← Chapters

အခန်း (၆၀၇-၆၀၈)

Vol. 40 Ch. 607-608

အခန်း (၆၀၇-၆၀၈)

Vol. 40 Ch. 607-608

အပိုင်း (၆၀၇)

ရှမ့်လန်က နာမည်ပင်မပေးရသေးသည့် ကလေးငယ်အား မပွေ့ကြည့်ဘဲ မနေနိုင်တော့ချေ။ ထိုကလေးလေး က အဆက်မပြတ် အော်ဟစ်ငိုကြွေးလျက် ရှိနေ၏။ ခန္ဓာကိုယ်ကလည်း အလွန်ပင် သန်မာပြီး ခြေတံ၊ လက်တံများကို ဟိုဝှေ့ဒီယမ်းကာဖြင့် ကန်ကျောက်လျက် ရှိ၏။ ကြည့်ရသည်မှာ သူ၏ မကျေနပ်ချက်များကို ဖွင့်ထုတ်နေပုံလည်း ပေါ်၏။

‘ကျုပ်က အမေ့ဗိုက်ထဲမှာ နေလို့ကောင်းနေတာကို ဘယ်လိုဖြစ်ပြီး အတင်းဆွဲထုတ်ရတာလဲ’ ဟု ဆိုလိုနေသယောင်ပင်။

“ဝါး... အူဝဲ... အူဝဲ...”

ယောက္ခမနှင့် မိခင်ဖြစ်သူတို့က ကလေးငယ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ရှမ့်လန်၏ လက်ထဲသို့ ထိုးထည့်ပေး၏။ ထိုကလေးလေးက ရှမ့်လန်၏ ရင်ခွင်ထဲသို့ ရောက်သည့်တိုင် မရပ်မနား ဆက်လက်ကာ ရုန်းကန်နေဆဲပင်။

ထိုအချိန်မှာတော့ ရှမ့်လန်က တုန်လှုပ်ခြောက်ခြားသည့် အခြေအနေမျိုးတွင် ရှိနေ၏။ ထို့အပြင် သူက အလွန်အမင်းလည်း ဇဝေဇဝါ ဖြစ်လို့နေ၏။ သူက အရူးကြီး၏သားကို မမြင်ဖူးသော်လည်း လီချင်းချိုးက မြင်ဖူး၏။ ပြောသည်မှာ ထိုကလေးက မည်သည့်သွေးမျိုးဆက် ဖြစ်ကြောင်း မသိရသော်လည်း ရွှေရောင် သွေးမျိုးဆက် မဟုတ်ကြောင်း ပြောခဲ့ဖူး၏။

အရူးကြီး၏ သွေးမျိုးဆက်က ရှမ့်လန်ထက် များစွာသာလွန်သလို အာယုနာနာ၏ သွေးမျိုးဆက်ကလည်း မူလန်ထက် များစွာသာလွန်၏။ သို့သော်ငြား ထိုသူတို့နှစ်ယောက်လုံးက ရွှေရောင်သွေးမျိုးဆက် ကလေး တစ်ယောက်ကို မမွေးဖွားနိုင်ခဲ့ဘဲ ရှမ့်လန်နှင့် မူလန်တို့က မွေးဖွားနိုင်ခဲ့၏။ တကယ့်ကို ထူးဆန်းလွန်းလှချေသည်။

မူလန် ကိုယ်ဝန်ရှိပြီးနောက်ပိုင်း သူမက ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်လာကြောင်း ရှမ့်လန်က ပြန်မတွေးဘဲ မနေနိုင်တော့ချေ။ ပထမဦးဆုံး အချက်အားဖြင့် သူမက ပိုမိုကာ လှပလာခဲ့၏။ သူမက တကယ်ပင် ကျက်သရေရှိလာခဲ့ပြီး မူလအလှတရားနှင့် ပေါင်းစပ်ပြီးနောက် ပိုမို၍ အဆင့်တစ်ဆင့် မြင့်တက်ကာ လှပသွားခဲ့၏။

သာမန်အားဖြင့် အမျိုးသမီးတချို့က ကိုယ်ဝန်ဆောင်ချိန်တွင် ပိုမို၍ လှပတတ်၏။ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျက်သရေ ရှိလာတတ်သော်လည်း ဤကဲ့သို့ ကိုယ်ဝန်ဆောင်နေသည့် အချိန်အတိုင်းအတာ အတွင်းသာ ဖြစ်တတ်၏။ သို့သော်ငြား မူလန်ကဲ့သို့ ရုပ်ရည်သွင်ပြင် သိသိသာသာကြီး ပြောင်းလဲသွားသည့် အမျိုးသမီးမျိုး ကိုမူ တွေ့ရခဲသည်။

ထိုမျှမကသေးချေ၊ မူလန်၏ အာရုံခံနိုင်စွမ်းကလည်း တကယ်ပင် ထက်မြက်လာခဲ့၏။ ရှမ့်လန်က သူမနှင့် ဝေးကွာသည့်နေရာ၌ ရှိနေသည့်တိုင် သူမက အကြိမ်ကြိမ် ရှမ့်လန် ရောက်ရှိလာကြောင်း အာရုံခံမိ၏။ ထို့အပြင် ကလေးငယ် ဘာတွေ တွေးနေသည်ကိုပင် သူမက အာရုံခံသိရှိနိုင်၏။

ယခင်က ရှမ့်လန်က ဤအရာများကို သိပ်ပြီး အလေးအနက် မထားခဲ့ဘဲ ဤအရာများက ကိုယ်ဝန်ဆောင် လက္ခဏာများသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့သော်ငြား ယခုအချိန်တွင်တော့ ဤအခြေအနေက တကယ်ပင် ထူးခြားသွားသည့်ပုံ ပေါ်သည်။

ရှမ့်လန်က ကလေးငယ်ကို စူးစိုက်ကာ ကြည့်လိုက်၏။ ဤကလေးလေးက ငိုနေသည်ကို ရပ်တန့်ပြီး မျက်လုံးဝိုင်းကြီးများဖြင့် ရှမ့်လန်ကို ပြန်လည်ကာ စူးစိုက်ကြည့်၏။ သူ၏ နှုတ်ခမ်းလေးက စူပုတ်လျက် ရှိနေပြီး ဝမ်းနည်းပက်လက် ဖြစ်နေပုံလည်း ရ၏။ ဤကလေးက တကယ်ပင် ထူးဆန်း၏။ ပုံစံက ရှမ့်လန်နှင့်လည်း တူ၏။ သို့သော်ငြား မျက်နှာသွင်ပြင် အစိတ်အပိုင်းများက မူလန်နှင့် အလွန်တူနေပြန်၏။ တကယ့်ကို ချောမောသည့် ချစ်စရာ ကလေးငယ်လေးပင်။

သွေးမျိုးဆက်ဗီဇ ပြောင်းလဲခြင်းများလား။ ဤလောကကြီးထဲတွင် သွေးမျိုးဆက်များက မျိုးရိုးလိုက်ကြောင်း ရှမ့်လန် သိထား၏။ သို့သော်ငြား သွေးမျိုးဆက်ဗီဇ ပြောင်းလဲခြင်းများလည်း ရှိတတ်ပြီး အထူးသဖြင့် အဆင့်မြင့် သွေးမျိုးဆက်များတွင် ဖြစ်တတ်၏။ မျိုးရိုးလိုက်နိုင်ခြေ နည်းပါးသော်လည်း ဗီဇ ပြောင်းလဲနိုင်ခြေကတော့ အလွန်မြင့်မား၏။

“ကဲ... ငါ့တို့ရဲ့ မြေးလေးက လိမ်မာနေပြီ။ ဖေဖေရေ.... နာမည်လေး ပေးလိုက်ပါအုံး” ယောက္ခမဖြစ်သူ စုဖေ့ဖေ့က ဘေးတစ်ဖက်ဆီမှ ဝင်ရောက်ကာ ချော့မြှူလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “သူ့ကို ရှမ့်ပိ လို့ ခေါ်ကြတာပေါ့”

စကားမဆုံးခင်မှာပင် မိခင်ဖြစ်သူက သူ၏ခေါင်းကို ဒေါက်ခနဲခေါက်သည်။ “ကလေးကို ပေါက်ကရတွေ မပြောနဲ့။ သူက ငယ်သေးတော့ ဘာမှနားမလည်သေးဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ရှမ့်ယီလို့ ခေါ်မယ်”

အမျိုးသမီးများက ထိုနာမည်မှာ ပေါ့ပျက်ပျက် နိုင်လွန်းသည်ဟု ခံစားမိ၏။ သို့သော်ငြား ရှမ့်လန်က ထပ်မံကာ စဉ်းစားချင်စိတ် မရှိချေ။ သနားစရာ ကလေးလေးပင် ဖြစ်၏။ အဖေက သူ့အတွက် ခေါင်းပင်မစားချင်ပေ။ အစ်မဖြစ်သူတုန်းကတော့ ရှမ့်လန်က ရက်အတော်ကြာ စဉ်းစားခဲ့ရသလို ဘုရင်မင်းမြတ်ကလည်း ရက်အတော်ကြာ စဉ်းစားပေးပြီး ရှမ့်မီ ဟု နာမည်ပေးခဲ့သည်။

မည်မျှ ကောင်းလိုက်သနည်း။ မည်မျှ အဓိပ္ပာယ် ရှိသနည်း။ သူ့အလှည့်ကျမှ ယီ - ရိုင်းစိုင်းခြင်း ဆိုသည့်နာမည်ကို ပေးလိုက်သကဲ့သို့ပင်။

“ဒီနာမည်က မဆိုးဘူးလို့ ထင်တာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဒါ အတည်ပဲ”

“အင်း... ရှမ့်ယီ... ရှမ့်ယီ...” မူလန်က ထိုနာမည်ကို တီးတိုးရွတ်ရွတ်နေ၏။ သူမကလည်း ထိုနာမည်ကို သဘောကျပုံရ၏။ အကြောင်းမှာ အဓိပ္ပာယ်ရှိလွန်းသောကြောင့် မဟုတ်ဘဲ ရှမ့်လန်နှင့် အကြောင်းပြချက်မရှိ တူညီသည်ဟု ခံစားရသောကြောင့်ပင်။ သားအဖနှစ်ယောက်က အထူးတလည် တူညီသည်ဟုလည်း ခံစားမိ၏။ တစ်ယောက်က အရိုင်း၊ တစ်ယောက်က အစိုင်းပင်။

“ယောက်ျား... ကျွန်မကို ဖက်ထားပါအုံး” မူလန်က ပြောလိုက်၏။ ပြီးနောက် သူမက လက်များကို မနည်း အားယူကာ ဆန့်တန်းလိုက်သည်။

ရှမ့်လန်က နှလုံးသားတစ်ခုလုံး တုန်လှုပ်သွား၏။ အဘယ်ကြောင့်ဆိုသော် မူလန်၏ အသံက အလွန်တရာ အားနည်းနေဆဲဖြစ်ပြီး သူမက လက်ကိုပင် ကောင်းကောင်း မမြှောက်နိုင်သောကြောင့်ပင်။

သူက ရှေ့သို့ လှမ်းတက်သွားခဲ့ပြီး ကလေးငယ် ရှမ့်ယီကို မူလန်၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေး၏။ ပြီးနောက် မူလန်၏ ကိုယ်အပူချိန်ကို စစ်ဆေး၏။ အပူချိန် ပုံမှန်နီးပါး ဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး အဖျားမရှိတော့ချေ။ ပြီးနောက် သူက မူလန်၏ နှလုံးခုန်သံ၊ အသက်ရှူသံနှင့် သွေးခုန်နှုန်းများကို စမ်းကြည့်၏။ ထိုအခါမှ ရှမ့်လန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိ၏။ သူမ၏ နှလုံးခုန်သံနှင့် အသက်ရှူနှုန်းက အလွန် အားနည်းနေ၏။ ထိုတင်သာမကသေးပေ။ မူလန်က တဖြည်းဖြည်း ပိုမိုကာ အားနည်းလာခဲ့၏။

မည်သို့ဖြစ်နိုင်မည်နည်း။ နောက်ဆုံး မွေးဖွားခြင်း အဆင့်က တကယ်ပင် ချောမွေ့ခဲ့ပြီး သွေးလွန်ခြင်းလည်း မရှိခဲ့ချေ။ အဘယ်ကြောင့် ဆက်တိုက် အားနည်းနေရသနည်း။ ရှမ့်လန်က မူလန်ကို ဂျင်စင်းစွပ်ပြုတ်ကို တိုက်ကျွေးလိုက်၏။ သို့ပေမည့် အသုံးမဝင်ခဲ့ချေ။ မူလန်က ပျင်းရိလေးတွဲစွာဖြင့် မျက်လုံးများ မှိတ်သွားသည်။

“မိန်းမ... မအိပ်နဲ့အုံး၊ မအိပ်နဲ့အုံး”

ဤအခြေအနေမှာတော့ ယောက္ခမဖြစ်သူနှင့် မိခင်ဖြစ်သူတို့က တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိ၏။ ယောက္ခမဖြစ်သူ စုဖေ့ဖေ့က နှင်းတောင်သခင် လင်းရှန်ကို ရှာဖွေရန် ပြေးထွက်သွားခဲ့၏။

လင်းရှန် ဝင်လာပြီးနောက် မူလန်၏ ခန္ဓာကိုယ်ထဲသို့ အတွင်းအားများကို တိုက်ရိုက်ထိုးသွင်း၏။ သွေးလည်ပတ်မှုကို အတင်းအဓမ္မ အသက်သွင်းလိုက်သကဲ့သို့ပင်။ သို့ပေမည့် အလုပ်မဖြစ်ခဲ့ချေ။ နှစ်နာရီ ကြာမြင့်ပြီးနောက် လင်းရှန်၏ အတွင်းအားများက ကုန်ခမ်းသွားခဲ့သည်။

ရှမ့်လန်က မူလန်ကို အဝတ်အစားများ ဝတ်ဆင်ပေးပြီးနောက် လီချင်းချိုး ဝင်လာ၏။ ပြီးနောက် မူလန်၏ ခန္ဓာကိုယ်ထဲသို့ အတွင်းအားများကို အသည်းအသန် ထိုးသွင်းပေးပြန်၏။

ပြီးနောက် ရွှမ်ဝူနယ်စားအိမ်တော်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးက ရောက်ရှိလာခဲ့ပြီး အတွင်းအားများ ထည့်သွင်းပေးသည်။

လင်းရှန်ဆီမှ ပညာရှင်များလည်း အကုန်ထွက်လာကြ၏။ လက်ဆင့်ကမ်းသကဲ့သို့ပင် သူတို့က မူလန်၏ ခန္ဓာကိုယ်ထဲသို့ အတွင်းအားများကို မရပ်မနား သွင်းကြ၏။ ဤလောကကြီးတွင် ဒဏ်ရာများကို ကုသရန် အတွင်းအားများကို အသုံးပြု၍ မရသော်လည်း သွေးလည်ပတ်မှုကို ကောင်းမွန်ရန် လှုံ့ဆော်၍ ရနိုင်၏။ သို့သော်ငြား အသုံးမဝင်ခဲ့ချေ။

မူလန်၏ နှလုံးခုန်သံက နှေးကွေးနေဆဲပင်။ သူမ၏ အသက်ရှူသံကလည်း တဖြည်းဖြည်းနှင့် ပို၍ အားနည်း လာ၏။ ရှမ့်လန်က သူစဉ်းစားမိသမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားကြည့်၏။ သူမ၏ စိတ်လှုပ်ရှားမှုကို မြှင့်တင်ရန် ဆေးဝါးများကိုပင် အသုံးပြုခဲ့၏။ စွဲလမ်းစေတတ်သည့် မူးယစ်ဆေးတချို့ကိုပင် ထိုးသွင်းပေး၏။

သို့သော်ငြား အလကားပင်။ မူလန်က အားအင်ကုန်ခန်းပြီး အသက်စွမ်းအင်များ လျော့နည်းလာခဲ့ချေ၏။ ဤအရာကို မည်သည့်အရာကမှ တားဆီးနိုင်သည့်ပုံ မပေါ်တော့ချေ။ လောကကြီးတစ်ခုလုံး အမှောင်ကျသွားသကဲ့သို့ ခံစားရ၏။ ထိုကဲ့သို့ပင် မူလန်က ရှမ့်ယီလေးကို ပွေ့ဖက်ရင်း ရှမ့်လန်ကို အလွန်အမင်း မေတ္တာသက်ဝင်သည့် အကြည့်ဖြင့် ကြည့်နေ၏။ ပြီးနောက် အိပ်ပျော်သွားသကဲ့သို့ပင် သူမ၏ မျက်လုံးများကို မှိတ်လိုက်သည်။

နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့၏။ ရှမ့်လန်က အစွမ်းကုန် ကြိုးစားခဲ့သလို ရွှမ်ဝူနယ်စားအိမ်တော် တစ်ခုလုံးကလည်း ကြိုးစားခဲ့ကြ၏။ သို့သော်ငြား မူလန် အိပ်ပျော်သွားခြင်းကို မည်သူမှ မတားဆီးနိုင်ခဲ့ချေ။ သူမက နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့၏။ အသက်ရှူသံနှင့် နှလုံးခုန်သံများကလည်း ရှိနေသေး၏။ သို့ပေမည့် ထိုအရာများက အလွန်အမင်း အားနည်းပြီး မကြားရသလောက်ပင် တိုးညှင်း၏။

မူလန်၏ ဦးနှောက်က သူမကိုကာကွယ်ရန် နှစ်ခြိုက်စွာ အိပ်ပျော်စေလိုက်ခြင်းသာ ဖြစ်ပေမည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် သူမက လှုပ်ရှားမှု ကင်းမဲ့သွားခဲ့သည့် လူသားတစ်ဦးကဲ့သို့ ပြောင်းလဲ သွား၏။ ဆိုလိုသည်မှာ သူမက သတိမရတော့ဘဲ အလုံးစုံ အိပ်ပျော်နေသည့် လူတစ်ဦးကဲ့သို့ ဖြစ်သွားသည်။

ရှမ့်လန်က ကုတင်စွန်းတွင် ငူငူငိုင်ငိုင် ထိုင်လျက်ရှိ၏။ လောကကြီးတစ်ခုလုံး ပြိုလဲသွားသကဲ့သို့ပင်။ အရာအားလုံးက တိတ်ဆိတ်နေခဲ့၏။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို သူ မသိပေ။ ကလေး မွေးဖွားခြင်းက ကောင်းသည့်ကိစ္စရပ် ဖြစ်သော်လည်း အဘယ်ကြောင့် မူလန်အတွက် ဘေးအန္တရာယ်ဆိုးကြီး ဖြစ်စေခဲ့သနည်း။

“သူ့ကို ခေါ်သွားကြ။ ငါ သူ့ကို မမြင်ချင်ဘူး” ရှမ့်လန်က မျက်ရည်များဖြင့် အော်ဟစ်လိုက်၏။ ဆင်ခြင်တုံ တရားအရ ရှမ့်ယီကို အပြစ်မတင်သင့်ကြောင်း သူ့ကို ပြောနေ၏။ သို့သော်ငြား မတတ်နိုင်ချေ။

ရှမ့်ယီက အစောကြီးတည်းက ငိုနေခဲ့၏။ ယခုထိ ငိုနေဆဲပင် ဖြစ်သော်လည်း ငိုသံမှာ တဖြည်းဖြည်း အားနည်းပြီး တဖြည်းဖြည်းနှင့် အသံက တိုးသွား၏။

စုဖေ့ဖေ့က ရှမ့်လန်ကို နှစ်သိမ့်ချင်သော်လည်း မည်သည့်စကားတစ်ခွန်းမှ ပြောမထွက်ခဲ့ချေ။

ပင်းအာက မျက်ရည်များဝဲလျက် ရှိပြီး ရှမ့်ယီကို နို့တိုက်ရန် ပွေ့ချီသွားခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူမ၌ နို့ရည်က အလုံအလောက် ရှိနေ၏။ ရှမ့်မီ တစ်ယောက်တည်းနှင့် သူမ၏နို့က ကုန်ခမ်းသွားခြင်းမျိုး မရှိချေ။ ရှမ့်မီက တခြားဖြည့်စွက်စာများကို စားနေပြီဖြစ်သောကြောင့် ပင်းအာ၌ နို့ရည်လုံလောက်သည်။ သို့ပေမည့် ပင်းအာ၏ နို့ရည်က မလုံလောက်သဖြင့် အိမ်တော်တွင်းမှ တခြားနို့ထိန်းတစ်ဦးကို ရှာရန်လိုအပ်သည်။

ယောက္ခထီး၊ ယောက္ခမ၊ ဖခင်နှင့် မိခင်တို့က ရှမ့်လန်၏ နောက်တွင် ရပ်နေ၏။ လီချင်းချိုးကလည်း ထိုနည်းလည်းကောင်းပင်။ သူတို့က အံ့အားသင့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းများ ဖြစ်နေ၏။ သို့သော်ငြား သူတို့က ရှမ့်လန် ဤကိစ္စကို အစွဲအလမ်းကြီးလွန်းစွာ ခံစားနေမည်ကို စိုးရိမ်မိ၏။

“ကျုပ် ဘာမှမဖြစ်ပါဘူး”

ရှမ့်လန်က ခေါင်းမော့လာခဲ့သည်။ “အဖေ၊ အမေ... နောက်ထပ် ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ကျုပ်ကို မနှောင့်ယှက်ကြပါနဲ့”

ရှမ့်လန်က နိဗ္ဗာနတပ်တော်ကို ဂရုမစိုက်သလို နန်အိုစစ်ပွဲကိုလည်း ဂရုမစိုက်တော့ချေ။ ကျန်သည့် အချိန်များတွင် မူလန်ကို မူလအတိုင်း နိုးထလာစေရန်အတွက် သူက လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရပေတော့မည်။

သူ၏စိတ်ထဲတွင် သူ၏မိန်းမ မူလန်က မည်သည့်နိုင်ငံရေးကိစ္စ၊ ရွှဲ့ပြည်နယ်ကိစ္စ မည်သည့်အရာမဆိုထက် ပိုမိုကာ အရေးကြီး၏။

...................

နောက်ပိုင်းကာလများမှာတော့ ရှမ့်လန်က နည်းလမ်းပေါင်းစုံဖြင့် တရားခံကို စမ်းသပ်ခဲ့၏။ သူ မူလန်ကို မကယ်တင်နိုင်ခဲ့ချေ။ အားနည်းသွားသည့် အနေအထားမျိုး ရှိသော်လည်း မူလန်က တဖြည်းဖြည်း ပိုမိုကာ အားနည်းနေလာကြောင်း သူက ခံစားမိ၏။

အကယ်၍ ဤအတိုင်းသာ ဆက်ကာသွားမည်ဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များကို စဉ်းစား တွေးကြည့်၍ပင် မရနိုင်တော့ချေ။ မူလန် ပြန်လည်နိုးထနိုင်မည် မဟုတ်သည့်အပြင် အိပ်ပျော်ရင်း အသက်ရှူရပ်ကာ အသက်ဆုံးရှုံးသွားပေလိမ့်မည်။

ရက်ပေါင်းများစွာ၊ ညပေါင်းများစွာကြာတော့ ....

ရှမ့်လန်က လုံးဝ မအိပ်ခဲ့ပေ။ တတ်နိုင်သမျှ အရာအားလုံးကို ကြိုးစားခဲ့သည် ဆိုသော်လည်း မည်သည့်အရာကမှ အရာမထင်ခဲ့ပေ။ အားလုံးက သူ့ကို ဖျောင်းဖျရန် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။

ပင်းအာက ရှမ့်မီနှင့် ကလေးငယ်လေးကို ပွေ့ချီကာ ဝင်လာခဲ့၏။

“ကလေးက လမ်းလျှောက်တတ်နေပြီလား။ ဘယ်တုန်းကလဲ”

“ဖေဖေ... အိပ်တော့။ ဖေဖေ...” ရှမ့်မီက ကလေးသံလေးနှင့် ပြောသည်။

ပင်းအာက ရှမ့်ယီကို ခေါ်မလာရဲချေ။ သူမ၏ ယောက်ျားက ယခုအချိန်ထိ ထိုကလေးကို မမြင်ချင်မှန်း သူမ သိထားသောကြောင့်ပင်။

“ကောင်းပြီ။ ဖေဖေ အိပ်တော့မယ်နော်”

ပြီးနောက် ရှမ့်လန်က သူ့အခန်းထဲသို့ ပြန်သွားပြီး နှစ်ခြိုက်စွာ အိပ်၏။ သူ အိပ်ဖို့ လိုအပ်နေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆေးပညာရှုထောင့်မှ ကြည့်ရှုလျှင် မူလန်ကို ကယ်တင်ရန် တခြားနည်းလမ်း မရှိတော့သောကြောင့်ပင်။ တခြားရှုထောင့်တစ်ခုခုမှ စဉ်းစားရန် လိုအပ်၏။ ယခုအချိန်တွင် သူက ကြည်လင်၊ ပြတ်သားသည့် ဦးနှောက်စွမ်းရည်တစ်ခုကို အထူးလိုအပ်နေ၏။

ရှမ့်လန် အိပ်ပျော်သွားခဲ့ပြီးနောက် ပင်းအာက ရှမ့်ယီကို ပွေ့ချီလာခဲ့ပြီး မူလန်၏ ရင်ခွင်ထဲသို့ ထည့်ပေး၏။ သူမက ငိုကြွေးကာဖြင့် ပြောဆိုလိုက်၏။

“သခင်မလေး... ကျေးဇူးပြုပြီး ထလာပါတော့။ သခင်မလေး နိုးမလာရင် ယောက်ျား ဒုက္ခရောက်တော့မယ်။ ယောက်ျား ဒုက္ခရောက်ရင် ကျွန်မတို့ မိသားစုတစ်ခုလုံး ပျက်စီးပါလိမ့်မယ်။”

...................

နာရီ ၂၀ လုံးလုံး အိပ်ပျော်ပြီးနောက် ရှမ့်လန်က နိုးထလာ၏။ သူက စိတ်ကူးသစ်တစ်ခုကို ရရှိလာ၏။ ရှမ့်ယီတွင် ရွှေရောင်သွေးမျိုးဆက် ရှိသောကြောင့် ကြီးထွားလာရန် စွမ်းအင်အများအပြား လိုအပ်၏။ ထိုစွမ်းအင်ကို မိခင်ထံမှ အကုန်အစင် စုပ်ယူလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့နှင့် မူလန်၏ အသက်စွမ်းအင်များကို စုပ်ယူခဲ့၏။ ထို့ကြောင့် မွေးဖွားလာပြီးနောက် မူလန်က အသက်စွမ်းအင်အားလုံး ကုန်ဆုံးကာ အဆုံးမဲ့ အိပ်စက်ခြင်း အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ကံကောင်းသည်က နောက်ဆုံးအချိန်တွင် ရှမ့်လန်က အပ်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက ကလေးငယ်က မိခင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေပြီး အသက်စွမ်းအင်များကို နောက်ဆုံးအချိန်ထိ စုပ်ယူနေပေလိမ့်မည်။ ထို့ကြောင့် မူလန်က ရှည်လျားစွာ အိပ်ပျော်သွားရုံသာ ဖြစ်ခဲ့၏။ လောကကြီးမှ အပြီးအပိုင် ထွက်ခွာသွားခြင်း မဟုတ်သေးချေ။

ရှမ့်လန်က မူလန်ကို ကယ်တင်ချင်သည် ဆိုပါက ယခင်မေးခွန်းဆီသို့ ပြန်သွားရပေမည်။ သွေးမျိုးဆက် အကြောင်းကို စဉ်းစားရန် လို၏။ ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် သူက မူလန်၏ သွေးမျိုးဆက် ပါရမီကို ပြောင်းလဲပေးပြီး သူမအား အစွမ်းထက်သည့် စွမ်းအင်များကို ပြန်လည်ပေးအပ်ရမည်။ ထိုမှသာ သူမက ပြန်လည်နိုးထလာနိုင်မှာ ဖြစ်၏။ ထိုသို့ဆိုလျှင် သွေးမျိုးဆက် ပြောင်းလဲခြင်းဖြင့်သာ ပြုလုပ်နိုင်ပေမည်။ ထို့ကြောင့် သူက ယခင်စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ရပေမည်။

ရှမ့်လန်က စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်ရန် မူလန်၏ သွေးကို ထုတ်ယူ၏။ သူတွေးနေသည်က မူလန်က ရွှေရောင်သွေးမျိုးဆက် ကလေးကို မွေးဖွားခဲ့ပြီးနောက် ဗလာသွေးမျိုးဆက်အဖြစ်သို့ ပြောင်းလဲသွားမလား ဟူ၍ပင်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက အရာအားလုံး လွယ်ကူသွားပေလိမ့်မည်။

သို့သော်ငြား နောက်ဆုံးအချိန်တွေမှာတော့ သူက အကြီးအကျယ် စိတ်ပျက်ခဲ့ရ၏။ ရှမ့်ယီလေးကို မွေးဖွားပြီးနောက် မူလန်၏ သွေးမျိုးဆက်စွမ်းရည်များက ပြောင်းလဲသွားခဲ့၏။ မူလက ရှမ့်လန်၏ X-Ray အမြင်အောက်တွင် ဤသွေးမျိုးဆက် အစိတ်အပိုင်းများက တောက်ပနေခဲ့၏။ အခုအခါမှာတော့ အလင်းရောင်များက မှေးမှိန်သွားခဲ့ပြီး အချိန်မရွေး ငြိမ်းသွားမည့်အလားပင်။

သို့သော်ငြား မူလန်၏ သွေးမျိုးဆက် ပါရမီကမူ ပြောင်းလဲခြင်း မရှိပေ။ အားနည်းခြင်းသာ ရှိနေ၏။ ခရမ်းရောင်သွေးမျိုးဆက် ပါရမီအတိုင်းသာ ရှိနေ၏။ ရှမ့်လန်က မူလန်၏ သွေးနမူနာကို အနိမ့်ဆုံးအဆင့် ရွှေရောင်သွေးမျိုးဆက် ပိုးကောင်ထဲသို့ ထိုးထည့်ရန် ကြိုးစားကြည့်၏။ နောက်ဆုံးမှာတော့ မူလန်၏ သွေးထဲရှိ မှေးမှိတ်နေသည့် သွေးစွမ်းအင်၏ အစိတ်အပိုင်းများက ရုတ်တရက် လင်းလက်လာ၏။ ပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။

တခဏအတွင်း သွေးများက ဆူပွက်သကဲ့သို့ ဖြစ်သွား၏။ ဘာမှမပြောင်းလဲပေ။ ယခင်အတိုင်းသာလျှင် ဖြစ်၏။ ဗလသွေးမျိုးဆက် ပိုင်ရှင်များမှ လွဲ၍ အခြားသောသူများက သွေးမျိုးဆက် ပြောင်းလဲခြင်းကို လုံးဝ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ရလဒ်က ပေါက်ကွဲပြီး သေဆုံးခြင်းသာ ရှိသည်။

ရှမ့်လန်က အလုံးစုံ ရူးသွပ်လုနီးပါး ဖြစ်နေ၏။ သူက စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး စမ်းသပ်မှုအသစ် တစ်ခုကို ထပ်မံကာ စတင်၏။ သူက အချိန်နှင့်အပြိုင် အနိုင်ပိုင်းရန် စဉ်းစားထား၏။ တွက်ချက်မှုပေါင်း များစွာကို ပြုလုပ်ပြီး မူလန်၏ အားနည်းနေသည့် နှုန်းထားကို ထည့်သွင်းစဉ်းစားလျှင် သူမ၌ ရက် ၅၀ ခန့်သာ အချိန် ကျန်ရှိပေတော့မည်။

အပိုင်း (၆၀၈)

အကယ်၍ ရှမ့်လန်သာ ရက်ပေါင်း ၅၀ အတွင်း သူမကို ကယ်တင်ရန် နည်းလမ်း မရှာဖွေနိုင်ခဲ့ပါက သူမနှင့် ထာဝရ ခွဲခွာရပေတော့မည်။ ရှမ့်လန်ကို စောင့်ကြိုနေသည်က စိတ်ပိုင်းဆိုင်ရာအရ အလုံးစုံ လဲပြိုပျက်စီးမှုသာ ဖြစ်ပေလိမ့်မည်။

ရှမ့်လန်၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အလွန်အားကောင်း၏။ လူပေါင်း သောင်းချီ သေဆုံးမှုကိုပင်လျှင် လုံးဝ လျစ်လျူရှုထားနိုင်သူ တစ်ယောက်ပင်။

သို့သော်ငြား သူ၏ စိတ်ခံစားမှုက တစ်ဖက်စွန်းတွင် တကယ့်ကို ဆတ်ဆတ်ထိ မခံနိုင်အောင် နုပျိုလွန်း၏။ မူလန် ထွက်ခွာသွားသည်နှင့် သူ၏ အတွင်းစိတ်တစ်ခုလုံး ပျက်စီးရန် လုံလောက်၏။ “

ငါ မူလန်ကို ကယ်ရမယ်။ ငါ မူလန်ကို ကယ်ကို ကယ်ရမယ်။ ဘယ်လောက်ကြီးပဲ ပေးဆပ်ရပါစေ။ ဘယ်လို အကျိုးဆက်တွေပဲ ဖြစ်လာပါစေ။ ငါ မူလန်ကို ကယ်ရမယ်”

...................

နောက်ဆယ်ရက်အတွင်း ရှမ့်လန်က အိမ်ထဲမှ ခြေတစ်လှမ်း အပြင်မထွက်ခဲ့ချေ။ သူက နေ့စဉ် နာရီ ၂၀ ကြာ စမ်းသပ်မှုများကို ပြုလုပ်ပြီး ကျန်ရှိသော ၄ နာရီတွင် စားသောက်ခြင်း၊ မစင်စွန့်ခြင်းနှင့် အခြားကိစ္စရပ်များကို လုပ်ဆောင်၏။ မည်သူမှ သူ့ကို မတွေ့ရသလောက်ပင်။ သူ စမ်းသပ်မှုများ လုပ်နေချိန်တွင် မည်သူမှ ရှိနေရွေ့ မရပေ။

နေ့တိုင်း ပင်းအာက သူ့အတွက် အစားအစာ လာပို့၏။ ၂ ရက်တစ်ခါ အိပ်ပျော်နေစဉ်မှာ သူမက ရေချိုးပြီး အဝတ်အစား လဲပေး၏။

ရွှမ်ဝူအိမ်တော်တစ်ခုလုံးတွင် အပြုံးဟူ၍ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

မကြာခင်မှာပဲ ကျင်းမူလန် မွေးဖွားပြီးနောက် သတိလစ် မေ့မျောသွားသည် ဆိုသော သတင်းက ပျံ့နှံ့သွား၏။

ပုံမှန်အတိုင်း လူပေါင်းများစွာတို့က ထိုသတင်းကို ကြားရတော့ အောင်ပွဲခံ၏။ ထိုအရာက ရှမ့်လန်အတွက် ဝဋ်လည်ခြင်းပင်။ ရှမ့်လန်နှင့် ထိုက်တန်၏။ ကျင်းမူလန် ဤအတိုင်း သေဆုံးသွားလျှင် အကောင်းဆုံးဟု အားလုံးသောသူတို့က ဆိုကြသည်။

ကောင်းကင်တာအိုအဖွဲ့အစည်းမှ ဆေးဘက်ဝင် အပင်နှင့် ရှားပါးပစ္စည်းများကို အဆက်မပြတ် ပေးပို့ဖို့၏။ သို့သော်ငြား အသုံးမဝင်ခဲ့ချေ။

ဘုရင်မင်းမြတ်က သိရှိ၏။ သို့ပေမည့် သမားတော်ကို မလွှတ်ပေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အသုံးမဝင်မှန်း သူ သိရှိသောကြောင့်ပင်။ ရှမ့်လန်က လောကတွင် အတော်ဆုံး သမားတော် ဖြစ်၏။ သူက သမီးဖြစ်သူ နင်ဟန်ထံ အလွန် နှိမ့်ချသည့် လေသံဖြင့် စာရေး၏။ ဖခင်ဖြစ်သူ၏ မျက်နှာကို ထောက်ထား၍ ကောင်းကင်ပင်လယ်နန်းဆောင်မှတဆင့် ကျင်းမူလန်ကို ကယ်တင်ပေးရန် တောင်းဆိုခြင်းပင်။

ရက်အနည်းငယ်ကြာမှတော့ နင်ဟန်က စာပြန်လာ၏။ “သမီးက... ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အလိုဆန္ဒကို မဆန့်ကျင်နိုင်ပါဘူး။ ကျင်းမူလန်ကို ကယ်တင်ဖို့ အစီအစဉ် မရှိပါဘူး။”

ထိုစာကိုလက်ခံပြီးနောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။ ဘုရင်မင်းမြတ်က ကုတင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချမိ၏။ သူ၏ ခန္ဓာကိုယ်မှ ပါကင်ဆန်ရောဂါက ပြင်းထန်စွာ ဖောက်လာသကဲ့သို့ သူ၏လက်များက တုန်ယင်လာခဲ့သည်။

ဤအချိန်မှာတော့ သူက အရာများစွာကို တွေးမိ၏။ ပထမဦးဆုံးအားဖြင့် သူ၏ ပထမဇနီး သည် အူရောင်ငန်းဖျားရောဂါဖြစ်ပြီး မည်သူမှ မကယ်နိုင်သည့် အခြေအနေတွင် မည်မျှ စိတ်ပျက်အားငယ်ခဲ့ရသနည်း။ ယခုအချိန်တွင် ရှမ့်လန်၏ စိတ်အခြေအနေကလည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သူ ယုံကြည်မိ၏။

မဟုတ်သေးချေ၊ ရှမ့်လန်၏ စိတ်အခြေအနေက ပိုမို နာကျင်စွာ ခံစားရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏မိန်းမအပေါ်တွင်ထားသည့် ရှမ့်လန်၏ ချစ်ခြင်းမေတ္တာက ပိုမို နက်ရှိုင်းသလို ပိုမိုလည်း မာန်မာနကြီးသောကြောင့်ပင်။

မိဖုရားကြီးပျံ့က ဘုရင်မင်းမြတ်၏ လက်များကို ဆုပ်ကိုင်ပေးလျက် ရှိသည်။ “အရှင် စိတ်မဆိုးပါနဲ့”

အတန်ကြာပြီးသည့်နောက် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ဝမ်းနည်းပက်လက်ဖြင့် မချိပြုံး ပြုံးလိုက်၏။ “မိန်းမ... တကယ်တော့ ငါ သမီးတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာ ကြာပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူ တစ်ခါပဲ ပြန်လာခဲ့တယ်။ ထီးနန်းလုပွဲမှာ ဝင်မပါဖို့ ရှမ့်လန်ကို သတိပေးချင်လို့ ပြန်လာခဲ့တာ။ သူ့ရဲ့ နှလုံးသားထဲမှာ အဖေဆိုတဲ့ ငါ မရှိတော့ဘူး။ ဒါကို သိရက်သားနဲ့ ငါ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေမိတာပဲ”

ပြီးနောက် နင်ယွမ်ရှန်းက မည်သို့မှ မထိန်းတော့ဘဲ ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးမိသည်။ “မိန်းမ... ငါတို့က ဘာလို့ ကလေး မရကြတာလဲ”

နင်ယွမ်ရှန်းက ပြင်းပြင်းထန်ထန် ငိုကြွေး၏။ နင်ယီက စိတ်ပျက်စရာကောင်းသလို တတိယမင်းသား နင်ချီကလည်း ကျုံးကလန်နှင့် ရွှယ်ကလန်တို့၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်သာ မှတ်ယူရ၏။

မိဖုရားကြီးပျံ့က ညင်သာစွာဖြင့် နှစ်သိမ့်ပေးသည်။ “အရှင်... ကျွန်မတို့မှာ နင်ကျန်း ရှိသေးတယ်။ သူက ကလေးကောင်းလေး တစ်ယောက်ပါပဲ။ ပြီးတော့ ကျွန်မတို့ဆီမှာ နင်ယန်လည်း ရှိသေးတယ်။ သူက သိပ်ပြီး ဦးနှောက်မကောင်းပေမယ့် ကလေးကောင်းလေး တစ်ယောက်ပဲ။ ပြီးတော ရှမ့်လန်ဘက်ကိုလည်း စိတ်ချထား။ ရှမ့်လန်က အံ့ဖွယ်ရာတွေကို ဘယ်လောက်များများ ဖန်တီးနိုင်ခဲ့လဲ။ သူက အရာရာကို လုပ်နိုင်စွမ်း ရှိတယ်။ သူ သူ့မိန်းမကို သေချာပေါက် ကယ်တင်နိုင်မှာပါ”

သို့သော်ငြား ဘုရင်မင်းမြတ်က သူ၏ ဝမ်းနည်းပူဆွေးမှုကို မရပ်တန့်နိုင်ခဲ့ချေ။ မျက်ရည်များ အဆက်မပြတ် စီးကျနေ၏။

..................

မူလန်က အချိန်ကြာမြင့်စွာ အိပ်ပျော်နေခဲ့သည်မှာ လဝက်ကျော်ကြာပြီ ဖြစ်၏။ ရှမ့်လန်က အနားမယူ၊ မအိပ်စက်သော်လည်း ဘာမှမလုပ်နိုင်သေးချေ။ သူက ပို၍ ဉာဏ်ကောင်းလာမလားဟု တွေးကာ သူ၏ခေါင်းကို တူဖြင့် ထုခွဲချင်စိတ် ပေါက်သည်။

ဤအချိန်မှာပဲ အိမ်ရှေ့စံ၏ ကိုယ်စားလှယ် ကျိုးကျောင်းရန် ရောက်လာ၏။ “ရှမ့်လန်... ကျွန်မတို့ သဘောတူညီမှု တစ်ခု လုပ်ရအောင်”

ရှမ့်လန်က ပြောလိုက်သည်။ “ပြော”

ကျိုးကျောင်းရန်က ပြောလိုက်၏။ “နာကျည်းမှုကို ပေး။ နိဗ္ဗာနတပ်သား ၂၃၀၀ ကို အိမ်ရှေ့စံမင်းသားဆီ ပေး။ ပြီးတော့ သွေးမျိုးဆက်မရှိသူတွေကို ပြုပြင်ပြောင်းလဲပေးခဲ့တဲ့ ဆေးဝါးတွေကို ကျွန်မတို့ကို ပေး။ အိမ်ရှေ့စံမင်းသားက ရှင့်အတွက် မင်းသမီးနင်ဟန်ကို အသနားခံပြီး ကျင်းမူလန်ကို ကယ်တင်ပေးဖို့ ကောင်းကင်ပင်လယ်နန်းဆောင်ဆီ တောင်းဆိုပေးလိမ့်မယ်”

ရှမ့်လန်၏ မျက်နှာက မဲ့ရွဲ့သွားခဲ့၏။

ကျိုးကျောင်းရန်က ပြောလိုက်သည်။ “ရှင် မသိသေးဘူးနဲ့တူတယ်။ ဘုရင်မင်းမြတ်က မင်းသမီးနင်ဟန်ဆီကို စာရေးပြီး ရှင့်မိန်းမကို ကယ်တင်ပေးဖို့ တောင်းဆိုပေမယ့် ငြင်းပယ်ခံရတယ်။ ဒါပေမယ့် အိမ်ရှေ့စံမင်းသား တောင်းဆိုမယ်ဆိုရင် မင်းသမီးနင်ဟန်က သဘောတူလိမ့်မယ်။”

ရှမ့်လန်က စကားမပြောသေးချေ။

ကျိုးကျောင်းရန်က ပြောလိုက်၏။ “ရှမ့်လန်... သေချာစဉ်းစားအုံးနော်။ ကျင်းမူလန်မှာ အချိန် သိပ်မကျန်တော့ဘူး။ ကျင်းမူလန်ကို အရမ်းချစ်တယ် မဟုတ်လား။ ရှင့်ရဲ့စိတ်ထဲမှာ ကျင်းမူလန်ရဲ့ အသက်က နိဗ္ဗာနတပ်သား ၂၀၀၀ ကျော်လောက်တောင် အရေးမကြီးဘူးလား။ သွေးမျိုးဆက် ပြောင်းလဲနိုင်တဲ့ ဆေးတွေလောက်တောင် အရေးမကြီးဘူးလား။ ရှင် ကျင်းမူလန် သေသွားတာကို ဒီတိုင်း ကြည့်နေတော့မှာလား”

ရှမ့်လန်က ရုတ်တရက် မတ်တပ်ထရပ်ပြီး ကျိုးကျောင်းရန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ “သူ့ကို သတ်လိုက်။ ဒီခွေးမကို သတ်လိုက်စမ်း”

တခဏအတွင်းမှာပင် ဓားဘုရင် လီချင်းချိုးက ဓားကို ဆွဲထုတ်လိုက်၏။ ယခုအချိန်မှာတော့ သူနှင့် ရှမ့်လန်တို့၏ ဆက်ဆံရေးက အလွန်နက်ရှိုင်းနေပြီဖြစ်၏။ ရှမ့်လန်၏ နာကျင်မှုကို သူကိုယ်တိုင် ကိုယ်ချင်းစာနိုင်၏။ ဒုတိယ စကားမဆိုဘဲ သူ သတ်ဖြတ်ရန် ပြင်လိုက်၏။

သို့ပေမည့် နောက်တစ်စက္ကန့် အတွင်းမှာပဲ မဟာပညာရှင် နှစ်ယောက် ပေါ်လာ၏။ ပြီးခဲ့သည့် တစ်ကြိမ်က တိုက်ခိုက်ခဲ့ဖူးသည့် ယင်ယွမ်အဖွဲ့အစည်းမှ မဟာပညာရှင် နှစ်ယောက်ပင်။ ကျိုးကျောင်းရန်၏ ဘေးတွင် အမြဲတမ်း ရှိနေတတ်သည့် ထိပ်တန်းသိုင်းပညာရှင် လေးယောက် ရှိ၏။ ထိုသူတို့ ခြောက်ဦးက ကျိုးကျောင်းရန်ကို အလယ်တွင် ထားကာ ကာကွယ်လိုက်ကြသည်။

“ရှမ့်လန်... သေချာစဉ်းစားအုံးနော်။ ကျင်းမူလန်မှာ အချိန်သိပ်မကျန်တော့ဘူး။” ကျိုးကျောင်းရန်က အေးစက်စက်နှင့် ပြောလိုက်၏။

ရှမ့်လန်က တည်ငြိမ်စွာပဲ ပြောလိုက်သည်။ “ကျုပ်မိန်းမသာ ကျုပ်ကို ထားခဲ့မယ်ဆိုရင် သူ့အတွက် အဖော်ပြုဖို့ ကျုပ် လူတစ်သန်းလောက်ကို စတေးပစ်မယ်”

“ဟား ဟား ဟား...” ကျိုးကျောင်းရန်က ထွက်ခွာသွား၏။ လူတစ်သန်းကို သတ်မည်တဲ့လား။ ရှမ့်လန်... ကိုယ့်ကိုကိုယ် နတ်ဘုရားတစ်ပါးလို ထင်နေလေသလား။

...................

မူလန် သတိလစ်မေ့မြောနေသည်မှာ ၁၇ ရက်မြောက်သည့်နေ့။ တိုးတက်မှုတချို့ ရှိလာ၏။ ရှမ့်လန်၏ စမ်းသပ်မှုကြောင့် မဟုတ်ဘဲ အခြားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သောကြောင့်ပင်။

ကောင်းကင်ပင်လယ် နန်းဆောင်မှ လူနှစ်ဦး ရောက်ရှိလာခဲ့၏။ သူတို့နှစ်ဦးက ပညာရှင်နှစ်ဦးပင်။ “သခင်မလေးက ခင်ဗျားရဲ့ မိန်းမကို ကြည့်ရှုစစ်ဆေးပေးဖို့ ကျုပ်တို့ကို လွှတ်လိုက်တာပါ”

“သခင်မလေး... ဘယ်သူလဲ။ မင်းသမီးနင်ဟန်လား။”

သူမက ငြင်းပယ်လိုက်ပြီ မဟုတ်ပါလား။ မည်သို့ပင် ဆိုစေကာမူ ရှမ့်လန်က ကောင်းကင်ပင်လယ် နန်းဆောင်မှ ပညာရှင်နှစ်ဦးကို ကျင်းမူလန်နှင့် တွေ့ဆုံခွင့်ပေး၏။ ပညာရှင်နှစ်ဦးက ကျင်းမူလန်၏ သွေးခုန်နှုန်းကို စမ်းသပ်၏။ သူမ၏သွေးကို သေချာချာ စစ်ဆေး၏။ သို့သော်ငြား မည်သည့် မှတ်ချက်ကိုမှ မပေးချေ။

“ကျုပ်တို့... ခင်ဗျားရဲ့ သားကို စစ်ဆေးဖို့လိုတယ်”

ပညာရှင် နှစ်ဦးက ပြောသည်။ “ဒါက ခင်ဗျားရဲ့ ဇနီးကို ကယ်တင်ဖို့ အရမ်း အရေးကြီးတယ်”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ “ခဏလောက် စောင့်ပါ။”

ပြီးနောက် သူ ပင်းအာရဲ့ အခန်းသို့ သွား၏။ သူမက ရှမ့်ယီကို စောင့်ရှောက်သည့် သူတစ်ယောက် ဖြစ်၏။ သူမတွင် ကလေးတစ်ယောက် ရှိနှင့်နေပြီဖြစ်ရာ ယခုနှစ်ယောက်လုံးကို ကြည့်ရှုစောင့်ရှောက်ရ၏။ ထို့ပြင် သူမ၏နားတွင် ကူညီပေးမည့် လူပေါင်းများစွာ ရှိသေးသည်။

ဤသည်က ရှမ့်လန် ကလေးငယ် ရှမ့်ယီကို ကိုယ်တိုင်သွားရောက် ကြည့်ရှုသည့် ပထမဦးဆုံးအကြိမ် ဖြစ်၏။ ၁၇ ရက် ကုန်လွန်ခဲ့ပြီ ဖြစ်သောကြောင့် ရှမ့်ယီက တကယ်ပင် ကြီးထွား၏။ လက်ကလေးများကို ခေါင်းအောက်တွင် ထားကာ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ရှမ့်မီက သူ့မောင်လေး၏ ဘေးတွင် အိပ်နေ၏။

ရှမ့်လန်က ကလေးငယ် ရှမ့်ယီ၏ သွေးမျိုးဆက်ကို စစ်ဆေးရန် X-Ray အမြင်ကို အသုံးပြု၏။ ပြီးနောက် ပိုမို တုန်လှုပ်စရာ ကောင်းသည့် အရာတစ်ခု ဖြစ်သွားခဲ့၏။ ကလေးငယ် ရှမ့်ယီ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်သွေးမျိုးဆက် စွမ်းအင်များက လုံးဝပျောက်ကွယ်သွား၏။ လုံးဝ ခြေရာလက်ရာမကျန် ပျောက်ကွယ် သွားခဲ့ခြင်းပင်။

“ဒါ အရမ်းထူးဆန်းတာပဲ။ ပင်းအာ... ဒီတောအတွင်း ရှမ့်ယီကို ဘယ်သူတွေ ကိုင်သေးလဲ”

ပင်းအာက ခေါင်းခါယမ်းလိုက်၏။ “မကိုင်ပါဘူး။ သူ့အဘွားနှစ်ယောက်နဲ့ ကျွန်မပဲ သူ့ကို ပွေ့ချီတာပါ။”

“ဘယ်သူမှ သူ့နား မကပ်ခဲ့ဘူး” နှင်းတောင်သခင်မကလည်း ဘေးတစ်ဖက်မှ ပြောသည်။

ရှမ့်လန်က ထိတ်လန့်သွား၏။ ဤကလေးက ရွှေရောင်သွေးမျိုးဆက်နှင့်‌ မွေးဖွားလာခဲ့သူ ဖြစ်သော်လည်း တစ်နေ့တွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ခြင်းပင်။ သူက သွေးမျိုးဆက်ကို မမြင်ရချေ။ သွေးမျိုးဆက် လုံးဝ မရှိသကဲ့သို့ပင်။

“သူ ပုံမှန်ဆို ဘယ်လိုတုံ့ပြန်သလဲ။ ငိုင်နေတတ်လား။ အားမရှိသလို ဖြစ်နေတတ်လား” ရှမ့်လန်က မေးလိုက်၏။

ပင်းအာက ငိုချလိုက်သည်။ “ယောက်ျား… ကလေးကို ဘာလို့ အဲလို ပြောရတာလဲ။ သခင်မလေး ဘာဖြစ်သွားလဲ ဘယ်သူမှ မသိဘူး။ ဒါကလေးပေါ် ပုံချလို့ မဖြစ်ဘူး။ ကျွန်မတို့ ကလေးလေးက အရမ်းကို လိမ်မာတယ်။ သွားလက်တယ်။ ညဏ်ကောင်းတယ်။ ပြီးတော့ သန်လည်း သန်မာတယ်”

ရှမ့်ယီက နိုးလာ၏။ သူက နှုတ်ခမ်းကို ထော်ပြီး အော်ဟစ်ငိုယိုနေ၏။ သူ၏ မျက်လုံးကြီးများနှင့် ဟိုဒီကြည့်တော့ ပထမ ရှမ့်လန်ကို တွေ့၏။ ပြီးနောက် ပင်းအာကို ကြည့်၏။ သူ၏ ခြေတံ၊ လက်တံများကို ပင်းအာဘက်သို့ ဝှေ့ယမ်းကာဖြင့် ကျယ်လောင်စွာ ငိုကြွေး၏။ တကယ့်ကို သန်မာလွန်း၏။ ၁၇ ရက်သား ကလေးတစ်ယောက်က အဘယ်ကြောင့် ဤသို့ သန်မာရသနည်း။ ဉာဏ်ကောင်းသည့် ကလေး တစ်ယောက်လည်း ဖြစ်ပေမည်။

ပင်းအာက ကလေးငယ် ရှမ့်ယီကို ပွေ့ချီ၏။ ရှမ့်လန် ထံသို့ ပေးလိုက်၏။ “ကြည့်အုံး... ကျွန်မတို့ ရှမ့်ယီလေးက အရမ်းကို လိမ်မာပြီး ချစ်ဖို့ကောင်းတယ်။ ဖေဖေ သူ့ကို ချီလိုက်ပါ”

ရှမ့်လန်က လက်မလှမ်းလာခဲ့ချေ။ သူက ပင်းအာကို ပြောလိုက်သည်။ “သူ့ကို ချီပြီး ငါ့နောက်လိုက်ခဲ့။”

ကလေးငယ် ရှမ့်ယီက ရှမ့်လန်၏ အေးစက်မှုကို အာရုံခံမိ၏။ ထို့ကြောင့် ပိုမိုကျယ်လောင်စွာ အော်ဟစ်ငိုကြွေး၏။

ပင်းအာက ဤသည်ကို မြင်ချိန်မှာတော့ ကလေးကို အလျင်အမြန်ပင် ချော့မြူရ၏။ သူမ၏ နှလုံးသားများက နာကျင်နေခဲ့၏။ ဤအရာက ကလေးလေး၏အပြစ်ဟု သူမက မထင်ချေ။ ရှမ့်ယီက ကလေးလေး တစ်ယောက်သာ ရှိနေသေးသည် မဟုတ်ပါလား။

..................

“ဒါက မူလန်ရဲ့ ကလေးပဲ” ရှမ့်လန်က ပြောလိုက်သည်။

ကောင်းကင်ပင်လယ် နန်းဆောင်မှ ပညာရှင်နှစ်ဦးတို့၏ မျက်လုံးများက အရောင်ပင် တောက်လာခဲ့၏။ သူတို့က ကလေးငယ် ရှမ့်ယီကို စစ်ဆေးရန် အလျင်အမြန်ပင် ရှေ့တိုးတိုး၏။

သို့သော်ငြား ပင်းအာက နောက်သို့ တစ်လှမ်းဆုတ်၏။ “ကလေးကို မထိနဲ့။ မိဘနဲ့ အဘိုး၊ အဘွားတွေကလွဲရင် ဘယ်သူမှ ထိလို့မရဘူး”

ပင်းအာက ဤကလေးငယ်လေးကို ကာကွယ်နေသည့် သားရဲမိခင်ကြီး တစ်ယောက်ကဲ့သို့ပင်။

ကောင်းကင်ပင်လယ် နန်းဆောင်မှ ပညာရှင်နှစ်ဦးက ခြေလှမ်းဝက်ခန့် နောက်ပြန်ဆုတ်၏။ ပေအနည်းငယ် အကွာမှ ရှမ့်ယီကို အကဲခတ်နေ၏။ ပြီးနောက် နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း စကားပြောဆိုနေ၏။ သူတို့၏ မျက်လုံးများတွင် ရှမ့်ယီ၏ မျက်ဝန်းများ၊ အရေပြားနှင့် ခန္ဓာကိုယ်ထဲတွင်သာ စွဲစွဲမြဲမြဲ ကြည့်ရှုနေ၏။ တစ်စုံတစ်ခု ရှာဖွေနေသကဲ့သို့ပင်။

ခဏကြာပြီးနောက် ပညာရှင်နှစ်ဦးက ပြောလိုက်၏။ “လူကြီးမင်း ရှမ့်လန်... ကျုပ်တို့ ဒီကလေးဆီက သွေးနည်းနည်းလောက် ယူလို့ရမလား”

“မရဘူး” ပင်းအာက ပြတ်သားစွာ ပြောလိုက်သည်။

ရှမ့်လန်က ခဏလောက် စဉ်းစား၏။ ပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကျုပ်ဘာသာကျုပ် လုပ်မယ်”

ပြီးနောက် သူက အပ်တစ်ချောင်းကို ထုတ်ယူပြီး ကလေးငယ် ရှမ့်ယီ၏ လက်မောင်းကို ဖောက်၏။ ထိုအချိန်မှာတော့ ကလေးငယ် ရှမ့်ယီက ငိုနေခြင်းအား ရပ်တန့်လိုက်ပြီး နှုတ်ခမ်းလေးကို စူပုတ်ကာ တကယ်နာသွားဟန်ဖြင့် ရှမ့်လန်ကို သနားစဖွယ် ကြည့်ရှုနေ၏။ ဤကလေးက ၁၇ ရက်သား ကလေးနှင့် မတူချေ။

ရှမ့်လန်က သွေးနည်းငယ် ယူလိုက်၏။ ပြီးနောက် သူက X-Ray အမြင်ဖြင့် သေချာစွာ စစ်ဆေးပြီးမှ ကောင်းကင်ပင်လယ် နန်းဆောင်မှ ပညာရှင်နှစ်ဦးဆီသို့ ကမ်းပေးလိုက်၏။

“ခင်ဗျားတို့ ဒီမှာတင် စစ်ဆေးလို့ ရတယ်။ ဒါပေမယ့် ယူသွားလို့ မရဘူး” ရှမ့်လန်က ပြောလိုက်သည်။

ပညာရှင်နှစ်ဦးက ခေါင်းညိတ်ပြီး စစ်ဆေးရာအတွက် ဆေးဝါးမျိုးစုံကို ထုတ်ယူ၏။ သူတို့၏ စိတ်လှုပ်ရှားမှုက တဖြည်းဖြည်းနှင့် ပြောင်းလဲသွားခဲ့ကြ၏။ စိတ်ပျက်ခြင်း အခြေအနေဆီသို့ ပြောင်းလဲသွားသကဲ့သို့ပင်။ ပြီးနောက် နှစ်ယောက်စလုံးက အေးစက်သွားခဲ့၏။ သူတို့က လက်မလျှော့ချင်သေးဘဲ နောက်ထပ် စစ်ဆေးကြပြန်၏။ ပြီးနောက် သူတို့က ရှမ့်လန်ကို ရလဒ်တစ်ခု ပေး၏။

“ကျုပ်တို့ စိတ်မကောင်းပါဘူး။ လူကြီးမင်းရှမ့်... ကျုပ်တို့ လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူး။ ခင်ဗျားရဲ့ မိန်းမကို ကယ်တင်ဖို့ ကျုပ်တို့ မတတ်နိုင်တော့ပါဘူး။ နှုတ်ဆက်ပါတယ်”

ပြီးနောက် ထိုပညာရှင် နှစ်ဦးက မည်သည့် စကားမှ မဆိုတော့ဘဲ ထွက်ခွာသွားသည်။

ရှမ့်လန်က ပြောလိုက်၏။ “သူ့ကို ပြန်ခေါ်သွားလိုက်တော့”

ပင်းအာက ပြောလိုက်သည်။ “ယောက်ျား... ကျွန်မ တောင်းပန်ပါတယ်။ ရှမ့်ယီကို တစ်ခါလောက်ပဲ ဖက်လိုက်ပါအုံး။ တစ်ခါလေးပါပဲ။ တစ်ခါလောက်ပဲ ချီပေးပါအုံး။”

ကလေးငယ်လေး ရှမ့်ယီက ဝိုင်းစက်ပြီး ချစ်စရာကောင်းသည့် မျက်လုံးဝိုင်းကြီးများဖြင့် ရှမ့်လန်ကို ကြည့်ရှု၏။ ရှမ့်လန်က သက်ပြင်းချပြီး ကလေးကို ပွေ့ဖက်လိုက်၏။ နောက်ဆုံးမှာတော့ ကလေးက ဖောင်းကားလျက် ရှိနေသည့် လက်လေးဖြင့် ရှမ့်လန်၏ နှာခေါင်းတည့်တည့်ကို ကုတ်ခြစ်လိုက်၏။

“ဒီခွေးလေး ...”

ဤကောင်လေးက တကယ်ပင် မူလန်ကိုလည်း နှိပ်စက်ခဲ့၏။ စိတ်ခံစားချက်အရ ပြောရမည်ဆိုလျှင် ရှမ့်လန်က သူ့ကို အပြစ်တင်မိသည်မှာ သဘာဝပင်။ သို့သော်ငြား အတိုင်းအတာတစ်ခုထိတော့ သူက အပြစ်ကင်းစင်သည့် ကလေးတစ်ယောက် ဖြစ်၏။ ဘာမှမသိဘဲ သဘာဝဗီဇအရ ပြုမူခဲ့ခြင်းသာ ဖြစ်သောကြောင့်ပင်။

...................

All Chapters