← Chapters

နှုတ်ပိတ်ခံရတော့မှာလား

Vol. 75 Ch. 1478

နှုတ်ပိတ်ခံရတော့မှာလား

Vol. 75 Ch. 1478

~ယွီဖုန်းရှန်းလည်း အလျင်အမြန် တည်ငြိမ်အောင် နေလိုက်ပြီး၊ အလေးအနက် ပြောလိုက်သည်။

"ဆရာယဲ့... အားမနာပါနဲ့။ ကျွန်မ လုပ်ပေးနိုင်တာရှိရင် ဘာမဆို ပြောပါ"

ယဲ့ဖန်သည် သူ၏ တန်ဖိုးရှိမှုကို သူမမြင်အောင် လုံလောက်စွာ သက်သေပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူမသည် ယဲ့ဖန်၏ နှုတ်မှ အကူအညီတောင်းခံလာမည့် စကားကို စောင့်မျှော်နေခြင်း ဖြစ်၏။

ကူညီရုံမျှမက... သူ့စိတ်ကျေနပ်စေရန်အတွက် အတူအိပ်စက်ခြင်း ကိစ္စမှ လွဲ၍ ကျန်သည့် မည်သို့သော တောင်းဆိုမှုကိုမဆို သူမ ဖြည့်ဆည်းပေးနိုင်လေသည်။

သို့သော် ယဲ့ဖန်တွင်မူ ထိုကဲ့သို့သော စိတ်ကူးမျိုး မရှိသေးချေ။ ရှိခဲ့လျှင်ပင် ယခုကဲ့သို့ အချိန်အခါမျိုး၌ ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သည်မှာ အသေအချာပင်။

"ကျွန်တော် လိုချင်တာက... ကျင်းရှန်းတို့အဖွဲ့ ရှုံးသွားတဲ့ သတင်းကို ဥက္ကဋ္ဌယွီကနေတဆင့် လွှင့်ပေးဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော့်နာမည် မပါရင်တော့ အကောင်းဆုံးပေါ့။ လူများများ သိလေ ကောင်းလေပဲ"

"ရှင်က ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်ချင်တာလား"

ယွီဖုန်းရှန်း သူ့ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။

ယနေ့ လာရောက်ကြသူများမှာ ခိုးသားဂိုဏ်းကြီးများ၏ ကိုယ်စားလှယ်များသာ ရှိသေးသည်။ ပြင်ပတွင်မူ အခြားသော ဖောက်ထွင်းရေးသမား အသေးအမွှားများလည်း ဒုနှင့်ဒေး ကျန်ရှိနေသေးရာ ထိုသူအားလုံးကို တစ်ဦးချင်းစီ လိုက်လံသတိပေး ပြောဆိုရန်မှာ မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ယနေ့ အဖြစ်အပျက်ကို သတင်းလွှင့်လိုက်မှသာလျှင် ထိုကြောင်သူတော် ကြွက်သူခိုးလေးများ နောက်ဆုတ်သွားကြပေလိမ့်မည်။

"တော်လိုက်တာဗျာ..."

ယဲ့ဖန်က အမှတ်တမဲ့ သူမ၏ နှာခေါင်းလေးကို လက်ညှိုးနှင့် ပွတ်ဆွဲလိုက်မိ၏။

ယွီဖုန်းရှန်း အေးသွားပြီး၊ သူ့ကို မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ယဲ့ဖန်လည်း ကြောင်သွား၏။

သူ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားပြီး မေ့သွားသည်.. ။ သူ့ရှေ့က မိန်းမက သာမန် မိန်းကလေးတစ်ယောက် မဟုတ်ဘဲ၊ ကျန်းကော မြေအောက်လောကရဲ့ ဘုရင်မ ဆိုတာကိုလေ။

‘ဒီလောက် ပေါ့ပျက်ပျက် နေလိုက်တာက နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်။’

အားချန်ကတော့ ခေါင်းကို အမြန်လွှဲလိုက်သည်။

`'ဘုရားရေ.. ငါ မတော်တဆ ဒီလို အသည်းယားစရာ မြင်ကွင်းကို မြင်လိုက်မိလို့ နှုတ်ပိတ်ခံရတော့မှာလား...'`

"အဲဒါ... ကျွန်မ... ကျွန်မ ကိစ္စလေး ရှိသေးလို့ သွားလိုက်ပါဦးမယ်"

ယွီဖုန်းရှန်း သိသိသာသာ ပြာယာခတ်သွားပြီး စကားတစ်ခွန်း ပစ်ထားခဲ့ကာ အမြန် ထွက်သွားလေ၏။

တံခါးပေါက်ရောက်တော့ တံခါးခုံကို ခလုတ်တိုက်ပြီး မှောက်ခါနီးတောင် ဖြစ်သွားသေးသည်။

ယဲ့ဖန် ဘာပြောရမှန်း မသိတော့ပေ။

လိုလို့လား။

သူ့မျက်နှာလေးကို နည်းနည်း ထိလိုက်မိရုံပဲဟာ။

လူသတ်ရမှာတောင် မကြောက်တဲ့ မိန်းကလေးက... ဒီလောက်လေးကို ကြောက်နေရသလား။

"ကဲ... ဆက်စားကြရအောင်"

သူ ခေါင်းခါလိုက်ပြီး အားချန်ကို ဆက်စားဖို့ ခေါ်လိုက်သည်။

‘ဘာပဲဖြစ်ဖြစ် ဒီထမင်းဝိုင်းက သူဌေးက ရှင်းမှာဆိုတော့ မစားရင် နှမြောစရာကြီးလေ။’

*

မနေ့ညက ကျန်းကော မြေအောက်လောက၏ အာဏာဖွဲ့စည်းပုံကြီး တစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။

မူလက မောက်မာလွန်းလှသော တောင်နက်ဂိုဏ်း တစ်ညတည်းနှင့် ပြိုလဲသွားခဲ့ရ၏။

ဒုတိယနေရာမှာ ရှိခဲ့သည့် ဇာမဏီသုံးကောင် ဂိုဏ်းကတော့ အာဏာရလာခဲ့သည်။ သူတို့ ကိုယ်တိုင် တောင်နက်ဂိုဏ်းကို ဖျက်ဆီးလိုက်ရုံသာမက၊ အခွင့်ကောင်းယူပြီး တောင်နက်ဂိုဏ်း၏ စီးပွားရေးလုပ်ငန်း အများအပြားကိုပါ သိမ်းပိုက်လိုက်နိုင်သည်။

သူတို့၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုရပေမည်။ ယခုအချိန်၌ မြေအောက်လောကတစ်ခုလုံးသည် ဇာမဏီသုံးကောင်ဂိုဏ်း၏ လှုပ်ရှားမှုတိုင်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။ တောင်နက်ဂိုဏ်းကို သိမ်းပိုက်ပြီးနောက် သူတို့၏ နောက်ထပ်ခြေလှမ်း မည်သို့ဖြစ်လာမည်ကို လူတိုင်း သိလိုစိတ် ပြင်းပြနေကြ၏။ တောင်နက်ဂိုဏ်း လက်အောက်ခံဖြစ်ခဲ့ဖူးသော ဂိုဏ်းများမှာလည်း အကြီးစား သန့်စင်ရေးလုပ်ဆောင်ခံရမည်ကို စိုးရိမ်ပူပန်ကာ ကြောက်လန့်တုန်လှုပ်နေကြသည်။

သို့သော် လူတိုင်း ထင်မှတ်မထားခဲ့သော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဇာမဏီသုံးကောင်ဂိုဏ်းက ပထမဆုံး ထုတ်ပြန်လိုက်သော သတင်းမှာ ကျန်းကောမြေအောက်လောကကို ပြန်လည် ဖွဲ့စည်းမည့် အကြောင်း မဟုတ်ဘဲ၊ လူအများ နားမလည်နိုင်သော သတင်းတစ်ပုဒ် ဖြစ်နေခဲ့၏။

အဓိကအကြောင်းအရာမှာ ကျင်းရှန်း ဦးဆောင်သော သူခိုးဂိုဏ်းများက ရှေးဟောင်းဂူသင်္ချိုင်းကြီး တစ်ခုကို မက်မောခဲ့ကြသော်လည်း၊ အလွန်စွမ်းအားကြီးမားသည့် လျှို့ဝှက်လူ တစ်ဦး၏ လက်ချက်ဖြင့် အကြီးအကျယ် ရှုံးနိမ့်သွားကာ ပြိုင်ပွဲမှ မဖြစ်မနေ နုတ်ထွက်လိုက်ရသည်ဆိုသော သတင်းပင်ဖြစ်သည်။

မကြာမီမှာပင် ကျင်းရှန်းကိုယ်တိုင်နှင့် အခြားထိပ်တန်းသူခိုး ကိုးဦးကလည်း ဤသတင်းကို အတည်ပြုလိုက်ပြီး၊ သူတို့အနေဖြင့် ဤစစ်ဆင်ရေးကို ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်းနှင့် နောက်ထပ် မည်သည့်မျှော်လင့်ချက်မှ မထားတော့ကြောင်း ကြေညာလိုက်ကြသည်။ ဤသတင်းကြောင့် မြေအောက်လောကသား အများစုမှာ ဇဝေဇဝါ ဖြစ်ကုန်ကြသော်လည်း ကျန်းကောသို့ ရောက်ရှိနေသော သူခိုးဂိုဏ်းများအပေါ်၌မူ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သွားစေခဲ့၏။

ယခုတစ်ကြိမ်တွင် အရပ်ရပ်မှ သူခိုးများသည် သင်္ချိုင်းပွင့်မည့်အချိန်ကို အခွင့်ကောင်းယူကာ တစ်ပွဲတိုး စီးပွားရှာရန် ကျန်းကောသို့ စုပြုံရောက်ရှိနေကြခြင်း ဖြစ်သည်။ သို့သော် အချိန်တန်သည့်အခါ အကြီးဆုံးဂိုဏ်းကြီး ၁၀ ဂိုဏ်းက စုပေါင်း၍ နုတ်ထွက်သွားကြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤအချက်က ဂိုဏ်းငယ်လေးများကို ကြောင်အမ်းအမ်း ဖြစ်သွားစေသည်။ ထို့ပြင် ထွက်ပေါ်လာသော သတင်းအရ ကျင်းရှန်းတို့အဖွဲ့သည် လျှို့ဝှက်လူတစ်ဦး၏ ခြိမ်းခြောက်မှုကြောင့် မဖြစ်မနေ နုတ်ထွက်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ခဏတာမျှ သူခိုးလောက ပွက်လောရိုက်သွားခဲ့၏။ သတိကြီးသော ဂိုဏ်းအများစုမှာ ကျန်းကောမှ ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသော်လည်း၊ လက်မလျှော့ချင်သေးသူ အချို့လည်း ရှိနေဆဲပင်။ သူတို့သည် ကျန်းကော၌ ဆက်လက်နေထိုင်ပြီး အခြေအနေကို စောင့်ကြည့်လိုကြသည်။ အကယ်၍ မဖြစ်မနေ နောက်ဆုတ်ရမည့် အခြေအနေ ရောက်လာမှသာ ထွက်ပြေးရန် ကြံရွယ်ထားကြသည်။

ယဲ့ဖန် ဤသတင်းကို ရရှိချိန်တွင်မူ သူသည် ငှားရမ်းထားသော ခြံဝင်းထဲ၌ ဖူမာကျန်းဝူ၊ ကျူးရှောင်ကျောင်းတို့နှင့်အတူ တရုတ်စစ်တုရင် ကစားနေလေသည်။

ဤရလဒ်ကို သူ မအံ့ဩမိပါ။

ဤသူခိုးများမှာ အခေါင်းမတွေ့မချင်း မျက်ရည်မကျတတ်သည့် ငွေမက်သူများ ဖြစ်ကြသည် မဟုတ်ပါလော။ ယခုတစ်ကြိမ် ကျင်းရှန်းမှတစ်ဆင့် သူခိုးထက်ဝက်ခန့်ကို ခြောက်လှန့် မောင်းထုတ်လိုက်နိုင်သည်ကပင် သူ့ရည်မှန်းချက် အောင်မြင်ပြီဟု ဆိုရပေမည်။

သို့သော် သူခိုးဂိုဏ်းများထက် သူ့ကို ပို၍ ခေါင်းကိုက်စေသည်မှာ သင်္ချိုင်းဖောက်ဂိုဏ်းများပင် ဖြစ်သည်။ ဤလူစုမှာ ယခုစစ်ဆင်ရေးအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်သည်။ သူတို့သည် ဥပဒေကို မျက်ကွယ်ပြုထားသော လူမိုက်များဖြစ်ပြီး၊ သင်္ချိုင်းဖောက်ရန်အတွက်ဆိုလျှင် ဘာမဆို လုပ်ရဲကြသူများပင်။ ထို့ပြင် ဤနေရာသည် ရှန်ဘုရင်၏ သင်္ချိုင်းဖြစ်နေသဖြင့် ဤလူများ ပို၍ ရူးသွပ်ကြမည်မှာ သေချာသည်။

ဤလူများကို ကိုင်တွယ်လိုလျှင် သူခိုးများကို ကိုင်တွယ်သည်ထက် ဆယ်ဆ၊ အဆတစ်ရာ ပိုမိုကြမ်းတမ်းသော နည်းလမ်းများကို သုံးမှသာ ရပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် ယဲ့ဖန်သည် ယွီဖုန်းရှန်းကို ဖုန်းဆက်ကာ အကြီးဆုံး သင်္ချိုင်းဖောက်ဂိုဏ်းများကို ချိန်းဆိုပေးရန် အကူအညီ တောင်းခံလိုက်သည်။ သူသည် ထိုသူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုခြင်း ဖြစ်သည်။ ယွီဖုန်းရှန်းကလည်း သူခိုးဂိုဏ်းများနှင့် တွေ့ဆုံစဉ်ကကဲ့သို့ အဆင်ပြေချောမွေ့မည်ဟု ထင်မှတ်ကာ သဘောတူလိုက်၏။

သို့သော် နှစ်နာရီခန့် အကြာတွင်မူ ယွီဖုန်းရှန်းထံမှ သတင်းပြန်ရောက်လာခဲ့သည်။ သင်္ချိုင်းဖောက်

ဂိုဏ်းခေါင်းဆောင်များသည် သူမကို လုံးဝ မျက်နှာမပေးဘဲ ဖိတ်ကြားမှုကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ကြသည် ဟူ၏။ ယွီဖုန်းရှန်းသည် ဖုန်းထဲမှနေ၍ပင် ဒေါသတကြီး အော်ဟစ်နေပြီး ဤဂိုဏ်းများကို ပြန်လည်ပေးဆပ်စေရမည်ဟု ကြိမ်းဝါးနေလေသည်။

သို့သော် ယဲ့ဖန် ကောင်းစွာ သိနားလည်လိုက်သည်။ သူတို့က သူမကို မျက်နှာမပေးခြင်းမှာ ဇာမဏီသုံးကောင်ဂိုဏ်း၏ လက်တုံ့ပြန်မှုကို မကြောက်သောကြောင့် ဖြစ်သည်။ အမှန်တကယ်လည်း ဤသင်္ချိုင်းဖောက်သမားများသည် သူခိုးများထက် ပို၍ လျှို့ဝှက်တတ်ကြသည်။ ဇာမဏီသုံးကောင်ဂိုဏ်း မည်မျှပင် အင်အားကြီးမားစေကာမူ ဤလူများကို လိုက်လံရှာဖွေရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ထို့ကြောင့် ယဲ့ဖန်သည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ယွီဖုန်းရှန်းအား တွေ့ဆုံရန် မစီစဉ်တော့ဘဲ ဤသင်္ချိုင်းဖောက်ဂိုဏ်းများ၏ အချက်အလက်များကိုသာ စုဆောင်းပေးရန် အကူအညီ တောင်းလိုက်ပါတော့သည်။

ယွီဖုန်းရှန်းက အလုပ်လုပ်တာ တော်တော် မြန်သည်။ နာရီဝက်လောက် ကြာတော့ အချက်အလက် စာရွက်စာတမ်း အပုံလိုက် ရောက်လာသည်။

ယဲ့ဖန် အချက်အလက်တွေကို ဖတ်ပြီးသည့်နောက်... အင်အားအကြီးဆုံး သင်္ချိုင်းဖောက်ဂိုဏ်း တစ်ဖွဲ့ကို ရှာတွေ့လိုက်သည်။

ဒီဂိုဏ်းက ကျန်းကောသို့ ရှေးဟောင်းသုတေသနအဖွဲ့ ဆိုသော နာမည်ခံပြီး ဗြောင်ကျကျ ဝင်ရောက်လာခြင်းပင်။ ဒါက သူ့အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

ထိုဂိုဏ်း၏ ခေါင်းဆောင်က "ရီအန်းထုံ" ဆိုသော အသက် (၆၀) အရွယ် လူတစ်ယောက်။ သူ၏ အများသိ အထောက်အထားကတော့ အနောက်မြောက်ဘက်က တက္ကသိုလ် တစ်ခုက ရှေးဟောင်းသုတေသန ပါမောက္ခ ဟူ၍။

ယဲ့ဖန်က ချန်းဖေးအယ်ကို ဖုန်းဆက်ပြီး ဒီတက္ကသိုလ်အကြောင်း စုံစမ်းခိုင်းလိုက်သည်။

စုံစမ်းကြည့်လိုက်တော့ ထိုတက္ကသိုလ်က တကယ် ရှိလေသည်။ သို့သော်၊ နာမည် မကြီးသည့် တက္ကသိုလ် တစ်ခု ဖြစ်ပြီး၊ ထိုတက္ကသိုလ်မှာ ရှေးဟောင်းသုတေသန ဌာန မရှိဟူ၍ သိရ၏။

သို့သော်၊ ဒီရှေးဟောင်းသုတေသန

အဖွဲ့ကတော့ တက္ကသိုလ်နှင့် ချိတ်ဆက်ထား‌သော တရားဝင်အဖွဲ့ တစ်ခု ဖြစ်နေပြန်၏။

ဒါဆို သူက လှည့်ကွက်

သုံးထားတာပေါ့လေ။

ယဲ့ဖန် ခေါင်းခါပြီး မထီမဲ့မြင် ပြုံးလိုက်မိ၏။ သို့သော်၊ အင်အားမသုံးခင် ယဉ်ကျေးပြသည့် အနေနှင့် တစ်ဖက်လူ၏ သဘောထားကို အရင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ယွီဖုန်းရှန်း ပို့ပေးသော အချက်အလက်ထဲမှာ ရီအန်းထုံ၏ ဆက်သွယ်ရန် ဖုန်းနံပါတ် ပါသလာ၏။

သူ ဖုန်းနံပါတ်ကို ချက်ချင်း နှိပ်လိုက်၏။

ဖုန်းသံ အနည်းငယ် မြည်ပြီးနောက် တစ်ဖက်က ကိုင်လိုက်သည်။ အိုမင်းသော အသံ တစ်သံ ထွက်ပေါ်လာသည်။

"ဟဲလို... ဘယ်သူလဲ"

"မင်္ဂလာပါ... ပါမောက္ခရီလား ခင်ဗျာ"

တစ်ဖက်လူက ရှေးဟောင်းသုတေသနအဖွဲ့ နာမည်ခံထားတော့ ယဲ့ဖန်လည်း သူတို့၏ မျက်နှာဖုံးကို မခွာချင်သေးပေ။

"ကျုပ်က ရီအန်းထုံပါ။ ခင်ဗျားက ဘယ်သူလဲ"

တစ်ဖက်လူက ပါမောက္ခ ဆိုသော အထောက်အထားကို မငြင်းဘဲ ယဲ့ဖန်ကို ပြန်မေးလိုက်သည်။

"မင်္ဂလာပါ ပါမောက္ခရီ... ကျွန်တော်က ယဲ့ဖန်ပါ”

All Chapters