သဘောထားအကြီးအကျယ်ပြောင်းလဲခြင်း
Vol. 23 Ch. 318
တိမ်ဓားဂိုဏ်းတောင်ထိပ်သခင် ဂျန်ဖန်းကို အပေါ်အောက်ကြည့်ပြီး သူ၏ငယ်ရွယ်သည့်မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေခဲ့သည်။
သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
"မင်းက စိတ်ဝိညာဥ်သားရဲဂိုဏ်းက အဆင့် ၁ တာဝန်ကိုရခဲ့တယ်...."
"ပြီးတော့ ငါ့တပည့်နဲ့အတူ ပြီးမြောက်ခဲ့တယ်ပေါ့...."
သူမ သူ့ကို သံသယဝင်တာ မဆန်းပေ။
ဂိုဏ်း ၉ ဂိုဏ်း၌ ဤကဲ့သို့လူငယ်ပါရမီရှင်တစ်ယောက်..... မြင့်မြတ်ဂိုဏ်းမှ ရှချောင်ကောမှလွဲပြီး ဒုတိယလူမရှိပေ။
ဂျန်ဖန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"အတိအကျပါပဲ...."
တိမ်ဓားတောင်ထိပ်သခင် မျက်မှောင်ကြုတ်ပြီး သူလိမ်နေလားဆိုတာ ချင့်ချိန်စဥ်းစားနေခဲ့သည်။
ဒူးထောက်နေသည့် တပည့်မနှစ်ယောက် တီးတိုးမပြောခင်ထိပင်။
"တိမ်စိမ်းဂိုဏ်းကဂျန်ဖန်းလား..."
"စိတ်ဝိညာဥ်အမြစ်မရှိတဲ့ဂျန်ဖန်းလေ...."
"သူက အဆင့် ၁ တာဝန်တောင် လက်ခံနိုင်တယ်...."
"ဒီကမ္ဘာကြီး ဘာဖြစ်သွားပြီလဲ...."
ရုတ်တရက် တိမ်ဓားတောင်ထိပ်သခင် နောက်ဆုံးမှာ ဂျန်ဖန်းနာမည်က ဘာကြောင့်ရင်းနှီးနေလဲဆိုတာ မှတ်မိသွားခဲ့သည်။
ဒီတော့ သူပဲ...
တိမ်ဓားတောင်ထိပ်သခင် ဒေါသတကြီးရယ်လိုက်၏။
"နင်က အတော်ရဲတင်းတာပဲ...."
"ငါ့ရှေ့လာပြီး ငါ့ရဲ့မနာခံတဲ့တပည့်အတွက် သက်သေလုပ်ပေးရဲတယ်...."
"ကောင်းပြီလေ, နင်းလည်းထွက်မသွားနဲ့တော့...."
"တိမ်စိမ်းဂိုဏ်းကို ဖြေရှင်းချက်တောင်းဖို့ အကြောင်းကြားရမယ်...."
"ဒါက တရားလွန်လွန်းတယ်..."
ဂျူနီယာတပည့်တစ်ယောက်က သူမကို လှောင်ပြောင်နေခဲ့သည်။
သူက သူမကို နည်းနည်းလေးတောင် လေးစားမှုမရှိတာ ရှင်းလင်း၏။
ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။
"တိမ်ဓားတောင်ထိပ်သခင်, ငါလိမ်နေတယ်လို့ မင်းဘာကြောင့်ထင်ရတာလဲ...."
ဂျန်ဖန်း လက်မလျော့သေးတာကိုမြင်တော့ တိမ်ဓားတောင်ထိပ်သခင် လှောင်ပြောင်လိုက်၏။
"ဘာလဲ၊ နင်က စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ အဆင့် ၁ တာဝန်လက်ခံနိုင်တယ်လို့ ငါ့ကို ပြောမလို့လား...."
"နင့်ကို အဆင့် ၁ တာဝန်ပေးရအောင် ဂိုဏ်းချုပ်ဂုန် မကန်းသေးဘူး..."
ဂျန်ဖန်း ထူးမခြားနားစွာပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန်မှာ သေချာပေါက် စူးရှတဲ့မျက်လုံးတွေရှိတာပေါ့။ တိမ်ဓားတောင်ထိပ်သခင်လိုမဟုတ်ဘူးလေ...."
တရားလွန်လွန်း၏....
တိမ်ဓားတောင်ထိပ်သခင် နှာမှုတ်လိုက်၏။
"နင်ဘယ်လိုတောင် ဒီအကြီးအကဲကို မျက်ကန်းလို့လှောင်ပြောင်ရဲတာလဲ...."
"ကြည့်ရတာ ငါနင့်ကို သင်ခန်းစာပေးရမယ်နဲ့တူတယ်။ ဒါမှ နင် အပိုးကျိုးသွားမှာ...."
ဝှစ်!
သူမက လက်မြောက်ပြီး ညွှန်ပြလိုက်၏။
အားကောင်းသည့်စိတ်ဝိညာဥ်စွမ်းအားက သူမလကက်ချောင်းထိပ်မှထွက်ပေါ်လာပြီး မရပ်တန့်နိုင်သည့် ဓားချီကို သယ်ဆောင်ထားခဲ့သည်။
ထိုအရာက လေထုကိုဖြတ်ပြီး ဂျန်ဖန်းဆီပြေးဝင်သွား၏။
ချင်ချိုင်းဟီ ထိတ်လန့်သွားပြီး အော်ပြောလိုက်သည်။
"ဂျူနီယာမောင်လေး, ပြေးတော့..."
စီနီယာအမနှစ်ယောက်လည်း တုန်လှုပ်သွား၏။
သူမတို့ဆရာက တကယ် ဒေါသထွက်နေပြီပင်။
အမှန်တကယ်ပဲ ဂျူနီယာတစ်ယောက်ကို တိုက်ခိုက်ခဲ့၏။
ထိုလက်ချောင်းအားမှာပါသည့်ဓားချီကြောင့် သူသေချာပေါက် ထိုးချင်းဖောက်ခံရမည်ပင်။
သို့ပေမယ့် ဂျန်ဖန်း ထိတ်လန့်မသွားပေ။
လွတ်ဆွတ်ခြင်းဆီနှင်းဓားကို ဆွဲထုတ်ပြီး ပြတ်သားစွာ ခုတ်ပိုင်းချလိုက်သည်။
"ကောင်းကင်နဲ့မြေပြင်ကြယ်ကြွေခြင်း...."
ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခု ဟိန်းထွက်လာပြီး အားကောင်းသည့်ဓားချီ ပေါက်ကွဲထွက်လာ၏။
တိမ်ဓားတောင်ထိပ်သခင်၏ သာမန်လက်ချောင်းတိုက်ခိုက်မှုမှ ဓားချီ ချက်ချင်းပဲ ကွဲခြေသွားခဲ့သည်။
မမျှော်လင့်ထားသည့်ပေါက်ကွဲမှုက ပြင်ဆင်မထားသည့် တိမ်ဓားတောင်ထိပ်သခင်ကိုတောင် တုန်ယင်သွားစေခဲ့သည်။
သူမ၏အေးစက်သည့်မျက်နှာ၌ ချက်ချင်းပဲ တုန်လှုပ်မှုတွေ အစားထိုးလာ၏။
အစောပိုင်းလက်ချောင်းတိုက်ခိုက်မှုက သာမန်တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး အားသိပ်မကောင်းပေ။
သို့ပေမယ့် အခြေခံတည်ဆောက်ခြင်းတပည့် ခုခံနိုင်သည့်အရာမဟုတ်ပေ။
အနည်းဆုံး, သူမ၏ဒူးထောက်နေသည့် တပည့်မနှစ်ယောက် လုံးဝမခုခံနိုင်ပေ။
ဤနာမည်ကျော်ဂျန်ဖန်းက အမှန်တကယ်ပဲ ခုခံနိုင်ခဲ့၏။
ထိုအရာအရ သူဟာ အဆင့် ၁ တာဝန်လုပ်ဆောင်ရန် အရည်အချင်းရှိသည်ဟု ဆိုလိုနေသည်မဟုတ်လား....
ဂျန်ဖန်း ဓားပြန်သိမ်းလိုက်ပြီး လက်ချင်းယှက်ပြီး လေးလေးစားစားပြောလိုက်သည်။
"တပည့် ပြစ်မှားမိပါပြီ..."
"ကျေးဇူးပြုပြီး စီနီယာအမချင်ကို အထင်မလွဲပါနဲ့တော့, တိမ်ဓားတောင်ထိပ်သခင်..."
တိမ်ဓားတောင်ထိပ်သခင် အသိပြန်ဝင်လာပြီး အမူအရာက အကြိမ်ကြိမ်ပြောင်းလဲနေခဲ့သည်။
သက်ရှိဗုဒ္ဓ၊ ပြိုင်ဘက်ကင်းပါရမီရှင်က အမှန်တကယ်ရှိနေခဲ့သည်။
သူမက သံသယဖြင့်မေးလိုက်သည်။
"လမ်းတစ်လျှောက် မင်းဘာအန္တရာယ်နဲ့မှ မတွေ့ခဲ့ဖူးမလား...."
သူမက ယခုချိန်ထိ ဂျန်ဖန်းခွန်အားကို အပြည့်အဝမယုံသေးပေ။
အဆင့် ၁ တာဝန်ပြီးမြောက်တာက ကံကောင်းသွားတာလည်းဖြစ်နိုင်၏။
အစစ်အမှန်အန္တရာယ်နှင့်ရင်ဆိုင်ရလျှင် အသက်မရှင်နိုင်ပေ။
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
"ကျွန်တော်တို့ကံကောင်းပါတယ်။ ဘာအန္တရာယ်ကြီးကြီးမားမားမှ မတွေ့ခဲ့ရပါဘူး...."
လန်ဂုနှင့်တွေ့တာနှင့်ယှဥ်လျှင် ယခင်အန္တရာယ်တွေက အသေးအဖွဲပင်။
တိမ််ဓားတောင်ထိပ်သခင် အနည်းငယ်ခေါင်းညိတ်လိုက်၏။
တကယ်ပဲ ကံကောင်းတာကြောင့်ပင်။
သူမက ပြောလိုက်သည်။
"ကံကောင်းမှုကလည်း ခွန်အားတစ်စိတ်တစ်ပိုင်းပါပဲ...."
"ငါ့တပည့်ကမင်းနောက်လိုက်ပြီး အကျိုးအမြတ်အနေနဲ့ အကျိုးပြုမှတ် ၁၀၀ ရခဲ့တယ်။ ဒီတော့ ဒီအကြီးအကဲက ကျေးဇူးမတင်လို့မဖြစ်ဘူး...."
"မင်းဓားသိုင်းကျင့်တာ ငါမြင်တယ်။ နောက်ကျရင် လမ်းညွှန်မှုအချို့ပေးမယ်...."
ဓားတာအိုကိုအထူးပြုသည့် ဂိုဏ်းတစ်ခုအနေဖြင့် အသင်္ချေဓားဂိုဏ်းအကြီးအကဲ၏ဓားပညာအောင်မြင်မှုက သဘာဝအတိုင်း နက်နဲ၏။
သူတို့၏ လမ်းညွှန်မှုရတာ ပိုက်ဆံဖြင့်ဝယ်မရသည့် ကံကောင်းမှုပင်ဖြစ်သည်။
သို့ပေမယ့် ချင်ချိုင်းဟီ အမှန်ပြင်ပေးလိုက်သည်။
"ဆရာ, အကျိုးပြုမှတ် ၁၀၀ မဟုတ်ပါဘူး...."
"စုစုပေါင်း ၄၀၀ ရခဲ့တာ...."
ဘယ်လောက်?...
တိမ်ဓားတောင်ထိပ်သခင်၏ ထူးမခြားနားအမူအရာ ချက်ချင်းပဲ အံ့အားသင့်မှုဖြင့် အစားထိုးသွားခဲ့သည်။
"လေးရာ..."
နင် မှားများပြောတာလား....
သာမန်အဆင့် ၁ တာတန်က အကျိုးပြုမှတ် ၁၀၀ သာရ၏။
ဘယ်လိုလုပ် ချင်ချိုင်းဟီက အကျိုးပြုမှတ် ၄၀၀ ရလာရသနည်း။
ချင်ချိုင်းဟီ ရှင်းပြလိုက်သည်။
"ဆရာ့ကို တင်ပြပါတယ်။ ဂျူနီယာမောင်လေးဂျန်က မိုင်တစ်ထောင်သိမ်းငှက်ပို့ဆောင်တဲ့တာဝန်ယူခဲ့တာပါ။ အဲ့တာဝန်မှာ အပိုဆုလာဘ်လည်းရှိပါတယ်...."
မိုင်တစ်ထောင်သိမ်းငှက်ပို့ဆောင်သည့်တာဝန်ဆိုတာ ကြားသည့်အခါ တိမ်ဓားတောင်ထိပ်သခင် ရုတ်တရက် နားလည်သွား၏။
သူမက အံ့အားသင့်စွာပြောလိုက်သည်။
"ဂိုဏ်းချုပ်ဂုန် ဒီလိုအရေးကြီးတာဝန်မျိုး မင်းကိုပေးလိုက်တာ တကယ်မမျှော်လင့်ထားတာပဲ...."
"ပြီးတော့, ပိုပြီးမမျှော်လင့်တာက လုံလုံခြုံခြုံရောက်အောင် မင်းကံကကောင်းလွန်းနေတာပဲ...."
ဤကဲ့သို့တာဝန်တစ်ခုက သဘောတရားအရ အကြီးအကဲခေါင်းဆောင်တစ်ယောက်လိုအပ်၏။
သို့ပေမယ့် ဂုန်ချိုင်းယီက ဂျူနီယာတစ်ယောက်ကို ခွင့်ပြုပေးခဲ့သည်။
သူမဘာတွေးနေလဲမည်သူမှသိမည်နည်း။
ကံကောင်းစွာဖြင့် ဂျန်ဖန်းကံအရမ်းကောင်းနေခဲ့သည်။
သူတို့ကလမ်းတစ်လျှောက်၌ မည်သည့်အန္တရာယ်မှ မတွေ့ခဲ့ပေ။
ချင်ချိုင်းဟီ ခါးသီးစွာပြုံးလိုက်ပြီး အမှန်ပြင်ပေးလိုက်သည်။
"ဆရာ, ဂျူနီယာမောင်လေးဂျန်ရဲ့ နှိမ့်ချတဲ့စကားတွေကို ယုံမနေနဲ့...."
"ကျွန်မတို့ လမ်းတစ်လျှောက် အန္တရာယ်အတော်များများနဲ့ရင်ဆိုင်ခဲ့ရတာ....."
"ပထမဦးဆုံး, နူးမြစ်ကိုဖြတ်တော့ ကြေးခွံနီရေနတ်ဆိုးနဂါးအုပ် ဝိုင်းတာခံရပြီး အရွယ်ရောက်ကြေးခွံနီရေနတ်ဆိုးနဂါးရဲ့ အမဲလိုက်ခြင်းခံရတယ်...."
"ဂျူနီယာမောင်လေးဂျန်ရဲ့ နက်နဲတဲ့စွမ်းရည်တွေနဲ့ အဆုံးမရှိတဲ့နည်းဗျူဟာတွေကြောင့်သာမဟုတ်ရင် ကျွန်မတို့မြစ်ထဲမှာ အချိန်အတော်ကြာကတည်းက သေသွားလောက်ပြီ...."
တိမ်ဓားတောင်ထိပ်သခင် တိတ်တဆိတ်ပင့်သက်ရှိုက်လိုက်သည်။
သူတို့က တကယ်ပဲ ကြေးခွံနီရေနဂါးတွေရေကစားချိန်နှင့် တိုးခဲ့သည်။
သူမအတွက်တောင် သူတို့နှင့်မြစ်ထဲမှာတွေ့လျှင် အသက်ရှင်ဖို့က စိန်ခေါ်မှုတစ်ခုဖြစ်၏။
ကျေးဇူးတင်မှုကို ဖော်ပြတော့မည့်အချိန်မှာပဲ ချင်ချိုင်ဟီ ထိတ်လန့်စွာ ထပ်ပေါင်းပြောလိုက်သည်။
"ဒါပေမယ့် အဲ့တာက အန္တရာယ်အများဆုံးမဟုတ်သေးဘူး...."
"အဆိုးဆုံးက အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်ရဲ့ ပစ်မှတ်ထားခံရတာပဲ..."
အာ?....
တိမ်ဓားတောင်ထိပ်သခင် အံ့အားသင့်မှုကြောင့် အာမေဋိတ်သံပြုလိုက်သည်။
"ငွေတောင်ပံမိုးကြိုးသိမ်းငှက်...."
"နင်တို့ ငွေတောင်ပံမိုးကြိုးသိမ်းငှက်နဲ့ တွေ့ခဲ့တယ်...."
"ဒါဆို ဘယ်လိုလုပ် အသက်ရှင်လာကြတာလဲ..."
သူမထိုအရာကို မယုံနိုင်ပေ။
ငွေတောင်ပံမိုးကြိုးသိမ်းငှက်က ကြမ်းကြုတ်ပြီး ဉာဏ်နီဉာဏ်နက်များသည့် သားရဲငှက်တစ်ကောင်ဖြစ်သည်။
၎င်း၏ပစ်မှတ်ထားခံရသည့်သားကောင်က လွတ်မြောက်ခဲ၏။
တိမ်ဓားတောင်ထိပ်သခင်တောင် ငွေတောင်ပံမိုးကြိုးသိမ်းငှက်နှင့် တစ်ယောက်တည်း တွေ့လျှင် အသက်ရှင်ဖို့အခွင့်အရေး အလွန်နည်း၏။
ချင်ချိုင်းဟီ ဂျန်ဖန်းကို သဘောကျစွာကြည့်ပြီး ပြောလိုက်သည်။
"သဘာဝအတိုင်း, ဂျူနီယာမောင်လေးရဲ့ကြီးမားတဲ့စွမ်းအားနဲ့ သူ့လက်သည်းကိုဖြတ်ပြီး မောင်းထုတ်လိုက်တာလေ..."
တိမ််ဓားတောင်ထိပ်သခင်မျက်လုံးတွေ ပြူးကျယ်နေပြီး ဂျန်ဖန်း ထိတ်လန့်တကြား စိုက်ကြည့်နေခဲ့သည်။
ဤကောင်လေးက တကယ်ပဲ ငွေတောင်ပံမိုးကြိုးသိမ်းငှက်ကို ဒဏ်ရာရအောင်လုပ်နိုင်သည်။
ဤအရာက တပည့်တစ်ယောက်လုပ်နိုင်သည့်အရာလား။
"ဆရာ... ဆရာ.... ကျွန်မအခု မတ်တပ်ရပ်လို့ရပြီလား...."
ဒူးထောက်နေရ၍ ဒူးတွေထုံကျဥ်နေကာ ချင်ချိုင်းဟီ သူမခြေထောက်ကို ပွတ်လိုက်သည်။
တိမ်ဓားတောင်ထိပ်သခင် အသိပြန်ဝင်လာ၏။
"နင်က ဘာလို့ ဒူးဆက်ထောက်နေတာလဲ...."
"မြန်မြန်ထလေ..."
သူမက တကယ်ပဲ ဤတပည့်ကို မှားယွင်းအပြစ်တင်ခဲ့၏။
သူမက တာဝန်ကို လုံးဝ မရှောင်ဖယ်ခဲ့ပေ။
ထိုအစား, ပါရမီရှင်တစ်ယောက်နှင့်ပါ သိကျွမ်းခဲ့၏။
ဤအရာက သူမကိုယ်တိုင်၏အနာဂတ်နှင့် တိမ်ဓားတောင်ထိပ်၏အနာဂတ်ကို အကျိုးရှိစေ၏။
"ဒါငါ့အမှားပါ။ နင့်ကို မှားယွင်းအပြစ်တင်မိပြီ...."
"နင်က နင့်ရဲ့စီနီယာအမနှစ်ယောက်ထက် အများကြီးပိုသန်မာတယ်...."
မြေပြင်မှာဒူးထောက်နေသည့် စီနီယာအမနှစ်ယောက် ချက်ချင်း ကန့်ကွက်လိုက်၏။
"ဆရာ, အဲ့ဒီတာဝန်က ဂျူနီယာညီမကြောင့် ပြီးမြောက်ခဲ့တာမဟုတ်ဘူးလေ..."
"အတိအကျပဲ, သူမက ဂျူနီယာမောင်လေးဂျန်ကို မှီခိုပြီး ပြီးမြောက်ခဲ့တာ..."
သူမတို့မျက်နှာပေါ်၌ မနာလိုမှုက အထင်းသားပင်။
ဘာကြောင့်လဲ?....
သူမက ဂျန်ဖန်းကို မျက်နှာလိုမျက်နှာရလုပ်ရုံဖြင့် သူမတို့ထက် သာသွားခဲ့သည်။