အခန်း (၂၄၄−၂၄၆)
Vol. 17 Ch. 244-246
အပိုင်း ၂၄၄ : ရည်းစားပြောင်းလိုက်တော့
ထျန်းမုန့်ယောင်က ဝတ်စုံလှလှလေးတစ်ထည် လဲဝတ်လိုက်သည်။
ယွီလုက ရယ်မောလျက် ပြောလိုက်၏။
"နောက်ဆုံးတော့ မုန့်ယောင် ရည်းစားရသွားပြီ။ ငါတို့ သူ့ကို သေချာအကဲခတ်မှဖြစ်မယ်"
"ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ဂီတတက္ကသိုလ်ရဲ့ အလှလေးကို ဘယ်လိုလူကများ အပိုင်စားရသွားသလဲဆိုတာ ကြည့်ချင်သေးတယ်"
"အင်း.. မုန့်ယောင်က အရမ်းရိုးအတာ။ မကောင်းတဲ့ကောင်တစ်ကောင်နဲ့ တွေ့နေရင် ဘယ်လိုလုပ်မလဲ။ ငါတို့ သေချာအကဲခတ်ရမယ်"
ထျန်းမုန့်ယောင်ခမျာ အနည်းငယ်ရှက်သွေးဖြာသွားလေသည်။
"ငါတို့က ဒီအတိုင်းမိတ်ဆွေတွေပါ။ အခုထိ ဘာဆက်ဆံရေးမှ မရှိသေးဘူး"
"ဟားဟား သာမန်မိတ်ဆွေတွေက ညမိုးချုပ်ကြီးကျမှ အပြင်ခေါ်ထုတ်လို့ရတယ်ပေါ့"
နောက်ထပ်မိန်းကလေးတစ်ယောက်က စနောက်လေသည်။
ယွီလုက တမင်တကာမေးလိုက်သည်။
"မုန့်ယောင် နင့်ကောင်လေးက ဘယ်လိုကားနဲ့ လာခေါ်မှာလဲ"
ထျန်းမုန့်ယောင်လည်း ခဏမျှစဉ်းစားကြည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လူတိုင်းက ယဲ့ချန်း၏ကားအကြောင်း ပြောနေခဲ့ဟန်ပင်။
သို့သော် ထိုကားနာမည်ကို သူ(မ) မေ့နေသည်။
"နာမည်မှာ လိုင်တော့ပါသလိုပဲ"
ထျန်းမုန့်ယောင် စဉ်းစားကြည့်ပါသော်ငြား ကားနာမည်တွင် 'လိုင်'ပါကြောင်းသာ သတိရတော့သည်။
"သြော် သောင်းဂဏန်းလောက်ပဲပေးရတဲ့ အဆင့်နိမ့်တံဆိပ် ဘိုရာပါ။ တက္ကစီဒရိုင်ဘာတွေက အဲဒီကားကို သုံးကြတယ်တဲ့။ မုန့်ယောင် နင့်ကောင်လေးက တက္ကစီဒရိုင်ဘာမလား"
ယွီလု၏အပြုံးက ပိုတောက်ပလာချေသည်။
ထျန်းမုန့်ယောင်ကမူ မသေချာမရေရာဟန်ဖြင့် ပြောလိုက်၏။
"သူ့အွန်လိုင်းနာမည်ကတော့ တက္ကစီဒရိုင်ဘာအစ်ကိုကြီးတဲ့"
"ဘာ! မုန့်ယောင်.. နင်က တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရည်းစားတော်ထားတာလား"
ယွီလုက ချဲ့ကားလျက် ပြောလာလေသည်။
"နင်က ဂီတတက္ကသိုလ်ကျောင်းသူနော်။ ငါတို့ကို သိက္ခာချနေတာလား"
"ဟုတ်တယ် မုန့်ယောင်... နင် ဒီကိစ္စမှာတော့ ရူးမိုက်လို့မရဘူးနော်။ နင်က ရုပ်ရည်တစ်ခုတည်းကို ကြည့်ကြိုက်တာလား"
ကျောင်းတွင် ထျန်းမုန့်ယောင်ကို လိုက်ပိုးပန်းနေသည့် ပုရိသများစွာရှိ၏။ အတော်များများက မိသားစုနောက်ခံအင်အား တောင့်တင်းကြသည်။
ထျန်းမုန့်ယောင်၏ချစ်သူက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ အခန်းဖော်များက စတင်လှောင်ပြောင်ကြတော့သည်။
ယွီလုကလည်း လှောင်ပြောင်သရော်လေသည်။
"ထားလိုက်ပါတော့။ မပြောတော့ဘူး။ ငါ့ကောင်လေးက ခဏနေရင် ရောက်လာတော့မှာ။ မုန့်ယောင်ရဲ့ချစ်သူကို သူ ပညာပေးလိမ့်မယ်။ အဲဒါမှသာ လူကုံထံတွေကမှ ငါတို့ဂီတတက္ကသိုလ်က မိန်းကလေးတွေနဲ့ ထိုက်တန်တယ်ဆိုတာ သူသိသွားမှာ"
ယွီလုက ထိုသို့ပြောပြီးနောက် အပြင်ဘက်သို့ ထျန်းမုန့်ယောင်ကို ဆွဲခေါ်သွားလိုက်သည်။
လမ်းလျှောက်နေရင်းဖြင့်လည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောနေသေးသည်။
"ငါ နင့်ကို လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်။ ငါ့ကောင်လေးက လမ်ဘော်ဂီနီကားကို စီးတာ"
ထျန်းမုန့်ယောင်ခမျာ နားလည်မှုလွဲနေသည်ကို ရှင်းပြချင်ခဲ့သည်။
"တကယ်တော့ ငါ့ကောင်လေးက လိုင်..."
"သိပါပြီ။ ငါတို့ နင့်ကောင်လေးကို အထင်မသေးပါဘူး။ သူ့နေရာသူသိပြီး နောက်နောင် နင့်ကို ကောင်းကောင်းဆက်ဆံစေချင်ရုံပါ"
မကြာခင်မှာပင် သူတို့လေးယောက်သားလည်း ကျောင်းအပေါက်ဝသို့ ရောက်လာခဲ့သည်။
အဝင်ဝတွင် ဇိမ်ခံကားအများအပြား ရပ်ထားကြသော်ငြား ထျန်းမုန့်ယောင် ဟိုဟိုသည်သည်ပတ်ရှာသည့်တိုင် ယဲ့ချန်းကို မမြင်ပေ။
ထိုအချိန်မှာပင် ယွီလုက လမ်ဘော်ဂီနီကားတစ်စီးထံသို့ စိတ်လှုပ်ရှားစွာ ပြေးသွားလေသည်။
"အချစ်.. ရှင် ဒီကိုဘာလာလုပ်တာလဲ"
အရပ်ခပ်ပုပုနှင့် ဝဖိုင့်ဖိုင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ပြုံးစစဖြင့် လမ်ဘော်ဂီနီကားထဲမှ ထွက်လာသည်။
"ဘေဘီ.. မင်း ကိုယ့်ကို လွမ်းနေတာမဟုတ်ဘူးလား။ ကိုယ်က မင်းကို စပရိုက်လာလုပ်တာလေ"
ဤသို့ပြောရင် ထိုလူက အသစ်စက်စက်Gucciအိတ်တစ်လုံးကို ကားထဲက ထုတ်လိုက်သည်။
"ဒီအိတ်က မင်းအတွက် လက်ဆောင်ပေးတာ။ မင်း ဒါကို လိုချင်နေတာမလား"
"အချစ် ရှင်က အကောင်းဆုံးပဲ။ ဒီအိတ်က နှစ်သောင်းကျော်တောင် ပေးရတာနော်။ ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ"
သူတို့နှစ်ယောက်မှာ ဒရမ်မာခင်းနေကြလေသည်။
ကျန်အခန်းဖော်များမှာ ဤမြင်ကွင်းကိုကြည့်ရင်း အလွန်အားကျနေကြတော့သည်။
သူတို့လေးယောက်ထဲတွင် ထျန်းမုန့်ယောင်က အလှဆုံးဖြစ်ပြီး ရုပ်ရည်ရမှတ်၉၇ရှိ၏။ ယွီလုက ၈၀ဖြစ်ပြီး ကျန်လူများမှာ ၇၀အောက်ထစ်သာ ရှိသည်။
သူတို့အနေနှင့် အငယ်အနှောင်းဖြစ်ချင်လျှင်ပင် အစွမ်းအစမရှိကြပေ။ ထို့ကြောင့် အားကျရုံမှတစ်ပါး ဘာမှမတတ်နိုင်ချေ။
အခန်းဖော်များ၏ အားကျနေဟန် အမူအရာများကို မြင်လိုက်ရသောအခါ ယွီလုလည်း အလွန်ကျေနပ်သွားသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးမှာမူ ဘဝင်လေဟပ်နေလေတော့သည်။
အလှလေးများ၏ရှေ့တွင် ဟိတ်ဟန်ထုတ်ရခြင်းမှာ ဘဝတွင် ပျော်ဖို့အကောင်းဆုံးအရာပင်။
တကယ်တမ်းတွင် ထိုလူက ထျန်းမုန့်ယောင်ကို ပိုသဘောကျသည်။
သို့သော် ကံဆိုးချင်တော့ ဤမိန်းကလေးက အလွန်လိုက်ရခက်သည်။ ဝီချက်လည်း မအပ်သလို ဖုန်းလည်းမကိုင်သဖြင့် သူ့ခမျာ အရှက်ကွဲခဲ့ရသည်။
အစောကပင် ဝီချက်ပေါ်ကတစ်ဆင့် ထျန်းမုန့်ယောင်တွင် ရည်းစားရှိကြောင်း သူ သိလိုက်ရသည်။
ထို့ကြောင့် ထျန်းမုန့်ယောင်ရှေ့တွင် ကြွားလုံးထုတ်ရန်အတွက် အိတ်တစ်လုံးကိုပင် ရက်ရက်ရောရောဝယ်ခဲ့သေးသည်။
ဤကမ္ဘာပေါ်တွင် ရုပ်ရည်က အရေးမကြီးဘဲ ငွေကသာ အရေးကြီးကြောင်း ထျန်းမုန့်ယောင်ကို သက်သေပြချင်ခဲ့ခြင်းပင်။
ယနေ့ လီရှောင်း၏စိတ်အခြေအနေမှာ သိပ်မကောင်းလှချေ။
တိုက်ရိုက်ထုတ်လွှင့်မှုဂရုထဲရှိ ထိပ်တန်းထောက်ပံ့သူဟူသည့် သူ့နေရာကို ငွေတစ်သိန်း ထုတ်သုံးခဲ့သော လူငယ်သူဌေးတစ်ယောက်က ဝင်လုသွားသည်။
လီရှောင်းသည် ထိုတိုက်ရိုက်ထုတ်လွှင့်သူကို လိုက်ပိုးနေသည်မှာ တစ်နှစ်နီးနီးရှိလေပြီ။ သူ ချဉ်းကပ်နိုင်တော့မည့်ဆဲဆဲမှာပင် အခြားတစ်ယောက်က ဖြတ်လုသွားသည်။
လီရှောင်းအနေနှင့် မည်သို့များ စိတ်အခြေအနေကောင်းနိုင်မည်နည်း။
ဤလူသည် ကျောက်ချောင်းအာ၏ဂရုထဲရှိ အစ်ကိုရှောင်ယောင်ပင်တည်း။
"မုန့်ယောင်"
သာယာနာပျော်ဖွယ်အသံတစ်သံနှင့်အတူ ချောမောခံ့ညားသော အမျိုးသားတစ်ယောက် ချဉ်းကပ်လာလေသည်။
ဤလူ့ကို မြင်သောအခါ မုန့်ယောင်အပါအဝင် မိန်းကလေးလေးယောက်စလုံး၏ မျက်ဝန်းအစုံကား တောက်ပသွားချေသည်။
ချောလိုက်တဲ့အမျိုးသားပါလား!
အနုစိတ်ဆန်လှသော အသွင်အပြင်များ၊ ခပ်ထူထူမျက်ခုံးအစုံနှင့် နက်ရှိုင်းသောမျက်ဝန်းများကြောင့် သာမန်ရုပ်ရည်များထက် ပိုသာလွန်နေပေသည်။
ယဲ့ချန်းက ကျေနပ်အားရနေဟန်ဖြင့် ထျန်းမုန့်ယောင်ကို ကြည့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အသွင်အပြင်နှင့်ယှဉ်ပါက ထျန်းမုန့်ယောင်သည် မိတ်ကပ်ပါးပါးခြယ်သထားပြီး နှာတံကလည်း နူးညံ့ပြီး ဖြောင့်စင်းနေကာ မျက်တောင်ရှည်များကလည်း ကော့ညွတ်နေချေသည်။ မျက်ဝန်းအစုံမှာမူ ရင်ဖိုဖွယ်ကောင်းလှသည်။
အထူးသဖြင့် အလွန်တိုလှသော စကတ်က အသားကပ်ခြေအိတ်နှင့် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နှင့် ပြည့်စုံသော ကောက်ကြောင်းတို့ဖြင့် ပေါင်းစပ်လိုက်သော် ပုရိသအပေါင်းကို ဆွဲဆောင်ဖမ်းစားနေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ထျန်းမုန့်ယောင်၏အလှတရားက ၉၇မှတ်ဆိုပါက ဤဝတ်စုံနှင့် မိတ်ကပ်ခပ်ပါးပါးတို့၏အကူအညီဖြင့် ၉၈မှတ်သို့ ရောက်သွားနိုင်သည်။
အရမ်းလှလွန်းတယ်..
ယဲ့ချန်းကိုမြင်သောအခါ ထျန်းမုန့်ယောင်လည်း ဝမ်းသာသွားသည်။
ထျန်းမုန့်ယောင်၏အမြင်တွင် ယဲ့ချန်းက ချောမောခံ့ညားပြီး တက်ကြွ၍ ယုံကြည်မှုအပြည့်ရှိကာ လေပြည်အလား သက်သောင့်သက်သာရှိစေသည်။
ထျန်းမုန့်ယောင်သာမက ယွီလုနှင့် ကျန်နှစ်ယောက်လည်း မှင်တက်သွားသည်။
ယွီလုခမျာ အနည်းငယ်မနာလိုဖြစ်သွားသော်ငြား သူ(မ)၏ယုံကြည်မှုကို အမြန်ပြန်ရယူလိုက်၏။
ရုပ်ချောတော့ရော ဘာလုပ်လို့ရမှာလဲ? ငါ့ယောကျ်ားထက် ပိုချမ်းသာလို့လား?
ယွီလုက သရော်လိုက်ချေသည်။
"မုန့်ယောင်.. နင် သူ့ကိုကြိုက်တာလည်း မထူးဆန်းတော့ပါဘူး။ သူက တကယ်ချောတယ်နော်။ ဒါပေမဲ့ မုန့်ယောင်.. ငါ နင့်ကို အကြံပေးမယ်။ အခုခေတ်မှ ရုပ်ရည်က အရေးမပါတော့ဘူး။ ငွေကမှ ပိုအရေးပါတာ။ ရုပ်ချောတာက နင့်ကို ဗိုက်ပြည့်အောင် လုပ်ပေးနိုင်လား"
ယွီလုက ဤသို့ပြောပြီးနောက် ယဲ့ချန်းကို အေးတိအေးစက်ကြည့်လိုက်သည်။
"ဒီမှာ.. ရှင်က ဘိုရာကားကို စီးတယ်လို့ကြားထားတယ်။ ကျွန်မတို့ကျောင်းအပေါက်ဝက ကားတွေကို ကြည့်လိုက်။ သုံးသိန်းအောက်ရောက်တဲ့ ကားများ ရှိသလားလို့။ ရှင် ကျွန်မတို့မုန့်ယောင်ကို လိုက်ချင်တယ်ဆိုရင် ပိုကြိုးစားမှဖြစ်မယ်။ ကျွန်မကောင်လေးလို ဖြစ်အောင်ကြိုးစားပြီး လမ်ဘော်ဂီနီတစ်စီးလောက် အရင်ဝယ်လိုက်"
ဤသို့ပြောပြီးနောက် ယွီလုက လီရှောင်း၏လက်မောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ဆုပ်ကိုင်ထားလိုက်သည်။
သူလိုချင်နေသည့် ကောင်မလေးကို လူချောလေးတစ်ယောက်က လုယူသွားကြောင်း သိလိုက်ရချိန်မှာ လီရှောင်း အလွန်စိတ်တိုသွားသည်။
မှောင်နေပြီဖြစ်သောကြောင့် လီရှောင်းလည်း ယဲ့ချန်း၏မျက်နှာကို ကောင်းကောင်းမမြင်ပေ။ ထို့ကြောင့် အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ကိုယ့်လူ.. ဒီကမ္ဘာကြီးမှာ ရုပ်ရည်က အရေးမပါတော့ဘူး။ ငွေရှိမှ မိန်းမတွေကို လိုက်ပိုးနိုင်တာ။ ဘိုရာကားနဲ့များ မင်းက ဂီတတက္ကသိုလ်ကိုလာပြီး ကောင်မလေးကို လာပိုးရဲတယ်ပေါ့။ ဒီလိုသတ္တိမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"
ယဲ့ချန်း၏ဝတ်စုံကို မြင်သောအခါ ယွီလုမှာ ပါးစပ်ကို အုပ်ကာလျက် ရုတ်တရက်ရယ်မောလိုက်သည်။
"ဟားဟား.. ပိုက်ဆံမရှိဘဲနဲ့ ဟန်ဆောင်ချင်သေးတယ်။ ရှင့်ရဲ့ဘရန်းအတုတွေကြောင့် ကျွန်မတို့မုန့်ယောင်က လှည့်စားခံလိုက်ရတာမလား။ ဘရန်းအတုတွေကို ဘာလို့ဝယ်နေသေးတာလဲ။ ကားကောင်းကောင်းတစ်စီးကိုပဲ ငှားလိုက်ပါတော့လား။ ဘိုရာကားကို မောင်းတာတဲ့။ ဟာသပဲ"
ထျန်းမုန့်ယောင်မှာ အမြန်ရှင်းပြရန် ကြိုးစားလိုက်၏။
"ယွီလု.. နင် အထင်လွဲနေပြီ။ သူက ဘိုရာမောင်းတာမဟုတ်...."
ထျန်းမုန့်ယောင် မရှင်းပြနိုင်ခင်မှာပင် ယွီလုက သူ(မ)ကို ဝင်တားလေသည်။
"မုန့်ယောင်...နင့်ကောင်လေးနဲ့ လမ်းခွဲဖို့ ငါ အကြံပေးချင်တယ်။ သူက အရှုံးသမားငမွဲတစ်ယောက်နော်။ ဘရန်းအတုတွေကိုဝတ်ပြီး ချမ်းသာချင်ယောင်ဆောင်နေတာ။ မုန့်ယောင် . နင် ငါ့စကားတွေကိုတော့ သဘောကျမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါက နင့်အတွက်ပြောနေတာ"
ဤသို့ပြောရင်း ယွီလုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ဟုတ်သားပဲ။ ငါ့ကောင်လေးနဲ့ မိတ်ဆက်ပေးရဦးမယ်။သူက ဟွားမေ့ကျောက်စိမ်းကုမ္ပဏီရဲ့ မိုတုရုံးခွဲမန်နေဂျာလေ။ ဟွားမေ့လုပ်ငန်းစုဆိုတာ ဟွားနိုင်ငံမှာ အကြီးဆုံးကျောက်စိမ်းကုန်သည်ပဲ။ ငါ့ယောကျ်ားက တစ်နှစ်ကို သန်းနဲ့ချီပြီးဝင်တယ်"
ယွီလုက ထိုသို့ပြောရင်း တစ်ဖက်လူ၏မျက်နှာထက်ရှိ အားငယ်လေဟန် အမူအရာနှင့် အရှက်ကွဲသွားပုံကို မြင်ချင်လှသောကြောင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။
•••••••••••••••••
အပိုင်း ၂၄၅ - ဝှက်ဖဲများကို ထုတ်ပြခြင်း
ယဲ့ချန်း၏အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး လှောင်ပြောင်ထေ့ငေါ့လေဟန် အပြုံးတစ်ပွင့်ကိုလည်း ဆင်မြန်းထားသည်။
"ဒီလူက ရယ်နိုင်သေးတာလား"
ယွီလုခမျာ ဒေါသူပုန်ထသွားလေသည်။
"မရီးရေ..ကြွားချင်တယ်ဆိုရင်လည်း ပြောစမ်းပါ။ အခုလိုဟန်ဆောင်ပန်ဆောင်လုပ်နေရတာကို ကျေနပ်နေတာလား"
သူတို့နှစ်ယောက် ဟိတ်ဟန်ထုတ်ပြနေခြင်းဖြစ်ကြောင်း ယဲ့ချန်းကမူ အစောကတည်းက သိထားပြီးသားပင်။ သူ့အနေနှင့် သူ့ရှေ့တွင် အခြားလူများ ကြွားဝါပြနေခြင်းကို သည်းခံနေမည်မဟုတ်ပေ။
"ချာတိတ်..မင်းက ဘယ်သူ့ကို မရီးလို့လာခေါ်နေတာလဲ"
ယဲ့ချန်းက လူတိုင်းရှေ့တွင် သူ(မ)ကို မရီးဟုခေါ်လိုက်သဖြင့် ယွီလုမှာ ပေါက်ကွဲတော့မတတ်ပင်။
"နင့်လိုဆင်းရဲသားကများ ငါ့ကို လှောင်ရဲတယ်ပေါ့"
"ဘယ်သူကများ နင့်ကို ဒီလိုယုံကြည်မှုမျိုးပေးလိုက်တာလဲ"
ယွီလုက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်၏။
"နင်က ဒီအတိုင်းမနာလိုဖြစ်နေတာမလား။ ငါ နင့်ကိုပြောမယ်။ ဒီဘရန်းတွေက ငါ့ယောကျာ်းကိုယ်တိုင် ငါ့ကိုဝယ်ပေးထားတာ။ ဒါကိုတွေ့လား။ ငါ့အိတ်က နှစ်သောင်းပေးရတယ်။ ငါ့အင်္ကျီက ရှစ်သောင်း။ နေကာမျက်မှန်က လေးထောင်ကျော်တယ်။ နင့်လို တက္ကစီဒရိုင်ဘာတစ်ယောက်က ဒါမျိုးတွေကို ဝယ်နိုင်လို့လား"
ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။
"အမှန်ပါပဲ။ ကျုပ်က တက္ကစီမောင်းရင် တစ်လကို လေးငါးထောင်လောက်ပဲ ရှာနိုင်တာ"
"လေးငါးထောင်တဲ့လား"
လီရှောင်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
"ချာတိတ်… တစ်လကို လေးငါးထောင်လောက်လေး ရှာနိုင်ရုံနဲ့ မင်းက ကောင်မလေးတွေကို လိုက်ပိုးရဲတယ်ပေါ့။ ရှောင်လုရဲ့မျက်နှာကိုထောက်ထားပြီး ငါ့ကုမ္ပဏီမှာ လာအလုပ်လုပ်ခွင့်ပေးမယ်။ မင်းကို လစာရှစ်ထောင်ရတဲ့ ရာထူးတစ်ခု ပေးနိုင်တယ်။ ဒါပေမဲ့ မင်း မုန့်ယောင်ကိုတော့ စွန့်လွှတ်ရမယ်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ခင်ဗျားက ကျုပ်ကို နှိပ်စက်ပြီးတော့ လက်စားချေဖို့အတွက် ခင်ဗျားရဲ့ကုမ္ပဏီကို လာခိုင်းချင်တာမလား။ သိပ်ဆိုးတာပဲ။ ကျုပ်ကတော့ ခင်ဗျားကို အဲဒီလိုအခွင့်အရေးမျိုး ပေးမှာမဟုတ်ဘူး"
ထို့နောက် သူသည် ထျန်းမုန့်ယောင်ကို ပြုံးပြလိုက်သည်။
"မုန့်ယောင်..ကိုယ်လည်း မင်းကို အိတ်တစ်လုံးဝယ်ပေးနိုင်ပါတယ်။ အဲဒီအိတ်က အခု ကိုယ့်ကားထဲမှာရှိတယ်။ ကိုယ် မင်းအတွက် ယူပေးမယ်"
ထျန်းမုန့်ယောင်ကလည်း နာနာခံခံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟား.. ဆင်းရဲသားကများ လက်ဆောင်ပေးဖို့ အိတ်အတုတစ်လုံး ဝယ်လာတာပဲဖြစ်မှာပေါ့။ မုန့်ယောင် ဒီလိုရည်းစားမျိုးနဲ့ မြန်မြန်လမ်းခွဲလိုက်ဖို့ ငါ နင့်ကို အကြံပေးချင်တယ်"
ထျန်းမုန့်ယောင်သည် ယဲ့ချန်း၏သရုပ်မှန်ကို သိထားပြီးဖြစ်သောကြောင့် ယွီလုကို လျစ်လျူရှုထားလိုက်သည်။
ယွီလုကလည်း အေးတိအေးစက်ဖြင့် နှာခေါင်းရှုံ့၍ လီရှောင်းကို ပြောလိုက်၏။
"အချစ်ရေ..သွားကြည့်ရအောင်။ ဒီလိုဆင်းရဲသားတစ်ယောက်က ဘယ်လိုအိတ်မျိုး ဝယ်ပေးနိုင်လဲဆိုတာ ကြည့်ကြသေးတာပေါ့။ ကျွန်မထင်တာသာ မမှားဘူးဆိုရင် ရာဂဏန်းလောက်ပဲပေးရတဲ့ ဈေးပေါပေါအိတ်တစ်လုံးဖြစ်မှာပဲ"
ကျန်အတန်းဖော်နှစ်ယောက်ကလည်း အလွန်သိချင်နေကြသဖြင့် နောက်ကလိုက်သွားချေသည်။
ယဲ့ချန်းက ကားကို မီတာအနည်းငယ်အကွာတွင် ရပ်ထားခဲ့သည်။ ယခုမူ လူတချို့က ထိုကားနားတွင် ဝိုင်းအုံနေကြသည်။
မိန်းကလေးတချို့ဆိုလျှင် ထိုပြိုင်ကားကို နောက်ခံထား၍ ဆယ်လ်ဖီရိုက်နေကြသည်။
"ဝိုး.. ကျောင်းအပေါက်ဝမှာ လိုင်ကန်ပြိုင်ကားတစ်စီးကို လာရပ်ထားလိမ့်မယ်လို့ ငါ ထင်မထားဘူး။ အရမ်းမိုက်တာပဲ"
"ဒီကားက တစ်ကမ္ဘာလုံးမှာ သုံးစင်းပဲရှိတာ။ တန်ဖိုးကလည်း သန်း၁၂၀ရှိတယ်။ ငါတို့ကျောင်းက ဘယ်မိန်းကလေးကများ ဒီလိုဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နဲ့ တွေ့ရလောက်အောင်အထိ ကံကောင်းနေလဲဆိုတာ သိချင်လိုက်တာ"
"အား! ငါသာ ဖြစ်လိုက်ချင်တော့တယ်"
ထိုကားကိုမြင်ပြီးနောက် ထျန်းမုန့်ယောင်၏မျက်ဝန်းများမှာ လင်းလက်တောက်ပသွားသည်။
ယဲ့ချန်း၏ကားက လိုင်ကန်ဖြစ်ကြောင်း ဖုန်းထဲမှတစ်ဆင့် သူ(မ)ကို ပြောပြထားသည်။ ထိုလိုင်ကန်ပြိုင်ကားကိုကြည့်ရင်း ယွီလု၏မျက်ဝန်းများမှာ တောက်ပသွားရသည်။
"ဒီဇိမ်ခံကားထဲမှာ ငါသာထိုင်ရရင်တော့လား။ ကားပိုင်ရှင်က ဘယ်သူလဲဆိုတာတော့မသိဘူး။ အခွင့်အရေးသာရမယ်ဆိုရင် ငါ အမိအရဖမ်းဆုပ်ထားရမယ်"
ထိုလိုင်ကန်ပြိုင်ကားကို မြင်သောအခါ လီရှောင်းလည်း မှင်တက်သွားချေသည်။
ဤကားမှာ ဂရုထဲရှိ ထိုသူဌေးကြီး၏ကားမဟုတ်လား။
ထိုအချိန်မှပင် ယဲ့ချန်းကို သူ သေချာအကဲခတ်ကြည့်လိုက်မိတော့သည်။
သေစမ်း။ ဒါက ဂရုထဲမှာ ငါ့ကို မျက်နှာပျက်အောင်လုပ်ခဲ့တဲ့ ယဲ့ချန်းမဟုတ်လား။
ယနေ့ သူ အပြင်ထွက်လာချိန်တွင် ပြက္ခဒိန်ကို သေချာမစစ်ဆေးခဲ့ရပေ။ ဤလူနှင့် ဘာကြောင့်များ နောက်တစ်ခေါက် ထပ်တိုးနေရသလဲ။
လီရှောင်းလည်း သူ့ဘေးနားရှိ ယွီလုကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"မင်းပြောတော့ ထျန်းမုန့်ယောင်ရဲ့ကောင်လေးက ဘိုရာကားကိုမောင်းတာဆို"
"သူ့ရည်းစားမောင်းတဲ့ကားက လိုင်..ဘာဆိုလားဆိုပြီးပြောလို့ ဘိုရာကားလို့ ကျွန်မက ထင်လိုက်မိတာ။ မဖြစ်နိုင်တာ။ ဒီကားက ထျန်းမုန့်ယောင်ရဲ့ရည်းစား ပိုင်တာတဲ့လား"
လီရှောင်းလည်း ယွီလုကို မျက်စောင်းထိုးကြည့်လိုက်ပြန်လေသည်။
တုံးအလှသော ဤမိန်းမက သေချာရှင်းလင်းအောင် မစုံစမ်းထားပေ။ အကယ်၍ ဤလူက ယဲ့ချန်းဖြစ်ကြောင်းသာ သူ ကြိုသိခဲ့လျှင် ဤနေရာသို့ လာခဲ့မည်မဟုတ်။
ဤသည်မှာ အရှက်ခွဲခံရဖို့ တောင်းဆိုနေခြင်းပင်မဟုတ်လော။ ယဲ့ချန်းလို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်ကို စော်ကား၍မသင့်ကြောင်း လီရှောင်း ကောင်းကောင်းသိသည်။
ထို့ကြောင့် ယဲ့ချန်းအနားသို့ စိတ်အားထက်သန်စွာ တိုးကပ်သွားသည်။
"တိုက်ဆိုင်လိုက်တာ။ ခင်ဗျားကို ဒီနေရာမှာ ထပ်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ ခုနတုန်းက ခင်ဗျားကို မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ်"
ယဲ့ချန်းကမူ လီရှောင်းကို စိုက်ကြည့်လိုက်၏။
"ကျုပ်တို့ အချင်းချင်းသိလို့လား"
"ကျွန်တော်က ချောင်းအာရဲ့ဂရုထဲက အစ်ကိုရှောင်ယောင်ပါ"
ယဲ့ချန်းလည်း ရုတ်တရက်သဘောပေါက်သွားလေသည်။
"တိုက်ဆိုင်လိုက်တာနော်"
သူတို့အနောက်ရှိ ယွီလုကမူ ယဲ့ချန်းကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေသော လီရှောင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။
"အချစ်..ရှင် ဘာလို့ သူ့ကို ဒီလောက်ယဉ်ကျေးနေရတာလဲ။ ဒီလူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ သူက ဘယ်လိုလုပ်ပြီး ရှင့်မိတ်ဆွေဖြစ်ဖို့ ထိုက်တန်မှာလဲ"
လီရှောင်း၏မျက်နှာကား အေးစက်သွားပြီး လက်ကိုလွှဲယမ်း၍ သူ(မ)၏ပါးကို ရိုက်ချလိုက်သည်။
"ဖြောင်း"
ထိုရိုက်ချက်ကြောင့် ယွီလုခမျာ အကြောင်သားဖြစ်သွားလေသည်။
"ရှင် ကျွန်မကို ဘာလို့ရိုက်တာလဲ"
ယွီလုခမျာ သူ့မျက်နှာကိုအုပ်ကာရင်း လီရှောင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
"အသုံးမကျတဲ့မိန်းမ.. မစ္စတာယဲ့က ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းသိလား။ မစ္စတာယဲ့ကိုများ စော်ကားရဲတယ်ပေါ့။ မစ္စတာယဲ့ကိုစော်ကားပြီး ငါတို့ကြားမှာ ခလောက်ဆန်လိုက်သေးတယ်။ မင်း သေချင်နေတာလား"
လီရှောင်းက ယဲ့ချန်းအတွက်နှင့် သူ(မ)ကို ပါးရိုက်လိမ့်မည်ဟု ယွီလု လုံးဝထင်မထားပေ။ ထို့ပြင် သူ(မ)၏အခန်းဖော်များရှေ့မှာပင် ရိုက်ခဲ့ခြင်းဖြစ်၏။
သူ(မ)၏မျက်နှာကား ပူစပ်ပူလောင်ဖြစ်နေတော့သည်။
လီရှောင်းကမူ အေးတိအေးစက်လေသံဖြင့် ပြန်ပြောလိုက်သည်။
"မစ္စတာယဲ့ကို အခုချက်ချင်းတောင်းပန်လိုက်"
ထိုအချိန်တွင် ယွီလု၏နှလုံးသားထဲဝယ် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
လီရှောင်းက သူ(မ)ကို ချစ်သည်ဟု အမြဲထင်ထားခဲ့မိသည်။ ယခုမူ သူ(မ)က သူ့အတွက် ကစားစရာသက်သက်သာဖြစ်ကြောင်း သိလိုက်ရလေပြီ။ ထို့ပြင် လီရှောင်းကိုယ်တိုင်ပင် ကြောက်ရွံ့နေရသူဖြစ်ရာ ယဲ့ချန်း၏သရုပ်မှန်ကား အလွန်ထူးခြားပေလိမ့်မည်။
ယဲ့ချန်းကမူ ကားအနားသို့ လျှောက်သွားလိုက်သည်။
"အားလုံးပဲ လမ်းဖယ်ပေးကြပါ"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ကားသော့ကိုထုတ်လိုက်သည်။
မိမိုက်လှသော ကားမီးရောင်များမှာ လက်ခနဲဖြစ်သွားပြီး လိုင်ကန်ပြိုင်ကား၏ ကားတံခါးများမှာ ဖြည်းဖြည်းချင်းပွင့်လာလေသည်။
ဝိုင်းကြည့်နေကြသော ကျောင်းသားများမှာ ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် တအံ့တဩပင့်သက်ရှိုက်လိုက်ကြသည်။
"ဘုရားရေ..ဒီလူချောလေးက ဒီပြိုင်ကားရဲ့ပိုင်ရှင် ဖြစ်နေတာပါလား"
ယွီလုနှင့် သူ(မ)၏အခန်းဖော်များအားလုံးလည်း ဤမြင်ကွင်းကြောင့် အကြောင်သားဖြစ်ကုန်ကြသည်။ အစောကပင် သူတို့သည် ဤတက္ကစီဒရိုင်ဘာကို လှောင်ပြောင်ခဲ့ကြသည်။ ယခုမူ သန်းတစ်ရာကျော်တန်ဖိုးရှိသော ပြိုင်ကား၏ပိုင်ရှင်မှာ သူဖြစ်နေပေသည်။
ယဲ့ချန်း၏ကားက ဘိုရာကားမဟုတ်ဘဲ ဖိတ်ဖိတ်လက်တောက်ပနေသော လိုင်ကန်ပြိုင်ကားဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။
ထျန်းမုန့်ယောင်မှာ အရှေ့ရှိ ပြိုင်ကားကိုကြည့်ရင်း အံ့လည်းအံ့ဩသလို ဝမ်းလည်း ဝမ်းသာမိသည်။
သူ(မ)သည် တစ်နေ့နေ့တွင် ဤကဲ့သို့သော ဇိမ်ခံကားတစ်စီးထဲတွင် ထိုင်ရဖို့ အကြိမ်ကြိမ်အိပ်မက်မက်ခဲ့ရသည်။
သို့သော် ဤအိပ်မက်က မြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်လာလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
ထျန်းမုန့်ယောင်သည် ဘီလျံနာတစ်ယောက်၏ အမျိုးသမီးဖြစ်ရတော့မည့်နေ့ကို မျှော်တွေးရင်း ပို၍ပင် စိတ်လှုပ်ရှားလာသည်။
အထူးသဖြင့် သူ(မ)ကို လှောင်ပြောင်ခဲ့ကြသည့် ဤသူငယ်ချင်းများ၏ ငေးငိုင်နေဟန်အမူအရာများကို မြင်လိုက်ရချိန်ဝယ် ပို၍ပင်ကျေနပ်သွားသည်။ ယွီလုက သူတို့ရှေ့တွင် အကြောင်းပြချက်မရှိဘဲ ဘာကြောင့်ကြွားဝါခဲ့သလဲဆိုသည်ကို သူ(မ) သဘောပေါက်လိုက်လေပြီ။
ဤခံစားချက်ကား အလွန်တရာစိတ်ကျေနပ်ဖွယ်ကောင်းလှသည်။
လီရှောင်းမှာ ထိုပြိုင်ကားကိုကြည့်ရင်း အားကျနေမိသည်။
သူ့ကားကလည်း အလွန်ဈေးကြီးပါသော်ငြား ဤပြိုင်ကား၏ကားမီးသီးတစ်လုံးစာမျှသာ ရှိသည်။
ယဲ့ချန်းက ခရီးသည်ထိုင်ခုံပေါ်မှ အိတ်တစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် ထျန်းမုန့်ယောင်ကို ပေးလိုက်၏။
"ဒါက မင်းအတွက် လက်ဆောင်။ မင်းသဘောကျဖို့ မျှော်လင့်ပါတယ်"
ထျန်းမုန့်ယောင်ကလည်း ထိုအိတ်ကို ယူလိုက်ပြီးနောက် ဈေးနှုန်းကတ်ပြားကို မြင်သောအခါ သူ(မ)၏နှလုံးခုန်သံကား စည်းချက်လွဲသွားရသည်။
အမလေး ဒီLVအိတ်က တစ်သိန်းရှစ်သောင်းတောင် ပေးရတယ်လား!
တစ်နေ့နေ့တွင် သူ(မ)အနေနှင့် ဤမျှတန်ဖိုးကြီးမားသော အိတ်တစ်လုံးကို ကိုင်ရလိမ့်မည်ဟု ထျန်းမုန့်ယောင် လုံးဝထင်မထားပေ။
ထျန်းမုန့်ယောင်၏လက်ထဲရှိ အိတ်ကို ငေးကြည့်နေရင်း ယွီလုခမျာ ကြောင်အသွားရလေသည်။
ဤအိတ်ကို အရောင်းဆိုင်တွင် သူ(မ) မြင်ဖူးသည်။ ဤသည်မှာ နောက်ဆုံးထွက်ကန့်သတ်ထုတ်ကုန်ဖြစ်၏။ ထိုအိတ်ကို ကြည့်ရင်း သူ(မ)၏အိတ်က ထျန်းမုန့်ယောင်နှင့်ယှဉ်လိုက်လျှင် အမှိုက်သာသာဖြစ်သွားလေသည်။
ယွီလုခမျာ ထျန်းမုန့်ယောင်၏ချစ်သူကို မနာလိုအားကျစိတ်ဖြင့် ငေးကြည့်ရင်း မျက်နှာတစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်သွားသလို ခံစားရသည်။
ယခုအချိန်တွင် ကျောင်းအပေါက်ဝ၌ ကျောင်းသားများ အုံခဲနေသည်။
"ထျန်းမုန့်ယောင်က ယောကျ်ားတွေအများကြီးကို ငြင်းပစ်နေတာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ သူ့မှာ ရည်းစားရှိပြီးသားကို"
"အရမ်းချောတာပဲ။ သူက ငါ့အိုင်ဒေါပဲ"
"ချောရုံတင်မကဘူး။ ချမ်းကလည်း ချမ်းသာသေးတယ်။ သန်းတစ်ရာကျော်တန် ပြိုင်ကားကို စီးတာနော်။ ပြီးတော့လည်း တစ်သိန်းရှစ်သောင်းတန်တဲ့ ဘရန်းအိတ်တစ်လုံးကိုလည်း လက်ဆောင်ပေးလိုက်သေးတယ်"
"အမလေး ငါတော့ အားကျနေပါပြီနော်။ ငါကျတော့ ဒီလိုဥစ္စာပေါရုပ်ချောချစ်သူမျိုးနဲ့ ဘာလို့မတွေ့ရတာလဲ"
ထိုအချိန်တွင် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ဖြင့် ကောက်ကြောင်းလှပသော မိန်းကလေးတစ်ယောက်က ယဲ့ချန်းအနားသို့ လျှောက်လာချေသည်။
•••••••••••••••••
အပိုင်း ၂၄၆ - စတိုရီတွင် ကြွားလုံးထုတ်ခြင်း
အနားသို့ လျှောက်လာသည့် ထိုမိန်းကလေးကို မြင်သောအခါ ထျန်းမုန့်ယောင်၏ရင်ထဲ တင်းကျပ်သွားရသည်။
ဤမိန်းကလေးက ဂီတတက္ကသိုလ်၏ အလှပဂေးလေးဖြစ်၏။ သူ(မ)၏ရုပ်ရည်မှာ ထျန်းမုန့်ယောင်ထက် မနိမ့်ပေ။
တကယ်တမ်းတွင် ဤမိန်းကလေးက ထျန်းမုန့်ယောင်ထက်ပင် ပိုပြီး ညှို့အားပြင်းရှသည်။
ယဲ့ချန်းက ကားပြတင်းပေါက်ကို လျှောချလိုက်ပြီးနောက် တောက်ပလှသောအပြုံးဖြင့် မေးလိုက်သည်။
"အလှလေး ဘာကိစ္စရှိလို့လဲ"
ထိုအလှလေးက ဆွဲဆောင်မှုရှိသော အပြုံးတစ်ပွင်ကို ဆင်မြန်းထားသည်။
"လူချောလေး.. ကျွန်မ ရှင့်ကို ဝီချက်မှာ အပ်လို့ရမလား"
ချန်းပေ့ပေ့မှာ သူ(မ)၏ရုပ်ရည်နှင့်ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိသည်။ သူ(မ)သာ စိတ်ပိုင်းဖြတ်လိုက်လျှင် ဘယ်ယောကျ်ားမှ သူ(မ)၏လက်က မလွတ်နိုင်ပေ။
ယဲ့ချန်းကလည်း သူ(မ)ကို ဟန်ဆောင်မှုစစ်ဆေးရေးစနစ်ကိုသုံး၍ အကဲဖြတ်လိုက်လေရာ ဟန်ဆောင်မှုတန်ဖိုးက ကိုးဆယ်ကျော်နေကြောင်း သိလိုက်ရသည်။
နှမြောစရာပဲ။
သူ(မ)က ရုပ်ရည်ချောမောသော်ငြား ဟန်ဆောင်မှုတန်ဖိုးကမူ အလွန်မြင့်နေလေရာ သူ(မ) ယောကျ်ားဘယ်နှယောက်နှင့် တွဲခဲ့ဖူးသလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။
ချန်းပေ့ပေ့ကိုမြင်သောအခါ ထျန်းမုန့်ယောင်ခမျာ ရတက်မအေးဖြစ်သွားရသည်။
ထျန်းမုန့်ယောင်က ကျောင်းထဲတွင် နာမည်ကြီးအလှပဂေးတစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိသည်။ သို့သော် ချန်းပေ့ပေ့နှင့် ယှဉ်လိုက်လျှင် ထျန်းမုန့်ယောင်မှာ သိသိသာသာရှုံးပေသည်။
ယဲ့ချန်းက ထိပ်တန်းဘီလျံနာတစ်ယောက်ပင်။ သူ့လို ယောကျ်ားတစ်ယောက်နားတွင် မိန်းမတစ်ယောက်တည်း ရှိမည်မဟုတ်။
ထိုအချက်ကို ထျန်းမုန့်ယောင် ကောင်းကောင်းနားလည်ထားသည်။ ချန်းပေ့ပေ့ကို ဝီချက်တွင် အပ်လိုက်မည်စိုးသောကြောင့် သူ(မ)မှာ ယဲချန်း၏အမူအရာကို စိုးရိမ်တကြီးစောင့်ကြည့်နေလေသည်။
ချန်းပေ့ပေ့၏နာမည်ပြောင်မှာ မာယာရှင်ဟူ၍သာ။
သူ(မ)၏ဆွဲဆောင်ညှို့ငင်မှုကို ခံနိုင်ရည်ရှိသော ယောကျ်ားဟူ၍ ရှားလှသည်။
"ငါ့ဝီချက်ကိုလိုချင်တာလား။ ဆောရီး..အစ်ကိုက မူယာမာယာများတဲ့လူတွေကို မအပ်ဘူး"
ယဲ့ချန်း၏စကားများကို ကြားသောအခါ ချန်းပေ့ပေ့၏အပြုံးလည်း ချက်ချင်းမှေးမှိန်သွားလေတော့သည်။
"ရှင်…"
သူတို့ဘေးရှိ ထျန်းမုန့်ယောင်၏ရင်ထဲဝယ် ချိုမြိန်မှုများ ပေါက်ဖွားလာတော့သည်။
အမလေး "မာယာရှင်"ကိုတောင် ယဲ့ချန်းက ငြင်းလိုက်တာပါလား။ ယဲ့ချန်းက ငါ့အပေါ် တကယ် ခံစားချက်ရှိနေတာပဲဖြစ်မယ်…
ထိုအချိန်မှာပင် ထျန်းမုန့်ယောင်၏နှလုံးသားကို ယဲ့ချန်း အပိုင်စားရသွားလေတော့သည်။
ထိုစဉ် လီရှောင်းက အနားသို့ ချဉ်းကပ်လာသည်။
"ဥက္ကဋ္ဌယဲ့.. ခုနတုန်းက ကျွန်တော့်ကောင်မလေးက ရိုင်းပျမိသွားပါတယ်။ ကျွန်တော် သူ့အစားတောင်းပန်ချင်ပါတယ်။ ဖြစ်ခဲ့တာတွေကို မေ့ပြီး မိတ်ဆွေတွေများဖြစ်လို့ရမလား"
လီရှောင်း၏သဘောထားမှာ အတန်ငယ်အထက်စီးဆန်လှသည်။
ယဲ့ချန်းက အထင်ကြီးဖို့ကောင်းပါသော်ငြား သူတို့နှစ်ယောက်ကြားတွင် ဘာပတ်သက်ဆက်နွှယ်မှုမှ မရှိချေ။
လီရှောင်းပြောချင်သည့် သဘောကား ရှင်းရှင်းလေးပင်။
ငါ့ကောင်မလေးဘက်က အမှားလုပ်မိသွားတယ်။ ငါ သူ့အစားတောင်းပန်ပြီး မင်းကို လေးစားမှုပေးမှာမို့ မင်းလည်း ငါ့ကို ပြန်လေးစားပေး…
ယဲ့ချန်းမှာ လီရှောင်း၏အတွေးများကို လုံးဝနားလည်လိုက်သဖြင့် သူ့အမူအရာကို ကြည့်လိုက်သည်။
ယဲ့ချန်းက အေးစက်စက်ရယ်လိုက်ပြီး လီရှောင်းကို အရေးမလုပ်ပါဘဲ လီဗာကိုဖိနင်းလိုက်လေရာ လိုင်ကန်ပြိုင်ကားက အဝေးသို့ မောင်းထွက်သွားလေသည်။
လီရှောင်း တောင်းပန်လိုက်သော်ငြား အမှားလုပ်ခဲ့သူမှာ သူ့ချစ်သူသာ ဖြစ်၏။ သူ(မ)သည် ယဲ့ချန်းကို လှောင်ပြောင်ပြီး သူ့ရှေ့မှာပင် ကြွားလုံးထုတ်ခဲ့သည်။
စိတ်ရင်းအမှန်ဖြင့် မတောင်းပန်ဘဲ ချစ်သူကောင်မလေးကို ဒိုင်းကာအဖြစ် အသုံးချလိုက်ရုံဖြင့် ယဲ့ချန်းဘက်က ခွင့်လွှတ်ပေးရမည်တဲ့လား။
"ဟွားမေ့ကျောက်စိမ်းလုပ်ငန်းစု ဟုတ်တယ်မလား"
သေလိုက်စမ်းပါ။ တွေ့ကြသေးတာပေါ့…
ယဲ့ချန်းက သူ့မျက်နှာကိုမထောက်ထားဘဲ သည်အတိုင်းမောင်းထွက်သွားသည်ကို မြင်သောအခါ လီရှောင်း၏အမူအရာကား အလွန်ပျက်ယွင်းသွားသည်။
ထိုအချိန်မှာပင် သူ့ဘေးနားရှိ ယွီလုက လိုင်ကန်ပြိုင်ကား၏ ကားနောက်မီးကိုကြည့်ရင်း ငေးငိုင်နေတော့သည်။
ထိုကားထဲတွင်သာ ထိုင်ရပါက ဘယ်လောက်ကောင်းလိုက်မလဲဟုပင် တွေးနေမိသည်။
ယဲ့ချန်းသည် ချောမောခံ့ညားရုံသာမက ချမ်းလည်း ချမ်းသာသေးသည်။ သူ(မ)ဘေးရှိ ဤလူအိုကြီးထက်ပင် ပိုသာသည်။
ထို့ကြောင့် ထိုလိုင်ကန်ပြိုင်ကား၏ ကားမီးရောင်ကိုကြည့်ရင်း ယွီလု၏မျက်နှာထက်တွင် မနာလိုအားကျလေဟန် အရိပ်အယောင်များ အထင်းသားပေါ်လွင်နေသည်။
လီရှောင်းကလည်း ယွီလု၏အတွေးများကို ရိပ်မိသည်။
သေစမ်း။ မင်းက ငါ့ကို ဖောက်ပြန်ချင်နေတာလား? မင်းလိုရုပ်ရည်မျိုးနဲ့ ယဲ့ချန်းက မင်းကို အရေးလုပ်မယ်များ ထင်နေတာလား?
လီရှောင်း၏ဒေါသများက ယွီလုအပေါ် ပုံကျသွားချေသည်။ ထို့ကြောင့် လက်မြှောက်ကာ လွှဲယမ်းလိုက်လေတော့သည်။
"ဖြောင်း"
ယွီလု၏မျက်နှာထက်သို့ ရိုက်ချက်ခပ်ပြင်းပြင်းတစ်ချက် ကျရောက်လာသည်။
"ခွေးမ.. လိုက်ငေးနေတယ်ပေါ့လေ။ ဒီည ငါ မင်းကို ဘယ်လိုစာရင်းရှင်းမလဲဆိုတာ စောင့်နေလိုက်"
လီရှောင်း၏ အေးစက်စက်အမူအရာကို မြင်လိုက်ရချိန်ဝယ် ယွီလု၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။
ယနေ့ညတော့ သူ(မ) ဒုက္ခရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။
"အချစ်..မလုပ်ပါနဲ့။ ကျွန်မ ထပ်မလုပ်တော့ပါဘူး"
ယဲ့ချန်းကမူ လိုင်ကန်ပြိုင်ကားကို အပြင်းနှင်လာခဲ့သည်။ ဝိုင်းကြည့်နေကြသူများမှာ တောက်ပြောင်လှသော လိုင်ကန်ပြိုင်ကားကြောင့် အံ့အားသင့်ကုန်ကြသည်။
မိုက်လိုက်တဲ့ကား!
အထင်ကြီးချင်စရာပဲ။ နောက်ထပ်သူဌေးကြီးတစ်ယောက် ကြွားလုံးထုတ်နေပြန်ပြီ!
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ထျန်းမုန့်ယောင်မှာ အိပ်မက်မက်နေသလိုပင် ခံစားရသည်။ သန်းတစ်ရာကျော်တန်သော စူပါကားတစ်စီးပေါ်တွင် ထိုင်ခွင့်ရလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
ဤခံစားချက်ကား စင်စစ်ရင်ဖိုဖွယ်ရာပင်။
ထျန်းမုန့်ယောင်လည်း သူ(မ)၏စတိုရီကို ဖွင့်လိုက်သည်။
အတန်းဖော်များက စတိုရီပေါ်တွင် ဒီဇိုင်နာအိတ်များနှင့် ခမ်းနားလှသော ဇိမ်ခံကားများဖြင့် ကြွားလုံးထုတ်ထားကြသည်။ အစကတော့ ထျန်းမုန့်ယောင်မှာ ဟိုဟိုသည်သည်လျှောက်ကြည့်ချင်ရုံသာ။ သို့သော် ယခုမူ သူ(မ)လည်း ကြွားချင်လာသည်။
"အစ်ကိုယဲ့.. ကျွန်မ ရှင့်ကားနဲ့ ဓာတ်ပုံတစ်ပုံလောက် ရိုက်လို့ရမလား"
ယဲ့ချန်းလည်း ခပ်ဖွဖွရယ်လိုက်မိသည်။
"ရတာပေါ့။ ကိုယ့်မျက်နှာသာ မပါစေနဲ့"
"ရတယ်"
ထျန်းမုန့်ယောင်လည်း ကားထဲတွင် အသည်းအသန် ဆယ်လ်ဖီဆွဲပါတော့သည်။ လိုင်ကန်ပြိုင်ကား၏ အမှတ်တံဆိပ်ကိုပါ ပါအောင်ရိုက်ဖို့လည်း မမေ့ခဲ့ပေ။ ကားအတွင်းပိုင်းလည်း ပါရပေမည်။
ထို့ပြင် ယဲ့ချန်းပေးထားသော တစ်သောင်းရှစ်ထောင်တန် အိတ်ကိုလည်း ပါအောင်ရိုက်ခဲ့သေးသည်။
ထျန်းမုန့်ယောင်သည် ပို့စ်အမျိုးမျိုးပေး၍ ရိုက်ခဲ့သည်။
စူပုပ်၍တစ်မျိုး လက်နှစ်ချောင်းထောင်၍တစ်ဖုံ အသည်းပုံကလည်း လုပ်သေးသည်။ ထို့နောက် ဇိမ်ခံကားနှင့် အိတ်ကို နောက်ခံထားပြီး သူ(မ)၏စတိုရီတွင် အကွက်ကိုးကွက်ဓာတ်ပုံဖြင့် တင်လိုက်သည်။
ပို့စ်တင်လိုက်သည်နှင့် ထျန်းမုန့်ယောင်၏စတိုရီမှာ နာမည်ကြီးသွားလေသည်။
"မုန့်ယောင်.. နင်စီးနေတာ ဘယ်လိုစူပါကားမျိုးလဲ။ အရမ်းမိုက်တာပဲ"
"ကားအတွင်းပိုင်းကတော့ အရမ်းမိုက်တာပဲ။ အဲဒီအမှတ်တံဆိပ်ကိုတော့ တစ်ခါမှမမြင်ဖူးဘူး"
"ဝိုး ငါ အခုလေးတင် အွန်လိုင်းမှာ ရှာကြည့်လိုက်တာ။ အဲဲဒါက လိုင်ကန်ပြိုင်ကားရဲ့ အမှတ်တံဆိပ်တဲ့။ တစ်ကမ္ဘာလုံးမှာ သုံးစင်းပဲရှိတာ"
"ဒီကားက သန်းတစ်ရာကျော်တယ်တဲ့"
"ဝိုး.. နတ်ဘုရားမက လူကုံထံတစ်ယောက်ကို အမိဖမ်းလိုက်နိုင်ပြီပဲ"
"ယောင်ယောင်.. အဲဒီအိတ်က ဂူချီရဲ့ကန့်သတ်ထုတ်ကုန်မလား"
"တစ်သောင်းရှစ်ထောင်တဲ့။ ငါ ခုနကပဲ ဂူချီအရောင်းဆိုင်မှာ တွေ့ခဲ့တယ်။ နေ့တစ်ဝက်စာလောက်တောင် ထိုင်စဉ်းစားတာတောင် မဝယ်နိုင်ပါဘူး"
"ယောင်ယောင်.. အဲဒီလူကုံထံမိတ်ဆွေက ဘယ်သူလဲ။ ငါတို့ကို မိတ်ဆက်ပေးဦးလေ!
အားကျနေကြသော မှတ်ချက်များကိုဖတ်ရင်း ထျန်းမုန့်ယောင်၏ရင်ထဲ ဝမ်းသာစိတ်များ ယိုဖိတ်သွားသည်။
ယခင်ကမူ သူ(မ)၏သူငယ်ချင်းများ ကြားလုံးထုတ်သည်ကိုသာ ကြည့်နေခဲ့ရသည်။ ယခုမူ သူ(မ)လည်း ကြွားလုံးထုတ်ခွင့်ရလေပြီ။
ထျန်းမုန့်ယောင်ကလည်း ပြန်ဖြေလိုက်၏။
"ဒါက ငါ့ကောင်လေးရဲ့ကားလေ။ အိတ်က ဂူချီဆိုတာဟုတ်တယ်။ သူ လက်ဆောင်ပေးတာ။ ဒီနေ့ အရမ်းပျော်တာပဲ။ ငါ့စံပြချစ်သူပုံစံနဲ့ တွေ့လိုက်ရတယ်"
ထျန်းမုန့်ယောင်၏ပြန်စာကို မြင်သောအခါ သူ(မ)၏သူငယ်ချင်းများလည်း မနာလိုဖြစ်ကုန်ကြသည်။
သေစမ်း။ သူ တကယ်ကြွားနေတာပဲ။ ချမ်းသာတဲ့ သူ့ရည်းစားကို ကြွားနေတာ။
ဝမ်းနည်းဖို့ကောင်းသည်မှာ သူ(မ)တွင် ကြွားနိုင်စွမ်းရှိပေသည်။ သူတို့မှာတော့ ကြွားလုံးထုတ်စရာ လူကုံထံချစ်သူမျိုးမရှိပေ။
ထိုအချိန်မှာပင် ထျန်းမုန့်ယောင်၏ တက္ကသိုလ်မှ သူငယ်ချင်းတစ်ယောက်က ဖုန်းကြည့်ရင်း စိတ်တိုလာသည်။
သူ(မ)သည် ဘေးနားရှိ ဘီအမ်ဒဗလျုမောင်းနေသော သူ(မ)၏ချစ်သူကို လှည့်ကြည့်ရင်း မကျေမနပ်ဖြစ်သွားလေသည်။
"ရှင့်ကိုကြည့်စမ်းပါဦး။ ရည်မှန်းချက်မရှိလိုက်ပုံများ။ ကျွန်မသူငယ်ချင်းရဲ့ကောင်လေးက ဘီလျံနာတွေစီးတဲ့ စူပါကားကို စီးနေတာ။ သူ့ကိုလည်း တစ်သောင်းရှစ်ထောင်တန်အိတ်တစ်လုံး လက်ဆောင်ပေးသေးတယ်။ သူ့ရုပ်ရည်ကလည်း ပိုတောင်ချောသေး။ ရှင့်မှာကျတော့ ဘာရှိလဲ"
သူ(မ)၏ချစ်သူက အပြစ်ကင်းစင်ဟန်တူသည်။
"ကိုယ် မင်းကို အခုပဲ နှစ်သောင်းတန်အိတ်တစ်လုံး လက်ဆောင်ပေးထားတယ်လေ။ ခုနကတော့ မင်းပဲ ကိုယ့်ကို အတော်ဆုံးလို့ ပြောထားတာမဟုတ်ဘူးလား"
ယဲ့ချန်းနှင့် ထျန်းမုန့်ယောင်တို့ ညလယ်စာ အတူစားခဲ့ရသည်။ ထို့နောက် ဟွားစံအိမ်တော်သို့ မောင်းလာခဲ့လိုက်သည်။
ယဲ့ချန်း၏ စံအိမ်တော်ကြီးကို မြင်သောအခါ ထျန်းမုန့်ယောင် လုံးဝမှင်တက်သွားသည်။
ထိုညတုန်းက ထျန်းမုန့်ယောင် အိမ်မပြန်ခဲ့ချေ။
နောက်ထပ် အိပ်ပျက်ရသည့် ညတစ်ညပါပင်။
...
နောက်တစ်နေ့
ဖုန်းမြည်သံကြောင့် ယဲ့ချန်း လန့်နိုးလာခဲ့သည်။
အိပ်ရာခင်းထက်တွင် သွေးစတို့ စွန်းထင်းနေချေသည်။
ထျန်းမုန့်ယောင်ကတော့ အတန်းတက်ဖို့ ကျောင်းကို သွားလေပြီ။
ယဲ့ချန်း ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"ဟယ်လို မစ္စတာယဲ့လား"
"ဟုတ်ပါတယ်။ ဘယ်သူပါလဲ"
"ကျွန်တော်က ဟွားမေ့ကျောက်စိမ်းလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာ ချန်းမင်ပါ။ ခင်ဗျားက ကျွန်တော်တို့လုပ်ငန်းစုရဲ့ ရှယ်ယူ ၂၈.၈ရာခိုင်နှုန်းကို ဝယ်ထားတယ်လို့ အခုပဲ ကျွန်တော်တို့ သတင်းရထားပါတယ်။ ဒီနေ့ ရှယ်ယာရှင်အစည်းအဝေးရှိလို့ ခင်ဗျား လာတက်နိုင်မလားလို့ မေးကြည့်တာပါ"
"ရတယ်လေ။ တစ်နာရီနေရင် ကျွန်တော် လာခဲ့မယ်"
ယဲ့ချန်း ခွန်းတုံ့ပြန်လိုက်၏။
•••••••••••••