← Chapters

ချင်ချိုင်ဟီ၏ဆူပူမှု

Vol. 23 Ch. 316

ချင်ချိုင်ဟီ၏ဆူပူမှု

Vol. 23 Ch. 316

လင်ဂျင်ဟူအံ့အားသင့်သွားပြီး လက်ထဲရှိအစိမ်းရောင်ဆေးလုံးကိုကြည့်ကာ ပြောလိုက်သည်။

"ဒါက ကုသဆေးတစ်လုံးပဲမဟုတ်ဘူးလား။ ဘယ်လောက်တန်မှာမိုလို့လဲ..."

ကျီရူယွဲ့ အစိမ်းရောင်ဆေးလုံးကို မနာလိုစွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

"သလင်းကျောက် နှစ်သန်းတန်တဲ့ကုသဆေးလုံးက လုံလောက်အောင် တန်ဖိုးမကြီးဘူးလား...."

ဘယ်လောက်?...

ခုလေးတင်ထိုင်လိုက်သည့် လင်ဂျင်ဟူ အံ့အားသင့်စွာဖြင့်ခုန်ထကာ ပြောလိုက်သည်။

"သလင်းကျောက်နှစ်သန်း? အဲ့လောက်ဈေးကြီးတဲ့ဆေးဘယ်မှာရှိ...."

"နေအုန်း, ဒါက ဒဏ္ဍာရီလာ ပြန်လည်ရှင်သန်ခြင်းဆေးလုံးလား...."

"အတွင်းဒဏ်ရာတွေနှင့် ပြင်ပဒဏ်ရာတွေကို နှစ်နာရီအတွင်း ပျောက်ကင်းစေနိုင်တဲ့ ရှေးဟောင်းဆေးလုံးလေ...."

ကျီရူယွဲ့ ခေါင်းညိတ်လိုက်ပြီး တောက်ပသည့်မျက်လုံးတွေဖြင့် ပြောလိုက်သည်။

"အခြားဘာရှိအုန်းမှာလဲ...."

လင်ဂျင်ဟူ ပင့်သက်ရှိုက်လိုက်သည်။

ထိုကဲ့သို့စိတ်ဝိညာဥ်ဆေးလုံး.... ဂျန်ဖန်းတကယ်ပဲ သူမကို ပေးခဲ့သည်။

ခဏကြာတော့, လေးလေးနက်နက်သိမ်းပြီး ခါးသီးစွာပြုံးလိုက်သည်။

"ဒီကျေးဇူးက တကယ်ပဲ ပြန်ပေးဖို့ခက်တယ်...."

အသင်္ချေဓားဂိုဏ်းတောင်ခြေ၌....

ရှုယင်းရင် ရပ်ပြီး ပြောလိုက်သည်။

"ငါ နင့်ကို ဒီနေရာကစောင့်မယ်...."

နံပါတ် ၁ အရိပ်စောင့် အသင်္ချေဓားဂိုဏ်းမြင့်မြတ်အကြီးအကဲနှင့်တွေ့ဖို့လိုသေး၏။

သူမလိုက်သွားတာက သေချာပေါက် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ပင်။

ဂျန်ဖန်းခေါင်းညိတ်ပြီး ဝင်ပေါက်ကို လျှောက်သွားလိုက်သည်။

သူဝင်လိုက်သည်နှင့် ဈေးထဲရောက်သွားလား ထင်မိလုနီးပါးပင်။

အဝင်ဝ၌ လှည်းတန်းတွေနှင့် ဒါဇင်နှင့်ချီသည့်တပည့်တွေအုပ်တွေ သူတို့တာဝန်တွေလက်လွဲပေးဖို့ စောင့်နေတာ မြင်လိုက်၏။

တာဝန်လက်ခံသည့်တပည့်တွေ နိုင်နင်းအောင် မလုပ်နိုင်ကြတော့ပေ။

ဂျန်ဖန်းပါးစပ် တွန့်လိမ်သွား၏။

ဒီတော့ လူတိုင်းအတူတူပင်။

သူတို့၏အကြီးအကဲတွေကိုမှီခိုပြီး အကျိုးပြုမှတ်အလကားယူကြတာဖြစ်သည်။

ရလဒ်အနေဖြင့် လူများလွန်း၍ အသင်္ချေဓားဂိုဏ်း၏တာဝန်လက်ခံသည့်နေရာ နေရာလွတ်မရှိလုနီးပါးပင်။

ထိုအခိုက်အတန့်၌...

ဂျန်ဖန်း မကျေမနပ်မှုအပြည့်ဖြင့် ရင်းနှီးသည့်အသံတစ်ခုကို ကြားလိုက်သည်။

"ဘာလို့တိုးနေကြတာလဲ? ညိမ်ညိမ်တန်းမစီနိုင်ကြဘူးလား..."

ဂျန်ဖန်းလှည့်ကြည့်လိုက်သည့်အခါ မနေနိုင်ပဲ ဆွံ့အသွား၏။

ထိုအရာက ချင်ချိုင်ဟီပင်။

သူမက အတော်လေးမကျေမနပ်ဖြစ်နေပြီး ဖရိုဖရဲမြင်ကွင်းကို စိတ်မရှည်စွာ စီမံနေခဲ့သည်။

သူမက ခုလေးတင်အသင်္ချေဓားဂိုဏ်းကိုပြန်ရောက်ပြီး ဖင်တောင်ပူအောင်မထိုင်ရသေးပေ။

ဝင်ပေါက်၌ တာဝန်လွဲပေးသည့်တပည့်တွေနှင့်ပြည့်နေရာ ဖိအားပေးစေလွတ်ခံခဲ့ရ၏။

ဤကဲ့သို့အခြေအနေမှာ မည်သူက စိတ်ကောင်းဝင်နိုင်မည်နည်း။

သူမဘေးရှိ ဂျူနီယာညီမတစ်ယောက် သတိထားပြီးပြောလိုက်သည်။

"စီနီယာအမချင်, အဲ့လိုမပြောနဲ့လေ..."

"ဒါက လူတွေကို အလွယ်တကူရန်စမိစေလိမ့်မယ်....."

ယနေ့ရောက်လာသည့်လူအားလုံးက ဂိုဏ်းအသီးသီးမှ ပါရမီရှင်တပည့်တွေဖြစ်ပြီး ပုံမှန်အချိန်တွေနှင့်မတူပေ။

စကားတစ်ခွန်းက စွမ်းအားကြီးတပည့်များစွာကို ရန်စမိစေနိုင်၏။

သူတို့ထဲကတစ်ယောက်သာရန်ငြိုးထားလျှင် ပြဿနာများပြီပင်။

သို့ပေမယ့် ချင်ချိုင်းဟီ စိတ်ထဲရှိသည့်အတိုင်းပြုမူနေဆဲဖြစ်ပြီး ပြောလိုက်သည်။

"ဘယ်သူက ဂရုစိုက်နေလို့လဲ...."

"သူတို့အားလုံးက ပါရမီရှင်တပည့်တွေဆိုပေမယ့် အမိန့်ပေးနိုင်တဲ့အာဏာမရှိဘူး..."

ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်သည်။

သူတို့အတူခရီးသွားချိန်က သူမက ကျိုးကြောင်းဆီလျော်သည့်လူတစ်ယောက်ဖြစ်၏။

ဘာကြောင့် ခွဲခွာသည်နှင့် လျှာစောင်းထက်သည့်သဘာဝကို ပြန်ပြောင်းသွားရသနည်း။

သူက စိတ်ရှည်စွာပဲ အဆုံးမှာတန်းစီလိုက်သည်။

ခဏကြာပြီးနောက် အလှည့်ရောက်လာ၏။

ချင်ချိုင်းဟီ ချွေးပျံနေပြီး အစောပိုင်းတပည့်၏အချက်အလက်ကို မှတ်တမ်းတင်လိုက်သည်။

သူမက မနားတန်း မကျေနပ်မှုတွေကို ပြောနေခဲ့သည်။

"တစ်ယောက်ချင်းစီက အခွင့်ရေးသမားတွေကြီးပဲ..."

"ဒါကို သူတို့ကိုသူတို့ ပါရမီရှင်တပည့်တွေတဲ့။ ကပ်ပါးကောင်တွေကများ..."

ဘေးရှိဂျူနီယာညီမ ဆွံ့အသွားပြီး ပတ်ပတ်လည်ရှိလူတိုင်းအမူအရာကိုကြည့်ကာ တိတ်တဆိတ်တောင်းပန်လိုက်၏။

"စီနီယာအမ, ကျေးဇူးပြုပြီး မပြောပါနဲ့တော့...."

ချင်ချိုင်းဟီ အပြစ်လုပ်မိမှာ မကြောက်ပေမယ့် သူမကြောက်၏။

ချင်ချိုင်ဟီ နှာမှုတ်လိုက်သည်။

"ပြောတော့ဘာဖြစ်လဲ။ သူတို့ကို ငါက ကြောက်ရမှာလား...."

"နောက်တစ်ယောက်...."

ဂျန်ဖန်း ရှေ့ကို ကို့ရို့ကားယားဖြင့် လျှောက်လာလိုက်သည်။

အဘယ်ကြောင့်ဆိုသော်, သူလည်း ကပ်ပါးကောင်တွေထဲက တစ်ယောက်ဖြစ်နေသောကြောင့်ပင်။

မမျှော်လင့်စွာပဲ ရက်အနည်းငယ်လောက်ခွဲခွာပြီးနောက် သူက ချင်ချိုင်းဟီ၏ဆူပူမှုကို ခံနေရ၏။

ကျောက်စိမ်းစာလိပ်၊ အထောက်အထားတုံကင်တို့ကို ဆက်သွယ်ရေးစာတစ်စောင်နှင့်အတူ စားပွဲပေါ်ထားလိုက်သည်။

စာက ဤတာဝန်အတွက် သူ၏တာဝန်ပစ္စည်းဖြစ်သည်။

ချင်ချိုင်းဟီ ဂျန်ဖန်းကိုကြည့်လိုက်သည့်အခါ မျက်နှာဖုံးတပ်ထားတာမြင်တော့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

သူမက စာကိုကောက်ပြီး ဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပဲ, ဘေးရှိဂျူနီယာညီမကို ပြောလိုက်သည်။

"သူ့အထောက်အထားတုံကင်နဲ့ ကျောက်စိမ်းစာလိပ်ကို စစ်လိုက်...."

ဓားသစ်တောအခမ်းအနားကနီးကပ်လာပြီဖြစ်၍ မည်သည့်မသာသူကိုမှ အလွတ်ပေးလို့မရပေ။

မကြာခင် ဂျူနီယာညီမ အတည်ပြုလိုက်၏။

"အထောက်အထားတုံကင်နဲ့ ကျောက်စိမ်းစာလိပ်အားလုံး အဆင်ပြေတယ်..."

ချင်ချိုင်ဟီလည်း စာကို စစ်ဆေးတာပြီးစီးသွား၏။

"ဒီမှာလည်း ပြဿနာမရှိဘူး...."

သို့ပေမယ့် သူမက သူ့ကို မသွားခိုင်းသေးပေ။

လက်ပိုက်ပြီး ဂျန်ဖန်းကို စိုက်ကြည့်ကာ သတိပေးလိုက်သည်။

"ဒီလိုအထူးအချိန်အခါမျိုးမှာ, အရမ်းလျို့ဝှက်မနေတာပိုကောင်းမယ်..."

"နာလည်မှုလွဲတာကနေ ကာကွယ်ဖို့လေ..."

ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်။

နောက်တစ်ကြိမ်ဆူပူခံရပြန်ပြီပင်။

သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"မင်းရဲ့အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်, စီနီယာအမ..."

ဂျန်ဖန်း၏ ကောင်းမွန်သည့်အပြုအမူကိုမြင်သည့်အခါ ချင်ချိုင်းဟီ ဂျူနီယာညီမကို ညွှန်ကြားလိုက်၏။

"သူ့ကို မှတ်တမ်းတင်ပေးလိုက်...."

ဂျူနီယာညီမ သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

စီနီယာအမချင်ချိုင်ဟီက တကယ်ပဲ လူတွေကို အပြစ်လုပ်မိမှာ မကြောက်ပေ။

တစ်စုံတစ်ယောက်ကို ထိုကဲ့သို့တိုက်ရိုက်သင်ကြားပေးရဲ၏။

တစ်ဖက်လူသာစိတ်ဓာတ်ကျဥ်းမြောင်းလျှင် အငြိုးအတေးထားမည်ဖြစ်သည်။

ကံကောင်းစွာဖြင့် ချင်ချိုင်းဟီ ကိစ္စတွေကို ခက်ခဲအောင် ဆက်မလုပ်ပေ။

သူမက အလျှင်အမြန်ပဲ မှတ်တမ်းစာအုပ်ဖွင့်ကာ အထောက်အထားတုံကင်အရ မှတ်တမ်းတင်လိုက်၏။

သူမ ရေရွတ်လိုက်သည်။

"ဂျန်ဖန်း...."

ဟမ်?....

ချင်ချိုင်းဟီအေးခဲသွားပြီး ရုတ်တရက် စူးစူးဝါးဝါးအော်လိုက်သည်။

"နင်ဘာလို့ သူ့နာမည်မပြောတာလဲ...."

ဂျူနီယာညီမကြောက်ရွံ့မှုကြောင့် တုန်ယင်သွား၏။

သူမများမှားရေးမိလားဆိုပြီး အလျှင်အမြန် အထောက်အထားတုံကင်ကို ကြည့်လိုက်သည်။

စစ်ဆေးပြီးနောက်, စိတ်ရှုပ်စွာဖြင့်ပြောလိုက်သည်။

"စီနီယာအမ, မှန်ပါတယ်။ တိမ်စိိမ်းဂိုဏ်းတပည့်-ဂျန်ဖန်းလေ..."

ချင်ချိုင်ဟီ ရှေ့ရှိ မျက်နှာဖုံးနှင့်လူကို မယုံနိုင်စွာဖြင့်ကြည့်နေခဲ့သည်။

မျက်နှာဖုံးနှင့်လူ၏ ပြုံယောင်သန်းနေသည့်မျက်လုံးတွေကိုမြင်သည့်အခါ မနေနိုင်ပဲ တစ်ကိုယ်လုံးတုန်ယင်သွား၏။

တကယ်ဂျန်ဖန်းပင်။

သူမ အလွန်ပျော်သွားပြီး ထိုင်ခုံမှခုန်ထကာ ဂျန်ဖန်းလက်ကို စိတ်လှုပ်တရှား ဆုပ်ကိုင်လိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ဘယ်လိုလုပ် နင်ဖြစ်နေရတာလဲ...."

"အသင်္ချေဓားဂိုဏ်းကို ဘာလာလုပ်တာလဲ..."

"ငါနင့်ကို နောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ဘူးထင်နေတာ..."

ဂျန်ဖန်း မချိပြုံးပြုံးပြီးပြောလိုက်သည်။

"မင်းဒေါသက ရက်အနည်းငယ်အတွင်း တိုးလာမယ်လို့ မမျှော်လင့်ထားဘူး...."

"ကံကောင်းလို့ ငါတို့ ခဏနဲ့ခွဲခွာခဲ့လို့...."

"အချိန်သာကြာရင် အဆူခံရရုံလောက်မဟုတ်လောက်ဘူး..."

အာ....

ချင်ချိုင်ဟီမျက်နှာ ချက်ချင်း နီရဲသွား၏။

စောနကသူမစကားတွေကိုပြန်တွေးပြီး မနေနိုင်ပဲ မျက်နှာကိုရှက်ရွံ့စွာကာထားလိုက်သည်။

သူမ တကယ်ပဲ ဂျန်ဖန်းကို ဆူပူခဲ့သည်။

ဘုရားရေ....

ရှက်စရာကောင်းလိုက်တာ....

ထို့နောက် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

"ငါတောင်းပန်ပါတယ်၊ ဂျူနီယာမောင်လေးဂျန်, နင်မှန်းငါမှမသိတာ..."

"သိရင် ၁၀ သတ္တိရှိရင်တောင် မလုပ်ရဲပါဘူး....."

အာ...

ဘေးရှိ ဂျူနီယာညီမ ကြောင်အနေ၏။

သူမအမြင်၌ စီနီယာအမချင်က ဘယ်သောအခါမှ ဤကဲ့သို့မိန်းခလေးဆန်သည့်အမူအရာမရှိပေ။

ဤမျက်နှာဖုံးနှင့်လူက မည်သူနည်း။

သူက သူမကို ဤလောက်ထိရှက်အောင်လုပ်နိုင်၏။

ပတ်ဝန်းကျင်မှထူးဆန်းသည့်အမူအရာတွေကိုမြင်သည့်အခါ အသာအယာတို့လိုက်သည်။

"စီနီယာအမ, စီနီယာအမ, အရင်ဆုံးအလုပ်လုပ်ရအောင်..."

ချင်ချိုင်ဟီ အသိပြန်ဝင်လာပြီး သူမမျက်နှာ ပိုလို့တောင် နီရဲသွား၏။

သူမက တကယ်ပဲ လူတိုင်းရှေ့၌ မူမမှန်ဖြစ်သွား၏။

ကို့ရို့ကားယားဖြင့် စားပွဲဆီပြန်ကာ ဂျန်ဖန်းနာမည်ကို ကိုယ်တိုင်ရေးပေးလိုက်၏။

မှတ်တမ်းတင်ပြီးနောက်, စိုးရိမ်တကြီးမေးလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, လမ်းခရီးက သေချာပေါက် ခက်ခဲခဲ့မှာပဲ..."

ဂျန်ဖန်းပြောလိုက်သည်။

"အဆင်ပြေပါတယ်။ ငါက ဓားသစ်တော့အခမ်းအနားမှာပါဝင်ရအောင် ရမ္မက်ဂိုဏ်းမဟာအကြီးအကဲလင်းနဲ့အတူလာတာလေ။ သူမကာကွယ်မှုအောက်မှာ အန္တရာယ်အများကြီးမရှိခဲ့ပါဘူး...."

ချင်ချိုင်ဟီ ရှက်ရွံ့စွာပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်က အရမ်းစွမ်းအားကြီးသလို အရမ်းလည်းအလုပ်ကြိုးစားတာပဲ။ ဓားသစ်တောလာတာတောင် တာဝန်တစ်ခုယူခဲ့ဖို့မမေ့ခဲ့ဘူး...."

"ငါနှိုင်းယှဥ်ရမှာ ရှက်မိပါတယ်...."

ဟမ်?...

ဂျူနီယာညီ နဖူးမှာမေးခွန်းကြီးသုံးခုဖြင့် ရေရွတ်လိုက်သည်။

"စီနီယာအမ, ဒါကပ်ပါးကောင်တွေ၊ အခွင့်ရေးသမားတွေလို့ စောနက နင်မပြောခဲ့ဖူးလား....."

"ဘယ်လိုလုပ် ဂျူနီယာမောင်လေးဂျန်နဲ့မှ အလုပ်ကြိုးစားတယ်တွေ ဖြစ်ကုန်တာလဲ။ နင်က အတော်အရှက်မရှိ....."

"အွမ်း..."

ချင်ချိုင်ဟီ သူမပါးစပ်ကို ပိတ်လိုက်သည်။

ဤနေရာမှာတင် အသက်ရှူကျပ်သေသွားစေချင်သည့် ရည်ရွယ်ချက်နှင့်ဖြစ်သည်။

သူမမျက်နှာ နောက်တစ်ကြိမ်နီရဲသွားပြီး ကို့ရို့ကားယားပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေ နားထောင်မနေနဲ့...."

"ငါ အဲ့လို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး..."

"သေချာပေါက်မပြောခဲ့ဘူး....."

ထိုအခိုက်အတန့်၌, သူမရှက်လွန်း၍ မြေကြီးထဲတွင်းတူးတာဝင်သွားချင်တော့သည်။

ဂျန်ဖန်း ရယ်ချင်သွား၏။

သို့ပေမယ့် ငြင်းခုန်မနေတော့ပဲ အလေးအနက်ပြောလိုက်သည်။

"စီနီယာအမချင်, ငါ တစ်ခုမေးချင်တယ်...."

တာဝန်လက်လွဲပေးတာက ဒုတိယကိစ္စပင်။

အရေးကြီးဆုံးကိစ္စက မြင့်မြတ်အကြီးအကဲကျောက်ချီဒန်နှင့် တွေ့ဖို့ပင်။

All Chapters