← Chapters

အခန်း (၂၄၇−၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇−၂၄၉)

Vol. 17 Ch. 247-249

အပိုင်း ၂၄၇ - ကုမ္ပဏီမှာ ငါပဲ ဆုံးဖြတ်ချက်ချတာ

ယဲ့ချန်း ကားဖြင့်ထွက်လာချိန်မှာပင် အမှာစာတစ်စောင် ရောက်လာသည်။

သွားရမည့်နေရာကား ဟွားမေ့လုပ်ငန်းစုပင်။

လမ်းကြုံနေသည်ဖြစ်ရာ ယဲ့ချန်းလည်း ထိုအိမ်ရာဝင်း၏ ဝင်ပေါက်သို့ မောင်းလာခဲ့လိုက်သည်။

ရုံးဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က စိုးရိမ်တကြီးဟန်ပန်ဖြင့် နာရီတကြည့်ကြည့်လုပ်နေသည်။

"မိန်းကလေး တက္ကစီရောက်ပါပြီ"

ယဲ့ချန်း၏ကူလီနန်ကားကို မြင်သောအခါ ထိုမိန်းကလေးလည်း ခဏမျှမှင်တက်သွားသည်။

သို့သော် သူ(မ)တွင် တွေးတောနေချိန်မရှိပေ။

"လူကြီးမင်း.. မြန်မြန်လေးမောင်းပေးလို့ရမလား။ ကျွန်မ အလုပ်နောက်ကျနေလို့ပါ"

"ရပါတယ်"

ယဲ့ချန်လည်း အရှိန်မြှင့်လိုက်လေတော့သည်။

ထိုအချိန်မှာပင် ထိုမိန်းကလေး၏ဖုန်းက ထမြည်လာသည်။

"ကျားချင်းချင်း.. မင်း ဘာလို့ အလုပ်ကိုမရောက်သေးတာလဲ။ ဘယ်အချိန်ရှိနေပြီလဲ။ မင်း အလုပ်မလုပ်ချင်တော့ဘူးလား။ ဒီလအတွက် ဘောနပ်စ်ကို မေ့ထားလိုက်တော့။ နောက်နာရီဝက်အတွင်း ရုံးခန်းကိုရောက်မလာရင် မင်းရဲ့လစာတစ်ဝက်ကို နှုတ်ပစ်မယ်"

"ဥက္ကဋ္ဌချန်း.. ကျွန်မ မနက်လေးနာရီအထိ အချိန်ပိုဆင်းထားလို့ နာရီနှိုးစက်သံကို မကြားလိုက်တာပါ"

"မကြားတာလား။ အဲဒါ မင်းကိစ္စလေ။ ချင်းချင်း.. ငါထပ်ပြောမယ်။ ငါ့ကမ်းလှမ်းချက်ကိုလက်ခံပြီး ငါ့ရည်းစားလုပ်လိုက်။ အကုန်အဆင်ပြေသွားလိမ့်မယ်။ မဟုတ်ရင်တော့ ငါ့လက်အောက်မှာ အလုပ်လုပ်နေသရွေ့ မင်းဘဝကို အခြေအနေဆိုးအောင် လုပ်နေမှာ"

"ချန်းယွီ ရှင်လွန်နေပြီနော်။ ကျွန်မ အလုပ်ထွက်ချင်သာ ထွက်လိုက်မယ်။ ရှင့်ရည်းစားတော့ မလုပ်နိုင်ဘူး"

ချန်ယွီတဲ့လား။

ဤနာမည်ကို ရင်းနှီးနေသလိုပင်။

ဟုတ်ပေသည်။ ထိုလူမှာ ကျောက်စိမ်းပြခန်းတွင် သူနှင့် စကားများခဲ့သည့် ထိုလူပင်။ ထိုလူက ဟွားမေ့မှာ ရှိနေလိမ့်မည်ဟု သူ ထင်မထားချေ။

"ကောင်းပြီလေ။ အခုချက်ချင်း အလုပ်ထွက်တော့။ လစာလည်း တစ်ပြားမှမပေးဘူး။ နာမည်ပျက်စာရင်းလည်းသွင်းပစ်မယ်။ နောက်နောင် မင်း တခြားနေရာမှာ အလုပ်ရှာရခက်အောင်လို့လေ"

"ရှင်က တော်တော်ယုတ်မာတာပဲ"

ဖုန်းခေါ်ဆိုမှုကား ပြတ်တောက်သွားလေပြီ။ ကျားချင်းချင်းခမျာ မငိုဘဲ မနေနိုင်တော့ချေ။

"မိန်ကလေး ဘာဖြစ်လို့လဲ"

ယဲ့ချန်း မေးကြည့်လိုက်သည်။

ကျားချင်းချင်းကလည်း ယဲ့ချန်းအား ဖြစ်စဉ်အစအဆုံး ရှင်းပြလိုက်သည်။

ကျားချင်းချင်းက တက္ကသိုလ်မှ ဘွဲ့ရခါစဖြစ်ပြီး အဆုံးတွင်မူ သူ(မ)၏မေဂျာနှင့် ကိုက်ညီသော အလုပ်တစ်ခုကို ဟွားမေ့ကျောက်စိမ်းလုပ်ငန်းစုတွင် ရခဲ့သည်။ သူ(မ)သည် အလုပ်ထဲတွင် အာရုံတစိုက်လုပ်ကိုင်သည့်တိုင် လုယုတ်မာသူဌေးတစ်ယောက်နှင့် တွေ့ခဲ့ရသည်။

ချန်းယွီက ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌပင်။ ကျားချင်းချင်းက လူ့လက်အောက်ငယ်သားတစ်ယောက်ဖြစ်၏။

ပထမဆုံးနေ့မှာပင် ချန်းယွီက ကျားချင်းချင်းကို သဘောကျသွားခဲ့သည်။

ကျားချင်းချင်းသာ သူ့ချစ်သူဖြစ်ပေးမည်ဆိုလျှင် သူ(မ)ကို ကုမ္ပဏီထဲတွင် ဌာနခေါင်းဆောင်ရာထူးကိုပေးမည်ဟု အကြိမ်ကြိမ်အရိပ်အမြွက်ပြခဲ့သည်။

ကျားချင်းချင်းက ဖြူစင်သော မိန်းကလေးတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့ယုတ်ညံ့သော တောင်းဆိုမှုမျိုးကို လက်မခံခဲ့ချေ။

ထိုအချိန်မှစ၍ ချန်းယွီက ကျားချင်းချင်းကို ဆက်တိုက်ဒုက္ခပေးလေတော့သည်။

ရှိသမျှအလုပ်တိုင်းကို သူ(မ)တစ်ယောက်တည်းကိုသာ လုပ်ခိုင်းခဲ့သည်။

ထိုမျှသာမက သူ(မ)၏လစာကိုလည်း အကြောင်းအမျိုးမျိုးပြ၍ မကြာခဏဖြတ်သေးသည်။

ရုံးတွင် ကျားချင်းချင်းက အလုပ်အကြိုးစားဆုံးလူပင်။ မနက်အစောပိုင်းအချိန်များအထိပင် အချိန်ပိုဆင်းတတ်သည်။

သို့တိုင် တစ်လပြည့်သော် သူ(မ)၏ဘောနပ်စ်က အကုန်နီးပါးအဖြတ်ခံထားရသည်။

မတရားသလိုရော ကူကယ်ရာမဲ့သလိုပါ ခံစားရသဖြင့် ကျားချင်းချင်းခမျာ မျက်ရည်များကို ထိန်းမထားနိုင်တော့ပေ။

ကျားချင်းချင်း၏ဇာတ်လမ်းကို ကြားပြီးနောက် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယခင်တုန်းက ယဲ့ချန်းနှင့် ချန်းယွီတို့ကြားတွင် ကိုယ်ရေးကိုယ်တာရန်ငြိုးရန်စတစ်ခုရှိထားသည်။ သူသည် ကုမ္ပဏီ၏ပင်မရှယ်ယာရှင်တစ်ယောက် ဖြစ်လာခဲ့သော်လည်း ကိုယ်ရေးကိုယ်တာကိစ္စကြောင့်နှင့် တစ်စုံတစ်ယောက်ကို ပစ်မှတ်မထားတတ်ပေ။

သို့သော် ချန်းယွီက ကုမ္ပဏီအတွင်း၌ ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် သူ့အာဏာကို ထုတ်သုံးနေပေသည်။ ယဲ့ချန်းလည်း သူဝင်ပါမှဖြစ်မည်ဟု တွေးလိုက်မိသည်။

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

"မိန်းကလေး အလုပ်သွားလိုက်ပါ။ ကျွန်တော် ဟွားမေ့လုပ်ငန်းစုရဲ့ ထိပ်တန်းအမှုဆောင်နဲ့ သိတယ်။ ကျွန်တော်သာရှိရင် မင်း အလုပ်ထုတ်ခံရမှာမဟုတ်ဘူး။ မင်းရဲ့လစာတွေနဲ့ ဘောနပ်စ်တွေအကုန်လုံးကို တစ်ပြားမကျန်ရစေရမယ်လို့ ကတိပေးတယ်"

ယဲ့ချန်း၏စကားများကြောင့် လန့်ဖျပ်သွားသော ကျားချင်းချင်းက ပြောလိုက်၏။

"တကယ်လား"

ယဲ့ချန်းကလည်း အသာပြုံးပြလိုက်သည်။

"ဒါပေါ့။ ကျွန်တော်က အစွမ်းထက်တဲ့တက္ကစီဒရိုင်ဘာလေ"

မိနစ်နှစ်ဆယ်မပြည့်ခင်မှာပင် ယဲ့ချန်းက ဟွားမေ့လုပ်ငန်းစု၏ ကုမ္ပဏီအဆောက်အအုံဆီသို့ မောင်းလာခဲ့လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျားချင်းချင်း ကျေးဇူးတင်စကားပြောလိုက်၏။

"အင်း သွားလိုက်ပါ။ ကျွန်တော် အကြောင်းကြားထားလိုက်မယ်"

ကျားချင်းချင်းမှာ ခါးသက်သက်ပြုံးလိုက်မိသည်။ ယဲ့ချန်း၏စကားများကို သူ(မ) နည်းနည်းမှ မယုံမိချေ။

ကုမ္ပဏီ၏အထွေထွေမန်နေဂျာချန်းမင် ချန်းယွီ၏ဦးလေးဖြစ်ကြောင်း လူတိုင်းသိသည်။ ထိုကဲ့သို့သော အဆက်အသွယ်မျိုးရှိနေသည်ဖြစ်ရာ ကုမ္ပဏီဥက္ကဋ္ဌကလွဲ၍ မည်သူကများ သူ့ကို ဘာလုပ်နိုင်မည်နည်း။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာ ဖြစ်၏။ သူ့အနေနှင့် မည်သို့ကူညီနိုင်မည်နည်း။

ကျားချင်းချင်း အပေါ်ထပ်သို့ ရောက်သွားသောအခါ ယဲ့ချန်းကလည်း ကားပါကင်တွင် ကားရပ်ပြီးနောက် အပေါ်သို့ တက်လာခဲ့လိုက်သည်။

ရုံးခန်းထဲတွင် ချန်းယွီက သူ(မ)အား လေးနက်တည်ကြည်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။

"ကျားချင်းချင်း.. ဘယ်အချိန်ရှိပြီလဲ သိလား။ ဆယ်နာရီတောင်ထိုးနေပြီ။ မင်း ဘာလို့ လာနေသေးတာလဲ"

"ကျွန်မ နောက်ကျနေတယ်ဆိုပေမဲ့ မနေ့ညတုန်းက မနက်လေးနာရီအထိ အလုပ်လုပ်ထားရလို့ပါ။ ပြီးတော့ ဒါက ပထမဆုံးအကြိမ် နောက်ကျတာပါ"

"ဟမ့်! အချိန်ပိုဆင်းတာက မင်းရဲ့တာဝန်လေ။ နောက်ကျတာကတော့ ကုမ္ပဏီစည်းမျဉ်းကို ချိုးဖောက်တာပဲ"

ကျားချင်းချင်း လှောင်ပြုံးပြုံးလိုက်မိသည်။

"ထားလိုက်ပါတော့ ခေါင်းဆောင်ချန်း.. ရှင့်ရဲ့မကောင်းတဲ့အတွေးတွေကို ကျွန်မသိတယ်။ ကျွန်မက နှုတ်ထွက်စာတင်ဖို့ လာခဲ့တာပါ"

"နှုတ်ထွက်မှာလား။ ကောင်းပြီလေ။ ဒီလအတွက် မင်းရဲ့လစာကို တစ်ပြားမှရလိမ့်မယ်မထင်နဲ့နော်။ မြန်မြန်သွားတော့"

ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံ ထွက်လာသည်။

"မင်းက ဘာအကြောင်းပြချက်နဲ့ သူ့လစာကို မပေးရတာလဲ။ မင်း ဒီလောက်အထိ အရှက်မဲ့လိမ့်မယ်လို့ ငါထင်မထားဘူး။ မိန်းကလေးတစ်ယောက်ကိုတောင် အနိုင်ကျင့်နေတယ်ပေါ့လေ ချန်းယွီ"

ဤစကားကိုကြားသော် ချန်းယွီ၏မျက်နှာကား မည်းခနဲဖြစ်သွားပြီး တံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။

"ယဲ့ချန်း?"

ယဲ့ချန်းကိုမြင်သောအခါ ချန်းယွီမှာ ဒေါသတကြီး အံကြိတ်ထားလိုက်မိသည်။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ယဲ့ချန်းကြောင့် သန်းသုံးဆယ်ကျော်ရှုံးခဲ့ရသဖြင့် သူ့စိတ်ထဲတွင် ဆူးငြောင့်တစ်ခုလို ဖြစ်ခဲ့ရသည်။

သူသည် ယဲ့ချန်းကို မည်သို့လက်စားချေရမလဲဆိုသည်ကို စဉ်းစားနေခဲ့ခြင်းပင်။ သို့သော် တစ်ဖက်လူက သူ့အလိုလို ရောက်ချလာလိမ့်မည်ဟု ထင်မထားချေ။

"ယဲ့ချန်း… ငါတို့ကုမ္ပဏီက မင်းနဲ့ ဘာဆိုင်လို့လဲ။ ဒီနေရာကိုလာပြီး လူတတ်ကြီးလုပ်ပြနေရအောင် မင်းက ဘာကောင်မို့လို့လဲ"

ချန်းယွီသည် အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"ကုမ္ပဏီတိုင်းက စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်လုပ်ရမှာမဟုတ်ဘူးလား။ သူ့လစာကို ဖြတ်ထားရတဲ့ အကြောင်းပြချက်က ဘာလဲ"

ချန်းယွီကမူ လှောင်ပြုံးပြုံးလိုက်သည်။

"အကြောင်းပြချက် ဟုတ်လား။ ငါက အကြောင်းပြချက်ပဲ"

ယဲ့ချန်းတစ်ယောက် ဒုက္ခရောက်မည်ကိုစိုးသောကြောင့် ကျားချင်းချင်းလည် အမြန်ဝင်ပြောလိုက်ရသည်။

"လူကြီးမင်း.. အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီးပါပြီ"

ကျားချင်းချင်းက သူ့အား စိုးရိမ်နေခြင်းဖြစ်ကြောင်း ယဲ့ချန်း ရိပ်စားမိသည်။ သူ(မ)၏မျက်လုံးလှလှလေးများမှာ စိုးရိမ်ပူပန်မှုနှင့် စိတ်လောမှုတို့ကို ပြသနေချေသည်။

ကျားချင်းချင်းက ရုပ်ရည်ရမှတ်၉၅မှတ်ရှိပြီး နူးညံ့သိမ်မွေ့သော ကောက်ကြောင်းမျိုးကို ပိုင်ဆိုင်ထားကာ သူ(မ)၏မျက်နှာလှလှလေးကလည်း ဖြူစင်ရိုးသားလေဟန် အငွေ့အသက်မျိုးကို ခံစားရစေသည်။

ကျားချင်းချင်းက ယဲ့ချန်းကို ကာကွယ်ပေးနေကြောင်း မြင်လိုက်ရချိန်ဝယ် ချန်းယွီ၏အမူအရာကား ပို၍ပင် သုန်မှုန်သွားလေတော့သည်။

"ယဲ့ချန်း ငါ့ကုမ္ပဏီထဲက ချက်ချင်းထွက်သွားစမ်း။ မဟုတ်လို့ကတော့ လုံခြုံရေးခေါ်လိုက်မှာ"

"ချန်းယွီ.. ဘယ်သူ့ကုမ္ပဏီပဲဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်"

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ် ထောက်ပြလိုက်သည်။

"စည်းမျဉ်း ဟုတ်လား။ ငါ မင်းကိုပြောမယ်။ ငါက ဒီကုမ္ပဏီရဲ့ ဥပဒေပဲ။ ဘယ်သူမှ ငါ့ကိုဆန့်ကျင်လို့မရဘူး။ သူဌေးကိုယ်တိုင်တောင် မရဘူး"

"ဟွားမေ့လုပ်ငန်းစုက မန်နေဂျာချန်းသာမရှိရင် ဒီနေ့ ဒီနေရာကိုရောက်နေမှာမဟုတ်ဘူး"

"အမှန်ပဲ။ သူဌေးကိုယ်တိုင်တောင် ငါတို့မန်နေဂျာချန်းရဲ့စကားကို နားထောင်ရတယ်"

ဖော်လံဖားတစ်သိုက်ကလည်း အလွန်အကျွံခယနေချေတော့သည်။

….

ထိုအချိန်မှာပင် မာထန်ထန်အမူအရာဖြင့် ထိပ်ပြောင်ယောကျ်ားကြီးတစ်ယောက် ရုံးခန်းထဲသို့ ဝင်လာလေသည်။

သေစမ်း!

ခြောက်လတိတိ ကုမ္ပဏီသို့ ရောက်မလာခဲ့သော သူဌေးက တကယ်ရောက်ချလာခဲ့သည်။

ထိုသက်လတ်ပိုင်းအရွယ် အမျိုးသား ဝင်လာသည်ကိုမြင်သော် ဖော်လံဖားတစ်သိုက်၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားကြသည်။

ဝင်လာသူကို မြင်လိုက်ရချိန်တွင် ချန်းယွီ၏အမူအရာလည်း ရုတ်ခြည်းပြောင်းလဲသွားသည်။

ချန်းမင်က ချန်းယွီကို သုန်မှုန်နေသောမျက်နှာထားဖြင့် ကြည့်လိုက်၏။

ချန်းယွီသည် တမင်ဟိတ်ဟန်ထုတ်ပြနေခြင်းသာဖြစ်ပြီး သူဌေးကိုယ်တိုင် တကယ်ရောက်ချလာလိမ့်မည်ဟုတော့ ထင်မထားချေ။

"သူဌေး..ခုနတုန်းက ကျွန်တော်က နောက်နေတာပါ"

"ချန်းယွီသည် ကိုးရိုးကားရားနိုင်သော အပြုံးတစ်ပွင့်ကို လုပ်ပြုံးလိုက်ပြီး ပြေရာပြေပြောင်း ပြောလိုက်သည်။

"ဦးလေး စိတ်မဆိုးပါနဲ့။ ကျွန်တော်က ဦးလေးစကားကို နားမထောင်စရာအကြောင်းမှမရှိတာ။ ခုနတုန်းက‌ပြောလိုက်တဲ့ ကျွန်တော့်စကားကို အတည်မယူပါနဲ့"

ချန်းယွီက သူ့တူဖြစ်နေသည့်အတွက် ချန်းမင်သည် အေးတိအေးစက်သရော်လိုက်သည်။

အစောတုန်းကပြောလိုက်သည့် စကားများက လွန်လွန်းလှသော်လည်း ကုမ္ပဏီက ချန်းယွီ၏စီမံခန့်ခွဲမှုကို မှီခိုနေရသည်မှာ အမှန်ဖြစ်သောကြောင့် သူသည် အသုံးဝင်နေဆဲပင်။

ချန်းမင်၏တုံ့ပြန်ပုံကို မြင်သောအခါ ကုမ္ပဏီထဲရှိ လူများမှာ တီးတိုးပြောကြလေတော့သည်။

မန်နေဂျာချန်းနှင့် သူဌေးက မိသားစုဝင်များဖြစ်သည်ဟူသော ကောလာဟလက တကယ်မှန်နေပေသည်။

ကျားချင်းချင်းတော့ ဒုက္ခရောက်လေပြီ။ အကယ်၍ သူဌေးက မန်နေဂျာချန်းနှင့် အမျိုးတော်နေသည်ဆိုပါလျှင် တရားမျှတမှုအတွက် သူ(မ) မည်သူ့ကို အားကိုးရတော့မည်နည်း။

••••••••••••••••••

အပိုင်း ၂၄၈ - ကျုပ်က သူဌေးပဲ

ချန်းမင်က ချန်းယွီကို စိုက်ကြည့်၍ ပြောလိုက်၏။

"ငါတို့ကုမ္ပဏီက ပိုင်ရှင်ပြောင်းသွားပြီဆိုတာကို အသိပေးဖို့ ငါ ဒီနေ့ရောက်လာတာ။ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က ရှယ်ယာ၂၈ရာခိုင်နှုန်းကို ဝယ်သွားတယ်။ ဒီတော့ သူကပဲ ရှယ်ယာအများဆုံးလူဖြစ်သွားပြီး ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သွားပြီ။ ဒီနေ့ ငါ ဒီအကြောင်းကို ကြေညာဖို့ ရောက်လာတာလ။ ဥက္ကဋ္ဌအသစ်ရဲ့ဦးဆောင်မှုအောက်မှာ ငါတို့ကုမ္ပဏီအနေနဲ့ အမြင့်ကို ဆက်တက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"

"ဘာ? ကုမ္ပဏီက ပိုင်ရှင်ပြောင်းသွားပြီလား"

လူတိုင်း၏အမူအရာမှာ ပြောင်းလဲကုန်သည်။

ဟွားမေ့လုပ်ငန်းစုတွင် အစတုန်းက ချန်းမင်က ရှယ်ယာ၂၆ရာခိုင်နှုန်းကိုင်ထားသည့်အပြင် ကုမ္ပဏီခွဲပိုင်ရှင်များ၏ လက်ထဲရှိ အခြားရှယ်ယာများကိုပါ ပေါင်းထားသဖြင့် ရှယ်ယာအများဆုံးဖြစ်ခဲ့သည်။

ထင်မှတ်မထားပါဘဲ ဟွားနိုင်ငံမှ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က ရုတ်တရက်ထွက်ပေါ်လာပြီးနောက် ရှယ်ယာ၂၈ရာခိုင်နှုန်းကို ထန်းချုပ်ကာ ရှယ်ယာအများဆုံးလူတစ်ယောက် ဖြစ်လာခဲ့သည်။

"ကဲ.. ဥက္ကဋ္ဌအသစ်ရဲ့သတင်းအချက်အလက်တွေက ဒီမှာပဲ။ ကြည့်ကြည့်လိုက်ကြ။ ဥက္ကဋ္ဌယဲ့က ဒီနေ့ ငါတို့ကုမ္ပဏီကို လာလည်လိမ့်မယ်။ ဒီတော့ အားလုံး ဂရုစိုက်ပေးကြပါ"

မကြာခင်မှာပင် အတွင်းရေးမှူးက ထိုအချက်အလက်များကို လူတိုင်းအား ဝေပေးလိုက်သည်။

ချန်းယွီက စာရွက်စာတမ်းပေါ်ရှိ နာမည်ကိုမြင်သောအခါ ချက်ချင်းဆိုသလို အမူအရာပြောင်းသွားလေတော့သည်။

ယဲ့ချန်းတဲ့လား။

သူ့မျက်လုံးများက ယဲ့ချန်းထံသို့ ရောက်သွားလေသည်။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက်လေလား။

သို့သော် နောက်ဆုံးစာမျက်နှာကိုလှန်ပြီး ဓာတ်ပုံကို မြင်လိုက်ရချိန်တွင်မူ သူ လုံးဝကြောင်အသွားသည်။

ထိုလူမှာ ယဲ့ချန်းပင်တည်း။

ချန်းယွီကား မှင်တက်သွားချေသည်။ ကျားချင်းချင်းလည်း ကြောင်အသွားသည်။

ကုမ္ပဏီဝန်ထမ်းများအားလုံးလည်း ထိတ်လန့်ကုန်ကြသည်။

ဤလူငယ်လေးက ကုမ္ပဏီ၏ ဥက္ကဋ္ဌအသစ်တဲ့လား။

အမလေး!

လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြသည်။

သူသည် အခြားလူ၏ကိစ္စများတွင် ဝင်ပါနေခြင်းမဟုတ်ပါဘဲ သူ့လုပ်ငန်းကိစ္စတွင် ဝင်ပြောနေခဲ့ခြင်းသာဖြစ်၏။

ကျားချင်းချင်းကမူ ယဲ့ချန်းအား အကြောင်သားငေးကြည့်နေမိသည်။

"ဒါဆို ရှင်က ဟွားမေ့လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌအသစ်ပေါ့"

ယဲ့ချန်းက သူ့ကိုကူညီနိုင်သည်ဟု ဘာကြောင့်ပြောခဲ့သလဲဆိုသည်ကို သူ(မ) ယခုမှသာ နားလည်တော့သည်။

သူသည် ကုမ္ပဏီဥက္ကဋ္ဌဖြစ်ပြီး ဤကုမ္ပဏီက သူ့အပိုင်ဖြစ်၏။ သို့ဖြစ်လေရာ သူ့အနေနှင့် သူ(မ)ဘက်က ရပ်တည်ပေးနိုင်သည်။

ယခုအချိန်တွင်မူ လူတိုင်းမှာ ယဲချန်းကို မတူညီသောအမူအရာများဖြင့် ကြည့်လိုက်ကြလေတော့သည်။

အစောတုန်းကမူ ယဲ့ချန်းသည် သူများကိစ္စကို ဝင်ပါနေသည့် တက္ကစီဒရိုင်ဘာသက်သက်သာ။

ယခုမူ မတူတော့ချေ။ သူသည် ကုမ္ပဏီဥက္ကဋ္ဌပင်ဖြစ်၏။

ကြောင်အနေသော ချန်းယွီကလည်း မေးလိုက်လေသည်။

"ဦးလေး.. တစ်ခုခုလွဲနေတာလား။ သူက ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌဖြစ်နိုင်မှာလဲ"

ချန်းမင်ကလည်း အေးတိအေးစက်လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဘာမှားစရာရှိလဲ။ ဒါကို ဘုတ်အဖွဲ့ရဲ့ဒါရိုက်တာတွေကိုယ်တိုင် ထုတ်ပြန်ထားတာ"

ချန်းယွီခမျာ ယုံရခက်နေဆဲပင်။ ထို့ကြောင့် ဓာတ်ပုံကို တစ်ဖန်ပြန်စစ်ဆေးလိုက်သည်။

ချန်းမင်ကမူ ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးလိုက်လေသည်။

"ခင်ဗျားက တကယ်ပဲ ဥက္ကဋ္ဌအသစ်လား"

"ခင်ဗျား ဘယ်လိုထင်လဲ"

ယဲ့ချန်းကလည်း အေးစက်စက်သာ ပြန်ဖြေလိုက်သည်။

ချန်းမင်ကမူ ယခုအထိ မယုံနိုင်သေးသဖြင့် ကုမ္ပဏီ၏ဝက်ဘ်ဆိုက်ကို ဖွင့်ကြည့်လိုက်၏။

ဟွားမေ့လုပ်ငန်းစု၏ကြေညာချက်

[ယဲ့ချန်း - ဟွားမေ့လုပ်ငန်းစု၏ဥက္ကဋ္ဌ]

...

ဤဝက်ဘ်ဆိုက်က ဟွားမေ့လုပ်ငန်းစု၏ အတွင်းရေးကွန်ယက်တစ်ခုဖြစ်ပြီး ကုမ္ပဏီ၏ ဩဇာအာဏာအရှိဆုံး ထုတ်လွှင့်ရေးပလက်ဖောင်းပင်။

ချန်းယွီလည်း ချက်ချင်းဆိုသလို ကြောင်အသွားသည်။

အမှန်ပင်တည်း။

ချန်းယွီလည်း နေရခက်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌယဲ့..တောင်းပန်ပါတယ်။ ကျွန်တော် ခင်ဗျားမှန်း မသိခဲ့လို့ပါ..."

ယဲ့ချန်းကမူ အေးတိအေးစက်သရော်လိုက်သည်။

"မသိလိုက်တာလား။ မင်းက အာဏာကိုအသုံးချပြီး ဝန်ထမ်းတွေရဲ့လစာကိုနှုတ်တယ်။ ပြီးတော့ မင်းရဲ့ချစ်သူလုပ်ပေးဖို့အတွက် သူတို့ကို ခြိမ်းခြောက်ခဲ့တယ်ဆိုတာ ငါ သိပြီးပြီ။ မင်းက ဒီကုမ္ပဏီကို မင်းရဲ့မောင်းမဆောင်များ ထင်နေတာလား"

ယဲ့ချန်း၏စကားများကို ကြားလိုက်ရချိန်ဝယ် ချန်းယွီ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားသည်။

သူသည် ဟွားမေ့လုပ်ငန်းစု၏ ဥက္ကဋ္ဌအသစ်ကို အပြစ်ပြုမိလိမ့်မည်ဟု လုံးဝထင်မထားခဲ့ဖူးပေ။ ချန်းယွီ၏အာဏာနှင့် အဆင့်အတန်းမှာ သူ့ရာထူးအပေါ် မှီခိုနေရခြင်းပင်။

သူသာ ဤအလုပ်ကို ဆုံးရှုံးလိုက်ရပါက ဇိမ်ခံကားများ၊ မိန်းမလှလေးများနှင့် အရာအားလုံးလည်း ဆုံးရှုံးရပေလိမ့်မည်။

"ဥက္ကဋ္ဌ ကျေးဇူးပြုပြီး ကျွန်တော်မှားသွားပါတယ်။ ကျွန်တော့်ကို ပြင်ဆင်ဖို့ အခွင့်အရေးတစ်ခုပေးပါ။ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး"

ချန်းယွီမှာ အလွန်နောင်တရနေလေသည်။

ယဲ့ချန်း၏သရုပ်မှန်ကိုသာ သူသိခဲ့လျှင် ကျောက်စိမ်းပြခန်းတွင် ထိုသို့မောက်မောက်မာမာ ပြုမူရဲခဲ့မည်မဟုတ်။

အစောကလို ယဲ့ချန်းရှေ့တွင် ထောင်လွှားပြရဲမည်လည်း မဟုတ်ချေ။

အစကမူ သူသည် တစ်ဖက်လူကို သူများကိစ္စဝင်ရှုပ်သော တက္ကစီဒရိုင်ဘာတစ်ယောက်ဟု ထင်ခဲ့မိသော်လည်း ယဲ့ချန်းက ဘဝအတွေ့အကြုံယူနေသော ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ဖြစ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားချေ။

ထိုအချိန်ဝယ် ဝန်ထမ်းများမှာ အရှေ့သို့ ပြေးလာကြသည်။

"မင်းရဲ့လက်ညစ်ပတ်ကြီးကို ဖယ်လိုက်စမ်း။ ဥက္ကဋ္ဌရဲ့ဘရန်းဘောင်းဘီကို မညစ်ပတ်စေနဲ့"

"မင်းနဲ့တန်တယ်။ ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ ဒီနေ့တော့ ဝဋ်ပြန်လည်ပြီမလား"

"ဥက္ကဋ္ဌ.. ကျွန်တော် တင်ပြချင်ပါတယ်။ ချန်းယွီက ကျွန်မကိုလည်း ခြိမ်းခြောက်ပြီး ဖိအားပေးခဲ့ပါသေးတယ်။ ဟို..."

တစ်ယောက်က စလိုက်သောအခါ အားလုံးပါ ဝင်ပါလာကြသည်။ မူလတုန်းက ချန်းယွီဘက်တွင် ရပ်တည်ခဲ့ကြသော လူများမှာ ယခုမူ သူ့အား ဆန့်ကျင်နေကြလေပြီ။

လူတိုင်းက ချန်းယွီ၏မကောင်းသည့်လုပ်ရပ်များကို ဖော်ထုတ်ကြလေတော့သည်။

ယခင်တုန်းက ချန်းယွီသည် ကုမ္ပဏီထဲတွင် အာဏာရှိသူတစ်ယောက်ဖြစ်သဖြင့် တော်တော်များများက ဒေါသထွက်သည့်တိုင် ဘာမှမပြောရဲပေ။

ယခုမူ ချန်းယွီသည် မစော်ကားသင့်သည့် လူတစ်ယောက်ကို စော်ကားမိသွားပြီဖြစ်လေရာ ရန်ငြိုးထားနေသူများက အနားထဲ ဆားသိပ်ကြလေတော့သည်။

ယဲ့ချန်းကမူ ဘာစကားမှမဆိုဘဲ မျက်နှာကို တည်တင်းထားသည်။ ချန်းမင်၏မျက်နှာမှာမူ မသာမယာဖြစ်နေလေပြီ။

ယခုအချိန်တွင် ယဲ့ချန်းက ကုမ္ပဏီဥက္ကဋ္ဌဖြစ်နေပြီဖြစ်ရာ သူ့အနေနှင့် ယဲ့ချန်း၏သဘောထားကို ထည့်သွင်းစဉ်းစားရန် လိုလာလေပြီ။

ယဲ့ချန်းက အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

"ကျားချင်းချင်းက မဆိုးဘူးလို့ ထင်တာပဲ။ ငယ်ရွယ်ပြီး အရည်အချင်းရှိတယ်။ အရမ်းလည်း ကြိုးစားတယ်။ ကုမ္ပဏီကို ဝင်လာပြီးကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်ခဲ့တယ်။ လက်ထောက်မန်နေဂျာဆိုတဲ့ ချန်းယွီရဲ့ရာထူးကို သူ့ကိုပေးသင့်တယ်"

သူ့ဘေးရှိ ကျားချင်းချင်းခမျာ ကြက်သေသေသွားလေသည်။

သူ(မ)မှာ အလုပ်ဖြုတ်ခံရတော့မည်ဖြစ်သော်ငြား လက်ထောက်မန်နေဂျာရာထူးကို ရုတ်တရက်ကြီး ရလိုက်လိမ့်မည်ဟု လုံးဝထင်မထားပေ။

မန်နေဂျာရာထူးကို ရလိုက်ခြင်းမှာ လစာနှစ်ဆဖြစ်သွားမည့်အပြင် ဘောနပ်စ်များလည်း ရမည်ဟု အဓိပ္ပာယ်ရသည်။ သူ(မ)၏လက်ရှိလစာက တစ်လလျှင် ငါးထောင်ကျော်ဖြစ်၏။ သို့သော် မန်နေဂျာရာထူးမှာမူ တစ်လလျှင် သောင်းဂဏန်းလောက် ရနိုင်သည်။ ဘောနပ်စ်ကလည်း တစ်နှစ်လျှင် အမြောက်အများရနိုင်သည်။

ကျားချင်းချင်းခမျာ သူ(မ)ကို ယခုလိုပြောင်းလဲမှုမျိုး ဖန်တီးပေးမည့်လူမှာ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေလိမ့်မည်ဟု ထင်မထားချေ။

ယဲ့ချန်းထံမှ စကားတစ်ခွန်းမျှဖြင့် ကျားချင်းချင်းသည် လက်ထောက်မန်နေဂျာရာထူးကို တက်လှမ်းနိုင်ခဲ့သည်။

တကယ်တမ်းတွင် ဤနှစ်ဝက်တစ်ခုလုံးတွင် ကုမ္ပဏီ၏အရေးကိစ္စများအားလုံးကို သူ(မ)တစ်ယောက်တည်းး ကိုင်တွယ်ခဲ့ရခြင်းပင်။ ထို့ကြောင့် သူ(မ)အနေနှင့် ဤရာထူးအသစ်ကို ခပ်မြန်မြန်လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်သည်။

ဝန်ထမ်းအမြောက်အများက စိတ်ထဲမှ တိတ်တိတ်လေး တောက်ခေါက်လိုက်မိကြသည်။

တော်တော်များများက ဤကုမ္ပဏီတွင် ခုနစ်နှစ်ရှစ်နှစ်လောက် အလုပ်လုပ်ခဲ့သော်ငြား အချိန်အများစုတွင် ရေသာခိုခဲ့ကြသည်။ ကျားချင်းချင်းကမူ အလုပ်ကြိုးစားနေသဖြင့် အားလုံးက သူ(မ)ကို ငတုံးဟုပင် သမုတ်ခဲ့ကြသည်။

ယခုမူ ကြိုးစားအားထုတ်မှုက အသီးအပွင့်ကို ခံစားရကြောင်း သူတို့ သဘောပေါက်လိုက်လေပြီ။

ကျားချင်းချင်းမှာ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်လေသည်။

"ယဲ့ချန်း.. ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မ ဒီည ရှင့်ကို ညစာလိုက်ကျွေးမယ်လေ"

ထိုအခိုက် ယဲ့ချန်းကိုကြည့်နေမိသည့် ကျားချင်းချင်းမှာ အတန်ငယ်ရှက်သွေးဖြာနေလေသည်။ ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံး၍ ကျားချင်းချင်း၏နှာခေါင်းလေးကို ဖွဖွဆွဲညှစ်လိုက်သည်။

"ဒီနေ့တော့မရဘူး။ ကိုယ် တခြားအလှလေးတွေနဲ့ တွေ့စရာရှိသေးတယ်။ နောက်မှ စီစဉ်ကြတာပေါ့"

နူးညံ့လှသည့် ကျားချင်းချင်း၏နှာခေါင်းလေးမှာ ပထမဆုံးအကြိမ်အဖြစ် ဆွဲညှစ်ခံလိုက်ရသဖြင့် သူ(မ)၏မျက်နှာကား ရဲခနဲဖြစ်သွားချေသည်။

သူ(မ)၏နှလုံးသားမှာ အပြင်းအထန်ခုန်လှုပ်လာသည်။ သူ(မ)အနေနှင့် ယခုလိုမျိုး တစ်ခါမှမခံစားဖူးချေ။ ဤသည်မှာ တစ်စုံတစ်ယောက်ကို ချစ်မိသွားသည့် ခံစားချက်လေလား။

အမှန်ပင်။ သူသည် ယနေ့ည အခြားအလှလေးတစ်ယောက်နှင့် ညစာစားရမည်ဟု ပြောလိုက်သည်။ ထိုအလှလေးက မည်သူများလဲ။

ထိုအချိန်တွင် ချန်းမင်က အနားသို့ ရောက်ချလာသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော် ချန်းယွီကို အလုပ်ထုတ်ပြီးပါပြီ"

ချန်းယွီက သူ့တူဖြစ်သော်လည်း အကျိုးအမြတ်နှင့်ပတ်သက်လာလျှင် ဆွေမျိုးဆိုသည်မှာ အဘယ်မှာရှိမည်နည်း။

ယခု ယဲ့ချန်းက ဥက္ကဋ္ဌဖြစ်သွားလေပြီ။ ထို့ကြောင့် သူ့အနေနှင့် ကုမ္ပဏီထဲရှိ သူ့နေရာကို မြဲမြံစေရန်အတွက် ယဲ့ချန်းကို စိတ်ကျေနပ်အောင် လုပ်ပေးရမည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ဒီလိုကိစ္စမျိုး ကုမ္ပဏီထဲမှာ ထပ်မဖြစ်စေနဲ့တော့။ မဟုတ်လို့ကတော့ ကျုပ်ကိုယ်တိုင် အသေးစိတ်စုံစမ်းမှာ"

ချန်းမင်ခမျာ ချွေးစေးများကို သုတ်လိုက်မိလေတော့သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ထိုအချိန်တွင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အထဲသို့ ဝင်လာသည်။

ဝင်လာသူကို မြင်သောအခါ ယဲ့ချန်း၏နှုတ်ခမ်းအစုံကား အနည်းငယ်ကော့ညွတ်သွားသည်။ တစ်ဖက်တွင်မူ လီရှောင်းက ယဲ့ချန်းကိုကြည့်၍ အမူအရာပျက်ယွင်းသွားသည်။

သေစမ်း။ ငါ ဒီနေ့လည်း ပြက္ခဒိန်ကြည့်မလာရဘူးလား?

ဒီလူနဲ့ပဲ ဘာလို့ ဆက်တိုက်တိုးနေရတာလဲ?

ယနေ့ လီရှောင်းခမျာ ယဲ့ချန်း၏အရှက်ခွဲခြင်းကို အကြိမ်ကြိမ်အခါခါခံခဲ့ရသည်။

လီရှောင်းကိုမြင်သောအခါ သူနှင့်ယဲ့ချန်းကြားရှိ ရန်ငြိုးရန်စကို မသိရှာသော ချန်းမင်က ပြုံးစစဖြင့် အနားသို့ ကပ်သွားလိုက်သည်။

"ဥက္ကဋ္ဌလီ.. မတွေ့ရတာကြာပြီ။ ကိစ္စရှိလို့လား"

လီရှောင်းလည်း ကိုးရိုးကားရားပြန်ဖြေလိုက်သည်။

"ကျွန်တော်က မန်နေဂျာချန်းကို လာရှာတာပါ။ ကျွန်တော်တို့ရဲ့သဘောတူစာချုပ်က သက်တမ်းပြည့်သွားပြီလေ။ အဲဒါကြောင့် သက်တမ်းတိုးမလို့။ ပဏာမအချက်အလက်တွေကိုလည်း ဆွေးနွေးထားပြီးပါပြီ။ လက်မှတ်ထိုးဖို့ပဲ ကျန်တော့တာ"

ချန်းမင်ကလည်း ခေါင်းတညိတ်ညိတ်ပင်။

"ဪ ဒီလိုလား။ ဆွေးနွေးပြီးပြီဆိုရင်လည်း လုပ်ရိုးလုပ်ထုံးအတိုင်း လုပ်လိုက်ရုံပေါ့"

သူတို့ဘေးမှ ရေခဲတမျှအေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျုပ် လက်မှတ်ထိုးမပေးနိုင်ဘူး"

••••••••••••••••

အပိုင်း ၂၄၉ - မင်းမှာ အစွမ်းအစရှိလို့လား

ယဲ့ချန်းက စာချုပ်တွင် လက်မှတ်ထိုးရန် သဘောမတူကြောင်း ကြားလိုက်ရသည့်အခါ ချန်းမင်လည်း တဒင်္ဂမျှ အံ့အားသင့်သွားသည်။

သူ့ဘေးနားရှိ လီရှောင်ကမူ ဒေါသထွက်သွားလေသည်။

ဤလူက သူ့အား တစ်နေကုန် ကန့်လန့်တိုက်နေခဲ့သည်။

မင်းမှာ ပိုက်ဆံရှိတာနဲ့ပဲ တော်လှပြီထင်နေတာလား။ နေရာတိုင်းမှာ လူတွေကို လိုက်အနိုင်ကျင့်နေတယ်ပေါ့?

"ယဲ့ချန်း.. မပြီးနိုင်သေးဘူးလား။ ငါက မင်းကိုကြောက်မယ်များ ထင်နေတာလား"

"မင်း ငါ့ကိုမကြောက်တာ အမှန်ပဲ။ ကဲ... ငါတို့ကုမ္ပဏီနှစ်ခုကြားက သဘောတူညီမှုကို ဒီနေ့ပဲ ဖျက်သိမ်းလိုက်ပြီ။ သွားပါတော့"

လီရှောင်းလည်း အေးတိအေးစက်သရော်လိုက်သည်။

"မင်းတစ်ယောက်တည်းနဲ့ ဒီလိုဆုံးဖြတ်လို့ရတယ်ပေါ့။ ငါတို့က ဟွားမေ့လုပ်ငန်းစုနဲ့ သုံးနှစ်လောက် လက်တွဲလာတာ။ သူဌေးချန်းနဲ့ ငါက မိတ်ဆွေတွေ။ မင်းစကားတစ်ခွန်းတည်းနဲ့ လုပ်လို့ရရိုးလား"

ချန်းမင်၏မျက်နှာကား အလွန်ကြည့်ရဆိုးသွားသည်။

"ဥက္ကဋ္ဌလီ.. အခု မစ္စတာယဲ့က ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သွားပြီ"

လီရှောင်း : "..."

ဘဝင်ခိုက်နေလေသော လီရှောင်းမှာ ရုတ်ခြည်းဖြူဖပ်ဖြူရော်ဖြစ်သွားလေတော့သည်။

ယနေ့ သူပြောခဲ့သည့် မောက်မောက်မာမာစကားများကို ပြန်စဉ်းစားမိသောအခါ လီရှောင်း ကိုယ့်ကိုယ်ကိုယ်ပင် ပါးဖြတ်ရိုက်ပစ်ချင်မိသည်။

လူတွေအားလုံးထဲကမှ ယဲ့ချန်းကို အပြစ်ပြုမိခဲ့လေပြီ။

ဟွားမေ့လုပ်ငန်းစုက လီရှောင်းတို့ကုမ္ပဏီ၏ အကြီးဆုံးထောက်ပံ့သူပင်။

တစ်ဖက်ကသာ သဘောတူညီမှုကို ဖျက်သိမ်းသွားပါက ပင်မအရင်းအမြစ်ကို ဆုံးရှုံးလိုက်ရပြီဟူသော အဓိပ္ပာယ်ပင်။ ဤသည်မှာ သူတို့ကုမ္ပဏီလည်း ဒေဝါလီခံရတော့မည်ဟု ဆိုလိုသည်။

သူ ယနေ့ ယဲ့ချန်းကို ဆိုးဆိုးဝါးဝါးစော်ကားမိသွားပြီဖြစ်ကြောင်း လီရှောင်း ကောင်းကောင်းသိသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ"

လီရှောင်းကမူ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲသာ။

"မင်း ဘယ်လိုထင်လဲ"

ယဲ့ချန်း၏အမူအရာကမူ မပြောင်းမလဲသာ။

လီရှောင်းလည်း စိတ်ဓာတ်ကျသွားလေသည်။

ဟွားမေ့လုပ်ငန်းစု၏ ထောက်ပံ့မှုသာမရှိလျှင် သူတို့ကုမ္ပဏီလည်း ရှေ့ဆက်ရန်ခက်ခဲပြီး လုပ်ငန်းနယ်ပယ်ပြောင်းလဲရပေလိမ့်မည်။

ကုမ္ပဏီရေးရာကိစ္စများကို ဖြေရှင်းပြီးနောက် ယဲ့ချန်းလည်း ဟွားမေ့လုပ်ငန်းစုမှ ထွက်လာခဲ့လိုက်သည်။ ထိုအချိန်တွင် သူ့ဖုန်းက ထမြည်လာသည်။ ခေါ်ဆိုသူကား ကျောက်ချောင်းအာပင်။

"ချောင်းအာ.. ဒီည ဘယ်မှာတွေ့ကြမလဲ"

"အစ်ကိုယဲ့..ကျွန်မ လာနိုင်မှာမဟုတ်တော့ဘူး။ တောင်းပန်ပါတယ်"

ယဲ့ချန်း၏အမူအရာမှာ ရုတ်ခြည်းပျက်ယွင်းသွားသည်။ သူသည် အခြားလူများဆီက ငြင်းပယ်ခံရခြင်းကို အလွန်မုန်းသည်။

ယဲ့ချန်း၏ အေးစက်စက်လေသံကို သတိထားမိသောအခါ ကျောက်ချောင်းအာလည်း ကပျာကယာရှင်းပြလိုက်သည်။

"အစ်ကိုယဲ့.. ဒီလိုပါ။ ကျွန်မအဖေ တော်တော်နေမကောင်းဖြစ်နေလို့ ကျွန်မ ရှင်နဲ့အတူ အဖော်လုပ်မပေးနိုင်တော့ဘူး။ တောင်းပန်ပါတယ်"

ကျောက်ချောင်းအာခမျာ ပြောနေရင်း ငိုချတော့မတတ်ပင်။

ကျောက်ချောင်းအာ၏ ဆို့နင့်ငိုရှိုက်သံကို ကြားသောအခါ ယဲ့ချန်း ရယ်လိုက်မိသည်။

"ငတုံးမလေး... မငိုနဲ့လေ။ သူက ဘယ်ဆေးရုံမှာလဲ။ ကိုယ် ဦးလေးဆီကို သွားလည်လိုက်မယ်"

"မိုတုဗဟိုဆေးရုံမှာ"

ကျောက်ချောင်းအာကလည်း ပြန်ဖြေလိုက်၏။

"ကောင်းပြီလေ။ ကိုယ် အခုသွားလိုက်မယ်"

ယဲ့ချန်း ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏။

မိုတုဗဟိုဆေးရုံက မိုတုမြို့ရှိ ဆေးရုံကောင်းတစ်ခုဖြစ်ပါသော်ငြား ရန်အိုက်ဆေးရုံကိုတော့ မယှဉ်နိုင်ပေ။

အဘိုးကြီး၏ အခြေအနေက ပြင်းထန်နေခဲ့ပါက ရန်အိုက်ဆေးရုံသို့ ပြောင်းရွေ့ပေးမည်ဟု ယဲ့ချန်း ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။

နာရီဝက်အကြာတွင် ယဲ့ချန်း မိုတုဗဟိုဆေးရုံသို့ ရောက်လာခဲ့သည်။ ကျောက်ချောင်းအာပြောလိုက်သည့် အခန်းနံပါတ်အတိုင်း လိုက်ရှာပြီးနောက် လူနာဆောင်သို့ ရောက်လာခဲ့ပေသည်။

လူနာဆောင်၏ အခန်းတံခါးကို ဖွင့်တော့မည့်ဆဲဆဲမှာပင် အမျိုးသားတစ်ယောက်၏အသံက အခန်းထဲမှ ပျံ့လွင့်လာသည်။

"ချောင်းအာ..တွေဝေမနေနဲ့။ ဦးလေးက အပြင်းဖျားနေတာနော်။ ကိုယ် တာဝန်ကျဆရာဝန်နဲ့ အခုပဲ စကားပြောပြီးပြီ။ သူ့ကို ရန်အိုက်ဆေးရုံကို ပြောင်းမှဖြစ်မယ်"

"ဒါပေမဲ့ ကျွန်မမှာ အဲဒီလောက်အထိ ပိုက်ဆံမရှိဘူး"

ကျောက်ချောင်းအာက မျက်နှာအပျက်ပျက်အယွင်းယွင်းဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ကိုယ်ရှိတယ်လေ။ မင်းသာ ကိုယ့်ကောင်မလေးအဖြစ် နေပေးမယ်ဆိုရင် ဦးလေးကို အကောင်းဆုံးဆေးရုံကို ချက်ချင်းပို့ပေးမယ်"

ယဲ့ချန်းလည်း ထိုလူ့ကို လှမ်းကြည့်လိုက်လေရာ ဝက်ခြံအပြည့်ဖြင့် အရပ်ခပ်ပုပု၊ ဝဖိုင့်ဖိုင့်အမျိုးသာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

မိတ်ဆွေအစစ်က ဒုက္ခရောက်နေချိန်တွင် အခွင့်အရေးမယူတတ်ပေ။ သူ(မ)အဖေ အပြင်းဖျားနေချိန်တွင် သူ(မ)ကို ချစ်သူအဖြစ် လက်ခံပေးဖို့ ခြိမ်းခြောက်နေခြင်းမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။

ကျောက်ချောင်းအာမှာမူ ဘာမှမပြောဘဲ အံတင်းတင်းကြိတ်လိုက်မိသည်။

သူ(မ)ဘေးရှိ မေမေကျောက်က ဝင်ပြောလာသည်။

"ချောင်းအာ..မြန်မြန်သဘောတူလိုက်ပါ။ အမေတို့ သမီးကို ဒီအရွယ်အထိရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တာလေ။ အခု သမီးဘက်က ပြန်ပေးဆပ်ရမဲ့အချိန်ရောက်ပြီ"

"အမေ ကျွန်မ..."

ကျောက်ချောင်းအာသည် သူ(မ)ဘေးရှိ ချန်းထောင်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။

ချန်းထောင်၏မိသားစုက ချမ်းသာပါသော်ငြား သူသည် သူဌေးလက်သစ်တစ်ယောက်ဖြစ်ပြီး အလွန်ဝဖိုင့်ကာ ဆွဲဆောင်မှုလည်း မရှိပေ။

သူ့ချစ်သူအဖြစ် နေပေးရမည့်ကိစ္စကို ကျောက်ချောင်းအာကတော့ လုံးဝသဘောတူမည်မဟုတ်။ သို့သော် ယခုအချိန်တွင် သူ(မ)အဖေ၏အသက်က သူ့လက်ထဲတွင် ရှိနေ၏။

ချန်းထောင်က ပြောလိုက်လေသည်။

"ချောင်းအာ.. တွေဝေမနေပါနဲ့။ ဦးလေးရဲ့အသက်က မင်းလက်ထဲမှာနော်။ မင်းသာ ကိုယ့်ဇနီးဖြစ်လာမယ်ဆိုရင် မင်းမိဘတွေကို မြို့ပေါ်ကိုခေါ်လာပေးပြီး မင်းရဲ့မောင်လေးကိုလည်း အကောင်းဆုံးကိုယ်ပိုင်ကျောင်းမှာ ထားပေးမယ်"

ချန်းထောင်၏စကားများကို ကြားသောအခါ မေမေကျောက်၏မျက်ဝန်းအစုံမှာ လင်းလက်သွားသည်။

"ချောင်းအာ.. ဘာတွေစောင့်နေတာလဲ။ ထောင်ထောင်က အဆင်ပြေပါတယ်။ ဒါက အမေတို့မိသားစုရဲ့ ဘဝအလှည့်အပြောင်းပဲ။ သမီးရဲ့မောင်လေး၊ အဖေနဲ့ အမေက သမိးကို အားကိုးနေရတာ။ သမီးက ကိုယ့်အဖေ ဒီနေရာမှာတင်သေသွားတာကို ထိုင်ကြည့်ပြီး သမီးမိုက်တစ်ယောက် ဖြစ်လာချင်လို့လား"

မေမေကျောက်က စကားပြောရင်း ပိုပိုပြီး ဒေါသထွက်လာသည်။

ကျောက်ချောင်းအာ၏အမူအရာကတော့ အလွန်ပျက်ယွင်းနေလေပြီ။

သူတို့၏မိသားစုက သူ(မ)အဖေ၏ ခရီးဝေးကားမောင်းသည့်လုပ်ငန်းကို မှီခိုနေရခြင်းဖြစ်၏။

သူ(မ)အဖေက သူ(မ)ကို အချစ်ဆုံးဖြစ်ပြီး တက္ကသိုလ်ကာလတစ်လျှောက်လည်း သူ(မ)ကို ထောက်ပံ့ပေးခဲ့သည်။ သို့သော် မနှစ်တုန်းက အပြင်းဖျားပြီး အိပ်ရာထဲ လဲသွားခဲ့သည်။

သူ(မ)အဖေ၏ရောဂါကို ကုသရန်အတွက် သူတို့မိသားစုလည်း စုထားသည့်ပိုက်ဆံများအားလုံးကို ထုတ်သုံးခဲ့ရသည်။

သူ(မ)ကိုယ်တိုင်လည်း တိုက်ရိုက်ထုတ်လွှင့်မှုများလုပ်ရင်း အလုပ်ကြိုးစားနေပါသော်ငြား ဤလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ချေ။

ချန်းထောင်က ကျောက်ချောင်းအာ၏ အထက်တန်းအတန်းဖော်ဖြစ်ပြီး သူ(မ)ကို လိုက်ပိုးနေသူလည်းဖြစ်၏။

သို့သော် ကျောက်ချောင်းအာကတော့ ရုပ်ရည်ကိုသာ အလေးထားသည်။ ချန်းထောင်က ရိုးသားကောင်း ရိုးသားနိုင်သော်ငြား တကယ်တမ်းတွင်မူ ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ပြီး ကျောင်းတွင် ရည်းစားအများကြီးထားကာ ရိုးသွားလျှင် စွန့်ပစ်တတ်သည်။

ယခု သူ(မ)၏အမေက သူ(မ)အား မီးတွင်းထဲသို့ တွန်းချနေလေပြီ။

သို့သော် သူ(မ)ဘက်က သဘောမတူပါက သူ(မ)၏အဖေ သေရလိမ့်မည်။ သူ(မ)အဖေက သူ(မ)ကို အချစ်ဆုံးပင်။ သို့ဖြစ်လေရာ သူ(မ)အနေနှင့် အဖေဖြစ်သူ သေသွားသည်ကို မည်သို့ထိုင်ကြည့်နေနိုင်မည်နည်း။

ကျောက်ချောင်းအာလည်း အံတင်းတင်းကြိတ်၍ သဘောတူတော့မည့်ဆဲဆဲမှာ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

"ချောင်းအာ..စိတ်မပူနဲ့။ ဦးလေးကို ဆေးရုံတင်ဖို့အတွက် ကိုယ် နည်းလမ်းရှာလိုက်မယ်"

ကျောက်ချောင်းအာဘက်က လက်ခံတော့မည်ကို ချန်းထောင် မြင်လိုက်ရသော်ငြား သူရဲကောင်းလုပ်ချင်နေသော လူတစ်ယောက် ပေါ်လာပြီး သူ့အစီအစဉ်များကို ဖျက်ဆီးလိုက်သဖြင့် မျက်နှာပျက်သွားရသည်။

"ချာတိတ်... မင်းက ဘယ်သူလဲ"

ယဲ့ချန်းလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်၏။

"ကျွန်တော်က ကျောက်ချောင်းအာရဲ့မိတ်ဆွေပါ အန်တီ...ချောင်းအာကို သူမချစ်တဲ့လူနဲ့ လက်မထပ်ခိုင်းပါနဲ့။ ကျွန်တော် သူ့ကို ကူညီပေးပါ့မယ်"

ကျောက်ချောင်းအာလည်း ယဲ့ချန်းအား ဝမ်းပန်းတသာ လှမ်းကြည့်လိုက်သည်။ ယဲ့ချန်း၏ရုပ်ရည်မှာ ချန်းထောင်နှင့်ယှဉ်လိုက်လျှင် မိုးနှင့်မြေအလား ကွာခြားပေသည်။

အရေးအကြီးဆုံးမှာ ရှင်းပြ၍မရသော အကြောင်းပြချက်တစ်ခုကြောင့် ယဲ့ချန်းနှင့်တွေ့လိုက်တိုင်း ကျောင်ချောင်းအာမှာ ရင်တလှပ်လှပ်ခုန်နေချေသည်။

ချန်းထောင်က အေးစက်စက်ဝင်ပြောလာသည်။

"ချာတိတ်... မင်းက ဘာအလုပ်လုပ်တာလဲ"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။

"ကျွန်တော်က တက္ကစီဒရိုင်ဘာပါ"

ယဲ့ချန်း၏သရုပ်မှန်ကို ကြားလိုက်ရချိန်မှာ ချန်းထောင် ရုတ်တရက်ထရယ်လေတော့သည်။

"ချာတိတ်.. မင်းလို တက္ကစီဒရိုင်ဘာကများ ဦးလေးကို ရန်အိုက်ဆေးရုံကို ပို့ပေးမယ်ပေါ့။ အဲဒီဆေးရုံက ဘယ်လောက်ပေးရလဲဆိုတာ မင်းသိလား။ မင်း ဝင်ကြေးတောင် တတ်နိုင်လို့လား"

မေမေကျောက်ကလည်း ယဲ့ချန်း၏သရုပ်မှန်ကို ကြားလိုက်ရချိန်ဝယ် မျက်မှောင်ကြုတ်လိုက်လေသည်။

"ကောင်လေး.. ငါတို့မိသားစုက အခုတောင် တော်တော်ကံဆိုးနေပါပြီ။ ပိုဆိုးအောင် မလုပ်ပါနဲ့တော့။ ငါ့သမီးက ဒီနေ့ ချန်းထောင်ကို လက်ခံရမှာပဲ"

"အမေ..."

ယဲ့ချန်းက စိတ်သဘောထားပြည့်ဝစွာဖြင့် သူ(မ)အဖေဆီကို လာလည်သည်ဖြစ်ရာ သူ(မ)အမေ၏လုပ်ရပ်က ကျောက်ချောင်းအာကို ဒေါသထွက်သွားစေသည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အန်တီ.. အန်တီက ချောင်းအာကို ပြုစုပျိုးထောင်ခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီအတွက်နဲ့ သူ့ပျော်ရွှင်မှုကိုတော့ မစတေးသင့်ဘူးလေ။ ပြီးတော့ ကျွန်တော် ဦးလေးကို အကောင်းဆုံးဆေးရုံမှာ အကောင်းဆုံးဆရာဝန်တွေနဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ ကုသပေးမှာပါ။ စိတ်ချပါ"

ယဲ့ချန်း၏စကားကိုကြားသော မေမေကျောက်လည်း နှာခေါင်းရှုံ့လိုက်လေသည်။

"မင်းပြောတော့ မင်းက တက္ကစီဒရိုင်ဘာဆို။ မင်းမှာ ဘာအစွမ်းအစရှိလို့လဲ"

ချန်းထောင်ကလည်း ဘေးနားမှ ဝင်လှောင်လာသည်။

"ချာတိတ်.. မင်းမကြွားရရင် သေသွားမှာမို့လို့လား။ ရန်အိုက်ဆေးရုံဆိုတာ ပုဂ္ဂလိကဆေးရုံနော်။ ပိုက်ဆံရှိရင်တောင် တက်လို့မရဘူး။ င့ါအဖေချန်းမင်က ဟွားမေ့လုပ်ငန်းစုရဲ့သူဌေးကွ။ သူက ရန်အိုက်ဆေးရုံရဲ့ ဒါရိုက်တာနဲ့ မိတ်ဆွေတွေ။ မင်းမှာ ဘာအဆက်အသွယ်များရှိလို့လဲ"

"မင်းက ချန်းမင်ရဲ့သားလား"

ယဲ့ချန်းသည် ချန်းထောင်အား အထူးတဆန်းအမူအရာဖြင့် ကြည့်လိုက်လေသည်။

•••••••••••••••••••

All Chapters