ကောင်းကင်ဘုံက ဘယ်သူ့ကို လွှတ်ပေးမှာလဲ
Vol. 13 Ch. 208
"ဟုကော်ကုန်းက ဖေ့ယင်ကို ခေါ်ပြီး ရောက်လာပါပြီ။"
ယင်းတျန့်သည် နဉ်ရှောင်ယောင်း၏ နဂါးပလ္လင်ဘေးသို့ အလျင်အမြန် လျှောက်လာပြီး တိုးတိုးလေး လျှောက်တင်လိုက်သည်။
"ဟူး..."
နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ ဒီနေ့တော့ အမတ်ချုပ်ကြီးရှဲ့နဲ့ ရန်ဖြစ်စရာ မရှိတော့ဘူးလို့ ထင်နေတာ။
"အရှင်မင်းကြီး"
ယင်းတျန့်က နဉ်ရှောင်ယောင်းကို တိုးတိုးလေး ခေါ်လိုက်သည်။
"သူတို့ကို ခဏစောင့်ခိုင်းထားလိုက်။ သိုသိုသိပ်သိပ် နေခိုင်းနော်။ အမတ်ချုပ်ကြီးက သူတို့ညီအစ်ကိုကို လုပ်ကြံဖို့ လူလွှတ်ထားရင် ဘယ်လိုလုပ်မလဲ။"
ယင်းတျန့် မျက်လုံးပြူးသွားသည်။ နန်းတော်ထဲမှာ လုပ်ကြံသတ်ဖြတ်မယ့်သူ စီစဉ်ထားမယ် ဟုတ်လား။ အရှင်မင်းကြီးက တော်တော်တွေးတတ်တာပဲ။
ယင်းတျန့် ခေါင်းကုတ်ပြီး ထွက်ခွာသွားသည်။ နဉ်ရှောင်ယောင်းသည် ပလ္လင်အောက်မှ လိုကျစ်ကွေ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
လိုကျစ်ကွေ့ ခေါင်းညိတ်ပြလိုက်သည်။ ဖေ့ယင် ရောက်လာပြီဆိုတာ သူ သိလိုက်ပြီ။
"အရှင်မင်းကြီး"
အမတ်ချုပ်ကြီးရှဲ့သည် စကားပြောနေသည်မှာ ကြာပြီဖြစ်သော်လည်း နဉ်ရှောင်ယောင်းထံမှ တုံ့ပြန်မှုမရသဖြင့် ခေါ်လိုက်ရသည်။
နဉ်ရှောင်ယောင်း နားရွက်ကို ကုတ်လိုက်ပြီး ပြောလိုက်သည်။
"စောစောက လေတိုက်နေလို့ အမတ်ချုပ်ကြီး ဘာပြောလိုက်လဲ သေချာမကြားလိုက်ရဘူး။"
အမတ်မင်းများ "..."
ရွှေခေါင်းလောင်းခန်းမထဲမှာ ဘယ်က လေတိုက်မှာလဲ။
အမတ်ချုပ်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းနှင့် တိုက်ခိုက်နေရတာ ပထမဆုံးအကြိမ် မဟုတ်တော့သဖြင့် စိတ်မဆိုးတော့ဘဲ မေးလိုက်သည်။
"ဒါဆို ကျွန်တော်မျိုး ထပ်ပြောပြရမလား။"
"မလိုပါဘူး။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"တိုင်းပြည်က ကြီးတယ်၊ အလုပ်တွေက များတယ်။ အချိန်ကုန်သက်သာအောင် အရေးကြီးတာပဲ ပြောကြရအောင်။"
အမတ်မင်းများ တိတ်ဆိတ်သွားကြပြန်သည်။ ဒါဆို စောစောက အမတ်ချုပ်ကြီး ပြောနေတာတွေက အရေးမကြီးတဲ့ စကားတွေပေါ့။ အရှင်မင်းကြီးက လူကို ဆဲတာတောင် ဆဲတဲ့စကားလုံး မပါဘူးနော်။
"အရှင်မင်းကြီး..."
"အမတ်ချုပ်ကြီး။"
နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့ စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။
"ကြည့်ပါဦး၊ ဒီလောက် နေမကောင်းဖြစ်နေတာတောင် တိုင်းပြည်အရေးကို စိတ်ပူပေးနေတာ။ ဧကရာဇ်မင်းတစ်ပါးအနေနဲ့ ငါ တကယ် စိတ်မကောင်းဖြစ်ရပါတယ်။"
အမတ်ချုပ်ကြီးရှဲ့သည် ယနေ့ မျက်နှာကို အနက်ရောင်ပုဝါဖြင့် အုပ်ထားသည်။ အကြောင်းပြချက်ကတော့ နေမကောင်းလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ အရှင်မင်းကြီးရဲ့အမြင်အာရုံကို ညစ်ညမ်းစေမှာစိုးလို့ပါတဲ့။ နဉ်ရှောင်ယောင်းအမြင်မှာတော့ ဝက်ခေါင်းလို ရောင်ကိုင်းနေတဲ့မျက်နှာကို သူများမြင်မှာစိုးလို့ ဖုံးထားတာပဲ။ ရှက်တတ်သေးတယ်ပေါ့။
နဉ်ရှောင်ယောင်း လှောင်ပြောင်နေမှန်း လူတိုင်း သိကြသော်လည်း အမတ်ချုပ်ကြီးရှဲ့ကတော့ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းမဲ့လိုက်သည်။ အရှက်မရှိတဲ့လူက တကယ့်ကို ပြိုင်ဘက်ကင်းပါလား။
"အရှင်မင်းကြီး။"
အကြီးအကဲလီက ဝင်ပြောလိုက်သည်။
"မြို့တံခါးကိုးပေါက် တပ်မှူးကိစ္စနဲ့ပတ်သက်ပြီး အရှင်မင်းကြီး စိတ်ကူးထားတဲ့သူ ရှိပါသလား။"
"ကျွန်တော်မျိုး ထင်တာတော့ စစ်ဘက်ဆိုင်ရာ ဒုတိယအမတ် ရှဲ့အန်းကျီက ဒီရာထူးနဲ့ ထိုက်တန်ပါတယ်။"
အကြီးအကဲလီ စကားဆုံးသည်နှင့် အမတ်ချုပ်ကြီးဘက်တော်သား တစ်ယောက်က ချက်ချင်း ထောက်ခံလိုက်သည်။
"ကျွန်တော်မျိုးလည်း ရှဲ့အန်းကျီက ထိုက်တန်တယ်လို့ ထင်ပါတယ်။"
"ကျွန်တော်မျိုးလည်း သဘောတူပါတယ်။"
"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။"
...
အမတ်ချုပ်ကြီးဘက်တော်သားများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ရှဲ့အန်းကျီကို မြို့တံခါးကိုးပေါက် တပ်မှူးအဖြစ် ထောက်ခံကြသည်။
"တော်ပြီ၊ တော်ပြီ။"
နဉ်ရှောင်ယောင်းသည် 'အရှင်မင်းကြီးက ဉာဏ်အမြော်အမြင်ကြီးပါတယ်' ဟု အော်ဟစ်နေသော အမတ်တစ်ယောက်ကို လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
"ဘာကို ဉာဏ်အမြော်အမြင်ကြီးတာလဲ။ မင်းပြောပုံအရဆိုရင် ငါက ရှဲ့အန်းကျီကို တပ်မှူးမခန့်ရင် အာဏာရှင်မင်းဆိုးမင်းညစ် ဖြစ်သွားမှာပေါ့။"
ထိုအမတ် ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ အရှင်မင်းကြီး၊ ကျွန်တော်မျိုး လုံးဝ အဲဒီသဘော မဟုတ်ပါဘူး။"
အမတ်ချုပ်ကြီးရှဲ့ ထိုင်ခုံပေါ်တွင် ထိုင်လျက် နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"အရှင်မင်းကြီးရဲ့ သဘောထားကို ကျွန်တော်မျိုး နားထောင်ချင်ပါတယ်။"
အမတ်ချုပ်ကြီးဘက်တော်သားများ အသက်အောင့်ထားကြသည်။ အရေးကြီးတဲ့အချိန် ရောက်လာပြီ။ မနေ့ညက အမတ်ချုပ်အိမ်တော်မှာ အစည်းအဝေးထိုင်တုန်းက ဘာလုပ်ရမလဲဆိုတာ အားလုံးသိပြီးသား။ နဉ်ရှောင်ယောင်းက ဟုကော်ကုန်း ဖေ့ယိရဲ့နာမည်ကို ထုတ်ပြောလိုက်တာနဲ့ သူတို့က ဖေ့ယိကို ဝိုင်းတိုက်ခိုက်ကြတော့မယ်။ ဖေ့ယိက အသုံးမကျတဲ့လူ မဟုတ်ရင်တောင် ဒီနေ့ပြီးရင် အသုံးမကျတဲ့လူ ဖြစ်သွားစေရမယ်။
နဉ်ရှောင်ယောင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။
"ဟုကော်ကုန်းဟောင်းကိစ္စကို မင်းတို့အားလုံး သိကြမှာပါ။ မသိတဲ့လူ လက်ထောင်။ ငါ ရှင်းပြမယ်။"
ရွှေခေါင်းလောင်းခန်းမထဲတွင် ဘယ်သူမှ လက်မထောင်ကြပေ။
နဉ်ရှောင်ယောင်း ဟုကော်ကုန်းဟောင်းအကြောင်း ပြောလိုက်သဖြင့် သူမရွေးချယ်မည့်သူမှာ ဖေ့ယိဖြစ်ကြောင်း အမတ်ချုပ်ကြီးရှဲ့ ပိုမိုသေချာသွားသည်။ ဒီတစ်ခါတော့ အမှားအယွင်း မရှိစေရဘူး။ အမတ်ချုပ်ကြီးရှဲ့ စိတ်ချလိုက်သည်။
"ဟုကော်ကုန်းဟောင်းကိစ္စအတွက် ငါ ဟုကော်ကုန်းအိမ်တော်က သခင်မကြီးကို တောင်းပန်ပြီးပြီ။"
လက်ထောင်သူမရှိသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း ဆက်ပြောလိုက်သည်။
"သခင်မကြီးက ငါ့ကို မရိုက်ဘူး။ ငါ တကယ် ကျေးဇူးတင်မိတယ်။"
အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
"အရှင်မင်းကြီးက ရှင်ဘုရင်၊ သူက ကျွန်လေ။ သူက အရှင်မင်းကြီးကို မလေးမစားလုပ်ရင် အရှင်မင်းကြီးက ဖေ့မိသားစု ကိုးဆက်စလုံးကို သတ်ပစ်လို့ ရတာပဲ။"
နဉ်ရှောင်ယောင်း... ဟဲဟဲ... ဒါကြောင့် ဒီလူက တော်တော်အရှက်မဲ့တယ်လို့ ပြောတာပေါ့။ ဟုကော်ကုန်းဟောင်းကို သတ်လိုက်တာ ဘယ်သူလဲ။
ကမ္ဘာပေါ်က မကောင်းမှုတွေအားလုံး ဒီရယ်သံထဲမှာ ပါဝင်နေသော်လည်း အမတ်ချုပ်ကြီးရှဲ့က တုံ့ပြန်မှုမရှိဘဲ တည်ငြိမ်စွာ မေးလိုက်သည်။
"အရှင်မင်းကြီးက ဘယ်သူ့ကို မြို့တံခါးကိုးပေါက် တပ်မှူး ခန့်ချင်တာလဲ။"
"ငါကတော့ ဖေ့ယင် ကောင်းမယ်ထင်တယ်။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
အမတ်ချုပ်ကြီးရှဲ့က ပြောလိုက်သည်။
"ဖေ့ယိက... နေပါဦး၊ အရှင်မင်းကြီး စောစောက ဘယ်သူ့နာမည် ပြောလိုက်တာလဲ။"
"ဖေ့ယင်လေ။"
နဉ်ရှောင်ယောင်းက အမတ်ချုပ်ကြီးရှဲ့ကို စိတ်ပူသလို ကြည့်ပြီး မေးလိုက်သည်။
"အမတ်ချုပ်ကြီး နားလေးသွားပြီလား။"
ဖေ့ယင်? ၄ နှစ်သားအရွယ်မှာ ဒဏ်ရာရပြီး မိန်းမစိုးလို ဖြစ်သွားတဲ့ ဖေ့ယင်?
အမတ်ချုပ်ကြီးဘက်တော်သားများသာမက အမတ်ချုပ်ကြီးဘက်တော်သား မဟုတ်သော အကြီးအကဲလီတို့ပါ ကြောင်အသွားကြသည်။ မိန်းမစိုးတစ်ယောက်က ဘယ်လိုလုပ် မြို့တံခါးကိုးပေါက် တပ်မှူး လုပ်လို့ရမှာလဲ။
လိုကျစ်ကွေ့ လူအုပ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။
"ကျွန်တော်မျိုး သိရသလောက်တော့ ဖေ့ယင်က ဟုကော်ကုန်းဟောင်းရဲ့ လက်အောက်ငယ်သားတွေဆီကနေ သိုင်းပညာ သင်ကြားခဲ့ဖူးပါတယ်။ သူက ဉာဏ်ကောင်းပြီး အရည်အချင်းရှိပါတယ်။ ဖေ့ယင်က မြို့တံခါးကိုးပေါက် တပ်မှူးရာထူးနဲ့ ထိုက်တန်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။"
"စစ်သေနာပတိချုပ် ပြောတာ မှန်တယ်။"
နဉ်ရှောင်ယောင်း ခန်းမအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"ဟုကော်ကုန်း ဖေ့ယိနဲ့ ဖေ့ယင် ဝင်လာခဲ့။"
"အရှင်မင်းကြီး အမိန့်တော်... ဟုကော်ကုန်း ဖေ့ယိ၊ ဖေ့ယင် ဝင်လာခဲ့..."
ဖေ့ညီအစ်ကို ဝင်လာရန် အော်ဟစ်သံသည် ရွှေခေါင်းလောင်းခန်းမမှ နန်းတော်တံခါးဝအထိ ပဲ့တင်ထပ်သွားလေသည်။
"အရှင်မင်းကြီး။"
အမတ်ချုပ်ကြီးရှဲ့ သတိပြန်ဝင်လာပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"ဖေ့ယင်က ခန္ဓာကိုယ် မသန်စွမ်းပါဘူး။ ဒီလိုလူမျိုးက ဘယ်လိုလုပ်..."
"ခင်ဗျား မြင်ဖူးလို့လား။"
နဉ်ရှောင်ယောင်း ဖြတ်မေးလိုက်သည်။
"ကိုယ်တိုင်မြင်မှ ယုံရမယ်။ ကိုယ်တိုင်မမြင်ဖူးဘဲ လျှောက်မပြောနဲ့။"
အမတ်ချုပ်ကြီးရှဲ့ ဒေါသထွက်လွန်းလို့ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဖေ့ယင်ကိစ္စကို တစ်လောကလုံး သိနေတာပဲ။"
"ငါ မသိပါဘူး။"
နဉ်ရှောင်ယောင်း ရင်ဘတ်ကို ပုတ်လိုက်သည်။
"ဒါဆို ငါက လူမဟုတ်တော့ဘူးလား။"
အမတ်ချုပ်ကြီးရှဲ့က "အရှင်မင်းကြီး၊ ဒီကိစ္စကို နောက်ပြောင်လို့ မရပါဘူး။"
"မဟုတ်ဘူးလေ။ အမတ်ချုပ်ကြီး ပြောတာက အတည်၊ ငါပြောတာကျ နောက်ပြောင်တာလား။ ဒါ ဘာသဘောလဲ။"
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးက အလုပ်သဘောအရ ပြောတာပါ။"
"ကောင်းပြီ၊ ဒါဆို အလုပ်သဘောအရ ပြောကြတာပေါ့။ ဖေ့ယင်က ဘောင်းဘီချွတ်ပြတာကို ခင်ဗျား မြင်ဖူးလို့လား။"
"ဖေ့ယင် ဆေးကုသမှု ခံယူဖူးပါတယ်။"
အမတ်ချုပ်ကြီးရှဲ့က နဉ်ရှောင်ယောင်းလို လမ်းဘေးစကားတွေ မသုံးဘဲ ပြောလိုက်သည်။
"အဲဒီတုန်းက မြို့တော်က သမားတော်တွေအားလုံး သူ့ကို ကုပေးခဲ့ကြတာပဲ။ အဲဒီသမားတော်တွေ အကုန်လုံးက သူ့ကို မတရားစွပ်စွဲတယ်လို့ ပြောချင်တာလား။"
"ခင်ဗျားကလည်း 'အဲဒီတုန်းက' လို့ ပြောနေတာပဲ။ အမတ်ချုပ်ကြီး အမြင်မှာ လူတစ်ယောက်က နေမကောင်းဖြစ်ရင် တစ်သက်လုံး နေမကောင်းဖြစ်နေရမှာလား။ ပြန်မကောင်းလာနိုင်တော့ဘူးလား။ ပြီးတော့ ဟုကော်ကုန်းဟောင်း ဘယ်လိုသေသွားတာလဲ။ အဲဒီတုန်းက..."
နဉ်ရှောင်ယောင်းက 'အဲဒီတုန်းက' ဆိုတဲ့ စကားလုံးကို အလေးထားပြီး ပြောလိုက်သည်။
"လူတစ်စုက ဝိုင်းပြီး ဖိအားပေးလို့ ဟုကော်ကုန်းဟောင်း သေသွားရတာ မဟုတ်ဘူးလား။ မြို့တော်တစ်ခုလုံးတင် ဘယ်ကမလဲ၊ တစ်တိုင်းပြည်လုံး အတိုင်းအတာ ဖြစ်နေပြီ။"
"အရှင်မင်းကြီး ပြောတာကို ကျွန်တော်မျိုး နားမလည်ပါဘူး။"
အမတ်ချုပ်ကြီးရှဲ့ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဟဟ..."
နဉ်ရှောင်ယောင်းလည်း ပြတ်ပြတ်သားသား ပြောလိုက်သည်။
"အမတ်ချုပ်ကြီး ပြောတာကိုလည်း ကျန်း နားမလည်ပါဘူး။"
အခုမှ သတိရတယ်။ 'ကျန်း' လို့ သုံးရမှာပဲ။ နဉ်ရှောင်ယောင်း ကိုယ့်ကိုယ်ကိုယ် Like ပေးလိုက်သည်။
ပြန်စပြီ...
ခန်းမထဲမှ အမတ်ချုပ်ကြီးဘက်တော်သားများ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ ဒီစကားနိုင်လုပွဲမှာ အမတ်ချုပ်ကြီး ရှုံးတော့မယ်။
လိုကျစ်ကွေ့ ထွက်လာပြီး အမတ်ချုပ်ကြီးရှဲ့ကို မေးလိုက်သည်။
"အမတ်ချုပ်ကြီး ဆေးမှတ်တမ်းတွေကို ကြည့်ဖူးပါသလား။"
"ဘာ..."
"အဲဒီတုန်းက သမားတော်တွေ ရေးပေးခဲ့တဲ့ ဆေးမှတ်တမ်းတွေကို မကြည့်ဖူးဘူး၊ ဖေ့ယင်ရဲ့ ဒဏ်ရာကိုလည်း ကိုယ်တိုင်မမြင်ဖူးဘူး။ ကျွန်တော် မေးပါရစေ၊ အမတ်ချုပ်ကြီးက ဘာကိုအခြေခံပြီး ဖေ့ယင် ခန္ဓာကိုယ် မသန်စွမ်းဘူးလို့ ပြောနေတာလဲ။ အဲဒီတုန်းက လော့မိသားစုက လက်ထပ်ပွဲဖျက်သိမ်းတုန်းက ဖေ့ယင် ခန္ဓာကိုယ်မသန်စွမ်းတာကို အကြောင်းပြချက်ပေးခဲ့တာ မဟုတ်ဘူးလား။"
နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။ ဒီလို ဇာတ်လမ်းတွေတောင် ရှိသေးတာလား။
"စစ်သေနာပတိချုပ်လို။"
ခန္ဓာကိုယ် ထွားကျိုင်းသန်မာသော စစ်သူကြီးတစ်ဦး ထွက်လာပြီး ပြောလိုက်သည်။
"သမားတော်ရဲ့ အတည်ပြုချက်မရှိဘဲ ငါတို့ လော့မိသားစုက လျှောက်ပြောပါ့မလား။"
လိုကျစ်ကွေ့ ပြုံးလိုက်သည်။
"သမားတော်က ဆေးပညာ ဘယ်လောက်တော်တော် သာမန်အရပ်သားပါပဲ။ စစ်သူကြီးလော့ရဲ့ အာဏာကို သူတို့ ဘယ်လိုလုပ် မကြောက်ဘဲ နေမလဲ။"
"မင်း!"
စစ်သူကြီးလော့ ဒေါသထွက်ပြီး ဆံပင်တွေ ထောင်တက်မတတ် ဖြစ်သွားသည်။
"ဪ..."
နဉ်ရှောင်ယောင်း ဝင်ပြောလိုက်သည်။
"လော့ဝေနဲ့ လော့ရွေ့က ခင်ဗျားသားတွေမလား။ ရုပ်ချင်း တော်တော်တူတာပဲ။"
နဉ်ရှောင်ယောင်း ဝင်ပြောလိုက်သဖြင့် စစ်သူကြီးလော့သည် နဉ်ရှောင်ယောင်းကို ဦးညွှတ်ပြီး ပြောလိုက်သည်။
"မှန်ပါတယ် အရှင်မင်းကြီး။ အဲဒါ ကျွန်တော်မျိုးရဲ့ သားတွေပါ။"
အဲဒီနေ့က ရှန်းရှာလမ်းကြားမှာ လော့ဝေက ယန်ဟုန်ကို ဖက်ထားတဲ့ ရှဲ့အန်းရှီကို ရိုက်နှက်ခဲ့သေးတယ်။ နဉ်ရှောင်ယောင်း ပါးစပ်ဖြဲရယ်လိုက်ပြီး မေးလိုက်သည်။
"မေးပါရစေ။ လက်ထပ်ပွဲဖျက်သိမ်းပြီးတော့ ခင်ဗျားသမီးက ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ။"
အားလုံး စစ်သူကြီးလော့ကို ကြည့်နေကြသည်။
စစ်သူကြီးလော့၏မျက်နှာသည် အောက်ဆီဂျင်ပြတ်လပ်သွားသလို ခရမ်းရောင် ပြောင်းသွားသည်။
အကြီးအကဲလီက ဖြေလိုက်သည်။
"လော့မိသားစု သမီးက အမတ်ချုပ်ကြီးရဲ့ တတိယသားနဲ့ လက်ထပ်လိုက်ပါတယ်။"
"ဘာ..."
နဉ်ရှောင်ယောင်း အာမေဋိတ်သံ ပြုလိုက်သည်။
"သူက ရှဲ့အန်းရှီနဲ့ လက်ထပ်လိုက်တာလား။"
ရှဲ့အန်းရှီရဲ့ အသက်နဲ့ ဖေ့ယင်ရဲ့ အသက်ကို တွက်ကြည့်လိုက်တော့... နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
"သူနဲ့ ရှဲ့အန်းရှီ အသက်ကွာခြားချက်က နည်းနည်း များလွန်းမနေဘူးလား။"
ခန်းမထဲမှ အမတ်မင်းများ "..."
အရှင်မင်းကြီးက ဒါကိုပါ စိတ်ပူပေးနေရတာလား။
လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ခေါင်းခါပြလိုက်သည်။ ဒီအကြောင်း ဆက်မပြောဖို့ တားလိုက်ခြင်းဖြစ်သည်။
ဟုကော်ကုန်းသည် ဖေ့ယင်ကိုခေါ်ပြီး ရွှေခေါင်းလောင်းခန်းမရှေ့သို့ ရောက်လာသည်။
ခန်းမထဲတွင် နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ရှဲ့အန်းရှီက ကလေးကြိုက်တာကိုး။ ဒါကို ဘယ်သူမှ ဝင်စွက်ဖက်လို့ မရပါဘူးလေ။ ဟားဟား..."
အကြီးအကဲလီက စည်းကမ်းကြီးသူဖြစ်၍ မေးလိုက်သည်။
"အရှင်မင်းကြီး၊ ကလေးကြိုက်တယ်ဆိုတာ ဘာသဘောလဲ။"
"အသက်ငယ်တာကို ပြောတာပါ။"
နဉ်ရှောင်ယောင်း ဖြေလိုက်သည်။
အကြီးအကဲလီကိုကြည့်ပြီး နဉ်ရှောင်ယောင်းသည် 'ကလေးသူငယ်လိင်ပိုင်းဆိုင်ရာစော်ကားခြင်း' ဆိုတဲ့ စကားလုံးကို ထုတ်မပြောရဲပေ။ သို့သော် အကြီးအကဲလီ မျက်နှာပျက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
နဉ်ရှောင်ယောင်း ခေါင်းလွှဲလိုက်သည်။ သူ ဘာမှမပြောပါဘူးနော်။
"မြို့တံခါးကိုးပေါက် တပ်မှူးကိစ္စ ပြောကြရအောင်။"
အမတ်ချုပ်ကြီးရှဲ့ ဝင်ပြောလိုက်သည်။
"အရှင်မင်းကြီးက ဘာလို့ ကလေးတွေရဲ့ လက်ထပ်ပွဲကိစ္စကို ရောက်သွားရတာလဲ။"
နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။
"ဒါကြောင့် လူတွေပြောကြတာပေါ့။ လူလုပ်တာကို နတ်သိတယ်တဲ့။ မိုးပေါ်မော့ကြည့်လိုက်ဦး။ ကောင်းကင်ဘုံက ဘယ်သူ့ကို လွှတ်ပေးမှာလဲလို့။ စစ်သူကြီးလော့၊ ဟုကော်ကုန်းအိမ်တော် ဒုက္ခရောက်တုန်းက ခင်ဗျားက သူတို့ကို အထင်သေးခဲ့တယ်။ ခင်ဗျားသမီးကတော့ ကောင်းကောင်းမွန်မွန် လက်ထပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုရော... ကျွတ်..."
နဉ်ရှောင်ယောင်း နှုတ်ခမ်းစုပ်သပ်လိုက်သည်။
"ခင်ဗျားသမီးရဲ့ ဘဝနိဂုံးက နှစ်ခုပဲ ရှိတယ်။ တစ်ခုက မုဆိုးမဖြစ်မယ်။ နောက်တစ်ခုက လင်ရှိမယား,မုဆိုးမဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် မုဆိုးမပါပဲ။"
ပါးစပ်က အဆိပ်ပြင်းလိုက်တာ။ ခန်းမထဲမှ အမတ်မင်းများ သူတို့အဆဲမခံရလို့ တော်သေးတယ်ဟု တွေးလိုက်မိကြသည်။
စစ်သူကြီးလော့သည် လိုကျစ်ကွေ့နှင့် အသေအကြေ တိုက်ခိုက်ရဲသော်လည်း နဉ်ရှောင်ယောင်းနှင့်တော့ ခန်းမထဲမှာ အသေအကြေ မတိုက်ခိုက်ရဲပေ။ (တိုက်ခိုက်ရင်လည်း နိုင်ချင်မှ နိုင်မှာပါ။) စစ်သူကြီးလော့၏ မျက်နှာသည် ခရမ်းရောင်မှ အဖြူရောင်သို့ ပြောင်းသွားသည်။ ခန္ဓာကိုယ် ထွားကျိုင်းသန်မာပြီး အရှိန်အဝါကြီးမားသူတစ်ယောက် ဖြစ်သော်လည်း အခုချိန်မှာတော့ သနားစရာ ကောင်းနေသည်။
နဉ်ရှောင်ယောင်းသည် ခေါင်းပေါ်ကို လက်ညှိုးထိုးပြပြီး စစ်သူကြီးလော့ကို လေးလေးနက်နက် ပြောလိုက်သည်။
"အားရင် ကောင်းကင်ကို မော့ကြည့်လိုက်ဦး။ ခင်ဗျားဘဝအတွက် အထောက်အကူ ဖြစ်လိမ့်မယ်။"
***