နတ်ဆိုးအင်ပါယာသမီးတော်နှင့် မတော်တဆတွေ့ဆုံခြင်း
Vol. 23 Ch. 315
"နင့်နာမည်ဘယ်သူလဲ...."
အနီဝတ်မိန်းခလေးက အခြားသူမဟုတ်ပေ။
အသင်္ချေဓားဂိုဏ်းကို ရောက်လာသည့် နတ်ဆိုးအင်ပါယာ၏သမီးတော်ဖြစ်ပြီး လူတိုင်းကိုသတ်ဖို့အသင့်ဖြစ်နေခဲ့သည်။
မူလ၌ သူမက အေးဆေး တန်းစီနေတာဖြစ်သည်။
သို့ပေမယ့် သူမလက်အောက်ခံတွေ၏ နတ်ဆိုးအမြုတေကို ရုတ်တရက် ခံစားမိလိုက်၏။
သူတို့ထဲ၌ လန်ဂုတောင်ပါသေး၏။
ထိုအရာက သူမကို အံအားသင့်မှုကော ဒေါသပါခံစားရစေ၏။
သူမအဖေ၏စစ်ပွဲဗိုလ်ချုပ်က တကယ်ပဲ ကျရှုံးသွားသည်လား...
သူမကို အထိန်းကွပ်မဲ့ဒေါသထွက်သွားစေတာက နတ်ဆိုးအမြုတေက သူမရှေ့ရှိမျက်နှာဖုံးနှင့်လူဆီမှာ ရှိနေတာပဲဖြစ်သည်။
ထို့ပြင် လန်ဂုအမြုတေတင်မဟုတ်ပေ။
ကြေးနီကြေးခွံကင်းခြေများနက်၊ သိမ်းငှက်နက်နှင့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်တို့၏ နတ်ဆိုးအမြုတေတွေလည်းရှိနေခဲ့သည်။
ဤကောင်စုတ်၌ နတ်ဆိုးမျိုးနွယ် သားရဲဘုရင်လေးယောက်၏ နတ်ဆိုးအမြုတေတွေရှိနေခဲ့သည်။
သူတို့ကို သူတစ်ယောက်တည်းဖြင့်သတ်ခဲ့တာ မဖြစ်နိုင်သော်လည်း သူမသည်းမခံနိုင်ပေ။
ထို့ကြောင့် စောနကမြင်ကွင်းဖြစ်ပွားခဲ့တာဖြစ်သည်။
ဂျန်ဖန်း စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ဖြေလိုက်သည်။
"ခန့်မှန်းကြည့်လေ...."
ဤကောင်မလေးက ဦးနောက်သိပ်ကောင်းပုံမရပေ။
အကြောင်းရင်းမရှိရန်လိုနေပြီး သူ့နာမည်ကို သိချင်နေခဲ့သည်။
သူပြောပြလျှင် အံ့သြစရာဖြစ်နေပြီဖြစ်သည်။
အနီဝတ်မိန်းခလေး သူမ၏ငွေရောင်သွားလေးကိုကိုက်ပြီး မုန်းတီးစွာပြောလိုက်သည်။
"နင် ဓားသစ်တောထဲမဝင်ရင် အကောင်းဆုံးပဲ..."
သူတို့သာ ဓားသစ်တောထဲမှာတွေ့လျှင်....
သူမက ဤကောင်ကို အရင်ဆုံးသတ်မှာဖြစ်သည်။
ပြောပြီးနောက် ဂျန်ဖန်းကို တွန်းဖယ်ပြီး စစ်ဆေးရေးတာဝန်ခံဆီ ဒေါသတကြီးသွားကာ အထောက်အထားတုံကင်ကို ပစ်ပေးလိုက်သည်။
ဂျန်ဖန်းကြည့်လိုက်သည့်အခါ မျက်နှာအနည်းငယ်ပြောင်းလဲသွား၏။
ထိုအရာက တကယ်ပဲ စစ်မှန်မိုးကြိုးဂိုဏ်းအထောက်အထားတုံကင်ဖြစ်နေခဲ့သည်။
သူက ရှုယင်းရင်ကိုတစ်ချက်ကြည့်ပြီး မေးခွန်းထုတ်သည့်အမူအရာပြသလိုက်သည်။
စစ်မှန်မိုးကြိုးဂိုဏ်းအဖွဲ့ထဲ၌ မိန်းခလေးတစ်ယောက်ရှိလားဆိုပြီပင်။
သူဘာကြောင့် လုံးဝမမှတ်မိရသနည်း။
ရှုယင်းရင်လည်း တစ်ခုခုလွဲနေမှန်းသိပြီး ခေါင်းခါယမ်းပြလိုက်သည်။
သူမက စစ်မှန်မိုးကြိုးဂိုဏ်းအဖွဲ့နှင့် ရက်အနည်းငယ် အတူရှိခဲ့၏။
သူတို့ထဲ၌ သေချာပေါက် မိန်ခလေးမရှိပေ။
ဂျန်ဖန်းမျက်မှောင်ကြုတ်သွားသည်။
ဤမိန်းခလေးက အယောင်ဆောင်ထားသည်လား ခုမှရောက်လာသည်လား...
သက်သေမရှိ၍ သူမကို ထုတ်ဖော်ဖို့က မသင့်တော်ပေ။
ထို့ပြင်, သူက စစ်မှန်မိုးကြိုးဂိုဏ်းကိစ္စတွေထဲ ဝင်မပါချင်ပေ။
သူ့မျက်လုံးတွေ အရောင်လက်သွား၏။
ရှုယင်းရင် အနီဝတ်မိန်းခလေးကိုအာရုံစိုက်နေချိန် တိတ်တဆိတ်အထောက်အထားတုံကင်ထုတ်ကာ အခြားစစ်ဆေးရေးတာဝန်ခံဆီပေးလိုက်သည်။
တစ်ဖက်လူ ရိုးရှင်းစွာမှတ်တမ်းတင်လိုက်ပြီး ဂျန်ဖန်းကို ပြန်ပေးလိုက်သည်။
ရှုယင်းရင် သတိထားမိသည့်အခါ ဂျန်ဖန်း အထောက်အထားတုံကင်ကို ပြန်သိမ်းပြီးကာ ပြောလိုက်သည်။
"သွားကြစို့...."
"အကြီးအကဲလင်းနဲ့အခြားလူတွေ တွေ့မလား ရှာကြည့်ရအောင်..."
ရှုယင်းရင် နှုတ်ခမ်းဆူပြီး အနည်းငယ်ခြေဆောင့်လိုက်သည်။
"တော်တော်တွန့်တိုတာပဲ၊ ငါ့ကို အထောက်အထားတုံကင်တောင် မပြဘူး..."
သူမက နံပါတ်တစ်အရိပ်စောင့်၏အထောက်အထားတုံကင်မြင်ရမည့် အခွင့်အရေးလွဲချော်သွားခဲ့သည်။
သို့ပေမယ့် အနီဝတ်မိန်းခလေး၏ဝင်နှောက်ယှက်မှုကြောင့်လွဲချော်သွားခြင်းဖြစ်သည်။
နှစ်ယောက်သား မြို့ထဲဝင်လာကြ၏။
ချက်ချင်းပဲ သိပ်မဝေးသည့်မြို့ဝင်ပေါက်လက်ဖက်ရည်ဆိုင်၌ အကြီးအကဲလင်းနှင့် ကျီရူရွဲ့တို့အဖွဲ့ ကို မြင်လိုက်သည်။
လင်ဂျင်ဟူလက်မောင်းဒဏ်ရာရနေပြီး ပတ်တီးစီးကာလည်ပင်း၌သိုင်းထားခဲ့သည်။
ထိုအရာက လက်ကျိုးသွားတာကိုပြသနေတာဖြစ်ပြီး တပည့်တွေလည်း လေးငါးယောက်သာကျန်တော့၏။
ပျောက်နေသည့်တပည့်တွေ၏ကံကြမ္မာကိုခန့်မှန်းဖို့ မခက်ပေ။
ဂျန်ဖန်းတို့ကဲ့သို့ ကံမကောင်းပြီး နတ်ဆိုးသားရဲတွေနှင့်တွေ့ခဲ့တာဖြစ်နိုင်၏။
သို့ပေမယ့် ဂျန်ဖန်း၌ စွမ်းအားကြီးရတနာတွေနှင့် မရေမတွက်နိုင်သည့်နည်းလမ်းတွေရှိ၍ အသက်ရှင်နိုင်ခဲ့သည်။
အခြားလူတွေက ထိုမျှလောက်ကံမကောင်းကြပေ။
"အို, ဒါဂျန်... ဂျူနီယာညီမလေးရှုနဲ့ အခြားလူတွေပဲ..."
ကျီရူယွဲ့၏ထက်ရှသည့်မျက်လုံးတွေက ချက်ချင်းပဲ ဂျန်ဖန်းကို သတိထားမိလိုက်သည်။
သူမက ဂျန်ဖန်းအထောက်အထားကိုထုတ်ဖော်လုနီးပါးဖြစ်ပြီး အချိန်မှီိထိန်းနိုင်လိုက်သည်။
လင်းဂျင်ဟူ ထိုအရာကိုကြားသည့်အခါ အလျှင်အမြန်ကြည့်လိုက်သည်။
ဂျန်ဖန်းနှင့် ရှုယင်းရင် ဒဏ်ရာမရတာကိုမြင်သည့်အခါ သူမ၏ပူပန်နေသည့်မျက်နှာ အနည်းငယ်သက်သာယာရသွား၏။
ရှေ့ကိုပြေးထွက်လာပြီး သက်သာယာရစွာပြောလိုက်သည်။
"မင်းတို့ဘာမှမဖြစ်တာကောင်းတယ်။ မင်းတို့ဘာမှမဖြစ်တာကောင်းတယ်...."
"ငါထင်တာ မင်းတို့လည်းအန္တရာယ်နဲ့တွေ့နေပြီလားလို့...."
"ယခု ငါ နောက်ဆုံးတော့ ဂိုဏ်ချုပ်ကို ပြန်ပြောနိုင်ပြီ..."
အဆုံးမှာတော့ ဤလူကို အသင်္ချေဓားဂိုဏ်းလိုက်ပို့ဖို့ ဂိုဏ်းချုပ် သူမကို ညွှန်ကြားခဲ့တာဖြစ်သည်။
သူသာ ဒဏ်ရာတစ်ခုခုရသွားလျှင် ပြဿနာတက်ပြီပင်။
ဂျန်ဖန်း ဤအကြီးအကဲကို သဘောကျ၏။
သူမက သူမ၏အသက်ကိုစွန်းစားကာ တပည့်တွေအတွက် လမ်းဖွင့်ပေးခဲ့သည်။
သူမလက်ဒဏ်ရာကိုမြင်သည့်အခါ ဘာမှမပြောပဲ ပြန်လည်ရှင်သန်ခြင်းဆေးလုံး ထုတ်ပေးလိုက်သည်။
"အကြီးအကဲလင်း, လမ်းတစ်လျှောက် ငါ့ကို စောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်...."
"ဒီကုသဆေးကို မြန်မြန်သောက်လိုက်ပါ...."
လင်ဂျင်ဟူ အံ့အားသင့်စွာဖြင့် လက်ခံလိုက်၏။
တစ်ခဏကြာထိ သူမ ဤအစိမ်းရောင်ဆေးလုံးကို မမှတ်မိပေ။
သို့ပေမယ့် ကျီရူယွဲ့ပင့်သက်ရှိုက်လိုက်၏။
ရှင်းလင်းစွာပင် ထိုအရာက လေလံပွဲ၌ အံ့အားသင့်ဖွယ်ဈေးနှုန်းဖြင့် ရောင်းချခဲ့သည့် ပြန်လည်ရှင်သန်ခြင်းဆေးလုံးမှန် မှတ်မိသွားခဲ့သည်။
ဤကဲ့သို့တန်ဖိုးကြီးဆေးလုံးမျိုးကို ဂျန်ဖန်းက သာမန်အတိုင်းပေးပစ်လိုက်သည်။
သူမမျက်လုံးတွေ၌ လှိုင်းတွန့်တွေအပြည့်ဖြင့် အလွန်တရာနှစ်သက်မှုတွေ ပြသလာ၏။
ဂျန်ဖန်းတကယ်ပဲ သူ့ဘေးကလူတွေကို မတွန့်တိုပေ။
လင်းဂျင်ဟူ ရှက်သလိုခံစားရပြီး ပြောလိုက်သည်။
"မင်းက ကြင်နာလွန်းနေပါပြီ၊ သခင်လေး။ ငါတို့ တကယ့်အန္တရာယ်နဲ့တွေ့ရင် ငါမင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး...."
"မင်းက ကိုယ့်ဘာသာလွတ်မြောက်ပြီး ကံကောင်းလို့အသက်ရှင်ခဲ့တာပါ..."
"နောက်မင်းဘယ်သွားမှာလဲ..."
"အသင်္ချေဓားဂိုဏ်းမှာ ငါ့အသိအချို့ရှိတယ်။ သူတို့က မင်းကို အစားအစာနဲ့နေထိုင်ဖို့နေရာပေးနိုင်တယ်....."
သူမက ဂျန်ဖန်းအတွက် တစ်ခုခုပြန်လုပ်ပေးချင်နေခဲ့သည်။
သို့ပေမယ့် ဂျန်ဖန်း လင်ဂျင်ဟူနှင့် ဘယ်လိုလုပ် နောက်ထပ်ဆက်နေရဲမည်နည်း။
သူ့အထောက်အထားသာပေါ်သွားလျှင် သူမ ဘာလုပ်မည်ဆိုတာ မည်သူမှမသိနိုင်ပေ။
"အကြီးအကဲလင်း, မင်းရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ငါ အသင်္ချေဓားဂိုဏ်းရဲ့မြင့်မြတ်အကြီးအကဲကျောက်ချီဒန်ဆီသွားဖို့ ပြင်ထားတယ်...."
ထိုအရာကိုကြားသည့်အခါ လင်ဂျင်ဟူ နောက်ထပ်ဆွဲမထားတော့ပေ။
ထိုအရာက ဂျန်ဖန်း၏မဟာအခွင့်အရေးဖြစ်ရာ သူမဘယ်လိုလုပ် တားနိုင်မည်နည်း။
"ကောင်းပြီလေ, ဒါဆို မနက်ဖြန်ဓားသစ်တောမှာ တွေ့မယ်...."
သူမက ဂျန်ဖန်းနှင့် ရှုယင်းရင်တို့ထွက်ခွာသွားတာကို ကြည့်နေခဲ့သည်။
သူတို့လူအုပ်ထဲပျောက်သွားသည့်အခါမှသာ လင်ဂျင်ဟူအမူအရာတဖြည်းဖြည်းမှိန်ဖျော့သွားပြီး ညွှန်ကြားလိုက်သည်။
"မင်းတို့လုပ်စရာရှိရင်သွားလုပ်ကြ။ ဒီနေ့ည တည်းခိုဆောင်မှာ ပြန်ဆုံမယ်..."
တပည့်တွေ နာခံစွာဖြင့် ထွက်ခွာသွားခဲ့သည်။
သူတို့ထွက်ပြေးလာစဥ် လူတိုင်း၏စိတ်ဝိညာဥ်ဆေးနှင့် အဆောင်စာရွက်တွေ အသုံးပြုပြီးဖြစ်၍ ပြန်သိုလှောင်ရမည်ပင်။
ကျီရူယွဲ့လည်း ထွက်သွားဖို့ပြင်လိုက်ပေမယ့် လင်ဂျင်ဟူ တားလိုက်သည်။
"ရူယွဲ့နင်နေခဲ့...."
ကျီရူယွဲ့ မလွယ်ကူသလိုခံစားရပေမယ့် နာခံစွာပဲ ကျန်နေခဲ့သည်။
အခြားတပည့်အားလုံးထွက်သွားသည့်အခါ...
လင်ဂျင်ဟူ ကျီရူယွဲ့ကို အဓိပ္ပာယ်ပါသည့်မျက်လုံးတွေဖြင့် စိုက်ကြည့်ပြီး မျက်နှာက တင်းမာနေခဲ့သည်။
"နင်အတော်သတ္တိရှိတာပဲ...."
ကျီရူယွဲ့နှလုံးသားကျုံ့ဝင်သွားပြီး အလျှင်အမြန်ဦးညွှတ်လိုက်သည်။
"တပည့်.... တပည့် ဘယ်နေရာမှားလဲမသိဘူး။ ကျေးဇူးပြုပြီး မဟာအကြီးအကဲထောက်ပြပေးပါ....."
"ဟမ့်...."
လင်ဂျင်ဟူနှာမှုတ်လိုက်၏။
ထို့နောက် သူမပြောလိုက်သည့်အရာက ကျီရူယွဲ့ကို ထိတ်ထိတ်ပျာပျာဖြစ်သွားစေခဲ့သည်။
"အဲ့ဒီမျက်နှာဖုံးနဲ့လူက ဂိုဏ်းချုပ်ရှာနေတဲ့ဂျန်ဖန်းဆိုတာ နင်အစကတည်းသိတယ်မဟုတ်လား..."
"ဒါပေမယ့် နင် ဖုံးကွယ်ထားခဲ့တယ်...."
ဒုတ်! ဒုတ်!
ကျီရူယွဲ့မျက်နှာ ထိတ်လန့်မှုကြောင့် တောင့်တင်းသွား၏။
"အမ်?, သူ...သူက ဂျန်ဖန်းလား? ကျွန်မတကယ် မမှတ်မိဘူး....."
လင်ဂျင်ဟူ ပြောလိုက်သည်။
"ဟန်ဆောင်မနေနဲ့...."
"သူ့ကျောက အဲ့ဒီရှေးဟောင်းဗျတ်စောင်းနဲ့ အဝတ်ပတ်ထားတဲ့ဓား... နင် အဲ့တာတွေ မမှတ်မိဘူးပေါ့...."
"အဲ့တာတွေက ဂျန်ဖန်းပိုင်ဆိုင်တဲ့ဟာတွေပဲ...."
"နင် အဲ့တာတွေမြင်တော့ နည်းနည်းလေးတောင် အံ့အားသင့်တဲ့အရိပ်အယောင်မပြခဲဘူး။ ဒါဟာ နင် သူ့အထောက်အထားကို အစောကြီးကတည်းကသိနေတယ်လို့ ဆိုလိုနေတာပဲ...."
ကျီရူယွဲ့ ဖြူဖြော့သွား၏။
သူမနှုတ်ခမ်းတွေ တုန်ယင်နေပြီး ဒူးထောက်ချလိုက်သည်။
"တပည့် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့တာမဟုတ်ပါဘူး။ ကျေဇူးပြုပြီး မဟာအကြီးအကဲခွင့်လွတ်ပေးပါ...."
မမျှော်လင့်စွာနှင့်....
လင်းဂျင်ဟူ သူမကို ထူပေးလိုက်သည်။
သူမ၏ အစောပိုင်းတင်မာသည့်မျက်နှာလည်း ပြေလျော့နေပြီး ခပ်ဖွဖွပြုံးပြီး ပြောလိုက်သည်။
"နင့်မှာအပြစ်ရှိတယ်ဆိုရင်, သူ့ကိုလွတ်ပေးလိုက်တဲ့ငါ့မှာလည်း အပြစ်ရှိတာပဲမဟုတ်ဘူးလား...."
အာ?....
ကျီရူယွဲ့ ထိုမှသာ နားလည်သွား၏။
တကယ်ပင်။ လင်ဂျင်ဟူသာ ဂျန်ဖန်းကို တကယ်ဖမ်းချင်လျှင် စောနက ဘာကြောင့် မလှုပ်ရှားခဲ့သနည်း။
သူမက မသေချာစွာဖြင့်မေးလိုက်သည်။
"မဟာအကြီးအကဲ, နင်ဘာကိုဆိုလိုတာလဲ..."
လင်ဂျင်ဟူ ခပ်ဖွဖွပြုံးလိုက်သည်။
"ငါဆိုလိုတာ.... ငါတို့ဘာမှမသိဘူး..."
"သူ့ကိုလွတ်ပေးလိုက်ပါ။ သူ့ကိုတင်နေတဲ့အကြွေးတွေအားလုံးပြန်ပေးတယ်လို့ သဘောထားလိုက်တာပေါ့...."
ပထမအပိုင်းကိုကြားသည့်အခါ ကျီရူယွဲ့ ပျော်ရွင်သည့်အမူအရာပြသလာ၏။
သို့ပေမယ့်နောက်တစ်ပိုင်းကိုကြားသည့်အခါ အကူအညီမဲ့စွာရယ်လိုက်သည်။
လင်ဂျင်ဟူလက်ထဲရှိ အစိမ်းရောင်ဆေးလုံးကို ညွှန်ပြပြီး စနှောက်လိုက်သည်။
"အဲ့ဒီကျေးဇူး, အကြီးအကဲလင်း, ငါကြောက်တာတော့ နင်ပြန်ဆပ်ဖို့ လိုအုန်းမယ်ထင်တယ်...."