← Chapters

မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် လောကတွင် ပေါ်ထွက်လာခြင်း၊ အားနည်းခြင်းသည် အပြစ်တစ်ခုဖြစ်သည်(၂)။

Vol. 22 Ch. 162

မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် လောကတွင် ပေါ်ထွက်လာခြင်း၊ အားနည်းခြင်းသည် အပြစ်တစ်ခုဖြစ်သည်(၂)။

Vol. 22 Ch. 162

အခြေတည်အဆင့် ပြီးပြည့်စုံမှုရှိ ကျင့်ကြံသူတစ်ဦး အနေဖြင့်၊ သူသည် ရွှေအမြုတေကျင့်ကြံသူကို အလွယ်တကူ ချေမှုန်းပစ်လိုက်သည်။

ဤအောင်မြင်မှု တစ်ခုတည်းကပင် သူ၏ အမည်ကို ကျင့်ကြံခြင်းလောက၏ သမိုင်းတွင် ကမ္ပည်းထိုးရန် လုံလောက်နေပြီ ဖြစ်သည်။

ထိုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အမင်း ချဲ့ကားလွန်းရာကျပြီး၊ စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်လှသည်။

"သေစမ်း…"

ဤအခိုက်အတန့်တွင် ရှန်ကွမ်းရွှီသည် အကျပ်အတည်းကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။

သူ၏ ရွှေအမြုတေ သက်တော်စောင့်နှစ်ဦး သေလုမြောပါး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ၊ သူသည် ခက်ခဲသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရကြောင်း သိလိုက်ရသည်။

သူ၏ မျက်နှာ ကြမ်းတမ်းခက်ထန်စွာ တွန့်သွားပြီး၊ ဒုတိယမြောက် အဆင့်မြင့်ရတနာ ဖြစ်သော အရိပ်မဲ့အပ်ကို ထုတ်ယူလိုက်သည်။

၎င်းကို သတ္တုငါးမျိုး၏ အနှစ်သာရဖြင့် ပြုလုပ်ထားပြီး၊ မည်သည့်ခြေရာ မည်သည့်အရိပ်မျှ မကျန်ရစ်စေဘဲ၊ လူများကို မမြင်နိုင်သော ထိခိုက်မှုများ ဖြစ်စေနိုင်သည်။

ထို့အပြင်၊ ၎င်းသည် ကာကွယ်ရေးရတနာအမျိုးအစား အားလုံးကို အထူးတလည် ဖောက်ထွင်းနိုင်ပြီး၊ ရက်ရက်စက်စက် သတ်ဖြတ်နိုင်သည်။

ဤအဆင့်မြင့်ရတနာကို အသုံးပြု၍ သူသည် အသက်ပေါင်းများစွာကို နုတ်ယူခဲ့ပြီး ဖြစ်သည်။

ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သတိလက်လွတ် ဖြစ်ပါက၊ အရိပ်မဲ့အပ်လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွားနိုင်သည်။

ဝှစ်…။

ချက်ချင်းဆိုသလိုပင်၊ ရှန်ကွမ်းရွှီသည် အရိပ်မဲ့အပ်အား ကျိုးစွေ့ထံသို့ ဦးတည်လိုက်ပြီး တိုက်ခိုက်မှု စတင်လိုက်သည်။

ငွေရောင်အေးစက်မှုတစ်ခုက လေထဲတွင် တိတ်တဆိတ် လေဟာနယ်ထဲ့သို့ ပေါင်းစပ်သွားပြီး၊ ၎င်း၏ အရှိန်မှာ အံ့မခန်း မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ကျိုးစွေ့၏ နဘေးသို့ ရောက်ရှိသွားသည်။

၎င်းသည် ကျိုးစွေ့ ကိုတိုက်ရိုက် ထိမှန်တော့မည့်ပုံ ပေါက်နေသော်လည်း၊ ကျိုးစွေ့သည် ရှန်ကွမ်းရွှီ၏ လှုပ်ရှားမှုများကို ကြာမြင့်စွာကတည်းက အာရုံခံမိနေခဲ့သည်။

နတ်ဘုရားအာရုံထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသော၊ ပတ်ဝန်းကျင်ကို စောင့်ကြည့်ခွင့်ပေးသည့် သူ၏ ထူးကဲသော နှလုံးသားမျက်လုံးစွမ်းအားကြောင့် ရှန်ကွမ်းရွှီ ဘာဆက်လုပ်မည်ကို အပြည့်အဝ ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်။

ရှန်ကွမ်းရွှီ၏ ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုများသည် သူ့ကို မလှည့်စားနိုင်ခဲ့ပေ။

ဝှစ်…။

ကျိုးစွေ့သည် ‘တည်နေရာပြောင်းကူ’ကို အသက်သွင်းလိုက်ပြီး၊ မျက်စိတစ်မှိတ်အတွင်း သူသည် ရှန်ကွမ်းရွှီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

ဘုန်း…။

အရိပ်မဲ့အပ်သည် အဝေးရှိ အဆောက်အအုံတစ်ခုကို ချက်ချင်း ထိမှန်သွားသည်။ မြင့်မားသော အဆောက်အအုံသည် ထိုတိုက်ခိုက်မှုကြောင့် ချက်ချင်း ပေါက်ကွဲသွားပြီး၊ မရေမတွက်နိုင်သော စွမ်းအင်အပိုင်းအစများ ပေါက်ကွဲထွက်လာကာ အဆောက်အအုံကို ပျားအုံပုံစံအဖြစ် ပြောင်းလဲပစ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် အဆောက်အအုံတစ်ခုလုံး အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသည်။

အဆင့်မြင့်ရတနာ အရိပ်မဲ့အပ်၏ စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။

အကယ်၍ ၎င်းသာ တောင်တစ်လုံးကို ရိုက်ခတ်ခဲ့ပါက၊ ချက်ချင်း ပြိုကျသွားနိုင်သည်။

အဆင့်မြင့်ရတနာများထဲတွင် ၎င်း၏ သတ်ဖြတ်နိုင်စွမ်းသည် အကောင်းဆုံးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

"မဖြစ်နိုင်ဘူး…"

"မင်း ငါ့အရိပ်မဲ့အပ်ကို ဘယ်လိုလုပ် ရှောင်တိမ်းနိုင်တာလဲ…"

ရှန်ကွမ်းရွှီ ခေတ္တမျှ မှင်တက်သွားသည်။ ယခင်က ဤရတနာကို သူ အသုံးပြုတိုင်း အမြဲတမ်း ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။

မကြာခဏဆိုသလို သူ၏ ရန်သူများသည် မမြင်နိုင်သောအပ်ကြောင့် မည်သည့် ခုခံမှုမှ မပြုလုပ်နိုင်ဘဲ ချက်ချင်း သေဆုံးခဲ့ကြရသည်။

သို့သော် ယခုအခါ၊ သူ၏ လက်ရှိပြိုင်ဘက်သည် သူ၏ နောက်တဆင့်လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းနိုင်ပုံရပြီး သူ၏တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနိုင်ခဲ့သည်။

သူ့ရှေ့မှ ရန်သူသည် ယခင်က ကြုံတွေ့ခဲ့ဖူးသော ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း သူ လျင်မြန်စွာ သဘောပေါက်လိုက်သည်။

သို့သော် ကျိုးစွေ့သည် ရှန်ကွမ်းရွှီ၏ စကားများကို တုံ့ပြန်ရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ ဓားပျံကို ကိုင်ဆောင်လျက် သူသည် အစစ်အမှန် နဂါးဓားသိုင်းကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး ရှန်ကွမ်းရွှီထံသို့ တိုက်ရိုက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်တော့သည်။

စစ်မှန်သော နဂါးဓားဆန္ဒ…။

ဤအခိုက်အတန့်တွင် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းသော ဓားချီနှင့် ဓားဆန္ဒနှစ်ခုလုံးကို ပေါင်းစပ်လိုက်ပြီး၊ ထိတ်လန့်ဖွယ် ဓားရောင်ခြည်တစ်ခုကို ဖွဲ့စည်းလိုက်တော့သည်။

၎င်းသည် အရိပ်မဲ့အပ် ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းပြီး၊ အစစ်အမှန် နဂါးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ပင် ထင်ရသည်။

ထန်..။

ဓားချက် တစ်ချက်တည်းဖြင့် ရှန်ကွမ်းရွှီ မူလက တပ်ဆင်ထားသော အဆင့်မြင့် ကာကွယ်ရေးရတနာ၊ ရွှမ်လိပ်အကာအကွယ်သည် ချက်ချင်း အပိုင်းပိုင်း ကွဲကြေသွားသည်။ စွမ်းအင်ဒိုင်းတစ်ခုလုံး ကြေမွသွားပြီး၊ အစွမ်းထက်သော တိုက်ခိုက်မှုကို ခံရပြီးနောက် သူသည် မြေကြီးပေါ်သို့ ရက်စက်စွာ ရိုက်ချခြင်း ခံလိုက်ရသည်။ ချက်ချင်းပင် တွင်းနက်ကြီး တစ်ခုကို ဖြစ်ပေါ်သွားသည်။

ဖူးကနဲအသံနှင့်အတူ သူ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ မကြုံစဖူးသော စွမ်းအားကို ခံစားလိုက်ရသဖြင့် သူ၏ အတွင်းကလီစာများအားလုံး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။

ဤအခိုက်အတန့်တွင် ရှန်ကွမ်းရွှီသည် ကြောက်ရွံ့ခြင်း ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

အေးစက်မှုတစ်ခုက သူ၏ ခြေဖျားမှ ငယ်ထိပ်ထိတိုင် တက်လာတော့သည်။ သူ့ရှေ့တွင် ရပ်နေသောလူသည် သူ့ကို အသေသတ်ရန် ရည်ရွယ်ထားချေသည်။

ပြဿနာမှာ သူသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး၏သား၊ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ့တွင် ရှေ့ဆက်ရမည့် အလားအလာရှိသော ဘဝတစ်ခုလုံး ရှိနေသေးသည်။ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး သို့မဟုတ် ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲတစ်ဦး ဖြစ်လာနိုင်မည့် အလားအလာနှင့် ခံစားစရာ စည်းစိမ်ဥစ္စာ၊ ဘုန်းကျန်သရေများ အများကြီး ကျန်နေသေး၏။

သူ မည်ကဲ့သို့ ဤနေရာတွင် အသေခံနိုင်ပါမည်နည်း…။

"မလုပ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့…"

"ငါက ရှန်ကွမ်းရွှီ… ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး ရှန်ကွမ်းချင်ရဲ့သား…”

“မင်းသာ ငါ့ကို သတ်လိုက်ရင်… ငါ့အဖေ… ဝူကျိမဟာမိတ်အဖွဲ့တောင်မှ မင်းကို သေချာပေါက် လိုက်ဖမ်းလိမ့်မယ်.."

"မင်း ကမ္ဘာမြေအဆုံးထိ ထွက်ပြေးရင်တောင်… လွတ်မြောက်နိင်မှာမဟုတ်ဘူး… မင်း နားလည်လား…"

ရှန်ကွမ်းရွှီသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေရင်း၊ သူ၏ ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ဖခင်၏အဆင့်အတန်းကို သူ၏ နောက်ဆုံး အားကိုးရာအဖြစ် အသုံးပြုကာ ခြိမ်းခြောက်လိုက်သည်။

"ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ဖြစ်တော့ ဘာဖြစ်လဲ…"

"ချန်လန်ပင်လယ်ဒေဆိုတာ အကျယ်ကြီး.. ပုန်းအောင်းစရာ နေရာတွေ အများကြီးပဲ.. ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးက ငါတို့ကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး…"

"ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးကို ပြစ်မှားမိတဲ့ လူတွေမှ အများကြီး… သူတို့အားလုံး သေကုန်တာမှ မဟုတ်တာ…"

"ယောက်ျား... ကျွန်မတို့အတွက် စိတ်ပူစရာမလိုဘူး.."

"အဆိုးဆုံး.. ငါတို့ နောက်တစ်ခေါက် ရွှေ့ပြောင်းလိုက်ကြတာပေါ့.. ကမ္ဘာကြီးက အကျယ်ကြီး.. ငါတို့ မသွားနိုင်တဲ့ နေရာမရှိဘူး.."

လန်ယွဲ့ရှီ အေးစက်စွာ နှာခေါင်းရှုံလိုက်သည်။ သူမ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။

မည်သို့ပင်ဖြစ်စေ၊ သူမသည် ဤသမုဒ္ဒရာဒေသအပေါ် နက်ရှိုင်းသော သံယောဇဉ် မရှိပေ။

ချစ်ရသူနှင့် အတူရှိနေသရွေ့ မည်သည့်နေရာမဆို အိမ်ဖြစ်ပြီး၊ ထပ်မံ ရွှေ့ပြောင်းရခြင်းသည် အထူးတလည် ကိစ္စ မဟုတ်ပေ။

‘ဒီကောင်လေးက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးနဲ့ ငါတို့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေတာလား.. တော်တော် ရယ်စရာကောင်းချက်…’

ဘာရယ်…။

ဤသည်ကို ကြားလိုက်ရသောအခါ ရှန်ကွမ်းရွှီ၏ မျက်နှာ စိမ်းဖန့်သွားသည်။ ဤယောက်ျားက ရက်စက်သည်ဟု သူ ထင်ခဲ့သော်လည်း၊ အမျိုးသမီးက ပို၍ပင် ရက်စက်နေသေးသည်။

သူမသည် သူ၏ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၏သား ဖြစ်ခြင်းကို လုံးဝ ဂရုမစိုက်ဘဲ သူ့ကို ထိုနေရာ၌ပင် သတ်ဖြတ်ရန် ရည်ရွယ်ထားသည်။

ယခုအခါ သူ အလွန်အမင်း နောင်တရနေမိတော့သည်။

ဤအမျိုးသမီး၏ နောက်ကွယ်တွင် အစွမ်းထက်သော ယောက်ျားတစ်ဦး ရှိနေကြောင်း စောစောကတည်းက သိခဲ့လျှင်၊ သေရမည် ဆိုလျှင်ပင် သူမကို လက်ဖျားနှင့်မျှ တို့ထိဝံ့မည် မဟုတ်ပေ။

လိင်မှုရေးရာကိစ္စဆိုသည်မှာ အလွန်အန္တရာယ်များသော ကိစ္စပင် ဖြစ်ချေသည်။

မိန်းမကိစ္စကြောင့် သေဆုံးခဲ့ရသော အမျိုးသားကျင့်ကြံသူ မည်မျှရှိမည်အား ရေတွက်၍ပင် ရနိုင်မည် မဟုတ်ချေ။

"ငါ မင်းကို အလွတ်ပေးလို့ ရတယ်.."

"ဒါပေမဲ့ မင်း စိတ်မိစ္ဆာကို တိုင်တည်ပြီး ကတိသစ္စာ ပြုရမယ်…"

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မင်း ထုတ်မပြောရဘူး…"

"ပြီးတော့ မင်း ငါတို့ကို ဘယ်နည်းနဲ့မှ လက်တုံ့ပြန်လို့ မရဘူး…"

"ဒီအချက်တွေကို မင်း သဘောတူရင်… ငါ မင်းအသက်ကို ချမ်းသာပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်.."

ကျိုးစွေ့သည် ရှန်ကွမ်းရွှီကို ဂရုမစိုက်စွာ ကြည့်လိုက်သည်။

မူလက ၎င်းအား ချက်ချင်း သတ်ပစ်ချင်ခဲ့သော်လည်း၊ ထောက်ပံ့ပေးနေသော ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးကို ထည့်သွင်း စဉ်းစားပြီးနောက်၊ သူ ထိန်းချုပ်လိုက်သည်။

ထို့အပြင်၊ သူ ယခုလေးတင် ရှာတွေ့ထားသော အခြေစိုက်စခန်းကို စွန့်ပစ်လိုခြင်း မရှိပေ။

အရေးကြီးသည်မှာ၊ အခြေအနေများသည် ပြန်လမ်းမရှိသော အခြေအနေသို့ ရောက်ရှိချင်မှ ရောက်ရှိပေဦးမည်။

အကြောင်းမှာ သူသည် အမြင့်မြတ်ဆုံး မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သော မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကို ကျင့်ကြံထားသောကြောင့် ဖြစ်သည်။

ဤနည်းစနစ်၏ ပထမအဆင့်သည် မိစ္ဆာမျိုးစေ့တစ်ခုကို ဖန်တီးနိုင်ပြီး ရန်သူ၏ ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးထားနိုင်သည်။

အကယ်၍ ၎င်းတို့ မိစ္ဆာမျိုးစေ့နှင့် ချိတ်ဆက်ထားသော ကတိများကို ဖောက်ဖျက်ပါက၊ မျိုးစေ့သည် အသက်ဝင်လာပြီး သူတို့၏ ဝိညာဉ်ကို ဝါးမျိုကာ ရုပ်သေးရုပ် ဖြစ်သွားစေလိမ့်မည်။

ယခင်က သူ ဤမိစ္ဆာနည်းစနစ်ကို အသုံးပြုရန် အခွင့်အရေး မရရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်ရှားဂိုဏ်းမှ သူ၏ ဂိုဏ်းတူများအားလုံးသည် သူ့ဘက်တော်သားများ ဖြစ်ကြသည်။

လူရင်းများအပေါ် ဤကျင့်စဉ်ကို အသုံးပြုပြီး သူတို့ထဲတွင် မိစ္ဆာမျိုးစေ့ စိုက်ပျိုးခြင်းသည် မှန်ကန်မည် မဟုတ်ပေ။

သို့သော် ဤအခြေအနေကမူ မတူညီပေ၊ ဤရွှေအမြုတေ ဆရာသခင်သုံးဦးသည် မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်အတွက် စံပြ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။

အကယ်၍ သူတို့ထဲတွင် မိစ္ဆာမျိုးစေ့ စိုက်ပျိုးခံရပါက၊ သူတို့သည် သူတို့၏ ကိုယ်ပိုင်အသက်များကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

"ဒါ..."

ဤသည်ကို ကြားလိုက်ရသောအခါ ရှန်ကွမ်းရွှီ ရယ်မောလုနီးပါး ဖြစ်သွားပြီး၊ သူ့စိတ်နှလုံး သိသိသာသာ တည်ငြိမ်သွားသည်။

ကြည့်ရသည်မှာ၊ ဤလူငယ်သည် အပြင်ပန်းတွင် ဟိန်းဟောက်နေပြီး သူ့အဖေ ရှန်ကွမ်းချင်ကို မကြောက်ကြောင်း ပြောဆိုနေသော်လည်း၊ အမှန်တကယ်တွင် ထိတ်လန့်နေပုံ ရသည်။

မည်သို့ပင်ဖြစ်စေ၊ မည်သူက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးကို မလိုအပ်ဘဲ ရန်စချင်မည်နည်း။ ယင်းက သေချာပေါက် သေလမ်းပင် ဖြစ်၏။

စိတ်မိစ္ဆာကို တိုင်တည်ပြီး ကတိသစ္စာ ပြုရမည့်ကိစ္စအတွက်မူ၊ သူ မကြောက်ပေ။

ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး၏ သားအနေဖြင့်၊ သူ၌ စိတ်မိစ္ဆာ ကတိသစ္စာကို ဖျက်ဆီးနိုင်သော ပစ္စည်းများ လက်ဝယ်ရှိနေသည်မှာ သဘာဝကျသည်။

All Chapters