← Chapters

သနားစရာ မိန်းကလေး

Vol. 8 Ch. 105

သနားစရာ မိန်းကလေး

Vol. 8 Ch. 105

“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားပေးပါရှင်...”

လင်ကျဲ သက်ပြင်းချလိုက်သည်။ ဤမျှ ကြီးမားသည့် မီးလောင်မှုမျိုးဖြင့်ဆိုလျှင် ကျိုးကြောင်းဆီလျော်ပေသည်။ အနည်းဆုံး လမ်းဆယ်ခုခန့် ထိခိုက်ခဲ့ပုံရပြီး အရေးပေါ် အဖွဲ့များမှာလည်း ဒဏ်ရာရသူ အရေအတွက် များပြားမှုကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ဆေးရုံ ဖုန်းလိုင်းများသည် ပြည့်လျှံနေမည်မှာ သေချာသည်။

လင်ကျဲ ဆက်သွယ်ရေး ကိရိယာကို ချလိုက်ပြီး ခဏနေမှ ထပ်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ ဆက်သွယ်ရေး ကိရိယာဟု ခေါ်ဆိုသည့် အရာမှာ ဤလောက၏ လက်ကိုင်ဖုန်းပင် ဖြစ်သည်။

အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း အဇီး၏ နည်းပညာ စံနှုန်းများမှာ ကမ္ဘာမြေ၏ ၁၉၈၀၊ ၉၀ ခုနှစ်များနှင့် ဆင်တူပေသည်။ ထိုကာလမှာ brick cellphone မှသည် flip phone (ခေါက်ဖုန်း) အဖြစ်သို့ စတင် ပြောင်းလဲလာသည့် ကာလဖြစ်သည်။

သို့သော်လည်း... ဤလောက၏ လက်ကိုင်ဖုန်း တိုးတက်မှုများသည် အနည်းငယ် ပိုမြန်ပုံရသည်။ နော်ဇင်ရှိ ဆက်သွယ်ရေး ကိရိယာများမှာ အခြေခံအားဖြင့် ဆလိုက်ဒါဖုန်းများ ဖြစ်နေပြီဖြစ်သည်။

သို့သော်လည်း... ဆက်သွယ်ရေး ကိရိယာများမှာ လက်ရှိတွင် လူအများစု တတ်နိုင်တဲ့ တန်ဖိုးများ မဟုတ်ကြချေ။ ဆိုင်နီးနားချင်း သူဌေးက ရုပ်မြင်သံကြားစက် အဟောင်း တစ်လုံးကို ကြွားဝါနိုင်သကဲ့သို့ ဆက်သွယ်ရေး ကိရိယာကို ပိုင်ဆိုင်နိုင်သူများမှာ အခြေခံအားဖြင့် ချမ်းသာသော အသိုင်းအဝိုင်းမှ လူများ ဖြစ်ကြသည်။

တကယ်တော့ လင်ကျဲ ထိုဆက်သွယ်ရေး ကတိရိယာကို ကိုယ်ပိုင် ဝင်ငွေဖြင့် ဝယ်ခဲ့ခြင်း မဟုတ်ချေ။ ဖောက်သည်တစ်ယောက်က စေတနာရှိစွာ ပေးကမ်းခဲ့ခြင်း ဖြစ်သည်။

နော်ဇင်၌ လင်ကျဲသိသည့်လူ မရှိသလောက် ဖြစ်သည်။ ထို့အပြင် ဤကမ္ဘာ၏ ဂိမ်းလုပ်ငန်း အခြေအနေကြောင့် မြွေဂိမ်း (snake game) လေးကိုတောင် ဖုန်းထဲ ထည့်ထားလို့ မရချေ။ ထို့ကြောင့်ပင် လင်ကျဲမှာ ဤဆက်သွယ်ရေး ကိရိယာကို အသုံးပြုခဲသော်လည်း အရေးပေါ် အခြေအနေများအတွက် အမြဲတမ်း ဆောင်ထားခဲ့သည်။

ယခု သူ၏ ကြိုတင် ပြင်ဆင်မှုမှာ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီ ဖြစ်သည်။

လင်ကျဲ ဆေးရုံကို ထပ်ခေါ်ရန် ကြိုးစားလိုက်၏။

“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားပေးပါရှင်...”

“လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားပေးပါရှင်...”

အကြိမ်အနည်းငယ် ထပ်မံ ကြိုးစားပြီးနောက် သူ စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပစ်ချလိုက်သည်။ ထို့နောက်... ရုတ်တရက် မိန်းကလေး၏ လည်ပင်းတွင် ဆွဲထားသော တံဆိပ်ကို သတိပြုမိလိုက်သည်။

သူ လက်လှမ်း၍ ကောက်ယူကြည့်လိုက်၏။တံဆိပ်၏ နောက်ကျောတွင် မှိန်ဖျော့သော အဖြူရောင် တြိဂံတစ်ခု ပုံနှိပ်ထားပြီး၊ မြွေမြီးကုတ်ပုံ တစ်မျိုးဖြင့် အနားသတ်ပုံစံကို ဖြစ်ပေါ်စေသည်။

(မြွေမြီးကုတ်ပုံ - အမြီးကို ပြန်မြိုထားသည့် မြွေပုံ)

“ဒီလို တံဆိပ်ကို ငါ တစ်ခါမှ မမြင်ဖူးပါဘူး...”

လင်ကျဲ တွေးရင်း တံဆိပ်၏ တစ်ဖက်ကို လှည့်ကြည့်လိုက်ရာ လူငယ်တစ်ဦး၏ ဓာတ်ပုံကို မြင်လိုက်ရသည်။ သူ အနည်းငယ် ထိတ်လန့် သွားခဲ့၏။

တစ်ခုခုက လွဲချော်နေပြီ ဖြစ်ကြောင်း သူ သဘောပေါက် သွားခဲ့သည်။ လင်ကျဲ၏ မျက်လုံးများမှာ မိန်ကလေး အပေါ်သို့ နောက်တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့၏။

“ကုတ်အင်္ကျီ...”

ပထမတုန်းက သူ ထိုအရာကို သတိမထားမိခဲ့ချေ။ သူမက ပေါက်ကွဲမှုနှင့် မီးလောင်မှုများမှ ထွက်ပြေး လွတ်မြောက်လာခဲ့သည့် သားကောင် တစ်ကောင်ဆိုတာတော့ သေချာပေသည်။

သို့သော်လည်း.... သူမက သူမနှင့် မဆိုင်သည့် ဓာတ်ခွဲခန်း ကုတ်အင်္ကျီကို ဝတ်ဆင်လာခဲ့သည်။ ထို့အပြင် အဝတ်အစားပေါ်မှ ပျက်စီးမှုများမှာ သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများနှင့် မကိုက်ညီပေ။ ပေါက်ကွဲမှုကို ကြုံတွေ့ရချိန်တွင် သူမက ဤအဝတ်အစားများကို ဝတ်ဆင်ထားခြင်း မရှိသည်မှာ ရှင်းနေသည်။

ဆိုလိုသည်က ဒဏ်ရာရပြီးနောက်မှ သူမက ဤအဝတ်အစားများကို ဝတ်ဆင်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသူ တစ်ဦးဦးမှာ ဘာမှ မဟုတ်သကဲ့သို့ အခြားသူများ၏ အဝတ်အစားများကို ချွတ်၍ ဝတ်ဆင်မည်လား။ ထို့အပြင် ဘာမှမဆိုင်သည့် သက်သေခံ တံဆိပ်ကိုပင် သူမ၏ လည်ပင်း၌ သေသေချာချာ ချိတ်ဆွဲထားသည်။

အခြားလူတစ်ယောက်က သူမကို ဤအဝတ်အစားများ ဝတ်ဆင် ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖြစ်ကြောင်း ရှင်းလင်းနေချေပြီ ဖြစ်သည်။ ထိုတစ်ယော်ကမှာ သက်သေခံ တံဆိပ်ပေါ်ရှိ ပုဂ္ဂိုလ် ဖြစ်နိုင်ချေ အလွန် များသည်။ အင်္ကျီနှင့် ကပ်တို့ကို ချိတ်ဆွဲပေးရခြင်း၏ ရည်ရွယ်ချက်ကိုတော့ လင်ကျဲလည်း တိတိကျကျ မသိပါချေ။

ထိုအချိန်တွင် မိန်းကလေးမှာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်လာကာ ပြန်လည် သတိရလာသည့် လက္ခဏာများကို ပြသလာခဲ့သည်။ လင်ကျဲ သူမကို ငုံ့ကြည့်ရင်း နူးညံ့စွာ ပြုံးပြလိုက်၏။

“မင်း သတိရလာပြီ... အဆင်မပြေတာများ ရှိလား... အခုတော့ သိပ် မလှုပ်ရှားနဲ့ဦးနော်”

“မင်းရဲ့ ဒဏ်ရာတွေက အတော်လေး ပြင်းထန်တယ်... ငါ ဆေးရုံကို ဆက်သွယ်နေတာ မရသေးဘူး”

မိန်းကလေးမှာ လင်ကျဲ၏ မျက်နှာပေါ်ရှိ နွေးထွေးသည့် အပြုံးကို သတိပြုမိလိုက်၏။ ထို့နောက် ရင်းနှီးမှု မရှိသေးသည့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဤပုဂ္ဂိုလ်မှာ တစ်ယောက်တည်း နေထိုင်နေသည့် တစ်ကိုယ်ရေ လူငယ် တစ်ဦးဖြစ်ကြောင်း သတိပြုလိုက်မိသော အခိုက်၌ သူမ၏ သတိ အနေအထား ဖြစ်နေသည့် ခန္ဓာကိုယ်က အနည်းငယ် လျော့ရဲသွားသည်။

ထို့အပြင်... အီသာစွမ်းအင် လှုပ်ရှားမှု မရှိ... သူက သာမန်လူ တစ်ဦးပင်။ လူငယ်ထံမှ ယုံကြည်မှုကို ရယူရန် သူမ အတွက် သိပ်ခက်ခဲလိမ့်မည် မဟုတ်ချေ။

သူမက လင်ကျဲ၏ ရှပ်အင်္ကျီ လက်ကို လှမ်းဆွဲလိုက်ရင်း လည်ချောင်းသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“ဆေးရုံကို မခေါ်ပါနဲ့... သူတို့က ကျွန်မကို သတ်ချင်နေတာ... ကျွန်မ ထွက်ပြေးလာတာပါ”

“...”

လင်ကျဲ ထိတ်လန့်သွား၏။ ကုတ်အင်္ကျီ ပွပွကြီး အောက်မှ ပိန်လှီနေသည့် မိန်းကလေး၏ ပုံသဏ္ဌာန်ကို ကြည့်ရင်း သူ အနည်းငယ် စဉ်းစားလိုက်သည်။

စုံထောက် ကိုနန် ဇာတ်လမ်းတွဲမှ အလွန် ရေပန်းစားသော ဇာတ်ကောင် တစ်ဦးကို သတိရလိုက်သည်။

အိုင်ဟိုင်ဘာရာ...

လင်ကျဲ မှတ်မိသလောက် အိုင် ဟိုင်ဘာရာမှာ လျှို့ဝှက် အဖွဲ့အစည်းမှ ထွက်ပြေးခဲ့သည်။ ထို့နောက် အလွန် ကြီးမားလှသည့် ဓာတ်ခွဲခန်း ကုတ်အင်္ကျီနှင့် လမ်းဘေး တစ်နေရာတွင် လဲကျနေခဲ့သည်။

ဖြစ်နိုင်ခြေရှိတာက...

ထိုပေါက်ကွဲမှုနှင့် မီးလောင်မှုတို့မှာ အထူးလျှို့ဝှက်ပြီး အန္တရာယ်ရှိသည့် သုတေသနကြောင့် ဖြစ်လာတာမျိုး ဖြစ်နိုင်သည်။ မိန်းမငယ်လေး၏ စကားများနှင့် ပေါင်းစပ်လိုက်သောအခါ ထိုသီအိုရီက ဖြစ်နိုင်ချေရှိပုံရသည်။

ဤကုတ်အင်္ကျီ၏ ပိုင်ရှင်... ယူဆချက် အရ အထူးလျှို့ဝှက် အဖွဲ့အစည်းမှ သုတေသီ တစ်ဦးမှာ အသက်အန္တရာယ်ရှိသည့် ဖြစ်ရပ် တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့အပြင်... ၎င်းက အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေရာ သူ ထွက်ပြေးရန် လမ်းမရှိတော့ပေ။ ထိုအချိန်တွင်... သူနှင့် သာမန် မဟုတ်သော ဆက်ဆံရေးရှိသည့် ဤကလေးလည်း ထိုနေရာတွင် ရှိနေခဲ့သည်။

လင်ကျဲ၏ စိတ်ထဲတွင် ယုတ္တိရှိသည့် ဇာတ်လမ်းတစ်ခုက တဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့တော့သည်။ သုတေသီ တစ်ဦးသည် လျှို့ဝှက်ချက် တစ်ခုကို ပိုင်ဆိုင်ထားပြီး လူဆိုး အဖွဲ့အစည်းက သူ၏ ချစ်ခင်သူများကို ခြိမ်းခြောက်ကာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။ နောက်ဆုံးတွင် သုတေသီမှာ မခံနိုင်တော့ဘဲ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏ ကိုယ်ပိုင် အသက်ကိုပင် ဂရုမစိုက်တော့ဘဲ ဤကလေးအား ကုတ်အင်္ကျီကို ဝတ်ဆင်စေပြီး အကူအညီ တောင်းခံဖို့ ထွက်ပြေးစေခဲ့သည်။

လင်ကျဲ တစ်ယောက် ဇာတ်လမ်း၏ နှစ်ဖက်စလုံးကို သိရှိပြီဟု ခံစားလိုက်ရသည်။ မိန်းမငယ်လေး၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာများ ဖုံးလွှမ်းနေရသည့် အကြောင်းရင်းမှာ ထိုနေရာတွင် နှစ်ဖက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်။

မိန်းမငယ်လေး၏ ခန္ဓာကိုယ် စိုစွတ်နေရသည့် အကြောင်းရင်းမှာ ထွက်ပြေးနေစဉ် အတွင်း မီးလောင်ဒဏ်ရာများကို လျှော့ချရန် ရသလောက် ရေနှင့် ပက်ထားခြင်း ဖြစ်သည်။

လင်ကျဲ မိန်းကလေးကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်၏။ သူမက ခေါင်းလေးကို ခါရင်း တောင်းပန်နေသော မျက်လုံးများဖြင့် လင်ကျဲကို စိုက်ကြည့် နေခဲ့သည်။

လင်ကျဲ ဆက်သွယ်ရေး ကိရိယာကို ပိတ်လိုက်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူ ဆက်သွယ်ရေး ကိရိယာကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ညင်သာစွာပင် ပြောလိုက်သည်။

“အေးပါ... အေးပါ... ငါ ဖုန်းမခေါ်တော့ဘူး... ဒါပေမဲ့ ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မင်း အဆင်ပြေလား မပြေလား သိအောင်တော့ သေချာ စစ်ဆေးရဦးမယ်... ပြင်ပ ဒဏ်ရာတွေကို လွယ်လွယ်ကူကူ ကုသနိုင်ပေမယ့် အတွင်းပိုင်း ဒဏ်ရာတွေကိုတော့ မမြင်နိုင်ဘူး... မင်းရဲ့ အတွင်းအင်္ဂါတွေ ပျက်စီးသွားရင် အသက်ရှင်သန်ရေး ကိစ္စက ပြဿနာ ဖြစ်လာနိုင်တယ်... ဒါဟာ ဟာသ မဟုတ်ဘူး”

ထို့နောက် သူက အလေးအနက် အမူအရာဖြင့် ဆက်ပြောလိုက်သည်။

“ငါက ဆရာဝန် မဟုတ်ပေမယ့် ဒဏ်ရာ အများစုကိုတော့ ခွဲခြားသိမြင်နိုင်ပါသေးတယ်... မင်း ဆေးရုံ မသွားချင်ရင် မင်းရဲ့ ဒဏ်ရာတွေကို ကြည့်ခွင့်ပေးပါ... အဆင်ပြေလား... ငါ စိတ်ချချင်တယ်”

လင်ကျဲ မိန်းမငယ်လေးကို ကြည့်လိုက်ရင်း ယုံကြည်စိတ်ချရပြီး ရိုးသားသည့် အမူအရာဖြင့် သူမ၏ အေးစက်စက် လက်သေးသေးလေးများကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ သူမအား နွေးထွေးမှုနှင့် ခွန်အား အချို့ကို ပေးလိုက်သည်။

‘ငါက အရမ်း ကြင်နာပြီး သူစိမ်းကို အကူညီပေးတတ်တဲ့ လူကောင်း‌လေး ဖြစ်နေလို့ပေါ့... ဒီကလေးသာ တစ်ခြားသူတွေနဲ့ တွေ့ရင် ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး...’

‘သူ့ရဲ့ အသက်အရွယ်နဲ့ ဒီလောက် ကြောက်စရာ ကောင်းတဲ့ အတွေ့အကြုံမျိုး ကြုံတွေ့ရတာ တကယ် မလွယ်ဘူး... ရေရှည် စိတ်ဒဏ်ရာ ရသွားမှာတောင် စိုးရတယ်... ငါ သူ့ကို တတ်နိုင်သမျှ နွေးနွေးထွေးထွေး ဆက်ဆံရမယ်’

***

All Chapters