← Chapters

အခန်း (၂၅၀−၂၅၂)

Vol. 17 Ch. 250-252

အခန်း (၂၅၀−၂၅၂)

Vol. 17 Ch. 250-252

အပိုင်း ၂၅၀ - ရှင့်မှာ ချစ်သူရှိလား

ယဲချန်းက သူ့နောက်ခံကြောင့် အံ့အားသင့်နေသည်ဟု ထင်လိုက်သဖြင့် ချန်းထောင်က ယဲ့ချန်းကိုကြည့်လိုက်သည်။

"ချာတိတ်.. အခု ငါတို့ကြားက ကွာဟချက်ကို မင်းမြင်ပြီမလား"

ယဲ့ချန်းက အထူးတဆန်းအမူအရာဖြင့် ပြောလိုက်လေသည်။

"တကယ်တော့ ဝါအရဆိုရင် မင်းက ငါ့ကို ဦးလေးလိုတောင် ခေါ်သင့်တာ"

"ချာတိတ်.. မင်း ငါ့ကို အမြတ်ထုတ်နေတာလား"

ချန်းထောင်၏မျက်နှာကား မည်းခနဲဖြစ်သွားလေသည်။ ထိုအချိန်မှာပင် ချန်းထောင်၏ဖုန်းက ထမြည်လာသည်။

ထိုနံပါတ်ကိုမြင်သောအခါ ချန်းထောင်က ဂုဏ်မောက်လေဟန်ဖြင့် ပြောလိုက်၏။

"ရန်အိုက်ဆေးရုံက ငါ့ကို ဖုန်းဆက်နေတာ"

ချန်းထောင်က ထိုသို့ပြောပြီးနောက် ကြွားလုံးထုတ်ရန်အတွက် ဖုန်းကိုင်ပြီး စပီကာဖွင့်လိုက်သည်။

"ဒါရိုက်တာလီ.. ခင်ဗျား ကျုပ်ပြောထားတဲ့ ဆေးရုံခုတင်ကိစ္စကို စီစဉ်ပြီးပြီလား"

"တောင်းပန်ပါတယ် သခင်လေးချန်း.. ကျွန်တော်တို့ရဲ့ဆေးရုံခုတင်တွေက အခုလောလောဆယ် လူပြည့်နေပါပြီ။ တစ်ခုမှ စီစဉ်ပေးလို့မရတော့ပါဘူး။ ခင်ဗျား တခြားနည်း စဉ်းစားမှဖြစ်လိမ့်မယ်"

ချန်းထောင် : "..."

အစတုန်းကတော့ ဟိတ်ဟန်ထုတ်ပြချင်ခဲ့သော်ငြား ထင်မှတ်မထားပါဘဲ အစီအစဉ်ပျက်သွားရသည်။

လေထုကလည်း ကိုးရိုးကားရားဖြစ်သွားလေသည်။

နည်းလမ်းမရှိတော့ကြောင်း ကြားလိုက်ရသည့်အခါ ကျောက်ချောင်းအာနှင့် မေမေကျောက်တို့လည်း မျက်နှာပျက်ကုန်ကြသည်။

တကယ်တမ်းတွင် ချန်းထောင်ကသာ ကူညီပေးနိုင်မည်ဆိုပါက သူ(မ)လည်း သူ့ချစ်သူအဖြစ် လက်ခံလိုက်မည်ဟု ကျောက်ချောင်းအာ ဆုံးဖြတ်ချက်ချထားပြီးသားပင်။

သို့သော် ယခုမူ...

ထိုအချိန်တွင် ယဲ့ချန်းက အနားသို့လျှောက်သွားပြီး ချန်းထောင်ထံမှ ဖုန်းကို ဆွဲယူလိုက်၏။

"ဟေ့ကောင် မင်း ဘာလုပ်တာလဲ"

သူ့ဖုန်းကို လုသွားသဖြင့် ချန်းထောင်လည်း မှင်တက်သွားချေသည်။

ထိုအချိန်မှာပင် ယဲ့ချန်းက ဖုန်းထဲသို့ ပြောလိုက်၏။

"ခင်ဗျားက ရန်အိုက်ဆေးရုံရဲ့ ဒါရိုက်တာလီလား"

"ဘယ်သူလဲ"

မရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရချိန်တွင် လီမင်မှာ တဒင်္ဂမျှအံ့အားသင့်သွားသည်။

"ကျုပ်က ရန်အိုက်ဆေးရုံရဲ့ရှယ်ယာရှင် ယဲ့ချန်းပါ"

"ဥက္ကဋ္ဌယဲ့လား"

ထိုလူ၏အသံနေအသံထားကား အနည်းငယ်ပြောင်းလဲသွားသည်။

"ဒီလူက ကျုပ်မိတ်ဆွေရဲ့အဖေပါ။ သီးသန့်ခန်းတစ်ခန်း ချက်ချင်းစီစဉ်ပေးပါ။ သူ့ကိုကုပေးဖို့အတွက် ကျုပ် ဆေးရုံအုပ်ကို ဖုန်းဆက်လိုက်မယ်"

လီမင်က ယဲ့ချန်းကို ကောင်းကောင်းသိသည်သာ။

ရန်အိုက်ဆေးရုံ၏ ရှယ်ယာရှင်တစ်ယောက်အနေနှင့် သူ့ပါးစပ်မှ တစ်ခွန်းဟလိုက်သည်နှင့် လီမင့်ကို ချက်ချင်းကန်ထုတ်ပစ်လိုက်နိုင်သည်။

ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်နေရချိန်တွင် လီမင်အနေနှင့် မည်သို့လျစ်လျူရှုရဲမည်နည်း။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဥက္ကဋ္ဌယဲ့.. ကျွန်တော် ချက်ချင်းစီစဉ်ပေးပါ့မယ်"

လီမင်ခမျာ ကပျာကယာပြောလိုက်၏။

ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းက သူ့ဖုန်းကိုထုတ်၍ ရန်အိုက်ဆေးရုံ၏ ဆေးရုံအုပ်ကို ဖုန်းဆက်လိုက်သည်။

"ဟယ်လို ခေါင်းဆောင်ချန်းလား။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့အဖေက နာမကျန်းဖြစ်နေလို့ ဆေးရုံတက်ဖို့လိုတယ်။ ကျွန်တော် သီးသန့်ခန်းတစ်ခန်းစီစဉ်ပေးဖို့ ဒါရိုက်တာလီကိုလည်း ပြောထားပြီးပြီ။ အခက်အခဲတစ်ခုခုရှိရင် ခင်ဗျား ကြည့်ဖြေရှင်းပေးလို့ရမလား"

"မစ္စတာယဲ့ စိတ်ချပါ။ ကျွန်တော်တို့ သူ့ကိုခေါ်ဖို့အတွက် အခုချက်ချင်း လူနာတင်ကားလွှတ်လိုက်ပါ့မယ်"

ဖုန်းခေါ်ဆိုမှုပြတ်တောက်သွားချိန်တွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ချန်းထောင်ခမျာ ကြောင်အသွားလေသည်။ ကျောက်ချောင်းအာလည်း ကြက်သေသေသွားသည်။ မေမေကျောက်မှာမူ ပို၍ပင် အံ့အားသင့်သွားသည်။

ယဲ့ချန်းက အေးအေးလူလူပြောလိုက်လေသည်။

"အန်တီ.. ကျွန်တော် အခန်းပြဿနာကို ဖြေရှင်းပြီးပါပြီ။ ဆေးကုသစရိတ်ကိုလည်း လျှော့ပေးမှာပါ"

"မင်း.."

မေမေကျောက်ခမျာ အတန်ငယ်ငေးငိုင်နေချေသည်။

သူ(မ) နားမလည်နိုင်တော့ပေ။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာမဟုတ်လား။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းအစရှိနေတာလဲ။

ချန်းထောင်ခမျာ ဆွံ့အသွားချေသည်။

ဤလူက သူမဖြေရှင်းနိုင်သည့် ပြဿနာကို ဖုန်းတစ်ချက်ဆက်ရုံမျှဖြင့် ဖြေရှင်းနိုင်ခဲ့သည်။

ထိုအချိန်မှာပင် ချန်းထောင်၏ဖုန်းက မြည်လာပြန်သည်.

"ရှောင်ထောင်... ဟွားမေးလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌက မစ္စတာယဲ့ချန်းဖြစ်သွားပြီတဲ့။ သူက အရမ်းချောတဲ့လူငယ်လေး။ မင်း မစ္စတာယဲ့နဲ့ အပြင်မှာ တွေ့ဖြစ်ခဲ့တယ်ဆိုရင် တလေးတစားဆက်ဆံရမယ်နော်။ ဟုတ်ပြီလား"

ချန်းမင်သည် သူ့သားအကြောင်း ကောင်းကောင်းသိသည်။

ဤကောင်လေးက အပြင်ဘက်တွင် ပြဿနာရှာရခြင်းကို အလွန်သဘောကျသည်။

သူသာ ယဲ့ချန်းကို မသိလိုက်ဘဲ စော်ကားမိသွားလျှင် ပျက်ကိန်းဆိုက်လေပြီ။ ထို့ကြောင့် ချန်းမင်က သူ့သားကို သတိပေးရန်အတွက် ဖုန်းဆက်လိုက်ခြင်းပင်။

"ယဲ့ချန်း..မစ္စတာယဲ့..အရမ်းငယ်ပြီး ချောလည်းချောတယ်တဲ့လား"

သူက သူ့အရှေ့ရှိ ထိုလူငယ်လေးကို ကြည့်လိုက်သည်။

ဤလူကလည်း ယဲ့ချန်းပင် ဖြစ်ဟန်တူသည်။ ငယ်လည်းငယ်သလို ချောလည်းချောသည်။ အရေးအကြီးဆုံးမှာ အဆက်အသွယ်ကလည်း အလွန်ကောင်းသည်။

တိုက်ဆိုင်ခြင်းလေလား။

"ဟေ့ကောင်.. မင်း ငါပြောတာကြားလား"

ချန်းထောင်ခမျာ မျက်ရည်ဝဲမတတ်ပင်။

"အဖေ.. အဖေဖုန်းခေါ်တာ နည်းနည်းနောက်ကျသွားတယ်"

"ဘာပြောချင်တာလဲ"

ချန်းမင်လည်း ချက်ချင်း ထိတ်လန့်သွားရသည်။

"မစ္စတာယဲ့က ကျွန်တော့်ရှေ့မှာတင် ရှိနေတယ်ထင်တယ်။ ပြီးတော့ ခုနတုန်းက ကျွန်တော် သူ့ကို မလေးမစားလုပ်လိုက်မိတယ်"

"ဘာ? ကောင်စုတ်လေး။ မင်း သေချင်နေပြီလား"

ချန်းမင်၏ဟိန်းဟောက်သံက ဖုန်းတစ်ဖက်မှ ချက်ချင်းထွက်လာသည်။

"မင်းဦးလေးယဲ့ကို မြန်မြန်ဖုန်းပေးလိုက်စမ်း"

ချန်းထောင်ခမျာ အတုန်တုန်အယင်ယင်ဖြင့် ယဲ့ချန်းကို ဖုန်းပေးလိုက်သည်။

"ဦးလေးယဲ့.. ကျွန်တော့်အဖေက ဖုန်းပြောချင်လို့တဲ့"

"ဦးလေးယဲ့ ဟုတ်လား"

ချန်းထောင်က ယဲ့ချန်းကို ထိုသို့ခေါ်လိုက်သဖြင့် ကျောက်ချောင်းအာနှင့် မေမေကျောက်တို့မှာ အံ့ဩမှင်တက်သွားလေသည်။

ယဲ့ချန်းလည်း ဖုန်းကိုလှမ်းယူလိုက်၏။ ဖုန်းတစ်ဖက်မှ ချန်းမင်၏ တောင်းပန်တိုးလျှိုးသံတစ်သံ ထွက်ပေါ်လာသည်။

"ဥက္ကဋ္ဌယဲ့.. သူ့ကို သေချာမဆုံးမထားမိတာ ကျွန်တော့်အပြစ်ပါ။ ကျွန်တော့်သားက အလိုလိုက်ခံထားရလို့ ဆိုးနေတာ။ ခင်ဗျား သူ့ကို ကြိုက်သလို အပြစ်ပေးလို့ရပါတယ်။ သူ့အသက်ကိုသာ ချမ်းသာပေးပါ"

ချန်းမင်က ထိုသို့ပြောလာသည်ဖြစ်ရာ ယဲ့ချန်းဘက်ကလည်း ဤကိစ္စကို အမှုပိုကြီးအောင် ဆက်လုပ်မည်မဟုတ်။

"ဥက္ကဋ္ဌချန်း... စိတ်ချပါ။ ကျုပ်တို့ကြားမှာ ဘာရန်ငြိုးမှမရှိပါဘူး။ ရှောင်ထောင်က ကျွန်တော်မကြိုက်တဲ့ကိစ္စတစ်ခုကို လုပ်ခဲ့ပေမဲ့ သူသာ အမှားကိုပြန်ပြင်မယ်ဆိုရင် အဆင်ပြေပါတယ်"

"ကောင်းပါတယ်။ ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ် မစ္စတာယဲ့.. ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ အဲဒီကလေးကို ဆုံးမလိုက်ပါ့မယ်"

ယဲ့ချန်းက ချန်းထောင်အား ဖုန်းကမ်းပေးလိုက်သည်။

ချန်းမင်က ဖုန်းတစ်ဖက်မှ အော်ဆူလေတော့သည်။

"မင်းဦးလေးယဲ့ကို ချက်ချင်းတောင်းပန်လိုက်။ ဦးလေးယဲ့က မင်းကို ခွင့်မလွှတ်ဘူးဆိုရင် အိမ်ပြန်လာစရာမလိုတော့ဘူး"

ချန်းထောင်ခမျာ ဖုန်းချလိုက်ပြီးနောက် အလွန်နေရခက်နေလေတော့သည်။

"ဦးလေးယဲ့ တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် ချောင်းအာကို မတပ်မက်ရဲတော့ပါဘူး"

ယဲ့ချန်းကား ခေါင်းတညိတ်ညိတ်ပင်။

"ကောင်းပြီလေ။ ရပါတယ်။ မင်း အခုသွားလို့ရပြီ"

ချန်းထောင်ကလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြ၍ အလောတကြီးထွက်သွားလေတော့သည်။

မေမေကျောက်ခမျာ ဆွံ့အသွားရလေသည်။

ယဲ့ချန်းက ချန်းထောင်ထက် ပိုအာဏာရှိကြောင်း ယခုတော့ သူ(မ) သဘောပေါက်လိုက်လေပြီ။

"မစ္စတာယဲ့.. မင်းက ဒီလောက်အထိတော်လိမ့်မယ်လို့ ထင်မထားဘူး။ ငါတို့ကလေးရဲ့အဖေကို မင်းလက်ထဲ အပ်ပါတယ်"

ယဲ့ချန်းကမူ လက်ခါပြလိုက်သည်။

"ချောင်းအာနဲ့ ကျွန်တော်က မိတ်ဆွေတွေပါ။ ချောင်းအာရဲ့ပြဿနာက ကျွန်တော့်ပြဿနာပါပဲ။ မပူပါနဲ့"

မကြာခင်မှာပင် ရန်အိုက်ဆေးရုံ၏ လူနာတင်ကား ရောက်ချလာသည်။

ဆေးရုံတင်မည့် လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်ပြီးနောက် ယဲ့ချန်းနှင့် ကျောက်ချောင်းအာတို့လည်း ဆေးရုံထဲမှ ထွက်လာခဲ့လိုက်သည်။

ထိုအချိန်မှသာ ကျောက်ချောင်းအာကို ယဲ့ချန်း သေချာကြည့်လိုက်မိသည်။ ကျောက်ချောင်းအာ၏အရပ်အမောင်းက ၁.၇မီတာခန့်ရှိ၏။

ခရစ္စတယ်ကြိုးသိုင်းဖိနပ်ကို စီးထားပြီး ဖြူဖွေးလှသော သူ(မ)၏ခြေထောက်များကိုလည်း ခြေသည်းအနီရောင်ဖြင့် အလှဆင်ထားလေရာ အလွန်ဆွဲဆောင်မှုရှိလှ၏။

အပေါ်တွင်မူ အဖြူရောင်တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားပြီး အောက်တွင်မူ အပြာရောင်ချည်ကြမ်းထည်စကတ်တစ်ထည်ကို ဝတ်ဆင်ထား၏။

ရှည်သွယ်သွယ်ခြေထောက်တစ်စုံကို ဆန့်ထုတ်လိုက်ချိန်တွင် သူ(မ)၏ကောက်ကြောင်းက ပေါ်လွင်သွားသည်။

ကျောက်ချောင်းအာက ယဲ့ချန်းကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်၏။

"အစ်ကိုယဲ့.. ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မအဖေ..."

"ကိုယ့်ကို ယဉ်ကျေးနေစရာမလိုပါဘူး။ ကိုယ်တို့က မိတ်ဆွေတွေပဲလေ ဟုတ်တယ်မလား"

ကျောက်ချောင်းအာက ပြန်ပြောလိုက်သည်။

"ရှင် ကျွန်မကို အများကြီးကူညီပေးခဲ့တယ်နော်။ ကျွန်မ ရှင့်ကို ညစာဝယ်ကျွေးပါရစေ"

"ရတယ်လေ။ အလှလေးတစ်ယောက်ဆီက ညစာစားဖို့ အဖိတ်ခံရတာဆိုတော့ သေချာပေါက်သွားရမှာပေါ့"

"ကျွန်မ နေရာကောင်းတစ်ခုကိုသိတယ်။ အကြီးကြီးတော့မဟုတ်ပေမဲ့ အစားအသောက်တွေက အရသာရှိတယ်"

"ရတယ်လေ။ ကိုယ်လည်း ဗိုက်ဆာနေပြီ"

ယဲ့ချန်းက ကားတံခါးကိုဖွင့်ပေးလိုက်လေရာ ကျောက်ချောင်းအာလည်း ကားပေါ်သို့ တက်သွားလေသည်။

"ရှင့်ကားက အရမ်းမိုက်တာပဲ။ စကားမစပ် ရှင့်စူပါကားကို ဘာလို့ယူမလာတာလဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံး၏။

"ဒီကားက နေရာပိုကျယ်ပြီး ထိုင်ရတာ ပိုအဆင်ပြေတယ်လေ"

"ဒီကားက သန်းဂဏန်းလောက်တော့ပေးရမှာပဲနော်"

ယဲ့ချန်း အော်ရယ်လိုက်မိသည်။

"နည်းနည်းလောက်နဲ့ ရမှာမဟုတ်ဘူး။ ဒါက ဆယ်သန်းကျော်တယ်"

"အား"

ကျောက်ချောင်းအာ အံ့ဩမှင်တက်သွားချေသည်။ ထို့နောက် ချက်ချင်းမေးကြည့်လိုက်သည်။

"ယဲ့ချန်း.. ရှင့်မှာ ချစ်သူရှိလား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ရှိတယ်"

ယဲ့ချန်း၏အဖြေကိုကြားသော် ကျောက်ချောင်းအာလည်း အနည်းငယ်စိတ်ပျက်သွားရသည်။ သို့သော် သူ(မ) ဤအဖြေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုပြင်ဆင်ထားသည်။

ယဲ့ချန်းကဲ့သို့ ရုပ်ရည်ချောမောပြီး ချမ်းသာသော လူတစ်ယောက်အနေနှင့် ချစ်သူမရှိဘူးဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။

ကျောက်ချောင်းအာလည်း ယဲ့ချန်းကို ခပ်စူးစူးစိုက်ကြည့်လိုက်တော့သည်။

"ဒါဆို ကျွန်မ ရှင့်ရဲ့အငယ်အနှောင်းအဖြစ် နေလို့ရမလား"

•••••••••••••••••

အပိုင်း ၂၅၁ - ကျွန်မယောက်ျားရဲ့ကား

ယဲ့ချန်းလည်း ရှိုးတိုးရှန့်တန့်ရယ်လိုက်သည်။

"ကိုယ် ထိုင်ခုံခုနစ်လုံးပါတဲ့ကားကို ဘာလို့ရွေးထားလဲဆိုတာ မင်းသိလား"

"ဘာလို့လဲ"

ကျောက်ချောင်းအာကလည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ထိုင်ခုံခုနစ်ခုံပါရင် လူတွေအများကြီး ထိုင်လို့ရတာပေါ့"

ယဲ့ချန်း ရယ်လိုက်လေသည်။

"အာ... ရှင့်မှာ ချစ်သူခုနစ်ယောက်ရှိတယ်လို့တော့ မပြောနဲ့နော်"

ကျောက်ချောင်းအာ တုံ့ခနဲဖြစ်သွားသည်။

"မကြာခင် ပြည့်တော့မှာပါ"

ယဲ့ချန်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်၏။

"ရှင်က အမှန်အတိုင်းပြောသားပဲ"

ကျောက်ချောင်းအာ ပြုံးလိုက်လေသည်။

ယဲ့ချန်းက ထိုသို့ပြောလိုက်သော်ငြား သူ(မ)ကတော့ စိတ်ထဲမှ ကျိတ်ပျော်နေမိသည်။

တချို့ယောက်ျားများက ကွယ်ရာတွင် မိန်းမအများကြီးရှိပါသည့်တိုင် သူတို့ချစ်သူများရှေ့တွင်မူ အပြစ်ကင်းစင်ချင်ယောင် ဆောင်တတ်ကြသည်။

"ကိုယ် မင်းတစ်ယောက်တည်းကိုပဲချစ်တာ"နှင့် "ကိုယ် မင်းတစ်ယောက်တည်းကိုပဲ မြတ်နိုးတာ"ဟူသော စကားများကိုသာ ပြောတတ်ကြသည်။

"မင်း ဂရုမစိုက်ဘူးလား"

ယဲ့ချန်း မေးကြည့်လိုက်သည်။

ကျောက်ချောင်းအာကလည်း ခေါင်းခါပြသည်။

"အခုခေတ် လူမှုအသိုင်းအဝိုင်းကြီးက အရမ်းဟန်များတယ်။ အချစ်ဆိုတာက စိတ်ချရလို့လား။ အထူးသဖြင့် ကျွန်မတို့မိသားစုက အဲဒီလိုကိစ္စမျိုးကို ကြုံဖူးတဲ့အတွက် ဘဝဆိုတာ ကြိုးစားအားထုတ်မှုအပေါ် မှီခိုနေတယ်ဆိုတာ ကျွန်မက ပိုသိတာပေါ့"

"မင်းက ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေနဲ့ ဆုံနိုင်ဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်သူ လုပ်ခဲ့တာလား"

"အင်း...တကယ်တော့ တစ်ခါတုန်းက လူတစ်ယောက်က ကျွန်မကို အငယ်အနှောင်းလုပ်စေချင်ခဲ့တယ်။ လူတစ်ယောက်ဆိုရင် ကျွန်မကို ဘီအမ်ဒဗလျူကားတစ်စီးတောင် ပေးခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်မနှလုံးသားက မယိမ်းယိုင်သွားလို့ လက်မခံခဲ့ဘူး"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ ကျွန်မစောင့်ဆိုင်းနေတဲ့လူက အခုအထိရောက်မလာသေးဘူးလို့ အမြဲခံစားမိတယ်"

ဤစကားကိုကြားသော် ယဲ့ချန်း ရယ်လိုက်လေသည်။

"ဒါဆို ကြည့်ရတာတော့ ကိုယ်က မင်းရဲ့ဖူးစာဖက်ဖြစ်မယ်ထင်တယ်"

ကျောက်ချောင်းအာမှာ ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြလိုက်သည်။

"ရှင်က ကျွန်မအဖေကို ကယ်ပေးခဲ့တာဆိုတော့ ကျွန်မတို့မိသားစုရဲ့ ကယ်တင်ရှင်ပါပဲ။ ရှင်သာ ဆန္ဒရှိနေသရွေ့ ကျွန်မက ရှင့်အပိုင်ပါပဲ"

ကျောက်ချောင်းအာသည် ထိုသို့ပြောပြီးနောက် ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်လိုက်မိသည်။

"ကျွန်မက ဟန်ဆောင်ပန်ဆောင်လုပ်လွန်းအားကြီးတယ်လို့ ရှင်ထင်လား"

"မဟုတ်ပါဘူး"

ယဲ့ချန်းကား ခေါင်းခါယမ်းလိုက်လေသည်။

ယခုလေးတင် ယဲ့ချန်းသည် ကျောက်ချောင်းအာကို ဟန်ဆောင်မှုစစ်ဆေးရေးစနစ်ဖြင့် စစ်ဆေးကြည့်ထားသည်။ သူ(မ)၏ ဟန်ဆောင်မှုတန်ဖိုးက တစ်ဆယ်ပင် မပြည့်ချေ။ ထို့ကြောင့် သူ(မ)သည် ရိုးသားဖြူစင်သူပင်။

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောက်ချောင်းအာလည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။

အစောတုန်းက ကျောက်ချောင်းအာတစ်ယောက် မည်မျှစိတ်လှုပ်ရှားနေမလဲဆိုသည်ကို သူ တွေးကြည့်နိုင်သည်။

သူတို့နှစ်ယောက်သားလည်း လမ်းဘေးဆိုင်တစ်ဆိုင်သို့ ကားဖြင့် ရောက်လာခဲ့သည်။ ယဲ့ချန်းက ကျောက်ချောင်းအာကိုခေါ်၍ စားပွဲအလွတ်တစ်လုံးဆီကို သွားလိုက်၏။

"ဟေး.. ချောင်းအာရောက်လာတယ်ဟေ့။ ဒီနေ့ သူ့ရည်းစားကိုပါ ခေါ်လာတယ်ဟ"

ဆိုင်ရှင်က ပြုံးလိုက်လေသည်။

ကျောက်ချောင်းအာ၏မျက်နှာမှာ ရှက်သွေးဖြန်းသွားပြီး ပြောလိုက်၏။

"ယဲ့ချန်း ဒီနေ့ ကျွန်မကျွေးမယ်နော်။ ရှင်ကြိုက်တာမှာလိုက်"

ယဲ့ချန်းလည်း အကင်ချောင်းတချို့နှင့် ဘီယာနှစ်ပုလင်းကို မှာလိုက်သည်။

ထိုအချိန်တွင် ကူလီနန်ကားဖြင့် ရောက်လာသော လူနှစ်ယောက်က အကင်ဆိုင်တွင် အကင်စားနေကြသည်ကို မြင်သောအခါ ဘေးနားရှိ လူများမှာ ကြက်သေသေကုန်ကြသည်။

"ဝိုး..အဲဒီကားက ဘာကားလဲ"

"ကူလီနန်လေ။ ကြည့်ရတာတော့ ဆယ်သန်းလောက်ပေးရတယ်ထင်တယ်"

"ဝိုး.. သူဌေးကြီးတစ်ယောက်က လမ်းဘေးအကင်ဆိုင်မှာ အကင်စားနေတာလား"

"ဒီသူဌေးကြီးက အလှလေးကို ဘဝအတွေ့အကြုံယူရအောင် ခေါ်လာတာများလား"

"အခုခေတ်မှာ သူဌေးတွေက ခပ်လျှိုလျှိုနေနေတာက ခေတ်စားနေတာ။ တလောတုန်းက ခုန်းခုန်းက အလှလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့တင်ခေါ်သွားတာကို လူတစ်ယောက်က မြင်လိုက်တယ်တဲ့"

"အင်း.. ခပ်လျှိုလျှိုနေတာက ကောင်းပါတယ်။ အလှလေးတွေဆိုတာ မရှားပါဘူး"

မကြာခင်မှာပင် မှာထားသောအကင်များ ရောက်လာသည်။

ယခင်ကလည်း ယဲ့ချန်းသည် လမ်းဘေးအကင်ဆိုင်မှ အကင်များကို မကြာခဏစားဖူးသည်။ ကျောက်ကပ်ကင်နှင့် သိုးသားကင်တို့မှာ အလွန်အရသာရှိသည်။

စားသောက်ပြီးနောက် ငွေရှင်းတော့မည့်အချိန်မှာပင် အနောက်မှ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

"ယဲ့ချန်း ရှင်လား"

ယဲ့ချန်းလည်း ထိုလူကို မှတ်မိသည်။

ယခင်က ယဲ့ချန်း တက္ကစီမောင်းသည့်အချိန်က ဤလူနှင့် တွေ့ခဲ့ခြင်းပင်။ ရုပ်ရည်ရမှတ်က ခြောက်ဆယ်မျှသာရှိသော်ငြား လူကုံထံမိသားစုတစ်ခုကို လက်ထပ်ပြီးဝင်ရောက်ရန် အိပ်မက်မက်နေသူပင်။

ယဲ့ချန်းက တက္ကစီမောင်းကြောင်း သိလိုက်ရချိန်တွင် သူ(မ)က ချက်ချင်းပြောလာသည်။

"တက္ကစီထဲမှာ ရယ်နေရမဲ့အစား ဘီအမ်ဒဗလျူထဲမှာပဲ ငိုနေလိုက်တော့မယ်"

ထို့နောက် လှောင်ပြောင်ထေ့ငေါ့မှုများက အတန်းလိုက်ပေါ်ပေါက်လာသည်။

"တင်တောင်းကြေးက ၁၈၈၈၈၈၈ဖြစ်ရမယ်။ ပြီးတော့ ဗီလာတစ်လုံးနဲ့ ဘီအမ်ဒဗလျူကားတစ်စီးရောပဲ"

ဤကဲ့သို့သော တင်တောင်းကြေးမျိုးကို တောင်းဆိုရဲလောက်အောင်အထိ ဘယ်ကများ ယုံကြည်မှုရနေသလဲဆိုသည်ကို ယဲ့ချန်း သိချင်မိသည်။

ထင်မှတ်မထားပါဘဲ နှစ်ဝက်အကြာတွင် သူ(မ)နှင့် ဤနေရာ၌ ဆုံရပြန်သည်။

ဤလမ်းလေးဆိုင်က ညစ်ပတ်ပြီး ကျန်းမာရေးနှင့်မညီညွတ်ချေ။ ကျူးယင်သည် ဤနေရာမျိုးတွင် လုံးဝစားသောက်မည်မဟုတ်။

ကျူးယင်၏မျက်လုံးထဲတွင် ဆင်းရဲသားများကသာ ဤကဲ့သို့သောနေရာမျိုးတွင် စားသောက်ကြသည်။

"ယဲ့ချန်း.. ဒီလောက်ကြာသွားတာတောင် ရှင် ဆင်းရဲနေလိမ့်ဦးမယ်လို့ ထင်မထားဘူး"

ကျူးယင်က သူ့ကို အထင်သေးစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်လေသည်။

"အရင်တုန်းက ယဲ့ချန်းနဲ့မတွဲခဲ့မိတာ မှန်သွားတယ်။ ရုပ်ချောတော့ရော ဘာလုပ်ရမှာလဲ။ ဆင်းရဲသားက ဆင်းရဲသားပါပဲ"

ကျူးယင်၏လှောင်ပြောင်စကားကို ကြားသောအခါ ယဲ့ချန်းလည်း ပြန်ပြောချင်စိတ်ပင် မရှိချေ။

ဤအမျိုးသမီးကို ဟန်ဆာင်မှုစစ်ဆေးရေးစနစ်ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ၉၇မှတ်ရှိကြောင်း တွေ့လိုက်ရ၏။ သူ(မ) ယောကျ်ားဘယ်နှယောက်လောက်ကို ထိန်းချုပ်ခဲ့သလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ သူသည် ဤကဲ့သို့ မူယာမာယာများသူတစ်ယောက်အတွက်နှင့် အချိန်ကုန်ခံမည်မဟုတ်ပေ။

ယဲ့ချန်းက သူ(မ)ကို လျစ်လျူရှုထားသည်ကိုမြင်သော် ကျူးယင်မှာ နှာခေါင်းရှုံ့လိုက်လေသည်။

"တွေ့လား။ ဟိုနားမှာရှိတဲ့ကားက ကျွန်မယောက်ျားရဲ့ကားလေ"

ကျူးယင်က အနီးအနားရှိ ကူလီနန်ကားကို လက်ညှိုးထိုးပြလိုက်သည်။

ကျူးယင်တစ်ယောက် ကြွားလုံးထုတ်နေသည်ကို ကြားသောအခါ လူတိုင်း ဆွံ့အကုန်ကြသည်။ အကြောင်းမှာ ယဲ့ချန်းနှင့် ကျောက်ချောင်းအာတို့က ထိုကားပေါ်က ဆင်းလာကြောင်း သူတို့အားလုံး မြင်ထားသောကြောင့်ပင်။ ယခုမူ သူ(မ)က သူ(မ)ယောက်ျား၏ကားဟု ဆိုနေလေသည်။

အရှက်ကွဲလိုက်မည့်ဖြစ်ခြင်း...

ယဲ့ချန်းက ရွှတ်နောက်နောက်ဖြင့် ပြောလိုက်သည်။

"ဒီကားက ဘယ်လောက်ပေးရတာလဲ"

ကျူးယင်မှာ ခဏမျှစဉ်းစားပြီး ပြောလိုက်၏။

"ဟမ့်.. မသိဘူးမလား။ ကျွန်မယောက်ျားရဲ့ကားက တစ်သန်းကျော်ပေးရတယ်"

ကျူးယင်၏မျက်လုံးထဲတွင် တစ်သန်းကျော်ပေးရသော ကားတစ်စီးက အလွန်အထင်ကြီးဖို့ကောင်းနေပြီဖြစ်၏။

"ဒီကားက တစ်သန်းထက်ပိုတယ်ထင်တာပဲ"

ယဲ့ချန်း ပြုံးလိုက်လေသည်။

"ဟမ့်.. ရှင့်လို အရှုံးသမားတစ်ယောက်က ဒီကားအကြောင်း သိမှာတဲ့လား။ ဒီကားက နှစ်သန်းကျော်ပေးရတယ်"

"အစ်ကိုယဲ့.. ဒီမိန်းမက ဘယ်သူလဲ။ အံ့ချက်"

ယခုလေးတင် ငွေရှင်းလာသော ကျောက်ချောင်းအာမှာ မညည်းညူဘဲ မနေနိုင်ပေ။

ဤအမျိုးသမီး၏ ကြွားလုံးထုတ်နိုင်စွမ်းမှာ သူ(မ)ကိုပင် ဆွံ့အသွားစေသည်။

ကျောက်ချောင်းအာက ငွေရှင်းရကြောင်း မြင်လိုက်ရသည့်အခါ ကျူးယင်သည် ယဲ့ချန်းကို ဝေဖန်ဖို့ အကြောင်းပြချက်တစ်ခု ထပ်ရသွားပြန်သည်။

"ကြည့်စမ်းပါဦး။ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်က ရည်းစားနဲ့ အပြင်ထွက်စားတာကို ကိုယ့်ရည်းစားကို ပိုက်ဆံရှင်းခိုင်းတယ်တဲ့။ ယဲ့ချန်း.. ရှင့်ဘဝက တော်တော်အဖြစ်ဆိုးနေတာပဲ"

ယဲ့ချန်းဘေးရှိ အလှပဂေးလေးကို မြင်သောအခါ ကျူးယင်၏စိတ်ထဲ မနာလိုဖြစ်သွားလေသည်။

"ကောင်မလေး.. ကြည့်စမ်း... နင့်ရုပ်ရည်နင့်ပုံစံနဲ့ ယဲ့ချန်းကို ဘာလို့ရွေးလိုက်တာလဲ။ ဒီအစ်မက နင့်ကို အကြံပေးမယ်နော်။ ချစ်သူတစ်ယောက် ရွေးတော့မယ်ဆိုရင် ရုပ်ရည်ကိုကြည့်ပြီး မရွေးရဘူး။ ယောက်ျားဆိုတာ အစွမ်းအစလည်းရှိရမယ်။ ယဲ့ချန်းလို ယောက်ျားမျိုးက မိန်းမတွေဆီက ကပ်စားနေတာ။ သူနဲ့ဆက်တွဲနေရင် လမ်းဘေးဆိုင်မှာပဲစားပြီး ဈေးပေါတဲ့ကားပဲ စီးရမှာ။ နင့်ငယ်ရွယ်မှုကို အဲဒီလိုယောက်ျားမျိုးဆီမှာ အကုန်မခံစမ်းပါနဲ့"

ကျူးယင်၏မျက်လုံးထဲတွင် ကျောက်ချောင်းအာက အလွန်လှပသည်ဖြစ်ရာ ယဲ့ချန်းနှင့် မထိုက်တန်ပေ။

ယဲ့ချန်းနှင့် ကျောက်ချောင်းအာက ကျူးယင်၏လုပ်ရပ်ကို မျောက်ပွဲကြည့်နေသည့်အလား ကြည့်နေချေသည်။

ယဲ့ချန်းကမူ ခေါင်းတခါခါဖြင့် ပြောလိုက်၏။

"ချောင်းအာ.. သွားကြစို့။ ဒီအရူးမကို အရေးလုပ်မနေနဲ့"

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်သားလည်း ကူလီနန်ကားဆီသို့ လျှောက်သွားလိုက်သည်။

ကျူးယင်မှာ ခဏမျှတုံ့ခနဲဖြစ်သွားပြီး တမင်ပြောလိုက်သည်။

"နင်တို့ ဘာလုပ်နေတာလဲ။ ငါ့ယောက်ျားရဲ့ကားက နှစ်သန်းကျော်တောင်ပေးရတယ်။ နင်တို့ အနားကပ်သွားလို့ ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ"

ယဲ့ချန်းလည်း လှောင်ပြုံးပြုံးလိုက်လေသည်။

"မိန်းကလေး.. ကျွန်တော် ခင်ဗျားကို နည်းနည်းလောက် ပညာပေးရဦးမယ်။ ဒီကားက ကူလီနန်လို့ခေါ်တယ်။ တန်ဖိုးကလည်း ၁၈သန်းပေးရတာ"

ယဲ့ချန်းက ထိုသို့ပြောရင်း ကားသော့ကို ထုတ်လိုက်လေရာ ကားတံခါးများလည်း ပွင့်လာလေတော့သည်။

ကျူးယင်ခမျာ ယဲ့ချန်းနှင့် ကျောက်ချောင်းအာတို့ ကားထဲသို့ ဝင်သွားသည့်မြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ငေးကြည့်ရင်း ကြောင်အနေချေသည်။

ဝူး!

ကားအင်ဂျင်သံ ထွက်လာသောအခါ ကျူးယင်မှာ လုံးဝမှင်တက်သွားရသည်။

အနားရှိ လူများမှာ အော်ရယ်ကြလေတော့သည်။

"အရမ်းရယ်ချင်စရာကောင်းတာပဲ နင့်ကောင်လေးရဲ့ကားတဲ့လား"

အရှက်ဗြန်းဗြန်းကွဲရလေပြီ။

ကူလီနန်ကား၏ ကားနောက်မီးကိုကြည့်ရင်း ကျူးယင်ခမျာ လုံးဝထိတ်လန့်သွားချေသည်။ သန်းပေါင်းများစွာ တန်ကြေးရှိသော ဤကားက ယဲ့ချန်းအပိုင် ဖြစ်နေလေသည်။

မည်သို့ဖြစ်နိုင်မည်နည်း။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်မဟုတ်ဘူးလား။

ယခုမှ ချမ်းသာသွားခြင်းလေလား။

ကျူးယင်မှာ အကြီးအကျယ်နောင်တရနေမိတော့သည်။ ယခင်က သူ(မ)သာ ငွေမမက်ခဲ့လျှင် ယဲ့ချန်းနှင့် ဆက်တွဲခဲ့မည်ဆိုလျှင် ထိုကားထဲတွင် ထိုင်နေသူမှာ သူ(မ) ဖြစ်နေလိမ့်မည်မဟုတ်လော။

လူကုံထံမိသားစုထဲသို့ လက်ထပ်ပြီးဝင်နိုင်မည့် အခွင့်အရေးကို သူ(မ)ကိုယ်တိုင် ဖျက်ဆီးခဲ့မိခြင်းပင်။

•••••••••••••••••

အပိုင်း ၂၅၂ - မော်တော်ဆိုင်ကယ်စီးတဲ့မိန်းကလေး

ယဲ့ချန်းက ကားမောင်းနေစဉ်တွင် ကျောက်ချောင်းအာက ရယ်ကာမောကာဖြင့် မေးလိုက်၏။

"ရှင့်မှာ အရင်တုန်းက ဒီလိုရယ်ချင်စရာကောင်းတဲ့ ကြင်ဖက်တွေ့ဆုံမှုမျိုးရှိခဲ့မယ်လို့ ထင်မထားဘူး"

"ဟုတ်တယ်။ အရင်တုန်းက ကိုယ့်အခြေအနေက သိပ်အဆင်မပြေဘူးလေ။ သူနဲ့ပထမဆုံးအကြိမ်တွေ့တုန်းက အခုထက်တောင် ပိုမောက်မာသေးတယ်"

ယဲ့ချန်း ရယ်လိုက်မိသည်။

"အခု သူ အကြီးအကျယ်နောင်တရနေလောက်ပြီ"

"အစ်ကိုယဲ့.. ဒါက ကျွန်မတို့အိမ်ပြန်လမ်းမဟုတ်ဘူးလေ"

"ဟုတ်တယ်လေ။ ဒါက အိမ်ပြန်လမ်းမဟုတ်ဘူး"

"ဟမ့်.. ရှင် ကျွန်မကို ဟိုတယ်ခေါ်သွားဖို့ကြံနေတာလား"

"ဘယ်ဟုတ်ပါ့မလဲ။ ဧည့်ခန်းပါတဲ့ ကိုယ်တို့ရဲ့ဇိမ်ခံတိုက်ခန်းကြီးက ဆွဲဆောင်မှုမရှိလို့လား။ ဟိုတယ်ကို ဘာလို့သွားရမှာလဲ"

ကျောက်ချောင်းအာ : "မကောင်းတဲ့လူ.. ရှင် မိန်းမဘယ်နှယောက်နဲ့ အိပ်ပြီးပြီလဲ"

ယဲ့ချန်းလည်း ရုတ်တရက်တွေးလိုက်မိသည်။ အကယ်၍ မိန်းမပွေရှုပ်မှုစစ်ဆေးရေးစနစ်တစ်ခု ရှိပါက သူ့ရမှတ်က အလွန်အံ့ဖွယ်ကောင်းနေပေလိမ့်မည်။

ကျောက်ချောင်းအာက မေးလိုက်၏။

"တစ်ယောက်လား"

ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။

"ပိုများတယ်"

"နှစ်ယောက်လား"

ယဲ့ချန်းက ခေါင်းခါပြနေဆဲသာ။

"မဖြစ်နိုင်တာ သုံးယောက်လား"

ယဲ့ချန်း ရယ်လိုက်လေသည်။

"သုံးယောက်ထက်ပိုတယ်။ ကိုယ်က အမြဲပျော်ပါးနေတာ။ ဘယ်နှယောက်လဲဆိုတာ မှန်းကြည့်လေ"

ကျောက်ချောင်းအာ : "..."

ထိုအချိန်မှာပင် ကားက ဟွားစံအိမ်တော်သို့ ရောက်လာခဲ့သည်။ ခမ်းနားလှသော ဗီလာကြီးကို မြင်သောအခါ ကျောက်ချောင်းအာခမျာ ကြက်သေသေသွားလေသည်။

ဤသည်မှာ လူကုံထံဟု ခေါ်ပေသည်။ အဆုံးမှာတော့ ကျောက်ချောင်းအာ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေပြီ။

ဗီလာ၏စတိုင်လ်ကား နတ်ဘုံနတ်နန်းအလား ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပပေသည်။

ကဗျာဆန်ခြင်းကို မနှစ်သက်သည့်မိန်းမ ရှိနိုင်မည်လား။ ခမ်းနားမှုကို မကြိုက်သည့်မိန်းမ ရှိနိုင်မည်လား။

ကျောက်ချောင်းအာခမျာ အရှေ့ရှိမြင်ကွင်းကြောင့် ချက်ချင်းဖမ်းစားခံလိုက်ရသည်။

ကားထဲမှထွက်ပြီးနောက် အိမ်နံပါတ်ကိုမြင်သောအခါ ကျောက်ချောင်းအာ ခဏမျှထိတ်လန့်သွားလေသည်။

"ရှင်က ဗီလာနံပါတ်တစ်မှာ နေတာလား။ ဘုရားရေ... ရှင်က ဒဏ္ဍာရီလာဗီလာနံပါတ်တစ်ပိုင်ရှင်ပေါ့"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဘယ်လိုလဲ။ အထင်ကြီးဖို့ကောင်းတယ်မလား"

ဗီလာထဲသို့ရောက်သော် ကျောက်ချောင်းအာလည်း စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် အပေါ်ထပ်နှင့် အောက်ထပ်ကို ပတ်ပတ်လည် လိုက်လံကြည့်ရှုလေတော့သည်။

ယဲ့ချန်းကမူ အနောက်တိုင်းဟင်းလျာများကို ပြင်ဆင်ပေးပြီး ဝိုင်နီပုလင်းကို ဖွင့်ဖောက်လိုက်သည်။

"ဒီဝိုင်နီက လာဖိုက်ထက် ပိုဈေးကြီးတာလား"

ယဲချန်း ပြုံးလိုက်မိသည်။

"လူတွေက ၁၉၈၂ခုနစ်ထုတ် လာဖိုက်ကိုပဲသိကြတာ။ ဒါပေမဲ့ ဝိုင်တွေရဲ့ဘုရင်က ရိုမန်နီ-ကွန်တီလေ။ ၁၉၅၂ခုနစ်ထုတ်ဝိုင်က တစ်ကမ္ဘာလုံးမှာ အလုံး၅၇၆၀ထုတ်ထားတာ။ လာဖိုက်တစ်ပုလင်းရဲ့ဈေးက သူ့တစ်ခွက်စာပဲရှိတယ်"

"ဟင်ဂ

ကျောက်ချောင်းအာခမျာ သောက်လိုက်သောဝိုင်များကိုပင် ပြန်ထွေးထုတ်မိမတတ်ပင်။

ဘုရားရေ.. တစ်ငုံလေးကတောင် သောင်းဂဏန်းလောက်ပေးရတယ်တဲ့လား။

ခမ်းနားလှသော လူနေမှုဘဝဆိုသည်မှာ ဘာကိုဆိုလိုမှန်း ကျောက်ချောင်းအာ ယခုမှသာ သိတော့သည်။

လူတော်တော်များများက တစ်နှစ်လျှင် တစ်သိန်းခန့်ရှာနိုင်သော်ငြား ထိုပမာဏမှာ ဤဝိုင်၏တစ်ခွက်စာမျှပင်။

ဤသည်မှာ လူကုံထံတစ်ယောက်၏ဘဝပင်တည်း။

ကျောက်ချောင်းအာလည်း သူ(မ)၏လက်ထဲရှိ ဝိုင်ခွက်ကို မွှေ့ယမ်းနေလိုက်သည်။

"ရှင်က ကျွန်မကို ဒီလောက်ဈေးကြီးတဲ့ဝိုင်ကိုတောင် တိုက်နေတာဆိုတော့ ရှင့်မှာ ရည်ရွယ်ချက်တစ်ခုခုများ ရှိနေတာလား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ရှိတာပေါ့။ ကိုယ့်မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်"

သူတို့နှစ်ယောက်သားမှာ ဝိုင်သောက်ရင်း စကားစမြည်ပြောဆိုနေကြသည်။ ဝိုင်အများကြီးသောက်ပြီးနောက် ကျောက်ချောင်းအာ၏ပါးပြင်နှစ်ဖက်မှာ ကြက်သွေးရောင်လွှမ်းသွားလေတော့သည်။

"မင်း ဒီည ကိုယ့်အိမ်မှာပဲ အိပ်လိုက်ပါ့လား"

"အင်း"

ညအိပ်ခိုင်းသည့်အဓိပ္ပာယ်ကို ကောင်းကောင်းသိသဖြင့် ကျောက်ချောင်းအာခမျာ ရှက်သွေးဖြာသွားချေသည်။

...

နောက်တစ်နေ့ ကျောက်ချောင်းအာ နိုးလာသောအခါ ယဲ့ချန်းက သူ(မ)အတွက် အရသာရှိသော မနက်စာကို ပြင်ပေးထားပြီးဖြစ်၏။

"ဘုရားရေ...ယဲ့ချန်း.. ရှင်က အချက်အပြုတ်တော်မှန်း ကျွန်မမသိဘူး"

မနေ့ညတုန်းက လှုပ်ရှားမှုများကြောင့် ကျောက်ချောင်းအာ ဗိုက်ဆာနေလေပြီ။ ယဲ့ချန်းလုပ်ပေးထားသော အသားခေါက်ဆွဲကိုစားရင်း ကျောက်ချောင်းအာ လုံးဝအံ့အားသင့်သွားလေသည်။

ဤမျှအရသာရှိသော အသားခေါက်ဆွဲကို သူ(မ) မစားဖူးပေ။ ခေါက်ဆွဲစားပြီးနောက် ယဲ့ချန်းက ကျောက်ချောင်းအာကို ကျောင်းသို့ ပြန်ပို့ပေးခဲ့သည်။

ကျောင်းအပေါက်ဝတွင် ကျောက်ချောင်းအာက ယဲ့ချန်းအား ချိုမြိန်လှသော အနမ်းတစ်ပွင့် ခြွေလိုက်သည်။

"စကားမစပ် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးဦးနော်"

ယဲ့ချန်း ရယ်လိုက်လေသည်။

"မနေ့ညတုန်းက ရှင့်ရဲ့စွမ်းဆောင်ရည်ကို ထောက်ထားပြီး ကြယ်ငါးပွင့်ပေးဖို့ တန်ပါတယ်လေ"

[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့် (၃/၅)ကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် နတ်ဘုရားအဆင့် မော်တော်ဆိုင်ကယ်မောင်းနှင်မှုစွမ်းရည်ကို ဆုလာဘ်အဖြစ် ရရှိပါတယ်]

နတ်ဘုရားအဆင့် မော်တော်ဆိုင်ကယ်မောင်းနှင်မှုစွမ်းရည်တဲ့လား။

သူ့တွင် ဆိုင်ကယ်တစ်စီးမှ မရှိသေးပေ။ တစ်စီးလောက်ဝယ်ရန် အခွင့်အရေးတစ်ခု ရှာဖို့လိုလေပြီ။

ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက မြည်လာလေသည်။

ကျောက်ယင်း : "ယဲ့ချန်း ရှင် ဘာလုပ်နေတာလဲ"

ယဲ့ချန်း : "ပျင်းနေလို့ တက္ကစီပတ်မောင်းနေတာ"

ကျောက်ယင်း : "ဒါဆို ကျွန်မကိုလာခေါ်လှည့်"

ယဲ့ချန်း : "ကိုယ်က မိုတုမှာ... မင်းက ကျိုတိုမှာလေ။ ဘယ်လိုလုပ်ပြီး လာခေါ်လို့ရမှာလဲ"

ကျောက်ယင်း : "ကျွန်မလည်း မိုတုမှာပဲ။ ကျွန်မတို့မိသားစုလုပ်ငန်းက ကျိုတိုမှာရော မိုတုမှာပါရှိတယ်"

ယဲ့ချန်း : "ကောင်းပြီလေ။ မင်းကဘယ်မှာလဲ"

ကျောက်ယင်း : "ကျွန်မ ထျန်းချန်ယိပင်အိမ်ရာဝင်းရဲ့အပေါက်ဝက စောင့်နေမယ်"

ယဲ့ချန်း : "ကောင်းပြီ"

ယဲ့ချန်းလည်း ကားကို ထျန်းချန်ယိပင်သို့ မောင်းလာခဲ့လိုက်သည်။

...

ထျန်းချန်ယိပင်အိမ်ရာထဲ၌...

ကျောက်ယင်းသည် သူ(မ)၏ဖုန်းကို တမေ့တမောငေးကြည့်နေသည်။

"နင် ရည်းစားထားနေတာလား"

သူ(မ)ဘေးရှိ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်က ရယ်လေသည်။

"မဟုတ်ပါဘူး။ ငါက သူငယ်ချင်းတစ်ယောက်နဲ့ အပြင်ထွက်လည်မလို့ပါ"

"ငြင်းနေသေးတယ်။ နင့်မျက်နှာကြီးကဖြင့် နီရဲနေတာကို။ ငါထင်တာသာမမှားဘူးဆိုရင် သူက နင်ပြောပြောနေတဲ့ လူချောလေးပဲဖြစ်ရမယ်"

ကျောက်ယင်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ သူပဲ။ သူက ငါ့ကို မိုတုမြို့ထဲ လိုက်ပို့ပေးမယ်တဲ့"

"ဟမ့်.. နင်က မိန်းမနောက်ပိုးပဲ။ ငါ နင့်ကိုပြောမယ်။ ငါ နင့်ကို ခေါ်သွားပေးမယ်လို့ပြောတုန်းကတော့ အပြင်မထွက်ချင်ဘူးဆို။ လက်စသတ်တော့ နင့်ကိုလိုက်ပို့မဲ့ လူချောလေးရှိနေတာကိုး"

သူ(မ)က ထိုသို့ပြောလိုက်သော်ငြား သူ(မ)၏သူငယ်ချင်းအတွက် စိတ်ရင်းအမှန်ဖြင့် ပျော်နေမိသည်။ ကျောက်ယင်းကို ယောက်ျားအများကြီးက လိုက်ပိုးခဲ့ပါသော်ငြား သူ(မ)ကတော့ အလွန်ချေးများပေသည်။

ယခုမူ သူဌေးသမီးများအကြားတွင် ကျောက်ယင်းတစ်ယောက်တည်းသာ လူလွတ်ဖြစ်နေချေသည်။ သူ(မ)သာ ရည်းစားရသွားပြီဆိုပါက သတင်းကောင်းတစ်ခုပင်။

ထိုအချိန်တွင် ကျောက်ယင်း၏ဖုန်းက အသံမြည်လာသည်။

"ယဲ့ချန်း ရောက်နေပြီနေမယ် သူငယ်ချင်းရေ..ငါသွားတော့မယ်။ နင်နဲ့အချိန်မဖြုန်းနိုင်တော့ဘူး"

"သွားပါ.. ကောင်ချောလေးနဲ့ ကောင်းကောင်းဒိတ်ခဲ့"

သူ(မ)၏သူငယ်ချင်းက မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။

သူ(မ)၏သူငယ်ချင်းက တံခါးနားသို့လျှောက်သွားရင်း တစ်စုံတစ်ခုကို ရုတ်ခြည်းအမှတ်ရလိုက်ဟန်ပင်။

"စကားမစပ်.. နင် သွားတော့မယ်ဆိုရင် အကာအကွယ်ယူသွားဖို့ မမေနဲ့နော်"

"ဘာကြီးလဲ"

ကျောက်ယင်းခမျာ စိတ်ရှုပ်ထွေးသွားဟန်ပင်။

သူ(မ)၏သူငယ်ချင်းကမူ ရှက်သွေးဖြာသွားပြီး အနားသို့ အပြေးရောက်ချလာပြီးနောက် ကျောက်ယင်း၏လက်ထဲသို့ ပစ္စည်းတစ်ခု ထည့်ပေးလိုက်သည်။

သူ(မ)လက်ထဲရှိ အရာကို မြင်သောအခါ ကျောက်ယင်းတစ်ယောက် ရှက်သွေးဖြာသွားချေသည်။

"ဒါက..."

"ပြီးတော့ နင့်ကောင်လေးနဲ့သွားတွေ့ရင် အားကစားဖိနပ်စီးမသွားနဲ့နော်။ ဒေါက်ဖိနပ်ကမှ ပိုဆက်စီကျတာ"

သူ(မ)၏သူငယ်ချင်းက ထိုသို့ပြောပြီးနောက် ခရစ္စတယ်ဒေါက်ဖိနပ်တစ်ရံကိုထုတ်၍ ကျောက်ယင်းကို ပေးလိုက်လေသည်။

"ဝတ်သွားလိုက်။ ချစ်စရာကောင်းတဲ့ နင့်ခြေထောက်ကြောင့် နင့်လူချောလေး သဘောကျသွားမှာသေချာတယ်"

"မမျှော်လင့်ထားတဲ့အခြေအနေအတွက် ကြိုပြင်ထား။ ကံကောင်းပါစေ သူငယ်ချင်းရေ..ဒီသူငယ်ချင်းက သတင်းကောင်းစောင့်နေမယ်"

ကျောက်ယင်းလည်း အလွန်ဆက်စီကျသော ဂါဝန်တစ်ထည်ကို လဲဝတ်၍ ခရစ္စတယ်ဒေါက်ဖိနပ်တစ်ရံကို စီးလိုက်လေသည်။

လမ်းတစ်လျှောက်တွင် ဆက်စီကျသော သူ(မ)၏အသွင်အပြင်က ပုရိသများကို ဖမ်းစားထားသည်။

သို့သော် သူ(မ)ကို မွန်းကျပ်စေသည့် တစ်ခုတည်းသောအရာမှာ တစ်လမ်းလုံး ဆိုးဆိုးဝါးဝါးခြေထောက်နာနေခြင်းပင်။

ဒီလိုမှန်းသာသိရင် ဒေါက်ဖိနပ်စီးမလာပါဘူး...

ယဲ့ချန်းက ရောက်ခါနီးနေပြီဖြစ်သော်လည်း လမ်းတွင် ကားပိတ်နေသဖြင့် ကျောက်ယင်းကို ဖုန်းဆက်လိုက်သည်။

"ဆောရီးကွာ။ ရှေ့မှာ ယာဉ်ကြောပိတ်နေလို့ ကိုယ် နည်းနည်းနောက်ကျမယ်နော်။ မင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ ကိုယ့်ကိုစောင့်နေပါ့လား"

"ရတယ်လေ"

ကျောက်ယင်းမှာ ခြေထောက်နာလွန်းလှသဖြင့် ကော်ဖီဆိုင်တစ်ဆိုင်ကို မြန်မြန်ရှာ၍ ကော်ဖီတစ်ခွက်မှာကာ သူ(မ)၏ခြေထောက်ကို နှိပ်နယ်ရင်း ယဲ့ချန်းကို စောင့်နေလိုက်သည်။

ယဲ့ချန်းက ဈေးဝယ်စင်တာသို့ရောက်လာပြီးနောက် ကော်ဖီဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ကျောက်ယင်းတစ်ယောက် ကိုယ့်ခြေထောက်ကိုယ် နှိပ်နယ်နေသည့်မြင်ကွင်းကို သူ မြင်လိုက်ရသည်။

ယဲ့ချန်းလည်း အနားသို့လျှောက်သွားပြီး ပြုံးပြလိုက်သည်။

"မိန်းကလေး..ကျွန်တော် ဒီမှာထိုင်လို့ရမလား"

ကျောက်ယင်းကမူ မော့ကြည့်ပြီးနောက် ယဲ့ချန်းကို မြင်လိုက်ရချိန်မှသာ တောက်ပစွာပြုံးပြလေသည်။

"ရတာပေါ့။ နောက်ဆုံးတော့ ရှင်ရောက်လာပြီပဲ"

အကြောင်းပြချက်တချို့ကြောင့် ကျောက်ယင်းခမျာ ယဲ့ချန်းကိုမြင်လိုက်ရချိန်တွင် အသက်ရှူကျပ်သွားသလို ခံစားရသည်။

ယဲ့ချန်းကမူ ခပ်ပြုံးပြုံးသာ။

"ခြေထောက်က ဘာဖြစ်တာလဲ။ မင်း ခုနတုန်းက ခြေထောက်ကိုပွတ်နေတာ မြင်လိုက်တယ်"

ကျောက်ယင်း ရှက်သွေးဖြာသွားလေသည်။

"ကျွန်မရဲ့ဒေါက်ဖိနပ်က သိပ်မတော်လို့ နည်းနည်းပွတ်နေတာပါ"

"မင်းတို့မိန်းကလေးတွေက လှဖို့ပဲ အမြဲတွေးနေတော့တာ။ ဒေါက်ဖိနပ်တွေက စီးရတာ အဆင်မပြေဘူးလေ"

"ကျွန်မက ဒီအတိုင်း..."

ကျောက်ယင်းမှာ စကားဆုံးအောင်ပင် မပြောလိုက်ရပေ။ သူ(မ)သည် ရှင့်အတွက်စီးတာဟု ပြောချင်ခဲ့ခြင်းပင်။

ထိုအချိန်မှာပင် ကျောက်ယင်း၏ဖုန်းက ထမြည်လာသည်။

"ရှောင်ယင်း.. နင် မိုတုကိုရောက်နေတယ်ဆို။ ရှဲ့တောင်တန်းဘက်မှာ ဒီနေ့ မော်တော်ဆိုင်ကယ်ပြိုင်ပွဲတစ်ခုရှိတယ်။ လာချင်လား"

•••••••••••••••••••

All Chapters