မိစ္ဆာမျိုးစေ့၏ ကြောက်မက်ဖွယ်စွမ်းအား၊ တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင်ကို ချိုးဖျက်ခြင်း(၂)။
Vol. 22 Ch. 265
"ဒါပေမဲ့ သွေးစွန်းမိစ္ဆာအိုက အင်မော်တယ်ရှားမြို့တော်ကို တကယ်ပဲ တိုက်ခိုက်ချင်နေတာလား..”
"သတ္တိသိပ်ကောင်းနေပုံပဲ.."
"'ကြွယ်ဝချမ်းသာမှုက အမြင့်မြတ်ဆုံး နှလုံးသားတွေကိုတောင် သွေးဆောင်ဖြားယောင်းနိုင်တယ်' ဆိုတာ အမှန်ပဲလား…"
ကျိုးစွေ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူသည် မိစ္ဆာမျိုးစေ့ကို အပြည့်အဝ မချေဖျက်ရသေးသဖြင့် ရှန်ကွမ်းရွှီ၏ မှတ်ဉာဏ်အားလုံးကို မသိနိုင်သေးသော်လည်း၊ အစိတ်အပိုင်း အနည်းငယ်ကိုမူ သိရှိနိုင်သည်။ ထိုအထဲတွင် သွေးစွန်းမိစ္ဆာအိုအကြောင်း သတင်းအချက်အလက်များ ပါဝင်သည်။
ဤသွေးစွန်းမိစ္ဆာအိုသည် အတော်လေး နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ဝူကျိမဟာမိတ်အဖွဲ့၏ ရေပိုင်နက်များသည် ၎င်းနာမည်ဆိုးဖြင့် ပြည့်နှက်နေပြီး၊ တစ်ချိန်က ကျော်ကြားခဲ့သော ဝူမျိုးနွယ် သိမ်းငှက်သုံးကောင်ကိုပင် လွှမ်းမိုးထားသည်။
သူသည် အားနည်းသူကို အနိုင်ကျင့်ပြီး၊ အားကြီးသူကို ကြောက်ရွံ့တတ်သူအဖြစ် လူသိများသည်။
သွေးစွန်းမိစ္ဆာအို၏ ပစ်မှတ်ထားခြင်း ခံရသော ကျွန်းများသည် ယေဘုယျအားဖြင့် ပျက်စီးသွားလေ့ ရှိသည်။
မှန်ပေသည်၊ သူသည် တန်ခိုးအာဏာ အလွန်ကြီးမားသူများအား ရန်စမည် မဟုတ်ပေ။
အင်မော်တယ်ရှားမြို့တော်ကို ပစ်မှတ်ထားရသည့် အကြောင်းရင်းမှာ လွန်ခဲ့သော ဆယ်နှစ်အတွင်း လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကြောင့်၊ ကြီးမားသော ကြွယ်ဝချမ်းသာမှုကို စုဆောင်းမိထားသောသူဌေးအသစ်တစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် သွေးစွန်းမိစ္ဆာအိုသည် ယုမိသားစုနှင့် အခြား ရွှေအမြုတေမိသားစုများ အင်မော်တယ်ရှားမြို့တော်နှင့် ယခင်က ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကို မသိရှိပေ။
မည်သို့ပင်ဖြစ်စေ၊ ဒီကိစ္စကို အင်မော်တယ်ရှားဂိုဏ်းက ထုတ်ဖော်မပြောခဲ့သလို၊ ပါဝင်ပတ်သက်နေသည့် မိသားစုများကလည်း ပြိုင်ဘက်မိသားစုများ၏ အာရုံစိုက်မှုကို မခံရနိုင်စေရန်နှင့် ကပ်ဘေးကို မဖိတ်ခေါ်မိစေရန် ၎င်းတို့၏ ကျရှုံးမှုများအား လိုလိုလားလား ဖွင့်ချခဲ့ခြင်း မရှိကြချေ။
ရလဒ်အနေဖြင့်၊ သွေးစွန်းမိစ္ဆာအိုနှင့် သူ၏ဓားပြအဖွဲ့သည် အင်မော်တယ်ရှားမြို့တော်ကို လွယ်ကူသော သားကောင်အဖြစ် သတ်မှတ်နေကြဆဲ ဖြစ်သည်။
"ဒါပေမဲ့ ဒါကလည်း အခွင့်အရေးကောင်း တစ်ခုပဲ…"
"ဒီဓားပြတွေကို ရှင်းလင်းပြီးတာနဲ့.. အင်မော်တယ်ရှားမြို့တော်ကို ဘယ်သူမှ ခဏလောက် ထိခိုက်အောင် လုပ်ရဲတော့မှာ မဟုတ်ဘူး…"
"တစ်ခါတလေကျရင် အရမ်း နှိမ့်ချနေတာက မကောင်းဘူး.. အဲ့ဒါက လူတစ်ယောက်ကို လွယ်ကူတဲ့ ပစ်မှတ် ဖြစ်ပုံပေါက်စေတယ်.."
"လိုအပ်တဲ့အခါ စွမ်းအားပြမှသာ ဒုက္ခမျိုးစုံကို ရှောင်ရှားနိုင်မှာ.."
ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ချက် လက်သွားသည်။
သူသည် သွေးစွန်းမိစ္ဆာအိုကို သုတ်သင်ရှင်းလင်းပြီး စံနမူနာအဖြစ် ပြသရန် စီစဉ်ထားပြီး ဖြစ်သည်။
"ဒါပေမဲ့ သွေးစွန်းမိစ္ဆာအိုနဲ့ သူ့လူတွေက အင်မော်တယ်ရှားမြို့တော်ကို ပစ်မှတ်ထားရဲတယ် ဆိုတော့… ယုံကြည်မှုရှိလို့ဆိုတာ သေချာတယ်.."
"သူတို့က အင်မော်တယ်ရှားမြို့တော်မှာရှိတဲ့ တတိယအဆင့်အစီအရင်အကြောင်း သိရက်နဲ့ ကျူးကျော်ရဲသေးတယ်.."
"သူတို့မှာ အစီအရင်ကို ဖျက်ဆီးဖို့ နည်းလမ်း ရှိရမယ်.."
"ပြောရရင်.. သွေးစွန်းမိစ္ဆာအိုဆီမှာ တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင် ရှိနေမှာ သေချာတယ်…"
"ဝမ်းနည်းစရာကတော့ သူတို့ မသိတာက... ငါ့အတွက် တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင် ဆိုတာကြီးက လုံးဝ အသုံးမဝင်ဘူး ဆိုတာပဲ.."
ကျိုးစွေ့ သူ့မေးစေ့ကို ထပ်မံ ပွတ်သပ်လိုက်သည်။
အမှန်အတိုင်းပြောရလျှင်၊ ပြီးခဲ့သည့် ရွှေအမြုတေဆရာသခင်များ၏ ကျူးကျော်မှုအတွင်း တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင်၏ စွမ်းအားကို မျက်မြင်တွေ့ရှိခဲ့ရပြီးကတည်းက၊ သူသည် ၎င်း၏စွမ်းအားကို မည်သို့ တန်ပြန်ရမည်အား လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း စဉ်းစားနေခဲ့သည်။
လုံလောက်သော တွေးခေါ်မှုများနှင့်အတူ၊ သူသည် တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင်အား ဖြိုခွင်းရန် နည်းလမ်းကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သည်။
တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင်တစ်ခုက အစီအရင်တစ်ခုကို ဖျက်ဆီးနိုင်ရသည့် အကြောင်းရင်းမှာ ထိုအဆောင်အမျိုးအစားသည် တတိယအဆင့် အစီအရင်တစ်ခု၏ အချိတ်အဆက်များကို အလိုအလျောက် ရှာဖွေနိုင်သောကြောင့် ဖြစ်သည်။ အချိတ်အဆက်တစ်ခု အလုပ်မလုပ်တော့သည်နှင့်၊ အစီအရင် တစ်ခုလုံး အသုံးမဝင်တော့ပေ။
ထိုသို့ဆိုလျှင်၊ အဘယ်ကြောင့် စတုတ္တအဆင့် အစီအရင်များကိုမူ ထိရောက်မှု မရှိရသနည်း။
အဘယ်ကြောင့်ဆိုသော်၊ စတုတ္တအဆင့် အစီအရင်သည် ပေါင်းစပ် အစီအရင် ဖြစ်ပြီး၊ အချိတ်အဆက်များ များစွာ ပါဝင်သောကြောင့်ပင် ဖြစ်သည်။
တစ်ခု ပျက်စီးသွားလျှင်ပင် အသုံးပြုလို့ရနိုင်သော တခြားအရာများ ရှိသေးသည်။ ထို့အပြင်၊ စတုတ္တအဆင့် အစီအရင်၏ အချိတ်အဆက်များသည် ရွေ့လျားနိုင်သည်။
ထို့ကြောင့်၊ တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင်သည် စတုတ္တအဆင့် အစီအရင်ကို ဆန့်ကျင်ရာတွင် အာနိသင် မရှိပေ။
သို့သော် ဤသည်မှာ တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင်သည် ပြိုင်ဘက်ကင်းဟု မဆိုလိုပေ။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက၊ အစီအရင်ပညာရှင်တစ်ဦး၏ အသုံးဝင်မှုသည် မည်သို့ဖြစ်ပါမည်နည်း။ တစ်စုံတစ်ယောက်သည် တားမြစ်ချက်ဖျက်ဆီးခြင်း အဆောင်ကို တိုက်ရိုက် အသုံးပြု၍ မရေမတွက်နိုင်သော အစီအရင်များကို အဖြေရှာနိုင်သည်။ မူလသဘောတရားကို သိရှိထားသရွေ့၊ ဖြိုခွင်းခြင်းသည် အလွယ်လေးပင် မဟုတ်ပါလော။
တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်း အဆောင်သည် အစီအရင်၏ အချိတ်အဆက်များကို အလိုအလျောက် ရှာဖွေနိုင်သောကြောင့်၊ တစ်စုံတစ်ယောက်သည် အစီအရင်အချိတ်အဆက် အတုများကို ရိုးရှင်းစွာ တည်ဆောက်ထားနိုင်ပြီး၊ တတိယအဆင့် အဆောင်ကို အချိတ်အဆက် အတုများဆီသို့ ဆွဲဆောင်နိုင်သည်။
အစစ်သည် အတု၊ အတုသည် အစစ်.. ယင်းသည် အစီအရင်၏ နက်နဲမှုပင် မဟုတ်ပါလော…။
ဤသည်မှာ ယခင်ဘဝက ကွန်ပျူတာလောကရှိ ဟက်ကာများနှင့် အဖြူရောင် ဟက်ကာများအကြား တိုက်ပွဲနှင့် ဆင်တူသည်။ ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးနိုင်လျှင် ဗိုင်းရပ်စ်သည် အသုံးမဝင်တော့ပေ။
တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်း အဆောင် သည် အစီအရင်ကို ကျူးကျော်ဝင်ရောက်သော ဗိုင်းရပ်စ် ဖြစ်သည်။
အကယ်၍ ပြိုင်ဘက်က သူတို့သည် တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်း အဆောင်ဖြင့် ၎င်းတို့ အလိုရှိသလို လုပ်နိုင်သည်ဟု ထင်နေပါက၊ သေချာပေါက် အံ့အားသင့်စရာ ကြီးကြီးမားမား ကြုံတွေ့ရပေလိမ့်မည်။
…
ရက်အနည်းငယ် ကြာပြီးနောက်...။
ကြယ်သုံးပွင့်ကျွန်းစု၏ ရေကြယ်ကျွန်းအပြင်ဘက်၊ အင်မော်တယ်ရှားမြို့တော်အနီး…။
အလင်းတန်းတစ်ခု ပျံသန်းလာပြီး လေထဲတွင် ရပ်တန့်လိုက်ရာ၊ အဝါရောင်သန်းပြီး ပိန်လှီသော မျက်နှာများဖြင့် အဘိုးအိုငါးဦး ပင်လယ်ပြင်ထက်တွင် ပေါ်လာသည်။
သူတို့သည် ကြောက်မက်ဖွယ် မှော်စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေပြီး၊ လက်တွေ့ကျကျ ဖိအားတစ်ခုကို ဖြစ်ပေါ်စေသည်။
"ဒါ ရေကြယ်ကျွန်းရဲ့ အင်မော်တယ်ရှားမြို့တော်လား…"
"ထောက်လှမ်းရေး သတင်းတွေကအတိုင်းဆို.. ဒါက လွန်ခဲ့တဲ့ ဆယ်နှစ်ကမှ တည်ထောင်ခဲ့တာ… ဒါပေမဲ့ ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုတွေကို စုဆောင်းထားနိုင်ခဲ့တယ်…"
"ငါတို့သာ ဒီမြို့ကို လုယက်နိုင်ခဲ့ရင်၊ ငါတို့ ငါးယောက် ဝိညာဉ်သန္ဓေသားအဆင့်ကို ရောက်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေကို စုဆောင်းနိုင်လောက်တယ်.."
စကားပြောသူမှာ သွေးစွန်းမိစ္ဆာအို ဖြစ်ပြီး၊ ရွှေအမြုတေ ပြီးပြည့်စုံမှုအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကာ၊ ပတ်ဝန်းကျင်ကို အသက်ရှူကျပ်စေသော အဆုံးမဲ့ မီးပင်လယ်ကြီးတစ်ခု ဖွဲ့စည်းထားသကဲ့သို့ ကြောက်မက်ဖွယ် မီးဓာတ်မှော်စွမ်းအားများကို ထုတ်လွှတ်နေသည်။
"အင်မော်တယ်ရှားမြို့တော်ကို ပြင်ပ ရွှေအမြုတေဂိုဏ်း သုံးခုက တည်ဆောက်ထားတာလို့ ပြောကြတယ်.."
"သူတို့ အတူတူပေါင်းမှ ရွှေအမြုတေကျင့်ကြံသူ သုံးယောက်ပဲ ရှိတယ်.. နှစ်ယောက်က ရွှေအမြုတေ နှောင်းပိုင်းအဆင့်မှာ ရှိပြီး တစ်ယောက်က အစောပိုင်းအဆင့်မှာ ရှိတယ်…"
"ဒါပေမဲ့… ဒီမှာ ခင်းကျင်းထားတဲ့ တတိယအဆင့် အစီအရင်ကတော့.. နည်းနည်း ပြဿနာရှိနိုင်တယ်…"
အခြား ရွှေအမြုတေကျင့်ကြံသူ တစ်ဦး၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင် ပေါ်လာသည်။ သူ၏အမည်မှာ ရေခဲလူဝံမိစ္ဆာအိုဖြစ်ပြီး၊ သွေးစွန်းမိစ္ဆာအိုနှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦး ဖြစ်ကာ၊ ကြောက်မက်ဖွယ် ရေခဲဓာတ် နတ်ဘုရားအတတ်ပညာကို ပိုင်ဆိုင်ထားသည်။ သူသည် ပင်လယ်ပြင်ဧရိယာ တစ်ခုလုံးကို အလွယ်တကူ အေးခဲသွားစေနိုင်သည့်အလား အေးစက်သည့် အရှိန်အဝါကို သယ်ဆောင်ထားသည်။
"စိတ်မပူပါနဲ့… ငါ့ဆီမှာ တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင် သုံးခု ရှိတယ်…"
"တတိယအဆင့် အစီအရင်လေးပဲလေ.. အသာလေးဖျက်ဆီးလိုက်ရုံပေါ့.."
"တတိယအဆင့် အစီအရင် မရှိတော့ရင်.. ဒီရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက်ကို ကိုင်တွယ်ရတာ လက်ဖဝါး လှန်လိုက်သလိုပဲ လွယ်ကူသွားမှာ မဟုတ်ဘူးလား…"
အခြား ရွှေအမြုတေကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်၊ ၎င်းအား နွားစိမ်းသခင်ဟု ခေါ်တွင်သည်။ သူသည် သစ်သားဓာတ်မှော်စွမ်းအားကို ထုတ်လွှတ်နေပြီး၊ အစိမ်းရောင်နွယ်ပင်များက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ၊ အရေပြားသည် သစ်ခေါက်ခြောက်ကဲ့သို့ ဖြစ်နေသည်။ သူသည်လည်း သွေးစွန်းမိစ္ဆာအိုအောက် မနိမ့်ကျသော ကျင့်ကြံသူတစ်ဦး ဖြစ်၏။
"ကောင်းတယ်.. သိပ်ကောင်းတယ်… ဒီလိုဆိုမှတော့… အချိန်ဖြုန်းနေစရာ မလိုတော့ဘူး.."
"အခု ဒီပြင်ပ ရွှေအမြုတေဂိုဏ်း သုံးခုကို ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ပင်လယ်ပြင်ဧရိယာက ဘယ်လောက် ရက်စက်လဲ ဆိုတာ ပြသရမယ့် အချိန်ပဲ…"
"ချန်လန်ပင်လယ်ဒေသက ကျယ်ပြန့်ပေမယ့်.. ဘယ်ဂိုဏ်းမဆို ဒီမှာ တည်ရှိနိုင်တယ်လို့ မဆိုလိုဘူး…"
ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တစ်ခု သွေးစွန်းမိစ္ဆာအိုထံမှ ပေါက်ကွဲထွက်လာကာ၊ လက်ခနဲ ဖြစ်သွားပြီး ရေကြယ်ကျွန်းအထက် ကောင်းကင်ယံတွင် ပေါ်လာသည်။ ကြောက်မက်ဖွယ် ရွှေအမြုတေ ဥပဒေသနယ်ပယ်သည် သူ့ကိုယ်မှ ထွက်ပေါ်လာသည်။ မီးနဂါးများ ပတ်လည်တွင် ရစ်ပတ်နေသကဲ့သို့ ထင်ရပြီး၊ အဆုံးမရှိသော မီးပင်လယ်ကြီးတစ်ခုက မိုင်ပေါင်းများစွာအတွင်း ထွက်ပေါ်လာသည်။
"အင်မော်တယ်ရှားဂိုဏ်း… တန်တိန်ဂိုဏ်း.. ချင်မုဂိုဏ်း…"
"ထွက်လာပြီး အသေခံကြစမ်း.."
သူ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး၊ ရွှေအမြုတေအဆင့် မှော်စွမ်းအားများ ပါဝင်ကာ အင်မော်တယ်ရှားမြို့တော်တစ်ခုလုံးကို ဖြတ်သန်းသွားပြီး ရေကြယ်ကျွန်း၏ အချို့သော အစိတ်အပိုင်းများကိုပင် ထိခိုက်စေခဲ့သည်။
ယင်းက ကျင့်ကြံတရားထိုင်နေသော ကျင့်ကြံသူအများအပြားကို တုန်လှုပ်သွားစေပြီး၊ ကျင့်ကြံမှုမှ လန့်နိုးသွားစေသည်။ နားစည်များ နာကျင်လာပြီး၊ အချို့မှာ အတွင်းဒဏ်ရာများပင် ရရှိကာ သွေးတစ်လုပ် အန်ထုတ်လိုက်မိကြသည်။
အင်မော်တယ်ရှားမြို့တော်တွင် နေထိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး၊ ဘာတွေ ဖြစ်ပျက်နေသည်အား လုံးဝ သတိမထားမိကြပေ။
ဤအခိုက်အတန့်တွင် အင်မော်တယ်ရှားတောင်ထွတ်ပေါ်တွင် နေထိုင်နေကြသော ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့အားလုံး ထိုရွှေအမြုတေဆရာသခင်၏ အသံကို ကြားလိုက်ကြသည်။
"သွေးစွန်းမိစ္ဆာအို နောက်ဆုံးတော့ ရောက်လာပြီပေါ့.. "
ကျိုးစွေ့ မျက်လုံးများ ဖွင့်လိုက်ပြီး၊ ကျွန်းအပြင်ဘက်မှ အရှိန်အဝါများကို အာရုံခံလိုက်သည်။ သူ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
ထို့ကြောင့် ပြင်ပမှ ရွှေအမြုတေဆရာသခင် ငါးဦး ရောက်ရှိလာခြင်းကို သူ မအံ့ဩပေ။
ဝှစ်…။
တစ်ခဏချင်းမှာပင် လန်ယွဲ့ရှီ၊ ရှန်ပိချန်နှင့် လင်းယာကျူတို့ ရွှေအမြုတေဆရာသခင် သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် လေးနက်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။
သူတို့သည် လက်ခနဲ ဖြစ်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အင်မော်တယ်ရှားမြို့တော်အထက်နှင့် အစီအရင်၏ အစွန်းသို့ ရောက်ရှိသွားပြီး၊ သွေးစွန်းမိစ္ဆာအိုနှင့် အခြားသူများကို အဝေးမှ ရင်ဆိုင်လိုက်ကြတော့သည်။