← Chapters

ရေကန်ငယ်ထဲမှ နဂါး

Vol. 50 Ch. 693

ရေကန်ငယ်ထဲမှ နဂါး

Vol. 50 Ch. 693

"တင်၊ မသေမျိုးဘုံတက်လှမ်းခြင်းတာဝန် ပြီးမြောက်တဲ့အတွက် ဂုဏ်ပြုပါတယ်။ မသေမျိုးသူတော်စင် ဥပဒေစွမ်းအားသန်းသုံးဆယ်ကို ချီးမြှင့်လိုက်ပါပြီ။

နောက်တစ်စက္ကန့်တွင်ပင် စနစ်၏အသိပေးချက် ထွက်ပေါ်လာသည်။

"ငါ့ရဲ့ ကြိုးစားမှုတွေ အလကားမဖြစ်တာ တော်သေးတာပေါ့" ယဲ့ကျွင်းလင် သက်ပြင်းချလိုက်သည်။

မသေမျိုးသူတော်စင် ဥပဒေစွမ်းအားသန်းသုံးဆယ် ပိုင်ဆိုင်ခြင်းသည် သူအနာဂတ်တွင် စကြဝဠာအရှင်အဆင့်ဆီသို့ ထိုးဖောက်တက်ရောက်သည့်အခါ မဟာကောင်းကင် တာအိုသရဖူကို ရရှိလိမ့်မည်ဟု ဆိုလိုသည်။

ဦးဆောင်သူတစ်ဦးဖြစ်လာဖို့ မလွဲမသွေ အာမခံနိုင်ပေမည်။

ထိုအခိုက်အတန့်တွင် အခြားမသေမျိုးသူတော်စင် တစ်ဦးဦးသာ သူ့အတွေးများကို ကြားခဲ့ပါက ဒေါသတကြီး သွေးအန်ထွက်လောက်မည်လား၊ နေရာတွင်ပင် မေ့လဲသွားလောက်မည်လား၊ သူ့ကို အရှက်မရှိသူဟု ကျိန်ဆဲကြလောက်မည်လား မပြောတတ်။

မသေမျိုးသူတော်စင် အများစုမှာ သူတို့၏ တစ်သက်တာလုံး အချိန်ပေးကြိုးစားလျှင်တောင် သန်းဆယ်ဂဏန်းလောက်ထိ ထိုးဖောက်ဖို့ရာပင် ခက်ခဲကြရရှာပြီး ဤဘဝတွင် စကြဝဠာအရှင်ဖြစ်ဖို့ လမ်းမရှိတော့ဟု လက်ခံအားလျှော့လိုက်ကြရသည်က များ၏။

မသေမျိုးသူတော်စင် အနည်းစုသာလျှင် ဥပဒေစွမ်းအား သန်းဆယ်ဂဏန်းကျော်ထိ ကျင့်ကြံနိုင်ကြပြီး စကြဝဠာအရှင်တစ်ပါး ဖြစ်လာစေဖို့ ကနဦးအရည်အချင်း ပြည့်မီစေသည်။

ဥပဒေစွမ်းအား အရေအတွက် သန်းနှစ်ဆယ်ကို ထိုးဖောက်နိုင်ခြင်းသည် မသေမျိုးသူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ ချဉ်းကပ်လာခြင်းပင်။

ဥပဒေစွမ်းအား သန်းဆယ်ဂဏန်းကျော်သည်နှင့် သူတို့သည် ကျင့်ကြံဆင့်ဘက်ကိုသာ ပြန်လည်အာရုံစိုက်တိုးမြှင့်ကြပေတော့မည်။

အဘယ်ကြောင့်ဆိုသော် အရေအတွက် သန်းသုံးဆယ်အထိ ရောက်ရှိဖို့အတွက် ဖြစ်နိုင်ချေမှာ မရှိသလောက်နည်းပါးသောကြောင့်။

မည်သို့ပင်ဆိုစေ စကြဝဠာအရှင်ဘဝသို့ တက်ရောက်နိုင်ပြီးနောက် အလယ်ကောင်းကင် တာအိုသရဖူကို ပိုင်ဆိုင်နိုင်ခြင်းသည်ပင် သူတို့အတွက် စိတ်ကျေနပ်ဖွယ်ရှိလေပြီ။

ထို့ကြောင့် မသေမျိုးသူတော်စင်အဆင့်တွင် ဥပဒေစွမ်းအားကို အပြည့်အစုံထိ ကျင့်ကြံနိုင်ရန်မှာ သူတော်စင်အများစုအတွက် မရောက်နိုင်သော စိတ်ကူးယဥ်အိပ်မက်သာဖြစ်၏။

ယဲ့ကျွင်းလင်ဆိုသူကတော့ မသေမျိုးဘုံသို့ တစ်ကြိမ်တက်လှမ်းလိုက်ရုံမျှဖြင့် ဥပဒေစွမ်းအား သန်းသုံးဆယ်ကို လက်ဝယ်ရရှိခဲ့သည်။ မည်သူ မနာလိုမဖြစ်ဘဲ နေနိုင်မည်နည်း။

ထိုစဥ် စန်းလန်ကျွင်းက သတိကြီးစွာဖြင့် ကပ်မေးလာသည်။ "အကြီးအကဲယဲ့၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

ယဲ့ကျွင်းလင် ပခုံးတွန့်ပြပြီး အေးအေးဆေးဆေးသာ ပြောလိုက်သည်။

"ဘာဆက်လုပ်ရမှာလဲ ရှေ့ဆက်သွားရမှာပေါ့"

"ဟူး.. အခုချိန်မှာ ကျွန်တော်တို့ကို မသေမျိုးဘုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေ သတိပေးနိုင်မယ့် လူကောင်းတစ်ယောက်လောက်ရှိရင် ကောင်းမှာပဲ" စန်းလန်ကျွင်းက သက်ပြင်းချလိုက်သည်။

မရင်းနှီးသောနေရာကို ပထမဆုံးရောက်လာခြင်းကြောင့် သူတို့နှစ်ဦးလုံး ခေါင်းပြတ်ယင်ကောင်လေးများကဲ့သို့ သွားစရာမရှိဖြစ်နေကြလေပြီ။

ရုတ်တရတ် အဝေးမှ ပုံရိပ်များစွာသည် အလင်းတန်းကိုနင်းကာ ပျံသန်းရောက်ရှိပြီး ယဲ့ကျွင်းလင်နှင့် စန်းလန်ကျွင်း၏ ပတ်လည်တွင် ဆင်းသက်ကာ ဝိုင်းရံထားလိုက်ကြသည်။

ခေါင်းဆောင်ဖြစ်ဟန်တူသော အရပ်ရှည်ရှည်အမျိုးသားသည် လူဆိုးလူမိုက်မျက်နှာပေါက်ဖြင့် ခပ်ညစ်ညစ်ပြုံးလျက် ပြောသည်။

"ဟဲဟဲ၊ ခုနကပဲ ငါ ဒီအနီးနားမှာ ထူးခြားတဲ့ စွမ်းအင်လှုပ်ရှားမှုကို ခံစားလိုက်ရလို့ အသစ်တက်လှမ်းလာတဲ့သူဖြစ်မယ်လို့ တွက်ဆခဲ့တာ။ တကယ်မှန်နေတာပဲ။"

"အစ်ကိုပင်း၊ ဒီနှစ်ယောက်ကိုဖမ်းပြီး ကျွီးယန်ခံတပ်ကို ကျွန်အဖြစ်သုံးဖို့ ခေါ်သွားရအောင်"

"ဟုတ်တယ်၊ ခုမှ တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေဆို စစ်မှန်သောမသေမျိုးအဆင့်ပဲရှိဦးမှာ၊ ဘာမှခုခံနိုင်မှာမဟုတ်ဘူး"

ကျန်သူများကလည်း အားပေးထောက်ခံကြသည်။

သေချာပေါက် ဓားပြကျင့်ကြံသူများသာ ဖြစ်မည်မလွဲ။

ယဲ့ကျွင်းလင်မှာ စကားမပြောနိုင် ဖြစ်သွားရသည်။

မသေမျိုးဘုံက အသစ်တက်လှမ်းလာသူတွေအပေါ် ဒီလောက်တောင် ရန်လိုတတ်သလား။

ရောက်ရောက်ချင်းပဲ ကျွန်အဖြစ်ခိုင်းစားဖို့ ကြံစည်နေကြပြီလား။

ငါ မသေမျိုးသူတော်စင် ဖြစ်နေလို့ တော်သေးတာပေါ့...

စန်းလန်ကျွင်း၏ မျက်နှာအမူအရာမှာလည်း ထူးဆန်းနေသည်။ ဒီလူတွေတကယ်ပဲ မျက်စိရှင်ကြတာပါလား။ လူအများကြီးထဲမှ ငါတို့ကိုမှလာဖမ်းချင်ရတယ်လို့။

ဒါက ဆူးပါတဲ့သံပြားကို သက်သက်ကြီးသွားကန်နေတာပဲ မဟုတ်ဘူးလား။

"ဒီကိစ္စလေးကိုတော့ မင်းကိုပဲ လွှဲပေးလိုက်တော့မယ်" ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်သည်။

ဤဓားပြအုပ်စုတွင် အအားအကောင်းဆုံးက ဉာဏ်အလင်းမသေမျိုးအဆင့်သာရှိသည်။ သူကိုယ်တိုင် လှုပ်ရှားလိုက်မည်ဆိုလျှင် သိက္ခာကျချင်စရာပင်။

"ဟုတ်ကဲ့ပါ"

စန်းလန်ကျွင်းသည် လေးနက်သော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်နာခံပြီးနောက် ထိုအရပ်ရှည်ရှည်အမျိုးသားနှင့် အဖွဲ့ကို သနားသလို လှောင်ပြောင်ချင်သလို မျက်နှာထားတစ်မျိုးဖြင့် ကြည့်လိုက်သည်။

"အဘိုးကြီး၊ မင်းအကြည့်ကဘာသဘောလဲ၊ ငါ့ကို ဒေါသထွက်အောင် လာမလုပ်နဲ့၊ သူ့ မျက်လုံးတွေကို ဖောက်ထုတ်လိုက်ကြစမ်း" အရပ်ရှည်ရှည်အမျိုးသားက မကျေမနပ်ဖြစ်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

အုံး

ဓားပြနောက်လိုက်အဖွဲ့ လှုပ်ရှားရန်ပြင်နေသည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး သူတို့၏ခန္ဓာကိုယ်များကို ဖုံးလွှမ်းစိုးမိုးသွားသည်။

"ဘုရားရေ၊ မသေမျိုးဘုရင်လား"

လူတိုင်းမှာ ဦးရေပြားများ ပေါက်ကွဲလုနီးပါး တင်းကျပ်သွားရပြီး မယုံကြည်နိုင်သေးသော မျက်နှာများဖြင့် နှလုံးသည် ရင်ဘတ်ထဲမှပေါက်ထွက်တော့မည့်အလား တဒုန်းဒုန်းလှိုက်ခုန်လျက်။

စန်းလန်ကျွင်းသည် ကျင့်ကြံမှုစွမ်းအင်တစ်ခုတည်းဖြင့်ပင် တစ်ဖက်အဖွဲ့ကို ဦးကျိုးအောင်ဖိနှိပ်ထားနိုင်လိုက်ပြီဖြစ်၏။

ဘန်း၊ ဘန်း၊ ဘန်း၊ ဘန်း

ထိပ်တန်းမသေမျိုးဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် ကောင်းကင်မသေမျိုးအဆင့် ဓားပြကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သွေးမှုန်များအဖြစ်သို့ ပေါက်ကွဲထွက်ကုန်တော့၏။

နောက်ဆုံးတွင် ဉာဏ်အလင်းမသေမျိုး အဆင့်ရှိသော အရပ်ရှည်ရှည် ခေါင်းဆောင်အမျိုးသားသာ ကျန်ရစ်ခဲ့သည်။

ထိုအခိုက်တွင်တော့ သူသည် ယခင်ကလို မာနကြီးပြီး နိုင့်ထက်စီးနင်းလုပ်ချင်သော အသွင်အပြင်မျိုး မရှိတော့ပေ။ ထိုအစား တစ်ကိုယ်လုံးတုန်ယင်နေပြီး မျက်ရည်နှင့်နှာရည်များ မျက်နှာပေါ်တွင် ရောနှောစီးကျနေကာ ကြောက်ရွံ့မှုများဖြင့် ကောင်းကောင်းပင်မရပ်နိုင်ပဲ ကျန်ရှိသည်။ ရုပ်ပျက်ဆင်းပျက် နာနာဘာဝတစ်ကောင်ကို မြင်လိုက်ရသည့်အလား။

မည်သို့သောစကားလုံးမျိုးမှ ထိုသူ၏အကြောက်တရားကို ဖော်ပြနိုင်မည်မဟုတ်တော့။

တစ်ဖက်လူအား အသစ်တက်ရောက်လာသော မသေမျိုးအသစ်စက်စက်လေးဟု ထင်မှတ်ထားမိချိန်တွင် ရုတ်တရတ် မသေမျိုးဘုရင်ကျင့်ကြံဆင့်က ပေါက်ကွဲထွက်လာခဲ့သည်။

၎င်းသည် မြေပြင်ပေါ်ရှိ ဘောက်ဖတ်လေးတစ်ကောင်မှ ရုတ်တရက် ကောင်းကင်ကိုးထပ်တွင် ပျံဝဲမင်းမူနေသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့။

မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ်ပြီး တက်လှမ်းပြီးစမှာ ဒီလိုဆန်းပြားတဲ့ ကျင့်ကြံမှုမျိုး ရှိနေရတာလဲ။

အကယ်၍ ထိုအရပ်ရှည်ရှည်အမျိုးသားသာ ယဲ့ကျွင်းလင်၏ မည်သူမည်ဝါဖြစ်ကြောင်းနောက်ခံနှင့် မသေမျိုးသူတော်စင်ကျင့်ကြံဆင့်ကို သိရှိလိုက်ပါက နေရာတွင် မေ့လဲသွားလောက်မည်ပင်။

"အကြီးအကဲ၊ အသက်ချမ်းသာပေးပါ။ ကျွန်တော့်ရဲ့ မသိနားမလည်မှုကြောင့်ပါ" အရပ်ရှည်ရှည်အမျိုးသားမှာ တာအိုနှလုံးသားလည်း ကြံ့ကြံ့မခံနိုင် ပျက်စီးသွားလျက် အော်ဟစ်လိုက်သည်။

"ဒါဘယ်နေရာလဲ။ ငါ့ကို အမှန်အတိုင်းပြော"

စန်းလန်ကျွင်းက စွမ်းအင်ဖြင့် ထပ်ထပ်ဖိလျက် မေးလိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ပြုံးလိုက်သည်။

"ငါ့နှယ် မေ့နေလိုက်တာ သူ့ဝိညာဥ်ကိုချုပ်ကိုင်ရှာဖွေလိုက်လို့ရတာပဲ"

ထို့နောက် သူသည် လက်လှမ်းကာ တစ်ဖက်လူ၏ ဦးခေါင်းပေါ်တွင် တင်လိုက်သည်။

ထို့နောက် ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်ရှာဖွေမှုခြင်းကျင့်စဥ်ကို စတင်လိုက်သည်။

"အား..." ထိုအမျိုးသားသည် ဦးနှောက်ကို စုပ်ယူနေသကဲ့သို့ ခံစားချက်ဖြင့် မျက်လုံးများက တဖြည်းဖြည်းအပေါ်လန်သွားက ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရတုန်ယင်နေသည်။

"ဒီလိုကိုး၊ ဟင်း"

အချက်အလက်အားလုံးကို ရရှိပြီးနောက် စန်းလန်ကျွင်းသည် ရွံရှာသော အမူအရာဖြင့် အင်္ကျီလက်ကို တစ်ချက်ခါလိုက်ရာ ထိုအမျိုးသားမှာ ချက်ချင်းပြာမှုန်ဖြစ်သွားပြီး လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားသည်။

ဝိညာဉ်ရှာဖွေမှုမှတစ်ဆင့် စန်းလန်ကျွင်းသည် ထိုသူပြုခဲ့သောမကောင်းမှုများနှင့် အရပ်သားများကို စိတ်ရောကိုယ်ပါ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ဒေသတွင်း၌ ကြီးမားသောဘေးအန္တရာယ်များစွာ ဖြစ်ပေါ်စေခဲ့ခြင်း စသည်ဖြင့် အလုံးစုံမြင်ယောင်မိလိုက်သောကြောင့် ချက်ချင်းရှင်းလင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် သူသည် မသေမျိုးဘုံနှင့် ပတ်သက်သော အချက်အလက်များစွာကိုလည်း သိရှိခဲ့ရသည်။

All Chapters