မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ် လောကတွင် ပေါ်ထွက်လာခြင်း၊ အားနည်းခြင်းသည် အပြစ်တစ်ခုဖြစ်သည်(၃)။
Vol. 22 Ch. 263
မှန်ပေသည်၊ သူသည် ဤသတင်းအချက်အလက်ကို ထုတ်ဖော်ပြသလောက်အောင်ထိ မမိုက်မဲချေ။
သူ့ကို နေရာမှာတင် သတ်ပစ်နိုင်သောသူအား အမှန်တကယ် ဒေါသထွက်အောင် လုပ်မိပါက၊ သူ အကူအညီမဲ့စွာ နောင်တရနေရမည် မဟုတ်ပါလော။
အနာဂတ်၌ သူ့အဖေက သူ့အတွက် လက်စားချေပေးလျှင်ပင် ဘာများ ထူးခြားပါမည်နည်း။
ထိုအချိန်တွင် သူသည် သေဆုံးနှင့်ပြီးသား ဖြစ်ရာ ဘာများ အသုံးဝင်ပါမည်နည်း။
တန်ဖိုးရှိသော သူ့အသက်အား ရင်း၍ ထိုလူငယ်နှင့် လောင်းကြေးမထပ်နိုင်ပေ။
"ကောင်းပြီ…"
"ငါ သဘောတူတယ်.."
"ဒီနေ့ ဖြစ်ပျက်ခဲ့တာ ဘာတစ်ခုမှ ငါ ထုတ်မပြောဘူး.."
"ပြီးတော့ ငါ မင်းကို ဘယ်နည်းနဲ့မှ လက်စားမချေဘူး…"
"ငါ ဒီကတိကို ဖောက်ဖျက်ခဲ့ရင်.. ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံရပါစေ…"
ရှန်ကွမ်းရွှီသည် ကောင်းကင်ကို တိုင်တည်၍ လေးနက်သော ကတိသစ္စာ ပြုလိုက်သည်။
ဂျစ်…ဂျစ်…။
သူ စကားပြောပြီးသည်နှင့် တပြိုင်နက်၊ မမြင်နိုင်သော မိစ္ဆာမျိုးစေ့တစ်ခုသည် ရှန်ကွမ်းရွှီ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်သွားပြီး၊ သူ့ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားကာ၊ ပဋိညာဉ်တစ်မျိုးအား ဖွဲ့စည်းလိုက်သည်။
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် သူနှင့် ရှန်ကွမ်းရွှီကြားတွင် မမြင်နိုင်သော ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ရှန်ကွမ်းရွှီသည် သူ၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာသကဲ့သို့ပင် ဖြစ်သည်။ သို့သော် မိစ္ဆာမျိုးစေ့သည် အသက်မဝင်သေးပေ။
အသက်ဝင်လာသည်နှင့် တပြိုင်နက်၊ ၎င်းသည် ရှန်ကွမ်းရွှီ၏ ဝိညာဉ်ကို ချက်ချင်း ဝါးမျိုးပစ်ပေမည်။
"ဒီလိုကိုး... ဒါက မိစ္ဆာနှလုံးသား ဆင့်ခေါ်ခြင်းကနေ ဖွဲ့စည်းလိုက်တဲ့ မိစ္ဆာမျိုးစေ့ပဲ…"
"တစ်နည်းပြောရရင်.. ဒါက စိတ်မိစ္ဆာ... ထိန်းချုပ်လို့ရတဲ့ စိတ်မိစ္ဆာပဲ.."
"သူတို့ရဲ့ ကတိတွေနဲ့ ပဋိညာဉ်ကို သစ္စာဖောက်ရင်.. ဒါက ချက်ချင်း အသက်ဝင်လာလိမ့်မယ်…"
"ယန်မိုဂိုဏ်းကို အရှေ့ဘက်ဒေသမှာ လူတိုင်း ရှုတ်ချကြတာ မဆန်းတော့ဘူး.."
"ဒီလို မိစ္ဆာနည်းလမ်းက မယုံနိုင်လောက်အောင် ထူးဆန်းပြီး ကြောက်စရာ ကောင်းတယ်.. ခဏတာ ပေါ့ဆမှုလေးတစ်ခုက စိတ်မိစ္ဆာကို ဆင့်ခေါ်နိုင်တယ်…"
"ဘာပဲဖြစ်ဖြစ်.. ဘယ်သူကမှ သူတို့ရဲ့ ကတိကို အချိန်တိုင်း တည်ပါ့မယ်လို့ အာမခံနိုင်တာမှ မဟုတ်တာ…"
ကျိုးစွေ့ အလွန်ကျေနပ်နေသည်။
မိစ္ဆာနှလုံးသား ဆင့်ခေါ်ခြင်း၏ နည်းလမ်းသည် သူ ပိုင်ဆိုင်ထားသော ကူပိုးကောင်များနှင့် စိတ်ကူးမယဉ်နိုင်လောက်အောင် ဆင်တူသည်။
ထို့အပြင် ၎င်းသည် အကန့်အသတ်မဲ့ နက်နဲဆန်းကြယ်ပြီး၊ ရန်သူအနေနဲ့ ခုခံရန် ခက်ခဲသည်။
ထင်ရှားသည်မှာ၊ ရှန်ကွမ်းရွှီကို အသက်ချမ်းသာပေးရန် သူ၏ ဆုံးဖြတ်ချက်သည် မှန်ကန်ပေသည်။
မည်သို့ပင်ဖြစ်စေ၊ ရှန်ကွမ်းရွှီသာ ဤနေရာတွင် အသတ်ခံလိုက်ရပါက၊ သူ၏အသက်ကမ္ပည်းပြား ချက်ချင်း ကွဲအက်သွားမည်ဖြစ်ပြီး၊ ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ရှန်ကွမ်းချင်ကို သူ့သား၏ သေဆုံးမှုအကြောင်း အသိပေးပေလိမ့်မည်။
ထိုအခါ သူ ဆန္ဒမရှိလျှင်ပင် ထွက်ပြေးရပေမည်။ သို့သော် ယခုအခါ အခြေအနေက ကွာခြားသွားချေပြီ။
ရှန်ကွမ်းရွှီထဲတွင် မိစ္ဆာမျိုးစေ့ရှိနေပြီး စိတ်မိစ္ဆာကို တိုင်တည်၍ ကတိသစ္စာ ပြုထားသည်။
သူ ကတိဖျက်လျှင်၊ မိစ္ဆာမျိုးစေ့၏ ချက်ချင်း ဝင်ရောက်ပူးကပ်ခြင်းကို ခံရမည်ဖြစ်ပြီး ရုပ်သေးရုပ် ဖြစ်သွားပေလိမ့်မည်။
၎င်း၏ သေခြင်း၊ရှင်ခြင်းသည် ကျိုးစွေ့၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေသည်။
ယခုအချိန်မှစ၍ ရှန်ကွမ်းရွှီတစ်ယောက် သေဆုံးရန် ကံပါလာသည့် အချိန်တိုင်း၊ သူ့သေဆုံးမှုသည် ကျိုးစွေ့နှင့် သက်ဆိုင်နေမည် မဟုတ်ပေ။
အသက်ကမ္ပည်းပြား မကွဲသရွေ့၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးက သူ့ကို ဒုက္ခပေးမည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ၊ ရှန်ကွမ်းရွှီတွင် ရန်သူများစွာ ရှိသည်။ သူ့အဖေ ဝိညာဉ်သန္ဓေသားအဆင့်ဘိုးဘေး ရှန်ကွမ်းချင်အနေနဲ့ သူတို့အားလုံးကို လက်စားချေပေးရန် မဖြစ်နိုင်ချေ။
ဒီနည်းအားဖြင့်၊ ယင်းသည် ခဲတစ်လုံးတည်းနှင့် ငှက်များစွာကို ပစ်သော အစီအစဉ်ပင် ဖြစ်ချေသည်။
"ရောင်းရင်း... ကျုပ် စိတ်မိစ္ဆာကို တိုင်တည်ပြီး ကတိသစ္စာ ပြုပြီးပါပြီ…"
"ကျုပ် အခု သွားလို့ ရပြီလား.."
"ပြီးတော့... ကျုပ်ရဲ့ ရွှေအမြုတေအစောင့်တွေလည်း သွားလို့ ရမလား…"
ရှန်ကွမ်းရွှီသည် ဤအန္တရာယ်များသော နေရာနှင့် လူထံမှ အမြန်ဆုံး ထွက်ခွာသွားချင်နေသည်။
မည်သို့ပင်ဆိုစေကာမူ၊ သူသည် မြှောက်ပင့်သော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး၊ တစ်ဖက်လူကို ချော့မော့ရန် ကြိုးစားနေသည်။
မည်သို့ပင်ဖြစ်စေ၊ မည်သည့်နည်းနှင့်မှ သူ့အား ဒေါသဖြစ်စေ၍ မရချေ။ သူ့အသက်သည် ထိုလူ၏ ခံစားချက်ပေါ်တွင် မူတည်နေသည်။
"အိုး... မင်းက အစောင့်တွေကိုတောင် သတိရသေးတာပဲ… သံယောဇဉ်နဲ့ ဖြောင့်မတ်မှု ရှိတဲ့ လူတစ်ယောက်ပဲ…"
"မင်းရဲ့ ရွှေအမြုတေ အစောင့်နှစ်ယောက်ကို ထွက်ခွာခွင့်ပေးဖို့လည်း အဆင်ပြေပါတယ်.. ဒါပေမဲ့ သူတို့လည်း စိတ်မိစ္ဆာ ကတိသစ္စာပြုရမယ်…"
"မဟုတ်ရင်တော့ ဒီမှာပဲ သေလိုက်ကြပေါ့…”
ကျိုးစွေ့က ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"ပြဿနာ မရှိဘူး.. ကျွန်တော်တို့လည်း စိတ်မိစ္ဆာ ကတိသစ္စာ ပြုပါ့မယ်…"
ဤသည်ကို သိလိုက်ရသောအခါ ကျန်းဝမ်နှင့်လီဟူ၊ ရွှေအမြုတေ ကျင့်ကြံသူ နှစ်ဦးတို့သည် အလွန် ဝမ်းသာသွားသည်။
မူလက သေရပြီဟု ထင်မှတ်ထားခဲ့ကြပြီး ဒေါသဖြေရာ ပစ်မှတ်များ မုခဖြစ်လာရတော့မည်ဟု တွေးခဲ့ကြသည်။ ဤကဲ့သို့သော မျှော်လင့်ချက်ရောင်ခြည်မျိုး သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
အမှန်အတိုင်းဆိုရလျှင်၊ သူတို့သည် ကျိုးစွေ့၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် သေလုမြောပါးနှင့် သွေးများဖုံးလွှမ်းနေသော်လည်း၊ လုံးဝ သေဆုံးသေးခြင်း မရှိပေ။
အကယ်၍ သူတို့သည် ကုသရေးဆေးလုံးများကို အချိန်မီ သောက်သုံးပါက၊ သူတို့တွင် အသက်ရှင်ရန် အခွင့်အလမ်း ရှိနေသေးသည်။
သဘာဝအတိုင်း၊ သူတို့သည်လည်း ဤနေရာတွင် မသေဆုံးချင်ကြပေ။
"ဒါဆို စလိုက်ကြတာပေါ့…"
ကျိုးစွေ့သည် မိစ္ဆာမျိုးစေ့နှစ်ခုကို တိတ်တဆိတ် ထပ်မံဖန်တီးလိုက်ပြီး၊ ရွှေအမြုတေ အစောင့်နှစ်ဦးထဲသို့ ထည့်သွင်းလိုက်သည်။
"ကျွန်တော်.. ကျန်းဝမ် ကောင်းကင်ကို တိုင်တည်ပြီး ကတိသစ္စာ ပြုပါတယ်…"
"ကျွန်တော်… လီဟူ ကောင်းကင်ကို တိုင်တည်ပြီး ကတိသစ္စာ ပြုပါတယ်…"
ဤအချက်ကို စိတ်ထဲထားလျက် ရွှေအမြုတေ အစောင့်နှစ်ဦးသည် ကျိုးစွေ့ထံသို့ စိတ်မိစ္ဆာ ကတိသစ္စာအား ချက်ချင်း ပြုလိုက်ကြသည်။
ဝူးရှ်…။
မိစ္ဆာမျိုးစေ့ နှစ်ခုသည်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များထဲသို့ တိတ်တဆိတ် ပေါင်းစပ်သွားကြပြီး၊ ဝိညာဉ်၏ အတွင်းကျဆုံးတွင် အမြစ်တွယ်ကာ အညှောက်ပေါက်လာသည်။
မှန်ပေသည်၊ ရွှေအမြုတေကျင့်ကြံသူ နှစ်ဦးစလုံး မည်သည့်အရာကိုမျှ သတိမထားမိလိုက်ကြပေ။
တစ်နာရီခန့် ကြာပြီးနောက်၊ ရှန်ကွမ်းရွှ်သည် ရွှေအမြုတေ အစောင့်နှစ်ဦးနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားသည်။ ကျိုးစွေ့ စိတ်ပြောင်းသွားပြီး သူတို့ကို နေရာတွင် သတ်ပစ်မည်ကို စိုးရိမ်သဖြင့် အင်မော်တယ်ရှားမြို့တော်တွင် ဆက်လက် နေထိုင်ရန် မဝံ့ရဲကြပေ။
ဤအချိန်တွင် အင်မော်တယ်ရှားဂိုဏ်းမှ တပည့်များသည် ဤနေရာအား အလျင်အမြန် ပိတ်ဆို့လိုက်ပြီး၊ ဧရိယာအတွင်းရှိ အဆောက်အအုံများနှင့် လမ်းများကို အလျင်အမြန် ပြုပြင်ကာ၊ ဤနေရာမှ သတင်းများကို လုံးဝ ပိတ်ဆို့လိုက်ကြသည်။
အင်မော်တယ်ရှားမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများသည် မြို့ထဲတွင် ရွှေအမြုတေ ဆရာသခင်များကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်းကိုသာ သိရှိကြသည်။
သို့သော် တိုက်ပွဲသည် ခဏတာမျှသာ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု များစွာ မဖြစ်ပေါ်စေခဲ့ပေ၊ အဆောက်အအုံ အနည်းငယ်သာ ပျက်စီးခဲ့သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ တုန်လှုပ်သွားကြသော်လည်း၊ သူတို့သည် ၎င်းနှင့်ပတ်သက်၍ သတင်းအချက်အလက် များများစားစား တူးဖော်၍ မရနိုင်ခဲ့ပေ။
ထို့အပြင် သူတို့သည် အသေးစိတ် အချက်အလက်များကို အလွန်အကျွံ မစူးစမ်းခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ၊ စူးစမ်းလိုစိတ်က ကြောင်ကို သေစေနိုင်သည် မဟုတ်ပါလော။
ထိုအရာသည် ရွှေအမြုတေ ဆရာသခင်များ၏လျှို့ဝှက်ချက် ဖြစ်၏။ အများကြီး သိထားခြင်းက သူတို့ကဲ့သို့ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် မည်သို့မျှ အကျိုးရှိမည် မဟုတ်ချေ။
"ယောက်ျား... အဲ့ဒီ သုံးယောက်ရဲ့ စိတ်မိစ္ဆာ ကတိသစ္စာတွေကို ငါတို့ တကယ် ယုံကြည်လို့ ရပါ့မလား…"
လန်ယွဲ့ရှီသည် သူတို့၏ ဖြောင့်မတ်တည်ကြည်မှုအပေါ် အနည်းငယ် သံသယ ရှိနေသည်။ ဖြစ်နိုင်သည်မှာ သူတို့ ဘေးကင်းသွားသည်နှင့် လက်စားချေရန် ကြိုးစားကြပေလိမ့်မည်။
မှန်ပေသည်၊ ယင်းသည် သူမခင်ပွန်း၏ ဆုံးဖြတ်ချက် ဖြစ်၍ သူမ ဆန့်ကျင်နေမည် မဟုတ်ချေ။
"စိတ်ချပါ.. ကိုယ် သူတို့ရဲ့ စရိုက်ကို ယုံကြည်တာ မဟုတ်ဘူး…"
"သူတို့ထဲမှာ ကိုယ် စိုက်ပျိုးလိုက်တဲ့ မိစ္ဆာမျိုးစေ့တွေကိုပဲ ယုံကြည်တာ…"
"မင်း မမေ့သေးဘူး မဟုတ်လား… ကိုယ် ယန်မိုဂိုဏ်းဆီကနေ ရှေးဟောင်း အမွေအနှစ်တစ်ခု ရဖူးတယ်လေ…"
ကျိုးစွေ့က သူ၏ မိစ္ဆာဆင့်ခေါ်ခြင်းနည်းစနစ်၏ စွမ်းအားကို ထုတ်ဖော်ရင်း ပြန်ဖြေလိုက်သည်။
"သြော်... ဒီလိုကိုး… ယောက်ျား ဒီလောက် ယုံကြည်ချက် ရှိနေတာ အံ့ဩစရာ မဟုတ်တော့ဘူး.. ယောက်ျားက သူတို့ထဲမှာ မိစ္ဆာမျိုးစေ့တွေ စိုက်ပျိုးထားပြီးသားကိုး…"
"သူတို့ ကတိဖျက်လိုက်တာနဲ့… သူတို့ စိတ်မိစ္ဆာရဲ့ ဝါးမျိုတာကို ခံရလိမ့်မယ်…"
"အဲ့ဒီအချိန်ကျ သူတို့ တစ်ခုခု ဖြစ်သွားရင်တောင်.. ဒါက ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး… ပြီးတော့ ငါတို့အပေါ် ဘာအပြစ်မှ ကျလာမှာ မဟုတ်ဘူး.."
ဤအချက်ကို သဘောပေါက်သွားသောအခါ လန်ယွဲ့ရှီသည် ခင်ပွန်း၏ အစီအစဉ်ကို နားလည်သွားသည်။
သူမ၏ ခင်ပွန်းသည် ၎င်းတို့၏ တောင်းဆိုမှုကို အလွယ်တကူ သဘောတူလိုက်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
တစ်နည်းပြောရလျှင်၊ အစကတည်းက ထိုသုံးဦးသည် ငှားရမ်းထားသော အချိန်ဖြင့် နေထိုင်နေရခြင်း ဖြစ်သည်။
မလိုအပ်သော ဒုက္ခများကို ရှောင်ရှားရန်အတွက်သာ သူတို့ကို ယာယီ အလွတ်ပေးထားခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ်… ယောက်ျား.."
"ကျွန်မကြောင့် ဒီရှုပ်ထွေးမှုထဲ ရောက်သွားရတယ်.."
မုဇီယန်သည် ကျိုးစွေ့၏ ရှေ့တွင် ရပ်လျက်၊ အပြစ်ရှိသလို ခံစားနေရသည်။
သူမသာ မဟုတ်ခဲ့လျှင် ရှန်ကွမ်းရွှီ၏ ရန်စခြင်းကို ခံရမည် မဟုတ်ဘဲ၊ သူတို့သည် ထိုကဲ့သို့သော အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
"ငတုံးမလေး.. ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ.."
"မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး.."
"အမှားဆိုရင်တော့.. အဲ့ဒါက မင်း အရမ်း အားနည်းနေတာပဲ…"
"ကျင့်ကြံခြင်းလောကမှာ… အားနည်းခြင်းကိုက အပြစ်တစ်ခုပဲ…"
"မင်းသာ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ဖြစ်နေရင်… ဘယ်သူက မင်းကို ထိခိုက်အောင် လုပ်ရဲမှာလဲ…"
"မင်း ရှန်ကွမ်းရွှီနဲ့ တွေ့တဲ့အခါ… သူ့ကို ပါးရိုက်ပြီး သတ်ပစ်လိုက်ရုံပဲ…"
ကျိုးစွေ့က မုဇီယန်ကို ကြည့်လိုက်သည်။
"ကျွန်မ နားလည်ပါပြီ.. ယောက်ျား.."
ဤသည်ကို ကြားလိုက်ရသောအခါ၊ မုဇီယန် လက်သီးများကို ဆုပ်လိုက်ပြီး၊ သူမ၏ နှလုံးသားထဲတွင် ရည်မှန်းချက်များ တောက်လောင်လာသည်။
မူလက သူမသည် ရည်မှန်းချက် လုံးဝမရှိသော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ သူမ၏ ဘေးတွင် ခင်ပွန်းသည် ရှိနေသရွေ့၊ ထူးထူးခြားခြား မလုပ်ဆောင်ဘဲ အေးချမ်းသော မိသားစုဘဝကို ဖြတ်သန်းနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုအခါ အခြေအနေများ ကွာခြားသွားချေပြီ။
ခင်ပွန်း၏ အကာအကွယ်အောက်တွင် ရှိနေသော်လည်း၊ သူမသည် မိမိကိုယ်ကို ပိုမို ကောင်းမွန်လာအောင် ကြိုးစားရန် လိုအပ်နေဆဲ ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် အစွမ်းအာဏာ မရှိပါက၊ အနိုင်ကျင့်ခံရရုံသာ ရှိတော့သည်။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကြမ်းတမ်းသည့် လက်တွေ့ဘဝပင် ဖြစ်သည်။