← Chapters

အခန်း (၃၁၉)

Vol. 23 Ch. 319

အခန်း (၃၁၉)

Vol. 23 Ch. 319

လက်လျော့ချင်သည်လား?

တိမ်ဓားတောင်ထိပ်သခင် အေးစက်စွာနှာမှုတ်လိုက်သည်။

"နင်တို့ကို ဘယ်သူက နောက်ခံမရှာခိုင်းလို့လဲ...."

"နင်တို့မှာအရည်အချင်းရှိရင် သခင်လေးဂျန်လို အထောက်အပံ့မျိုးတွေ့အောင်ရှာလေ...."

"နင်တို့နှစ်ယောက် ကိုယ့်နေရာကိုပြန်ပြီး ဆင်ခြင်သုံးသပ်နေကြ...."

ပြောပြီးနောက်...

ချင်ချိုင်ဟီဘက်လှည့်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"ခဏနေရင် ငါ့လျို့ဝှက်ခန်းကိုလာခဲ့။ မင်းရဲ့ကျင့်ကြံရေးကို လမ်းညွှန်ပေးမယ်...."

ချင်ချိုင်းဟီ ဤမျက်နှာသာပေးမှုကြောင့် အံ့အားသင့်သွား၏။

ဤကဲ့သို့ဆက်ဆံမှုက စီနီယာအမနှစ်ယောက်သာရပြီး သူမ၏သာမန်အရည်အချင်းနှင့် ယခင်က မနာလိုဖြစ်ဖို့သာတတ်နိုင်၏။

"ကျေးဇူးတင်ပါတယ်, ဆရာ...."

ချင်ချိုင်ဟီပျော်ရွင်စွာ ပြောလိုက်သည်။

သို့ပေမယ့်ဂျန်ဖန်းလာရသည့်ရည်ရွယ်ချက်ကို ပြောဖို့လည်းမမေ့ပေ။

"ဆရာ, ဂျူနီယာမောင်လေးဂျန် ဒီတစ်ချိန် လာတာ ဘာလို့လဲဆိုတော့....."

သူမက ဤအချိန်ကို အခွင့်ကောင်းယူပြီးပြောချင်တာဖြစ်သည်။

ထိုသို့ဆိုလျှင် သူမဆရာ ငြင်းရခက်သွားမည်ပင်။

သို့ပေမယ့် ဂျန်ဖန်း မျက်ခုံးပင့်ပြီး ချက်ချင်းစကားဖြတ်ပြောလိုက်သည်။

"တပည့်က တိမ်ဓားတောင်ထိပ်သခင်ဆီ တကူးတကအလည်လာခဲ့တာပါ...."

ပြောပြီးနောက် အိတ်ထဲမှ အနက်ရောင်သေတ္တာတစ်ခုထုတ်ယူလိုက်သည်။

"လေးစားမှုသေးသေးလေးပါ...."

တိမ်ဓားတောင်ထိပ်သခင် အံ့အားသင့်သွားကာ ရယ်ပြီး လက်ခံလိုက်၏။

"လက်ဆောင်တွေဘာတွေယူလာသေးတာပဲ...."

"သခင်လေးဂျန်, ဟန်ဆောင်မနေပါနဲ့။ မင်း ငါ့တောင်ထိပ်ကိုလာတာ တစ်ခုခုမေးချင်လို့မလား...."

"ပြောပါ၊ မင်းဘာဖြစ်ချင်လဲအရင်ပြောပြ။ ငါ့တပည့်ကိုအများကြီးကူညီခဲ့တာဆိုတော့ ငါတတ်နိုင်ရင် ကူညီပေးပါ့မယ်...."

အကြီးအကဲတစ်ယောက်ဆီလာသည့်လူတိုင်း မရိုးအကြပေ။

လက်ဆောင်လက်ခံတာမြင်တော့ ဂျန်ဖန်း ပြောဖို့ အချိန်ဆိုတာ ခံစားလိုက်ရသည်။

သူက လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ကျွန်တော်အကြီးအကဲတို့ဂိုဏ်းရဲ့ မြင့်မြတ်အကြီးအကဲကျောက်ချီဒန်နဲ့တွေ့ချင်ပါတယ်...."

"ကျေးဇူးပြုပြီး သွားပြောပေးလို့ရမလား..."

တိမ်ဓားတောင်ထိပ်သခင် မျက်မှောင်ကြုတ်သွားပြီး ခဏစဥ်းစားနေ၏။

သူမက သစ်သားသေတ္တာကိုပြန်ပေးပြီး ပြောလိုက်သည်။

"အဲ့တာတော့ ငါမကူညီနိုင်ဘူး...."

"မြင့်မြတ်အကြီးအကဲကျောက်ချီဒန်က အခုလက်ရှိ တံခါးပိတ်ကျင့်ကြံနေတယ်။ အနှောက်အယှက်ပေးလို့မရဘူး...."

သာမန်အကြီးအကဲတစ်ယောက်အနေဖြင့်, သူမက မြင့်မြတ်အကြီးအကဲကို ဒေါသထွက်အောင်မလုပ်ရဲပေ။

ဂျန်ဖန်း ပြောလိုက်သည်။

"တောင်ထိပ်သခင်,မင်း သေတ္တာထဲမှာရှိတဲ့အရာကို ဘာလို့အရင်မကြည့်တာလဲ...."

တိမ်ဓားတောင်ထိပ်သခင် ရယ်လိုက်၏။

ဘယ်လိုပစ္စည်းကောင်းများ သူမမြင်ဖူးလို့နည်း။

တပည့်လေးတစ်ယောက်၏လက်ဆောင်က သူမကို မြင့်မြတ်အကြီးအကဲဒေါသထွက်အောင်စွန့်စားရတဲ့ထိ စိတ်လှုပ်ရှားစေနိုင်မည်လား?....

"မလိုပါဘူး...."

သူမက သစ်သားသေတ္တာကို ဂျန်ဖန်းဆီပစ်ပေးလိုက်၏။

နောက်တရသည့်အမူအရာဖြင့် ဂျန်ဖန်း သေတ္တာကိုဖွင့်လိုက်သည်။

ထိုအခါ လက်သီးဆုပ်အရွယ် ပုတီးစေ့တစ်ခုပေါ်လာပြီး ပတ်ဝန်းကျင်မှာ ညင်သာသည့်လေပြေလေညင်းတွေရစ်ဆိုင်းနေခဲ့သည်။

ထိုအရာက သိမ်းငှက်နက်၏ နတ်ဆိုးအမြုတေပင်။

သားရဲဘုရင်၏နတ်ဆိုးအမြုတေတွေက ဈေးကွက်ထဲမှာ အတော်ရှား၏။

မကြာသေးခင်ကသားရဲလှိုင်းကြောင့် တစ်ခါတစ်ရံပေါ်လာတတ်ပေမယ့် ချက်ချင်းပဲ အလုအယက်ဝယ်ယူကြ၏။

အထူးသခြင့် သိမ်းငှက်နက်လို ကောင်းကင်သားရဲတွေက အမဲလိုက်ဖို့ မယုံနိုင်လောက်အောင် ခက်ခဲ၏။

ထို့ကြောင့် ပိုပြီးရှားပါး၏။

ဤသို့ဖြင့် ဖွင့်လိုက်သည်နှင့် တိမ်ဓားတောင်ထိပ်သခင် အံ့အားသင့်သွားပြီး အာမေဋိတ်သံပြုလိုက်သည်။

"သားရဲဘုရင်ရဲ့နတ်ဆိုးအမြုတေ...."

"ပြီးတော့, လေဂုဏ်သတ္တိစွမ်းရည်နဲ့...."

ဤကဲ့သို့ နတ်ဆိုးအမြုတေက လှုပ်ရှားမှု အဆောင်စာရွက်နှင် မှော်လက်နက်လုပ်ရာမှာ ထိပ်တန်းကုန်ကြမ်းတွေဖြစ်၏။

အဖိုးမဖြတ်နိုင်ပေ။

ထုတ်ရောင်းမည်ဆိုလျှင် ဈေးမြင့်မြင့်ဖြင့် ချက်ချင်းပေးဝယ်ကြမှာဖြစ်သည်။

အကြမ်းဖျင်းတွက်ချက်ကြည့်လျှင် အနည်းဆုံးသလင်းကျောက် သောင်းပေါင်းများစွာတန်၏။

ဤကဲ့သို့တန်ဖိုးကြီးပစ္စည်း, သူမက ပြန်တောင်ပေးလိုက်သေးသည်။

"သခင်လေးဂျန်ရဲ့ စွန်စားမှုတွေက အသီးအပွင့်များလိုက်တာ။ ဒီလို နတ်ဆိုးအမြုတေတောင်ရခဲ့တယ်။ တကယ်ကံကောင်းတာပဲ...."

တိမ်ဓားတောင်ထိပ်သခင် မနာလိုစွာဖြင့် ပြောလိုက်ပေမယ့် သူမမျက်လုံးတွေက နတ်ဆိုးအမြုတေမှ မခွာနိုင်တော့ပေ။

သူမကြည့်လေလေ ပိုနောင်တရလေလေဖြစ်သည်။

မဆုံးဖြတ်ခင် သူမ ဘာကြောင့် မစစ်ဆေးခဲ့ရသနည်း။

ဤကဲ့သို့နတ်ဆိုးအမြုတေအတွက် ကျောက်ချီဒန်အဆူခံရမည်ဆိုလျှင်တောင် ထိုက်တန်၏။

ဂျန်ဖန်း သူမအမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး အပြုံးတစ်ခုနှင့် သစ်သားသေတ္တာကို သူမလက်ထဲပြန်ထည့်ပေးကာ ပြောလိုက်သည်။

"ဒါက တောင်ထိပ်သခင်ရဲ့ကြီးမားတဲ့ကံကောင်းမှုကြောင့် ဒီသိမ်းငှက်ကို ကျွန်တော်တို့အမဲလိုက်နိုင်ခဲ့တာ...."

"ဒီနတ်ဆိုးအမြုတေက တောင်ထိပ်သခင်ပိုင်ဆိုင်သင့်ပါတယ်...."

"ကျွန်တော်က ထိန်းသိမ်းပေးရုံပါ..."

"အခု, ပိုင်ရှင်အမှန်ဆီပြန်ရောက်သွားခဲ့ပြီး။ တောင်ထိပ်သခင် ကျေးဇူးပြုပြီးလက်ခံပေးပါ...."

တိမ်ဓားတောင်ထိပ်သခင် သူ့စကားကိုကြား၏။

ထိုအရာက ဂျန်ဖန်း သူမကို လက်ဆောင်ပြန်လက်ခံဖို့ အကြောင်းပြချက်ပေးလိုက်တာဖြစ်သည်။

ထို့ပြင် သူ့စကားတွေက ပီပြင်သင့်လျော်ပြီး သူမ ရှက်စရာမလိုတော့ပေ။

အတော်လေးကျေနပ်မှုကိုခံစားရပြီး ဤလူငယ်လေး၏လူတွေနှင့်ဆက်ဆံရာမှာ ကျွမ်းကျင်မှုကို တိတ်တဆိတ်အံ့အားသင့်နေ၏။

သူမက ဂျန်ဖန်းကို နက်နက်ရှိင်းရှိုင်းကြည့်ပြီး ခေါင်းညိတ်ကာပြောလိုက်သည်။

"နတ်ဆိုးအမြုတေက အဖိုးမတန်ပါဘူး။ မင်းရဲ့အပြုအမူကတော့ မဆိုးဘူး...."

"ငါလက်ခံလိုက်ပါ့မယ်...."

လက်ဆောင်ကို လက်ခံလိုက်သောကြောင့် သူမလုပ်ဆောင်ပေးရတော့မည်ဖြစ်သည်။

ခံစားချက်အရိပ်အယောင်မရှိပဲ နတ်ဆိုးအမြုတေကိုသိမ်းကာ ပြောလိုက်သည်။

"မင်းက ငါ့တပည့်ကို အတော်ကူညီခဲ့ပြီး သူ့ကို အကျိုးပြုမှတ် ၄၀၀ ရစေခဲ့တယ်...."

"ငါမင်းကို မြင့်မြတ်အကြီးအကဲကျောက်ချီဒန်လျို့ဝှက်ခန်းဆီ ခေါ်သွားပေးမယ်...."

"ဒါပေမယ်, ငါမိတ်ဆက်ပေးရုံပဲ လုပ်နိုင်မှာ...."

"သူမက မင်းကို တွေ့ချင်လားဆိုတာတော့ ငါတတ်နိုင်တာကို ကျော်သွားပြီ...."

ဂျန်ဖန်း သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

"သေချာတာပေါ့...."

ချင်ချိုင်ဟီ အရာရာကို မျက်မြင်တွေ့နေရပြီး ကြောင်အနေခဲ့သည်။

သူမဆရာက မြင့်မြတ်အကြီးအကဲကို နှောက်ယှက်ဖို့ အတော်တွန့်ဆုတ်နေတာ သူမပြောနိုင်၏။

ဂျန်ဖန်းအကူအညီက သူမဆရာကို မလှုပ်ရှားစေနိုင်ပေ။

သို့ပေမယ့် ဂျန်ဖန်း၏လူမှုဆက်ဆံရေးကောင်းမှုကြောင့် မခုခံနိုင်တော့ပဲ လက်လျော့လိုက်ရ၏။

ဤကောင်က အရည်အချင်းသာမက စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ပါ မြင့်မား၏။

အမှန်တကယ်ကို အနိုင်ယူဖို့ ခက်ခဲ၏။

ခဏကြာပြီးနောက်....

အနောက်ဘက်တောင်၊ ဖုန်မှုန့်တွေဖုံးအုပ်နေသည့် လျို့ဝှက်ခန်းတစ်ခုရှေ့၌....

တိမ်ဓားတောင်ထိပ်သခင် တံခါးဝမှာ တစ်ခဏတွေဝေနေပြီး ရှေ့မသွားရဲဖြစ်နေခဲ့သည်။

သူမက နောက်ပြန်လှည့်ချင်စိတ်တောင် ဖြစ်နေ၏။

ဂျန်ဖန်းလည်း လျို့ဝှက်ခန်းရှေ့၌ ပေဝက်လောက်ထူသည့်ဖုန်တွေကိုတွေ့ပြီး သတိနှင့်ဖြစ်သွားခဲ့သည်။

မြင့်မြတ်အကြီးအကဲတစ်ယောက်အနေဖြင့် သူမနေထိုင်ရာနေရာ၌ တပည့်တွေ နေ့စဥ်သန့်ရှင်းရေးလုပ်ပေးသင့်၏။

ဖုန်ထူထပ်နေရသည့်အကြောင်းပြချက်က ဤမြင့်မြတ်အကြီအကဲက နှောက်ယှက်ခံရတာ မကြိုက်သောကြောင့်ပင်ဖြစ်သည်။

လူတိုင်းကို အနားလာဖို့တားမြစ်ထား၏။

ဤအရာကြောင့် တိမ်ဓားတောင်ထိပ်သခင် တံခါးခေါက်ဖို့ တွေဝေနေတာဖြစ်သည်။

ဂျန်ဖန်း မျက်လုံးလှန်လိုက်သည်။

လက်ဆောင်ယူပြီး နောက်ဆုတ်ချင်နေတယ်ပေါ့....

သူက တိတ်တဆိတ် ချီလင်းလေခေါင်းကို ပုတ်လိုက်သည်။

အိပ်နေသည့်ချီလင်းလေး နိုးလာပြိး စိတ်တိုစွာဖြင့် ငြီးတွားလိုက်သည်။

မကျယ်သော်လည်း တိတ်ဆိတ်နေသည့်လျို့ဝှက်ခန်းရှေ့၌ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့သည်။

ထိုအခါ လျို့ဝှက်ခန်းအတွင်း၌ မကျေမနပ်ဖြစ်နေသည့် အကြီးအကဲတစ်ယောက်အသံ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ဘယ်သူဆူညံနေတာလဲ...."

တိမ်ဓားတောင်ထိပ်သခင် ရုတ်တရက် ထိတ်လန့်သွား၏။

သူမက စိတ်တင်း၍ ကျောက်တံခါးနားချည်းကပ်သွားကာ ဦးညွှတ်ပြီး ပြောလိုက်သည်။

"ဂျူနီယာတိမ်ဓားတောင်ထိပ်သခင်, မြင့်မြတ်အကြီးအကဲကျောက်ကို အရိုအသေပေးပါတယ်...."

တိမ်ဓားတောင်ထိပ်သခင်ဆိုတာ သိသည့်အခါ ကျောက်တံခါးထဲရှိအသံ အနည်းငယ် ညင်သာသွားပေမယ့် အေးစက်နေဆဲဖြစ်သည်။

"ချိုရှန်နန်..."

"နင် ဘာလိုချင်လို့လဲ...."

ချိုရှန်နန်နှလုံးသား ခုန်ပေါက်သွား၏။

သူမက လာမိတာပိုလို့တောင် နောင်တရသွား၏။

သို့ပေမယ့် ဤအခြေအနေရောက်မှတော့ ရွေးချယ်စရာမရှိတော့ပဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲကျောက်ကို တင်ပြပါတယ်..."

"တိမ်စိမ်းဂိုဏ်းတပည့်ဂျန်ဖန်းက အကြီးအကဲကို တွေ့ချင်တယ်ဆိုလို့ လာနှောက်ယှက်ရတာပါ...."

ဘုန်း!

စကားသံဆုံးသည်နှင့်....

ကျောက်တံခါး ရုတ်ချည်းပွင့်သွား၏။

လေပြင်းတစ်ခုတိုက်ခတ်သွားကာ ဂျန်ဖန်း နောက်ဆုတ်သွားလုနီးပါးပင်။

သေချာကြည့်လိုက်သည့်အခါ....

သေးငယ်သည့်လျို့ဝှက်ခန်းထဲ၌ စုတ်ပြဲနေသည့် အင်္ကျီဖြင့်အဖွားကြီးတစ်ယောက် ခြေချိတ်ထိုင်နေခဲ့သည်။ ခေါင်းမှဆံပင်ဖြူတွေကလည်း ခန္ဓာကိုယ်တစ်ဝက်ကို ဖုံးလွမ်းထားခဲ့သည်။

သူမပုံစံက ရှုပ်ပွနေပြီး အချိန်အတော်ကြာရေမချိုးရသေးသည့်အတွက် ညစ်ပတ်ပေကြံနေခဲ့သည်။

အနံ့ဆိုးတစ်ခုလည်း သူမဆီမှ ထွက်ပေါ်နေပြီး သူတောင်းစားကတောင် ပိုသန့်ရှင်းသေး၏။

တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာနေပြီလဲမသိပေ။

သို့ပေမယ့် တစ်ယောက်မှ သူမကို လျှော့မတွက်ရဲပေ။

သူမက အသင်္ချေဓားဂိုဏ်းမှာ ရှုချင်းယန်ပြီးလျှင် ဒုတိယစွမ်းအားအကြီးဆုံးဖြစ်ပြီး ဒေါသကြောင့်နာမည်ကြီး၏။

မျှော်လင့်ထားသည့်အတိုင်းပင်။

တံခါးပွင့်သည်နှင့် သူမမျက်လုံးတွေ မီးဟုန်းဟုန်းတောက်လာပြီး စတင်ဆူပူကြိမ်းမောင်းတော့၏။

"ချိုရှန်နန်, နင့်ကိုယ်နင် တော်တယ်ထင်နေလား..."

"အပြင်ဂိုဏ်းတပည့်တစ်ယောက်အတွက် လက်တိုလက်တောင်းလုပ်နေတယ်..."

"နင်က တိမ်ဓားတောင်ထိပ်ကို အရှက်ရစေတာပဲ...."

"ငါ နင့်ဆရာစွန်းကို ခုချက်ချင်းခေါ်ပြီး တပည့်ကိုဘယ်လိုသင်ပေးထားလဲ မျက်နှာချင်းဆိုင်မေးရမယ်...."

All Chapters