← Chapters

ငါ သနားတတ်လွန်းနေတာလား

Vol. 28 Ch. 420

ငါ သနားတတ်လွန်းနေတာလား

Vol. 28 Ch. 420

~"မယုံနိုင်စရာပဲ... တစ်လတည်းနဲ့ မင်းရဲ့ စွမ်းအားတွေ ဒီလောက်ထိ တိုးတက်လာတာလား..."

ဒဏ်ရာ အပြင်းအထန် ရထားသည့် ကောင်းကင်ဝံပုလွေသည် ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

"ရွှစ်.."

"ဘုန်း"

ကောင်းကင်ဝံပုလွေ၏ စကားပင် မဆုံးလိုက်၊ အမည်းရောင် အရိပ်တစ်ခု ကောင်းကင်မှ ပျံဝဲလာပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။

"ကျားသစ် ညီလေး"

ကောင်းကင်ဝံပုလွေ မျက်နှာပျက်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်မိသည်။

"ဆောရီး... နည်းနည်း လက်လွန်သွားတယ်... သူက ဒီလောက် ပျော့မယ် မထင်ထားလို့..."

ပေတိုယန်သည် လေပေါ်မှ အေးဆေးစွာ ဆင်းသက်လာပြီး အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ကောင်းကင်ကျားတွင် အသက်ရှူသံ မရှိတော့ပေ။ ပေတိုယန်၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရလေပြီ။

ဖုန်းဝူချန်၏ အမိန့်ကို ပေတိုယန်က လုံးဝ လိုက်နာခဲ့သည်။

"လူသတ်သမား ငှားပြီး သတ်ခိုင်းတယ် ဆိုတော့... ဘယ်သူက ခိုင်းတာလဲ သိချင်သားပဲ..." ပေတိုယန်က မေးလိုက်သည်။

"မေးနေရင် အချိန်ကုန်တယ်... သူ့ကံကြမ္မာက ဘာဖြစ်မလဲဆိုတာ သူကိုယ်တိုင် သိနေပြီးသားပဲ"

ဖုန်းဝူချန်က ဂရုမစိုက်စွာ ပြောလိုက်ပြီး ကောင်းကင်ဝံပုလွေဆီသို့ တိုးဝင်သွားလေသည်။

"ဖုန်းဝူချန်... မင်း ငါ့ကို တကယ် သတ်နိုင်မယ် ထင်နေလား"

ကောင်းကင်ဝံပုလွေက ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် အဆောင်လက်ဖွဲ့ တစ်ခု ဘွားခနဲ ပေါ်လာသည်။

"ဒီနေ့ ကိစ္စကို ငါ မှတ်ထားမယ်... တစ်နေ့ကျရင် ဆယ်ဆ ပြန်ပေးဆပ်စေရမယ်"

"ရွှစ်.."

ဖုန်းဝူချန် ရောက်လာပြီး 'နဂါးနတ်ဘုရား ဓား' ဖြင့် လှီးဖြတ်လိုက်သော်လည်း ကောင်းကင်ဝံပုလွေ၏ ခန္ဓာကိုယ်သည် ဝိုးတဝါး ဖြစ်သွားပြီး အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဓားချက် လွဲသွားခဲ့၏။

ကောင်းကင်ဝံပုလွေ လွတ်မြောက်သွားပြီး ကောင်းကင်ကျား၏ အလောင်းသာ ကျန်ရစ်ခဲ့သည်။

"ဆေးဧကရာဇ်... သူ ထွက်ပြေးသွားပြီလားဗျ..."

ပေတိုယန်က ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုရင်း မေးလိုက်သည်။ ကောင်းကင်ဝံပုလွေ၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့တော့။

"အံ့ဩစရာ ကောင်းလိုက်တဲ့ ကိုယ်ဖော့ပညာပဲ... အရှိန်အဝါတောင် မကျန်ခဲ့ဘူး" ဖုန်းဝူချန် ရေရွတ်လိုက်မိသည်။

"ဟုတ်တယ်... ကျွန်တော်လည်း အာရုံမခံနိုင်ဘူး..."

ပေတိုယန် မျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်သေးဘူး... ဒါ ကိုယ်ဖော့သိုင်း မဟုတ်ဘူး" ဖုန်းဝူချန် ပြောလိုက်သည်။

သူသည် ကောင်းကင်ဝံပုလွေ ပျောက်ကွယ်သွားသည့် နေရာကို ကြည့်လိုက်ရာ ထူးဆန်းသော 'အင်းကွက်' တစ်ခုကို တွေ့လိုက်ရသည်။

"ဒါ 'ထွက်ပြေးခြင်း အင်းကွက်'ပဲ"

"အင်းကွက် ဟုတ်လား..." ပေတိုယန် အံ့ဩသွားသည်။

"ဒီကုန်းမြေတိုက်ကြီးပေါ်မှာ ဆေးပညာရှင်၊ လက်နက်ပညာရှင်၊ ပန်းပဲဆရာတွေအပြင် 'အင်းကွက်ပညာရှင်' တွေလည်း ရှိတယ်။ သူတို့က တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ အမြန်နှုန်းနဲ့ ကိုယ်ပျောက်တာတွေအထိ လုပ်နိုင်တဲ့ အင်းကွက်တွေကို ဖန်တီးနိုင်တယ်။ ဒါက အဲ့ဒီအထဲက တစ်ခုပဲ..."

ဖုန်းဝူချန် ရှင်းပြလိုက်သည်။

"ဪ... နားလည်ပါပြီ..." ပေတိုယန် ခေါင်းညိတ်လိုက်သည်။

"ထွက်ပြေးတဲ့ အင်းကွက်တွေက သာမန်ပါပဲ... ကောင်းကင်ဘုံမှာ မရှိပေမဲ့ ကုန်းမြေတိုက်ကြီးပေါ်မှာတော့ အများကြီး ရှိတယ်..."

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ပြောရင်း ဓားကို ပြန်သိမ်းလိုက်သည်။

"ဆေးဧကရာဇ်က အင်းကွက်ပညာရှင်လည်း ဟုတ်နေတာလား..."

ပေတိုယန်က ထပ်မေးလိုက်ခြင်းပါ။

ဖုန်းဝူချန်က ပြုံးရုံသာ ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။

'ဆေးဧကရာဇ်က တကယ့်ကို ကြောက်စရာ ကောင်းတာပဲ... ဆေးပညာ၊ လက်နက်ပညာ၊ ပန်းပဲပညာ၊ အခု အင်းကွက်ပညာပါ တတ်နေတယ်ဆိုတော့... သူက ပါရမီရှင် အစစ်ပဲ...'

ပေတိုယန် စိတ်ထဲတွင် ကြောက်ရွံ့လေးစားသွားမိသည်။ ပေတိုမိသားစု အနေဖြင့် ဖုန်းဝူချန်နှင့် မိတ်ဆွေ ဖြစ်ခွင့်ရခြင်းကို ကံကောင်းသည်ဟု မှတ်ယူရမည်။ မဟုတ်လျှင် မျိုးဖြုတ်သတ်ဖြတ်ခံရမည်မှာ သေချာလေ၏။

သွေးကန်ရှိရာသို့ ပြန်ရောက်သောအခါ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်တလင်းခါနေသည်ကို တွေ့လိုက်ရသည်။ သွေးကန်ကြီးလည်း ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့ရလေ၏။

သို့သော် ကြမ်းတမ်းသော စွမ်းအားများကတော့ ရှိနေဆဲပင်။

"အားလုံး အဆင်ပြေကြရဲ့လား..." ဖုန်းဝူချန်က မေးလိုက်သည်။

"ပြေပါတယ်... လန်ယွဲ့က ကျွန်မတို့ကို ကယ်ဖို့ သူ့စွမ်းအားတွေ အကုန်သုံးလိုက်ရလို့ ဒဏ်ရာ ပြင်းထန်သွားတာကလွဲရင် ကျန်တာ အဆင်ပြေပါတယ်..." မြောင်ချင်းချင်းက ဖြေလိုက်သည်။

"ဗိမာန်သခင်... ဟိုကောင်တွေကို သတ်လိုက်ပြီလားဗျ..." ချီဟွမ်က အံကြိတ်ကာ မေးလိုက်သည်။

"တစ်ယောက်သေပြီး တစ်ယောက် လွတ်သွားတယ်..." ပေတိုယန်က ဖြေလိုက်သည်။

"အားလုံး... ကျင့်ကြံခြင်းကို ပြန်အာရုံစိုက်ကြပါ.. ဒီရှေးဟောင်း စွမ်းအားတွေကို စုပ်ယူဖို့က မလွယ်ပါဘူး..."

ဖုန်းဝူချန်က သတိပေးလိုက်သည်။

သူ ထိုင်ချလိုက်ပြီး ခုနက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာကို လှမ်းကြည့်လိုက်သည်။

'နှစ်တစ်ရာ ဝိညာဉ်စမ်းရေ အနံ့ ရနေသလိုပဲ... ပြီးတော့ ရွှမ်းမင် ဆေးလုံး အနံ့လည်း ရနေတယ်... ဒီကောင်တွေ နောက်ကွယ်မှာ အကြီးကြီး ရှိပုံရတယ်...'

ဖုန်းဝူချန် ဆက်မတွေးတော့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုက်တော့သည်။

...

တိမ်ပြာ နန်းတော် ခန်းမဆောင်...။

ယနေ့ တိမ်ပြာ နန်းတော်သို့ ဧည့်သည်ထူး တစ်ဦး ရောက်ရှိနေသည်။

ထိုသူမှာ နန်းတော်သခင်၏ ဆရာတူ အစ်ကို လီယွင်ရှန် ပင် ဖြစ်သည်။

"ထျန်းယွမ်ဘုံ ဆဌမအလွှာ လူငယ်လေး တစ်ယောက်က ဒီလောက် စွမ်းအားကြီးတယ် ဟုတ်လား..."

လီယွင်ရှန် အံ့ဩသွားသည်။

"ဟုတ်တယ် အစ်ကို... အဲ့ဒီကောင်လေးသာ ဝင်မရှုပ်ရင် ကျောက်စိမ်းမြို့က ဝိညာဉ်ကျောက်ကြောကို ကျွန်တော်တို့ ရပြီးသား... ကျွန်တော်လည်း မတတ်သာတော့လို့ အစ်ကိုကို အကူအညီ တောင်းရတာပါ..."

နန်းတော်သခင်က ရှင်းပြလိုက်သည်။

"အစ်ကိုသာ ကူညီမယ် ဆိုရင်တော့ အဲ့ဒီကောင်လေးကို သတ်ဖို့က ထမင်းစား ရေသောက်သလောက် လွယ်သွားမှာပါ... ဝိညာဉ်ကျောက်ကြော ရရင် အစ်ကိုလည်း ဒီမှာပဲ နေပြီး ကျင့်ကြံလို့ ရတာပေါ့..."

လီယွင်ရှန် ခေါင်းညိတ်လိုက်သည်။

"ထျန်းယွမ်ဘုံ အဋ္ဌမအလွှာနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားဆိုတော့... မဆိုးပါဘူး..."

"အစ်ကိုက 'ကောင်းကင်ဘုံ လူသား' အဆင့် ရောက်နေပြီပဲ... သူ့ကို သတ်ဖို့က လက်ဖဝါးလှန်သလို လွယ်မှာပါ"

နန်းတော်သခင်က အံကြိတ်ကာ ပြောလိုက်သည်။ လူငယ်လေးတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရသည့် အဖြစ်ကို တွေးမိတိုင်း ရင်ထဲတွင် မီးဟုန်းဟုန်း တောက်လောင်နေလေသည်။

လီယွင်ရှန်က အေးစက်စွာ ပြောလိုက်တော့သည်။

"ကျောက်စိမ်းမြို့ကို သွားကြမယ်... အဲ့ဒီကောင်လေး ဘယ်လောက် စွမ်းလဲ ကြည့်ရသေးတာပေါ့..."

နန်းတော်သခင်နှင့် အကြီးအကဲများ ဝမ်းသာသွားကြ၏။

'ကောင်းကင်ဘုံ လူသား' အဆင့် ဆိုသည့် နာမည်တစ်ခုတည်းနှင့်ပင် လူတိုင်းကို ကြောက်ရွံ့စေနိုင်သည် မဟုတ်ပါလော။

...

ထျန်းယွဲ့ဂိုဏ်း နန်းတော်...။

အိုးယန်သည် ဖန်ရှောင်ယွင်ထံသို့ ရောက်ရှိလာသည်။

"ဂိုဏ်းချုပ်လေး... စုံစမ်းလို့ ရပါပြီ..."

"ပြောပါ..."

"ထျန်းယီ ဆိုတဲ့လူကို ကျောက်စိမ်းမြို့က ဦးလေးချင်း ဆိုတဲ့လူက 'ချင်း' မြစ်ထဲမှာ ကယ်ဆယ်ခဲ့တာပါ... ထျန်းယီ ဆိုတဲ့ နာမည်က ဦးလေးချင်းရဲ့ သမီး ပေးထားတာပါ... ပြီးတော့ သူက အတိတ်မေ့နေပါတယ်..."

"ချင်းမြစ် …အတိတ်မေ့"

ဖန်ရှောင်ယွင် အနည်းငယ် တုန်လှုပ်သွားသည်။

"ချင်းမြစ် ဆိုတာ ကောင်းကင်မြစ်ရဲ့ လက်တက်တစ်ခုပဲ... ပြီးတော့ အတိတ်မေ့နေတယ် ဆိုတော့... ဒီကောင်က လျိုချင်းယန် သေချာသလောက် ရှိနေပြီ"

"ဒီကောင် အသက်ပြင်းသားပဲ... ငါ့လက်ဝါးချက် မိထားတာတောင် မသေသေးဘူး..."

ဖန်ရှောင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသည်။

"ဂိုဏ်းချုပ်လေး... အခုပဲ သွားသတ်လိုက်ရမလား..."

"မလိုဘူး... ဖြည်းဖြည်းပေါ့... ဖုန်းဝူချန်က အသက်ရှင်နေသေးရင် ပိုကောင်းမယ်... ကျွန်တော် သူ့ကို ..လက်ဆောင်ကြီး ပေးချင်လို့..."

ဖန်ရှောင်ယွင်က ရက်စက်သော အပြုံးဖြင့် ပြောလိုက်၏။

"ငါနဲ့လိုက်ခဲ့... ကျောက်စိမ်းမြို့ကို သွားကြမယ်..."

ထိုအချိန်တွင်... ကျောက်စိမ်းမြို့သည် အန္တရာယ်ကြီး တစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

တိမ်ပြာ နန်းတော်သခင်၊ အကြီးအကဲ သုံးဦးနှင့် လီယွင်ရှန်တို့ ရောက်ရှိနေကြပြီ ဖြစ်၏။

"မင်းက ထျန်းယီ ဆိုတဲ့ကောင်လား..."

လီယွင်ရှန်က လျိုချင်းယန်ကို အကဲခတ်ရင်း မေးလိုက်သည်။

"ကောင်းကင်ဘုံ လူသား အဆင့်"

လျိုချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။

"အစ်ကိုထျန်းယီ... ဒီအဘိုးကြီးရဲ့ အရှိန်အဝါက အစ်ကို့ထက်တောင် ပိုကြောက်စရာ ကောင်းနေတယ်... ဘယ်လိုလုပ်ကြမလဲ..." ရွှေရှန်း ထိတ်လန့်တကြား မေးလိုက်သည်။

"မြို့တော်ဝန်... ဦးလေးချင်း... အားလုံးကို ခေါ်ပြီး မြန်မြန် ပြေးကြတော့... ကျွန်တော် သူတို့ကို ထိန်းထားလိုက်မယ်"

လျိုချင်းယန်က လေးနက်စွာ ပြောလိုက်သည်။

"သွားကြ.. အားလုံး မြန်မြန်သွားကြတော့"

မြို့တော်ဝန်က ချက်ချင်း အမိန့်ပေးလိုက်သည်။ သူတို့ နေခဲ့လျှ။င် လျိုချင်းယန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာ ရှိမည် မဟုတ်ပါလော။

"တပ်မှူးကြီး... သူတို့ကို တားထား တစ်ယောက်မှ အလွတ်မပေးနဲ့"

နန်းတော်သခင်က အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

တပ်မှူးကြီးက ချက်ချင်း ပြေးထွက်သွားသည်။

လျိုချင်းယန်၏ မျက်နှာထား မည်းမှောင်သွားသည်။ သူသည် တပ်မှူးကြီးကို စူးစိုက်ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ လွှတ်ထုတ်လိုက်သည်။

"ငါ သနားတတ်လွန်းနေတာလား…”

All Chapters