← Chapters

အဆင့်သုံး အိပ်မက်နယ်မြေ၊ 'အိပ်မက်ဝိညာဉ်ကူ'၏ ခွန်အား(၁)။

Vol. 22 Ch. 266

အဆင့်သုံး အိပ်မက်နယ်မြေ၊ 'အိပ်မက်ဝိညာဉ်ကူ'၏ ခွန်အား(၁)။

Vol. 22 Ch. 266

"သွေးစွန်းမိစ္ဆာအို…"

"ဘာကိစ္စနဲ့ ငါတို့ အင်မော်တယ်ရှားမြို့တော်ကို ရောက်လာတာလဲ…"

"ငါတို့ကြားမှာ ဘာရန်ငြိုးမှ ရှိခဲ့တယ်လို့ မထင်ပါဘူး…"

လင်းယာကျူသည် ဤရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူငါးဦးကို စိုက်ကြည့်နေသည်။

ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူငါးဦး အင်မော်တယ်ရှားမြို့တော်ကို တိုက်ခိုက်တော့မည် ဖြစ်ကြောင်း သူမ၏ ခင်ပွန်းသည်ထံမှ ကြားသိထားပြီး ဖြစ်သော်လည်း၊ ၎င်းတို့အား လူကိုယ်တိုင် တွေ့လိုက်ရသောအခါ သူမ ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။

မှန်ပေသည်၊ ပြီးခဲ့သောအကြိမ်က ဖြစ်ပျက်ခဲ့သည်များအား ပြန်သတိရလိုက်သောအခါ သူမ စိတ်နည်းနည်း အေးသွားချေသည်။

သူမ၏ ခင်ပွန်းသည် ဤနေရာတွင် ရှိနေသရွေ့၊ ဤရွှေအမြုတေ နှောင်းပိုင်း ကျင့်ကြံသူငါးဦးသည် ဘာမှ မဟုတ်ပေ။

"ငါ မင်းတို့ ဘယ်သူ့ကိုမှ ရန်ငြိုးမထားပါဘူး…"

"အင်မော်တယ်ရှားမြို့တော်က တော်တော်လေး စည်ကားသိုက်မြိုက်တယ်လို့ ငါ ကြားထားတယ်.."

"ငါ ဝိညာဉ်သန္ဓေသားအဆင့် အရင်းအမြစ်တွေ ဝယ်ဖို့ ဝိညာဉ်ကျောက်တုံး နည်းနည်း ချေးချင်လို့ပါ…" သွေးစွန်းမိစ္ဆာအိုက တဟားဟား ရယ်မောလိုက်ပြီး လင်းယာကျူနှင့် အခြားသူများကို ကြည့်လိုက်သည်။

"အိုး... ရှင်က ဝိညာဉ်ကျောက်တုံး ချေးချင်တာလား… အဲ့ဒါက အလွယ်လေး စီစဉ်ပေးလို့ ရပါတယ်…"

"ကျွန်မ လက်ထဲမှာ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက် အဆင်သင့် ရှိတယ်… စေတနာ့ဝန်ထမ်းအနေနဲ့ ရှင့်ကို အဲ့ဒါတွေ ချေးပေးလို့ ရပါတယ်…"

လင်းယာကျူက လေးနက်စွာ ပြောလိုက်သည်။

"ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ဟုတ်လား… မင်း ငါတို့ကို သူတောင်းစားတွေလို့ သဘောထားနေတာလား…"

"ငါတို့ ရွှေအမြုတေဆရာသခင် ငါးယောက် ဒီကို ရောက်လာတာ.. ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက်နဲ့ ငါတို့ကို ပြန်သွားစေနိုင်မယ်လို့ မင်း ထင်နေတာလား…"

"မင်းတို့ရဲ့ အစီအရင်ကို အခုဖွင့်ပြီး… မင်းတို့ ဂိုဏ်းဘဏ္ဍာတိုက်ထဲကနေ ငါတို့ကို ရွေးချယ်ခွင့် ပေးလိုက်…"

"ဒါဆိုရင်.. မင်းတို့ ကပ်ဘေးကြီးတစ်ခုကို ရှောင်ရှားနိုင်လိမ့်မယ်.."

"မဟုတ်လို့ကတော့.. ဒီနေ့ မင်းတို့ဆီကို ကပ်ဘေး သေချာပေါက် ကျရောက်လာလိမ့်မယ်…"

ရေခဲလူဝံမိစ္ဆာအို၏ မျက်နှာသည် ကြမ်းတမ်းခက်ထန်နေပြီး၊ မျက်လုံးကျဉ်းကျဉ်းလေးများမှ အေးစက်သော အကြည့်များ ထွက်ပေါ်နေကာ၊ ခန္ဓာကိုယ်မှ အေးစက်သော လေလှိုင်းများ ထွက်ပေါ်နေသည်။

သူ့ခြေထောက်အောက်ရှိ ပင်လယ်ပြင်သည် ရေခဲနယ်မြေတစ်ခုအဖြစ် အေးခဲသွားပုံရပြီး၊ သူ၏ ကြောက်မက်ဖွယ် ရွှေအမြုတေ ကျင့်ကြံမှု စွမ်းအားကို ပြသနေသည်။

"ဒါဆို ညှိနှိုင်းစရာ မရှိတော့ဘူးပေါ့…"

လင်းယာကျူ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရွှေအမြုတေ ကျင့်ကြံသူများကို စိုက်ကြည့်လိုက်သည်။

"ငါ့ဖင်ကြီးကို ညှိနှိုင်း…"

"ဒါ ချန်လန်ပင်လယ်ကွ…"

"ဒီမှာ အားကြီးသူကပဲ အုပ်စိုးတယ်.. တောတွင်းဥပဒေပဲ…"

"မင်းတို့က ဘာအင်အားမှ မရှိဘဲ ချန်လန်ပင်လယ်မှာ မြို့တစ်မြို့ တည်ထောင်ရဲတယ်လို့.. ဟဟ.. မင်းတို့က သေလမ်းရှာနေတာ သက်သက်ပဲ…"

"ဒီနေ့… ငါ မင်းတို့ရဲ့ အင်မော်တယ်ရှားမြို့တော်က ကြွယ်ဝချမ်းသာမှု အားလုံးကို လုယူမယ်…"

"မင်းတို့ ဒီနေ့ အသက်ရှင်ဖို့ ကံကောင်းခဲ့ရင်.. နောက်တစ်ခါ ငါ ထပ်လာဦးမယ်…"

နွားစိမ်းသခင်က အေးစက်စွာ ရယ်မောလိုက်သည်။

ဤအချိန်တွင် သူသည် တတိယအဆင့် အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော မှော်စွမ်းအားကို အသက်သွင်းလိုက်သောအခါ၊ ထိုအဆောင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သစ်သားကြယ်ကျွန်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ဘုန်း..။

တစ်ခဏချင်းမှာပင် အင်မော်တယ်ရှားမြို့တော် တစ်ခုလုံး ငလျင်ကြီးလှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။ မြို့တစ်ခုလုံးကို လွှမ်းခြုံထားသော တတိယအဆင့် အစီအရင်သည် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

မူလအတားအဆီး လုံးဝ ပျောက်ကွယ်သွားပြီး၊ ကျယ့်ပြန့်သော ဟင်းလင်းပြင်တစ်ခုကိုသာ ချန်ရစ်ခဲ့တော့သည်။

သစ်သားကြယ်ကျွန်း တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များ အလွန် မတည်မငြိမ် ဖြစ်နေပြီး၊ ပင်လယ်ပြင်သည် လှိုင်းလေထန်ကာ၊ လှိုင်းတံပိုးများ မိုးထိအောင် မြင့်တက်သွားသည်။

မရေမတွက်နိုင်သော ငါးများ လန့်ဖျပ်သွားပြီး ပက်လက်လန်ကာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မျောပါနေကြတော့သည်။

"ဒါ တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်လား…"

"ဒီလောက် တန်ဖိုးကြီးတဲ့ အဆောင်.. ရှင်တို့ဆီမှာ တကယ် ရှိနေတာလား…"

ရှန်ပိချန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်၊ အင်မော်တယ်ရှားမြို့တော်၏ တတိယအဆင့် အစီအရင်အရှိန်အဝါ ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူမ အာရုံခံလိုက်မိသည်။

ဤအခိုက်အတန့်တွင်၊ သူတို့သည် တတိယအဆင့် အစီအရင်၏ အကာအကွယ်ကိုလည်း ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

သူတို့ရဲ့ အိမ်ကွင်း အားသာချက်က အစအနမကျန် ပျောက်ကွယ်သွားပြီဟု ဆိုရပေမည်။

"ဟားဟား... ဟုတ်တယ်.. ဒါက တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင်ပဲ.. တတိယအဆင့် အစီအရင်အားလုံးကို ချိုးဖျက်ဖို့ ဖန်တီးထားတာ…"

"အင်မော်တယ်ရှားမြို့တော်ရဲ့ တတိယအဆင့် အစီအရင်ကို အားကိုးပြီး မင်းတို့ ပြိုင်ဘက်ကင်း ဖြစ်နိုင်မယ်လို့ ထင်နေတာလား.. ဟားဟား.."

"တကယ့်ကို တောကျတဲ့ ရွှေအမြုတေဂိုဏ်းပါပဲ.. ချန်လန်ပင်လယ်မှာ တတိယအဆင့် အစီအရင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပစ္စည်းတွေမှ အများကြီးဆိုတာ လုံးဝ မသိကြဘူးလား…"

"မင်းတို့မှာ အစီအရင်ရှိရုံနဲ့ ချန်လန်ပင်လယ်မှာ မင်းတို့ လုပ်ချင်ရာ လုပ်လို့ရမယ် မထင်နဲ့…"

"အခု မင်းတို့ တတိယအဆင့် အစီအရင်ရဲ့ အကာအကွယ် ဆုံးရှုံးသွားပြီဆိုတော့… မင်းတို့ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက် ဘာလုပ်ကြမလဲ ဆိုတာ ငါ သိချင်နေပြီ…"

နွားစိမ်းသခင်က အရူးတစ်ယောက်လို ရယ်မောလိုက်ပြီး၊ အလွန်အမင်း ယုံကြည်မှု ရှိနေပုံရသည်။

အခြား ရွှေအမြုတေဆရာသခင် လေးဦးသည်လည်း လူစုခွဲလိုက်ပြီး၊ ဝိုင်းရံပိတ်ဆို့သည့် ပုံစံအား ဖွဲ့စည်းလိုက်ကြသည်။

၎င်းတို့တွင် လင်းယာကျူနှင့် အခြား ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူများကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိကြပေ၊ တစ်ကြိမ်တည်းနှင့် အပြီးအပိုင် ရှင်းလင်းပစ်ချင်နေကြသည်။

ဤအခိုက်အတန့်တွင် အင်မော်တယ်ရှားမြို့တော်အတွင်းရှိ ကျင့်ကြံသူ အားလုံး ထိတ်လန့်သွားကြသည်။

သူတို့သည် ငတုံးများ မဟုတ်ကြ၊ ပုံမှန်မဟုတ်သော အခြေအနေကို သဘာဝအတိုင်း သတိပြုမိကြသည်။

သူတို့အားလုံး ကိုယ်ပိုင် လွတ်မြောက်ခြင်းပညာရပ်များကို အသက်သွင်းလိုက်ကြပြီး၊ အလင်းတန်းများအဖြစ် ပြောင်းလဲကာ အင်မော်တယ်ရှားမြို့တော်မှ အလျင်အမြန် ထွက်ခွာသွားကြသည်။

ဤအချိန်တွင်၊ ၎င်းတို့သည် ကမ္ဘာပျက်ကပ် ရောက်လာသကဲ့သို့ ကောင်းကင်ကို မော့ကြည့်ရင်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြတော့သည်။

"သွားပြီ… သွားပြီပဲ… သွေးစွန်းမိစ္ဆာအိုက အင်မော်တယ်ရှားမြို့တော်ကို တကယ် လာတိုက်တာပဲ…"

"ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ငါးယောက်… သူတို့က အင်မော်တယ်ရှားမြို့တော်ကို ဖျက်ဆီးချင်နေကြတာ…"

"အစကဆို… တတိယအဆင့် အစီအရင်ရဲ့ အထောက်အပံ့နဲ့ အင်မော်တယ်ရှားမြို့တော်မှာ ပြန်တိုက်ခိုက်ဖို့ အခွင့်အလမ်း ရှိကောင်း ရှိနိုင်တယ်…"

"ဟုတ်တယ်မလား… ဆိုးတာကတော့… ဟိုနွားစိမ်းသခင်မှာ တတိယအဆင့် တားမြစ်ချက် ဖျက်ဆီးခြင်းအဆောင် ရှိနေပြီး… တတိယအဆင့် အစီအရင်ကို ချက်ချင်း အသုံးမဝင်အောင် လုပ်လိုက်ပြီ… အင်မော်တယ်ရှားမြို့တော်မှာ အခုအခြေအနေကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေး မရှိတော့ဘူး…"

"ငါတို့ အခု ဘာလုပ်ကြမလဲ… ရွှေအမြုတေ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲက ကိစ္စသေးသေးလေး မဟုတ်ဘူး… ငါတို့ သတိမထားရင်… တိုက်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် သေကုန်ကြလိမ့်မယ်.. ငါတို့ အင်မော်တယ်ရှားမြို့တော်ကနေ မြန်မြန် ထွက်ခွာမှ ဖြစ်မယ်…"

ကျင့်ကြံသူ အများအပြား ထိတ်လန့်နေကြပြီး ထွက်ပြေးချင်နေကြသည်။

သူတို့ အားလုံးသည် အဆင့်နိမ့် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူများသည် ၎င်းတို့ တွေ့ဆုံနိုင်သော အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ရွှေအမြုတေဆရာသခင်များအတွက်မူ၊ သူတို့သည် လောကနတ်ဘုရားများနှင့် နှိုင်းယှဉ်နိုင်သော စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမှုများ ဖြစ်ကြသည်။

ထိုကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ပွဲများအကြား နောက်ဆက်တွဲ အကျိုးဆက်များသည် မရေမတွက်နိုင်သော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို သေဆုံးစေနိုင်သည်။

"မဖြစ်နိုင်ဘူး… ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်း… ဝူကျိမဟာမိတ်အဖွဲ့ဆီကို ခရီးအဝေးကြီး လာခဲ့ပြီးမှ… အခုလို ကပ်ဘေးမျိုး ကြုံရတယ်တဲ့လားကွာ…"

"ငါတို့ ဆယ်နှစ်ကြာအောင် တည်ငြိမ်မှုရဖို့ အချိန်အများကြီး ယူခဲ့ရတာလေ… ဒီမှာ အရင်းအမြစ်တွေ ပေါများတယ်.. ပြီးတော့ ငါတို့ အမြုတေ ဖွဲ့စည်းခြင်းအတွက် အရင်းအမြစ်တွေ ရှာတွေ့နိုင်လောက်တယ်… ရွှေအမြုတေ ဓားပြတွေ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးကွာ.. ကောင်းကင်ဘုံက သောက်ရမ်း မတရားတာပဲ…"

"ဘာ ကြောက်စရာ ရှိလို့လဲ… ရွှေအမြုတေဆရာသခင် ငါးယောက်ပဲဟာ… ငါတို့ ဂိုဏ်းချုပ်ကလည်း ရွှေအမြုတေ နှောင်းပိုင်းအဆင့်ပဲ… သူတို့ နိုင်ချင်မှ နိုင်မှာပါ.. ငါတို့မှာ အောင်နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်…"

"ဟုတ်ပါ့… တိုက်ပွဲတောင် မစသေးဘူး.. မင်းက သူများ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ငါတို့ စိတ်ဓာတ်ကို ကျဆင်းအောင် လုပ်နေပြီ… လခွမ်းတဲ့မှ.. မင်း အင်မော်တယ်ရှားမြို့တော်ရဲ့ ကျင့်ကြံသူလို့ ခေါ်ထိုက်သေးရဲ့လားကွာ.. မင်း ငါတို့ကို လုံးဝ အရှက်ခွဲနေတာပဲ…"

"မကြောက်ပါနဲ့… ဗလာဒီမာလို လူစားမျိုးတွေကို ငါတို့ ဂိုဏ်းချုပ်ဆီ ထားခဲ့လိုက်… ငါတို့ရဲ့ တာဝန်က အင်မော်တယ်ရှားမြို့တော်ကို ကာကွယ်ဖို့ပဲ… ဒီလို ပရမ်းပတာ ဖြစ်လာတဲ့အခါ… ဟို တစ်ကိုယ်တော်ကျင့်ကြံသူတွေက ပွဲ့လန့်တုန်း ဖျာခင်းဆိုသလို နေရာတိုင်းမှာ လုယက် ဖျက်ဆီးကြလိမ့်မယ်…"

"စိတ်ချစမ်းပါကွာ.. ဒီ တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ပရမ်းပတာ ဖြစ်အောင် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး… ဘယ်ကောင်ပဲ ပြဿနာရှာရှာ.. ငါတို့ ညှာတာနေမယ် မထင်နဲ့..."

"အထိန်းအကွပ်မဲ့ ပွဲလန့်တုန်းဖျားခင်းဖို့ စဉ်းစားနေရဲလို့ကတော့… ဒီ တစ်ကိုယ်တော်ကျင့်ကြံသူတွေ အရင်ဆုံး ငါတို့ လက်ထဲက ဓားတွေ ထက်မထက် စစ်ဆေးကြည့်ဖို့ လိုလိမ့်မယ်…"

ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများ သတ်ဖြတ်လိုစိတ်များဖြင့် ဆူပွက်နေကြသည်။

ဤကဲ့သို့သော အကြီးစား ပရမ်းပတာ ဖြစ်ရပ်သည် တစ်ကိုယ်တော်ကျင့်ကြံသူ များစွာအတွက် ပွဲလန့်တုန်းဖျာခင်းနိုင်ရန် အခွင့်အလမ်း တစ်ခု ဖြစ်လာမည်မှာ သေချာကြောင်း သူတို့ သိကြသည်။

ဓနဥစ္စာနှင့် အောင်မြင်မှုကို လိုက်စားရာတွင် စွန့်စားရမှုသည် မွေးရာပါ ဖြစ်ချေ၏။

အကယ်၍ ထို တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဖျက်ဆီးခြင်း၊ လုယက်ခြင်းနှင့် ဆိုင်များအားဓားပြတိုက်ခြင်းတို့ ပြုလုပ်ရန် ဤအခွင့်အရေးကို ရယူနိုင်ပါက၊ ၎င်းတို့အတွက် ဓနဥစ္စာများ ရှာဖွေနိုင်ပေလိမ့်မည်။

မည်သည့် ကျင့်ကြံသူမျှ ထိုကဲ့သို့သော သွေးဆောင်မှုကို မခံနိုင်ကြပေ။

ထို့ကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူများ မငြိမ်မသက် ဖြစ်စေခြင်းကို သူတို့ လုံးဝ သည်းခံမည် မဟုတ်ပေ။

မည်သို့ပင် ဆိုစေကာမူ၊ ဤတစ်ကြိမ်တွင် အဓိကသော့ချက်မှာ တစ်ကိုယ်တော်ကျင့်ကြံသူများ မဟုတ်ဘဲ၊ ရွှေအမြုတေဆရာသခင်များ ဖြစ်ကြောင်း သူတို့ သိရှိကြသည်။

အကယ်၍ ထိုလူဆိုးခေါင်းဆောင်နှင့် အခြားသူများကို သုတ်သင်ရှင်းလင်းနိုင်ပါက၊ အင်မော်တယ်ရှားမြို့တော်သည် သံသယ ဖြစ်ဖွယ် မလိုဘဲ ကျော်ကြားလာမည် ဖြစ်ပြီး၊ အခြေချ နေထိုင်ရန်အတွက် အဆုံးမရှိသော ကျင့်ကြံသူများကို ဆွဲဆောင်နိုင်လိမ့်မည်။

သို့သော် ကျရှုံးခဲ့ပါက၊ ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် အင်မော်တယ်ရှားမြို့တော်သည် သမိုင်းမှ အပြီးတိုင် ပျောက်ကွယ်သွားပြီး ပြာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သူတို့သည် သူတို့၏ ကိုယ်ပိုင်ဂိုဏ်းချုပ်အပေါ် ယုံကြည်မှု ကြီးမားသော်လည်း၊ ကောင်းကင်ယံရှိ ရွှေအမြုတေ နှောင်းပိုင်း ကျင့်ကြံသူငါးဦးထံမှ နက်ရှိုင်းသော မှော်စွမ်းအားကို အာရုံခံမိလိုက်သောအခါ၊ ၎င်းတို့၏ ယုံကြည်မှုများ လျော့နည်းသွားသည်။

မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်ရှားမြို့တော်တွင် ရွှေအမြုတေဆရာသခင် သုံးယောက်သာ ရှိလေသည်။ ရွှေအမြုတေ နှောင်းပိုင်း ဆရာသခင် ငါးယောက်အား ၎င်းတို့ မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

All Chapters