေ၏။

အရင်က သူ ကောင်းကင်ပေါ်ရှိတိမ်တွေပေါ်သာမရည်ရွယ်ပဲသုံးဖူးပြီး အနန္တလက်စွပ်၏ မြေဆွဲအားကို နားမလည်ခဲ့ပေ။

ယခုမှသာ ထိုအရာ၏ကြောက်စရာကောင်းမှုကို နားလည်သွား၏။

ထို့ပြင် ၎င်း၏စွမ်းအင်အများစု ဖြုန်းတီးပြီးနောက်ဖြစ်သည်။

အနန္တလက်စွပ်သာ အထွတ်အထိပ်မှာရှိလျှင် လန်ဂု အသက်ရှင်ဖို့အခွင့်အရေးမရှိပေ။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ သားရဲဘုရင်ကို အပြင်းအထန်ဒဏ်ရာရစေတာက ဂျန်ဖန်းကို ပျော်ရွင်စေ၏။

သူက လှုပ်ရှားမှုနည်းလမ်းသုံးကာ ပြတ်ပြတ်သားသား ရှေ့ကို ပြေးထွက်လာခဲ့သည်။

ထို့နောက် လွမ်းဆွတ်ခြင်းဆီးနှင်းကို ချက်ချင်း အသက်သွင်းပြီး မလှုပ်ရှားနိုင်တော့သည့် လန်ဂုကို ခုတ်ပိုင်းချလိုက်သည်။

ချက်ချင်းတိုက်ခိုက်ပြီး အသက်ရှူဖို့အခွင့်အရေးတစ်ခုတောင် မပေးပေ။

ကျွီး!

ထိုအချိန်မှာပဲ....

သိမ်းငှက်နက် ဆူညံသံကြားပြီး ရောက်လာခဲ့သည်။ အောက်ရှိမြင်ကွင်းကိုသတိထားမိသည့်အခါ ပြတ်ပြတ်သားသားပဲ ထိုးဆင်းလာ၏။

ဂျန်ဖန်း အမူအရာပြောင်းလဲသွား၏။

ဤသိမ်းငှက်နက်ကလည်း အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် သားရဲဖြစ်၏။

၎င်းလက်သည်းတွေက ငွေတောင်ပံမိုကြိုးသိမ်းငှက်ထက်အားနည်းမည်မဟုတ်ပေ။

သူကအလျှင်အမြန်ပဲ ဘေးဘက်ကိုရှောင်လိုက်သည်။

ဘုန်း!

ပြင်းထန်သည့်လေပြင်းကြောင့် ဂျန်ဖန်းလွင့်ပျံလုနီးပါးဖြစ်သွားသည်။

ကံကောင်းစွာဖြင့် ရှောင်တိမ်းနိုင်သွား၏။

သို့ပေမယ့် သူ့အမူအရာကိုပြောင်းသွားစေတာက...

တွင်းနက်ကြီးထဲမှာရှိသည့်လန်ဂု ပျောက်သွားတာပင်။

မော့ကြည့်လိုက်သည့်အခါ သိမ်းငှက်နက် လန်ဂုကို ၎င်း၏ခြေသည်းတွဖြင့် ကုတ်ချီပြီး ကယ်တင်သွားတာ တွေ့လိုက်၏။

လန်ဂုအသက်ဘေးမှကပ်သီလေးလွတ်မြောက်သွားပြီး အောက်မြေပြင်ရှိ တဖြည်းဖြည်းသေးငယ်သွားသည့် ဂျန်ဖန်းကိုငုံ့ကြည့်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"ခွေးမသား, လူသားကောင်, မင်းဒီိနေရာက အသက်ရှင်လျှက်ထွက်သွားနိုင်မယ်မထင်နဲ့....."

"သိမ်းငှက်နက်, ငါ့ကိုဂရုစိုက်မနေနဲ့။ အခြားသားရဲတွေကို ခေါ်ပြီး အဲ့ကောင်ကိုသတ်...."

"ဒီကလေး သေကိုသေရမယ်...."

"မဟုတ်ရင်, အနာဂတ်မှာ အဆုံးမရှိတဲ့ ပြဿနာတွေဖြစ်လာလိမ့်မယ်...."

ဂျန်ဖန်းလက်ထဲရှိ သန္ဓေသားကျောက်စိမ်းအဆောင်ကို တွေးမိသည့်အခါ ၎င်း ကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။

လူသား၊နတ်ဆိုးစစ်ပွဲ၏ အရေးကြီးအချိန်မှ ဤကောင်လေး သန္ဓေသားကျောက်စိမ်းတံဆိပ် ထုတ်သုံးလျှင် အကျိုးဆက်ကို စိတ်ကူးကြည့်လို့တောင်ရမည်မဟုတ်ပေ။

သူ့အမြင်၌ ဤကောင်လေးကို ရှုချင်ယန်ထက်အရင် ရှင်းပစ်ဖို့လိုအပ်၏။

ထိုကောင် ယနေ့ကံကောင်းပြီးလွတ်သွားလျှင်တောင်....

နတ်ဆိုးမျိုးနွယ်၏စွမ်းအားကိုစုးစည်းကာ အနာဂတ်မှာအဆက်မပြတ်အမဲလိုက်မည်ဖြစ်သည်။

ပုန်းကွယ်နေသည့်အန္တရာယ်ကို ခွင့်ပြုမထားနိုင်ပေ။

ဂျန်ဖန်းလည်း သတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နှက်လာ၏။

လန်ဂုသာလွတ်မြောက်သွားလျှင် သူ သန္ဓေသားကျောက်စိမ်းအဆောင်ပိုင်ဆိုင်သည့်အချက်ကို နောက်ထပ်ဖုံးကွယ်ထားလို့ရတော့မည်မဟုတ်ပေ။

ထိုအချိန်၌, နတ်ဆိုးမျိုးနွယ်အမဲလိုက်မှာကို ခဏထား....

ဧရာမဂိုဏ်းက အရင််ဆုံး သူ့ကိုလွတ်ပေးမည်မဟုတ်ပေ။

"ငါ့ကိုသတ်ချင်နေသေးတယ်။ မင်းလွတ်မယ်ထင်လို့လား...."

ဂျန်ဖန်းအေးစက်စွာနှာနမှုတ်လိုက်သည်။

ထို့နောက် ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်တွေ လိမ့်တက်လာပြီး ဓားပုံသဏ္ဍာန်တစ်ခုကို ဖန်တီးလိုက်သည်။

သူ့ကျောရှိ လွမ်းဆွတ်ခြင်းဆီးနှင်း အဆက်မပြတ်တုန်ယင်လာပြီး စိတ်လှုပ်ရှားနေသလိုပင်။

လန်ဂုလှောင်ပြောင်လိုက်၏။

"ရှုချင်းယန်တောင် ငါ့ကို မသတ်နိုင်ဘူး။ မင်းလို လူသားကောင်စုတ်လေးတစ်ယောက်က ငါ့ကို အဝေးကနေသတ်နိုင်မယ်ထင်နေတာလား..."

ကောင်းကင်က အမြဲတမ်းလူသားတို့အတွက် ကန့်သတ်ချက်ဖြစ်၏။

ဘယ်လောက်ပဲစွမ်းအားကြီးကြီး ကောင်းကင်နှင့်မျက်နှာချင်းဆိုင်ရာ၌ စွမ်းအားကင်းမဲ့နေခဲ့သည်။

ရှုချင်းယန်၏ဓားထိန်းချုပ်ခြင်းနည်းစနစ်သာ ကောင်းကင်ပေါ်ရှိ နတ်ဆိုးသားရဲတွေကို ထိခိုက်အောင်လုပ်နိုင်၏။

သို့ပေမယ့် သူ၏ဓားထိန်းချုပ်ခြင်းနည်းစနစ်က သူတစ်ယောက်သာတတ်ကျွမ်းပြီး....

အခြားလူတွေ မသင်ယူနိုင်ပေ။

သို့ပေမယ့်....

နောက်တစ်ခဏမှာပဲ, လန်ဂုအမူအရာ အေးခဲသွား၏။

ဂျန်ဖန်း သူ့နောက်ကျောရှိ အဝတ်ပတ်ထားသည့် ဓားရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ထို့နောက် ဓားရိုးကိုလှုပ်ခါလိုက်သည့်အခါ....

ကမ္ဘာကြီးကိုတုန်လှုပ်စေသည့် ခရမ်းရောင်အလင်းတန်းက ချက်ချင်းပဲ အဝတ်စကိုစုတ်ဖြဲပြီး ပြင်းထန်သည့်စိတ်ဝိညာဥ်စွမ်းအားတွေ ထုတ်လွတ်နေသည့် ခရမ်းရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာခဲ့သည်။

အဝေးမှနေ၍တောင် လန်ဂု ခရမ်းဓားမှ အေးစက်မှုကို ခံစားမိပြီး ကြောက်ရွံ့မှုက တစ်ကိုယ်လုံးကို ဖုံးလွမ်းသွားခဲ့သည်။

"စိတ်ဝိညာဥ်လက်နက်လား..."

လန်ဂုပင့်သက်ရှိုက်ပြီး ပြင်းထန်သည့် စိတ်မအေးမှုကို ခံစားလိုက်ရသည်။

လေထဲမှာရှိနေ၍ ဓားကိုကြောက်စရာမလိုလို့သာမဟုတ်လျှင် အချိန်အတော်ကြာကတည်းက တောင်တန်းတွေဆီသို့ ပြန်ဆုတ်ပြီးနေပြီဖြစ်သည်။

သို့ပေမယ့် နောက်တစ်ခဏမှာပဲ...

ထိတ်လန့်စရာမြင်ကွင်းတစ်ခု လန်ဂုရှေ့မှာ ဖြစ်ပေါ်သွား၏။

ဂျန်ဖန်း လက်မြောက်ပြီး ခရမ်းဓားကို လေထဲသို့ပစ်လွတ်လိုက်၏။

ထို့နောက် လက်နှစ်ချောင်းဖြင့် ဓားပုံသဏ္ဍာန်လုပ်ပြီး အဝေးမှလန်ဂုကို ညွှန်ပြလိုက်သည်။

ထိုအခါ ခရမ်းဓား ခရမ်းရောင်အလင်းဓားအဖြစ်ပြောင်းကာ သူတို့ဆီပြေးဝင်သွား၏။

"ဓားထိန်းချုပ်ခြင်းနည်းစနစ်...."

လန်ဂု ကြောက်လန့်တကြာ အော်ဟစ်လိုက်၏။

နောက်တစ်ခဏ၌ သိမ်းငှက်နက်နှင့် လန်ဂုနှစ်ယောက်လုံး ခရမ်းဓား၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

လန်ဂု သူ၏ပြိုင်ဘက်ကင်းရုပ်ခန္ဓာကို မှီခိုဖို့မျှော်လင့်ထား၏။

သို့ပေမယ့် စိတ်ပျက်အားငယ်ခြင်းသာ တွေ့လိုက်ရ၏။

သူ၏ခန္ဓာကိုယ်က ခရမ်းဓားရှေ့မှာ စာရွက်တစ်ရွက်ကဲ့သို့ဖြစ်နေပြီး တိုက်ရိုက်ထိုးဖောက်ခံလိုက်ရ၏။

ပိုဆိုးတာက သိမ်းငှက်နက်ခေါင်းပါ ထိုးဖောက်ခံလိုက်ရတာဖြစ်သည်။

သိမ်းငှက်နက်ခန္ဓာကိုယ်ကြီး လန်ဂုနှင့်အတူ မြေပြင်ပေါ်ပြုတ်ကလာပြီး ပြင်းထန်စွာဆောင့်ရိုက်သွားခဲ့သည်။

ဘုန်း!

သွေးနှင့် အမွေးအတောင်တွေ နေရာအနှံ့ကို ပျံ့ကျဲသွား၏။

သေလုမျှောပါးဖြစ်နေသည့်လန်ဂု အပိုင်းပိုင်းခြေမွခံလိုက်ရပြီး ခေါင်းမှသွေးနီရောင်မျက်လုံးတွေသာ အားအင်ချိချဲ့စွာ လှုပ်ရှားနိုင်တော့၏။

သူ့ပါးစပ်လှုပ်ရှားသွားပြီး အသနားခံလိုက်သည်။

"ငါ့ကို ချမ်းသာပေးပါ...."

ရှစ်!

ခရမ်းရောင်းအလန်းတန်းတစ်ခု ကောင်းကင်မှဆင်းသက်လာပြီး သူ့ခေါင်းကို ထိုးဖောက်သွားခဲ့သည်။

ထိုအရာက ဂျန်ဖန်း ခရမ်းဓားကို ထိန်းချုပ်ပြီး လန်ဂုကို နောက်ဆုံးတိုက်ခိုက်မှုလုပ်လိုက်တာဖြစ်သည်။

ဂျန်ဖန်း ခရမ်းဓားကိုပြန်သိမ်းပြီး လန်ဂုခန္ဓာကိုယ်ကို အေးစက်စွာစိုက်ကြည့်နေခဲ့သည်။

သူက သနားပြီးလွတ်ပေးရအောင်ထိ ဘယ်လိုလုပ် ရူးမိုက်မည်နည်း။

လန်ဂုသေတာအတည်ပြုပြီးနောက် ဂျန်ဖန်း သူ့ခန္ဓာကိုယ်နားချည်းကပ်သွားပြီး မျက်လုံးထဲမှာ စိတ်လှုပ်ရှားသည့်အရိပ်အယောင်တွေ ရှိနေခဲ့သည်။

ဤအရာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ သားရဲပင်။

၎င်း၏ နတ်ဆိုးအမြုတေက မယုံနိုင်လောက်အောင် တန်ဖိုးကြီး၏။

တစ်ခဏရှာဖွေပြီးနောက် ဂျန်ဖန်း ခေါင်းထဲမှ မျက်လုံးတစ်လုံးလောက်ရှိသည့် အဖြူရောင်အမြုတေတစ်ခု တွေ့လိုက်၏။

အခြားနတ်ဆိုးအမြုတေတွေနှင့်ယှဥ်လျှင် ဤတစ်ခု သိသိသာသာ ပိုငယ်နေ၏။

သိုပေမယ့် ပါဝင်သည့်စွမ်းအင်က အခြားနတ်ဆိုးသားရဲတွေထက် အဆတစ်ရာရှိသည်။

လက်ဖဝါးပေါ်တင်ကြည့်လိုက်သည့်အခါ အထဲမှာ အသက်ရှူကျပ်လောက်သည့်စွမ်းအင်တွေ စီးဆင်းနေတာ ခံစားမိလိုက်သည်။

ဂျန်ဖန်း တိတ်တဆိတ် ပျော်ရွင်သွား၏။

"ကံကောင်းလို့ ငါ့မှာ အနန္တလက်စွပ်ရှိနေလို့။ မဟုတ်ရင် ဒီနေ့ သွားပြီပဲ...."

ဂျန်ဖန်း လန်ဂု၏ကြီးမားသည့်ခွန်အားကို မှန်မိနေသေး၏။

ဓားပညာကျွမ်းကျင်သည့် အစိမ်းဝတ်အကြီးအကဲတောင် နောက်ကလိုက်သွားပေမယ့် လန်ဂုကို မသတ်နိုင်ခဲ့ပေ။

သူက အနန္တလက်စွပ်ကြောင့် သတ်နိုင်ခဲ့သည်။

ဂျန်ဖန်း အနန္တလက်စွပ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အဖြူရောင်ပြောင်းနေပြီး ၎င်း၏အစိမ်းရောင်အားလုံးဆုံးရှုံးနေတာကို တွေ့လိုက်၏။

စွမ်းအင်အားလုံးကုန်ဆုံးသွားပြီဆိုတာ ညွှန်ပြနေတာပင်။

"စွမ်းအင်အချို့ပြန်သိုလှောင်ဖို့ နည်းလမ်းရှာရမယ်...."

ဂျန်ဖန်း စိတ်ထဲမှာတွေးလိုက်သည်။

အနန္တလက်စွပ်၏စွမ်းအားကိုမျက်မြင်တွေ့လိုက်ရတော့ သူအရမ်းပျော်ရွင်နေ၏။

သန္ဓေသားကျောက်စိမ်းအဆောင်ပြီးလျှင် သူ၏ဒုတိယအသက်ကယ်ပစ္စည်းလို့သတ်မှတ်လိုက်၏။

လန်ဂုအမြုတေကိုယူပြီးနောက် ဂျန်ဖန်း သိမ်းငှက်နက်၏အမြုတေကိုလည်း ယူလိုက်သည်။

"ငါတို့မြန်မြန်ထွက်သွားရမယ်...."

"ဒီနေရာက မလုံခြုံဘူး...."

သူက ရှုယင်းရင်ကိုဆုပ်ကိုင်ပြီး လှုပ်ရှားမှုနည်းစနစ်သုံးကာ တောင်သစ်တောတစ်လျှောက် လျှင်မြန်စွာ ရွေ့လျားသွားခဲ့သည်။

ရှုယင်းရင်ကို အစောပိုင်းတုန်လှုပ်မှုက လွမ်းမိုးနေဆဲဖြစ်သည်။

နံပါတ် ၁ အရိပ်စောင့်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ သားရဲဘုရင်ကို တစ်ယောက်တည်းသတ်လိုက်သည်?

သူ ဘယ်အချိန်က ဤလောက်ထိ အားကောင်းလာသနည်း။

ဂျန်ဖန်းတောင် ဤလောက်ထိ အားကောင်းမည်မဟုတ်ပေ။

သူမအသိပြန်ဝင်လာသည့်အခါ သူတို့က အဝေးကြီးကို ရောက်နေပြီဖြစ်သည်။

ကျန်ခရီးက အများကြီးပိုချောမွေ့လာခဲ့သည်။

သူတို့ကနောက်ထပ် မည်သည့်သားရဲဘုရင်နှင့်မှ မတွေ့ခဲ့ပေ။

ခုနှစ်ရက်ကြာပြီးနောက်....

နှစ်ယောက်သား အသင်္ချေဓားဂိုဏ်းတောင်ခြေရှိ အသင်္ချေဓားမြို့ကို ရောက်လာခဲ့သည်။

အခြားမြို့တွေနှင့်အတူပဲ....

အသင်္ချေဓားမြို့က ယနေ့မှာ အဝင်အထွက်ပိတ်ထား၏။

ဝင်ရောက်သူတိုင်းက ကျောက်စိမ်းအထောက်အထားလိုအပ်ပြီး အသင်္ချေဓားမြို့နယ်ခံနှင့် ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေမဟုတ်လျှင် ဝင်ခွင့်မရှိပေ။

ဤအရာက လာမည့်ဓားသစ်တောနှင့် ဆက်စပ်နေ၏။

အရေးကြီးအချိန်အခါဖြစ်၍ မသမာသူတွေ ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကို ထိခိုက်အောင်လုပ်မှာ အသင်္ချေဓားဂိုဏ်း စိုးရိမ်၏။

"ငါတို့အလှည့်ရောက်ပြီ...."

ရှုယင်းရင်း တန်းစီနေပြီး သူမအလှည့်ရောက်သည့်အခါ တွေဝေမနေပဲ အထောက်အထားတုံတင်ကို ထုတ်ပြလိုက်သည်။

စစ်ဆေးပြီးနောက် သူမအကြည့်က ဂျန်ဖန်းအပေါ်မှာရှိနေပြီး သူမ၏လှပသည့်မျက်လုံးတွေ၌ ပြင်းထန်သည့်သိချင်စိတ်တွေရှိနေခဲ့သည်။

နံပါတ် ၁ အရိပ်စောင့်၏အထောက်အထားအစစ်အမှန် ထွက်ပေါ်လာတော့မည်ပင်။

ဂျန်ဖန်း ခေါင်းကိုက်သွား၏။

အသင်္ချေဓားဂိုဏ်းဝင်ရောက်ဖို့ အထောက်အထားတုံကင်ပြရမယ်လို့ မမျှော်လင့်ထားပေ။ အထူးသဖြင့် ဘေးမှာရှုယင်းရင်ရှိနေ၍ အဆင်မပြေပေ။

သူမသာ နံပါတစ်အရိပ်စောင့်က ဂျန်ဖန်းဆိုတာ ရှာတွေ့သွားလျှင်....

စိတ်ဓာတ်ကျသွားမလားဆိုတာ ဘယ်သူမှမသိနိုင်ပေ။

သူတွေဝေနေစဥ်မှာပဲ....

အေးစက်ပြီး အတော်လေးသာမန်ဆန်သည့်အသံတစ်ခု နောက်မှထွက်ပေါ်လာ၏။

"နင့်နာမည်ဘယ်သူလဲ...."

ဂျန်ဖန်းလှည့်ကြည့်လိုက်သည့်အခါ....

ဘယ်ကမှန်းမသိပေါ်လာပြီး သူ့နောက်မှာရပ်နေသည့် အနီရောင်တောက်တောက်ဝတ် မိန်းခလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

အသားအရေက နှင်းကဲ့သို့ဖြူဖွေပြီး လှိုင်းတွန့်နေသည့်ရွှေရောင်ဆံပင်တွေနှင့် မျက်လုံးပြာတွေရှိ၏။

ဆွဲဆောင်မှုရှိသည့်ပုံစံက အထူးသတိထားမိစရာဖြစ်သည်။ ထူးထူးခြားခြားဆွဲဆောင်မှုရှိပြီး ရင်သက်ရှူမောဖွယ်လှသည့်မိန်းခလေးတစ်ယောက်ပင်။

သူမက ဂျန်ဖန်းနားချည်းကပ်လာပြီး အနံ့ခံလိုက်၏။

ထိုအရာက ဂျန်ဖန်းကို ပဟေဠိဖြစ်သွားစေခဲ့သည်။

ပိုပြီးနားမလည်နိုင်တာက သူ့ကိုအနံ့ခံပြီးနောက် သွေးနီရောင်ဝတ်မိန်းခလေး၏အမူအရာက အေးစက်လာခဲ့သည်။

သူမက ရှင်းပြလို့မရသည့်ရန်လိုမှုတွေနှင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။

All Chapters