← Chapters

အခန်း (၂၄၁−၂၄၃)

Vol. 17 Ch. 241-243

အခန်း (၂၄၁−၂၄၃)

Vol. 17 Ch. 241-243

အပိုင်း ၂၄၁ : ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်အစစ်

ယဲ့ချန်းက ထိုတောင်းဆိုချက်များကို လျစ်လျူရှုလိုက်သည်။

ဤလူများက သူ့သူငယ်ချင်းဖြစ်ရန် အရည်အချင်းမပြည့်မီကြချေ။ ယဲ့ချန်း၏သူငယ်ချင်းများမှာ ဘီလျံနာစာရင်းဝင်နာမည်ကျော်များ ဖြစ်လျှင်ဖြစ် သို့မဟုတ်ပါက ရုပ်ရည်ရမှတ်၉၅မှတ်အထက်ရှိသော အလှပဂေးများပင်။

"အားလုံးပဲ..ကျွန်တော် ဘယ်သူငယ်ချင်းမှ မအပ်ပါဘူး။ ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

ထိုမက်ဆေ့ချ်ကိုပို့ပြီးနောက် ယဲ့ချန်းက သူ့ဖုန်းကို ဘေးချပြီး ရေသွားချိုးလေတော့သည်။

ပုံမှန်အားဖြင့် ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် ဂရုထဲသို့ ဝင်လာလျှင် စာအိတ်နီတစ်လုံးပို့ပြီး နည်းနည်းတော့ကြွားဝါကြသည်သာ။

သို့ဖြစ်လေရာ ယဲ့ချန်း၏တုံ့ပြန်မှုကြောင့် လေထုအခြေအနေအနေကား အတန်ငယ်အေးစက်သွားသည်။

တက္ကစီဒရိုင်ဘာတဲ့လား။

"ဒီလူက တကယ်ပဲ တက္ကစီဒရိုင်ဘာများလား။ အခုတလော သတင်းနားထောင်ဖြစ်လား။ တချို့လူတွေဆိုရင် တိုက်ရိုက်ထုတ်လွှင့်သူတွေကို ဆုချဖို့အတွက် အတိုးကြီးတဲ့ချေးငွေတွေတောင် အများကြီးယူကြတာ"

"ဒီလူ့ကို ငါသိတယ်။ သူက အစတုန်းက ဆယ်ဒေါ်လာလောက်ပဲ ပေးနေကျ။ ဒါပေမဲ့ အခုကျတော့ ရုတ်တရက်ကြီး လက်ဖွာလာတော့ တစ်ခုခုလွဲနေတာ သေချာတယ်။ သူ တကယ်ချေးငွေယူထားတာ ဖြစ်နိုင်လောက်တယ်"

ရုတ်ခြည်းပင် ဂရုထဲရှိ စကားဝိုင်းက လမ်းကြောင်းပြောင်းသွားချေသည်။ အစတုန်းကမူ ယဲ့ချန်းက ဘယ်လိုဒိတ်ဒိတ်ကြဲသူဌေးမျိုး ဖြစ်လိမ့်မလဲဟု သူတို့ ခန့်မှန်းနေခဲ့ကြသည်။ ယခုမူ ယဲ့ချန်းအား တိုက်ရိုက်ထုတ်လွှင့်သူများကို ဆုချဖို့အတွက် ငွေတိုးကြီးသော ချေးငွေများကို မဆင်မခြင်ယူသုံးခဲ့သည့် ငတုံးတစ်ယောက်အဖြစ် မြင်နေကြလေပြီ။

"ငါလည်း ဒီလူ့ကိုသိတယ်။ သူက အရင်တုန်းက တစ်ရာထက်ပိုပြီး မပေးဖူးဘူး။ ဒါပေမဲ့ ဒီကြားထဲ နှစ်လလောက်ပျောက်သွားပြီး အခုမှ ရုတ်တရက်ကြီး တစ်သိန်းဖိုးလောက် လာပေးနေတာ။ တော်တော်မသင်္ကာစရာပဲ"

"ဟုတ်တယ်။ သူက တိုက်ရိုက်ထုတ်လွှင့်သူတွေကို ဆုချဖို့အတွက် တကယ်ငွေတိုးချေးထားတာဆိုရင် တော်တော်မိုက်မဲရာကျတယ်"

မူလတုန်းက တိတ်ဆိတ်နေခဲ့သော မနာလိုသူတစ်သိုက်က ပေါက်ပေါက်ဖောက်ကြလေတော့သည်။

"ငါလည်း တစ်ခုခုထူးဆန်းနေပါတယ်လို့ ထင်နေတာ။ လက်စသတ်တော့ သူက တိုက်ရိုက်ထုတ်လွှင့်သူတွေကို ဆုချဖို့အတွက် ငွေတိုးချေးထားတာကိုး"

"ချောင်းအာ.. လိုအပ်လာရင် သူ့ပိုက်ဆံကို ပြန်ပေးလိုက်ပါ့လား။ မဟုတ်ရင် အကြွေးပြန်မဆပ်နိုင်လို့ သူ လိုက်ဖမ်းခံနေရမှာမဟုတ်ဘူးလား"

"ဘာလို့ပြန်ပေးရမှာလဲ။ ဆုချတာက သူ့ဆန္ဒအလျောက်ပေးတာလေ။ နှစ်ဦးနှစ်ဖက် ဆန္ဒရှိလို့ဖြစ်တာပဲကို။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားချင်မှတော့ သူ့လုပ်ရပ်ကိုသူ တာဝန်ယူရမှာပေါ့"

"အစ်ကိုရှောင်ယောင်ပြောတာ မှန်တယ်။ ဒီတက္ကစီဒရိုင်ဘာက ငွေတိုးချေးထားတာ သေချာတယ်"

…

မကြာသေးခင်က ယဲ့ချန်းသည် တစ်သန်းကျော်လောက် မုန့်ဖိုးထုတ်ပေးခဲ့သဖြင့် တော်တော်များများက မနာလိုဖြစ်နေခဲ့ကြသည်။ ယခု ဇာတ်ကြောင်းကို ပြောင်းပြန်လှန်လိုက်သည့်အခါ မနာလိုသူများအားလုံး ထွက်လာကြပြီး ယဲ့ချန်းကို လှောင်ကြလေတော့သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. ငွေတိုးချေးတာ မကောင်းဘူးနော်။ ကျွန်တော်နဲ့မောင့်ယာက ငါးဆယ်ရာခိုင်နှုန်းဆီ ရှယ်ယာခွဲထားတာ။ ကျွန်တော့်ရဲ့ရှယ်ယာကို မယူတော့ဘူး။ ခင်ဗျားကို ပြန်ပေးမယ်။ အကြွေးတွေ မြန်မြန်သွားဆပ်လိုက်ဦး"

ယဲ့ချန်း ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် ထိုအကြောင်းအရာကိုမြင်သောအခါ ခပ်ဖွဖွပြုံးလိုက်လေသည်။

"မလိုပါဘူး။ ဒီပိုက်ဆံက တက္ကစီမောင်းပြီး ရလာတဲ့ ပိုက်ဆံတွေပါ။ ငွေတိုးချေးထားတာမဟုတ်ဘူး"

"ဒီတက္ကစီဒရိုင်ဘာက တော်တော်ဆင်ခြင်တုံတရားမရှိတာပဲ။ ဒီလောက်ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုက်ဆံကို တိုက်ရိုက်ထုတ်လွှင့်သူတွေကို ပေးပစ်လိုက်ရတယ်လို့"

"ဟုတ်ပါ့။ ဒေါ်လာတစ်သိန်းပေးလိုက်တာနဲ့ပဲ အဲဒီတိုက်ရိုက်ထုတ်လွှင့်သူက ခင်ဗျားကြိုက်မယ်များထင်နေလား။ ရိုးအလိုက်တာ"

"လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သိတတ်ရတယ်"

...

ဂရုထဲရှိ လှောင်ပြောင်သရော်စကားများကို မြင်သောအခါ ယဲ့ချန်းမှာ သူတို့အတွက် အချိန်ကုန်ခံမနေတော့ချေ။ ထိုအချိန်မှာပင် ဂရုထဲရှိ လူတစ်ယောက်က ဓာတ်ပုံတစ်ပုံတင်လိုက်သည်။

ထိုဓာတ်ပုံကိုဖွင့်ကြည့်လိုက်ချိန်ဝယ် ယဲ့ချန်း အံ့အားသင့်သွားရသည်။ ဤသည်မှာ လိုင်ကန်ပြိုင်ကားကို မောင်းနေသည့် သူ့ဓာတ်ပုံပင်။ ထိုဓာတ်ပုံကိုမြင်လိုက်ရချိန်မှာ ဂရုထဲရှိ အမျိုးသားများမှာ တအံ့တဩဖြစ်ကုန်ကြသည်။

"ဒီကားက တော်တော်မိုက်တယ်နော်။ ဆယ်သန်းကျော်တော့ ပေးရမှာပဲ။ ဟုတ်တယ်မလား"

"ကိုယ့်လူ ခင်ဗျားက တော်တော်ရိုးအတာပဲ။ ဒါက ဘယ်လိုကားမျိုးလဲသိလား။ လိုင်ကန်ဗျ။ ဆယ်သန်းကျော်တဲ့လား။ ဒါဆို ကျုပ် ပိုက်ဆံပေးလိုက်မယ်။ ရအောင်ဝယ်ပေးလေ"

"Fast and Furiousကို သိတယ်မလား။ အဓိကဇာတ်လိုက်က အဆောက်အအုံတွေကြားမှာ ဖြတ်မောင်းသွားတဲ့ကားက လိုင်ကန်ပဲ။ ဒါက ဒုတိယမျိုးဆက်ပေါ့။ တစ်ကမ္ဘာလုံးမှာ သုံးစင်းတည်းရှိတာ"

"ကြမ်းလိုက်တာ။ ဒါက ဘယ်လောက်ပေးရလဲ"

"ဒီကားကို ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်က သန်းတစ်ရာနဲ့ဝယ်သွားတယ်လို့ ကြားတာပဲ"

"သေစမ်း။ တကယ့်သူဌေးအစစ်ပါလား။ ကားတစ်စီးကို သန်းတစ်ရာတန်တယ်တဲ့"

"ဒီလိုသူဌေးမျိုးနဲ့ ခင်ချင်လိုက်တာနော်"

...

ဂရုထဲရှိ လူများက ဤအကြောင်းကို ဆွေးနွေးနေစဉ် နှစ်သိန်းတန်ဘောနပ်စ်ပေးခဲ့သည့် အစ်ကိုရှောင်ယောင် ပေါ်လာလေသည်။

"မင်းတို့တွေ မသိသေးဘူးမလား။ ဒီကားပိုင်ရှင်က လူငယ်လေးတစ်ယောက်တဲ့။ အရမ်းချမ်းသာတာ။ လုပ်ငန်းနယ်ပယ်တိုင်းမှာရှိတဲ့ လုပ်ငန်းစုတွေကိုလည်း ပိုင်တယ်။ ဟွားစံအိမ်တော်ကို သိတယ်မလား။ ဒီကားပိုင်ရှင်က ဟွားစံအိမ်တော်ရဲ့ နံပါတ်တစ်ဗီလာပိုင်ရှင်လို့ ကြားထားတယ်။ နံပါတ်နှစ်စံအိမ်မှာ ဘယ်သူနေလဲဆိုတာရော သိလား။ ဥက္ကဋ္ဌမာပဲ"

"သေလိုက်ပါတော့။ ဒါဆို ဒီလူငယ်လေးက ဥက္ကဋ္ဌမာထက်တောင် ပိုချမ်းသာတာပေါ့"

အစ်ကိုရှောင်ယောင် ရှင်းပြလိုက်သောအခါ ဂရုတစ်ခုလုံး ပွက်လောရိုက်ကုန်ကြသည်။

"သေစမ်း။ သူက ဥက္ကဋ္ဌမာကိုတောင် လွှမ်းမိုးနိုင်တယ်တဲ့"

"မယုံချင်စရာပဲ။ ဟွားစံအိမ်တော်ရဲ့ နံပါတ်တစ်ဗီလာပိုင်ရှင်ဆိုတော့ နောက်ခံအင်အားကလည်း တော်တော်တောင့်တင်းမှာပဲ"

"အစ်ကိုရှောင်ယောင် ပီသပါပေတယ်။ အတွင်းသတင်းတွေအများကြီးသိတယ်နော်"

"အတွင်းသတင်းတွေအများကြီးကို ဒီလိုမျိုးသိထားတဲ့ အစ်ကိုရှောင်ယောင်ကလည်း နယ်နယ်ရရနောက်ခံမျိုးတော့ မဖြစ်နိုင်ဘူး"

အစ်ကိုရှောင်ယောင်၏ ထုတ်ဖော်မှုအတွက် အင်တာနက်အသုံးပြုသူများက ပရိသတ်မိန်းမငယ်လေးများနှယ် အရူးအမူးအားပေးကြသည်။ အစ်ကိုရှောင်ယောင်ကလည်း ယခုလို မြှောက်ပင့်ခံရသည့် ခံစားချက်ကို အလွန်သဘောကျသဖြင့် စိတ်ထဲ၌ အလွန်ကျေနပ်နေချေသည်။

ယနေ့ သူ့စိတ်အခြေအနေက အတန်ငယ်ညစ်ညူးခဲ့ရသည်။ သူသည် ဂရုထဲတွင် အမြဲတမ်း အစ်ကိုကြီးအရာ ရောက်ခဲ့သည်။

သို့သော် ယနေ့တွင်မူ ဒေါ်လာတစ်သိန်းဘောနပ်စ်ပေးခဲ့သည့် ချာတိတ်တစ်ယောက်က သူ့နေရာကို လုယူတော့မတတ်ဖြစ်သွားသဖြင့် အလွန်ဒေါသထွက်ခဲ့ရသည်။ ဤအဖြစ်ကို သူ လက်မခံနိုင်ချေ။ အစ်ကိုရှောင်ယောင်က အစ်ကိုကြီးဟူသော သူ့အာဏာကို ဘယ်လိုတည်ဆောက်ခဲ့ရသလဲ။

အစ်ကိုရှောင်ယောင်က ယဲ့ချန်းကို မန်းရှင်းခေါ်၍ လှောင်ပြောင်သရော်လေတော့သည်။

@တက္ကစီဒရိုင်ဘာအစ်ကို တကယ့်သူဌေးအစစ်က ဘယ်သူလဲဆိုတာ သိပြီလား။ တက္ကစီမောင်းပြီး ငွေနည်းနည်းလောက်ရှာနိုင်ရုံနဲ့ ဟုတ်လှပြီထင်နေတာလား။ ရိုးအလိုက်တာ။ ဒီတစ်သိန်းကို မင်းရဲ့ကျူရှင်ခလို့ သတ်မှတ်လိုက်။ ငါ ခုနကပြောတဲ့လူကမှ တကယ့်သူဌေးအစစ်ကွ။ ဘဝမှာ အကြီးအကျယ်အောင်မြင်နေတဲ့လူ။ ချာတိတ်.. ငါ မင်းကို ဘဝသင်ခန်းစာတစ်ခု ပေးမယ်။ လူဆိုတာ နှိမ့်ချတတ်ရတယ်။ မင်း အခုလို မိမိုက်ချင်ယောင်ဆောင်မယ်ဆိုရင်လည်း ကျောထောက်နောက်ခံ အင်အားတစ်ခုရှိအောင် လုပ်ရမယ်။ အင်အားမရှိဘဲနဲ့ မိမိုက်ချင်ယောင်ဆောင်နေရင် ငတုံးပဲ ဖြစ်သွားလိမ့်မယ်"

အစ်ကိုရှောင်ယောင်က စိုးရိမ်ပြနေပုံပေါ်သော်ငြား သူ့စကားများမှာမူ ဝင့်ကြွားမောက်မာမှုများ၊ အထက်စီးဆန်သော စိတ်နေသဘောထားများဖြင့် ပြည့်နှက်နေပြီး ထွက်လာသမျှ စကားတစ်ခွန်းစီတိုင်းက စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် သူ့ကိုယ်သူ အောင်မြင်သူအစစ်အမှန်အလား ပညာပြနေဟန်ပင်။

အစ်ကိုရှောင်ယောင် ဟိတ်ဟန်ထုတ်ပြနေသည်ကို ကြည့်ရင်း ယဲ့ချန်းလည်း မရယ်ဘဲ မနေနိုင်တော့ပေ။

ငါ့ရှေ့မှာ တကယ်ကြီးလာဟန်ဆောင်ပြနေတာလား။ မင်းမှာ အရည်အချင်းရှိလို့လား။

အစတုန်းကတော့ ယဲ့ချန်းမှာ အစ်ကိုရှောင်ယောင်ကို စိတ်ထဲမထည့်ခဲ့ပေ။ သို့သော် တစ်ဖက်လူက ဟိတ်ဟန်ထုတ်ရခြင်းကို စွဲလမ်းနေပြီး သူ့ကိုပင် ဖိနှိပ်ချင်နေသည်ဖြစ်ရာ ယဲ့ချန်း၏စိတ်ထဲ အလွန်မသက်မသာဖြစ်သွားရသည်။

ယဲ့ချန်းမှာ လိုင်ကန်ပြိုင်ကားနှင့် တွဲရိုက်ထားသော သူ့ဓာတ်ပုံကို ဓာတ်ပုံအယ်လ်ဘမ်ထဲမှ ထုတ်ယူကာ ဂရုထဲသို့ ပို့လိုက်၏။

"ဒါက ငါ့ရဲ့အထူးတက္ကစီပဲ။ အားလုံးပဲ ငှားစီးနိုင်ပါတယ်"

ဓာတ်ပုံပို့ပြီးနောက်တွင်မူ ယဲ့ချန်းလည်း ဖုန်းပိတ်ပြီး အိပ်လိုက်လေသည်။

ထိုအချိန်မှာပင် ယဲ့ချန်း၏ဓာတ်ပုံကို မြင်လိုက်ရချိန်ဝယ် လူတိုင်း ကြက်သေသေကုန်ကြသည်။

အစတုန်းကတော့ ယဲ့ချန်း ဓာတ်ပုံကို ပြုပြင်ထားသလားဟု သံသယဝင်ခဲ့ကြသည်။ သို့သော် သိပ်မကြာခင်မှာပင် ဂရုထဲရှိ ဂရက်ဖစ်ကျွမ်းကျင်သူတစ်ဦးက ဤဓာတ်ပုံက ဓာတ်ပုံအစစ်ဖြစ်ပြီး ပြုပြင်ထားသော အရိပ်အယောင်လုံးဝမရှိကြောင်း အတည်ပြုပေးခဲ့သည်။

ထို့ပြင် ယဲ့ချန်း၏ဝီချက်ပရိုဖိုင်းနှင့် ဓာတ်ပုံထဲရှိ ပုဂ္ဂိုလ်က တစ်ထေရာတည်းတူနေပေသည်။

ယခုမူ ဂရုထဲရှိ အဖွဲ့ဝင်များအားလုံး ယုံကြည်သွားကြလေပြီ။

"သေစမ်း။ ဒီလူက တကယ့်သူဌေးအစစ်ဖြစ်နေပါရောလား"

"ဒီလိုသူဌေးကြီးတစ်ယောက်က နီးနီးလေးမှာရှိနေတာကို ငါ ယုံတောင်မယုံနိုင်ဘူး"

"ဟွားစံအိမ်တော် နံပါတ်တစ်ဗီလာပိုင်ရှင် ဒဏ္ဍာရီလာသူဌေးကြီးက တကယ်တမ်းကျတော့ ငါ့အနားမှာ ရှိနေတာပဲ"

"သူက ဟွားစံအိမ်တော်ထဲက ဗီလာတစ်လုံးနဲ သန်းတစ်ရာတန်ကားတစ်စီးကို ဝယ်နိုင်တယ်ဆိုရင် သူ့နောက်ခံအင်အားက နယ်နယ်ရရတော့မဖြစ်နိုင်ဘူး"

"ဒဏ္ဍာရီလာသူဌေးကြီးက ဒီလောက်ငယ်လိမ့်မယ်လို့ ငါ လုံးဝထင်မထားဘူး"

"ဟားဟား ခုနတုန်းကပဲ တချို့လူတွေက သူ့ကို ဆရာလုပ်နေတာနော်။ ချက်ချင်းမျက်နှာဖြတ်ရိုက်ခံရလိမ့်မယ်လို့ ထင်မထားဘူး"

အစ်ကိုရှောင်ယောင်က ဂရုထဲတွင် မကြာမကြာဟိတ်ဟန်ထုတ်တတ်သောကြောင့် တော်တော်များများက သူ့ကို စိတ်ကုန်နေသည်မှာ ကြာလှလေပြီ။

"သေတော့မှာပဲ တက္ကစီနတ်ဘုရားက အရမ်းအထင်ကြီးဖို့ကောင်းတာပဲ။ ဒီပုံစံကိုကြည့်စမ်းပါဦး။ ဘာစကားမှပြောနေစရာမလိုဘူး။ ဓာတ်ပုံတစ်ပုံနဲ့တင် ပွဲသိမ်းရော"

...

ထိုအခိုက်ဝယ် အစ်ကိုရှောင်ယောင်မှာမူ သူ့ဖုန်းထဲရှိ ဓာတ်ပုံကိုကြည့်ရင်း ပျာယာခတ်နေရှာသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူသည် ဟွားစံအိမ်တော်၏နံပါတ်တစ်ဗီလာပိုင်ရှင်ကို သူ့ဘဝရည်မှန်းချက်တစ်ခုအဖြစ် အမြဲသတ်မှတ်ထားခဲ့သည်။ သို့သော် ထိုလူက တက္ကစီဒရိုင်ဘာဖြစ်နေလိမ့်မည်ဟု ထင်မထားချေ။

ဤတစ်ခေါက်တွင်မူ သူ လုံးဝမျက်နှာပျက်ခဲ့ရသည်။

ပရိသတ်ဂရုထဲတွင် လူပေါင်းစုံရှိသည်။ မိမိကသာ အင်အားကြီးနေမည်ဆိုလျှင် သူတို့ကလည်း အားပေးမြှောက်ပင့်ကြလိမ့်မည်။

ယခုမူ ပိုအင်အားကြီးသူတစ်ယောက် ပေါ်လာပြီဖြစ်ရာ ထိုလူများမှာ သူ့အား နှိပ်ကွပ်ပြီး ကိုင်းကူးကြလေတော့သည်။

သို့သော် တကယ်တမ်းတွင် ဤလူများကလည်း အစောတုန်းက ယဲ့ချန်းကို လှောင်ပြောင်ခဲ့ကြသည်သာ။

ယဲ့ချန်းကတော့ ဤလူများကို လုံးဝစိတ်ထဲမထားပေ။ ယဲ့ချန်း၏အဆင့်အတန်းက အရေးမပါသော ဤလူများနှင့် ပြိုင်ငြင်းရလောက်သည်အထိ မတန်ပေ။

"တီ တီ"

ထိုအချိန်ဝယ် ကျောက်ချောင်းအာက သူ့အား ဝီချက်မှတစ်ဆင့် မက်ဆေ့ချ်ပို့လာလေသည်။

••••••••••••••••••••

အပိုင်း ၂၄၂ : တိုက်ရိုက်ထုတ်လွှင့်မှုကို ဗုံးကြဲခြင်း

ယဲ့ချန်းလည်း ဝီချက်ထဲမှ စကားပြောဝိုင်းကို ဖွင့်ကြည့်လိုက်သည်။

ကျောက်ချောင်းအာ : " တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. ဒီနေ့ကိစ္စအတွက် ကျွန်မ တကယ်တောင်းပန်ပါတယ်။ ရှင်က မိုတုမြို့မှာ နေတာမလား။ ဒီီလိုလုပ်ရင်ရော။ ခုနက ဂရုထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် တောင်းပန်တဲ့အနေနဲ့ ကျွန်မ ရှင့်ကို ညစာဖိတ်ကျွေးမယ်လေ"

မိန်းမလှလေးတစ်ယောက်က ညစာစားရန် ဖိတ်ကြားနေသည်ဖြစ်ရာ သေချာပေါက်သွားရမည်သာ။

ယဲ့ချန်း ချက်ချင်းအကြောင်းပြန်လိုက်၏။

"ရတာပေါ့။ အချိန်နဲ့နေရာကို မင်းပဲ ရွေးလိုက်ပါ"

အချိန်သတ်မှတ်ပြီးနောက်တွင်မူ ယဲ့ချန်းမှာ အိပ်ရာဝင်ဖို့ အဆင်သင့်ပြင်လေတော့သည်။

သို့သော် ရာသီဥတုက ပူလွန်းလှသည်။ အဲကွန်းဖွင့်ထားသည့်တိုင် အိပ်မပျော်ပေ။

ထို့ကြောင့် မောင့်ယာအက်ပ်ကို ဖွင့်လိုက်ပြန်သည်။ မောင့်ယာဒင်္ဂါးအမြောက်အများ ကျန်နေသေးသည်ဖြစ်ရာ အလဟဿထားမည့်အစား သုံးပစ်လိုက်တာ ပိုကောင်းပေမည်။

ယဲ့ချန်း အတော်ကြာအောင် လျှောက်ကြည့်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်သူအများစုက မိတ်ကပ်အထူကြီး လိမ်းထားသဖြင့် အကုန်ကျော်သွားလိုက်သည်။

အဆုံးမှာတော့ ပင်ကိုယ်မျက်နှာလေးနှင့် လှပနေသော အလှလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအလှလေးက Cosplay Animeဝတ်စုံကို ဝတ်ဆင်ထားပြီး ကောက်ကြောင်းကလည်း လှပသေသပ်လှ၏။

ကျောက်ချောင်းအာ၏အလှတရားမှာ ရင့်ကျက်မှုတစ်မျိုး ကိန်းအောင်းနေသည်ဆိုလျှင် ထျန်းမုန့်ယောင်ကမူ အိမ်နီးချင်းမိန်းကလေးတစ်ယောက်အလား ခံစားရစေသည်။ ထျန်းမုန့်ယောင်၏အသံက အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ဆွဲဆောင်နိုင်စွမ်းရှိသည့်အပြင် ညှို့ဓာတ်ပြင်းရှလေသည်။

တကယ်တမ်းတွင် ဤသည်မှာ ထျန်းမင်ယောင်၏ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သော်ငြား ယဲ့ချန်း၏ လူကုံထံအမှတ်တံဆိပ်ကို မြင်လိုက်ရချိန်မှာ ယဲ့ချန်းက ပိုက်ဆံအမြောက်အများသုံးစွဲနိုင်သူဖြစ်ကြောင်း သူ(မ) သိလိုက်သည်။

ယဲ့ချန်း၏အကောင့်က မောင့်ယာဒင်္ဂါးနှစ်သိန်းကျော်ကို သုံးထားပြီးဖြစ်လေရာ သူ့အား လူကုံထံဘော့စ်တစ်ယောက်အဖြစ် သတ်မှတ်ပေးထားသည်။

သူ(မ)၏အဆင့်ကို မြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်သူအသစ်စက်စက်လေးဖြစ်ကြောင်း ယဲ့ချန်း သိလိုက်ရသည်။ ကျောက်ချောင်းအာနှင့် မတူသည်မှာ ထျန်းမုန့်ယောင်ကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်သူအသစ်လေးများက ချဉ်းကပ်ရလွယ်သည်။

သူတို့က ဤနယ်ပယ်ထဲကို ယခုမှဝင်ခါစဖြစ်လေရာ ရိုးအနေဆဲပင်။ ဝါရင့်တိုက်ရိုက်ထုတ်လွှင့်သူများနည်းတူ လက်ဆောင်ပေးချင်လာအောင် အမြဲတစေနည်းလမ်းရှာတတ်သူများ မဟုတ်ချေ။

ယဲ့ချန်းက ထျန်းမုန့်ယောင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းကို တစ်ချက်ကြည့်လိုက်လေရာ ဖော်လိုဝါအယောက်သုံးဆယ်မျှသာ ရှိသေးကြောင်း တွေ့လိုက်ရ၏။

သူ(မ)က ဝက်ဘ်ဆိုက်၏ ထောက်ခံမှုမရသေးသည့် လူသစ်လေးတစ်ယောက် ဖြစ်သောကြောင့် လူကြိုက်များမှုကလည်း အလွန်နည်းပါးလှသည်။

ယဲ့ချန်းလည်း လက်ဖက်စိမ်းစစ်ဆေးရေးစနစ်ကို အသက်သွင်း၍ စစ်ဆေးကြည့်လိုက်သည်။

ထျန်းမုန့်ယောင်က အမှန်တကယ်ပင် ပြစ်မျိုးမှဲ့မထင် အလှပဂေးတစ်ယောက်ဖြစ်၏။

ယဲ့ချန်း ခပ်တိုးတိုးရယ်လိုက်သည်။

အိပ်မရမှတော့ ဤအလှလေးကို ချဉ်းကပ်ကြည့်ရမည်။ ထို့ကြောင့် ယဲ့ချန်းလည်း လက်ဆောင်များ ချက်ချင်းပို့လေတော့သည်။

ဝှစ် ဝှစ် ဝှစ်!

အထင်ကြီးဖို့ကောင်းသော စစ်သင်္ဘောကြီးများက ဖန်သားပြင်ထက်တွင် ပြည့်နှက်သွားသည်။

ထိုစစ်သင်္ဘောတစ်စင်းချင်းစီတိုင်းက ယွမ်ငါးထောင်ကုန်ကျလေသည်။ ယဲ့ချန်းက ယွမ်တစ်သိန်းကို တစ်ခါတည်း လက်ဆောင်ပေးပစ်လိုက်ခြင်းပင်။

ထျန်းမုန့်ယောင်လည်း ကြောင်အသွားချေသည်။

ယွမ်တစ်သိန်းဆိုလျှင် သူ(မ)က ငါးထောင်လောက်ရလိမ့်မည်သာ။

ဒါက ဘယ်လိုသဘောတရားကြီးလဲ။

ထျန်းမုန့်ယောင်က တက္ကသိုလ်ပထမနှစ်ဖြစ်ပြီး မိသားစုအခြေအနေကလည်း သိပ်မကောင်းပေ။ ကျောင်းဆင်းလျှင် KFCဆိုင်တွင် အလုပ်လုပ်ရသေးသည်။

ယဲ့ချန်းလက်ဆောင်ပေးလိုက်သည့် ငွေတစ်သိန်းမှာ များပြားလှသော ပမာဏပင်။

စစ်သင်္ဘောများ ဖန်သားပြင်ထက်တွင် ပြည့်နှက်သွားသည်ကို မြင်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများအားလုံး ကြက်သေသေသွားကြသည်။

"သေစမ်း။ ကြမ်းလိုက်တဲ့ဘောစိကြီး"

"မောင့်ယာထဲက ထိပ်တန်းနတ်ဘုရားတွေတောင် အခုလိုလက်ဆောင်မျိုးပေးတာ ရှားတယ်"

"အထင်ကြီးလောက်တယ်ဟေ့။ ပိုက်ဆံရှိရင် ကြိုက်တာလုပ်လို့ရတယ်ဆိုတာ တကယ်ပဲကိုး"

"ငါလည်း လက်ဆောင်ပေးချင်ပေမဲ့ ကံဆိုးချင်တော့ ငါ့မှာ မောင့်ယာဒင်္ဂါးတွေ အများကြီးမရှိဘူး!"

...

ယဲ့ချန်း၏လက်ဆောင်ဗုံးကြဲမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ပွက်လောရိုက်နေလေသည်။

ထျန်းမုန့်ယောင်မှာမူ အိပ်မက်မက်နေသည့်အလားပင်။

လူသစ်လေးတစ်ယောက်ဖြစ်သည့် သူ(မ)သည် ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်သည့်နေ့မှာပင် သူဌေးကြီးတစ်ယောက်နှင့် ကြုံလိုက်ရသည်။

ထျန်းမုန့်ယောင်လည်း မည်သို့နှယ်ကျေးဇူးတင်ရမလဲဆိုသည်ကို စဉ်းစားနေခိုက် ယဲ့ချန်း၏မက်ဆေ့ချ်က တရားဝင်ဖန်သားပြင်ထက်တွင် ပေါ်လာခဲ့သည်။

"မင်း ကတတ်လား"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူများမှာ ချက်ချင်းဆိုသလို အားကျကုန်ကြသည်။ ချမ်းသာနေပါက လက်ဆောင်ပေးပြီး တင်ဆက်မှုလုပ်ပေးရန် တောင်းဆိုနိုင်သည်။

ထျန်းမုန့်ယောင်ကလည်း ယဲ့ချန်ကဲ့သို့ နတ်ဘုရားအလား ပုဂ္ဂိုလ်တစ်ယောက်ကို ဆန့်ကျင်မည်မဟုတ်ပေ။

"ကတတ်တာပေါ့။ ကျွန်မ ရှင့်အတွက် အခုချက်ချင်းကပြပါ့မယ်"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များမှာ အားကျစိတ်ကြောင့် ညည်းညူကြလေတော့သည်။

ပိုက်ဆံသာရှိလျှင် လုပ်ချင်တာလုပ်၍ရသည်။

"ဝိုး.. လူကုံထံတစ်ယောက်ရဲ့ ကမ္ဘာက ဒီလိုပါလား?"

"ငါလည်း သူ့လို သြဇာညောင်းချင်လိုက်တာ!"

ထျန်းမုန့်ယောင်က မတ်တတ်ထရပ်၍ ရှက်ရဲရဲပြုံးလိုက်သည်။

"စစ်သင်္ဘောအစင်းနှစ်ဆယ်ကို ရက်ရက်ရောရောလက်ဆောင်ပေးတဲ့အတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်။ ဒီအကက တက္ကစီဒရိုင်ဘာအစ်ကိုကြီးအတွက်ပါ"

တကယ်တမ်းတွင် ထျန်းမုန့်ယောင်က အကသင်ထားသဖြင့် ကခုန်နေချိန်တွင် မျက်စိပသာဒဖြစ်လှသည်။

အထူးသဖြင့် Sပုံသဏ္ဍာန်ကောက်ကြောင်းဖြင့် လှုပ်ရှားနေလေရာ အလွန်ဆွဲဆောင်မှုရှိလှသည်။

ရှည်တံရှည်ရှည်၊ ခါးသွယ်သွယ်၊ နူးညံ့လှသော အသားအရေစသဖြင့် အရာအားလုံးက ညှို့အားပြင်းလှချေသည်။

ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာနှင့် အပြစ်ကင်းစင်သော မျက်ဝန်းတို့ကိုပါ ပေါင်းလိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပုရိသအပေါင်းကို ဆွဲဆောင်ဖမ်းစားထားနိုင်သည်။

ယဲ့ချန်း၏လက်ဆောင်များကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ပရိသတ်အသစ်အမြောက်အများ ဝင်ရောက်လာသည်။

သိပ်မကြာခင်မှာပင် ထျန်းမုန့်ယောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ အယောက်သုံးထောင်ဖြစ်သွားသည်။

အယောက်သုံးဆယ်မှ အဆတစ်ရာအထိ မြင့်တက်သွားခြင်းပင်။

လူသစ်တစ်ယောက်အတွက် ဤအောင်မြင်မှုကား အံ့အားသင့်ဖို့ပင် ကောင်းသေးသည်။

အရေအတွက်က ဆက်တိုက်ထိုးတက်နေသည်။ ထျန်းမုန့်ယောင်၏အက ပြီးသွားပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်သောအခါ ကြည့်ရှုသူအရေအတွက်ကြောင့် အံ့အားသင့်သွားလေသည်။

ဝိုး ကြည့်ရှုသူအရေအတွက်က တစ်သောင်းကျော်သွားပြီပဲ!

ပရိသတ်အရေအတွက်က ဆက်တိုက်တိုးနေချိန်မှာ ကြည့်ရှုသူအရေအတွက်ကလည်း ဆက်တိုက်မြင့်တက်နေသည်။

ထျန်းမုန့်ယောင် အကကပြီးသွားကြောင်း မြင်သောအခါ ယဲ့ချန်းလည်း ရတနာမြေပုံဆယ်ခုကို ရက်ရက်ရောရောလက်ဆောင်ပေးလိုက်ပြန်သည်။

ထန်းမုန့်ယောင်ခမျာ အိပ်မက်မက်နေသလိုပင် ခံစားရသည်။

"ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ် တက္ကစီဒရိုင်ဘာအစ်ကိုကြီး"

တိုက်ရိုက်ထုတ်လွှင့်သူအလုပ်မှာ ငွေရှာရန် အလွန်ခက်ခဲသည်ဟု ပြောကြသည်။ ထိပ်တန်းအဆင့်ကြယ်ပွင့်များကသာ ပိုက်ဆံရှာနိုင်ခြင်းပင်။

ထျန်းမုန့်ယောင်ကလည်း ယနေ့မှ တိုက်ရိုက်ထုတ်လွှင့်မှုကို စမ်းလုပ်ကြည့်ခြင်းပင်။ အကယ်၍ ဘာဝင်ငွေမှမရခဲ့ပါက လက်လျှော့လိုက်မိမည်သာ။

ပထမဆုံးနေ့မှာပင် ဤမျှရဲရင့်လှသော ရက်ရောသူတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု သူ(မ) လုံးဝမထင်ထားပေ။

ထို့နောက် ယဲ့ချန်းက သူ(မ)အား ဒုံးပျံအခုနှစ်ဆယ် ထပ်ပေးလာပြန်သည်။

ဒုံးပျံများ ပြည့်နှက်နေသော ဖန်သားပြင်ကိုကြည့်ရင်း ထျန်းမုန့်ယောင်ခမျာ ပြောစရာစကားပင် ရှာမရတော့ပေ။

ဆယ်မိနစ်မပြည့်သေးခင်မှာပင် ယဲ့ချန်းက နောက်ထပ်ဒုံးပျံအခုနှစ်ဆယ် ထပ်ပေးလာပြန်လေသည်။

ခမ်းနားကြီးကျယ်ခြင်းနှင့် ရက်ရောခြင်းဆိုသည်မှာ ဘာကိုဆိုလိုသလဲ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူများအားလုံး မှင်တက်သွားကြသည်။ ဒုံးပျံများကို ဗုံးကြဲသလို ကြဲပြီးနောက် ယဲ့ချန်းက တရားဝင်ဖန်သားပြင်ထက်တွင် မက်ဆေ့ချ်ထပ်ပို့လိုက်၏။

"မင်းရဲ့ဝီချက် ပေးပါလား"

ရဲရင့်ပြီး ဩဇာလည်းညောင်းလှ၏။

ဤသည်မှာ ရှယ်ကြမ်းလှသည့် ဇာတ်ကောင်တစ်ယောက်၏ အရှိန်အဝါမျိုးပင်။ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများမှာ သေလောက်အောင် အားကျသွားသည်။ သူတို့လည်း ဤတိုက်ရိုက်ထုတ်လွှင့်သူကို လိုက်ပိုးချင်ပါသော်ငြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခြင်း၊ လက်ဆောင်အသေးစားများပေးခြင်းနှင့် မြှောက်ပင့်ခြင်းတို့သာ လုပ်နိုင်ကြသည်။

ဤလူကတော့ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဗုံးကြဲပြီး သူ(မ)၏ဝီချက်ကို တောင်းနေလေသည်။

"မယုံနိုင်စရာပဲ"

"ဒီနေ့တော့ တကယ့်သူဌေးအစစ်က ဘယ်လိုမျိုးလဲဆိုတာ ငါသိလိုက်ပြီ"

"အရမ်းမိုက်တာပဲ။ ဒါကမှ ရှယ်ကြမ်းတဲ့ဘောစိစစ်စစ်"

"ဘောစိ.. ရှင် အခြွေအရံများ လိုအပ်နေလား။ ကျွန်မ ရှင့်ကို တွယ်ကပ်နေနိုင်ပါတယ်"

"နတ်ဘုရားရေ..ခင်ဗျားက ကျွန်တော်အိပ်မက်မက်နေရတဲ့ ဘဝမျိုးမှာ နေထိုင်နေတာပဲ"

...

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ယဲ့ချန်း၏အိုင်ဒီကို မှတ်မိနေသည့် ကျောက်ချောင်းအာ၏ပရိသတ်များလည်း ရှိနေပေသည်။

"ဝိုး ဒါက တက္ကစီနတ်ဘုရားမဟုတ်လား။ ရုပ်ရည်လည်း အရမ်းချောတယ်။ သန်း၁၂၀တန်လိုင်ကန်ပြိုင်ကားကိုစီးပြီး ဟွားစံအိမ်တော်ရဲ့ ဗီလာအမှတ်တစ်ပိုင်ရှင်လေ။ ဒီလောက်ရက်ရောနေတာ မအံ့ဩတော့ပါဘူး"

တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ထိုစကားများကြောင့် ပွက်လောရိုက်ကုန်ကြသည်။

"သန်းတစ်ရာကျော်လိုင်ကန်ပြိုင်ကားပိုင်ရှင်၊ ဟွားစံအိမ်တော်ရဲ့ ဗီလာအမှတ်တစ်ပိုင်ရှင်တဲ့လား"

"သေလိုက်ပါတော့။ သူ ဒီလောက်ကြီးကျယ်ခမ်းနားနေတာ မအံ့ဩတော့ပါဘူး။ လက်စသတ်တော့ သူက အရှိန်အဝါကြီးတဲ့လူတစ်ယောက် ဖြစ်နေတာကိုး"

ထျန်းမုန့်ယောင်လည်း မှင်တက်သွားရသည်။

ဒိတ်ဒိတ်ကြဲသူဌေးကြီးများ၏ ဇာတ်လမ်းအကြောင်း သူ(မ) တော်တော်များများကြားဖူးထားသည်။ ဥပမာဆိုရလျှင် ခုံးခုံးပင်။

သို့သော် သူ(မ)၏ပထမဆုံးနေ့မှာပင် ယခုလိုဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နှင့် တွေ့လိမ့်မည်ဟု လုံးဝတွေးထင်မထားချေ။

တိုက်ရိုက်ထုတ်လွှင့်သူ မလုပ်ခင်တုန်းက တိုက်ရိုက်ထုတ်လွှင့်သူများနှင့် မကြာခဏပေါင်းသင်းလေ့ရှိသော သူ(မ)၏သူငယ်ချင်းများက နာမည်ကြီးချင်လျှင် လူကုံထံထောက်ပံ့သူတစ်ယောက်ကို ကပ်တွယ်ထားရမည်ဟု ပြောဖူးသည်။

ထင်မှတ်မထားပါဘဲ သူ(မ)မှာ မုတ်ဆိတ်ပျားစွဲခဲ့ပြီး ပထမဆုံးနေ့မှာပင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်နှင့် တွေ့ရသည်။

အစပိုင်းတွင် ယဲ့ချန်းက သူ(မ)၏ဝီချက်ကို တောင်းလာစဉ်က အတန်ငယ်တွေဝေတုံ့ဆိုင်းနေမိသေးသည်။

သူ(မ)ကို လက်ဆောင်အများကြီးပေးခဲ့ပါသည့်တိုင် ထိုလူက အဘိုးကြီးတစ်ယောက် သို့မဟုတ် မသတီစရာကောင်းသော ဦးလေးကြီးတစ်ယောက် ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။

သို့သော် ယဲ့ချန်းက အလွန်ချောမောပြီး သန်း၁၂၀တန်စူပါကားကို မောင်းသည့်အပြင် ဟွားစံအိမ်တော်၏ ဗီလာအမှတ်တစ်ကို ပိုင်ဆိုင်ကြောင်း ကြားလိုက်ရချိန်မှာ ထျန်းမုန့်လောင်လည်း လုံးဝကျေနပ်သွားရသည်။

ယဲ့ချန်းအား သူ(မ)၏ဝီချက်ကို ချက်ချင်းပေးလိုက်တော့သည်။ စိန်အဆင့်လူချောတစ်ယောက်နှင့် တွေ့ဆုံနိုင်ရန် သူ(မ) အိပ်မက်မက်ခဲ့ရသည်။

ယဲ့ချန်းကလည်း ထိုတိုက်ရိုက်ထုတ်လွှင့်သူကို ဝီချက်တွင် အပ်ပြီးနောက် ကျေနပ်အားရစွာ ခေါင်းတညိတ်ညိတ်လုပ်ရင်း နောက်ထပ်စစ်သင်္ဘောအစင်းနှစ်ဆယ်ကို ထပ်ပို့ပေးလိုက်၏။

ရွှစ် ရွှစ် ရွှစ်!

စစ်သင်္ဘောများဖြင့် ပြည့်နှက်နေသော ဖန်သားပြင်ကိုကြည့်ရင်း ကြည့်ရှုသူများခမျာ လုံးဝအံ့အားသင့်ကုန်ကြသည်။

မည်သူကမှ မတုံးအကြပေ။ ယဲ့ချန်းက ထိုတိုက်ရိုက်ထုတ်လွှင့်သူကို ဝီချက်တွင် အပ်ပြီးသွားသည်မှာ သေချာပေသည်။

ပိုက်ဆံရှိပါက လုပ်ချင်ရာ လုပ်နိုင်သည်မှာ အမှန်ပင်တည်း။

ပိုက်ဆံရှိနေလျှင် အရှိန်အဝါကြီးသည်မှာလည်း အမှန်ပင်။

••••••••••••••••

အပိုင်း ၂၄၃ : ချစ်သူကောင်လေးကို ထုတ်ကြွားခြင်း

ယဲ့ချန်းက အသံမက်ဆေ့ချ်သာ တိုက်ရိုက်ပို့လိုက်သည်။ တစ်ဖက်ရှိ ထျန်းမုန့်ယောင်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဖုန်းကိုင်လိုက်သည်။

ထျန်းမုန့်ယောင်မှာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်နှင့် ပထမဆုံးအကြိမ် စကားပြောဖူးခြင်းဖြစ်သောကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

ထို့ပြင် အချိန်ကလည်း ညရှစ်နာရီကျော်နေချေပြီ။ ယခုလိုညမိုးချုပ်ကြီးတွင် ဤသူဌေးကြီးက သူ(မ)နှင့် ယခုလိုကိစ္စမျိုးကို လုပ်ချင်နေသတဲ့လား။

ထျန်းမုန့်ယောင်မှာ ထိုအကြောင်းကို တွေးမိလေလေ ပိုစိတ်လှုပ်ရှားလာရလေလေပင်။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် သူ(မ)က ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ကို မှီခိုနေရပေသည်။

အကယ်၍ သူ့ဘက်က ထိုကဲ့သို့သော ကိစ္စမျိုးကို တောင်းဆိုလာခဲ့လျှင် ဘာလုပ်ရမည်နည်း။

"ကိုယ် မင်းကိုလာခေါ်မယ်။ မင်းရဲ့လိပ်စာလေး ပြောပါဦး"

ယဲ့ချန်း၏လေသံကား ငြင်းဆန်ရခက်သော အမိန့်ပေးနေလေဟန် အရိပ်အယောင်တစ်မျိုးကို သယ်ဆောင်ထားသည်။

အကယ်၍ ထျန်းမုန့်ယောင်သာ ငြင်းလိုက်ပါက သူတို့နှစ်ယောက်ကြားတွင် ဘာအဆက်အသွယ်မှ ရှိတော့မည်မဟုတ်ချေ။

အားကောင်းလှသော ယဲ့ချန်း၏ အရှိန်အဝါအောက်တွင် ထျန်းမုန့်ယောင်လည်း သူ(မ)၏လိပ်စာကို အမှတ်တမဲ့ထုတ်ပြောလိုက်မိသည်။

"ကျွန်မက မိုတုဂီတတက္ကသိုလ်၊ A8အဆောင်မှာပါ။ ကျွန်မရဲ့တည်နေရာကို ပို့လိုက်ပါ့မယ်"

ထျန်းမုန့်ယောင်လည်း ဤဒိတ်ဒိတ်ကြဲသူဌေးကြီးကို သေချာပေါက်အမိဖမ်းထားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ငွေကိုကိုးကွယ်သည်မှာ မှားသလား။ မမှားပါချေ။

ထို့ပြင် ဒိတ်ဒိတ်ကြဲသူဌေးများမှာ နေရာတိုင်းတွင် ရှာမတွေ့နိုင်ပေ။ သူ(မ)သာ ဤအခွင့်အရေးကို လွဲချော်သွားလျှင် နောက်ထပ်မရနိုင်တော့ပေ။

ယဲ့ချန်းအကြောင်း သူ(မ) များများစားစားမသိသော်ငြား သူသည် ငယ်ရွယ်ပြီး ချောမောခန့်ညားကာ နောက်ခံအင်အားတောင့်တင်းသော လူကုံထံတစ်ယောက်ဖြစ်၏။ ဤမျှဖြင့် လုံလောက်လေပြီ။

ထျန်းမုန့်ယောင်က ဂီတကို ချစ်မြတ်နိုးပြီး ကရသည်ကို သဘောကျသည်။ သို့သော် သူ(မ)၏မိသားစုက စီးပွားရေးအခြေအနေ အဆင်မပြေရှာပေ။ သူ(မ)၏မိဘများက သူ(မ) အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အရာအားလုံးပေးဆပ်ခဲ့ကြသည်။

ထို့ကြောင့် ယခုလိုအခွင့်အရေးမျိုးကို သူ(မ) လက်လွှတ်ခံမည်မဟုတ်ချေ။

ထျန်းမုန့်ယောင်လည်း ဝီချက်ပေါ်ရှိ ဓာတ်ပုံကို ကြည့်လိုက်သည်။ တစ်ဖက်လူမှာ ရင်သပ်ရှုမောဖွယ်ကောင်းအောင် ခံ့ညားလွန်းလှသည်။ ခံ့ညားပြီး ချမ်းသာကြွယ်ဝသည့်အပြင် သူ(မ)အတွက် ပိုက်ဆံထုတ်သုံးပေးချင်စိတ်လည်း ရှိ၏။

ထျန်းမုန့်ယောင်ခမျာ ငြင်းဆန်ရမည့် အကြောင်းပြချက်တစ်ခုပင် ရှာမတွေ့ပေ။

ဝီချက်တွင် ဖုန်းချပြီးနောက် သူ(မ) မိတ်ကပ်ပြင်ပါတော့သည်။

ထျန်းမုန့်ယောင်တစ်ယောက် ရုတ်တရက်ကြီး မိတ်ကပ်ပြင်နေသည်ကို မြင်သောအခါ သူ(မ)၏အခန်းဖော်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလာလေသည်။

"မုန့်ယောင်.. ညနက်ကြီးကျမှ မိတ်ကပ်တွေပြင်နေပါ့လား။ နင် အလန်းလေးတစ်ယောက်နဲ့ သွားဒိတ်မလို့လား"

"ဟုတ်တယ်။ သူငယ်ချင်းတစ်ယောက်က ငါ့ကို အပြင်ထွက်လည်ဖို့ ခေါ်ထားလို့"

ထျန်းမုန့်ယောင်ကလည်း ပြန်ဖြေလိုက်၏။

"ဝိုး မုန့်ယောင်က ရည်းစားရသွားပြီပဲ!"

"မုန့်ယောင်.. ငါ နင့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာနော်။ နင် သူဌေးတစ်ယောက်နဲ့ ချိတ်မိသွားပြီလား"

အခြားအခန်းဖော်များက စပ်စုလိုစိတ်ဖြင့် အနားသို့ ဝိုင်းအုံလာကြသည်။

"မုန့်ယောင် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ယောကျ်ားတော်တော်များများက ကလေးတွေချည်းပဲ။ ပိုက်ဆံနည်းနည်းလေးပေးတာနဲ့ပဲ စိတ်မယိုင်သွားနဲ့။ ပြီးတော့ အဲဒီလူရဲ့အသံက တော်တော်ငယ်ဦးမဲ့ပုံပဲ။ ရုပ်ချောတဲ့ကောင်လေးတွေက ကြည့်ကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ရုပ်ရည်က အရေးမကြီးတော့ဘူး။ ငွေကမှ အရေးကြီးတာ။ အဲဒါကြောင့် လူကုံထံသူဌေးတစ်ယောက်ကိုရှာတာကမှ အနာဂတ်အတွက် အဆင်ပြေတာ"

ယွီလုဟုခေါ်သော မိန်းကလေးက ဆိုလာလေသည်။

ဗာဒံစေ့သဏ္ဌာန် မျက်နှာသွင်ပြင်နှင့် ချွန်ထက်ထက်မေးစေ့ကို ပိုင်ဆိုင်ထားသော ယွီလုထံတွင် ခွဲစိတ်ပြုပြင်ထားသော ဆယ်လီတစ်ယောက်၏ စံမီတန်းမီမျက်နှာပုံစံမျိုး ရှိ၏။

နှစ်ပေါင်းများစွာအတွင်း ယွီလုသည် သူ(မ)၏မျက်နှာအတွက် ငွေအမြောက်အများသုံးစွဲခဲ့သည်။ သို့သော် သူ(မ) မည်မျှပြုပြင်ပါစေ ထျန်းမုန့်ယောင်ရှေ့သို့ ရောက်သွားပါက သူ(မ)က ဘဲရုပ်ဆိုးလေးတစ်ကောင်သာ ဖြစ်ရရှာသည်။

ထို့ကြောင့် ယွီလုက ထျန်းမုန့်ယောင်ကို အလွန်မနာလိုဖြစ်ခဲ့ရသည်။

သူ(မ)က နတ်သမီးတစ်ပါးအလား လှပတင့်တယ်သော မျက်နှာ၊ လက်ရာမြောက်လှသော ခန္ဓာကိုယ်ကောက်ကြောင်းမျိုးဖြင့် ဘာကြောင့်မွေးဖွားလာလေသလဲ။ ယောကျ်ားများကလည်း သူ(မ)ကို လိုက်ပိုးရန်အတွက် ရည်းစားစာများ အမြဲပေးတတ်ကြသည်။

ဤအဖြစ်ကြောင့် ယွီလု၏စိတ်ထဲတွင် မနာလိုစိတ်နှင့် အမုန်းတရားတို့ ပြည့်နှက်လာခဲ့သည်။

သို့သော် သူ(မ)ကိုယ်သူ(မ) ဂုဏ်ယူမိသည့် တစ်ခုတည်းသောအရာမှာ သိပ်မကြာခင်က သူ(မ) သူဌေးကြီးတစ်ယောက်နှင့် ချိတ်မိခဲ့ခြင်းပင်။ ထို့ကြောင့် သူ(မ)၏ဝင့်ကြွားမှုက သိသိသာသာမြင့်တက်လာခဲ့သည်။

ထျန်းမုန့်ယောင်အပေါ် မေတ္တာရှိသော ညီအစ်မတစ်ယောက်နှယ် ပြူမူနေသော်လည်း သူ(မ)၏ချစ်သူက မည်မျှခမ်းနားကြောင်း ကြွားလုံးထုတ်နိုင်မည့် အခွင့်အရေးကိုမူ လုံးဝလက်လွှတ်မခံချေ။

"မုန့်ယောင် ငါ့ကိုပဲကြည့်လေ။ ငါဆိုရင် ဒီဇိုင်နာဘရန်းတွေပဲ သုံးတာ။ ဒီလက်ဆောင်တွေအကုန်လုံးကို ငါ့ကောင်လေးက ပေးထားတာ။ ဒါက လူကုံထံတစ်ယောက်နဲ့တွဲခြင်းရဲ့ အကျိုးကျေးဇူးပဲ။ ဒီဂူချီအိတ်ကိုတွေ့လား။ ဒေါ်လာသုံးသောင်းပေးရတယ်။ ငါ့ကောင်လေးက မျက်တောင်တစ်ချက်တောင်မခတ်ဘဲ ဒီအိတ်ကို ငါ့အတွက် ဝယ်ပေးခဲ့တာ"

သူ(မ)ဘေးနားရှိ မိန်းကလေးက အားကျနေသော်လည်း ထျန်းမုန့်ယောင်ကတော့ မတုန်မလှုပ်သာ။ ထို့ကြောင့် တစ်ခုခုတော့ထူးဆန်းနေပြီဟုတွေးကာ ယွီလု သိချင်စိတ်ဖြစ်သွားသည်။

ပုံမှန်ဆိုလျှင် သူ(မ)၏ ကြွားဝါစကားများကိုကြားလျှင် ထျန်းမုန့်ယောင်အနေနှင့် ဘာမှမပြောသော်ငြား မျက်နှာထက်တွင်မူ အားကျလိုဟန်အရိပ်အယောင်များ ပေါ်ပေါက်လာတတ်သည်။

သို့သော် ယနေ့တွင်မူ သူ(မ)ပုံစံက လုံးဝကွဲပြားနေသည်။ ထိုအဖြစ်ကြောင့် ယွီလုမှာ အလွန်မကျေမနပ်ဖြစ်ရလေတော့သည်။

ဟမ့်! ဒီတော့ နင် ရည်းစားအသစ်တစ်ယောက် ရလိုက်ပြီပေါ့လေ… ဒါဆို ငါလည်း ငါ့ရည်းစားကိုခေါ်ပြီး တကယ့်သူဌေးအစစ်ဆိုတာ ဘာမှန်းသိသွားအောင် ပြရသေးတာပေါ့..

သူ(မ)၏ရည်းစားက သူ(မ)ကို ဇိမ်ခံကားတစ်စီးနှင့် လာခေါ်သည့်အခါ ထျန်းမုန့်ယောင် ဖြစ်ပျက်သွားမည့် အမူအရာကို ကြိုမြင်ယောင်ရင်း ယွီလုခမျာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

ဤသို့ဖြင့် သူ(မ)က အဆောင်ခန်းထဲမှ တမင်တကာထွက်လာခဲ့လိုက်သည်။

"အချစ်ရေ..ကျွန်မ ရှင့်ကိုလွမ်းလို့… ဒီည ကျွန်မတို့ကျောင်းမှာ လာခေါ်ပေးပါလား"

"ဘေဘီ.. ကိုယ် ဒီည လုပ်စရာလေးရှိလို့.. မနက်ဖြန်ဆိုရင် အဆင်ပြေလား"

"အချစ်.. ကျွန်မက ရှင့်ကို ဒီနေ့တွေ့ချင်တာ"

"ကိုယ် ဒီည ဖောက်သည်တစ်ယောက်နဲ့ ညစာစားရဦးမှာ။ လိမ်လိမ်မာမာနေနော်။ မနက်ဖြန်ကျမှ လာခေါ်ပေးမယ်"

"မရဘူး… ဒီနေ့တွေ့ချင်တာလို့"

ယနေ့ ထျန်းမုန့်ယောင်၏ကောင်လေးက ရောက်လာမည်ဖြစ်လေရာ သူ(မ)အနေနှင့် ကြွားလုံးထုတ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သဖြင့် လက်လွတ်ခံ၍မဖြစ်ချေ။

"ကိုယ် ဒီနေ့ တကယ်မရဘူး"

"အချစ် ကျွန်မ အကွက်သစ်တစ်ခု သင်ထားတယ်။ စမ်းကြည့်ချင်လား။ ဒီညကျော်သွားရင် အခွင့်အရေးမရှိတော့ဘူးနော်"

ယွီလု၏ ကလူကျီစယ်နေဟန် လေသံကို ကြားသောအခါ ဖုန်းတစ်ဖက်ရှိ အမျိုးသားခမျာ အတန်ငယ်စိတ်လှုပ်ရှားသွားပြီး အသက်ရှူသံများပင် မြန်ဆန်လာသည်။

"ကောင်းပြီလေ အချစ်… ကိုယ် မင်းကို အခုချက်ချင်းလာခေါ်မယ်။ တကယ်လို့ မင်းရဲ့အကွက်အသစ်က ကိုယ့်ကို စိတ်ကျေနပ်အောင် လုပ်မပေးနိုင်ရင်တော့ မင်း ပြဿနာတက်ပြီနော်"

…

ဖုန်းချလိုက်ပြီးနောက်တွင်မူ ယွီလု၏အမူအရာကား ဘဝင်ခိုက်နေလေဟန် အထင်းသားပင်။

"ထျန်းမုန့်ယောင်.. ငါ့ကောင်လေးက နင့်ရဲ့ဆင်းရဲသားကောင်လေးကို နင်းခြေမဲ့အချိန်ကို စောင့်နေလိုက်"

….

ထိုအချိန်တွင် ယဲ့ချန်းက မိုတုဂီတတက္ကသိုလ်သို့ လိုင်ကန်ပြိုင်ကားဖြင့် ရောက်ချလာသည်။ လိုင်ကန်ပြိုင်ကားက လမ်းမထက်တွင် မောင်းနှင်နေချိန်မှာ အားကျနေသော အကြည့်ပေါင်းများစွာကို ဆွဲဆောင်လိုက်နိုင်သည်။

ပုံမှန်ဆိုလျှင် ယဲ့ချန်း လိုင်ကန်ပြိုင်ကားကို ထုတ်မောင်းလာသည့်အချိန်မျိုးတွင် အရှေ့နှင့်အနောက်ရှိ ကားများအကြား အကွာအဝေးမှာ မီတာပေါင်းများစွာကွာဝေးသည်။

သန်းပေါင်းများစွာတန်သော ပြိုင်ကားတစ်စီးကို အနည်းငယ်မျှသာဝင်တိုက်လိုက်မိပါက တိုက်ခန်းအဆောက်အအုံတစ်ခုစာလောက် လျော်ကြေးပေးရလိမ့်မည်သာ။

ယဲ့ချန်းက ကျောင်းသို့ တန်းမသွားဘဲ အနီးအနားရှိ ဈေးဝယ်စင်တာသို့ ဦးတည်လိုက်သည်။ ထို့နောက် LVအရောင်းဆိုင်သို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။

ယနေ့ ယဲ့ချန်းသည် နာမည်ကြီးဘရန်းများကိုသာ ဝတ်စားလာသည်။ အင်္ကျီက Versaceဖြစ်ပြီး ဘောင်းဘီကမူ Hermesဖြစ်ကာ ခါးပတ်မှာမူ LVပင်။ သူ့ဖိနပ်ကလည်း သောင်းဂဏန်းလောက် ပေးရသည်။

အရောင်းဆိုင်ထဲသို့ ယဲ့ချန်း ဝင်လာသည်ကိုမြင်သော် အရောင်းစာရေးမလေးက အပြေးအလွှားရောက်ချလာသည်။

"လူကြီးမင်း ဘာလိုချင်လို့လဲရှင့်"

ယဲ့ချန်းလည်း ဆိုင်တစ်ခုလုံးကို အကြည့်ဝေ့လိုက်ပြီးနောက် အိတ်များတင်ထားသည့် စင်များထံတွင် ရပ်တန့်လိုက်သည်။

"မင်းတို့ဆီမှာ ဈေးအကြီးဆုံးအိတ်က ဘယ်ဟာလဲ"

စကားတစ်ခွန်းမျှဖြင့် ခမ်းနားထည်ဝါမှုကို သိသာစေသည်။

အရောင်းဝန်ထမ်းမလေးကလည်း အမြန်ပြောလိုက်သည်။

"အသစ်ထုတ်ထားတဲ့ ဒီအိတ်က တစ်သိန်းရှစ်သောင်းပါ။ တစ်ကမ္ဘာလုံးမှာ အခုရေတစ်ထောင် ထုတ်ထားပါတယ်။ ဒါက လောလောဆယ်မှာ ကျွန်မတို့ဆိုင်ရဲ့ အထင်ကရဖက်ရှင်အိတ်ပါပဲ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါလေးထုပ်ပိုးပေးပါ"

အရောင်းဝန်ထမ်းခမျာ တဒင်္ဂမျှကြက်သေသေသွားလေသည်။

"သူက ဒိတ်ဒိတ်ကြဲသူဌေးကြီးဆိုတာ သေချာတယ်။ သံသယဖြစ်နေစရာမရှိဘူး။ ဒါက သူ့ချစ်သူအတွက်ပဲ ဖြစ်ရမယ်"

"အား! ငါ့မှာရော ဒီလိုလူချမ်းသာချစ်သူမျိုး မရှိရတာလဲ။ စိတ်တိုလိုက်တာ"

ယဲ့ချန်းက ကတ်ဖြင့် ငွေရှင်းပြီးနောက် အမျိုးသမီးအရောင်းဝန်ထမ်း၏ လေးစားကြည်ညိုနေသော အကြည့်အောက်မှာပင် ပြန်ထွက်လာခဲ့လိုက်သည်။

"အား! ငါ့ရုပ်ရည်က အမှတ်ခြောက်ဆယ်လောက်ပဲရှိတာတော့ တော်တော်ဆိုးတာပဲ။ မဟုတ်လို့ကတော့ ဒီလိုဥစ္စာပေါရုပ်ချောကောင်လေးတစ်ယောက်ကို လက်လွတ်ခံမှာမဟုတ်ဘူး"

နှမြောမိသော်ငြား ယဲ့ချန်းကဲ့သို့ ချမ်းလည်းချမ်းသာပြီး ရုပ်ရည်လည်းချောမောသော လူတစ်ယောက်အတွက် ရုပ်ရည်ရမှတ်ကိုးဆယ်ကျော်မရှိပါက အမိဖမ်းထားနိုင်မည့် အခွင့်အရေးမျိုးမရှိကြောင်း သူ(မ) ကောင်းကောင်းသိသည်။

ယဲ့ချန်းကမူ ကားထဲသို့ ပြန်ဝင်လာခဲ့ပြီးနောက် ထျန်းမုန့်ယောင်ကို ဖုန်းဆက်လိုက်သည်။

"ဆယ်မိနစ်နေရင် ကိုယ် မင်းတို့ကျောင်းအပေါက်ဝကို ရောက်တော့မှာ။ ထွက်လာခဲ့လိုက်"

ဖုန်းချပြီးနောက် ယဲ့ချန်းလည်း ဂီတတက္ကသိုလ်သို့ တန်းမောင်းသွားလိုက်တော့သည်။ အပေါက်ဝသို့ရောက်သောအခါ ဇိမ်ခံကားတချို့ ရပ်ထားသည်ကို ယဲ့ချန်း မြင်လိုက်ရ၏။

ဤလူများကလည်း ကောင်မလေးများကို လာခေါ်ကြခြင်းပင် ဖြစ်ရမည်။

ထိုဇိမ်ခံကားများထဲမှ တချို့တွင် ရေဘူးများရှိပြီး တချို့မှာမူ ကုတ်နှင့် စပရိုက်များ ရှိကြသည်။

အအေးအမျိုးအစားမတူညီခြင်းမှာ ဈေးနှုန်းမတူညီမှုကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း ယဲ့ချန်း အွန်လိုင်းပေါ်တွင် မြင်ဖူးသည်။

သို့သော် ဤနည်းလမ်းဖြင့် မြူဆွယ်ဖြားယောင်းကြသော မိန်းကလေးများမှာ ရုပ်ရည်ရမှတ်ရှစ်ဆယ်ဝန်းကျင်သာ ရှိလေရာ ယဲ့ချန်းကို စိတ်မကျေနပ်စေနိုင်ချေ။

ယဲ့ချန်းက ရုပ်ရည်ရမှတ် ကိုးဆယ့်ငါးအထက်ရှိသော အလှပဂေးများကိုသာ လိုလားသည်။

•••••••••••••••••••

All Chapters