လွှမ်းမိုးနိုင်သော စွမ်းအား
Vol. 28 Ch. 416
~"ကြောက်... ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအား... အစ်ကိုထျန်းယီက တကယ်ပဲ ပညာဝှက်ထားတာပဲ"
ရွှေရှန်းသည် မျက်တောင်မခတ်တမ်း ကြည့်ရင်း ရေရွတ်လိုက်မိသည်။
အရင်တုန်းကသာ တစ်ယောက်ယောက်က ထျန်းယွမ်ဘုံ ဆဌမအလွှာက သတ္တမအလွှာကို ယှဉ်နိုင်တယ်လို့ လာပြောရင် ရွှေရှန်းတစ်ယောက် ခေါင်းခါ ငြင်းမိမှာ သေချာသည်။ သို့သော် ယခု ကိုယ်တိုင် မြင်တွေ့လိုက်ရမှ လောကကြီးမှာ မယုံနိုင်စရာ ပါရမီရှင်တွေ ရှိနေပါလား ဆိုတာကို လက်ခံလိုက်ရတော့၏။
တိမ်ပြာ နန်းတော်သခင်၏ တိုက်ခိုက်မှုများက ပိုမို မြန်ဆန်ပြင်းထန်လာသော်လည်း၊ တဖြည်းဖြည်းနှင့် အရေးနိမ့်လာနေသည်။ လျိုချင်းယန်၏ ထိုးစစ်က ပို၍ ကြမ်းတမ်းလာသလို၊ အမြန်နှုန်းကလည်း ပို၍ အံ့မခန်း ဖြစ်လာလေသည်။ နောက်ဆုံးတွင် နန်းတော်သခင်ခမျာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်အထိ ဖြစ်သွားရရှာသည်။
"ဘုန်း ဘုန်း ဘုန်း"
လျိုချင်းယန်၏ လက်သီးချက်များက နန်းတော်သခင်၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ကျရောက်သွားသည်။ နန်းတော်သခင်သည် နောက်သို့ တရွတ်တိုက် ဆုတ်ခွာရင်း နောက်ဆုံးတွင် လွင့်စင်ထွက်သွားတော့သည်။
"တိမ်ပြာ နန်းတော်သခင်... ခင်ဗျားရဲ့ စွမ်းအားက ဒီလောက်ပဲလား..."
လျိုချင်းယန်က မျက်နှာသေဖြင့် မေးလိုက်သည်။
နန်းတော်သခင်၏ မျက်နှာကြီးမှာ သံပုရာသီး စားထားသကဲ့သို့ ရှုံ့မဲ့သွားပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေလေသည်။
"မင်း မောက်မာလှချည်လား"
"ခင်ဗျားရဲ့ စွမ်းအားက ဒီလောက်ပဲ ဆိုရင်တော့... လက်လျှော့လိုက်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော် တိမ်ပြာ နန်းတော်နဲ့ ရန်ငြိုးမဖွဲ့ချင်ပါဘူး..."
လျိုချင်းယန်က အေးဆေးစွာ ပြောလိုက်သည်။
နန်းတော်သခင်ကို လက်လျှော့ဖို့ အကြံပေးရဲသည်အထိ လျိုချင်းယန်က သတ္တိကောင်းလှသည်။
အစောပိုင်းကသာ ဆိုလျှင် လျိုချင်းယန်၏ စကားကြောင့် ဂိုဏ်းသားများ ဝိုင်းဆဲကြမည် ဖြစ်သော်လည်း၊ ယခုအချိန်တွင်မူ မည်သူမျှ အသံမထွက်ရဲကြတော့ချေ။
"တိတ်စမ်း"
နန်းတော်သခင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူသည် လက်နှစ်ဖက်ဖြင့် သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ရေခဲစွမ်းအားများ စုစည်းလာလေသည်။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ ရှောင်ယောင် ရေခဲခုတ်ချက်"
နန်းတော်သခင်၏ အော်ဟစ်သံနှင့်အတူ သူ၏ လက်ထဲတွင် စုစည်းထားသော ရေခဲစွမ်းအားများကို ဝှေ့ယမ်းကာ ပစ်လွှတ်လိုက်သည်။ ကြီးမားသော ရေခဲစွမ်းအင် ဓားချက်ကြီးတစ်ခုသည် ကမ္ဘာမြေကြီးကို တုန်ခါသွားစေမည့် အရှိန်အဟုန်ဖြင့် လျိုချင်းယန်ဆီသို့ ပြေးဝင်သွားလေသည်။
ထိုစွမ်းအားကြီးကို မြင်လိုက်ရသော ဂိုဏ်းသားများမှာ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။
သို့သော် လျိုချင်းယန်ကမူ မျက်တောင်တစ်ချက် မခတ်ပေ။
သူသည် ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ညှိုးတစ်ချောင်း ထောင်လိုက်သည်။ လက်ညှိုးထိပ်တွင် ကြောက်မက်ဖွယ် စွမ်းအားများ စုစည်းလာ၏။
"ဖျက်ဆီးခြင်း အလင်းတန်း"
လျိုချင်းယန်၏ အသံနိမ့်နိမ့်လေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လက်ညှိုးထိပ်မှ စူးရှသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာလေသည်။
"မြေ... မြေကမ္ဘာအဆင့် သိုင်းပညာ"
နန်းတော်သခင် မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
"တကယ်ကြီး မြေကမ္ဘာအဆင့်ပါလား"
အကြီးအကဲများနှင့် ခေါင်းဆောင်ပိုင်းများလည်း အာမေဍိတ်သံများ ထွက်ကုန်ကြသည်။
"ရွှစ်.."
"ဝှစ်... ဝှစ်.."
လက်ညှိုးထိပ်မှ ပစ်လွှတ်လိုက်သော လက်မောင်းလုံးခန့် ရှိသည့် အပြာရောင် အလင်းတန်းကြီးသည် လေထုကို ထိုးခွဲကာ ရေခဲဓားချက်ဆီသို့ တိုးဝင်သွားလေသည်။
"ဘုန်း ဘုန်း ဘုန်း"
"အဟွတ်"
"ဝုန်း.. ဝုန်း.."
မျက်တောင်တစ်ခတ် အတွင်းမှာပင် အလင်းတန်းကြီးသည် ရေခဲဓားချက်ကို ဖောက်ထွင်းပစ်လိုက်သည်။ ပေါက်ကွဲသံကြီးက တိမ်ပြာ နန်းတော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေ၏။ ပေါက်ကွဲမှု၏ အရှိန်ကြောင့် နန်းတော်သခင်သည် သွေးအန်ကာ နောက်သို့ လွင့်စင်သွားရရှာသည်။
'ကြမ်းတမ်းလိုက်တဲ့ စွမ်းအား...'
နန်းတော်သခင်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ဝင်ရောက်လာသည်။ ထိပ်တိုက်တွေ့ဆုံလိုက်သည့် ခဏမှာပင် လျိုချင်းယန်၏ စွမ်းအားသည် သူ ခံနိုင်ရည်ရှိသည့် အတိုင်းအတာထက် များစွာ ကျော်လွန်နေကြောင်း သိလိုက်ရလေသည်။
"နန်းတော်သခင်"
ဂိုဏ်းသားများအားလုံး မျက်နှာပျက်သွားကြသည်။ သူတို့၏ နန်းတော်သခင်ကြီးက လျိုချင်းယန်ကို မယှဉ်နိုင်ဘူးတဲ့လား။
"ကြောက်စရာ ကောင်းလိုက်တာ..."
ရွှေရှန်းသည် လျိုချင်းယန်ကို ဘုရားသခင် တစ်ပါးအလား ကြည်ညိုစွာ ကြည့်နေမိသည်။
နန်းတော်သခင်သည် မီတာ တစ်ထောင်ခန့် လွင့်စင်သွားပြီးမှ အရှိန်ထိန်းကာ ရပ်တန့်နိုင်ခဲ့သည်။ သို့သော် ဒဏ်ရာ အတော်လေး ရသွားခဲ့ပြီ ဖြစ်သည်။
"ဒီကောင်လေးက... ဒီလောက် စွမ်းအားကြီးတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
နန်းတော်သခင်သည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။ ဆဌမအလွှာ အဆင့်ရှိသော လူငယ်လေးတစ်ယောက်က ဤမျှ စွမ်းအားကြီးနေခြင်းမှာ သဘာဝမကျလွန်းလှပေ။
လျိုချင်းယန်မှာမူ နန်းတော်သခင်၏ တိုက်ခိုက်မှုကြောင့် ခြစ်ရာတစ်ခုမျှပင် မရခဲ့ချေ။
"နန်းတော်သခင်... ခင်ဗျား ရှုံးပါပြီ။ မြို့တော်ဝန်ကို ပြန်လွှတ်ပေးလိုက်ပါ..."
လျိုချင်းယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
နန်းတော်သခင်၏ မျက်နှာထား မည်းမှောင်သွားသည်။ ဂိုဏ်းသား အများအပြား၏ ရှေ့မှောက်တွင် ကလေးတစ်ယောက်ကို ရှုံးနိမ့်ရခြင်းက သူ့အတွက် အကြီးမားဆုံး အရှက်ကွဲမှုပင်။ ဒီကိစ္စကို ဒီအတိုင်း ပြီးသွားခွင့် မပေးနိုင်။
လျိုချင်းယန်ကို မသတ်ရဘဲနှင့် သူ ကျေနပ်မည် မဟုတ်။
"တိမ်ပြာ သုံးခွလှံ"
နန်းတော်သခင်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အပြာရောင် သုံးခွလှံရှည်ကြီး တစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ ၎င်းသည် အလယ်အလတ် အဆင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်ပြီး၊ ကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
လက်နက်ကို ကိုင်ဆောင်လိုက်သည်နှင့် နန်းတော်သခင်၏ စွမ်းအားသည် ထျန်းယွမ်ဘုံ အဋ္ဌမအလွှာနှင့် နီးကပ်သည်အထိ မြင့်တက်သွားတော့သည်။
ဒဏ်ရာရထားခြင်းက သူ့ကို သက်ရောက်မှု မရှိတော့သကဲ့သို့ပင်။
"ကောင်လေး... ငါ့ကို အနိုင်ယူဖို့ ဒီလောက် လွယ်မယ် ထင်နေလား"
နန်းတော်သခင်က အံကြိတ်ကာ ပြောလိုက်သည်။
"တိမ်ပြာ သုံးခွလှံ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက်ပဲ"
"နန်းတော်သခင်က အစွမ်းကုန် ထုတ်သုံးတော့မယ်"
"နန်းတော်သခင်ရဲ့ လှံသိုင်းက အရမ်းကောင်းတယ်... ထျန်းယွမ်ဘုံ သတ္တမအလွှာ အဆင့်တူတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး"
ဂိုဏ်းသားများ၏ မျက်နှာတွင် မျှော်လင့်ချက် ရောင်ခြည်များ ပြန်လည် သန်းလာကြသည်။
နန်းတော်သခင် လက်မလျှော့သေးသည်ကို မြင်သောအခါ လျိုချင်းယန် ခေါင်းခါလိုက်သည်။
"နန်းတော်သခင်... ခင်ဗျား ကျွန်တော့်ကို မနိုင်ပါဘူး။ ကျွန်တော် ပြောခဲ့သလိုပဲ... တိမ်ပြာ နန်းတော်နဲ့ ရန်သူ မဖြစ်ချင်ပါဘူး။ မြို့တော်ဝန်ကို ပြန်လွှတ်ပေးလိုက်ရင် ပြီးပါပြီ။ ဒါပေမဲ့ ခင်ဗျား ဆက်ပြီး မိုက်မဲနေမယ် ဆိုရင်တော့... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့..."
"လေကြီးလိုက်တာ"
နန်းတော်သခင်က ဒေါသတကြီး ပြန်ပက်လိုက်သည်။
"ဝီ... ဝီ..."
နန်းတော်သခင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သုံးခွလှံထဲသို့ စီးဝင်သွားသည်။ လှံရှည်ကြီးသည် စူးရှသော အပြာရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါသွားစေ၏။
"နက်နဲခြင်းအဆင့် အဆင့်မြင့် လှံသိုင်းပညာ ၊ ယင်ယန် ချန်ခွင်း လှံ"
ပြင်းထန်သော အော်ဟစ်သံနှင့်အတူ နန်းတော်သခင်သည် လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး အားကုန် လွှဲရမ်းလိုက်သည်။
"ရွှစ်.."
"ဝီ... ဝီ..."
မီတာ ဆယ်ဂဏန်းခန့် ရှည်လျားသော အပြာရောင် လှံအလင်းတန်းကြီးသည် လေထုကို ခွင်းလျက် လျိုချင်းယန်ဆီသို့ တိုးဝင်လာလေသည်။
"အစ်ကိုထျန်းယီ... သတိထားပါ"
ရွှေရှန်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
လျိုချင်းယန်၏ မျက်နှာထားကတော့ ပြောင်းလဲခြင်း မရှိ။ သူသည် လေထဲသို့ လက်လှမ်းလိုက်ရာ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက် ဓားရှည်တစ်ချောင်း ဘွားခနဲ ပေါ်လာသည်။ လျိုချင်းယန်၏ အရှိန်အဝါသည်လည်း ချက်ချင်း မြင့်တက်သွား၏။
"ယင်ယန် လျန်ရိ ဓားသိုင်းပညာ ယင်ယန် ရှစ်မျက်နှာ ဖျက်ဆီးခြင်း"
လျိုချင်းယန်သည် 'အစစ်အမှန်ယွမ်' ကို ဓားထဲသို့ စီးဝင်စေလိုက်သည်။ ဓားသွားပေါ်မှ အပြာရောင် အလင်းတန်းများ ဖြာထွက်လာပြီး ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော ဓားအရှိန်အဝါများ ထွက်ပေါ်လာသည်။
ယခုအချိန်တွင် လျိုချင်းယန်၏ စွမ်းအားသည် နန်းတော်သခင်ထက် သာလွန်သွားပြီ ဖြစ်ပြီး၊ ထျန်းယွမ်ဘုံ အဋ္ဌမအလွှာနှင့် ယှဉ်တူနေပြီ ဖြစ်သည်။
"မြေ... မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းပညာ ၊ အဋ္ဌမအလွှာရဲ့ စွမ်းအား"
နန်းတော်သခင် မျက်နှာပျက်သွားပြန်သည်။
"သူ့မှာ မြေကမ္ဘာအဆင့် ဓားသိုင်း ရှိတယ်"
အကြီးအကဲ သုံးဦးလည်း ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။
"ရွှစ်.."
"ဝုန်း.. ဝုန်း.."
လျိုချင်းယန်သည် ဓားကို ဝှေ့ယမ်းလိုက်ရာ မီတာ ဆယ်ဂဏန်းခန့် ရှည်လျားသော ဓားအလင်းတန်းကြီး ပေါက်ကွဲထွက်ပေါ်လာသည်။ လေထုတစ်ခုလုံး ပင်လယ်လှိုင်းများအလား တုန်ခါသွားရ၏။
ကောင်းကင်ကို လွှမ်းခြုံသွားသော ဓားအလင်းတန်းကြီးကို ကြည့်ရင်း နန်းတော်သခင် တစ်ကိုယ်လုံး တုန်ရီလာသည်။
'သူ... သူက တကယ်တမ်း ဘယ်သူလဲ...'
နန်းတော်သခင်၏ ရင်ထဲတွင် မေးခွန်းပေါင်းများစွာနှင့်အတူ အကြောက်တရားများ ပြည့်နှက်လာလေသည်။
"ဘုန်း ဘုန်း ဘုန်း"
"အဟွတ်"
"ဝီ... ဝီ..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားအလင်းတန်းနှင့် လှံအလင်းတန်းတို့ ထိပ်တိုက် တွေ့ဆုံကာ ပေါက်ကွဲသွားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် တိမ်ပြာ နန်းတော်နှင့် ပတ်ဝန်းကျင် တောင်တန်းများကိုပါ တုန်ခါသွားစေ၏။
ပေါက်ကွဲမှု၏ အရှိန်ကြောင့် နန်းတော်သခင်သည် သွေးအန်ကာ စွန်ပြတ်တစ်ကောင်အလား လွင့်စင်ထွက်သွားရရှာသည်။
"နန်းတော်သခင်"
အကြီးအကဲများနှင့် ဂိုဏ်းသားများ အားလုံး ထိတ်လန့်တုန်လှုပ် သွားကြသည်။
သူတို့၏ အားကိုးရသော နန်းတော်သခင်ကြီးက လျိုချင်းယန်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု အိပ်မက်၌ပင် မမက်ဖူးခဲ့ကြ။ သို့သော် ယခုတော့ လျိုချင်းယန်၏ ဓားချက်တစ်ချက်တည်းဖြင့် အလဲလဲအပြိုပြို ဖြစ်သွားခဲ့ရချေပြီ။
နန်းတော်သခင်၏ လှံအလင်းတန်းသည် လျိုချင်းယန်၏ ဓားချက်ကို မယှဉ်နိုင်ခဲ့ပေ။ လျိုချင်းယန်၏ ဓားချက်က နန်းတော်သခင်ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့သည်။
လျိုချင်းယန်၏ စွမ်းအားသည် နန်းတော်သခင်ထက် အဆပေါင်းများစွာ သာလွန်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်တော့သည်။