← Chapters

ဖန်ရှောင်ယွင်၏ ဇဝေဇဝါ

Vol. 28 Ch. 417

ဖန်ရှောင်ယွင်၏ ဇဝေဇဝါ

Vol. 28 Ch. 417

~တိမ်ပြာ နန်းတော် ကွင်းပြင်ကျယ်ထဲတွင် အကြီးအကဲချုပ်သည် ဒဏ်ရာအပြင်းအထန် ရထားသော နန်းတော်သခင်ကို တွဲထူထားရင်း လေပေါ်မှ ဆင်းသက်လာသော လျိုချင်းယန်ကို စိုးရိမ်တကြီး ကြည့်နေလေသည်။

လျိုချင်းယန်၏ မြင့်မားလှသော စွမ်းအားက သူတို့၏ မျှော်လင့်ချက် အားလုံးကို ရိုက်ချိုးပစ်ခဲ့လေ၏။

"နန်းတော်သခင်... ခင်ဗျား ဆက်မတိုက်နိုင်တော့ဘူး။ ရှုံးပြီဆိုတာ လက်ခံလိုက်ပါတော့... လူကို ပြန်လွှတ်ပေးတော့မလား..."

လျိုချင်းယန်က အေးဆေးစွာ မေးလိုက်သည်။

နန်းတော်သခင်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေပြီး အသက်ကို မနည်းရှူနေရသည်။

"လွှတ်... လွှတ်ပေးလိုက်ပါ..." သူ ခက်ခက်ခဲခဲ အမိန့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် နန်းတော်သခင်..."

လျိုချင်းယန်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်သည်။

မကြာမီမှာပင် ဂိုဏ်းသားတစ်ယောက်က ဒဏ်ရာများနှင့် ဖြစ်နေသော ဆံပင်ဖြူ အဘိုးအိုတစ်ဦးကို တွဲခေါ်လာလေသည်။ ထိုသူမှာ ကျောက်စိမ်းမြို့ မြို့တော်ဝန်ပင် ဖြစ်၏။

ရိုက်နှက်ခံထားရသော်လည်း အသက်အန္တရာယ်တော့ မရှိပေ။

"မြို့တော်ဝန်"

ရွှေရှန်း အပြေးသွားလိုက်သည်။

"ရွှေရှန်း... မင်း ဘယ်လိုရောက်လာတာလဲ..."

မြို့တော်ဝန် အံ့ဩတကြီး မေးလိုက်သည်။

"ကျွန်တော်နဲ့ အစ်ကိုထျန်းယီ လာကယ်တာပါ"

ရွှေရှန်းက ဝမ်းသာအားရ ပြောလိုက်သည်။

"ထျန်းယီ... ဟုတ်လား... မင်း သတိရလာပြီပေါ့..."

မြို့တော်ဝန်သည် လျိုချင်းယန်ကို ကြည့်ပြီး အံ့ဩဝမ်းသာ ဖြစ်သွားသည်။

"မြို့တော်ဝန်... အစ်ကိုထျန်းယီက တကယ်ကို တော်တာဗျ... နန်းတော်သခင်တောင် သူ့ကို မနိုင်ဘူး"

ရွှေရှန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ဘာ... နန်းတော်သခင်ကို နိုင်တယ် ဟုတ်လား"

မြို့တော်ဝန် မျက်လုံးပြူးသွားသည်။ သူက ကျင့်ကြံခြင်း နိမ့်သော်လည်း နန်းတော်သခင် ဘယ်လောက် စွမ်းအားကြီးမှန်း ကောင်းကောင်း သိသည်။ ဒီလောက် ငယ်ရွယ်တဲ့ လူငယ်လေးက နန်းတော်သခင်ကို နိုင်တယ်ဆိုတာ ယုံနိုင်စရာ မရှိ။

ဒါပေမဲ့ နန်းတော်သခင်၏ ဒဏ်ရာများကို မြင်လိုက်ရသောအခါ မယုံချင်လည်း ယုံလိုက်ရတော့သည်။

"ကျေးဇူးတင်ပါတယ် လူလေးရယ်..."

မြို့တော်ဝန်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။

"ရပါတယ် မြို့တော်ဝန်..."

လျိုချင်းယန် ပြုံးပြလိုက်သည်။ ဦးလေးချင်းတို့ သားအဖသာ သူ့ကို မကယ်ခဲ့ရင် သူ သေနေလောက်ပြီ မဟုတ်လား။ ဒါက ကျေးဇူးဆပ်ခြင်း သက်သက်ပါပဲ။

"ကဲ... ပြန်ကြစို့"

သူတို့သုံးဦး တိမ်ပြာ နန်းတော်မှ ထွက်ခွာသွားကြသည်။ မည်သူမျှ တားရဲသူ မရှိကြ။

ထိုအချိန်တွင်... အနီးနားရှိ တောင်ထိပ်တစ်ခုပေါ်မှ လူတစ်ယောက်က သူတို့ကို လှမ်းကြည့်နေလေသည်။

"ဟင်... ဒါ ဖုန်းဝူချန်နဲ့ ပါလာတဲ့ ကောင်လေး မလား... သူက ဝိညာဉ်ပြတ် တောင်ကြားထဲ ပါသွားတာ မဟုတ်ဘူးလား... ဘာလို့ ဒီနေရာ ရောက်နေတာလဲ..."

ထိုလူ မျက်မှောင်ကြုတ်လိုက်သည်။

"ဖုန်းဝူချန်တို့ အဖွဲ့ ပြန်ထွက်သွားကြပြီလား... မဖြစ်နိုင်တာ... အထွက်ပေါက်တွေကို ငါတို့လူတွေ စောင့်နေတာပဲ... သူတို့ မသိဘဲ ထွက်သွားလို့ မရဘူး..."

"ဒါမှမဟုတ်... ဖုန်းဝူချန်မှာ ထူးဆန်းတဲ့ ကိုယ်ဖော့ပညာ ရှိနေတာလား... ဂိုဏ်းချုပ်လေးကို အမြန် သွားသတင်းပို့မှ ဖြစ်မယ်"

ထိုလူသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

တိမ်ပြာ နန်းတော် အတွင်း၌...၊

"နန်းတော်သခင်... ဒီကောင်လေးကို ဒီတိုင်း လွှတ်ပေးလိုက်တော့မှာလား"အကြီးတန်း ဂိုဏ်းသားတစ်ယောက်က မကျေမနပ် ပြောလိုက်သည်။

တပ်မှူးကြီးကလည်း ဒေါသတကြီး ထောက်ခံသည်။

"ဟုတ်တယ်... လုံးဝ လွှတ်ပေးလို့ မဖြစ်ဘူး သူက ငါတို့ နန်းတော်ကို လုံးဝ အထင်သေးသွားပြီ"

အကြီးအကဲတစ်ဦးက ခေါင်းခါရင်း ၊

"ဒီကောင်လေးရဲ့ စွမ်းအားကို မင်းတို့ မြင်တယ်မလား... နန်းတော်သခင်တောင် မယှဉ်နိုင်တာ... မင်းတို့က ဘာလုပ်ချင်လို့လဲ..."

"ပြီးတော့... သူက အားကုန် ထုတ်သုံးသွားတာ ဟုတ်ပုံမရဘူး..."

ဒုတိယ အကြီးအကဲက ဖြည့်စွက်ပြောလိုက်ရာ အားလုံး မျက်နှာပျက်သွားကြသည်။

နန်းတော်သခင်ကို အနိုင်ယူတာတောင် အားကုန် မသုံးရသေးဘူး ဆိုတော့... ဒီကောင်လေးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ။

"ဒါပေမဲ့... ကျောက်စိမ်းမြို့က 'ဝိညာဉ်ကျောက်ကြော' ငါတို့အတွက် အရမ်း အရေးကြီးတယ်လေ... လက်လွှတ်လိုက်လို့ မဖြစ်ဘူး"

တပ်မှူးကြီးက မလျှော့တမ်း ပြောနေသည်။

"ဝိညာဉ်ကျောက်ကြော..."

နန်းတော်သခင်၏ မျက်နှာထား မည်းမှောင်သွားသည်။

သူလည်း လိုချင်တာပေါ့။ သို့သော်၊ လျိုချင်းယန် ရှိနေသရွေ့ မလွယ်ကူလှ။

သူတောင် မနိုင်တာ... တခြား ဘယ်သူက ယှဉ်နိုင်မည်နည်း။ ထပ်ပြီး သွားရန်စလျှင် နန်းတော်တစ်ခုလုံး ပျက်စီးသွားနိုင်လေသည်။

နန်းတော်သခင် ဘာမှ ပြန်မပြောဘဲ ခန်းမထဲသို့ ဝင်သွား၏။ သူ့စိတ်ထဲတွင် ဘာတွေ တွေးနေလဲ မည်သူမျှ မသိနိုင်ပါ။

အကြီးအကဲချုပ်က ဂိုဏ်းသားများကို လူစုခွဲလိုက်သည်။

...

လျိုချင်းယန်တို့ မြို့တော်ဝန်ကို ကယ်လာနိုင်သည့် သတင်းကြောင့် ကျောက်စိမ်းမြို့ တစ်မြို့လုံး ပျော်ပွဲရွှင်ပွဲ ဖြစ်သွားကြ၏။

ရွှေရှန်းက လျိုချင်းယန်၏ စွမ်းဆောင်ရည်များကို ပိုပိုသာသာနှင့် ဖောက်သည်ချလေရာ ရွာသားများ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြလေသည်။

အတိတ်မေ့နေသော လျိုချင်းယန်သည် သွားစရာ နေရာမရှိသဖြင့် ကျောက်စိမ်းမြို့၌ပင် ဆက်လက် နေထိုင်နေလိုက်၏။

...

ထျန်းယွဲ့ဂိုဏ်း နန်းတော်...၊

"ဂိုဏ်းချုပ်လေး၊ သတင်းထူးပါဗျ"

အိုးယန်သည် ခန်းမထဲသို့ အပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ဖန်ရှောင်ယွင်သည် ကျင့်ကြံနေရာမှ မျက်လုံးဖွင့်လိုက်သည်။

"ဖုန်းဝူချန် သတင်းလား..."

"ဖုန်းဝူချန်တော့ မဟုတ်ဘူး ခင်ဗျ... ဒါပေမဲ့ ကျွန်တော် ပြန်လာတုန်း လမ်းမှာ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက ဖုန်းဝူချန်ရဲ့ အဖွဲ့ထဲက တစ်ယောက်ပဲ။ ပုံမှန်ဆို သူက ဝိညာဉ်ပြတ် တောင်ကြားထဲမှာ ရှိနေရမှာ... ဒါပေမဲ့ သူက အပြင်ရောက်နေတယ်။ ဆိုတော့... ဖုန်းဝူချန်တို့ အဖွဲ့ ပြန်ထွက်လာကြပြီလို့ ထင်ပါတယ်..."

"ဘယ်သူလဲ... ဘယ်မှာ တွေ့ခဲ့တာလဲ..." ဖန်ရှောင်ယွင် မျက်ခုံးပင့်လိုက်သည်။

"ဘယ်သူလဲတော့ မသိဘူး... ဒါပေမဲ့ ဖုန်းဝူချန်ရဲ့ သူငယ်ချင်း ဆိုတာတော့ သေချာတယ်။ တိမ်ပြာ နန်းတော်မှာ တွေ့ခဲ့တာ... သူက နန်းတော်သခင်ကိုတောင် အနိုင်ယူသွားတယ်တဲ့... ထျန်းယွမ်ဘုံ ဆဌမအလွှာ အဆင့် ရှိတယ်..."

"တိမ်ပြာ နန်းတော်..."

ဖန်ရှောင်ယွင် စဉ်းစားခန်း ဝင်သွားရသည်။

"မဖြစ်နိုင်ဘူး... ဖုန်းဝူချန်တို့ ပြန်ထွက်လာရင်တောင် အဲ့ဒီဖက်ကို သွားစရာ အကြောင်းမရှိဘူး... ပြီးတော့ တစ်ယောက်တည်း... နေပါဦး... ဟိုကောင်များလား..."

"ဘယ်သူ့ကို ဆိုလိုတာလဲ… ဂိုဏ်းချုပ်လေး..."

"ကျွန်တော် သတ်လိုက်တဲ့ ကောင်လေ... နာမည်က ချင်းယန်... ဒါပေမဲ့ သူက သေသွားပြီပဲ... အသက်ရှင်နေစရာ အကြောင်းမရှိဘူး..."

ဖန်ရှောင်ယွင် ခေါင်းခါလိုက်သည်။ သူ့လက်ချက်နှင့် သေသွားသည့် လူက ပြန်ရှင်လာစရာ အကြောင်းမရှိပေ။

"ဂိုဏ်းချုပ်လေး သတ်လိုက်တဲ့ လူက ဘယ်သူလဲတော့ ကျွန်တော် မသိပါဘူး... ဒါပေမဲ့ သူတို့က အဲ့ဒီလူကို 'ထျန်းယီ' လို့ ခေါ်ကြတယ်..."

"ထျန်းယီ..."

ဖန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်၏။

"အိုးယန်... ခင်ဗျား ကိုယ်တိုင်သွားပြီး စုံစမ်းကြည့်။ သတိတော့ထား... မြွေကို ခြောက်သလို မဖြစ်စေနဲ့..."

"ဟုတ်ကဲ့ပါ"

အိုးယန် ထွက်ခွာသွားပြီးနောက် ဖန်ရှောင်ယွင် တစ်ယောက်တည်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

"မဖြစ်နိုင်ပါဘူး... ထျန်းယီ ဆိုတာ ချင်းယန် မဟုတ်ပါဘူး... ငါ့လက်ချက်နဲ့ သေသွားတဲ့လူက ပြန်ရှင်လာစရာ အကြောင်းမရှိဘူး... လုံးဝ မဖြစ်နိုင်ဘူး..."

ဖန်ရှောင်ယွင် သူ့ကိုယ်သူ ပြန်လည် ဖြေသိမ့်နေမိသည်။ သို့သော် သူ့စိတ်ထဲတွင်တော့ သံသယ အရိပ်အယောင်များ ကြီးထွားလာနေလေတော့သည်။

All Chapters