← Chapters

မင်းမှာအတိအကျ နတ်ဆိုးအမြုတေဘယ်လောက်တောင်ရှိတာလဲ

Vol. 23 Ch. 320

မင်းမှာအတိအကျ နတ်ဆိုးအမြုတေဘယ်လောက်တောင်ရှိတာလဲ

Vol. 23 Ch. 320

ချိုရှန်နန် ပါးစပ်ထဲ ခါးသီးမှုကို ခံစားလိုက်ရသည်။

တကယ်တော့, ဤမြင့်မြတ်အကြီးအကဲကျောက်ချီဒန်က ကိုင်တွယ်ရအခက်ဆုံးလူဖြစ်သည်။

သူမဆေးမှားသောက်လာသည်လား....

ဘယ်လိုတောင် လာနှောက်ယှက်ရဲရသနည်း။

ကောင်းရော ယခု သူမဆရာအကြီးအကဲစွန်းကို ခေါ်တော့မည်ဖြစ်သည်။

ထိုအခါ တစ်ဂိုဏ်းလုံး၌ မျက်နှာရစရာရှိတော့မည်မဟုတ်ပေ။

ဂျန်ဖန်း တိတ်တဆိတ် လျှာလိပ်သွား၏။

ဤမြင့်မြတ်အကြီးအကဲ၏ဒေါသက ကိုင်တွယ်ဖို့မလွယ်ပေ။

သို့ပေမယ့် ဤအထိရောက်လာပြီးမှတော့ သဘာဝအတိုင်း နောက်ပြန်မဆုတ်နိုင်ပေ။

သူက လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲကျောက်, တိမ်စိမ်းတပည့်ဂျန်ဖန်း အကြီးအကဲရဲ့နာမည်ကို နာမည်ကို ကြားဖူးနေတာကြာပါပြီ....."

"ကျွန်တော်အတင့်ရဲပြီး အကြီးအကဲကို လာအရိုအသေပေးတာပါ...."

ကျောက်ချီဒန် သူ့ကို မျက်လုံးထောင့်မှကြည့်လိုက်ပြီး လုံးဝလျစ်လျူရှုထားခဲ့သည်။

ဂုဏ်သရေရှိမြင့်မြတ်အကြီးအကဲတစ်ယောက်က သဘာဝအတိုင်း တပည့်ငယ်လေးတစ်ယောက်ကို အားရုံစိုက်ဖို့ စိတ်မဝင်စားပေ။

ထို့ပြင် သူမတံခါးပိတ်ကျင့်ကြံနေတာကို နှောက်ယှက်သည့်တပည့်ဆိုလျှင် ပြောစရာကိုမလိုတော့ပေ။

မဆူပူတာကကို အပြင်ဂိုဏ်းဆိုသည့်အထောက်အထားကို စဥ်းစားပေးပြီး ဂိုဏ်းနှစ်ဂိုဏ်းကြားငြိမ်းညမ်းမှုကို မထိခိုက်စေလိုသောကြောင့်ဖြစ်သည်။

သူမဂိုဏ်းမှတပည့်ဆိုလျှင် အချိန်အတော်ကြာကတည်းက အပြင်းအထန် ဆူပူကြိမ်းမောင်းပြီးနေပြီဖြစ်သည်။

ဂျန်ဖန်း အရမ်းအံ့အားသင့်မသွားပေ။

သူတို့ကြားက ကွာခြားမှုက မိုးနှင့်မြေလိုဖြစ်သည်။

လှည့်ကြည့်တာတောင် အံ့အားသင့်ဖို့ကောင်းနေပြီဖြစ်သည်။

သူက လက်ချင်းယှက်ပြီး ဆက်ပြောလိုက်သည်။

"အကြီးအကဲရဲ့ကျင့်ကြံမှုကို နောက်ယှက်မိလို့ တောင်းပန်ပါတယ်, စီနီယာ...."

"ကျွန်တော်ကြားတာ အကြီးအကဲမကြာသေးခင်က နတ်ဆိုးသားရဲအမြုတေတွေ စုဆောင်းနေတယ်ဆို...."

"ကျွန်တော်အနည်းငယ်ရထားလို့ အကြီးအကဲများ အကဲဖြတ်ပေးနိုင်မလားလို့...."

သူက အရောင်းအဝယ်ကိစ္စမပြောပေ။

တစ်ဖက်လူက မြင့်မြတ်အကြီးအကဲဖြစ်၏။

ဘယ်လိုလုပ် သူမကိုယ်သူမနိမ့်ချပြီး ဂျူနီယာတစ်ယောက်နှင့် အရောင်းအဝယ်လုပ်မည်နည်း။

ပစ္စည်းတန်ဖိုးကို အတည်မပြုရသေးလျှင်ပေါ့....

ကျောက်ချီဒန် အံ့အားသင့်သည့်အမူအရာပြသလာပြီး ရယ်လိုက်သည်။

"ငါ နင့်ကို လျော့တွက်မိပြီပဲ...."

"ငါ နတ်ဆိုးသားရဲပစ္စည်းတွေစုဆောင်းနေတာသိတာ အသင်္ချေဓားဂိုဏ်းမှာ ငါးယောက်မပြည့်ဘူး...."

"နင်ကသိတယ်ဆိုတော့ အဆက်အသွယ်အချို့ရှာတွေ့ထားတယ်ထင်တယ်...."

သူမက ထိုအကြောင်းကို အခြားမြင့်မြတ်အကြီးအကဲအနည်းငယ်သာပြောဖူး၏။

အခြားဘယ်သူမှ မသိပေ။

ဤလူငယ်လေး သိနေတာက သူမကို အနည်းငယ်အံ့အားသင့်သွားစေ၏။

သို့ပေမယ့်....

အပြင်ဂိုဏ်းသာမန်တပည့်တစ်ယောက်က နတ်ဆိုးသားရဲပစ္စည်းအကဲခတ်ခိုင်းဖို့ သူမတံခါးပိတ်ကျင့်ကြံနေတာကို လာနှောက်ယှက်လို့ရသည်လား?....

တွေဝေနေခြင်းမရှိပဲ အေးစက်စွာ ငြင်းဆန်လိုက်သည်။

"ဒါပေမယ့်, ဒီအကြီးအကဲက စိတ်မဝင်စားဘူး...."

ပြောပြီးနောက်....

သူမက တစ်ခုခုကိုခံစားမိပြီး ချိုရှန်နန်ရင်ဘတ်ကို ကြည့်လိုက်ရာ အံ့အားသင့်သည့်အမူအရာဖြစ်သွား၏။

"သိမ်းငှက်နက်နတ်ဆိုးအမြုတေ...."

"ကောင်လေး, ဒါ နင် ချိုရှန်နန်ကို လာဘ်ထိုးထားတဲ့အရာလား....."

ချိုရှန်နန် စိတ်ထဲမှာတုန်လှုပ်သွား၏။

ဤအရာလည်း ပေါ်သွားပြီလား...

သူမက မလှည့်စားရဲပဲ အနက်ရောင်သစ်သားသေတ္တာကို လေးလံသည့်နှလုံးသားဖြင့်ထုတ်ယူပြီး လေးလေးစားစား ပေးလိုက်သည်။

"တပည့်အမှားကိုဝန်ခံပါတယ်၊ ကျေးဇူးပြုပြီး မြင့်မြတ်အကြီးအကဲအပြစ်ပေးပါ...."

ကျောက်ချီုန် ယူပြီး အဖုံးဖွင့်လိုက်သည့်အခါ သူမမျက်လုံးတွေ အလင်းရောင်အချို့တောက်ပလာ၏။

"လတ်ဆတ်နေသေးတယ်။ မကြာသေးခင်က သတ်ထားတာပဲ....."

"တန်ဖိုးက အနည်းဆုံး သလင်းကျောက် ၆ သောင်းပဲ။ ပိုတောင်များရင်များအုန်းမှာ..."

"ဒီမြင့်မြတ်အကြီးအကဲကိုတွေ့ဖို့ နင် အတော်လေး အကုန်ကျခံထားတာပဲ...."

ပြောပြီးနောက် နတ်ဆိုးအမြုတေကို အင်္ကျီလက်ထဲထည့်လိုက်သည်။

သိမ်းလိုက်ပြီပင်။

ချိုရှန်နန် ခါးသီးမှုကို မျိုးချလိုက်ရသည်။

အဆူခံရပြီး ဆရာလည်းအခေါ်ခံရ၏။

အဆုံးမှာ သူမရသည့်လာဘ်ထိုးပစ္စည်းလည်း အသိမ်းခံလိုက်ရပြီပင်။

သူမ ဘာတတ်နိုင်မည်နည်း။

ဂျန်ဖန်း ပါးစပ် တွန့်လိမ်သွား၏။

သူမက နတ်ဆိုးအမြုတေကို ဗြောင်ကြီးသိမ်းသွားတာပင်။

သို့ပေမယ့် ထိုအရာက ပိုကောင်း၏။

ဤမြင့်မြတ်အကြီးအကဲကျောက်ချီဒန် တကယ်ပဲ နတ်ဆိုးသားရဲကုန်ကြမ်းတွေ စုဆောင်းနေခဲ့သည်။

"ဂျူနီယာမှာ စီနီယာအကဲဖြတ်ဖို့ တန်ဖိုးကြီးပစ္စည်းတွေ အများကြီးရှိပါသေးတယ်...."

ကျောက်ချီဒန် နောက်ဆုံးမှာ စိတ်ဝင်စားမှုပြသလာ၏။

လာဘ်ထိုးသည့်ပစ္စည်းကကို သားရဲဘုရင်အဆင့် နတ်ဆိုးအမြတေဖြစ်နေခဲ့၏။

ဤကောင်လေး၌ တကယ်ပဲ အဆင့်မြင့်ပစ္စည်းအချို့ရှိသည်လား...

တစ်ခဏတွေးပြီးနောက် စိတ်ပြောင်းပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ, ဒီအကြီးအကဲ ချွင်းချက်ထားပြီး မင်း,အပြင်ဂိုဏ်းတပည့်အတွက် အကဲဖြတ်ပေးမယ်...."

"ထုတ်လိုက်...."

ဂျန်ဖန်း အလျှင်မလိုပဲ ပထမဦးစွာ ကြက်သွေးရောင် နတ်ဆိုးအမြုတေတစ်ခု ထုတ်ယူလိုက်သည်။

ကျောက်ချီဒန် အမူအရာကင်းမဲ့နေပြီး ဖြည်းဖြည်းခြင်း ခေါင်းညိတ်လိုက်၏။

"ကြေးခွံနီရေနတ်ဆိုးနဂါးရဲ့နတ်ဆိုးအမြုတေ၊ ဒါလည်း လတ်ဆတ်နေသေးတာပဲ...."

"ဒီသားရဲက သတ်ဖို့မလွယ်ဘူး...."

သူမက ဂျန်ဖန်းကို အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ဂျန်ဖန်း နတ်ဆိုးအမြုတေတွေ ဘယ်ကရလဲဆိုတာ အတော်လေးသိချင်နေခဲ့သည်။

သူကိုယ်တိုင် သတ်ခဲ့သည်လား....

သို့ပေမယ့် ကောက်လာတာဆိုလျှင်လည်း လက်တွေ့မဆန်ပေ။

ကြေးခွံနီရေနတ်ဆိုးနဂါးသတ်သည့် မည်သည့်သိုင်းပညာရှင်မဆို နတ်ဆိုးအမြုတေတော့ ထားခဲ့မည်မဟုတ်ပေ။

"ဒီနတ်ဆိုးအမြုတေကို, နင် သလင်းကျောက် ၄ သောင်း ဒါမှမဟုတ် ၅ သောင်းနဲ့ ရောင်းလို့ရတယ်။ နင် ချိုရှန်နန်ကို လာဘ်ထိုးတဲ့တစ်ခုနဲ့ အတူတူလောက်ပဲ....."

ကျောက်ချီဒန် လေသံထဲ၌ စနောက်သည့်အရိပ်အယောင် အနည်းငယ်ရှိနေ၏။

နိမ့်ကျသောအရာတစ်ခုအတွက် အဖိုးတန်သောတစ်စုံတစ်ခု စတေးလိုက်ရ၍ ဂျန်ဖန်း နစ်နာသွားပြီဟူ၍ပင်။

ဂျန်ဖန်း နားလည်စွာခေါင်းညိတ်လိုက်၏။

ထို့နောက် ကနုတ်တွေထွင်းထားသည့် ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒီတစ်ခုကကော..."

ကျောက်စိမ်းသေတ္တာထဲ၌ မွေးကင်းစကလေး လက်သီးအရွယ်လောက် နတ်ဆိုးအမြုတေတစ်ခုရှိနေပြီး မိုးကြိုးလျှပ်စီးတွေ ထွက်ပေါ်နေ၏။

ကျောက်ချီဒန် အနည်းငယ်လှုပ်ရှားသွား၏။

"ငွေတောင်ပံမိုးကြိုးသိမ်းငှက်ရဲ့ အမြုတေ..."

"ဒါလည်း လတ်ဆတ်တာပဲ...."

"နင် ဘယ်ကရခဲ့တာလဲ...."

သူမက သိချင်စိတ်ကို မထိန်းနိုင်ပဲ မေးလိုက်သည်။

တစ်ခုပြီးတစ်ခု အကုန်လတ်ဆတ်နေခဲ့၏။

ထို့ပြင် ဤတစ်ခုက အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏အမြုတေဖြစ်သည်။

၎င်းကို အမဲလိုက်ရတာက သိမ်းငှက်နက်ထက်တောင် ပိုခက်သေး၏။

ဂျန်ဖန်း အမှန်တိုင်းမပြောရဲပေ။

"မတော်တဆရခဲ့တာပါ...."

ဂျန်ဖန်း၏ ဝေ့လည်ကြောင်ပတ်အဖြေကိုကြားသည့်အခါ ကျောက်ချီဒန် သိချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။

ဤတစ်ချိန်၌ သူမက လက်ခံသည့်အမူအရာပြလာပြီး ပြောလိုက်သည်။

"ဒါက ပစ္စည်းကောင်းပဲ။ မိုးကြိုးဂုဏ်သတ္တိ မှော်လက်နက်တွေလုပ်တဲ့နေရာမှာ အထူးကောင်းမွန်တယ်...."

"မြင့်မြတ်အကြီးအကဲများစွာ ဒီလိုပစ္စည်းကို လိုချင်ကြလိမ့်မယ်...."

"မင်းမရောင်းခင် ဝယ်သူအစစ်အမှန်ကိုရှာပါ။ အလျှင်မလိုနဲ့....."

သူမက ရိုးသားစွာ အကြံပေးလိုက်သည်။

သို့ပေမယ့် ကိုယ်တိုင်ကတော့ စိတ်မဝင်စားတာ သိသာ၏။

ဂျန်ဖန်း ခေါင်းညိတ်ပြီး နောက်ထပ်ကျောက်စိမ်းသေတ္တာတစ်ခု ထုတ်ယူလိုက်သည်။

ကျောက်ချီဒန် သက်ဝင်လှုပ်ရှားလာပြီး အံ့အားသင့်သွား၏။

"ထပ်ရှိသေးတာလား...."

ဤကောင်လေး, ဒီလောက်များတဲ့နတ်ဆိုးအမြုတေတွေ ဘယ်ကရလာသနည်း။

ယခုကို လေးခုရှိနေပြီဖြစ်သည်။

ထို့ပြင် တစ်ခုချင်းစီက ရှေ့တစ်ခုထက် ပိုပို တန်ဖိုးကြီးနေခဲ့သည်။

သူမမျက်လုံးတွေက ချိတ်ပိတ်ထားသည့်ကျောက်စိမ်းသေတ္တာပေါ်မှာရှိနေပြီး ခရမ်းနက်ရောင်အဆိပ်ငွေ့တွေ ထုတ်လွတ်နေသည့် နတ်ဆိုးအမြုတေတစ်ခုကို တွေ့လိုက်သည့်အခါ ထိတ်လန့်သွား၏။

"ကြေးနီကြေးခွံကင်းခြေများနက်ရဲ့အမြုတေ....."

"ဒါလည်း လတ်ဆတ်နေတာပဲ...."

သူမက ကြောင်အနေ၏။

ဤကောင်လေးက ဧရာမဂိုဏ်းရှေ့တန်းမှ ရောက်လာသည်လား....

သို့ပေမယ့် လက််ရှိရှေ့တန်းတိုက်ပွဲတွေ၌ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာရှိ၏။

သားရဲဘုရင်အစုလိုက်အပြုံလိုက်ပေါ်လာသည့် သတင်းမရှိသေးပေ။

ဒီလောက်များသည့်နတ်ဆိုးသားရဲအမြုတေတွေ သူဘယ်ကရလာသနည်း။

ထို့ပြင် လေးခုမြောက်နတ်ဆိုးအမြုတေက အတော်ရှားပါးသည့် ကြေးနီကြေးခွံကင်းခြေများနက်၏အမြုတေဖြစ်သည်။

ထိုသားရဲက အလွန်အမင်းအန္တရာယ်များပြီး အတော်လည်းဉာဏ်နီးဉာဏ်နက်များကာ ပုန်းလျိုးကွယ်လျိုးတိုက်ခိုက်ခြင်းမှာ ကျွမ်းကျင်၏။

လူသားမျိုးနွယ် အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်ကျွမ်းကျင်သူတွေသာ ထိုသားရဲကို သတ်ဖို့ ယုံကြည်ချက်ရှိ၏။

"နင်ဘယ်ကရခဲ့...."

မနေနိုင်ပဲ ထပ်မေးလိုက်ပေမယ့်....

ဂျန်ဖန်းအမှန်တိုင်းမဖြေမှာသိ၍ တစ်ဝက်တစ်ပြတ်နှင့်ရပ်တန့်လိုက်၏။

သူမက နတ်ဆိုးအမြုတေကို စိုက်ကြည့်နေပြီး မျက်လုံးတွေ၌ သိချင်စိတ်အပြည့်ပင်။

"ဒါက သားရဲလှိုင်းစဖြစ်ကတည်းက အမြင့်ဆုံး နတ်ဆိုးအမြုတေပဲ..."

"အနည်းဆုံး သလင်းကျောက် ၃ သိန်းလောက်တန်တယ်...."

"အဆိပ်ကျွမ်းကျင်သူသာအသုံးပြုမယ်ဆိုရင် ပိုတောင် ဈေးကြီးအုန်းမယ်...."

"မင်းတော့ ချမ်းသာပြီပဲ..."

သူတို့ဘေးမှနားထောင်နေသည့် ချိုရှန်နန် အံ့အားသင့်နေ၏။

သလင်းကျောက် ၃ သိန်း?....

အခြားအမြုတေတွေ ပေါင်းထည့်လျှင် ဤကောင်လေး၌ အသားတင် သလင်းကျောက် ၅ သိန်းလောက်ရှိနေပြီဖြစ်သည်။

အကြီးအကဲဖြစ်သည့်သူမထက်တောင် ပိုချမ်းသာနေခဲ့သည်။

ဂျန်ဖန်း ကျောက်ချီဒန် စိတ်မဝင်စားသေးတာမြင့်၍ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

တကယ်ပင်။ မြင့်မြတ်အကြီးအကဲတစ်ယောက်ကို သဘောကျစေဖို့က တကယ်ခက်၏။

ကံကောင်းစွာဖြင့်, သူ့၌ နောက်ဆုံးဝှက်ဖဲရှိနေသေးသည်။

ကျောက်ချီဒန် ဂျန်ဖန်းကို နက်နဲသည့်အဓိပ္ပာယ်ဖြင့် ကြည့်လိုက်သည်။

"ကောင်လေး, မင်းက ငါ့ကို မျက်စိပွင့်အောင်လုပ်ပေးလိုက်တာပဲ...."

"တပည့်ငယ်လေးတစ်ယောက်မှာ ဒီလောက်များလတ်ဆတ်တဲ့ နတ်ဆိုးအမြုတေတွေရှိနေတယ်...."

"ငါမင်းကို သတိပေးလိုက်မယ်။ နောက်တစ်ကြိမ်အပြင်ကို ထုတ်မပြနဲ့...."

"ဒီအကြီးအကဲကတော့ သေချာပေါက် မင်းကို ဓားပြတိုက်မှာမဟုတ်ဘူး..."

"ဒါပေမယ့် အခြားလူတွေကတော့ အဲ့လောက်ကြင်နာမှာ မဟုတ်ဘူး...."

အင်း?...

သူမက လုံးဝတော့ မဆိုးသေးပေ။

သို့ပေမယ့် အခြေခံအားဖြင့် ထိုအရာက ကျောက်ချီဒန် ဤနတ်ဆိုးအမြုတေတွေကို အများကြီး ဂရုမစိုက်သောကြောင့်ပင်။

သူမသဘောကျသည့်တစ်ခုတွေ့လျှင် ဓားပြမတိုက်တောင် သေချာပေါက်ရမည့်နည်းလမ်းရှာမည်ဖြစ်သည်။

သူကလက်ချင်းယှက်ပြီး ပြောလိုက်သည်။

"သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ်, စီနီယာ...."

ကျောက်ချီဒန် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။

"အခြားကိစ္စမရှိတော့ဘူးဆိုရင် မြန်မြန်ထွက်သွားတော့...."

ပြောပြီးနောက် သူမက ကျောက်တံခါးပြန်ပိတ်ဖို့ ပြင်လိုက်သည်။

ဂျန်ဖန်း လန့်သွား၏။

"စီနီယာ, ခနနေပါးအုန်း..."

"စီနီယာ နတ်ဆိုးအမြုတေကြည့်လို့မပြီးသေးဘူးလေ...."

All Chapters