← Chapters

အခန်း (၆၂၁-၆၂၂)

Vol. 40 Ch. 621-622

အခန်း (၆၂၁-၆၂၂)

Vol. 40 Ch. 621-622

အပိုင်း (၆၂၁)

ဘုန်းကြီးအိုကြီး ကျိမင်က ပြော၏။ “ဒီနေ့ ဖြစ်ပျက်သမျှကိစ္စ အားလုံးကို ဒကာကြီးရှမ့် ဘယ်လိုမြင်လဲ။”

ရှမ့်လန်က ပြောလိုက်၏။ “သိပ်ပြီး ထက်မြက်လွန်းတာတော့ မကောင်းပါဘူး။ အထူးသဖြင့် လောကီသား ဒေသခံတစ်ယောက် အတွက်ပေါ့။ ကြွားဝါရတာ ကြိုက်တဲ့ လူတွေက ကံဆိုးတတ်တယ်တဲ့။ ဒီနေ့ ကျုပ် နှစ် တစ်ထောင် သက်တမ်းရှိတဲ့ ပုစ္ဆာတစ်ခုကို ဖြေရှင်းပြီး ရှေးဟောင်းအမွေအနှစ် နယ်မြေရဲ့ ဝင်ပေါက်ကို ဖွင့်ပေးခဲ့တယ်။ စေတီတောင်အပါအဝင် အားလုံးက မပျော်ကြဘူး။ ဒါပေမယ့် ကျုပ်က ကြွားဝါရတာကို ကြိုက်တယ်။ အဲတာကြောင့်လည်း မကြိုက်ကြတာ။”

ဘုန်းကြီးအိုကျိမင်က ပြောသည်။ “လူ့သဘာဝရဲ့ မကောင်းမှုတွေကနေ မလွတ်မြောက်နိုင်ဘူး။ အတိုင်းအဆ မဲ့တဲ့ ဗုဒ္ဓတောင်မှ လွတ်မြောက်နိုင်တာမှ မဟုတ်တာ။”

ဤဘုန်းကြီးက စိတ်ဝင်စားဖို့ ကောင်း၏။ ပြောပုံက ဉာဏ်အလင်းရထားသည့် ဘုန်းတော်ကြီး တစ်ပါးလိုပင်။

ဘုန်းကြီးအိုကျိမင်က ပြောသည်။ “ဒကာကြီးရှမ့်ရဲ့ သင်္ချာစွမ်းရည်ကို ကျုပ် လေးစားမိတယ်။ အဆင်ပြေမယ် ဆိုရင် ဒကာကြီးရှမ့်ကို ဘုန်းကြီးတို့ကျောင်းမှာ ဧည့်သည်အဖြစ် ဖိတ်ခေါ်ချင်ပါတယ်။”

ရှမ့်လန်က ပြန်ပြော၏။ “ကောင်းတာပေါ့။ ကောင်းတာပေါ့။”

ဘုန်းကြီးအို ကျိမင်က ပြောသည်။ “ဒါဆိုရင် ဒကာကြီးရဲ့ အနားယူချိန်ကို အနှောင့်အယှက် မပေးတော့ဘူး။”

ပြီးနောက် ထွက်ခွာသွားခဲ့၏။ ရှန့်ကုန်းဘုရားကျောင်းက ရှမ့်လန်အတွက် အခန်းတစ်ခန်း ပြင်ဆင် ပေးထား၏။ ရှမ့်လန်က ကောင်းမွန်စွာ အိပ်စက် အနားယူ၏။

............

နောက်တစ်ရက်မှာတော့ သူ နိုးထလာ၏။ ရှန့်ကုန်းဘုရားကျောင်း၏ သင်္ဘောက ရပ်တန့်နေကြောင်း သတိပြုမိ၏။ သူတို့ ကုန်းဘက်ပေါ်သို့ ထွက်လာ၏။ ကောင်းကင်ကွပ်မျက်စံအိမ်နှင့် ကောင်းကင်ပင်လယ် နန်းဆောင်မှ သင်္ဘောများက လမ်းပိတ်ထားသည်။

“ဘုန်းကြီးအို ကျိမင်... ကောင်းကင်ပင်လယ်နန်းဆောင်ဆီ ဧည့်သည်အဖြစ် ကြွရောက်ချင်ပါသလား။” ကောင်းကင်ပင်လယ်နန်းဆောင်မှ အကြီးအကဲတစ်ဦးက မေးမြန်း၏။

ဘုန်းကြီးအို ကျိမင်က ပြောသည်။ “နောက်မှပေါ့။”

ကောင်းကင်ကွပ်မျက်စံအိမ်မှ အမျိုးသားကလည်း ပြော၏။ “ကျုပ်က ကောင်းကင်ကွပ်မျက်စံအိမ်က လင်းဟူမူပဲ။ ရှမ့်လန် ဒီမှာ ရှိပါသလား။”

ရှမ့်လန်က ဘုန်းကြီးအို ကျိမင်အား တီးတိုးလေး ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျုပ် ဒီမှာ မရှိဘူးလို့ ပြောလိုက်ပါ။”

ဘုန်းကြီးအို ကျိမင်က ပြော၏။ “ညီငယ်လေး လင်းမူ... ရှမ့်လန်က ပြောတယ် သူ ဒီမှာ မရှိဘူးတဲ့။”

ရှမ့်လန်က ပြောလိုက်မိသည်။ “သောက်ကျိုးနည်း။”

ဘုန်းကြီးအို ကျိမင်က ရှမ့်လန်ဘက်သို့ လှည့်၍ လက်အုပ်ချီကာ အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် ပြော၏။ “စိတ်မရှိပါနဲ့ ဒကာကြီးရှမ့်.. ကျုပ်တို့ ဘုန်းကြီးတွေ ဆိုတာ မုသား စကား မပြောရဘူးလေ။”

ရှမ့်လန်က မရယ်ဘဲ မနေနိုင်တော့ချေ။ ဤဘုန်းကြီးက စိတ်ဝင်စားဖို့ ကောင်း၏။ ကောင်းကင်ကွပ်မျက် စံအိမ်မှ လင်းဟူမူက အံ့အားသင့်သွား၏။ ထိုအရာက ပါးရိုက်လိုက်သည့် အတိုင်းပင်။

လင်းဟူမုက ပြောသည်။ “ကျုပ်က ရှမ့်လန်ကို သင်္ဘောပေါ် ဖိတ်ခေါ်ချင်လို့ပါ။ ဒါပေမယ့် အဆင်မပြေဘူး ဆိုရင်လည်း ထားလိုက်ပါတော့။ နှုတ်ဆက်ပါတယ်။”

ကောင်းကင်ကွပ်မျက်စံအိမ်၏ သင်္ဘောက ထွက်ခွာသွား၏။

ကောင်းကင်ပင်လယ်နန်းဆောင်မှ အကြီးအကဲကလည်း ပြောသည်။ “ဘုန်းကြီးအိုကျိမင်.. အဆင်ပြေတဲ့ အချိန်ကျရင် လာရောက် လည်ပတ်ပါအုံး။ စံအိမ်သခင်ကိုယ်စား ကျောင်းထိုင်ဆရာတော် ကျိခုန်းကို လေးလေးနက်နက် ဖိတ်ကြားပါတယ်။ ကျုပ်တို့ သေချာပေါက် ကြိုဆိုနေပါ့မယ်။”

ဘုန်းကြီးအို ကျိမင်က ပြော၏။ “ဘုန်းကြီး စကားပါးပေးပါ့မယ်။ ဖိတ်ကြားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”

ကောင်းကင်ပင်လယ်နန်းဆောင်မှ သင်္ဘောက ထွက်ခွာသွား၏။

ရှမ့်လန်က ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ် ... ဘုန်းကြီးအို ကျိမင်။”

စောစောတုန်းက အခြေအနေက ဒေါသထွက်စရာမရှိသည့်အတိုင်း လေးစားချစ်ခင်ဖွယ်ရာ ကောင်းသည်ဟု ထင်ရ၏။ သို့သော်ငြား ထိုသို့ မဟုတ်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်နှင့် ကောင်းကင်ကွပ်မျက် စံအိမ်တို့က ရှန့်ကုန်းဘုရားကျောင်း၏ သင်္ဘောကို တားဆီးခဲ့ခြင်း ဖြစ်၏။

ကောင်းကင်ကွပ်မျက်စံအိမ်က ဗိုလ်ကျပြီး ရှမ့်လန်ကို အတင်းအကျပ် နေခိုင်းချင်၏။ သူတို့၏ မာန်မာနကို ထိန်းသိမ်းရန် ကောင်းကင်ပင်လယ်နန်းဆောင်က ရှမ့်လန်ကို အတင်းအကျပ် နေခိုင်းမည် မဟုတ်သော်လည်း ကောင်းကင်ကွပ်မျက်စံအိမ်က ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့သည်။

သို့သော်ငြား ရှန့်ကုန်းဘုရားကျောင်းမှ ဘုန်းကြီးအိုကျိမင်က ငြင်းပယ်ခဲ့၏။ သူက ရှမ့်လန်ကို လက်လွှဲပေးမည် မဟုတ်ကြောင်း ပြောခဲ့၏။ ရှန့်ကုန်းဘုရားကျောင်း၏ မယိမ်းယိုင်သည့် သဘောထားကြောင့်သာ ကောင်းကင်ကွပ်မျက်စံအိမ်က နောက်ဆုတ်သွားခြင်း ဖြစ်၏။

ဘုန်းကြီးအို ကျိမင်က ပြောသည်။ “ရပါတယ်။ ရပါတယ်။”

ဤသို့ပင် ရှန့်ကုန်းဘုရားကျောင်းမှ သင်္ဘောက ရှမ့်လန်ကို ထျန်းနန်စီရင်စု၏ ဆိပ်ခံတံတားသို့ ပို့ဆောင်ပေး၏။ ဤနေရာတွင် ရွှဲ့ဘုရင်၏ နယ်မြေအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ စည်းကမ်းများအရ ကောင်းကင်ပင်လယ်နန်းဆောင်ရော ကောင်းကင်ကွပ်မျက်စံအိမ်ပါ ရှမ့်လန်ကို ဘာမှ လုပ်၍ မရချေ။

သေချာပေါက် သူတို့က စည်းမျဉ်းများကို ချိုးဖျက်နိုင်၏။ သို့သော်ငြား ရှမ့်လန် တစ်ယောက်တည်းအတွက် စည်းမျဉ်းများကို ချိုးဖျက်ရခြင်းက မတန်ချေ။

ဤရက်အနည်းငယ်အတွင်း ထိတွေ့ဆက်ဆံမှုများအရ ရှမ့်လန်က တော်ဝင်ရန်အင်ပါယာ ချမှတ်ထားသည့် စည်းမျဉ်းများ၊ လောကီမြေများနှင့် နိုင်ငံအသီးသီးတို့၏ အာဏာ ကန့်သတ်ချက်များနှင့် နယ်နိမိတ်များကို ဝိုးတဝါး ခံစား သိရှိလာရ၏။

ဘုန်းကြီးအို ကျိမင်က ပြော၏။ “ဒကာကြီးရှမ့် ဘုန်းကြီးတို့ ပြန်တော့မယ်။ အဆင်ပြေတဲ့ အချိန်ရောက်ရင် ကျောင်းတော်ကို လာလည်ပါအုံး။”

ရှမ့်လန်က ပြော၏။ “ကောင်းတာပေါ့။ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုန်းကြီးအိုကျိမင်။”

ပြီးနောက် ရှန့်ကုန်းဘုရားကျောင်းမှ သင်္ဘောက ထွက်ခွာသွားခဲ့၏။ သူတို့ သုံးဦးက မြောက်ဘက် ကီလိုမီတာ တော်တော်များများဆီသို့ ဆက်လက်ကာ ခရီးဆက်၏။ ဤနေရာတွင် မြင်းလှည်းတစ်စီး ရှိနေပြီး ဓားဘုရင် လီချင်းချိုးက ကျွမ်းကျင်စွာ မောင်းနှင်လိုက်သည်။

“ရှမ့်လန်... ဘာလို့ ရှန့်ကုန်းဘုရားကျောင်းကို ရှေးဟောင်းအမွေအနှစ် နယ်မြေဖွင့်ဖို့ မကူညီဘဲ စေတီတောင်ကို ကူညီခဲ့တာလဲ။” လီချင်းချိုးက မမေးဘဲ မနေနိုင်ချေ။

“ပထမ အချက်က ရှန့်ကုန်းဘုရားကျောင်းရဲ့ ခင်မင်ရင်းနှီးမှုကို အခုမှ ခံစားဖူးတာ။ ဒုတိယ အချက်က ရှေးဟောင်းအမွေအနှစ်နယ်မြေ တူးဖော်ရေးမှာ ရှန့်ကုန်းဘုရားကျောင်းက ဘေးက ကြည့်နေသူ သက်သက်ပဲ။ ရှေးဟောင်းအမွေအနှစ် နယ်မြေကို ပထမဦးဆုံး တွေ့ရှိတာ ကောင်းကင်ပင်လယ်နန်းဆောင်၊ ပြီးတော့ စေတီတောင်၊ နောက်ဆုံးမှ ကောင်းကင်ကွပ်မျက်စံအိမ်။ ရှန့်ကုန်းဘုရားကျောင်းက ဒီကို ဖိတ်ကြားခံရလို့ ရောက်လာတာ။ ဘာပဲဖြစ်ဖြစ် တူးဖော်ခွင့်က ကောင်းကင် ပင်လယ်နန်းဆောင်၊ ကောင်းကင်ကွပ်မျက်စံအိမ်နှင့် စေတီတောင်တို့ဆီမှာပဲ ရှိမှာ။ ရှန့်ကုန်းဘုရားကျောင်း ဆီမှာ မျှော်လင့်ချက် ဆိုတာ မရှိဘူး။” ရှမ့်လန်က ရှင်းပြလိုက်၏။

ဝူတူကျိက ထိုအချက်ကိုကြားပြီးနောက် ကြောင်သွား၏။ စေတီတောင်၏ အကြီးအကဲဖြစ်သည့် သူမပင် ဤအရာကို မသိဘဲ ရှမ့်လန်က အဘယ်ကြောင့် ဤမျှ ရှင်းရှင်းလင်းလင်း သိရှိနေရသနည်း။ ရှမ့်လန်က သေချာပေါက် သိ၏။ သူ၌ အတင်းအဖျင်း နားထောင်နိုင်သည့် နားတစ်စုံ ရှိ၏။ ကျောက်မဲကျွန်းပေါ်တွင် အခြားသူတို့၏ စကားဝိုင်းကို နားထောင်ရင်း အတွင်းရေး ဆက်စပ်မှုများကို ရှင်းလင်းစွာ နားလည်ထားခဲ့ပြီးသား ဖြစ်သည်။

“ရှန့်ကုန်းဘုရားကျောင်းက နှစ်ပေါင်း ရာချီ ကျဆင်းနေခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ သူစိမ်းတစ်ယောက်ကို ကျောင်းထိုင်ဆရာတော် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့တယ်။ အဲဒါက ဆရာတော် ကျိခုန်းပဲ။”

လီချင်းချိုးက ပြော၏။ “အဲဒီတုန်းက ဆရာတော် ကျိခုန်းက ဘယ်သူလဲ ၊ ဘယ်ကလဲ မသိကြဘူး။ ဒါပေမယ့် ရှန့်ကုန်းဘုရားကျောင်းကို သဘာဝလွန်အင်အားစုကြီး ခြောက်ခုထဲ ပြန်ရောက်အောင် လုပ်ပေးခဲ့တာ သူပဲ။”

ရှမ့်လန်က မေးသည်။ “ဒါဆိုရင် ဆရာတော်ကျိခုန်းက တော်တော် အစွမ်းထက်လား။ ဆရာရော သူ့ကို တွေ့ဖူးလား။”

ဝူတူကျိက ဖြေ၏။ “မတွေ့ဖူးဘူး။ ငါ စေတီတောင်ကနေ အခုမှ ပထမဦးဆုံးအကြိမ် ထွက်ဖူးတာပဲ။”

ရှမ့်လန်က ပြောသည်။ “အင်း.. ဆရာကတော့ တကယ်ကို ထူးရှယ်ပဲ။”

ရှမ့်လန်က မေးလိုက်၏။ “ဦးရီးတော် ဓားဘုရင်.. ခင်ဗျားရော ဆရာတော် ကျိခုန်းကို သိလား။”

လီချင်းချိုးက ပြောသည်။ “မသိဘူး။ တကယ်တော့ အခုအချိန်ထိ ဆရာတော်ကျိခုန်းကို ဘယ်သူမှ မမြင်ဖူးသလောက်ပဲ။ ဒါကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်က သူ့ကို အလည်လာဖို့ ခဏခဏ ဖိတ်ခေါ်နေတာပေါ့။ သူတို့က ဒီပြိုင်ဘက်ကင်း ပညာရှင် အကြောင်းကို သိချင်နေကြတယ်။”

ရှမ့်လန်က ရုတ်တရက် မေးလိုက်၏။ “ဦးရီးတော်ဓားဘုရင်.. ခင်ဗျားနဲ့ ကျုပ်ရဲ့ ဆရာ နှစ်ယောက်မှာ ဘယ်သူက သိုင်းပညာ ပိုတော်လဲ။”

ဝူတူကျိက ဖြေသည်။ “သူပဲ။”

ရှမ့်လန်က ကြောင်သွား၏။ ဓားဘုရင်က ပိုမိုကာ စွမ်းသည်လား။ သို့သော်ငြား ဤအရာက ပုံမှန်ပင်။ ဝူတူကျိက ဤမျှ စွမ်းအားကြီးလာဖို့ သူမ၏ ကောင်းကင်ဘုံကို အာခံနိုင်သည့် သွေးမျိုးဆက်အပေါ် လုံးဝ မှီခိုထား၏။ သူမက သိုင်းပညာကို မလေ့ကျင့်ချေ။ နေ့တိုင်း စားသောက်မှုကို သာလျှင် လုပ်၏။ လေ့ကျင့်ဖို့ အချိန်လည်း မရှိချေ။

ရှမ့်လန်က မေးလိုက်၏။ “ဦးရီးတော်ဓားဘုရင်.. ခင်ဗျားရဲ့ သိုင်းပညာက ဒီလောက် မြင့်မားပြီး လွှမ်းမိုးမှုရှိတဲ့ ဂုဏ်ထူးလည်း ရထားသားနဲ့ ဘာလို့ ဒီလောက်ကြီး သရဲဘောကြောင်နေရတာလဲ။”

လီချင်းချိုးက စိတ်မဆိုးချေ။ သူက ပြောလိုက်သည်။ “ငါ့ရဲ့ မဟာပညာရှင်ဆိုတဲ့ ဘွဲ့ထူးနဲ့ ငါ့ရဲ့ နာမည်ပြောင် အပါအဝင် အားလုံးက တခြားသူတွေ ပေးအပ်ထားတာပဲ။ ငါ ကိုယ်တိုင် ပေးထားတာမှ မဟုတ်တာ။”

တကယ်ပင် ဖြစ်၏။ သဘာဝလွန် အင်အားစုကြီး ခြောက်ခုက ကော်မတီအဖြစ်ဖွဲ့ပြီး မဟာ ပညာရှင် အရေအတွက်ကို သတ်မှတ်ကြ၏။ ရွှဲ့ပြည်နယ်တွင် ၆ ယောက်၊ ချောင်ပြည်နယ်တွင် ၆ ယောက်၊ ဝူပြည်နယ်တွင် ၅ ယောက်အဖြစ် ခွဲတမ်း ချထား၏။ သူတို့၏ ပေးအပ် ချီးမြှင့်မှု မပါဘဲ တစ်စုံတစ်ယောက်၏ သိုင်းပညာက မည်မျှ အဆင့်မြင့်နေပေစေကာမူ မဟာပညာရှင် အဖြစ် ခေါ်ခံရလိမ့်မည် မဟုတ်ချေ။ ဤအင်အားကြီး ၆ ခုက သိုင်းလောကကြီး တစ်ခုလုံးကို လက်ဝါးကြီး အုပ်ထား၏။

ရှမ့်လန်က ထပ်မေးသည်။ “ဘာလို့ ကျောက်စိမ်းဖြူမြို့တော်က ရှေးဟောင်း အမွေအနှစ် တူးဖော်ရေးကို မလာကြတာလဲ။”

ဝူတူကျိက ပြောလိုက်၏။ “မင်း ဆိုရိုးစကား တစ်ခုကို မသိဘူးလား။”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဘာ ဆိုရိုးစကားလဲ။”

ဝူတူကျိက ဖြေ၏။ “အရှေ့တိုင်း လောကကြီးမှာ နှင်းမကျတဲ့နေရာတွေက ကျောက်စိမ်းဖြူ မြို့တော်နဲ့ မသက်ဆိုင်ဘူး။ နှင်းကျတဲ့ နေရာမှန်သမျှက ကျောက်စိမ်းဖြူမြို့တော် ပိုင်တာပဲ။”

ဤစကားက တကယ်ပင် ဆန်းကြယ်လှချေသည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “အင်အားကြီး ၆ ခုထဲမှာ ကျောက်စိမ်းဖြူ မြို့တော်က အသန်မာဆုံးလား။”

ဝူတူကျိက ပြောလိုက်သည်။ “အချင်းချင်း မတိုက်ခိုက်ဖူးတော့ ဘယ်သူက အသန်မာဆုံးလဲ ဆိုတာကို ဘယ်သူက သိမှာလဲ။ ဒါပေမယ့် ကျောက်စိမ်းဖြူ မြို့တော်ကတော့ အဆန်းကြယ်ဆုံးပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “စေတီတောင်ထက်တောင် ပိုပြီး ဆန်းကြယ်သေးတာလား။”

ဝူတူကျိက ပြန်ဖြေသည်။ “စေတီတောင်က နည်းနည်းလေးမှ မဆန်းကြယ်ပါဘူး။”

ဟုတ်ပေ၏။ ဆရာကို သူ ဘယ်တော့မှ နိုင်အောင် မပြောတတ်တော့ချေ။ လောကီလူသား အားလုံးတို့၏ မျက်လုံးတွင် စေတီတောင် ဆိုသည်က ဆန်းကြယ်ခြင်းနှင့် ကြောက်မက်ဖွယ်ရာ ကောင်းခြင်း၏ ပုံရိပ်ယောင်သာ ဖြစ်၏။ သို့သော်ငြား ကျောက်စိမ်းဖြူမြို့တော်က စေတီတောင်ထက်ပင် ပိုမို၍ ဆန်းကြယ်သည်ဟု ဆိုနေ၏။

.........

နောက်တစ်ရက်မှာတော့ ရှမ့်လန်က ထျန်းနန်ပြည်နယ်၏ မြို့တော် ထျန်းနန်မြို့ကို ဖြတ်ကျော်သွားခဲ့၏။ ဤမြို့က ရွှဲ့ပြည်နယ်၏ တတိယ အကြီးဆုံး မြို့တော်ကြီး ဖြစ်၏။ လူဦးရေ ၃ သန်းကျော် ရှိပြီး မြို့ရိုးက ၁၅ ကီလိုမီတာကျော် ရှည်လျား၏။

ဤအချိန်မှာတော့ ထျန်းနန်မြို့ထဲတွင် စစ်ပွဲ၏ အရိပ်အယောင်များက လွှမ်းခြုံနေ၏။ မြို့တံခါးတိုင်း နီးပါးကို ပိတ်ထားပြီး အပေါက်ငယ်လေး တစ်ပေါက်သာလျှင် ဖွင့်၏။ မြို့ရိုးပေါ်တွင် စစ်သည်များက ပြည့်နှက်နေပြီး မြို့ရိုး၏ အပြင်ဘက်တွင်လည်း ကင်းလှည့်နေသည့် စစ်သည်အုပ်စု ရှိသည်။

အဝေးမှနေ၍ ရှမ့်လန်က ထျန်းနန်ပြည်နယ်၏အုပ်ချုပ်ရေးမှူး ကျူးကျွင်းကို မြင်ရ၏။ သူက မြို့တော် ကာကွယ်ရေးကို ကိုယ်တိုင်ဦးစီးရန် မြို့ရိုးပေါ်သို့ တက်ရောက်နေခြင်းပင်။ ထို့ပြင် အနောက်ဘက်သို့ ဦးတည်သည့် လမ်းမကြီးပေါ်တွင် စပါးတင်သည့် မြင်းလှည်းတန်းကြီးက အဆက်မပြတ် သွားလာနေ၏။ အားလုံးက နန်အိုသို့ ပို့ဆောင်နေခြင်းသာ ဖြစ်၏။

အချိန်ကာလအရ ပြောရမည် ဆိုလျှင် မင်းသားကျင်း၏ စစ်သည် တစ်သိန်းက နန်အိုနယ်မြေထဲသို့ ဝင်ရောက်နေပြီ ဖြစ်၏။ စစ်ပွဲတစ်ခုက ဖြစ်ပွားပေတော့မည်။ သို့မဟုတ် ဖြစ်ပွားနှင့်ပြီး ဖြစ်ပေလိမ့်မည်။ စစ်ပွဲ စသည်နှင့် တပြိုင်နက် ထျန်းနန်ပြည်နယ်က နန်အိုနိုင်ငံ၏ နောက်တန်း စစ်မျက်နှာ ဖြစ်လာပြီး ထျန်းနန်မြို့က သူတို့၏ ပထမဦးဆုံး ခံတပ် ဖြစ်လာပေမည်။

ထိုအချိန်မှာတော့ နန်အိုရှိ စစ်သည် တစ်သိန်းခွဲက အိမ်ရှေ့စံ၏ ဘက်တော်သားများ ဖြစ်ကြ၏။ အိမ်ရှေ့စံ၏ ဘက်တော်သားများက အနိုင်ရရှိရန် စိတ်ပိုင်းဖြတ်ထားကြပြီး ကျူးမိသားစုကလည်း အစွမ်းကုန် ကြိုးစားနေသည်။

ရှမ့်လန်က ရပ်တန့်မနေဘဲ ရှေ့ဘက်သို့ ဆက်လက်ကာ ဦးတည်သွား၏။ နန်အိုက ထျန်းနန်မြို့နှင့် ကီလိုမီတာ ၃၀၀ ကျော် ဝေးကွာပြီး ရွှမ်ဝူမြို့နှင့် ကီလိုမီတာ ၅၀၀ ကျော် ဝေးကွာ၏။ ဤနေရာမှ စစ်ပွဲက ရှမ့်လန်၏အိမ်သို့ ချက်ချင်း ပျံ့နှံ့လာမည် မဟုတ်သေးချေ။ သူတို့ သုံးဦးလုံးက အလျင်အမြန် ခရီးနှင်၏။

နောက်ထပ် မြင်းလှည်းစခန်းတစ်ခုသို့ ရောက်သည့် အချိန်မှာတော့ သူတို့ သုံးဦးက မြင်းလဲလိုက်၏။ မြင်းလှည်း မစီးတော့ဘဲ မြင်းစီးကာဖြင့် ဒုန်းစိုင်း ခရီးနှင်ကြ၏။ ကီလိုမီတာ ၂၀၀ တိုင်းတွင် မြင်းလဲကြ၏။ သူတို့ သုံးဦးက နေ့ရော ညပါ အိပ်စက် အနားယူခြင်း မရှိဘဲ ခရီးနှင်ကြ၏။ ကီလိုမီတာ ၅၀၀ ခရီးကို နှစ်ရက် အတွင်း ပြီးစီးအောင် သွားကြ၏။ နောက်ဆုံးမှာတော့ ရွှမ်ဝူမြို့ဆီသို့ ရောက်ရှိလာသည်။

“သွားကြ ... သွားကြ။”

ရွှမ်ဝူမြို့တံခါးမှ စစ်သည်တပ်ဖွဲ့က ထွက်လာ၏။ လူအင်အား ထောင်ကျော်ရှိပြီး အနောက်ဘက်ဒေသသို့ စည်းစနစ်ကျကျ ချီတက်နေ၏။ စစ်သည်ကို ဦးဆောင်နေသည်က ရင်းနှီးနေသော မြို့တော်ဝန် လျှိုဝူယမ်ပင် ဖြစ်၏။ သူ ဤနေရာတွင် ရှိနေသေးသည်လား။ ရှမ့်လန် ဤလူကို မေ့လုနီးပါး ဖြစ်နေ၏။

လျှိုဝူယမ်က ရှမ့်လန်ကို မြင်သည့်အချိန်မှာတော့ အနည်းငယ် အံ့ဩသွားပုံရ၏။ ပြီးနောက် မျက်နှာလွှဲကာဖြင့် စစ်တပ်ကို ဦးဆောင်သွားခဲ့၏။ တကယ်ကို နိုင်ငံတစ်ခု ပျက်စီးသွားလုနီးပါး ရှိနေသည့် စစ်ပွဲကြီး မဟုတ်ပါလား။ ရွှမ်ဝူမြို့မှ စစ်သည် ၁၀၀၀ စေလွှတ်ရ၏။ မြို့တော်ဝန် ကိုယ်တိုင်ပင်လျှင် ဦးဆောင် ခေါ်ဆောင်သွားရသည်။

ဤစစ်ပွဲတွင် ရွှဲ့ပြည်နယ်က တိုက်ရိုက် စစ်သည် တစ်သိန်းခွဲကို စေလွှတ်ထားပြီး သွယ်ဝိုက်သည့် စစ်သည် အင်အား နှစ်သိန်းခွဲခန့်ရှိနိုင်၏။ ကျူးမိသားစုက ထျန်းနန်စီရင်စုတစ်ခုလုံးမှ စစ်သည်များကို အစွမ်းကုန် ညှစ်ထုတ်ပြီး နန်အိုစစ်မြေပြင်သို့ ပို့ဆောင်လိုပုံပေါ်၏။

ရှမ့်လန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဤအရာက ကောင်းသည့်အရာ မဟုတ်ချေ။ အကယ်၍ ကျူးမိသားစုက ထျန်းနန်စီရင်စုတစ်ခုလုံးမှ စစ်သည်များကို ရူးသွပ်လုမတတ် စုဆောင်းနေသည် ဆိုပါက နောက်တန်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်ပေမည်။ အကယ်၍ နန်အိုကိုသာ ရှုံးနိမ့်သွားပါက ဖိအားအားလုံးက ထျန်းနန်မြို့ပေါ်သို့ ရောက်ရှိလာပေမည်။

ထို့ပြင် ထျန်းနန်မြို့သာ ကျဆုံးသွားသည်ဆိုလျှင် ထျန်းနန်စီရင်စုတစ်ခုလုံးတွင် ခုခံကာကွယ်နိုင်ရန် အင်အားဟူ၍ ရှိတော့မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဘာဖြစ်မည်နည်း။ တွေးကြည့်ရုံနှင့် ကြောက်လန့်စရာ ကောင်း၏။ အိမ်ရှေ့စံ၏ဘက်တော်သားများက ဤတစ်ကြိမ်တွင် အရာအားလုံးကို ပုံအောကာ လောင်းကစား လုပ်နေခြင်း ဖြစ်သည်။

ဓားဘုရင် လီချင်းချိုးက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသည်။ သူက မေးမြန်း၏။ “နန်အိုကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ ထျန်းနန်စီရင်စု၏ ခံစစ်မျဉ်းက ဘာမှရှိတော့မှာ မဟုတ်ဘူးမလား။”

ရှမ့်လန်က ပြန်မဖြေခဲ့ချေ။ နန်အိုစစ်ပွဲက အရေးကြီးသော်လည်း မူလန်ကို ကယ်တင်ပြီးမှ စဉ်းစားရပေ လိမ့်မည်။

“သွားကြ သွားကြ။”

ရှမ့်လန်တို့ သုံးယောက်က ရွှမ်ဝူနယ်စားအိမ်တော်သို့ အမြန်ဆုံး သွား၏။ နောက်ဆုံးမှာတော့ အိမ်ပြန်ရောက်လေပြီ။

အပိုင်း (၆၂၂)

“သမက်တော် ပြန်လာပြီ။ သမက်တော် ပြန်လာပြီ။” ရှမ့်လန်က နောက်ဆုံးမိနစ်မှ ကယ်တင်ရခြင်းကို မကြိုက်ပေ။ သူ၏ တွက်ချက်မှုအရ မူလန်က ထွက်ခွာသွားရန် နောက်ဆုံးရက်သတ်မှတ်ချိန်သည် ၃ ရက် လိုသေး၏။ မည်သည့် ထူးခြားမှုမှ မဖြစ်သင့်သေးချေ။

ရွှမ်ဝူအိမ်တော် အတွင်း လေထုက လေးလံနေ၏။ သို့သော်ငြား အနည်းဆုံးတော့ လောကပျက်မည့် အခြေအနေမျိုးတော့ မဟုတ်သေးချေ။ သူတို့က ရဲတိုက်တံခါးနှင့် မီတာရာပေါင်းများစွာ အကွာတွင် ရှိနေသေးသော်လည်း တံခါးကြီးများကို အဆုံးစွန်ထိ ဖွင့်ထား၏။

ရှမ့်လန်တို့ သုံးယောက်က နယ်စားအိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် မြင်းပေါ်မှ ခုန်ဆင်း၏။ ခဏအကြာမှာတော့ လူအုပ်ကြီးက ရောက်ရှိလာ၏။ ရှမ့်လန်၏ မိဘများ၊ ညီငယ်၊ ပင်းအာ၊ ယောက္ခမ၊ ယောက္ခထီး၊ ကျင်းမူကုန်း စသည်ဖြင့်ပင်။ အားလုံး၏ အကြည့်ထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများက ရှိနေ၏။ အားလုံး၏ အကြည့်က ရှမ့်လန်၏ မျက်နှာပေါ်သို့ ကျရောက်နေ၏။ ဤအချိန်မှာတော့ မူလန်ကို ကယ်တင်နိုင်မည့်မျှော်လင့်ချက်က ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် လုံးဝ မူတည်နေသည်။

ရှမ့်လန် ခေါင်းညိတ်ပြသည်ကိုမြင်တော့ အားလုံးက သက်ပြင်းချနိုင်ကြ၏။ ပြီးနောက် ရှမ့်လန်က ရပ်တန့်မနေဘဲ သူ၏ခြံဝန်းထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်၏။

ယောက္ခမ၊ ယောက္ခထီး၊ ရှောင်ပင်းနှင့် ရှမ့်လန်၏ မိခင်တို့က နောက်မှ လိုက်လာသည်။

ရှမ့်လန် ခြံဝန်းထဲသို့ ဝင်ချိန်မှာတော့ နှင်းတောင်သခင်မ လင်းရှန်က တံခါးဝတွင် စောင့်နေ၏။ “နောက်ဆုံးတော့ ပြန်ရောက်လာပြီတဲ့။ မင်းသာ ရက်နည်းငယ်လောက် နောက်ကျရင် မူလန်က...။”

ဆရာမလင်းရှန်၏ စကား မဆုံးချေ။ ရှမ့်လန် အပေါ်တွင် အမြင်ကောင်းတစ်ခု ချန်ထားခဲ့၏။ တိုက်ပွဲ တစ်ခါမှ မနိုင်ဖူးသည့် ထိပ်တန်းသိုင်းသမားကြီးက နောက်ဆုံးမှာတော့ ဤမိသားစုအပေါ်တွင် သံယောဇဉ် တွယ်သွားခဲ့၏။ သူက မူလန်အား ရက်စက်သည့် စကားလုံးများဖြင့် ပြောမထွက်ခဲ့ချေ။

ရှမ့်လန်က အခန်းထဲသို့ ပြေးဝင်သွား၏။ တစ်လကျော်ကြာပြီးနောက် ရှမ့်လန်က မူလန်၏ ဘေးနားသို့ တစ်ဖန် ပြန်ရောက်လာခဲ့၏။ သမားတော်ကြီး အန်းစိုက်ရှီက အထဲတွင် ရှိနေ၏။ အတော်အတန် ပိန်သွားပြီး ပုံစံကို ကြည့်ရသည်မှာ လဲပြိုလုနီးပါးပင်။ အကယ်၍ မူလန်သာ တစ်ခုခု ဖြစ်သွားပါက သူက ဘာမှ မလုပ်ပေးနိုင်ခဲ့သောကြောင့် နောင်တရကာဖြင့် သူပါ လိုက်ပါ သေဆုံးတော့မည့်ပုံပင်။

ရှမ့်လန် ထွက်ခွာခဲ့ပြီးနောက် မူလန်၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရသည့် တာဝန်က သူ့အပေါ်သို့ ကျရောက်လာခဲ့၏။ မူလန်က သူ၏ သခင်တစ်ဝက် ဖြစ်ရုံသာမက သမီးအရင်းသဖွယ်ပင်။ အကယ်၍ ရှမ့်လန် မရှိဘဲ မူလန်တစ်ခုခု ဖြစ်ပါက အန်းစိုက်ရှီက ကိုယ့်ကိုယ်ကိုယ် သတ်သေမှာ သေချာ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အားလုံးပဲ အရင် ထွက်သွားပေးပါ။ ကျုပ်နဲ့ ဆရာပဲ ကျန်ခဲ့ရင် ရပါပြီ။”

အားလုံးက ချက်ချင်းပဲ အခန်းထဲမှ တဖြည်းဖြည်း ထွက်ခွာသွား၏။ သူတို့က ခြံဝန်း၏ အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။ နတ်ဘုရားများထံ ဆုတောင်းလျက် ရှိနေပြီး အသက်ကိုပင် ရဲရဲ မရှူရဲကြချေ။

............

“ဆရာ” ရှမ့်လန်က လှမ်းကြည့်လိုက်သည်။

ဝူတူကျိက ပြောလိုက်၏။ “မူလန်ရဲ့ အဝတ်အစားတွေကို ဖယ်လိုက်။”

ရှမ့်လန်က ရှေ့သို့တိုးပြီး မူလန်၏ အဝတ်အစားများကို ဖြေပေးလိုက်၏။ သူ၏ မိန်းမ မူလန်က ပိန်သွား၏။ သူမက ရက်ပေါင်း ၂၀ နီးပါး အိပ်စက်နေခဲ့ပြီး ကိုယ်အလေးချိန် အများကြီး ကျသွား၏။ ကိုယ်ဝန်ကြောင့် ပြည့်ဖြိုးလာမှု အားလုံးက ပျောက်ကွယ်သွားခဲ့၏။ ထို့အပြင် သူမ၏ မျက်နှာက ဝူတူကျိကဲ့သို့ ဖြူဖျော့နေ၏။ သူမ၏ အသက်ရှူသံနှင့် နှလုံးခုန်သံကလည်း မကြားရသလောက်ပင် အားနည်းနေသည်။

ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်က အချိန်မီ ရောက်ရှိလာခဲ့၏။ လမ်းတစ်လျှောက် နှောင့်နှေး ကြန့်ကြာမှု မရှိခဲ့ချေ။ တစ်လအတွင်း ကီလိုမီတာ ၅၀၀၀ ကျော် ခရီးနှင်ခဲ့၏။ နောက်ဆုံးတော့ သူ ရောက်ရှိလာခဲ့၏။ ရှမ့်လန်က ကျောက်စိမ်း ပုလင်းကို ထုတ်ယူလိုက်၏။

“အပ်” ဝူတူကျိက တောင်းသည်။

ရှမ့်လန်က ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ပေး၏။ ဝူတူကျိက ကြောင်သွား၏။ ဆေးထိုးအပ် ဖြစ်နေသည်လား။ ဤအရာက ရှမ့်လန် ဖန်တီးထားသည့် ခေတ်မီ ဆေးထိုးအပ် ဖြစ်၏။ စုပ်ယူရန်နှင့် ထိုးသွင်းရန် နှစ်မျိုးလုံးကို အသုံးပြုနိုင်၏။

ဝူတူကျိက ပြောလိုက်သည် “အရမ်း ကောင်းတယ်။”

ပြီးနောက် သူမက ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို ထုတ်ယူ၏။ ထိုအရာက အနီရောင် ဆေးလုံး ဖြစ်၏။ မျက်နှာပြင်အလွှာက အလွန်ထူးခြားသည့် ပစ္စည်းတစ်မျိုး ဖြစ်ပြီး ထိုအရာက ဆေးလုံး မဟုတ်ပေ။

ဝူတူကျိက အတွင်းအား ထုတ်ပြီး ဆေးလုံးကို ဖိညှစ်လိုက်၏။ ချက်ချင်းပဲ ဆေးလုံးက လင်းလက်သွား၏။ အထဲမှာ အရာဝတ္ထု တစ်ခုက နိုးထလာ၏။ ဝူတူကျိက ဆေးလုံးကို ဆေးထိုးအပ်ဖြင့် ဖောက်၏။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို တစ်ခါတည်း စုပ်ယူ၏။

ရှမ့်လန်က နောက်ဆုံးမှာတော့ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ မည်သို့ပုံစံ ရှိသည်ကို တွေ့လိုက်ရ၏။ ထိုအရာက တကယ်ပင် အသက်ရှိ၏။ ထို့အပြင် သွေးလွှမ်းနေပြီး ကူပိုးကောင် တစ်မျိုးနှင့် ဆင်တူသည်။

“ဒါ ကူပိုးကောင် မဟုတ်ဘူး။ သိပ်ပြီး ရှုပ်ထွေးတယ်။ ငါတောင် သေချာ နားမလည်ဘူး”

မရေတွက်နိုင်သည့် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေများက စူးရှသည့် အနီရောင် အလင်းတန်းများကို ထုတ်လွှတ်နေ၏။ မူလန်က ဘေးတစောင်း လဲလျောင်းနေ၏။

ဝူတူကျိက အသက်ကို ပြင်းပြင်း ရှူ၏။ သူမက စိတ်ထဲတွင် တွေးသည်။ ‘ငါ့ကိုသာ မမွေးခဲ့ရင် အမေက အကောင်းအတိုင်း ရှိနေမှာ’

ပြီးနောက် သူမက ရှည်လျားသည့် အပ်ကို မူလန်၏ ကျောရိုးထဲသို့ ထိုးသွင်းလိုက်၏။ သူမက တောက်ပနေသည့် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေကို မူလန်၏ ရိုးတွင်းခြင်ဆီထဲသို့ ထိုးသွင်းလိုက်ခြင်းပင်။

ခဏကြာမှာတော့ မူလန်၏ ကျောရိုးတစ်ခုလုံးက အနီရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်မှ အရေပြားက ဖန်သားပြင်ကဲ့သို့ ကြည်လင်သွား၏။ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမတေ၏ အဆုံးမဲ့ စွမ်းအင်က မီးစာတစ်ခုကဲ့သို့ပင် သူမ၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲ ထွက်ပေါ်လာ၏။

မူလန်၏ ခန္ဓာကိုယ်ရှိ သွေးကြောများက တစ်လက်မချင်းစီ ပေါက်ကွဲထွက်နေသည်ကို ရှမ့်လန်က ရှင်းရှင်းလင်းလင်း ခံစားရ၏။ ပြီးနောက် အလွန် ဆန်းကြယ်သည့် ပုံသဏ္ဍာန် တစ်ခုက မူလန်၏ ကျောပြင်ပေါ်၌ ပေါ်လာ၏။ သုံးစက္ကန့်အကြာမှာတော့ မူလန်က ရုတ်တရက် မျက်လုံးများ ဖွင့်လာ၏။ တကယ်ကို အံ့မခန်းပင်။

ထိုခဏမှာတော့ မူလန်ရဲ့မျက်ဝန်းကို မည်သို့ဖွဲ့နွဲ့ပြောဆိုရမည်ကိုပင် သူ မသိတော့ချေ။ မျက်လုံးများက အရာအားလုံးကို ထွင်းဖောက်မြင်နေသကဲ့သို့ပင် ပြီးပြည့်စုံသည့် ဆွဲဆောင်မှုများနှင့် ပြည့်နှက်နေ၏။ မျက်ဝန်းဆီမှ ထွက်ပေါ်လျက်ရှိနေသည့် အလင်းရောင်က ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှသည်။

အတိုင်းအတာတစ်ခုထိ ပြောရမည်ဆိုလျှင် လူသားတို့ရဲ့မျက်လုံးက တိရစ္ဆာန်တို့ရဲ့ မျက်လုံးလောက် မလှပကြချေ။ ဥပမာအားဖြင့် ကြောင်တို့၏ မျက်ဝန်းများဖြစ်သည်။ ကြောင်တို့၏ မျက်လုံးက လူသားများအတွက် ညှို့ဓာတ်ပြင်း၏။ အမှောင်ထုထဲမှာပင်လျှင် ကြောင်၏မျက်လုံးများက တောက်ပသည့် အလင်းရောင်များကို ထုတ်ဖော်နိုင်စွမ်းရှိ၏။ ထို့ကြောင့် လူအများက ကြောင်၏မျက်လုံးက ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်ဆက်နွယ်နေသည်ဟုပင် ချဲ့ကား ပြောဆိုတတ်ကြ၏။

ထိုအချိန်မှာတော့ မူလန်၏မျက်ဝန်းများက ကြောင်မျက်လုံးများထက်ပင် ပိုမိုကာတောက်ပပြီး နက်ရှိုင်းနေ၏။ သူမ၏မျက်လုံးဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်က တစ်စထက်တစ်စ ပိုမို ပြင်းထန်လာသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပြောင်းလဲနေ၏။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်က ကလေးမွေးဖွားပြီးနောက် ချက်ချင်းသေးငယ်သွားလေ့မရှိဘဲ ပြန်ကျုံ့ရန် အချိန်ယူရစမြဲပင်။ တချို့သော ပျင်းရိသည့် မိန်းကလေးများဆိုလျှင် ထိုအခြေအနေ၌ပင် ကျန်ရှိခဲ့၏။ ဗိုက်ပူပူကြီးနှင့်ပင်။

မူလန်က ကလေးမွေးဖွားပြီးနောက် သူမ၏ဝမ်းဗိုက်က သဘာဝအတိုင်း သေးငယ်သွားခဲ့သည် ဆိုသော်လည်း အနည်းငယ် ပြည့်ဖြိုးပြီး ဆူထွက်နေဆဲပင်။ သို့သော်ငြား ယခုအချိန်မှာတော့ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးလောင်ကျွမ်းနေသကဲ့သို့ အနီရောင်အဖြစ် ပြောင်းလဲနေရုံသာမက ခန္ဓာကိုယ်ဆီမှ အနီရောင် အလင်းတန်းများပင် ထွက်ပေါ်နေ၏။ ထို့ပြင် ထိုအလင်းတန်းများက သူမ၏ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြန်လည်ပုံဖော်နေသကဲ့သို့ ရှိ၏။

သူမ၏ အရပ်က ရှည်ထွက်လာ၏။ အနည်းငယ် ပြည့်ဖြိုးနေသည့် ဝမ်းဗိုက်က လျင်မြန်စွာ ပြားချပ်သွားခဲ့ပြီး သူမ၏ခါးကလည်း ယခင်ကဲ့သို့ပင် အလွန်သေးသွယ်သော အတိုင်းအတာတစ်ခုထိ ပြန်လည် ရောက်ရှိသွားသည်။

သူမ၏ ခြေထောက်များက မူလကပင် ရှည်လျားလှ၏။ အင်မတန်လှပသည့် ခြေတံရှည်များဖြစ်ပြီး ယခုအခါမှာတော့ သူမ၏အရိုးစုတစ်ခုလုံးက ဒုတိယအကြိမ်အရွယ်ရောက်သကဲ့သို့ပင် တကျွတ်ကျွတ်နှင့် မြည်သံများ ထွက်ပေါ်နေ၏။ ခြေတံများက တဖြည်းဖြည်း ရှည်လာ၏။

ရှမ့်လန်က ကြောင်အအနှင့် ဖြစ်သွားသလို ဝူတူကျိကလည်း အံ့အားသင့်နေသည်။

“ဆရာ.. ဘာတွေဖြစ်ကုန်တာလဲ”

“ငါလည်း မသိဘူး။ ကောင်းတယ်မဟုတ်လား။ မင်းတို့ ယောက်ျားတွေက ခြေတံရှည်တာကို မကြိုက်ဘူးလား”

“ဒါပေမဲ့.. ဒါပေမဲ့...”

ရှမ့်လန်က စိတ်ထဲတွင် တုန်လှုပ်စွာနဲ့ အော်ဟစ်နေမိ၏။ ‘မူလန်.. တော်ပါတော့.. ဆက်ပြီးတော့ မကြီးပါနဲ့တော့။ ဒီထက်ပိုပြီးတော့ အရပ်ရှည်လာရင် မင်းယောက်ျားထက် ပိုပြီးတော့ အရပ်ရှည်သွားလိမ့်မယ်’

ဤလောကဆီသို့ ရောက်ရှိပြီးနောက် ရှမ့်လန်က နှစ်နှစ်အတွင်း စင်တီမီတာ အနည်းငယ် အရပ်ရှည်လာခဲ့၏။ ယခုအခါမှာ အရပ်အမြင့် ၁.၈၅ မီတာခန့်ရှိ၏။ မူလန်က ၁.၇၃ မီတာခန့် ရှိသော်လည်း ယခုအခါမှာ စင်တီမီတာ အနည်းငယ် ထပ်မံရှည်ထွက်လာခဲ့ပြီး ဖြစ်၏။ ထို့ပြင် သူမ၏ခန္ဓာကိုယ်က ကြီးထွားလာရုံ သက်သက် မဟုတ်ချေ။ အရိုးများ၊ အရွတ်များနှင့် ကြွက်သား၊ အရေပြားအားလုံးက ပြောင်းလဲသွား၏။ ဤအရာက အဆင့်ဆင့် ဗီဇ ပြောင်းလဲခြင်းကဲ့သို့ပင်။ သူမက အတွင်းမှအပြင်၊ အထက်မှအောက် အလုံးစုံကို ပြောင်းလဲသွားခဲ့၏။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဆရာ.. ခြင်ဆီဆေးကြောခြင်း အမတေဆိုတာ ဘာလဲ”

ဝူတူကျိက ပြောလိုက်၏။ “အသေးစိတ်ကျတဲ့ ရှေးဟောင်းစာအုပ်တွေကို ငါပြန်ရှာကြည့်ရအုံးမယ်။ ပြီးရင် မင်းကို ပြောပြမယ်”

မူလန်က အလွန်အမင်းပြောင်းလဲသွား၏။ ရှမ့်လန်က သူမ၏ခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်သကဲ့သို့ X-Ray အမြင်ဖြင့် စူးစိုက်ကြည့်ရှု၏။ သူမ၏ အရိုးသိပ်သည်းဆများက အကြီးအကျယ် ပြောင်းလဲသွားကြောင်း တွေ့ရှိ၏။ မတော်တဆ တစ်စုံတစ်ရာသာ မရှိပါက သူမ၏ အရိုးခိုင်မာမှုက သာမန်လူတစ်ယောက်ထက် အဆပေါင်းများစွာ ကျော်လွန်သွားပေမည်။

သူမ၏ သွေးကြော၊ အရွတ်များ.. ထိုအရာများက သာမန်လူတစ်ယောက်၏အရွတ် သွေးကြောများထက် ပိုမိုကြံ့ခိုင်၏။

ကမ္ဘာမြေပေါ်မှ အပြေးသမားများက ထိုကဲ့သို့သော ဒဏ်ရာများကို ရလေ့ရှိ၏။ (ဆေးရုံကို ကန်ထရိုက်ယူထားတဲ့ အာဆင်နယ်ကကောင်တွေဆို ပိုဆိုး။) ယခု မူလန်၏အရွတ်နှင့် သွေးကြောများက အဆပေါင်းများစွာ ပိုမိုသန်မာလာခဲ့၏။ ဆိုလိုသည်က သူမ၏ လက်ရှိခန္ဓာကိုယ်က ကြီးမားသည့်ဖိအားကိုပင် ခံနိုင်ရည်ရှိသွား၏။ သူမ၌ ပေါက်ကွဲထွက်မတတ် အားအင်များက ရှိလာ၏။

ဤသည်က အလွန်ကောင်းမွန်သည့် အခြေအနေပင်။ ဤကဲ့သို့သော သွေးမျိုးဆက် ပြောင်းလဲခြင်းက အတွင်းအားပေါ် မှီခိုခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်၏ အရည်အသွေးကို တိုက်ရိုက်မြှင့်တင်ပေးခြင်း ဖြစ်၏။ ထို့နောက် ရှမ့်လန်က နောက်ထပ်အရာတစ်ခုကို တွေ့ရှိလိုက်ရ၏။ မူလန်၏ ခန္ဓာကိုယ်အချိုးအစားက ပိုမိုဆွဲဆောင်မှု ရှိလာခြင်းပင်။ တကယ်ကို နတ်မိစ္ဆာတစ်ပါးကဲ့သို့ဖြစ်သည်။

“ဒါ ငါ့ကို သတ်တော့မှာပဲ” မူလန်၏ ခန္ဓာကိုယ်က ယခင်ကတည်းက တုန်လှုပ်ဖွယ်ကောင်းအောင် လှပ၏။ ယခု သူမ၏ခြေတံက ပိုရှည်လာ၏။ ပေါင်တံ၏ ကောက်ကြောင်းကလည်း ပိုမိုပြည့်ဖြိုးပြီး ဖြောင့်တန်း၏။ သူမ၏ခါးက ပိုမိုသေးသွယ်လာခဲ့ပြီး စွမ်းအင်များနှင့် ပြည့်ဝနေပုံလည်း ပေါ်၏။ ရင်အစုံက ပိုမိုကာ ပြည့်စုံ တောင့်တင်းမှု ရှိလာ၏။

အတိုချုပ်ပြောရမည်ဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံးက အသွင်ပြောင်းလဲသွားသကဲ့သို့ပင်။ သာမန်လူ တစ်ယောက်အနေဖြင့် ဤကဲ့သို့သော ခန္ဓာကိုယ် ကောက်ကြောင်းမျိုးကို ပိုင်ဆိုင်ရန်ဆိုသည်မှာ ခက်ခဲ၏။ ထိုအရာက စိတ်ကူးယဉ်ဆန်လွန်းနေသည် မဟုတ်ပါလား။ ဂိမ်းထဲမှ နတ်မိမယ်များကဲ့သို့ပင်။

ရှမ့်လန်က မေးလိုက်သည်။ “ဆရာ.. ဒီသွေးမျိုးဆက်ပြောင်းလဲမှုက ဆက်ခံသူအမျိုးသမီးရဲ့ ယောက်ျားဖြစ်စေချင်တဲ့ ဆန္ဒတွေကို ထည့်ပြီး စဉ်းစားပေးနေတာများလား”

ဝူတူကျိက ပြောလိုက်၏။ “မင်းရဲ့အမြင်အရဆိုရင်တော့ သူ့ရဲ့ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်က ရင်ခွင်ထဲကို ထည့်ပြီး အိပ်ဖို့ ပိုကောင်းသွားတာပေါ့။ ငါ့ရဲ့အမြင်အရဆိုရင်တော့ သူ့ရဲ့ခန္ဓာကိုယ်က တိုက်ပွဲဝင်ဖို့ ပိုပြီးသင့်တော်တာ။”

ထိုစကားကို ကြားချိန်မှာတော့ ရှမ့်လန်က တိုက်ပွဲဝင်သည့် ရှုထောင့်မှ ပြောင်းလဲကာ ကြည့်ရှု၏။ ဝူတူကျိ ပြောဆိုသည်မှာ မှန်ကန်ကြောင်း သူ တွေ့ရှိလိုက်၏။ မူလန်၏ ခန္ဓာကိုယ်ပြောင်းလဲခြင်းက တိုက်ပွဲအတွက် လုံးဝရည်ရွယ်ထားခြင်း ဖြစ်၏။ သူမက သေးသွယ်၏၊ လျင်မြန်ဖျတ်လတ်၏။ ပေါက်ကွဲလုမတတ် ဖြစ်နေသည့် စွမ်းအားများနှင့် ပြည့်နှက်နေသည်။

နောက်ဆုံးမှာတော့ သူမ၏ပြောင်းလဲမှုက ရပ်တန့်သွားခဲ့၏။ နောက်တစ်ဆင့်က မျက်နှာပေလား။ “မဟုတ်ဘူး.. မဟုတ်ဘူး။ မူလန်ရဲ့ မျက်နှာက ပြည့်စုံလွန်းနေပြီ ထပ်ပြီး ပြောင်းလဲစရာ မလိုတော့ဘူး”

ခုနစ်မိနစ်ခန့် ကြာချိန်မှာတော့ ရှမ့်လန်က အံ့အားသင့်လွန်းသွားသောကြောင့် တောက်ပင် ခေါက်မိ၏။ ပြောင်းလဲမှုများပြီးနောက် မူလန်၏မျက်နှာက လှပလွန်းနေ၏။ မျက်နှာ အသွင်အပြင်တစ်ခုလုံးက ပြောင်းလဲသွားခြင်း မရှိသော်လည်း သူမ၏နှာတံက အနည်းငယ် ပိုစင်းလာ၏။ မျက်နှာက ပိုမိုကာ သွယ်လျသွား၏။ သူငယ်အိမ်များက အနည်းငယ်ပိုမို တောက်ပလာခဲ့၏။ မျက်တောင်ကလည်း ကော့စင်းလို့နေသည်။

ဤအရာက မူလန်ကို ကပြားတစ်ယောက်ကဲ့သို့ပင် ထင်မှတ်မှားစေ၏။ သာမန် ကပြားတစ်ယောက်မဟုတ်ဘဲ ပိုမိုနက်နဲဆန်းကြယ်သည့် သွေးနှောသူတစ်ယောက်ကဲ့သို့ပင်။

ဟုတ်ပေ၏။ မူလန်က မူလန်ပင်ဖြစ်၏။ တစ်ချက်ကြည့်ရှုလိုက်ရုံဖြင့် ဒါ မူလန်ဖြစ်ကြောင်း လူတိုင်းက ပြောနိုင်၏။

ရှမ့်လန်က ရင်ဘတ်ကို ရဲရဲပုတ်ကာ ပြောရဲ၏။ “ငါ့ရဲ့မိန်းမက နောင်အနာဂတ် ရွှဲ့ပြည်နယ်မှာ အလှပဆုံး မိန်းမ ဖြစ်လာတော့မယ်။ ကျုံးရှစ်ရှစ် ဘေးဖယ်စမ်း၊ နင်ဟန် ဘေးဖယ်စမ်း။ မင်းတို့ရဲ့ရုပ်ရည်က လောကကြီးကို လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး။”

တစ်နာရီခန့်အကြာမှာတော့ မူလန်၏ ပြောင်းလဲမှုက ပြီးဆုံးသွား၏။ သူမ၏ကိုယ်ပေါ်မှ မီးတောက် ကဲ့သို့သော အနီရောင်အလင်းများက ပျောက်ကွယ်သွား၏။ သို့သော်ငြား သူမ၏ နှင်းကဲ့သို့ ဖြူဝင်းနေသည့် ကျောပြင်ပေါ်တွင် တောက်ပသည့် အနီရောင်သင်္ကေတများ ရေးထွင်းထားသကဲ့သို့ ပေါ်ပေါက်လာ၏။ ထိုအရာက လျှို့ဝှက်ဆန်းကြယ်ပြီး လှပသည့် ဆေးမင်ကြောင်များကဲ့သို့ပင် သက်ဝင်လှုပ်ရှားနေသယောင် ရှိသည်။

ရှမ့်လန်က မူလန်၏ ခန္ဓာကိုယ်ကို အသာလှမ်းထိကြည့်၏။ သူမ၏ အသားအရည်က အလွန်ပင် ကျစ်လစ် သွားကြောင်း တွေ့ရ၏။ ယခင်က မူလန်က သိုင်းပညာကို တစ်နှစ်ပတ်လုံး လေ့ကျင့်သူဖြစ်၍ ကိုယ်ပေါ်တွင် အဆီပိုဟူ၍ သိပ်မရှိသော်လည်း ကြွက်သားများက နူးညံ့၏။ ယခု မူလန်၏ အရေပြားက အံ့အားသင့်စရာ ကောင်းလောက်အောင် ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသွားပြီး ကြွေသားကဲ့သို့ ချောမွေ့နေသည်။ ဤကဲ့သို့သော အရေပြားမျိုးက ကမ္ဘာမြေပေါ်တွင် Photoshop ပြုလုပ်ထားသည့် အလှမယ်များသာ ပိုင်ဆိုင်သည့် အရာမျိုး ဖြစ်၏။

“ဆရာ.. မူလန်က ရှေးခေတ်လူသားတွေနဲ့ တူတယ်လို့ ထင်လား”

ဝူတူကျိက ပြော၏။ “နည်းနည်းတော့ တူတယ်။ ဒါပေမဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာ ရှိတဲ့ လူသားတချို့ရဲ့ ပုံတွေကို ကြည့်ရတာ တိုက်ခိုက်ဖို့ သင့်တော်တဲ့အထိ ပြည့်စုံ အားကောင်းကြတယ်။ အခြေခံအားဖြင့် သူတို့က ငါတို့ထက် ပိုပြီး အရပ်ရှည်ပြီး၊ ပိုပြီးတော့ အားကောင်းတယ်”

ပြောင်းလဲမှုများ ပြီးနောက် မူလန်က ဆက်လက်အိပ်ပျော်နေဆဲပင်။ သို့သော်ငြား ဤအချိန်တွင် ကြာရှည်စွာ အိပ်ပျော်နေခြင်းမျိုး မဟုတ်တော့ဘဲ သူမ၏ အသက်ရှူသံနှင့် နှလုံးခုန်သံများက အားကောင်းလို့နေ၏။ သူမက အသက်ဓာတ် စွမ်းအင်များနှင့် ပြည့်နှက်နေ၏။ ဤအိပ်စက်ခြင်းက သွေးမျိုးဆက် ပြောင်းလဲမှု ဗီဇသစ်နှင့် အသားကျရန်ပင်။

မြွေတစ်ကောင် အရွယ်ရောက်ပြီးနောက် အရေခွံလဲရန် တွင်းအောင်းကာ ငြိမ်သက်နေရသကဲ့သို့ပင်။ ပြန်ထွက်လာသည့်အခါတွင် ပိုမိုသန်မာပေလိမ့်မည်။

All Chapters