← Chapters

အပိုလက်ဆောင်

Vol. 23 Ch. 321

အပိုလက်ဆောင်

Vol. 23 Ch. 321

"ဘာ?...."

ချိုရှန်နန် အံံ့အားသင့်သွားပြီး အာမေဋိတ်သံပြုလိုက်သည်။

"နင့်မှာရှိသေးတယ်?...."

ကျောက်ချီဒန်တောင် ဆံထွေးသီးသွားပြီး အကြိမ်များစွာ ချောင်းဆိုးလိုက်ရ၏။။

အံ့အားသင့်မှုကော စိတ်ပျက်မှုကော နှစ်ခုလုံးပင်။

"မင်းမှာ အတိအကျနတ်ဆိုးအမြုတေ ဘယ်လောက်တောင်ရှိတာလဲ...."

သူမ မနာလိုမဖြစ်ပဲ မနေနိုင်ဖြစ်သွား၏။

ဤကလေးက ထိုမျှလောက်များသည့်နတ်ဆိုးအမြုတေတွေ ဘယ်ကရလာသနည်း။

ကောင်းကင်မှ နတ်ဆိုးအမြုတေမိုးတွေ သူ့အပေါ်ရွာချလာသည်လား...

အနည်းစိတ်တိုစွာဖြင့် ပြောလိုက်သည်။

"ထုတ်လိုက်, ကြည့်ကြည့်ရအောင်...."

သူမ အတော်လေးသိချင်နေ၏။

နောက်ဆုံးတစ်ခုကကို အတော်အံ့အားသင့်စရာကောင်းသည့် ကြေးနီကြေးခွံကင်းခြေများနက်အမြုတေဖြစ်နေခဲ့သည်။

ဤတစ်ချိန်၌ အမြုတေနောင်းပိုင်းအဆင့် နတ်ဆိုးအမြုတေများ ထုတ်လာမည်လား....

ဂိုဏ်း ၉ ဂိုဏ်း၌ အမြုတေဖွဲ့စည်းခြင်းနောင်းပိုင်းအဆင့်က ဂိုဏ်းသခင်နှင့် မဟာအကြီးအကဲအဆင့်ဖြစ်၏။

ထိုအဆင့်နတ်ဆိုးသားရဲက နတ်ဆိုးသားရဲတွေကြားမှာ ထိပ်တန်းတည်ရှိမှုဖြစ်သည်။

အနည်းဆုံးဆိုရင်တောင် အဆင့် ၁၀၀ အတွင်းဝင်၏။

သူတို့ကိုသတ်နိုင်သည့် လူသားကျွမ်းကျင်သူအရေးအတွက်က အနည်းငယ်သာရှိ၏။

ဤကောင်လေးကောက်ဖို့ ချန်ထားခဲ့တာကို မပြောလိုသေးပေ။

ထိုအရာက လုံးဝကိုမဖြစ်နိုင်ပေ။

အခြား အမြုတေအလယ်အလတ်အဆင့် နတ်ဆိုးအမြုတေသာဖြစ်ဖို့များ၏။

ဂျန်ဖန်း အချိန်မဖြုန်းပေ။

ချက်ချင်းပဲ ချိတ်ပိတ်စာရွက်တွေနှင့် အနက်ရောင်ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်လိုက်သည်။

အပြင်မှကြည့်လျှင် အထဲမှာဘာရှိလဲ မြင်ရဖို့ မဖြစ်နိုင်ပေ။

"ဒီလောက်တောင်လျို့ဝှက်တာလား..."

ကျောက်ချီဒန် အနက်ရောင်ကျောက်စိမ်းသေတ္တာကို ယူလိုက်သည်။

ထို့နောက် အဆောင်စာရွက်ကိုဖြဲကာ ဖွင့်ကြည့်လိုက်သည့်အခါ သူမ၏အိုမင်းသည့်မျက်လုံးတွေ ရုတ်တရက်ပြူးကျယ်သွားပြီး တုန်လှုပ်သွား၏။

"အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ နတ်ဆိုးအမြုတေ..."

သူမက ကိုယ့်မျက်လုံးကိုမယုံနိုင်ဖြစ်နေပြီး အပြင်းအထန်ပွတ်သပ်ကြည့်လိုက်သည်။

ပုတီးစေ့အရွယ်အစားရှိ နတ်ဆိုးအမြုတေကို စိုက်ကြည့်ပြီး အချိန်တော်ကြာမယုံနိုင်ဖြစ်နေခဲ့သည်။

ထိုအရာက သာမန်သားရဲဘုရင်အမြုတေတွေထက် အဆပေါင်းများစွာ ပိုသေးငယ်၏။

ဘယ်လောက်?...

အမြုတေဖွဲ့စည်းခြင်းအဆင့် ၉?...

ချိုရှန်နန် ရာထူးအဆင့်အတန်းတွေကို လျစ်လျူရှူထားပြီး ရှေ့တိုးကြည့်လိုက်သည်။

ထိုအခါ ကျောက်စိမ်းသေတ္တာမှထုတ်လွတ်နေသည့် ကြမ်းကြုတ်သည့်အော်ရာကို ချက်ချင်းခံစားမိလိုက်၏။

သူမကိုယ်တိုင်က အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်ဖြစ်ပေမယ့် ကျောရိုးတစ်လျှောက်အေးစိမ့်သွား၏။

ကြောက်စရာသားရဲဘုရင်တစ်ကောင် သူမရှေ့မှာ ပေါ်လာသလိုပင်။

"ဒါ... ဒါ ဘယ်ကရခဲ့တာလဲ..."

ချိုရှန်နန် ဆံထွေးမျိုးချလိုက်ပြီး အသံက သိချင်စိတ်ပြင်းပြနေခဲ့သည်။

ဂျန်ဖန်း သာမန်အတိုင်း ပြန်ဖြေလိုက်၏။

"ကောက်ရတာ...."

ကျောက်ချီဒန် အသက်ရှူသံတွေ မူအမှန်တော့ပေ။

သူမက ဂျန်ဖန်းကို ခံစားချက်ရှုပ်ထွေးစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"နတ်ဆိုးဘုရင်လက်အောက်က မဟာစစ်သူကြီးဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အရိုးလန်ရဲ့ နတ်ဆိုးဆိုးအမြုတေတောင် မင်းက ကောက်ရခဲ့တယ်ပေါ့...."

ဘာ?....

ချိုရှန်နန် ပင့်သက်ရှိုက်ပြီး ထိတ်လန့်တကြားပြောလိုက်သည်။

"ဒါ.... ဒါက အရိုးလန်ရဲ့နတ်ဆိုးအမြုတေ?..."

"သူ သေသွားပြီပေါ့...."

"ဘယ်သူသတ်လိုက်တာလဲ...."

"ပြီးတော့ နတ်ဆိုးအမြုတေကကော နင့်လက်ထဲ ဘယ်လိုရောက်နေတာလဲ..."

ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်သည်။

သူက ဖြေရလောက်အောင် မရူးသေးပေ။

"စီနီယာ, မင်း ဒီနတ်ဆိုးအမြုတေကို ဘယ်လိုထင်လဲ...."

အနက်ရောင်ကျောက်စိမ်းသေတ္တာကိုကိုင်ထားပြီး ကျောက်ချီဒန်မျက်လုံးတွေ၌ ထိန်းချုပ်မရသည့်တပ်မက်မှုတွေပြသနေခဲ့သည်။

ဤကဲ့သို့ ထိပ်တန်းနတ်ဆိုးအမြုတေ....

သားရဲလှိုင်းပြီးလျှင်တောင် တစ်ခုရချင်မှရမှာဖြစ်သည်။

သူမက ပိုကောင်းသည့် နတ်ဆိုးအမြုတေတစ်ခု နောက်ထပ်တွေ့တော့မည်မဟုတ်ပေ။

ယခု ရှေ့မှာရှိနေ၍ ဘယ်လိုလုပ် လက်လွတ်ခံနိုင်မည်နည်း။

တစ်ခဏတွေဝေပြီးနောက်, ပြောလိုက်သည်။

"ကောင်လေး, ဒီအကြီးအကဲက ဒီအမြုတေကို ဝယ်ချင်တယ်...."

"မင်းဆန္ဒရှိရင်, ငါ သလင်းကျောက် ၁ သန်းပေးမယ်။ ဘယ်လိုလဲ...."

၁ သန်း?....

ချိုရှန်နန် မှိန်မောသွား၏။

အသေးစားဂိုဏ်းများစွာ၌ ထိုမျှလောက်များသည့် သလင်းကျောက်မရှိပေ။

နတ်ဆိုအမြုတေတစ်ခုနှင့် ဂျန်ဖန်း ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်နိုင်လုနီးပါးပင်။

သို့ပေမယ့် ဂျန်ဖန်း ငြင်းလိုက်၏။

"ဂျူနီယာ ဆန္ဒရှိပါတယ်...."

ထိုအရာကိုကြားသည့်အခါ ကျောက်ချီဒန် အနည်းငယ်ခေါင်းညိတ်ပြီး အရမ်းကြီးပျော်မသွားပေ။

အဘယ်ကြောင့်ဆိုသော် သလင်းကျောက် ၁ သန်းက သူမစုဆောင်းထားတာ အားလုံးဖြစ်သောကြောင့်ပင်။

ဤနတ်ဆိုးအမြုတေဝယ်ဖို့ အကုန်သုံးတာ သူမကို ပျော်ရွင်စေမည်မဟုတ်ပေ။

ထိုအရာက အမြတ်လည်းမရှိ၊ အရှုံးလည်းမရှိသည့် လဲလှယ်မှုဟုသာ ပြောနိုင်၏။

သို့ပေမယ့် ဂျန်ဖန်းနောက်စကားကြောင့် ကျောက်ချီဒန် ကြောင်သွား၏။

"ဒါပေမယ့်, ဂျူနီယာ သလင်းကျောက်မလိုအပ်ပါဘူး...."

"စီနီယာဆီမှာရှိတဲ့ ပစ္စည်းတစ်ခုနဲ့လဲချင်ပါတယ်...."

သလင်းကျောက်မဟုတ်ဘူး?...

ကျောက်ချီဒန် သက်သာရာရသွားပြီး ပျော်ရွင်သည့်အရိပ်အယောင်ပြသလာ၏။

"ဒါဆို မင်းဘာလိုချင်တာလဲ...."

သူမ၌ သလင်းကျောက် ၁ သန်းတန်သည့်အရာ ဘာမှမရှိပေ။

ဂျန်ဖန်း အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏အစစ်အမှန်ရည်ရွယ်ချက်ကို ထုတ်ပြလိုက်သည်။

"ဂျူနီယာက ခန္ဓာသန့်စင်လမ်းစဥ်ကို လျှောက်လမ်းပြီး အခုလက်ရှိ အတားအဆီးနဲ့ကြုံနေပါတယ်။ ဒါကြောင့် စီနီယာဆီက အဆိပ်နဂါးရိုးတွင်းချင်ဆီကို လိုချင်ပါတယ်...."

"စီနီယာဆန္ဒရှိရင်, ဂျူနီယာ ဒီနတ်ဆိုးအမြုတေကို အဆိပ်နဂါးရိုးတွင်းချင်ဆီနဲ့လဲချင်ပါတယ်..."

ထိုအရာကိုကြားသည့်အခါ ကျောက်ချီဒန်၏ အစောပိုင်းပျော်ရွင်မှုတွေ ပျောက်ကွယ်သွားခဲ့သည်။

သူမက အချိန်အတော်ကြာတွေဝေနေပြီး စဥ်းစားချင့်ချိိန်နေပုံရ၏။

နောက်ဆုံး၌ သက်ပြင်းချပြီး အရိုးလန်၏နတ်ဆိုးအမြုတေကို တွန့်ဆုတ်စွာဖြင့် ဂျန်ဖန်းလက်ထဲပြန်ပေးလိုက်သည်။

"မင်း တစ်ရက်၊နှစ်ရက်လောက်စောလာခဲ့ရမှာ...."

"အခုတော့ အရမ်းနောက်ကျသွားပြီ..."

"ဟူး, ကံကြမ္မာအရပဲပေါ့...."

ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။

ရှင်းလင်းစွာပင်, ကျောက်ချီဒန် အတော်လေး လိုချင်နေ၏။။ ဘာကြောင့် အဆုံးမှာ လက်လျော့လိုက်ရသနည်း။

လက်လျော့ဖို့ဆန္ဒမရှိပဲ ပြောလိုက်သည်။

"စီနီယာ, အဆိပ်နဂါးရိုးတွင်းချင်ဆီကို တစ်ယောက်ယောက်ဆီ ပေးပြီးသွားလို့လား..."

ကျောက်ချီဒန် ဂျန်ဖန်းလက်ထဲရှိ နတ်ဆိုးအမြုတေကို ကြည့်ပြီး ထပ်ခါထပ်ခါ သက်ပြင်းချနေခဲ့သည်။

"အဲ့လိုပဲဆိုပါတော့...."

ဟမ်?...

ပေးပြီးပြီဆိုပေးပြီးပြီ။ မပေးရသေးဘူးဆိုမပေးရသေးဘူးပေါ့....

"အဲ့လိုပဲဆိုပါတော့" ဆိုတာ ဘာကိုဆိုလိုသနည်း။

ဂျန်ဖန်း ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။

"ညှိနှိုင်းလို့မရတော့ဘူးလား...."

ကျောက်ချီဒန် ခေါင်းခါယမ်းလိုက်ပြီး အတော်လေးနောင်တရနေခဲ့သည်။

"ငါပေးမယ်လို့ လူတစ်ယောက်ကို ကတိပေးပြီးသွားပြီ...."

"ကတိကကတိပဲ, ငါ့စကားကိုပြန်ပြင်လို့မရဘူး..."

"မင်း တစ်ရက်၊နှစ်ရက်လောက်စောလာခဲ့ရမှာ...."

"ဟူး..."

အာ?...

ဂျန်ဖန်း သူ့နှာခေါင်းကိုထိလိုက်ပြီး ထူးဆန်းသည့်အမူအရာဖြင့် ပြောလိုက်သည်။

"စီနီယာ မင်းပေးမယ်လို့ကတိပေးထားတာ မျက်နှာဖုံးနဲ့လူငယ်တစ်ယောက်မလား..."

ကျောက်ချီဒန်ကြောင်သွားပြီး သူမမျက်လုံးတွေ ကျဥ်းမြောင်းသွား၏။

"မင်းကို ဒါ ဘယ်သူပြောတာလဲ...."

သူမမျက်လုံးတွေ၌ သတိထားသည့်အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။

ထိုကိစ္စကို သူမနှင့် ရှုချင်းယန်သာသိ၏။

သူမရှေ့ရှိ အပြင်ဂိုဏ်းသားတစ်ယောက်က ဘယ်လိုသိနေရသနည်း။

ဂျန်ဖန်း မနေနိုင်ပဲ ရယ်လိုက်၏။

ထိုလူအိုကြီးက တကယ်ပဲ အမြန်လုပ်ဆောင်ခဲ့၏။

ကျောက်ချီဒန်ကို ဒီလောက်မြန်မြန် သတင်းပေးပြီးသွားပြီပင်။

သူက နံပါတ် ၁ အရိပ်စောင့်မျက်နှာဖုံးထုတ်ယူပြီး မျက်နှာမှာတပ်ကာ ပြောလိုက်သည်။

"ဘာလို့လဲဆို ကျွန်တော်က အဲ့ဒီလူငယ်ပဲလေ....."

အာ?....

ပုံမှန်တည်ငြိမ်သည့် ကျောက်ချီဒန် အံ့အားသင့်စွာဖြင့် မတ်တပ်ထရပ်လိုက်၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"မဟုတ်သေးဘူး, မင်းငါ့ဆီတိုက်ရိုက်လာယူလို့ရသားနဲ့ ဘာကိစ္စအပေးအယူလုပ်ပြီး ဒီလောက်ဒုက္ခခံနေရတာလဲ...."

သူမ ဇဝေဇဝါဖြစ်သွား၏။

ဂျန်ဖန်း ရယ်လိုက်သည်။

"ဂျူနီယာ ဘာသာဖြေရှင်းနိုင်တဲ့ကိစ္စမှာ စီနီယာတွေကို ဒုက္ခမပေးချင်လို့ပါ...."

သူက တကယ်ပဲ ထိုလူအိုကြီးကို ကျေးဇူးကျွေးမတင်ချင်ပေ။

မဟုတ်လျှင် အရိုလန်နတ်ဆိုးအမြုတေနှင့်တောင် ပြန်ပေးနိုင်မည်မဟုတ်ပေ။

သူ့သဘောထားကိုနားလည်ပြီး ကျောက်ချီဒန် တစ်ခဏ ဘာပြောရမှန်းမသိဖြစ်သွား၏။

သူမ ရယ်ချင်နေသလို ဂျန်ဖန်းစိတ်ဓာတ်ကိုလည်း လေးစားသွား၏။

ယနေ့ကမ္ဘာကြီး၌, အကြံသမားတွေနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်ကြသည့်လူတွေနှင့်ပြည့်နှက်နေပြီး အခွင့်ကောင်းယူဖို့ ကျားချောင်းချောင်းနေကြတာဖြစ်သည်။

ဂျန်ဖန်းလိုလူမျိုးက အတော်ရှား၏။

"မင်း တကယ် အများကြီးသည်းခံခဲ့တာပဲ...."

ကျောက်ချီတန် ကြင်နာသည့်အမူအရာပြသလိုက်၏။

ဤနတ်ဆိုးအမြုတေတွေရဖို့ ဘယ်လောက်ခက်ခဲလဲ စိတ်ကူးကြည့်နိုင်၏။

ထို့ပြင် သူမနှင့်တွေ့ရဖို့ကြိးပမ်းတာကောအပါအဝင်ပင်။

ဂျန်ဖန်း ပြုံးလိုက်သည်။

"စီနီယာကော၊ ကျွန်တော်ကောပျော်ရွင်ရရင် ဒါက ဘာမှမပြောပပါဘူး..."

သူက အနက်ရောင်ကျောက်စိမ်းသေတ္တာကို ကျောက်ချီဒန်လက်ထဲပြန်ပေးလိုက်သည်။

"ဒီတော့, ကျွန်တော်တို့လဲလှယ်မှုအဆင်ပြေသွားပြီပေါ့နော်...."

ကျောက်ချီဒန် ခံစားချက်တွေ ရောထွေးနေ၏။

သူမက အင်္ကျီလက်ထဲမှ ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။

အထဲ၌ ပုလင်းဝက်လောက်ရှိသည့် စေးပစ်သည့်အနက်ရောင်အရည်တွေရှိနေပြီး ကျောက်စိမ်းပုလင်းတစ်လျှောက်ကနေတောင် မသက်မသာခံစားမှုကို ပေးစွမ်းနေ၏။

ထိုအရာက မူးဝေသည့်ခံစားချက်ပင်။

"ဒါက အင်ပါယာအဆင့် အဆိပ်နဂါးရဲ့ ရိုးတွင်းချင်ဆီပဲ။ ပြင်းထန်တဲ့အဆိပ်တွေ ပါဝင်နေတယ်...."

ကျောက်ချီဒန် ဂျန်ဖန်းကို စိုးရိမ်စိတ်ဖြင့် ပေးလိုက်သည်။

သူက အခြေခံတည်ဆောက်ခြင်းအဆင့်သာဖြစ်၍ ချင်ဆီထဲရှိအဆိပ်က သူ့အတွက် အသက်အန္တရာယ်ရှိ၏။

အနည်းငယ်သောအမှားကတောင် သေစေနိုင်၏။

တစ်ခဏတွေးပြီးနောက်, ဟောင်းနွမ်းနေသည့်အဝါရောင်စာလိပ်တစ်ခုကိုလည်း ထုတ်ယူလိုက်သည်။

"ကောင်ပြီလေ, မင်းရဲ့ရိုးသားမှုကိုထောက်ပြီး ဒီစာလိပ်လည်းပေးလိုက်မယ်...."

"အရင်လေ့လာလိုက်ပါ။ အနည်းငယ်ကျွမ်းကျင်လာပြီဆိုမှ အဆိပ်နဂါးရိုးတွင်းချင်ဆီကို သုံးပေါ့...."

ဂျန်ဖန်း ယူလိုက်ပြီး ဇဝေဇဝါဖြစ်နေခဲ့သည်။

သူက ဘာကြောင့် အပိုကျင့်ကြံရေးနည်းလမ်းတစ်ခုရသွားသနည်း။

အပိုလက်ဆောင်ဆိုမှတော့ ဘာအရေးကြီးအရာမှမဟုတ်နိုင်ပေ။

ချိုရှန်နန်လည်း သိချင်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

သို့ပေမယ့် အကြည့်တစ်ချက်နှင့် သူမမျက်ခွံတွေကို အပြင်းအထန်ကျုံ့သွားစေပြီး တုန်လှုပ်သွားစေ၏။

All Chapters