မရည်ရွယ်ပါဘူးကွာ
Vol. 50 Ch. 699
ယဲ့ကျွင်းလင်- "???"
ဒီလောက် နက်နဲဆန်းကြယ်တဲ့ ဟန်ဆောင်မှုတွေ လုပ်ပြီးမှ ဒီလိုကြီးအဆုံးသတ်လိုက်ရသလား။
စန်းလန်ကျွင်းက ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။
"ဟမ့်၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီကံကြမ္မာဟောသူတွေထဲက တစ်ယောက်မှ အားကိုးလို့မရဘူး။ သူတို့က ပြပွဲကောင်းကောင်းလေး လုပ်ပြရုံလောက်ပဲတတ်နိုင်တာ"
သူ့အမြင်တွင်တော့ ထျန်းကျိဇီ၏ ယဲ့ကျွင်းလင်မှာ သွေးကပ်ဘေးရှိနေတယ် ဟူသောစကားက ရယ်စရာဟာသတစ်ခုထက်မပို။
ဤလူငယ်သည် ခွင်းလွင်ကမ္ဘာ၏ ရန်သူအားလုံးကို ရှုံးပွဲမရှိရင်ဆိုင်ခဲ့သော မကြုံစဖူး ခွန်အားထူးသူဖြစ်၏။
သူ့အသက်ကို အန္တရာယ်ပေးနိုင်လောက်မည့် ခြိမ်းခြောက်မှုမျိုး လုံးဝမရှိနိုင်။
သွေးကပ်ဘေးတဲ့လား။ အဓိပ္ပာယ်ကိုမရှိတာ။
သို့သော် ထိုအခိုက်အတန့်တွင် ထျန်းကျိဇီတစ်ယောက် မည်မျှ ထိတ်လန့်နေကြောင်း မည်သူမှနားမလည်လောက်။
သူ၏အကြည့်သည် ယဲ့ကျွင်းလင်ဘက်သို့ မလွှဲတမ်းစူးစိုက်နေကာ နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ကပ်ဘေးကိုဆောင်ကျဥ်းလာသော နတ်ဘုရားတစ်ပါးအား ကြည့်နေသည့်အလား။
အခြားကျင့်ကြံသူများ၏ အမြင်တွင် ထျန်းကျိဇီသည် တတ်ယောင်ကား ဟန်လုပ်ပြနေသော နိမိတ်ဖတ်သူ၊ ညံ့ဖျင်းသော ကံကြမ္မာဟောသူတစ်ဦးသာ ဖြစ်သည်။
တကယ်တမ်းတော့ သူ၏အရည်အချင်းမှာလည်း လျှော့တွက်စရာမဟုတ်။
ထျန်းကျိဇီသည် အလုပ်စတင်တာမကြာသေး၍ နာမည်မရသေးရုံသာဖြစ်၏။
တကယ်တမ်း သူ့တွင် စစ်မှန်သော ကံကြမ္မာဟောစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။
ထျန်းကျိဇီသည် ယဲ့ကျွင်းလင်၏အနာဂတ်ကို နိမိတ်ဖတ်နေချိန်တွင် သူ့တစ်သက် တစ်ခါမျှမမြင်ဖူးသော ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် ပုံရိပ်တစ်ခု ဖြစ်ပြီး ထိုသူ၏ ဒေါသအလျှံ တငြီးငြီးတောက်လောင်နေသော မီးလျှံများသည် ဖက်ပြည်နယ်တစ်ခုလုံးကို လောင်ကျွမ်းပြာကျ၍ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများကို ညှင်းဆဲသတ်ဖြတ်ရန် ရောက်ရှိလာသကဲ့သို့။
ဤအရာအားလုံး၏ နောက်ကွယ်ရှိ အကြောင်းရင်းမှာ သူ့မျက်စိရှေ့မှ ဆံဖြူလူငယ်သာဖြစ်၏။
ဒါကို သွေးအမှောင်ကပ်ဘေးလို့မခေါ်ရင် တခြားဘယ်လိုခေါ်ရဦးမှာလဲ။
ထျန်းကျိဇီသည် ကံကောင်းလို့မှ ဖောက်သည်တစ်ဦး ရရှိလိုက်ချိန်တွင် ထိုဖောက်သည်သည် ဤမျှဆိုးရွားသောကံကြမ္မာကြီးကို သယ်ဆောင်လာမည့်သူဖြစ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့မိ။
ဘယ်လို အပြစ်ကြွေးမျိုးလဲ။
"သခင်လေး၊ ထမင်းဝဝစာ ရေများများသောက်ထားပါ။ ခင်ဗျားမှာ အချိန်သိပ်မကျန်တော့ဘူးရယ်..."
ထျန်းကျိဇီသည် စိတ်ကောင်းလေးထားပြီး အကြံပေးလိုက်သည်။
"အမ်"
ယဲ့ကျွင်းလင်၏ နဖူးကြောများ အထပ်လိုက်တွန့်တက်သွားခဲ့သည်။
ဒီလူ ရူးနေတာလား။
ဒီလိုနဲ့ တစ်ရက်ကျ နိမိတ်ဟောရင်းအရိုက်ခံပြီး သေသွားမှာမကြောက်ဘူးလား။
"တကယ့်လူလိမ်အကြီးစားပဲ" ယဲ့ကျွင်းလင်သည် ခေါင်းခါယမ်းလိုက်ပြီး ပျင်းရိသွားဟန်ဖြင့် ထျန်းကျိဇီဘေးမှ ဖြတ်လျှောက်သွားလိုက်တော့၏။
"ငါတို့နောက်ဆက်မလိုက်နဲ့"
စန်းလန်ကျွင်းသည် ထျန်းကျိဇီကို ခပ်တင်းတင်းကြည့်ကာ သူတို့ကို ထပ်မံအနှောင့်အယှမပေးရန် သတိပေးလိုက်သည်။
လူငယ်လေး၏ကျောပြင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ထျန်းကျိဇီသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ "အင်း၊ သေခါနီးလူတွေကို အကြံပေးရတာလည်း ခက်ခဲတယ်လေ။ အနည်းဆုံး ငါပြောနိုင်တာ အကုန်ပြောခဲ့ပြီးပြီ၊ ကျန်တာသူ့ကံပဲ"
ထို့နောက် မကြာခင်ရင်ဆိုင်ရတော့မည့် ဘေးအန္တရာယ်ကို စဉ်းစားမိသောအခါ ထျန်းကျိဇီသည် သူ၏ဆိုင်ခန်းငယ်ကို အမြန်ထုပ်ပိုး၍ ဤအန္တရာယ်များသောနေရာမှ အမြန်ထွက်သွားဖို့ စီစဥ်လိုက်တော့၏။
ထိုပဋိပက္ခကြား သူကြားဝင်မညပ်လို။
"တခြားသူတွေရဲ့ သေခြင်းရှင်ခြင်းက ငါနဲ့ဘာဆိုင်လဲ။ ကိုယ့်အသက်ကို ကယ်တင်နိုင်ရင် တော်ပြီပေါ့။ အရမ်းနောက်မကျလောက်ဘူးလို့ မျှော်လင့်ပါတယ်"
ထို့နောက် လမ်းတစ်လျှောက်ရှိ ကျင့်ကြံသူများ၏ အထူးတဆန်းအကြည့်များအောက်တွင် ထျန်းကျိဇီသည် လမ်းမပေါ်၌ ရူးသွပ်စွာပြေးလွှားလျက် အသက်လုထွက်ပြေးသွားလေတော့၏။
အဝေးတစ်နေရာ၌ စန်းလန်ကျွင်းက ဒေါသတကြီး ပြောလိုက်သည်။
"အကြီးအကဲယဲ့၊ ခုနက ကံကြမ္မာဟောသူက တော်တော်ကျက်သရေတုံးတာပဲ။ ကျွန်တော် စဉ်းစားလေလေ ပိုဒေါသထွက်လေပဲ။ ပြန်သွားပြီး မှတ်လောက်သားလောက်အောင် နည်းနည်းရိုက်လိုက်ရမလား။"
ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့်ဆို၏။ "မလိုအပ်ပါဘူး။ သူလည်း အသက်မွေးဝမ်းကျောင်း လုပ်နေရုံပါပဲ"
"အကြီးအကဲယဲ့က စိတ်သဘောထားကျယ်ပြန့်တယ်။ ကျွန်တော်ကသာ စိတ်ဓာတ်သိမ်ဖျင်းတာပါ" စန်းလန်ကျွင်းမှာ အနည်းငယ်ရှက်ရွံ့သွားဟန်ရှိ၏။
"ဟင်၊ နဂါးဂိတ်တံခါး တည်းခိုခန်းလား"
ရုတ်တရက် ယဲ့ကျွင်းလင်၏အကြည့်သည် အနီးအနားရှိ တည်းခိုခန်းတစ်ခုဆီသို့ ဆိုက်ရောက်သွားသည်။ ရင်းနှီးသော တည်းခိုခန်းပုံစံနှင့် နာမည်ကိုကြည့်ရင်း သူ၏အမူအရာမှာ အတော်လေးအံ့အားသင့်နေဟန်။
ခွင်းလွင်ကမ္ဘာ၏ အရှေ့ပိုင်းဒေသတွင် သူတို့ဆရာတပည့်အဖွဲ့သည် နဂါးဂိတ်တံခါး တည်းခိုခန်းတွင် တစ်ကြိမ်တည်းခိုခဲ့ဖူးကြောင်း သူမှတ်မိသည်။ ထိုညတွင် သူတို့သည် ပြင်ပဂြိုဟ်သားမျိုးနွယ်များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရပြီး ဆေးဘုရင်ချိုင့်ဝှမ်းမဖွင့်မီ တစ်ပွဲတစ်လမ်း နွှဲခဲ့ရသေးသည်ကော။
မသေမျိုးဘုံသို့ ရောက်လာပြီးနောက် ဤရင်းနှီးသော တည်းခိုခန်းကို တစ်ပုံစံတည်း ပြန်တွေ့ရမည်ဟု မည်သူက စိတ်ကူးမိမည်နည်း။
ယဲ့ကျွင်းလင်သည် နဂါးဂိတ်တံခါး တည်းခိုခန်းသည် မသေမျိုးဘုံသို့ ဆိုင်ခွဲတိုးချဲ့ထားပြီးဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
"အကြီးအကဲယဲ့၊ ဒီတည်းခိုခန်းက ဘာဖြစ်လို့လဲ" စန်းလန်ကျွင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ငါအထဲဝင်ပြီး တစ်ခုခုစားချင်ရုံပါပဲ" ယဲ့ကျွင်းလင်က ပြုံးလိုက်သည်။
နဂါးဂိတ်တံခါး တည်းခိုခန်းထဲသို့ ဝင်ရောက်လာသော ယဲ့ကျွင်းလင်သည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ထပ်တည်းတူညီသော အပြင်အဆင်က သူ့ကို ထူးဆန်းသော ရင်းနှီးမှုခံစားချက်အား ပေးစွမ်းနေခဲ့သည်။
အတိတ်မှဖြစ်ရပ်များကိုပင် ပြန်လည်အောက်မေ့မိလျက်။
"သခင်လေး၊ အစားအသောက်အတွက် ရပ်နားတာပါလား ဒါမှမဟုတ် ညအိပ်တည်းခိုတာပါလား" ဆိုင်အကူသည် အလျင်အမြန် ပြေးလာပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြိုဆိုလေသည်။
"အစားအသောက်ပါပဲ"
ယဲ့ကျွင်းလင်သည် ပေါ့ပေါ့ပါးပါး ထိုင်ခုံတစ်နေရာကို ရှာလိုက်ပြီးနောက် မီနူးကို ကောက်ယူကာ ဈေးအကြီးဆုံး ဟင်းပွဲအချို့ကို ရွေးချယ်လိုက်သည်။
ဆိုင်အကူက ဟင်းပွဲစာရင်းလက်ခံရရှိပြီး အပြုံးကပို၍ပင်တောက်ပလာသည်။ "သခင်လေး၊ ခဏစောင့်ပါ"
ယဲ့ကျွင်းလင်သည် တည်ငြိမ်စွာ ထိုင်နေရင်း လက်ချောင်းများက စားပွဲကို ညင်သာစွာတီးခေါက်လျက်။
ယခင်တည်းခိုခန်းတွင် သူရှိနေသော်လည်း သူ့တပည့်လေးများက ဘေးမှရှိမနေခဲ့ပေ။ ရုတ်တရတ် လွမ်းဆွတ်သောခံစားချက်က သူ့ရင်ထဲတိုးဝင်လာခဲ့သည်။
ခဏအကြာတွင် ဟင်းပွဲများအားလုံး စားပွဲပေါ်ရောက်လာပြီး ယဲ့ကျွင်းလင်နှင့် စန်းလန်ကျွင်းတို့ စတင် စားသောက်ကြသည်။
"အင်း ဒီအသားပြားက တော်တော်မွှေးတာပဲ"
"ဟုတ်တယ်၊ ဒီအဘိုးကြီး တစ်သက်လုံးစားခဲ့ဖူးသမျှ အသားတွေထဲ အရသာအရှိဆုံးပဲဂ
သူတို့နှစ်ဦး မနေနိုင်မထိုင်နိုင် မှတ်ချက်ပေးမိကြသည်။
ဆိုင်အကူက ရယ်မောလိုက်သည်။
"ဧည့်သည်တို့ကတော့ နောက်တော့မယ်။ ဒီပန်းကန်ထဲက ခွေးသားက ကောင်းကင်ခွေးမျိုးနွယ်က လာတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပရော်ဖက်ရှင်နယ် မသေမျိုးစားဖိုမှူးက ချက်ပြုတ်ထားတာပဲ။ ဘယ်လိုလုပ် မမွှေးဘဲနေမလဲ"