အခန်း (၂၅၃−၂၅၅)
Vol. 17 Ch. 253-255
အပိုင်း ၂၅၃ - ငါ့ကတ်နဲ့ရှင်းလိုက်
ကျောက်ယင်းက ပြိုင်ကားမောင်းခြင်းကို အမြဲတစေသဘောကျခဲ့သည်။ ထို့ပြင် မော်တော်ဆိုင်ကယ်ကိုလည်း အလွန်သဘောကျသည်။
ယခင်ကသာဆိုလျှင် ထိုကဲ့သို့သောပြိုင်ပွဲမျိုးတွင် သူ(မ) သေချာပေါက်ပါဝင်ဆင်နွှဲမည်သာ။
သို့သော် ယခုမူ သူ(မ) ယဲ့ချန်းကို ကြည့်လိုက်မိသည်။ ယဲ့ချန်းကလည်း ပြုံးတုံ့တုံ့ဖြင့် သူ(မ)ကို ခေါင်းညိတ်ပြသည်။
ထိုအခါမှသာ ကျောက်ယင်း ပြောလိုက်၏။
"လာခဲ့မယ်လေ"
ဖုန်းချပြီးနောက် ကျောက်ယင်းက ပြောလိုက်လေသည်။
"ယဲ့ချန်း.. ကျွန်မက မိန်းမဆိုးတစ်ယောက်လို့ ရှင်မထင်ဘူးမလား"
တီဗီထဲတွင် ဆိုင်ကယ်မောင်းသော လူငယ်များကို ဆိုးသွမ်းနေသည်ဟု ပြတတ်ကြသည်။
ယဲ့ချန်းကတော့ ခေါင်းခါပြသည်။
"လူတိုင်းမှာ သူ့ဝါသနာနဲ့သူရှိတယ်လေ။ တကယ်တော့ ကိုယ်လည်း ပြိုင်ကားမောင်းရတာကို သဘောကျလို့ ဆိုင်ကယ်အကြောင်းလည်း နည်းနည်းသိတယ်"
နည်းနည်းပဲသိတယ်ဆိုတာက လာပြန်ပြီ...
ပြီးခဲ့သည့်တစ်ခေါက်တုန်းကလည်း ယဲ့ချန်းသည် ပြိုင်ကားနည်းနည်းသာ မောင်းတတ်သည်ဟု ပြောခဲ့ပြီး အဆုံးမှာတော့ သူ(မ)ကို တုံးအအပုံစံပေါက်အောင် ထိတ်လန့်သွားစေခဲ့သည်။
ကျောက်ယင်း ရယ်လိုက်မိသည်။
"ဒါဆို ကျွန်မ ရှင့်ကို ဒီည ပြိုင်ပွဲကွင်းကို ခေါ်သွားပေးမယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဗျာ"
ယခုလေးတင် နတ်ဘုရားအဆင့် မော်တော်ဆိုင်ကယ်စွမ်းရည်ကို ရရှိထားသည်ဖြစ်ရာ ဆိုင်ကယ်ပေါ်တွင်ထိုင်ရင်း လေညင်းဖြတ်တိုက်သွားသည့် ခံစားချက်ကို ယဲ့ချန်း ခံစားချင်မိသည်။
"ဒီည ပြိုင်ပွဲတစ်ခုရှိတယ်။ ရှင် ဝင်ပြိုင်ချင်ရင် စာရင်းပေးလို့ရတယ်"
"ကောင်းသားပဲ။ ကိုယ်က ဒီအတိုင်းစမ်းကြည့်ချင်တာပါ"
ကျောက်ယင်းက နာရီကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"ဒါပေမဲ့ အချိန်က နာရီပိုင်းလောက်လိုသေးတယ်။ ကျွန်မတို့ ရုပ်ရှင်သွားကြည့်ရအောင်လေ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ။ ဒါပေမဲ့ အဲဒီမတိုင်ခင်.. ကိုယ် မင်းခြေထောက်ကို နှိပ်ပေးမယ်"
ကျောက်ယင်း၏နှလုံးသားထဲ နွေးထွေးသွားသည်။
ယဲ့ချန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် ကျောက်ယင်း၏ခြေထောက်ကို အသာအယာဖိနှိပ်ပေးလေသည်။
အစောတုန်းက သူ(မ)ခြေထောက်က အလွန်နာကျင်နေသော်ငြား နှိပ်နယ်ပြီးနောက်တွင်မူ သက်သာသွားသည်။
"အခုရော ဘယ်လိုနေလဲ"
ယဲ့ချန်း မေးလိုက်လေသည်။
"ပိုကောင်းသွားပြီ"
ကျောက်ယင်း ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချန်းကမူ ပြုံးရုံသာပြုံး၏။
"မင်း ဒီလိုဖိနပ်တွေကို ထပ်မစီးသင့်ဘူး။ ကဲ မင်းအတွက် ဖိနပ်သစ်တစ်ရံသွားဝယ်ရအောင်"
ကျောက်ယင်းလည်း နာနာခံခံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်းက ဤမျှအထိစဉ်းစားပေးတတ်လိမ့်မည်ဟု သူ(မ) ထင်မထားပေ။
ဤလူက အလွန်ကောင်းလွန်းလှသည်။ ရုပ်လည်းချောသည်။ ဂရုလည်းစိုက်တတ်သည်။ တွေးလည်းတွေးပေးတတ်သည်။
သူတို့နှစ်ယောက်သား ကော်ဖီဆိုင်ထဲမှ ထွက်လာပြီးနောက် ဈေးဝယ်စင်တာဆီသို့ ဦးတည်လိုက်သည်။
ယဲ့ချန်းနှင့် ကျောက်ယင်းတို့ အားကစားဖိနပ်ဆိုင်ထဲသို့ ဝင်သွားပြီး အားကစာဖိနပ်တစ်ရံဝယ်ကာ ဖိနပ်လဲစီးခဲ့လိုက်သည်။
အားကစားဖိနပ်ကိုစီးပြီးနောက် အဆုံးမှာတော့ ကျောက်ယင်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
အားကစားဖိနပ်များက ပိုသက်သောင့်သက်သာရှိသည်။
ထိုအခိုက်ဝယ် ကျောက်စိမ်းအရောင်းဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။
ကျောက်ယင်းမှာ အတွင်းရှိ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ကြည့်လိုက်မိသည်။ ထိုလက်ကောက်မှာ အလွန်ကြည်တောက်နေလေသည်။
ကျောက်ယင်းသည် ယခုလိုကျောက်စိမ်းမျိုးကို သဘောကျသောကြောင့်သာ တစ်ချက်လှမ်းကြည့်မိခြင်းဖြစ်၏။ ထိုအကြည့်မှာ မသိမသာအကြည့်တစ်ချက်ဖြစ်သော်ငြား ယဲ့ချန်းကတော့ သတိထားမိသည်။
"ကိုယ်တို့မှာ အချိန်ရှိသေးတယ်ဆိုတော့ အထဲဝင်ပြီး ပတ်ကြည့်ရအောင်လေ"
ကျောက်ယင်းလည်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်သား အရောင်းဆိုင်ထဲသို့ ဝင်သွားလိုက်လေရာ ဝန်ထမ်းများက သူတို့အား တောက်ပလင်းလက်နေသော မျက်ဝန်းအစုံဖြင့် ကြည့်နေကြသည်။
"ဘုရားရေ.. သူတို့က နတ်ဖက်တဲ့စုံတွဲပဲ"
"ဟုတ်ပါရဲ့။ အရမ်းချောတဲ့အတွဲ"
"ကောင်လေးက ပိုတောင်ချောသေးတယ်"
...
အရောင်းဆိုင်စာရေးက သူတို့အနားသို့ တလေးတစားချဉ်းကပ်သွားသည်။
"လူကြီးမင်းနဲ့ မိန်းကလေး.. ဘာများကူညီပေးရမလဲ"
ယဲ့ချန်းက ကျောက်ယင်းကြည့်လိုက်သည့် ကျောက်စိမ်းလက်ကောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော် အဲဒီကျောက်စိမ်းလက်ကောက်လေးကို ကြည့်ချင်လို့ပါ"
သူ့လက်ထဲသို့ ကျောက်စိမ်းလက်ကောက် ရောက်လာသောအခါ ယဲ့ချန်းလည်း ဤသည်မှာ ရေခဲကျောက်စိမ်းဖြစ်ကြောင်း ချက်ချင်းအကဲဖြတ်လိုက်နိုင်သည်။ အရည်အသွေးကလည်း ကောင်းမွန်ပေသည်။
အရောင်းဝန်ထမ်းက အမြန်ပြောပြလိုက်သည်။
"လူကြီးမင်းက ကြည့်တတ်သားပဲ။ ဒီကျောက်စိမ်းက ဟွားမေ့လုပ်ငန်းစုက ကျွမ်းကျင်သူတစ်ယောက် ဖန်တီးထားတဲ့ ရေခဲကျောက်စိမ်းပါ။ လူကြီးမင်းချစ်သူရဲ့လက်ကောက်ဝတ်က သေးသေးသွယ်သွယ်လေးနဲ့ အသားဖြူတော့ ဒီကျောက်စိမ်းလက်ကောက်လေးက သူနဲ့ အရမ်းလိုက်ဖက်ပါတယ်"
အရောင်းဝန်ထမ်းက သူ(မ)ကို ယဲ့ချန်း၏ချစ်သူဟု ခေါ်လိုက်သည်ကို ကြားသောအခါ ကျောက်ယင်း၏ပါးပြင်နှစ်ဖက်မှာ နီမြန်းသွားချေသည်။
ယဲ့ချန်းကမူ ထိုကျောက်စိမ်းလက်ကောက်ကို ကျောက်ယင်း၏လက်ကောက်ဝတ်ထက်တွင် ဝတ်ပေးလိုက်သည်။
"အင်း။ ကောင်းသားပဲ။ အရမ်းလှတယ်"
ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
ထိုအချိန်တွင် အံ့အားသင့်နေလေဟန် အသံတစ်သံက အနောက်မှ ထွက်လာသည်။
"ရှောင်ယင်း.. ဒီမှာဘာလုပ်နေတာလဲ"
သူ(မ)အနောက်ရှိ အမျိုးသားကို မြင်သောအခါ ကျောက်ယင်း၏မျက်နှာထက်ရှိ အပြုံးကား ပျောက်ကွယ်သွားလေတော့သည်။
"ကျွန်မ ဘယ်မှာရှိရှိ ရှင်နဲ့ဘာဆိုင်လို့လဲ"
ထိုအမျိုးသားကမူ ကျောက်ယင်း၏စကားကြောင့် လုံးဝဒေါသမထွက်ဘဲ ပြုံးလျက် ပြောလာလေသည်။
"ရှောင်ယင်း.. မင်းသိတဲ့အတိုင်း ကိုယ်တို့မိသားစုတွေက ကိုယ်တို့ရဲ့မင်္ဂလာပွဲအတွက် စီစဉ်ပေးထားပြီးသားလေ။ အန်တီက ဒီနေ့ ကိုယ့်ကိုဖုန်းဆက်ပြီး ကိုယ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်မာအောင်လုပ်ခိုင်းနေတယ်။ အဲဒါကြောင့် ကိုယ် မင်းအတွက် ကျောက်စိမ်းလက်ဆောင်ပေးဖို့ ဒီကိုရောက်လာတာ"
ကျောက်ယင်းမှာမူ အေးတိအေးစက် နှာခေါင်းရှုံ့လိုက်လေသည်။
"ကျွန်မမင်္ဂလာပွဲကို ကျွန်မမိဘတွေ ထိန်းချုပ်လို့မရဘူး။ တစ်ယောက်ယောက်နဲ့ လက်ထပ်စေချင်တယ်ဆိုရင်လည်း သူတို့ဘာသာ လက်ထပ်ပါစေ။ ကျွန်မကတော့ ရှင့်ကို လုံးဝလက်ထပ်မှာမဟုတ်ဘူး။ ကျွန်မနဲ့ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်"
ဤသို့ပြောပြီး ကျောက်ယင်းသည် ယဲ့ချန်း၏လက်မောင်းကို ချိတ်လိုက်သည်။
"ကျွန်မမှာ ချစ်သူရှိပြီးသား။ ဒီတော့ ကျွန်မတို့မင်္ဂလာပွဲကလည်း ဖြစ်လာမှာမဟုတ်ဘူး"
ကျောက်ယင်း၏လုပ်ရပ်ကြောင့် ကျန်းခယ်၏မျက်နှာကား မည်းမှောင်သွားလေသည်။
အစကမူ ယဲ့ချန်းသည် သူတို့လို အမွေဆက်ခံသူတစ်ယောက်ယောက်ဟု ထင်ထားခဲ့မိသည်။ သို့သော် သေချာကြည့်လိုက်တော့မှ အံ့ဩသွားရလေ၏။
ယဲ့ချန်းမှာ သူ ယခင်က တစ်ခါမှမဆုံဖူးသည့်အလား ရင်းနှီးမှုမရှိချေ။
ကျန်းခယ်လည်း သရော်ပြုံးပြုံးလိုက်မိသည်။
"ကိုယ့်လူ..ကျွန်တော့်နာမည်က ကျန်းခယ်ပါ။ ယန်တာ့လုပ်ငန်းစုရဲ့အထွေထွေလက်ထောက်မန်နေဂျာလေ"
ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်သည်။
"ကျွန်တော်က ယဲ့ချန်းပါ။ တက္ကစီမောင်းပါတယ်"
"တက္ကစီမောင်းတယ် ဟုတ်လား"
ကျန်းခယ်မှာ အစကမူ ကြက်သေသေသွားရပြီးနောက် လှောင်ပြောင်လိုဟန်အမူအရာတစ်ခုက မျက်နှာထက်တွင် ပေါ်လာလေသည်။
ယဲ့ချန်းသာ နောက်ခံအင်အားတောင့်တင်းသည်ဆိုပါက သူလည်း နောက်ဆုတ်လိုက်မည်သာ။
တက္ကစီဒရိုင်ဘာတစ်ယောက်ကများ သူ့အပိုင်ကို လုရဲလေသလား။
ကျန်းခယ်၏စရိုက်ကို ကောင်ကောင်းသိထားသော ကျောက်ယင်းကမူ ယဲ့ချန်းကို ဆွဲထားလိုက်သည်။
"ယဲ့ချန်း.. ဒီလူ့ကို အရေးလုပ်မနေနဲ့။ လက်ကောက်ဝယ်ပြီးရင် သွားရအောင်။ သူ့ကိုမြင်ရရုံနဲ့တင် ဒေါသထွက်တယ်"
ထို့နောက် ကျောက်ယင်းက အရောင်းဆိုင်ဝန်ထမ်းကို လှမ်းမေးလိုက်သည်။
"ဒီလက်ကောက်က ဘယ်လောက်လဲ"
ဝန်ထမ်းလေးကလည်း ပြန်ဖြေချေသည်။
"ဒီလက်ကောက်ရဲ့မူလဈေးနှုန်းက ၁.၂၈သန်းပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ၈၈၈၀၀၀နဲ့ရောင်းနေတာပါ"
ဈေးနှုန်းကိုကြားသော် ကျောက်ယင်း မှင်တက်သွားသည်။
အစကမူ ဤလက်ကောက်က သုံးသိန်းလောက်သာရှိမည်ဟု သူ(မ) ထင်ခဲ့မိသည်။
ကျောက်ယင်း၏မိသားစုက အလွန်ချမ်းသာပါသော်ငြား သူ(မ)၏လစဉ်မုန့်ဖိုးကမူ ခုနစ်ထောင်ရှစ်ထောင်ခန့်သာ ရှိသည်။
ကျောက်ယင်းက ပိုက်ဆံကို ဖောဖောသီသီသုံးတတ်သဖြင့် ယခု သူ(မ)ဆီတွင် ငါးထောင်ခန့်သာ ကျန်တော့သည်။
ဤလက်ကောက်ကိုဝယ်ရန် ငွေမလောက်ချေ။
တကယ်တမ်းတွင် ဤကိစ္စကား ရှင်းရှင်းလေးပင်။ သူ(မ)အနေနှင့် သူငယ်ချင်းတစ်ယောက်ဆီက ပိုက်ဆံချေးလိုက်လို့ရသည်။
သို့သော် ကျန်းခယ်ရှိနေသဖြင့် အနည်းငယ်နေရခက်နေပေသည်။
ကျောက်ယင်း၏တုံ့ပြန်ပုံကိုမြင်သော် ကျန်းခယ်လည်း စိတ်ထဲမှ တိတ်တိတ်လှောင်ရယ်လိုက်သည်။ အစကတော့ ယဲ့ချန်းနှင့် ကျောက်ယင်း၏ပတ်သက်မှုကို သူ သံသယဝင်မိခဲ့သည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က မည်သို့များ ကျောက်ယင်း၏ချစ်သူ ဖြစ်နိုင်မည်နည်း။
ဤကျောက်စိမ်းလက်ကောက်ကို ကျောက်ယင်းကိုယ်တိုင် ငွေရှင်းမည်ဖြစ်ကြောင်း မြင်လိုက်ရချိန်တွင်မူ သူ့သံသယများကို အတည်ပြုလိုက်နိုင်သည်။
ထို့ပြင် ပိုရဲတင်းသောအတွေးတစ်ခုက သူ့ခေါင်းထဲတွင် ပေါ်ပေါက်လာသည်။
ဤတက္ကစီဒရိုင်ဘာက ကျောက်ယင်း၏အပျော်ရည်းစားလေးများလား။
ဟုတ်ပေသည်။ ထိုသို့ဖြစ်ရပေမည်။ ဤလူက အလွန်တရာချောမောလှသည်။ ထိုလူသည် မနှစ်မြို့ဖွယ်ကောင်းသော နည်းလမ်းများဖြင့် ကျောက်ယင်းကို ဆွဲဆောင်ထားခြင်းပင်ဖြစ်ရမည်။
ကျန်းခယ် နှာခေါင်းရှုံ့လိုက်လေတော့သည်။
"ကိုယ့်လူ... မင်းက ကိုယ့်ချစ်သူကိုယ် လက်ကောက်ဖိုးပေးခိုင်းနေတာလား။ ယောက်ျားမဟုတ်ဘူးလား။ မင်းမှာ ပိုက်ဆံမရှိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အရှုံးသမားတစ်ယောက်က ရှောင်ယင်းကို ပိုက်ဆံအတွက်နဲ့ ကပ်နေတယ်ပေါ့လေ"
"ငတုံး"
ယဲ့ချန်းကလည်း နှာခေါင်းရှုံ့၍ ကျောက်ယင်းနားသို့ လျှောက်သွားလိုက်သည်။
သူက ကျောက်ယင်း၏နှာခေါင်းကို တယုတယဆွဲညှစ်လိုက်၏။
"လူဆိုးမလေး.. ကိုယ်နဲ့အတူ ဈေးဝယ်ထွက်လာတာကို ကိုယ့်ပိုက်ဆံကိုယ် သုံးမလို့လား။ မင်းက ကိုယ့်ကို မလေးမစားလုပ်ချင်နေတာပေါ့လေ။ ကိုယ် နောက်မှ မင်းကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် သူ့ဘဏ်ကတ်ကို ထုတ်လိုက်သည်။
"ကိုယ့်ကတ်နဲ့ရှင်းလိုက်"
ထိုအချိန်တွင် အရောင်းဆိုင်မန်နေဂျာက အပြင်သို့ထွက်လာလေသည်။ ယဲ့ချန်းကိုမြင်ပြီးနောက် သူ့အမူအရာမှာ ပြောင်းလဲသွားလေသည်။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျား လာစစ်ဆေးမဲ့အကြောင်း ကျွန်တော့်ကို ဘာလို့ကြိုအကြောင်းမကြားတာလဲဗျ"
ယဲ့ချန်းမှာ မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။ ခပ်လျှိုလျှိုနေချင်ခဲ့သော်ငြား သူ့ကို သတိထားမိနေကြဆဲပင်။
•••••••••••••••••••
အပိုင်း ၂၅၄ - မလိုချင်.
အရောင်းဆိုင်မန်နေဂျာက ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. ဒီလက်ကောက်ကို ယူသွားလိုက်ပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့ရှယ်ယာအမြတ်ငွေထဲက ဖြတ်လိုက်ပါ့မယ်"
ယဲ့ချန်းကလည်း ထိုစကားကိုကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။ ကျောက်ယင်းကလည်း ယဲ့ချန်း၏လက်မောင်းကို ပျော်ပျော်ကြီးချိတ်ထားလိုက်သည်။ သူ(မ)၏အမူအရာမှာ ချစ်မိနေသည့်မိန်းကလေးများနှင့် တစ်ထပ်တည်းပင်။
အဆုံးမှာတော့ ယဲ့ချန်း၏သရုပ်မှန်ကို ကျန်းခယ် သိလိုက်ရလေပြီ။
လက်စသတ်တော့ ဤလူက ဤကျောက်စိမ်းအရောင်းဆိုင်၏ပိုင်ရှင် ဖြစ်နေချေသည်။
သေစမ်း။ ငါ့ရှေ့မှာ လာကြွားရဲတယ်ပေါ့
ကျောက်ယင်းက ယဲ့ချန်းရှေ့တွင် အလွန်ချိုမြိန်နေကြောင်း မြင်လိုက်ရသောအခါ ကျန်းခယ်ခမျာ ဒေါသကြောင့် ရူးသွပ်တော့မတတ်ပင်။
သူ အလွန်မနာလိုဖြစ်နေမိသည်။
သို့သော် ယဲ့ချန်းက သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။ မဟုတ်ပါက ဤကဲ့သို့သော ကျောက်စိမ်းအရောင်းဆိုင်အကြီးကြီးကို ပိုင်ဆိုင်ထားမည်မဟုတ်ချေ။
ကျန်းခယ်မှာ အံတင်းတင်းကြိတ်ရင်း မျက်ဝန်းများက စူးရဲလာသည်။
"ယဲ့ချန်း.. ဟုတ်ပြီ။ ငါမှတ်ထားမယ်။ ဒီကိစ္စကို နောက်မှစာရင်းရှင်းကြတာပေါ့"
သူသည် ဤနေရာတွင် အပိုလူသက်သက်သာဖြစ်ကြောင်း သိနေသဖြင့် မကျေမနပ်ဟန်ဖြင့် တစ်ဖက်သို့လှည့်ကာ ထွက်သွားလေတော့သည်။
ကျန်းခယ်ထွက်သွားသော်ငြား ကျောက်ယင်းကတော့ ယဲ့ချန်း၏လက်မောင်းကို လွှတ်မပေးပေ။ သူ(မ)သည် ယဲ့ချန်း၏ပခုံးထက်တွင် တယုတယ ခေါင်းမှီထားလိုက်သေးသည်။
အလွန်ခံစားလို့ကောင်းလှသည်။
ယဲ့ချန်း၏ဘေးနားတွင် ထာဝရနေသွားနိုင်ဖို့ပင် ဆုတောင်းမိသည်။ ကျောက်ယင်းက ကျောက်စိမ်းလက်ကောက်ကို ဆင်မြန်းလျက် ယဲ့ချန်းနှင့်အတူ ဈေးဝယ်စင်တာထဲမှ ထွက်လာခဲ့သည်။
ထိုအချိန်မှာပင် ပထမထပ်၌ တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်သည် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို လုပ်ဆောင်နေသည်။
သူ(မ)က စုံတွဲတော်တော်များများကို အင်တာဗျူးပြီလေပြီ။
အင်တာဗျူးအကြောင်းအရာကမူ : ကိုယ့်ချစ်သူကို လက်ဆောင်ပေးဖို့အတွက် တစ်လစာလစာကို သုံးနိုင်လား။
ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ယောကျ်ားလေးတော်တော်များများက သူတို့ချစ်သူများ၏ အေးတိအေးစက်အကြည့်အောက်တွင် ဝယ်ပေးမည်ဟုသာ ပြန်ဖြေကြသည်။
ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်သူက ယဲ့ချန်းနှင့် ကျောက်ယင်းတို့ လျှောက်လာသည်ကို မြင်သွားလေသည်။ ယဲ့ချန်းက အလွန်ချောမောပြီး ကျောက်ယင်းကလည်း ရင်သပ်ရှုမောဖွယ်ကောင်းသော အလှလေးတစ်ယောက်ပင်။
သူတို့နှစ်ယောက်သည် နတ်ဖက်သည့်စုံတွဲအလား လိုက်ဖက်လှချေသည်။
သူတို့ပင်တည်း။
တိုက်ရိုက်ထုတ်လွှင့်သူက မိုက်ကိုကိုင်၍ သူတို့နှစ်ယောက်ဆီသို့ ချဉ်းကပ်သွားသည်။
"မင်္ဂလာပါ.. ရှင်တို့ကို အင်တာဗျူးလို့ရမလား"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"ရပါတယ်"
ထိုတိုက်ရိုက်ထုတ်လွှင့်သူက တောက်ပစွာပြုံးလျက် ပြောလိုက်လေသည်။
"ရှင့်ကောင်မလေးကို လက်ဆောင်ပေးဖို့အတွက် ရှင့်လစာတစ်လစာကို သုံးနိုင်လား။ ဒီဇိုင်နာအိတ်လိုမျိုးလေ"
ထိုတိုက်ရိုက်ထုတ်လွှင့်သူက ယဲ့ချန်း၏အဖြေကို ကြိုသိထားပြီးသားပင်။ ယောက်ျားတိုင်း သုံးနိုင်သည်ဟုသာ ဖြေကြပေလိမ့်မည်။
ထိုအခါ သူ(မ)ကလည်း အရောင်းမြှင့်တင်ရေးဆက်လုပ်ပြီး ယဲ့ချန်းကို သူ(မ)ကြော်ငြာနေသည့် လက်ကိုင်အိတ်ကို ဝယ်လာအောင် တွန်းအားပေးမည်သာ။
အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေသည်ဖြစ်ရာ ယောကျ်ားများသည် သိက္ခာဆည်တတ်ကြသဖြင့် ငြင်းဆန်ဖို့ လွယ်လိမ့်မည်မဟုတ်ချေ။
တိုက်ရိုက်ထုတ်လွှင့်သူက ယဲ့ချန်းကိုကြည့်ရင်း သူ့အဖြေကို စောင့်ဆိုင်းနေသည်။
ယဲ့ချန်းကမူ စဉ်းစားမနေဘဲ ပြန်ပြောလိုက်၏။
"ဟင့်အင်း။ မသုံးနိုင်ပါဘူး"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ကျောက်ယင်းကိုခေါ်ကာ လှည့်ထွက်သွားသည်။
"မသုံးနိုင်ဘူးလား"
ထိုတိုက်ရိုက်ထုတ်လွှင့်သူခမျာ ချက်ချင်းဆိုသလို ကြောင်အသွားလေသည်။
ဤလူက ဇာတ်ညွှန်းကို ဘာကြောင့်မလိုက်နာရတာလဲ။
သူ့အဖြေက သုံးနိုင်သည်ဟူ၍သာ ဖြစ်သင့်သည်မဟုတ်လား။ ထို့နောက် သူ(မ)၏အိတ်ကို ပျော်ပျော်ကြီးဝယ်သွားရုံပင်။
ဤသည်မှာ သူ(မ)၏ရောင်းအားကို မြှင့်တင်ပေးနိုင်သည်။
ထိုတိုက်ရိုက်ထုတ်လွှင့်သူမှာ ယဲ့ချန်းကို သည်အတိုင်းမလွှတ်လိုက်နိုင်ပေ။
"လူကြီးမင်း.. ရှင်က ဒီဇိုင်နာတံဆိပ်တွေ ဝတ်ထားတာနော်။ ရှင့်ကောင်မလေးကို လက်ဆောင်ပေးဖို့ကျတော့ ဘာလို့ ဒီလောက်တောင်တွန့်တိုနေရတာလဲ"
ထိုအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူများလည်း ယဲ့ချန်းကို ဝေဖန်ကြလေတော့သည်။
"အသုံးမကျတဲ့ကောင်ပဲ.. ကောင်မလေးကို သနားလိုက်တာ"
"ငါ့မှာသာ အဲဒီလိုရည်းစားချောချောလေးတစ်ယောက်ရှိရင် တစ်လမပြောနဲ့။ တစ်နှစ်စာလစာဆိုရင်တောင် ပေးမှာ"
"ဟုတ်ပါ့။ ကောင်မလေးက ဒီလိုတွန့်တိုတဲ့လူတစ်ယောက်ကို ရွေးထားတာ တော်တော်ကန်းနေလို့ပဲ"
"အလှလေး..ကိုယ့်ချစ်သူ ဖြစ်ပေးပါ။ ကိုယ်မင်းကို ဒေါ်လာတစ်သောင်းတန် လက်ကိုင်အိတ်တစ်လုံး ချက်ချင်းဝယ်ပေးမယ်"
ယဲ့ချန်းက တုံ့ခနဲရပ်တန့်ပြီး ထိုတိုက်ရိုက်ထုတ်လွှင့်သူကို စိုက်ကြည့်လိုက်၏။
"ကျွန်တော့်လစာက အရမ်းများတယ်။ တစ်လလစာဆိုရင် ဒီစင်တာကြီးတစ်ခုလုံးကိုတောင် ဝယ်လို့ရတယ်"
ယဲ့ချန်းက ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားပြန်လေသည်။
"ဘာ?"
ထိုတိုက်ရိုက်ထုတ်လွှင့်သူကား ချက်ချင်းကြောင်အသွားသည်။
တစ်လလစာနဲ့ စင်တာတစ်ခုလုံးကို ဝယ်နိုင်တယ်တဲ့လား။
တိုက်ရိုက်ထုတ်လွှင့်သူသာမက ကြည့်ရှုသူများပါ ရူးသွပ်ကုန်ကြသည်။
"သေစမ်း။ ကြွားလုံးထုတ်တတ်တဲ့ လူတွေကိုတော့ မြင်ဖူးပေမဲ့ ဒီလောက်ကြွားနိုင်တဲ့လူကိုတော့ တစ်ခါမှမမြင်ဖူးဘူး"
"ဒီစင်တာက ဘီလျံပေါင်းများစွာတန်တယ်နော်။ သူ့တစ်လစာက အဲဒီလောက်ရှိလို့လား"
"ဒီချာတိတ်က သူ့ကိုယ်သူ သူဌေးမာလို့ ထင်နေတာလား"
"ဟားဟား.. နွားတွေကို မတွေ့ပါလားလို့ အောက်မေ့နေတာ။ လက်စသတ်တော့ မိုးပေါ်ကို လွင့်သွားတာကိုး"
တိုက်ရိုက်ထုတ်လွှင့်သူက နှာခေါင်းရှုံ့၍ ဆက်မေးလိုက်သည်။
"ဒါဆို ရှင်က ဘာအလုပ်လုပ်တာလဲ"
"တက္ကစီဒရိုင်ဘာပါ"
ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်၏။
"ခွီး!!"
တိုက်ရိုက်ထုတ်လွှင့်သူခမျာ ရယ်ချင်စိတ်ကို ထိန်းမထားနိုင်ခဲ့ချေ။
ရယ်ရလွန်းလှပေသည်။
ယဲ့ချန်းက သူ့ကိုယ်သူ လုပ်ငန်းစုတစ်ခုခု၏ သူဌေး သို့မဟုတ် အမွေဆက်ခံသူတစ်ယောက်ဖြစ်ကြောင်း ပြောလာလိမ့်မည်ဟု တိုက်ရိုက်ထုတ်လွှင့်သူက ထင်ထားခဲ့သော်ငြား တကယ်တမ်းတွင် တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေခဲ့သည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က တစ်လကို ဘီလျံပေါင်းများစွာရှာနိုင်သတဲ့လား။ ရယ်ချင်စရာပင်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကီးဘုတ်ဖိုက်တာများကလည်း အော်ရယ်နေကြသည်။
"သေစမ်း။ ဒီအဖြေက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"
"တက္ကစီဒရိုင်ဘာတစ်ယောက်က တစ်လကို ဘီလျံပေါင်းများစွာရှာနိုင်တယ်ပေါ့။ အထင်ကြီးဖို့ကောင်းချက်။ ကြွားလုံးထုတ်တာကြီးက တော်တော်လွန်သွားပြီ"
"သူ့ကားကိုငှားစီးချင်ရင် ရွှေချောင်းတွေပေးရတာလား"
"ဟားဟား.. တက္ကစီဒရိုင်ဘာတစ်ယောက်က ဘီလျံနဲ့ချီပြီး ရှာနိုင်တယ်တဲ့။ ဒါဆို ငါလည်း တက္ကစီမောင်းတော့မယ်"
တိုက်ရိုက်ထုတ်လွှင့်သူမှာ မရယ်မိအောင် မနည်းထိန်းထားပြီး ဆက်ပြောလိုက်သည်။
"ဒီတက္ကစီဒရိုင်ဘာကတော့နော်။ ကျွန်မသိသလောက်ဆိုရင် တက္ကစီမောင်းတာက တစ်လကို ထောင်ဂဏန်းလောက်ပဲရတာ။ နေ့မအားညမအား အလုပ်လုပ်ရင်တောင် သောင်းဂဏန်းလောက်ပဲရမှာ။ ဘီလျံဆိုတာကတော့ တအားချဲ့ကားလွန်းအားကြီးတယ်"
ယဲ့ချန်းလည်း အတန်ငယ်စိတ်မရှည်တော့ပေ။ ရုပ်ရှင်က ပြတော့မည်။ ဤလူက အာရုံလာနောက်နေသည်။
"တက္ကစီမောင်းတာက ကျုပ်ရဲ့အဓိကအလုပ်လေ။ ဒါပေမဲ့ အရံလုပ်ငန်းတွေလည်း အများကြီးရှိတယ်။ ဥပမာ ဒီဈေးဝယ်စင်တာကို ကျုပ်ပဲပိုင်တာ"
တိုက်ရိုက်ထုတ်လွှင့်သူ : "..."
"ရယ်ရလွန်းလို့ အသက်ရှူလို့မရတော့ဘူး"
"သေစမ်း။ လူတစ်ယောက်က ဒီလောက်အထိ ကြွားနိုင်မှန်း ငါ မသိခဲ့ဘူး"
"ရီတာ့ဈေးဝယ်စင်တာက ရီတာ့ရှယ်ယာရဲ့တစ်စိတ်တစ်ပိုင်းလေ။ ဒါဆို သူက ရီတာ့လုပ်ငန်းစုရဲ့ ပင်မရှယ်ယာရှင်လား"
ထိုအခိုက်ဝယ် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အနားသို့ရောက်လာသည်။
တိုက်ရိုက်ထုတ်လွှင့်သူ၏မျက်လုံးများမှာ တောက်ပသွားချေသည်။ ယဲ့ချန်း၏သရုပ်မှန်ကို ဤနေရာမှာတင် ဖော်ထုတ်ပစ်ဖို့ သူ(မ) ဆုံးဖြတ်ချက်ချထားသည်။
သူ(မ)က ထိူလူ့ဆီသို့ အမြန်လျှောက်သွားလိုက်၏။
"မန်နေဂျာကျန်း... ဒီလူက သူ့ကိုယ်သူ ရီတာ့ဈေးဝယ်စင်တာရဲ့ပိုင်ရှင်ပါဆိုပြီး ပြောနေတယ်။ ရှင် သူ့ကိုသိလား"
မန်နေဂျာကျန်းခမျာ ခဏမျှကြောင်သွားပြီးနောက် ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။
ယဲ့ချန်းကို မြင်လိုက်ရသည်နှင့် မန်နေဂျာကျန်းလည်း ပျာပျာသလဲဖြစ်သွားသည်။
"ဥက္ကဋ္ဌယဲ့ပါလား... လာစစ်ဆေးမယ်ဆိုရင်လည်း ကြိုပြောပါဗျာ။ ဒါမှ ကျွန်တော်တို့ဘက်က အကြီးတန်းဝန်ထမ်းတွေကို စုပြီး ခင်ဗျားကို တံခါးဝမှာ ထွက်ကြိုနိုင်မှာပေါ့"
တိုက်ရိုက်ထုတ်လွှင့်သူ : "..."
တိုက်ရိုက်ထုတ်လွှင့်ခန်း : "..."
ယဲ့ချန်းက ကြွားနေရုံမျှသာဟု သူတို့အားလုံး ထင်ခဲ့မိသည်။ သို့သော် မန်နေဂျာကျန်းက သူ့ကို ဥက္ကဋ္ဌယဲ့ဟု ခေါ်လိုက်ပေသည်။
"မှတ်မိပြီ။ ရီတာ့လုပ်ငန်းစုရဲ့ ရှယ်ယာရှင်အသစ်က တကယ်ငယ်တယ်နော်။ သူက ရီတာ့လုပ်ငန်း ရှယ်ယာရှင်ဖြစ်ရုံတင်မကဘူး။ ဟွားနိုင်ငံဘဏ်ရဲ့ ရှယ်ယာရှင်လည်းဖြစ်တယ်။ ပြီးတော့ ဟွားလေကြောင်းလိုင်း၊ စီးပွားရေးလမ်းမ၊ စီးပွားရေးစင်တာတွေရဲ့ ဘော့စ်ဆိုလည်းဟုတ်တယ်။ ပြီးတော့ သူက ဟွားစံအိမ်တော်ဗီလာအမှတ်စဉ်တစ်မှာနေတာ။ သူစီးတဲ့ကားက ကူလီနန် လိုင်ကန်..."
သူဌေးသားတစ်ယောက်က ရုတ်တရက်သတိရလိုက်သဖြင့် ယဲ့ချန်း၏ဂုဏ်ပုဒ်များကို ရွတ်ပြလေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များမှာ လုံးဝကြောင်အကုန်ကြသည်။
"လက်စသတ်တော့ ဒီလူက အမှန်အတိုင်းပြောနေတာကိုး"
"အထင်ကြီးဖို့ကောင်းလိုက်တာ။ ဒါကမှ ဘဝရဲ့အောင်နိုင်သူစစ်စစ်ပဲ"
"ရင်ထဲထိသွားပြီ။ ငါက သူ့ကို ကြွားနေတယ်လို့ ထင်နေတာ။ ဒါပေမဲ့ သူက တကယ့်ဒိတ်ဒိတ်ကြဲစစ်စစ်ပဲ"
...
ယဲ့ချန်းကမူ လက်ခါပြလိုက်လေသည်။
"ကျွန်တော်က ဈေးဝယ်ဖို့အတွက် မိတ်ဆွေတစ်ယောက်နဲ့အတူ ရောက်လာတာပါ"
ဤသို့ပြောပြီးနောက် ယဲ့ချန်းသည် ကားသော့ကိုထုတ်ကာ ကူလီနန်ကားကို ဖွင့်လိုက်သည်။ ကူလီနန်ကားကိုမြင်သော် ယဲ့ချန်း၏သရုပ်မှန်ကို အတည်ပြုပြီးသားဖြစ်သွားလေသည်။
မန်နေဂျာက ဦးညွတ်ရင်း ထွက်ခွာသွားသော ကားကို ကြည့်နေမိသည်။
တိုက်ရိုက်ထုတ်လွှင့်သူကတော့ လုံးဝမှင်တက်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များ...
"သူဌေးကြီးက အရမ်းမိုက်တာပဲ"
"တစ်လစာလစာက ဈေးဝယ်စင်တာကြီးတောင် ဝယ်လို့ရတယ်တဲ့။ အရမ်းမိုက်တာပဲကွာ"
"ဒီကောင်လေးရဲ့ဝီချက်ကို တောင်းခံနေပါတယ်။ ငါလည်း သူ့ကောင်မလေးဖြစ်ချင်တယ်လေ"
"ယောကျာ်းတွေကိုရော လက်ခံလား။ ငါလည်း လူကုံထံတစ်ယောက်နဲ့ နီးစပ်ချင်တယ်"
ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပွက်လောရိုက်နေချိန် ယဲ့ချန်းနှင့် ကျောက်ယင်တို့က ရုပ်ရှင်ရုံထဲသို့ ရောက်နေလေပြီ။
.
••••••••••••••••••
အပိုင်း ၂၅၅ - နတ်ဘုရားအဆင့် ဆိုင်ကယ်စီးစွမ်းရည်
ကားကို ကားပါကင်တွင် ထိုးရပ်လိုက်ချိန်တွင် ကျောက်ယင်းလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်လေသည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စတုတ္ထမြောက်ကြယ်ငါးပွင့်(၄/၅)ကို အသက်သွင်းနိုင်ခဲ့တဲ့အတွက် ဩဂတ်စတာဆိုင်ကယ်တစ်စင်းကို ဆုလာဘ်အဖြစ် ရရှိပါတယ်]
ဩဂတ်စတာဆိုသည်မှာ ဆိုင်ကယ်လောကရှိ ဖယ်ရာရီဟုပင် တင်စားထားကြသည်။ အစိတ်အပိုင်းတော်တော်များများကို လက်ဖြင့်ဖန်တီးထားခြင်းပင်။ ယဲ့ချန်းရလိုက်သည့် အမျိုးအစားမှာ ကန့်သတ်ထုတ်ကုန်ဖြစ်၏။ တစ်ကမ္ဘာလုံးတွင် ဆယ်စင်းသာရှိပြီး တန်ဖိုးအားဖြင့် ၂၅သန်းရှိသည်။
ယဲ့ချန်းနှင့် ကျောက်ယင်းတို့လည်း ရုပ်ရှင်ရုံထဲသို့ ဝင်လာခဲ့သည်။
သူတို့ကြည့်နေသည့် ရုပ်ရှင်မှာ "နှုတ်ဆက်ပါတယ် ရည်းစားဟောင်း"ပင်။
ဇာတ်ကြောင်းမှာ အလွန်ရင်နာဖွယ်ကောင်းလှသည်။
သိပ်မခံစားခဲ့ရသော ယဲ့ချန်းကမူ အထင်လွဲမှုများကြောင့် မင်းသားနှင့် မင်းသမီးတို့ တဖြည်းဖြည်းကွဲကွာသွားရပုံကိုကြည့်နေချိန်တွင် ကျောက်ယင်းကမူ အသည်းအသန်ငိုနေရှာသည်။
ဇာတ်လမ်းပြီးသွားသောအခါ မိန်းကလေးတော်တော်များများ ငိုနေကြသည်။
ကျောက်ယင်းခမျာ ငိုရလွန်းသောကြောင့် ယဲ့ချန်း၏လက်မောင်းမှာ သူ(မ)ကြောင့် စိုရွှဲကုန်သည်။
ရုပ်ရှင်ရုံထဲက ထွက်လာသောအခါမှသာ ကျောက်ယင်းလည်း စိတ်ပြေသွားတော့သည်။
ကျောက်ယင်းက ရိုးသားစစ်မှန်စွာ ပြောလိုက်သည်။
"ကျွန်မသာ လူတစ်ယောက်ကိုချစ်ရင် ဘာနောင်တမှမထားဘဲ သူ့ကိုချစ်ကြောင်း သေချာပေါက်ပြောပစ်လိုက်မှာ"
ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တာပေါ့၊ အချစ်ဆိုတာ ရဲရင့်ရမယ်"
"ဒါနဲ့ မင်း ရည်းစားမထားခဲ့ဖူးဘူးဆိုတာ တကယ်လား"
ယဲ့ချန်းမှာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
ကျောက်ယင်း သက်ပြင်းချလိုက်မိသည်။
"ကျွန်မ ကျန်းခယ်လိုလူမျိုးတွေနဲ့ပဲ ကြုံဖူးတာ။ သူတို့ကို ကျွန်မ ကြိုက်မယ်လို့ထင်လား။ ဒါပေမဲ့ မကြာခင်က ကျွန်မ တကယ်သဘောကျတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ သူ ကျွန်မကို ကြိုက်မကြိုက်တော့မသိဘူး"
ထိုသို့ပြောရင်း ကျောက်ယင်း၏ မျက်လုံးလှလှလေးများက ယဲ့ချန်းဆီသို့ ရောက်လာသည်။
သူ(မ)၏အရိပ်အမြွက်က တကယ်တမ်းတွင် အလွန် ထင်ရှားနေပြီဖြစ်၏။
ယဲ့ချန်းကလည်း ကျောက်ယင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သည်။ သူ(မ)၏ ဆွဲဆောင်မှုရှိသော အကြည့်ကိုလည်း သတိပြုမိလိုက်သည်။
ကျောက်ယင်းသည် ပေါ့ပေါ့ပါးပါးနေတတ်သော မိန်းကလေးတစ်ယောက်ဆိုလျှင် ယဲ့ချန်းအနေနှင့် သာမန်တွဲလိုက်ရုံမျှဖြင့် ပြဿနာမရှိပေ။
သို့သော် ကျောက်ယင်းက အပြစ်ကင်းစင်လွန်းပြီး ယဲ့ချန်းက သူ(မ) ပထမဆုံးလက်တွဲဖူးသည့် ယောကျ်ားတစ်ယောက်ဖြစ်နေချေသည်။
သို့သော် ယဲ့ချန်းဘက်က မည်သို့ရှိသလဲ။
သူ့အနားတွင် မိန်းမများ ဝိုင်းနေချေသည်။
သူ့အနေနှင့် ကျောက်ယင်းကို မနာကျင်စေချင်ပေ။
မိန်းကလေးတိုင်းက သူတို့၏ချစ်သူကို အခြားမိန်းမများနှင့် ဝေမျှနေရခြင်းကို လက်မခံနိုင်ကြပေ။
ယဲ့ချန်းလည်း ကျောက်ယင်းကို သဘောကျပါသော်ငြား ဤချစ်ခြင်းမေတ္တာကို သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားရန်သာ တတ်နိုင်သည်။
ယဲ့ချန်းမှာ နေရခက်စွာ ပြုံးလိုက်သည်။
"မင်းသဘောကျတဲ့လူနဲ့ တွေ့ရင် လက်လွှတ်မခံနဲ့။ လိုက်သာလိုက်။ အားတင်းထား။ ကိုယ် မင်းကို ယုံတယ်!"
ယဲ့ချန်း၏အဖြေကို ကြားသောအခါ ကျောက်ယင်း ဒေါသထွက်လုမတတ်ပင်။
ဤငတုံးက သူူ(မ)ပြောနေသည့်လူက သူကိုယ်တိုင်ဖြစ်ကြောင်း မသိဘူးလား။
အစကမူ ကျောက်ယင်းသည် ဤအခွင့်အရေးကို အသုံးချပြီး ဝန်ခံဖို့ စီစဉ်ထားသော်လည်း ယခုမူ မဝံ့မရဲဖြစ်သွားရသည်။
ကျောက်ယင်းသည် ယောကျ်ားတစ်ယောက်ကို ချစ်ခွင့်ပန်ဖူးခြင်းမျိုးလည်း တစ်ခါမှမရှိပေ။
အကယ်၍ ပထမဆုံးအကြိမ် ချစ်ခွင့်ပန်လိုက်သည့်တိုင် အငြင်းခံလိုက်ရလျှင် အလွန်ရှက်ဖို့ကောင်းပေလိမ့်မည်။
ကျောက်ယင်း ရယ်လိုက်လေသည်။
"အချိန်ကျပြီ။ ပြိုင်ပွဲကွင်းကို အတူသွားရအောင်။ ဆိုင်ကယ်ပြိုင်ပွဲ စတော့မှာ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် သူတို့နှစ်ယောက်သား မြေအောက်ကားဂိုဒေါင်သို့ ရောက်လာကြသည်။
"ဝိုး.. ဒီဆိုင်ကယ်က အရမ်းလှတာပဲ။ ကျွန်မအကြိုက်ဆုံး သြဂတ်စတာကြီး"
ကားရပ်နားရာနေရာရှိ သြဂတ်စတာဆိုင်ကယ်ကို မြင်သောအခါ ကျောက်ယင်းတစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဘယ်လိုလဲ။ လှတယ်မလား"
"ဟုတ်တယ်။ ဒီဆိုင်ကယ်က ဘယ်သူ့ဟာလဲမသိဘူး"
ထိုအခိုက်တွင် ယဲ့ချန်းက သူ့လက်ထဲရှိသော့ကို လှုပ်ပြလိုက်သည်။
ကျောက်ယင်းလည်း ချက်ချင်းပင် ကြောင်အမ်းသွားသည်။
"ဒီဆိုင်ကယ်က ရှင့်ဟာလား"
"ဒါပေါ့။ လာ.. ကိုယ် မင်းကို ပတ်စီးရအောင် ခေါ်သွားပေးမယ်"
ယဲ့ချန်းနှင့် ကျောက်ယင်းတို့မှာ ဆိုင်ကယ်ဦးထုပ်များကို ဆောင်းလိုက်ကြသည်။
ဘရွန်း ဘရွန်း ဘရွန်း!
ကျောက်ယင်းက ယဲ့ချန်း၏ခါးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သောအခါ ဆိုင်ကယ်ကလည်း ဟိန်းဟောက်သံနှင့်အတူ ထွက်ခွာသွားလေတော့သည်။
ဤသည်မှာ ယဲ့ချန်းအတွက် ပထမဆုံးအကြိမ် ဆိုင်ကယ်စီးခြင်းပင်။
ဤဆိုင်ကယ်က သာမန်လူတစ်ယောက် ချက်ချင်းစီးနင်းနိုင်သည့်အရာ မဟုတ်ပေ။
ဤဆိုင်ကယ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကုမ္ပဏီမှာ နှစ်လကြာအောင် လေ့ကျင့်ရန်လိုအပ်သည်။
ယဲ့ချန်းကတော့ မတူပေ။ သူသည် နတ်ဘုရားအဆင့် ဆိုင်ကယ်စီးစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ဆိုင်ကယ်ပေါ်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ထိုအရာအားလုံး ပေါင်းစပ်သွားသည့်အလားပင်။
ဤအချိန်မှာ လူစည်ကားသောအချိန်ပင်။
လမ်းမများမှာလည်း ပိတ်ဆို့နေသည်။
သို့သော် အနက်ရောင်ဆိုင်ကယ်တစ်စီးကမူ လျှပ်စီးလက်သကဲ့သို့ ယာဉ်ကြောများကို ဖြတ်သန်းသွားသည်။
ယာဉ်ထိန်းရုံး၏ ဖန်သားပြင်ထက်တွင်...
ရဲအရာရှိတစ်ယောက်က လမ်းပေါ်ရှိ စောင့်ကြည့်ကင်မရာများကို ကြည့်ရှုနေသည်။
ရုတ်တရက်ဆိုသလိုပင် ဆိုင်ကယ်တစ်စီးက သူ့အာရုံကို ဖမ်းစားလိုက်သည်။
ကားများအားလုံးမှာ ဖြည်းဖြည်းချင်း ရွေ့လျားနေကြသော်လည်း ဤဆိုင်ကယ်ကတော့ ငါးတစ်ကောင်ကဲ့သို့ ကွေ့ပတ်မောင်းနှင်ပြီး ယာဉ်ကြောကို အလျင်အမြန်ဖြတ်ကျော်သွားသည်။
"ဒီဆိုင်ကယ်က အရှိန်လွန်မောင်းနှင်နေတာလားဆိုတာ စစ်ဆေးကြည့်လိုက်"
ထိုရဲအရာရှိက မျက်မှောင်ကြုတ်လိုက်လေသည်။
သူသည် ဤကဲ့သို့သော ဆိုင်ကယ်သမားများကို အမုန်းဆုံးပင်။
သန်းခေါင်ယံအချိန်တွင် ဤဆိုင်ကယ်သမားများမှာ မကြာခဏထွက်လာတတ်ပြီး လမ်းမထက်၌ ဆူညံတတ်ကြသည်။
သူတို့အနေနှင့် ဤပြဿနာအတွက် အထူးစစ်ဆင်ရေးများ မရေမတွက်နိုင်အောင် စီစဉ်ခဲ့သော်လည်း မဖြေရှင်းနိုင်သေးပေ။
"ဒါရိုက်တာလီ... ဒီဆိုင်ကယ်က အရှိန်လွန်ပြီးမောင်းနှင်တာမျိုး မရှိပါဘူး"
"ဘာ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဆိုင်ကယ်များမှာ ကားလိုမဟုတ်ပေ။ ဤလူသည် ဘယ်လိုလုပ်ပြီးတော့များ တစ်နာရီ မိုင်လေးဆယ်နှုန်းဖြင့် တစ်သမတ်တည်း ထိန်းချုပ်နိုင်မည်နည်း။
သို့သော် စစ်ဆေးပြီးနောက်တွင်မူ လူတိုင်း အံ့အားသင့်သွားကြရသည်။
ဤလူက အရှိန်ကို တစ်နာရီလျှင် မိုင်လေးဆယ်နှုန်းဖြင့် တစ်သမတ်တည်း ထိန်းချုပ်ထားနိုင်သည်မှာ အမှန်ပင်။
ဤလူ၏မောင်းနှင်မှုစွမ်းရည်က အံ့ဩစရာကောင်းပေသည်။
...
ယဲ့ချန်းလည်း မြို့တွင်းဧရိယာကို ဖြတ်ကျော်ပြီး ဆင်ခြေဖုံးဘက်သို့ ရောက်လာခဲ့သည်။
ဤတောင်ပေါ်လမ်းသည် တစ်ချိန်က စွန့်ပစ်ထားသော နေရာတစ်ခုဖြစ်သော်လည်း နောက်ပိုင်းတွင် ငှားရမ်းကာ ပြိုင်ပွဲကွင်းအဖြစ် ပြောင်းလဲခဲ့သည်။
ဤသည်မှာ ထိုဆိုင်ကယ်သမားများ၏ ပြိုင်ပွဲပြဿနာကို လျော့ပါးစေသည်။
လမ်းဘေးတွင် ဆိုင်ကယ်နှင့် ပြိုင်ကားအများအပြား ရောက်နေပြီဖြစ်၏။
ဘရွန်း ဘရွန်း ဘရွန်း!
အနက်ရောင်ဆိုင်ကယ်တစ်စီးက ထိုလူများ၏အနားမှ လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ဖြတ်သန်းသွားသည်။
"ဝိုး...ဒီဆိုင်ကယ်က အရမ်းမိုက်တာပဲ"
"ငါ အမြင်မှားနေတာလား၊ ဒါက နာမည်ကျော်သြဂတ်စတာကြီးနော်""
"အံ့ဩစရာပဲ။ ဒီဟာက တစ်ကမ္ဘာလုံးမှာ ဆယ်စီးပဲရှိတယ်လို့ ကြားဖူးတယ်"
"ဒီဆိုင်ကယ်က တောင်ပေါ်တက်တော့မယ်ထင်တယ်။ သွားကြည့်ရအောင်"
...
အစတုန်းက တောင်ခြေတွင်ရပ်ထားသော ထိုကားများမှာ ယဲ့ချန်း၏ဆိုင်ကယ်နောက်သို့လိုက်ကာ တောင်ပေါ်သို့ တက်လာကြသည်။
ယဲ့ချန်း၏ဆိုင်ကယ်က ရှေ့ဆုံးက ဦးဆောင်ပြီး အနောက်တွင်မူ ဆိုင်ကယ်နှင့် ပြိုင်ကားများက လိုက်လာကြသည်။
တချို့ကားများက ယဲ့ချန်း၏ဆိုင်ကယ်ကို ကျော်တက်ရန် ရည်ရွယ်ချက်ရှိရှိ အရှိန်မြှင့်လိုက်ကြသည်။
ယဲ့ချန်းကမူ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"တင်းတင်းကိုင်ထား။ ကိုယ် အရှိန်မြှင့်တော့မယ်"
ကျောက်ယင်းလည်း ယဲ့ချန်း၏ခါးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
ယဲ့ချန်းဘက်က အရှိန်မြှင့်လိုက်လေတော့သည်။
ဗရွန်း ဗရွန်း ဗရွန်း!
မော်တော်ဆိုင်ကယ်က အင်ဂျင်သံပေး၍ တောင်ထိပ်သို့ အရှိန်ပြင်းစွာ အပြင်းနှင်လေတော့သည်။
ဤဆိုင်ကယ်၏ အရှိန်တင်နှုန်းကား မယုံနိုင်လောက်အောင် ကောင်းမွန်လှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ချန်း၏ဆိုင်ကယ်က အနောက်ရှိ ကား၊ဆိုင်ကယ်များနှင့် အကွာကြီးကွာသွားလေသည်။
သို့သော် ဆိုင်ကယ်တစ်စင်း၏အရှိန်မှာ ကားနှင့်မတူချေ။
ထို့ကြောင့် ဤဆိုင်ကယ်က အမြင့်ဆုံးအရှိန်ကို တင်ထားလျှင်ပင် အနောက်ရှိ ကားများက တဖြည်းဖြည်းနီးကပ်လာသည်။
ကားမောင်းသူတစ်ယောက်က ရန်စလိုက်သည်။
"ကျစ် သာမန်ဆိုင်ကယ်လေးနဲ့ ငါ့ကို လာပြိုင်ရဲတယ်ပေါ့"
အရှေ့တွင် အကွေ့တစ်ခုရှိသည်။ ထို့ကြောင့် ပြိုင်ကားသမားက အရှိန်ကို အမြန်လျှော့ချလိုက်သည်။
သို့သော် သူ အံ့အားသင့်သွားရသည်မှာ အရှေ့ရှိ မော်တော်ဆိုင်ကယ်ကမူ အရှိန်ကို လုံးဝလျှော့ချခြင်းမရှိပေ။
"သောက်ကျိုးနည်း။ ဒီကောင် သေချင်နေတာလား"
ယခုလိုအကွေ့မျိုးမှာ အရှိန်မလျှော့ပါက တိုက်မိပြီး မီးလောင်သွားမည်မှာ သေချာသည်။
သို့သော် ယဲ့ချန်းက ဆိုင်ကယ်ကို သိသိသာသာစောင်းချလိုက်ပြီး အင်နာရှားကို အသုံးပြုလိုက်လေရာ ဆိုင်ကယ်က ဟိန်းဟောက်သံနှင့်အတူ အကွေ့ကို ဖြတ်ကျော်သွားသည်။
ယဲ့ချန်း၏အနောက်က ကပ်လိုက်နေသည့် ကားမောင်းသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သောက်ကျိုးနည်း..
မယုံနိုင်စရာပင်။
ယခုလိုနက်စောက်လှသည့် အကွေ့မျိုးကို မော်တော်ဆိုင်ကယ်မဆိုထားနှင့်။ ကားမောင်းသူများပင် မမောင်းရဲပေ။
နောက်တွင်ထိုင်နေသော ကျောက်ယင်းလည်း ကြောင်သွားရသည်။
အစောတုန်းက သူ(မ) လွင့်ထွက်သွားတော့မည်ဟုပင် ထင်ခဲ့မိသည်။
မျက်လုံးပြန်ဖွင့်လိုက်သောအခါ ယဲ့ချန်း၏ ဆိုင်ကယ်ပေါ်တွင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
ဆိုင်ကယ်ပေါ်တွင်ထိုင်နေရသည့် ကျောက်ယင်း၏ခံစားချက်က ဖော်ပြ၍မစွမ်းသာပေ။
ယခုအချိန်တွင် သူ(မ) ရိုလာကိုစတာစီးနေသလို ခံစားရသည်။
ဤသည်မှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
အကွေ့များစွာကို ဖြတ်သန်းပြီးနောက်တွင်မူ ယဲ့ချန်းကို လိုက်မီရန် ကြိုးစားနေသော ကားများနှင့် ဆိုင်ကယ်များမှာ အဝေးတွင် ကျန်ရစ်နေခဲ့တော့သည်။
••••••••••••••