← Chapters

ကျွန်တော်က မျက်နှာသာ လုံလောက်အောင် ပေးခဲ့ပြီလေ

Vol. 75 Ch. 1480

ကျွန်တော်က မျက်နှာသာ လုံလောက်အောင် ပေးခဲ့ပြီလေ

Vol. 75 Ch. 1480

~ဓားဒဏ်ရာနှင့် လူသည် မိန်းကလေးကို မြင်လိုက်ရသည့်အခါ တံတွေးမမြိုဘဲ မနေနိုင်တော့ပေ။

သူက မိန်းမလှ မမြင်ဖူးသော တောသားတော့ မဟုတ်ပါချေ။ အလုပ်ကြီးကြီး တစ်ခု ပြီးတိုင်း ငွေတွေ အများကြီးသုံးပြီး ကောင်မလေးတွေနှင့် အပန်းဖြေလေ့ ရှိ၏။

ထိုမိန်းကလေးတွေက သူ့မျက်လုံးထဲမှာတော့ အလွန် လှပနေခဲ့ပြီ ဖြစ်၏။

သို့သော်လည်း.. သူ့ရှေ့က ဒီမိန်းကလေးနှင့် ယှဉ်လိုက်လျှင်တော့ သူတို့က အရုပ်ဆိုးသော ဘီလူးမတွေလို ဖြစ်သွားတော့သည်။

ရှေ့က ကောင်မလေး၏ မျက်နှာအသွင်အပြင်က သေသပ်လှပလွန်းသည်။ အစိတ်အပိုင်း တစ်ခုချင်းစီ ပေါင်းစပ်ထားပုံက ပြီးပြည့်စုံလွန်းနေ၏။

အထူးသဖြင့် သူမ မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည့်အခါ သူ့ရင်ထဲမှာ ချစ်စရာကောင်းသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာစေသည်။ ထို့နောက်တော့... သူမကို အပိုင်သိမ်းချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့သည်။

ဒီအချိန်မှာ သူ ရုတ်တရက် သတ္တိတွေ ဝင်လာပြီး ဒီမိန်းကလေးကို အခန်းထဲ ဆွဲခေါ်ကာ စိတ်ကြိုက် ကျူးလွန်ချင်စိတ် ပေါက်လာသည်။

ဒီအတွေး ဝင်လာသည်နှင့် တပြိုင်နက် သူ စိတ်ကို ထိန်းချုပ်၍ မရတော့ပေ။

"ဘာလို့ ဒီလောက် နောက်ကျမှ လာပို့တာလဲ။ ငါ မင်းကို Review အညံ့ ပေးလိုက်မယ်နော်"

ဓားဒဏ်ရာနှင့် လူက ရင်ထဲက မကောင်းဆိုးဝါးစိတ်ကို ခဏတာ ဖိနှိပ်ထားပြီး၊ ယောကျ်ားလေးကို မကျေမနပ် ကြည့်လိုက်သည်။

ယခုအချိန်မှာ ဒီကောင်က သူ့မျက်စိထဲမှာ ဆူးတစ်ချောင်းလို ဖြစ်နေလေ၏။

"တောင်းပန်ပါတယ်ဗျာ... လမ်းမှာ နည်းနည်း ကြန့်ကြာသွားလို့ပါ"

ယောကျ်ားလေးက လက်ထဲတွင် ပါဆယ်အိတ်များကို ကိုင်ထားရင်း တောင်းပန်စကား ဆိုလိုက်သည်။

ဓားဒဏ်ရာနှင့်လူက ခေါင်းလှည့်ပြီး မိန်းကလေးကို တစ်ချက် ကြည့်လိုက်သည်။

"မင်းက ရည်းစားပါ ခေါ်ပြီး လာပို့တာလား"

ယောကျ်ားလေးက အနေခက်သလို ပြုံးလိုက်ပြီး ပါဆယ်အိတ်လေးအိတ်ကို ကမ်းပေးလိုက်သည်။

ဓားဒဏ်ရာနှင့်လူက လှမ်းယူမလို့ လက်လှမ်းလိုက်ပေမဲ့၊ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး လက်ပြန်ရုတ်လိုက်သည်။

"ငါ့လက်က နာနေလို့... အထဲထိ ယူလာခဲ့ပေးပါလား"

ယောကျ်ားလေးက စကားပြောရ လွယ်ကူသည်။ ဘာမှ ပြန်မပြောဘဲ အခန်းထဲ ဝင်သွားလိုက်၏။

ဓားဒဏ်ရာနှင့် လူက အပြင်မှာ ကျန်ခဲ့သည့် မိန်းကလေးကို လှမ်းကြည့်လိုက်သည်။

"ညီမလေး... အထဲဝင်ပြီး ခဏလောက် ထိုင်ပါလား"

"မထိုင်တော့ပါဘူး"

မိန်းကလေးက ခေါင်းခါပြီး ငြင်းလိုက်၏။

"အားမနာပါနဲ့ကွ... အထဲဝင်ပြီး ရေလေးဘာလေး သောက်ပါဦး"

ဓားဒဏ်ရာနှင့်လူက ကြင်နာသယောင် ဟန်ဆောင်ပြီး ပြုံးလိုက်သည်။ သူ့ပုံစံက ကလေးသူငယ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေသော ဦးလေးကြီး တစ်ယောက်လို ဖြစ်နေ၏။

မိန်းကလေးက ခဏတာ တွေဝေသွားပြီးမှ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ"

ထို့နောက် သူမက ယောကျ်ားလေးနောက်သို့ လိုက်ပြီး အခန်းထဲ ဝင်သွားလေ၏။

ဓားဒဏ်ရာနှင့်လူ တစ်ကိုယ်လုံး ပူထူလာသလို ခံစားလိုက်ရ၏။ သူ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး၊ တံခါးကို အမြန်ပိတ်ကာ သော့ခတ်လိုက်လေ၏။

ဒီကောင်မလေး သူ့အောက် ရောက်လျှင် ဘယ်လို ပျော်ရွှင်ရမလဲ ဆိုတာကို တွေးပြီး ကြည်နူးနေမိ၏။

ရီအန်းထုံနှင့် ကျန်နှစ်ယောက်က ထူးဆန်းသည့် လူတစ်ယောက် ဝင်လာတာ မြင်တော့ ဆဲမလို လုပ်လိုက်သေးသည်။

နောက်က ပါလာသည့် ရယ်စရာကောင်းလောက်အောင် လှပသော မိန်းကလေးကို မြင်လိုက်ရတော့မှ ချက်ချင်း သဘောပေါက်သွားကြသည်။

ဓားဒဏ်ရာနှင့်လူက သူတို့ထဲမှာ နှာအဘူးဆုံးပဲလေ။ ဒီတစ်ခါ သူ ဘာကြံနေလဲ ဆိုတာ သိသာနေ၏။

သူတို့ ဒီလိုလုပ်တာ ပထမဆုံးအကြိမ် မဟုတ်ပါ။ ကျွမ်းကျင်နေလေ၏။

မိန်းကလေးတွေကို အဝတ်ဗလာ ဓာတ်ပုံရိုက်၊ နှုတ်ပိတ်ခ ငွေအမြောက်အမြား ပေးလိုက်လျှင်... ဒီမိန်းကလေးတွေက ခြိမ်းခြောက်မှုနှင့်

သွေးဆောင်မှုအောက်မှာ ပါးစပ်ပိတ်သွားကြတာချည်းပဲ။

တကယ်ဆိုလျှင် သင်္ချိုင်းဖွင့်ဖို့ နီးကပ်နေပြီမို့ ပြဿနာ မရှာသင့်ပေ။

သို့တိုင်၊ ဒီကောင်မလေးက လှလွန်းနေသည်။

ရံဖန်ရံခါ ခြွင်းချက်ထားလိုက်တာ ကိစ္စမရှိပါဘူးလေ။

သူတို့သုံးယောက် အချင်းချင်း မျက်ရိပ်ပြလိုက်ကြပြီး၊ ဘာမှမဖြစ်သလို မတ်တတ်ထရပ်လိုက်ကြသည်။

သူတို့က အတူတူ အလုပ်လုပ်လာတာ ကြာပြီဆိုတော့ နားလည်မှု ရှိပြီးသား။ မျက်ရိပ်ပြလိုက်တာနှင့် ဘာလုပ်ရမလဲ သိကြ၏။

နှစ်ယောက်က ယောကျ်ားလေးကို ဖမ်းချုပ်ဖို့ တာဝန်ယူမည်။ တစ်ယောက်က ကြိုးနှင့် တုတ်မည်

ဓားဒဏ်ရာနှင့်လူက မိန်းကလေးကို ကိုင်တွယ်ဖို့ တာဝန်ယူထားသည်။

"ဒါ ခင်ဗျားတို့ မှာထားတဲ့ ပါဆယ်ပါ... ဒီမှာ လက်မှတ်ထိုးပေးပါ"

ယောကျ်ားလေးက သူတို့၏ ထူးဆန်းသည့် အမူအရာတွေကို သတိမထားမိသလို၊ ပါဆယ် လေးအိတ်ကို စားပွဲပေါ် တင်လိုက်သည်။

"ပင်ပန်းသွားပြီ... လာ... ရေတစ်ခွက်လောက် သောက်ပါဦး"

ရီအန်းထုံက စားပွဲပေါ်က ရေခွက်ကို ယူပြီး ယောကျ်ားလေးကို ကမ်းပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့တပည့်နှစ်ယောက်က ယောကျ်ားလေး၏ နောက်ကျောဘက်ကို ရောက်နေပြီဖြစ်ပြီး၊ ဖြည်းညှင်းစွာ တိုးကပ်သွားကြသည်။

"မလိုပါဘူး"

ယောကျ်ားလေးက လက်ကာပြလိုက်၏။

"သောက်လိုက်ပါကွာ... မင်းတို့လည်း ပင်ပန်းနေမှာပဲဟာ"

ရီအန်းထုံ ပြောရင်းဆိုရင်း ခွက်ထဲက ရေနှင့် ယောကျ်ားလေးကို ရုတ်တရက် ပက်လိုက်သည်။

ယောကျ်ားလေး အမြန် နောက်ဆုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် နောက်က တပည့်နှစ်ယောက်ကလည်း လှုပ်ရှားလာပြီး၊ ယောကျ်ားလေးကို ဖမ်းချုပ်ဖို့ ပြင်လိုက်ကြ၏။

သို့သော်... သူတို့ ထင်မထားခဲ့သော အရာတစ်ခု ဖြစ်ပျက်သွား၏။

လူကြီးလူကောင်းလေးလို ဖြစ်နေသော ဒီတက္ကသိုလ်ကျောင်းသားလေးက သူတို့ နှစ်ယောက်ကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ဘေးကို ရောက်သွားလေ၏။

"ခင်ဗျားတို့ ဘာလုပ်တာလဲ"

ယောကျ်ားလေးက သူတို့သုံးယောက်ကို ကြည့်လိုက်သည်။ မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ၊ အစားထိုး ဝင်ရောက်လာသည်ကတော့... မှေးမှိန်သော အပြုံး တစ်ခုသာ။

ဒီလူက ယဲ့ဖန်မှတစ်ပါး အခြားသူ မဟုတ်ပေ။

လိုလီတာ ဝတ်စုံ ဝတ်ထားသည့်

ကောင်မလေးကတော့ သဘာဝကျကျ ဖူမာကျန်းဝူ ပေါ့။

ယဲ့ဖန် လှုပ်ရှားလိုက်တာနှင့် တစ်ပြိုင်နက်တည်းမှာပင်၊ ဓားဒဏ်ရာနှင့်လူကလည်း ဖူမာကျန်းဝူဆီသို့ ခုန်အုပ်လိုက်သည်။

သူ့အမြင်မှာတော့... ပိန်ပိန်ပါးပါး ကောင်မလေး တစ်ယောက်ကို ထိန်းချုပ်ဖို့ဆိုတာ လွယ်လွယ်လေး မဟုတ်လား။

သူ ထင်မထားမိတာက... ကောင်မလေးက သူ့ကို ကျောပေးထားသော်လည်း၊ ချက်ချင်းပင် ဘေးကို ရှောင်လိုက်နိုင်သည်ပင်။ သူ အရှိန်လွန်ပြီး လေဟာနယ်ကိုသာ ဖက်လိုက်မိသလို ဖြစ်သွား၏။

သူ ခေါင်းမော့ကြည့်လိုက်တော့ ကောင်မလေး၏ နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခုကို တွေ့လိုက်ရ၏။ သူမက သူတို့၏ အကြံအစည်ကို ကြိုသိနေပုံရ၏။

“ကောင်းပြီ... ဒီကလေးနှစ်ယောက်က တော်တော် ပါးတာပဲ။ ကစားပေးလိုက်ကြတာပေါ့”

ရီအန်းထုံ၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး ယဲ့ဖန်ဆီသို့ လျှောက်လာခဲ့သည်။

"ပါမောက္ခရီ... ရှေးဟောင်းသုတေသနအဖွဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ခင်ဗျားမှာ ဒီလို ယုတ်မာတဲ့ဘက် ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး"

ယဲ့ဖန်က ရီအန်းထုံကို ပြုံးပြီး ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"မင်း... မင်းက ဘယ်သူလဲ"

ရီအန်းထုံ သူ့ကို "ပါမောက္ခရီ" ဟု ခေါ်လိုက်သည်ကို ကြားတော့ လန့်သွား၏။

ပြီးတော့... ဒီအသံက ရင်းနှီးနေသလိုပင်။

"ကျွန်တော် ပြောခဲ့တယ်လေ... ခင်ဗျား ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်၊ ကျွန်တော် နည်းလမ်းကြမ်းတမ်းတာတွေ သုံးရလိမ့်မယ်လို့။ ခင်ဗျား ဒီလောက် မြန်မြန် မေ့သွားပြီလား"

ယဲ့ဖန်က ပါဆယ် တစ်အိတ်ကို ယူပြီး ဆိုဖာပေါ် ဝင်ထိုင်ကာ၊ အိတ်ကို ဖွင့်ပြီး စားသောက်လိုက်သည်။

ဖူမာကျန်းဝူလည်း သူ့လိုပင် ပါဆယ် တစ်အိတ်ကို ယူပြီး ဖွင့်ကာ၊ တစ်လုပ်ချင်း စားနေလိုက်သည်။

"မင်းက... ယဲ့ဖန်လား"

ရီအန်းထုံ မျက်နှာပျက်သွား၏။

ကျန်သုံးယောက်လည်း ချက်ချင်း သတိထားလိုက်ကြသည်။

"စိတ်မလှုပ်ရှားပါနဲ့။ ခုနက ဖုန်းထဲမှာ ကျွန်တော် ပြောတာ သိပ်မရှင်းလင်းခဲ့ဘူး ထင်လို့၊ ကျွန်တော့်ရဲ့ ရိုးသားမှုကို ပြတဲ့အနေနဲ့ လူကိုယ်တိုင် လာတွေ့တာပါ။ ကျွန်တော်က မျက်နှာသာ လုံလောက်အောင် ပေးခဲ့ပြီလေ... ဟုတ်တယ်မလား"

ယဲ့ဖန်က ထမင်းစားရင်း သူတို့သုံးယောက်ကို ပြုံးပြလိုက်သည်။

"ငါတို့မှာ ဆွေးနွေးစရာ ဘာမှ မရှိဘူး။ အခုချက်ချင်း ထွက်သွားပါ"

ရီအန်းထုံ မည်းမှောင်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

"ပါမောက္ခရီ... ကျွန်တော့်စေတနာကို ထပ်ခါတလဲလဲ ငြင်းပယ်နေရင် ခင်ဗျား နောင်တရလိမ့်မယ်နော်"

ယဲ့ဖန်က သူ့ထမင်းဘူးထဲက အဆီတုံးတွေကို ရွေးပြီး ဖူမာကျန်းဝူ၏ ဘူးထဲ ထည့်ပေးလိုက်သည်။

ဒီကောင်မလေးက အဆီ ကြိုက်သည်လေ။

ဖူမာကျန်းဝူက ယုန်ကလေး တစ်ကောင်လိုပင် သခင် ကျွေးသည့် အစာကို ဝါးနေရှာသည်။

"ဟားဟားဟား... ငါ ရီအန်းထုံ လုပ်ရပ် တစ်ခုအတွက် ဘယ်တော့မှ နောင်တမရဘူးကွ။ မင်းမှာ ဘာနည်းလမ်း ရှိလဲ ထုတ်သုံးလိုက်"

ရီအန်းထုံက အော်ဟစ်လိုက်ပြီး တိတ်တခိုး သတိထားလိုက်သည်။

"ခင်ဗျားက အနုနည်းကို မကြိုက်ဘဲ အကြမ်းနည်းကိုမှ ကြိုက်တယ်ဆိုတော့... ကျွန်တော်လည်း ယဉ်ကျေးနေစရာ မလိုတော့ဘူးပေါ့"

ယဲ့ဖန် သက်ပြင်းချလိုက်ပြီး၊ ထမင်းဘူးကို ဖြည်းညှင်းစွာ ချကာ မတ်တတ်ထရပ်လိုက်သည်။

ချက်ချင်းပင် သင်္ချိုင်းဖောက်သမား လေးယောက်စလုံး ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြပြီး၊ အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြသည်။

သို့တိုင်၊ ယဲ့ဖန်က တိုက်ခိုက်မည့် ပုံ မပေါ်ဘဲ၊ လက်ကို နောက်ပစ်ပြီး ဧည့်ခန်းထဲမှာ လမ်းလျှောက်နေလိုက်သည်။

"ခင်ဗျားတို့ရဲ့ ရှေးဟောင်းသုတေသန အဖွဲ့က အတုကြီးမလား"

ရီအန်းထုံ ကြားတော့ မထီမဲ့မြင် ပြုံးလိုက်သည်။

"ဒါက မင်းရဲ့ လှည့်ကွက်လား။ ဒါနဲ့များ ငါတို့ကို လာခြိမ်းခြောက်ချင်နေတာလား။ ဒါဆိုရင်တော့ မင်း မှားသွားပြီ။ ဟုတ်တယ်... ငါတို့ အဖွဲ့က အတုပဲ။ သွားတိုင်လိုက်လေ... မြန်မြန် သွားတိုင်လိုက်"

ကျန်သုံးယောက်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ ရယ်မောလိုက်ကြသည်။

သူတို့အမြင်မှာတော့ ယဲ့ဖန်၏ ခြိမ်းခြောက်နည်းက အောက်တန်းကျလွန်း၏။

‘ဒီလိုနည်းလမ်းနှင့် သူတို့ကို ခေါင်းငုံ့ခိုင်းချင်နေတာလား။

တကယ့်ကို ရယ်စရာ ကောင်းလိုက်တာ။’

All Chapters