သက်ရှိဗုဒ္ဓ
Vol. 23 Ch. 317
ချင်ချိုင်းဟီ အကြိမ်ကြိမ်ခေါင်းညိတ်လိုက်၏။
"မေးလေ, ဂျူနီယာမောင်လေး ဘာမေးမလို့လဲ...."
ဂျန်ဖန်းပြောလိုက်သည်။
"မင်းတို့ဂိုဏ်းမှာ ကျောက်ချီဒန်နာမည်နဲ့ မြင့်မြတ်အကြီးအကဲတစ်ယောက်ရှိလား..."
ချင်ချိုင်းဟီ အလေးအနက်ပြောလိုက်သည်။
"ရှိတယ်၊ ဂျူနီယာမောင်လေးဂျန်က ဘာလို့မေးတာလဲ...."
တကယ်ပဲ ရှိ၏။
ကြည့်ရတာ လူအိုကြီးက အဓိပ္ပာယ်မရှိတာတွေ ပြောလိုက်တာမဟုတ်ပေ။
ဂျန်ဖန်းပြောလိုက်သည်။
"ငါ အဲ့အကြီးအကဲဆီသွားချင်ရင် အရမ်းကြီးမခက်ခဲလောက်ဘူးမလား...."
အာ?...
ချင်ချိုင်းဟီ အံ့အားသင့်သွားပြီး ဒုက္ခများသည့်အမူအရာ ပြသလိုက်၏။
"နင် သူမကို မတွေ့နိုင်မှာ ကြောက်မိတယ်...."
"ငါတို့တောင်မှ သူမကိုမြင်ရခဲတယ်...."
ဂျန်ဖန်း အရမ်းမအံ့သြသွားပေ။
တိမ်စိမ်းဂိုဏ်း၌တောင် ဂျန်ဖန်း မြင့်မြတ်အကြီးအကဲတွေကို တွေ့ရဖို့ အလွန်ခက်ခဲ၏။
အခြားဂိုဏ်းမှမြင့်မြတ်အကြီးအကဲဆီသွားဖို့ သူ့လိုတပည့်တစ်ယောက်အတွက် ဘယ်လိုလုပ် လွယ်မည်နည်း။
သူကိုယ်တိုင်က ဂိုဏ်းတစ်ခုခု၏မြင့်မြတ်အကြီးအကဲမဟုတ်လျှင် မဖြစ်နိုင်ပေ။
တစ်ခဏတွေးပြီးနောက်, ဂျန်ဖန်းပြောလိုက်သည်။
"ဒါဆို, မင်း သူ့ဆီစကားပါးပေးလို့ရမလား...."
"ငါသူမနဲ့ စီးပွားရေးလုပ်ချင်တယ်လို့....."
ချင်ချိုင်းဟီ ဒုက္ခများနေဆဲဖြစ်သည်။
ဤရက်တွေအတွင်း၌ သူမဂျန်ဖန်းနှင့်အတူရှိခဲ့ပြီး တကယ်ပဲ ပစ္စည်းကောင်းအချို့ရရှိခဲ့၏။
သို့ပေမယ့် ပစ္စည်းတွေက တပည့်တွေနှင့်သာသက်ဆိုင်ပြီး မြင့်မြတ်အကြီးအကဲတွေအတွက်တော့, ဘာမှမပြောပလောက်ပေ။
သို့ပေမယ့် ဤအရာက သူမ ဂျန်ဖန်းကို ကူညီနိုင်သည့်တစ်ခုတည်းသော်နည်းလမ်းဖြစ်သည်။
ဤသို့ဖြင့်, အံ့ကြိတ်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ, အရင်ဆုံး နင့်ကို ငါ့ဆရာနဲ့တွေ့ရအောင်ခေါ်သွားပေမယ်...."
"တပည့်တစ်ယောက်အနေနဲ့ ငါက မြင့်မြတ်အကြီးအကဲနဲ့တွေ့ဖို့ အရည်အချင်းမပြည့်မှီဘူး..."
အမှန်တော့, သူမဆရာကို ကူညီပေးရန်ဖျောင်းဖျဖို့ ချင်ချိုင်ဟီ ယုံကြည်ချက်မရှိပေ။
အဆုံးမှာတော့, အကြီးအကဲတစ်ယောက်က ဂိုဏ်းမြင့်မြတ်အကြီးအကဲကို ပြင်ပဂိုဏ်းတပည့်တစ်ယောက်တွေ့ဖို့ကူညီပေးတာ မျက်နှာပျက်စရာဖြစ်သည်။
သူမလုပ်နိုင်သည့်အရာအားလုံးက အကောင်းဆုံးကြိုးစားဖို့ပင်ဖြစ်သည်။
ချင်ချိုင်ဟီ အလုပ်ကိစ္စတွေဘေးထားခဲ့ပြီး ဂျန်ဖန်းနှင့် တိမ်ဓားတောင်ကို တက်လာခဲ့လိုက်သည်။
နှစ်ယောက်သား တောင်ထိပ်ပေါ်ရောက်ရုံရှိသေး....
အမျိုးသမီးတစ်ယောက်၏တင်းမာသည့်ဆူပူသံကိုကြားလိုက်ရသည်။
"နင်တို့နှစ်ယောက်က ပြန်လာဖို့မျက်နှာရှိသေးတယ်ပေါ့....."
"ဧရာမဂိုဏ်းရှေ့တန်းက ပထမတာဝန်တွေ နင်တို့တစ်ခုတောင်မအောင်မြင်ခဲ့ဘူး။ အကုန်ကျရှုံးခဲ့တယ်...."
"အခြားတောင်ထိပ်တပည့်တွေအားလုံး အကုန်အောင်မြင်ခဲ့တယ်...."
ဂျန်ဖန်း ခြေလှမ်းတွေ ရပ်တန့်သွား၏။
သူက တောင်ထိပ်ပေါ်မော့ကြည့်လိုက်သည့်အခါ...
အသက် ၄၀ လောက်ရှိသည့်အမျိုးသမီးတစ်ယောက် ပိတ်ကျဲဝတ်စုံကိုဝတ်ဆင်ထားပြီး ဒူးထောက်နေသည့်တပည့်မနှစ်ယောက်ကို ဆူပူနေခဲ့သည်။
တစ်ယောက်က မိုးရေထဲက မိုးမခပင်လို့ ငိုနေပြီး....
အခြားတစ်ယောက်က နှုတ်ခမ်းကိုက်ထားခဲ့သည်။
သူမမျက်နှာ၌ အပြစ်ရှိမှုနှင့် ဆန္ဒမရှိမှုတွေ အပြည့်ပင်။
"ကြည့်ရတာ ငါတို့အချိန်မှားလာပုံပဲ...."
ဂျန်ဖန်း ဘေးဘက်ကြည့်ပြီး ပြောလိုက်သည်။
သို့ပေမယ့် ချင်ချိုင်ဟီ လည်ပင်းကျုံ့ပြီး လှေကားအတိုင်းနောက်ပြန်ဆုတ်သွားတာကိုတွေ့လိုက်သည်။
ဤအချိန်၌....
ကံဆိုးမိုးမှောင်ကျမှာသိလျက်နှင့် သူမ ဘယ်လိုလုပ် တက်သွားရဲမည်နည်း။
သူမဆရာက ပုံမှန်ဆို စည်းကမ်းအလွန်တင်းကြပ်ပြီး အမှားလုပ်သည့်တပည့်တိုင်းကို ပြင်းပြင်းထန်ထန်ဆူပူတတ်၏။
အထူးသဖြင့် ဒေါသထွက်နေချိန်ဖြစ်၏။
သို့ပေမယ့် တိမ်ဓားတောင်ထိပ်သခင်၏နားတွေလှုပ်ရှားသွားပြီး စကားပြောသံကြားကာ အော်ပြောလိုက်သည်။
"ဘယ်သူလဲ...."
ချင်ချိုင်ဟီမျက်နှာ ဖြူဖြော့သွား၏။
ရွေးချယ်စရာမရှိတော့ပဲ မတ်မတ်ရပ်ကာ လှေကားမှတက်လာပြီး သူမကိုယ်သူမ ပြသလိုက်၏။
ခေါင်းငုံ့ထားပြီး သတိထားပြောလိုက်သည်။
"တပည့်ချင်ချိုင်ဟီ, ဆရာ့ကို နှုတ်ဆက်ပါတယ်...."
သူမကိုမြင်သည့်အခါ တိမ်ဓားတောင်ထိပ်သခင် ပိုလို့တောင် ဒေါသထွက်သွားပြီး အော်ပြောလိုက်သည်။
"ခိုးကြောင်ခိုးဝှက်နဲ့ဘာလုပ်နေတာလဲ...."
"စည်းကမ်းနည်းနည်းလေးမှမရှိဘူး...."
ချင်ချိုင်းဟီမျက်နှာ၌ ခါးသီးမှုတွေ အပြည့်ပင်။
သူမ ကံဆိုးပြီးဆိုတာ သိလိုက်၏။
နာခံစွာဖြင့်လည်ပင်းကျုံ့ လျှောက်လာပြီး စီနီယာအမနှစ်ယောက်ဘေးမှာ ဒူးထောက်လိုက်သည်။
သူမရှင်းမပြနိုင်ခင်, တိမ်ဓားတောင်ထိပ်သခင် သူမကို အပြင်းအထန် ဆူပူတော့၏။
"မှန်မှန်ပြော၊ ဒီရက်တွေအတွင်းနင်ဘယ်သွားနေတာလဲ...."
"အဆင့်သုံးတာဝန်လေးလုပ်တာ လဝက်တောင်ကြာတယ်...."
"နင်ပြန်မလာရင်, အပြင်မှာသေပြီလို့ ဂိုဏ်းကို အစီရင်ခံတော့မလို့...."
သူမ ဒေါသပုံကျခံနေရတာမြင်တော့ အခြားစီနီယာအမနှစ်ယောက် နောက်ဆုံးမှာ အသက်ရှူချောင်သွား၏။
သူတို့က ချင်ချိုင်းဟီကို တိတ်တဆိတ်ကြည့်လိုက်ပြီး အားရသည့်အမူအရာပြသလိုက်၏။
သူမတို့နှစ်ယောက် အဆင့် ၁ တာဝန်ကျရှုံးတာ လက်ခံပေးလို့ရ၏။
အဆုံးမှာတော့, ရှေ့တန်းက အန္တရာယ်အပြည့်ဖြစ်ပြီး တိုက်ပွဲအခြေအနေက ကြိုတင်ခန့်မှန်းလို့မရပေ။
တာတန်ကျရှုံးတာ ပုံမှန်ပင်။
သို့ပေမယ့် အဆင့် ၃ တာဝန်တစ်ခုကို ဝလက်ယူတာတော့ တကယ်ကိုအဓိပ္ပာယ်မရှိပေ။
သူမက နှေးသည်ဟုပြောလျှင် မည်သူက ယုံမည်နည်း။
ချင်ချိုင်ဟီ အလျှင်အမြန်ရှင်းပြလိုက်သည်။
"ဆရာ, တပည့် သုံးရက်နဲ့ တာဝန်ပြီးမြောက်ခဲ့တာပါ...."
"အပြင်းမခိုပါဘူး..."
"မြင့်မြတ်ဂိုဏ်းကနေ စိတ်ဝိညာဥ်သားရဲဂိုဏ်းကိုသွားတဲ့တာဝန်ပြီးတော့, တပည့်ချက်ချင်းပဲ စိတ်ဝိညာဥ်သားရဲဂိုဏ်းကနေ ရမ္မက်ဂိုဏ်းကိုသွားတဲ့တာဝန်ထပ်ယူခဲ့တာပါ...."
"ပြီးတော့ လမ်းမှာအန္တရာယ်တွေလည်းအများကြီးကြုံခဲ့ရလို့ ကြန့်ကြာနေတာပါ...."
ဟမ်?....
တိမ်ဓားတောင်ထိပ်သခင်၏ အေးစက်သည့်မျက်နှာ အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
"နင်က စိတ်ဝိညာဥ်သားရဲဂိုဏ်းက တာဝန်တွေယူနိုင်တယ်..."
စီနီယာအမနှစ်ယောက်လည်း သူတို့နှုတ်ခမ်းတွေ တွန့်ကွေးလိုက်ကြ၏။
မူကြမ်းမရှိပဲ လိမ်နေတယ်....
ချင်ချိုင်ဟီခွန်အားဖြင့် အများဆုံးမှ အဆင့် ၃ တာဝန်သာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထို့ပြင် ထိုအဆင့်နိမ့်တာဝန်တွေက စိတ်ဝိညာဥ်သားရဲဂိုဏ်း၏အဆင့်နိမ့်တပည့်တွေအတွက်တောင်မလုံလောက်ပေ။ ဘယ်လိုလုပ် အပြင်လူတစ်ယောက်ကို ပေးမည်နည်း။
ချင်ချိုင်ဟီ ခေါင်းညိတ်လိုက်သည်။
"တပည့် မလိမ််ပါဘူး...."
တိမ်ဓားတောင်ထိပ်သခင် သံသယအမူအရာပြသလာ၏။
"လုရှင်းဟီ မင်းကိုကူညီခဲ့တာလား...."
ထိုအရာကြောင့် စီနီယာအမနှစ်ယောက် ကြောင်သွားပြီး ချက်ချင်းပဲ အထင်အမြင်သေးသွားကြ၏။
မေ့လုနီးပါးပင်။ ချင်ချိုင်းဟီက ဂိုဏ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ မိတ်ဆွေတစ်ယောက်ရှိ၏။
တစ်ဖက်လူက စိတ်ဝိညာဥ်သားရဲဂိုဏ်းမှ ဒုတိယတာဝန်တစ်ခုယူနိုင်၏။
ချင်ချိုင်ဟီကိုခေါ်ပြီး အကျိုးပြုမှတ်ခွဲဝေယူတာ လုံးဝဖြစ်နိုင်၏။
သို့ပေမယ့် သူမတို့ကို မဟေဠိဖြစ်သွားစေတာက....
လုရှင်းဟီနာမည်ပြောသည့်အခါ ချင်ချိုင်းဟီမျက်နှာ၌ အထင်သေးသည့်အမူအရာတွေပြသလာ၏။
"ဟမ့်?...."
"သူ တပည့်ကို မသတ်တာပဲ ကောင်းနေပါပြီ။ ကူညီဖို့ဝေးရော...."
လုရှင်းဟီမောက်မာမှုကြောင့် ကြာပန်းနက်ချုံခိုမှုထဲကျရောက်ခဲ့တာတွေးမိတိုင်း သူမဒေါသထွက်ရ၏။
ဤအရာက တိမ်ဓားတောင်ထိပ်သခင်ကို သိချင်စိတ်ဖြစ်သွားစေ၏။
"ဒါဆို, နင်က စိတ်ဝိညာဥ်သားရဲဂိုဏ်းကနေ ဘာတာဝန်ရခဲ့တာလဲ...."
ချင်ချိုင်ဟီ အနည်းငယ်အပြစ်ရှိမှုကို ခံစားလိုက်ရသည်။
"အဲ့တာ အဆင့် ၁ တာဝန်ပါ...."
သူမက ထိုတာဝန်၌ အသေးစားအခန်းဏ္ဍမှသာ ပါဝင်ခဲ့ရတာဖြစ်သည်။
တာဝန်က ဂျန်ဖန်းတစ်ယောက်တည်း၏အားစိုက်ထုတ်မှုကြောင့် ပြီးမြောက်ခဲ့တာဖြစ်သည်။
ထို့ကြောင့် ပြောသည့်အခါ ယုံကြည်မှုကင်းမဲ့နေခဲ့သည်။
သူမကို အံ့အားသင့်စွာပဲ...
ပြောပြီးပြီးချင်, တိမ်ဓားတောင်ထိပ်သခင်၏မျက်နှာ အလွန်မတန်အေးစက်သွားပြိး ပုခုံးတွေက ဒေါသကြောင့် တုန်ယင်နေခဲ့သည်။
"နင်တို့သုံးယောက်, ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေကြတာလား...."
"နှစ်ယောက်က အဆင့် ၁ တာဝန် ကျရှုံးလာတယ်...."
"မလုပ်နိုင်တဲ့တစ်ယောက်ကကျ ဗြောင်လိမ်နေတယ်...."
"နင်တို့သုံးယောက်က တိမ်ဓားတောင်ထိပ်ကို အရှက်ခွဲနေတာပဲ...."
သူမက ဒေါသကြောင့်တုန်ယင်နေပြီး ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်။
တုန်ယင်နေသည့်လက်ညိုးဖြင့် အမျိုးသမီးတပည့်နှစ်ယောက်ကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
"ချန်ထျန်ဖန်, စွန်းဟွာရုံ၊ နင်တို့နှစ်ယောက် အခန်းပြန်ပြီး ပြန်သုံးသပ်နေကြ...."
"ချင်ချိုင်ဟီ, အပြင်းမ။ နင့်အပြစ်က ခွင့်မလွတ်နိုင်စရာပဲ..."
"ပြစ်ဒဏ်ခန်းမကိုသွားပြီး ကြိမ်ဒဏ်တစ်ရာလက်ခံလိုက်...."
အာ?...
ချင်ချိုင်းဟီ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
"ဆရာ, တပည့်မလိမ််ပါဘူး...."
"အဲ့တာ အပြင်ဂိုဏ်းက ဂျူနီယာမောင်လေးတစ်ယောက် ကူညီခဲ့တာပါ..."
သို့ပေမယ့် သူမရှင်းပြလေလေ, တိမ်ဓားတောင်ထိပ်သခင် ဒေါသထွက်လေလေဖြစ်သည်။
"အပြင်းဂိုဏ်းက ဂျူနီယာမောင်လေးတစ်ယောက်ပေါ့။ ဘယ်ကသက်ရှိဗုဒ္ဓကလာပြီးနင့်ကို အဆင့် ၁ တာဝန်ပြီးအောင်ကူညီမှာလဲ..."
"ပြီးတော့, ဘယ်ဂိုဏ်းမှာ အဲ့လို ငယ်ရွယ်တဲ့ပါရမီရှင်ရှိလို့လဲ..."
"မူကြမ်းမပါးပဲလိမ်နေတယ်။ နင်က ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာပဲ..."
"ထွက်သွား... ချက်ချင်း ပြစ်ဒဏ်ခန်းမကိုသွားပြီး အပိုဆောင်းကြိမ်းဒဏ် ၁၀၀ ပါလက်ခံလိုက်...."
သူမအဆုပ်က ဒေါသကြောင့် ပေါက်ကွဲလုနီးပါးပင်။
ယုံနိုင်လောက်အောင် လိမ်ရင်တောင် သူမ လက်ခံပေးမည်ဖြစ်သည်။
ဤကဲ့သို့ ဆိုးဝါးသည့်လိမ်လှည်မှုမျိုးနှင့် လာလှည့်စားနေ၏။
သူမကို အရူးများထင်နေသည်လား....
လှေကား၌...
ကံဆိုးမှုကိုရှောင်ဖို့ရည်ရွယ်ထားသည့်ဂျန်ဖန်း နောက်ထပ် ပုန်းနေလို့မရတော့ပေ။
ရွေးချယ်စရာမရှိပဲ မျက်နှာဖုံးချွတ်ကာ မျက်နှာအစစ်အမှန်ပြသလိုက်၏။
ထို့နောက် ကိုယ့်ကိုယ်ကို အားတင်း၍ အနားကပ်သွားပြီး လက်ချင်းယှက်ကာ ပြောလိုက်သည်။
"တိမ်စိမ်းဂိုဏ်းတပည့်ဂျန်ဖန်း, တိမ်ဓားတောင်ထိပ်သခင်ကို နှုတ်ဆက်ပါတယ်...."
ရုတ်တရက် ပြင်ပဂိုဏ်းတပည့်တစ်ယောက်ရောက်လာခြင်းကြောင့် တိမ်ဓားတောင်ထိပ်သခင် သူမဒေါသကို အတင်းအကြပ်ဖိနှိပ်ပြီး ဖော်ရွေသည့်အမူအရာပြသလိုက်၏။
ပြင်ပဂိုဏ်းတပည့်တစ်ယောက် သူမကို ဒေါသကြီးသည်ဟု ထင်သွားမှာစိုး၍ပင်။
"မင်း ငါ့တောင်ထိပ်ကိုလာတာ ကိစ္စရှိလို့လား...."
သူမက ဂျန်ဖန်းကို အပေါ်အောက်ကြည့်ပြီး မေးလိုက်သည်။
သူ့နာမည်က အတော်လေးရင်းနှီး၏။
ဂျန်ဖန်း တိုက်ရိုက်ပဲပြောလိုက်သည်။
"တောင်ထိပ်သခင်ကိုတင်ပြပါတယ်။ ကျွန်တော်ဒီကို စီနီယာအမချင်အတွက် သက်သေလုပ်ပေးဖို့ ရောက်လာပါ..."
သက်သေလုပ်ပေးမယ်?...
တိမ်ဓားတောင်ထိပ်သခင် ပဟေဠိဖြစ်သွား၏။
"ဘာကို သက်သေလုပ်မှာလဲ...."
ခါးသီးသည့်အပြုံးတစ်ခုနှင့် ဂျန်ဖန်း ဆက်ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင်, တောင်ထိပ်သခင်...."
"ကျွန်တော်က မင်းပြောတဲ့ သက်ရှိဗုဒ္ဓပါ...."