မင်းက သံသယလွန်ကဲနေတာပါ
Vol. 75 Ch. 1484
~“ရှင်က သံသယလွန်ကဲနေတာပါ... အဲ့ဒီ လျှို့ဝှက်ဂိုဏ်းက ရေလိုက်ငါးလိုက် လုပ်စားလို့ မရတော့ဘူးဆိုတာ သိသွားလို့ လက်လျှော့သွားတာ ဖြစ်လောက်တယ်”
ယွီဖုန်းရှန်းက သူမ၏ အမြင်ကို ယတိပြတ် ကောက်ချက်ချလိုက်လေ၏။
“မင်း ဒီဂိုဏ်းအကြောင်း သိပ်မသိလို့ပါ... ဒီလူတွေက အရူးတစ်သိုက်ပဲ... စည်းကမ်းအတိုင်း ကစားတတ်တဲ့ လူတွေ မဟုတ်ဘူး”
ယဲ့ဖန်သည် ယွီဖုန်းရှန်း၏ အမြင်ကို သဘောမတူနိုင်ပေ။ ဒီကောင်တွေ ဒီလောက် လွယ်လွယ်ကူကူ လက်လျှော့လိမ့်မည် မဟုတ်ကြောင်း သူ့စိတ်ထဲတွင် အလိုလို သိနေ၏။
“ကဲပါ... ထားပါတော့... ကျွန်မ ဆက်ပြီး စောင့်ကြည့်ပေးထားမယ်... လှုပ်ရှားမှုလေး နည်းနည်းတွေ့တာနဲ့ ရှင့်ကို ချက်ချင်း အကြောင်းကြားမယ်နော်”
တခြားလူသာ ဆိုလျှင် ယွီဖုန်းရှန်းအနေဖြင့် စိတ်မရှည်တော့ဘဲ ဟောက်စားလုပ်လိုက်ပြီ ဖြစ်သော်လည်း၊ ယဲ့ဖန်အပေါ်တွင်မူ သူမသည် အလွန် သည်းခံရှာလေ၏။
မတတ်နိုင်ဘူးလေ... ဒီအစ်ကိုကြီးက အရမ်း သန်မာလွန်းနေတာကိုး။
သူမ အခုလို ကျန်းကောမြို့၏ မြေအောက်ဘုရင်မ ရာထူးကို ရယူနိုင်ခဲ့ခြင်းမှာလည်း မစ္စတာယဲ့၏ ကျေးဇူးကြောင့်ပင်။
သူမကို ဒီနေရာ ရောက်အောင် ပို့ပေးနိုင်သလို၊ ဒီနေရာကနေ ဆွဲချနိုင်စွမ်းလည်း သူ့မှာ ရှိသည် ဆိုတာ သူမ ကောင်းကောင်း ယုံကြည်ထားသည်။
ဒီအချက်တွေကို ဖယ်ထားလိုက်လျှင်တောင် ဒီလောက် စွမ်းအားကြီးသော ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်းထားခြင်းက မရှိမဖြစ် လိုအပ်ချက် တစ်ခုပင်။
ယဲ့ဖန်ကလည်း သူမ ဘာကြံစည်နေလဲဆိုတာ ကောင်းကောင်း သိသော်လည်း မသိချင်ယောင် ဆောင်နေလိုက်သည်။
သူတို့ နှစ်ယောက်စလုံးက ကိုယ့်အကျိုးစီးပွားအတွက် တစ်ဖက်လူကို အပြန်အလှန် အသုံးချနေကြခြင်းမျှသာ။
ဒါက တော်တော်လေး မျှတသော အရောင်းအဝယ်တစ်ခုပဲ မဟုတ်ပါလော။
ယွီဖုန်းရှန်းနှင့် ဖုန်းပြောပြီးသည့်နောက် ကျူးရှောင်ကျောင်းနှင့် ဖူမာကျန်းဝူတို့သည် လက်ချင်းချိတ်ကာ လျှောက်လာကြလေ၏။
“ဒီနေ့ ဘယ်သွားကြမလဲ...”
ကျူးရှောင်ကျောင်းက မျှော်လင့်တကြီးဖြင့် ယဲ့ဖန်ကို မေးလိုက်လေ၏။
“မင်းက နေ့တိုင်း လျှောက်လည်ဖို့ပဲ သိတယ်... ငါ့တပည့်လေး ဖူမာကျန်းဝူတောင် မင်းကြောင့် လမ်းမှားရောက်လုနီးပါး ဖြစ်နေပြီ”
ယဲ့ဖန်သည် ဒီမိန်းမကို ကြည့်ပြီး အလွန် မကျေမနပ် ဖြစ်နေမိ၏။
အရင်တုန်းကဆို ဖူမာကျန်းဝူသည် သူ့အတွက် အလွန် ဂရုစိုက်တတ်သော ကလေးမလေး ဖြစ်ခဲ့သည်။ ထမင်းစားရင် သီးမှာကြောက်၊ ရေနွေးသောက်ရင် ပူမှာကြောက်နှင့် သူ့အနားက မခွာတမ်း ပြုစုယုယ ခဲ့သည်။
သို့သော်၊ ဒီမိန်းမ ရောက်လာကတည်းက ဖူမာကျန်းဝူသည် သူ့အပေါ် ဂရုစိုက်မှုတွေ လျော့နည်းလာခဲ့သည်။ ဒီအချက်က သူ့ကို တော်တော်လေး စိတ်မချမ်းမြေ့ ဖြစ်စေသည်။
“လျှောက်ပြောမနေနဲ့... ဖူမာကျန်းဝူကို လမ်းမှားရောက်အောင် ကျွန်မက ဆွဲဆောင်စရာ လိုလို့လား... သူက ကျွန်မထက်တောင် ပိုဆိုးသေးတယ်... မနေ့ညကဆို သူ ကျွန်မကို ဘာပြောလဲ သိလား...”
“မပြောနဲ့နော်...”
ဖူမာကျန်းဝူ မျက်နှာပျက်ကာ ပျာပျာသလဲ လှမ်းအော်ပြီး ကျူးရှောင်ကျောင်း၏ ပါးစပ်ကို လက်ဖြင့် အတင်း လိုက်ပိတ်လေတော့သည်။
လှပသော မိန်းကလေးနှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် လုံးထွေးသတ်ပုတ် နေကြလေတော့သည်။
ယဲ့ဖန်သည် သူမတို့ နှစ်ယောက် တစ်ယောက်ကိုယ် တစ်ယောက် ကိုင်တွယ်ထိတွေ့နေကြသည်ကို ကြည့်ပြီး အားကျသွားမိ၏။
'ငါသာ အဲ့လိုဝင်လုပ်ရင် နှာဘူးလို့ အပြောခံရမှာ...'
နှိုင်းယှဉ်ကြည့်လိုက်လျှင် ကျူးရှောင်ကျောင်းက အများကြီး အားနည်းရှာသည်။ ခဏလောက် လုံးထွေးပြီးနောက် သူမ မောဟိုက်သွားပြီး ယဲ့ဖန်၏ ဘေးတွင် ဝင်ထိုင်လိုက်လေ၏။ သူမ၏ ရင်ဘတ်က မောသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
"နောက်ပြောင်မနေနဲ့တော့... နင်က အကောင်သေးပေမယ့်၊ ခွန်အားကတော့ တော်တော်ကြီးတာပဲ"
ကျူးရှောင်ကျောင်းက ဖူမာကျန်းဝူအား လှမ်းပြောလိုက်လေသည်။ သူမ၏ မျက်နှာလေးမှာ ဖြူဖျော့နေလျက် ယဲ့ဖန်၏ ဘေးတွင် ဝင်ထိုင်လိုက်ရာ... သူမ၏ ရင်အစုံမှာ မောက်ကြွလျက် ရှိနေသည်။
ယဲ့ဖန်သည် "မကြည့်အပ်သည်ကို မကြည့်" ဟူသော မူဝါဒ ရှိသူပီပီ... သူ၏ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်လေသည်။
ထားပါတော့လေ... ဖူမာကျန်းဝူရဲ့ ရင်အစုံက ပိုပြီး ကြီးမားနေတာကိုး။
“ယဲ့ဖန်...ကျွန်မတို့ ဘယ်တော့ ရတနာသွားရှာကြမှာလဲ...”
ကျူးရှောင်ကျောင်း၏ အတွေးက ခုန်ပျံကျော်လွှားလွန်းလှသည်။ ခုနလေးတင် အပြင်ထွက်လည်ဖို့ ပူဆာနေပြီး အခုကျတော့ ရတနာအကြောင်း မေးလာပြန်လေ၏။
“ယဲ့ဖန် ဆိုတဲ့ နာမည်က မင်းခေါ်ချင်တိုင်း ခေါ်လို့ရတာလား... ရိုင်းလိုက်တာ... နောက်ဆို အစ်ကိုကြီးလို့ ခေါ်စမ်း...”
ယဲ့ဖန်သည် သူမကို ကြည့်လေ ကသိကအောက် ဖြစ်လေမို့ ရန်စကား ဆိုလိုက်သည်။
“ဘာ... ရှင်က ကျွန်မထက် ငယ်တယ်နော်... ခေါ်စေချင်ရင်တောင် မောင်လေးလို့ပဲ ခေါ်ရမှာ...”
ကျူးရှောင်ကျောင်းက ချက်ချင်းပင် ကန့်ကွက်လိုက်လေ၏။
“ဘယ်သူက ငယ်တယ် ပြောလဲ... မင်းသာ ငယ်တာ...”
ယဲ့ဖန်သည် သူမ၏ ရင်ဘတ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အထင်သေးသော အမူအရာကို ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။
“ရှင်... ရှင်... စော်ကားလွန်းတယ်နော်... ငယ်တော့ရော ဘာဖြစ်လဲ... မိန်းမ တစ်ယောက် ဖြစ်တာကို ထိခိုက်လို့လား...”
ကျူးရှောင်ကျောင်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြောရင်း ယဲ့ဖန်ဘက်သို့ ကိုယ်ကို ကိုင်းညွတ်လိုက်လေ၏။
ယဲ့ဖန် စကားမပြောနိုင်တော့ဘဲ ဆွံ့အသွားရ၏။
သို့သော် သူမ ပြောတာ တစ်ခုတော့ မှန်ပါသည်။ ကျန်းကောမြို့ရှိ သူခိုးများနှင့် သင်္ချိုင်းဖောက်သမားများ ဆုတ်ခွာသွားပြီ ဖြစ်သဖြင့် ရှန်ဘုရင်၏ လျှို့ဝှက်ရတနာဆီသို့ သွားရာလမ်းသည် ရှင်းလင်းသွားပြီ ဖြစ်၏။
အခုဆိုလျှင် ရတနာရှာဖွေရေး ခရီးစဉ်ကို စတင်ရန် အချိန်ကျရောက်လာပြီ ဖြစ်၏။
“ရှင် ဘာတွေ စဉ်းစားနေတာလဲ...”
ယဲ့ဖန် တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်သောအခါ ကျူးရှောင်ကျောင်းက မနေနိုင်ဘဲ မေးလိုက်သည်။
“ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာထဲကို ဘယ်သူတွေ ခေါ်သွားရင် ကောင်းမလဲလို့ စဉ်းစားနေတာ...”
ယဲ့ဖန်သည် စားပွဲပေါ်မှ ကော်ဖီခွက်ကို ယူကာ တစ်ငုံသောက်လိုက်ရင်း သူ့အတွေးကို ဖွင့်ဟလိုက်သည်။
“ကျွန်မတော့ မသိဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မကိုတော့ ခေါ်သွားရမယ်... မဟုတ်ရင်...”
ကျူးရှောင်ကျောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကြမ်းတမ်းသော မျက်နှာထား လုပ်ပြလိုက်လေ၏။
“မဟုတ်ရင် ဘာလုပ်မလို့လဲ...”
ယဲ့ဖန်က သူမ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ပြန်မေးလိုက်သည်။
“မဟုတ်ရင်... ကျွန်မ ရှင့်ရှေ့မှာ ဒူးထောက်ချလိုက်ပြီး ဘယ်တော့မှ ပြန်မထတော့ဘူး...”
ကျူးရှောင်ကျောင်းသည် ပြောပြောဆိုဆိုနှင့် ယဲ့ဖန်၏ ရှေ့တွင် ဒူးထောက်ချရန် ပြင်လိုက်လေ၏။
“ဟာ... ဟာ... နေပါဦး...”
ယဲ့ဖန် လန့်ဖျပ်သွားပြီး ထိုင်ခုံမှ ကပျာကယာ ထခုန်ကာ ဘေးသို့ ရှောင်တိမ်းလိုက်ရ၏။
“တော်ပါတော့... မင်း ကန်တော့တာကို ကိုယ် မခံနိုင်ပါဘူး...”
“ဒါဆို ကျွန်မကို ခေါ်သွားမှာလား...”
ကျူးရှောင်ကျောင်းက အချိန်မရွေး ဒူးထောက်ချနိုင်သည့် အနေအထားဖြင့် ခြိမ်းခြောက်လိုက်သည်။
ယဲ့ဖန် ကြောက်လွန်းသဖြင့် ခေါင်းတညိတ်ညိတ်နှင့် သဘောတူလိုက်ရတော့သည်။
“အေးပါ... အေးပါ... ခေါ်သွားပါ့မယ်... ဟုတ်ပြီလား...”
သူ ဒီမိန်းမကို တကယ်ပဲ လက်မြှောက်ပါသည်။ ရိုက်လည်း မရိုက်ရဲ၊ မောင်းထုတ်လို့လည်း မရ။ တကယ့်ကို 'စေးကပ်တဲ့ ပလာစတာ' တစ်ချပ်ပါပဲ။
'စေးကပ်တဲ့ ပလာစတာ' မလေးသည် ချက်ချင်းပင် မျက်နှာ ဝင်းပသွားကာ ပြုံးရွှင်သွားလေ၏။
“ဒါမှ ငါ့မောင်လေး...”
ထိုအခြေအနေကို မြင်သောအခါ ဖူမာကျန်းဝူကလည်း အနားသို့ ကပ်လာပြီး ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်လေ၏။
“သခင်... သမီးလည်း လိုက်ချင်တယ်...”
ယဲ့ဖန် ခေါင်းကိုက်သွားလေ၏။ သို့သော် မတတ်နိုင်တော့။ ခေါင်းကိုသာ တွင်တွင် ညိတ်ပြလိုက်ရတော့သည်။
“အေးပါ... အေးပါ... အတူတူ သွားကြတာပေါ့...”
မိန်းကလေး နှစ်ယောက်သည် ကျေနပ်သွားကြပြီး လက်ချင်းချိတ်ကာ ပြန်ထိုင်လိုက်ကြသည်။
ထိုအခါမှ၊ ယဲ့ဖန်သည် သူ့အစီအစဉ်ကို သူမတို့ နှစ်ယောက်အား ရှင်းပြလိုက်၏။
“အခု လူစာရင်းကို အတည်ပြုရမယ်... မင်းတို့ နှစ်ယောက် ပါမယ်ဆိုတာကတော့ သေချာသွားပြီ... ဒီရတနာသိုက်ထဲမှာ ထောင်ချောက်တွေ၊ လျှို့ဝှက်လမ်းကြောင်းတွေ အများကြီး ရှိနိုင်တယ်... ဒါကြောင့် ထောင်ချောက်တွေကို ကျွမ်းကျင်တဲ့လူ လိုတယ်... အားချန်က အသင့်တော်ဆုံးပဲ...”
မိန်းကလေးနှစ်ယောက်က ခေါင်းညိတ်ထောက်ခံကြသည်။
အားချန်သည် လောင်းကစားဝိုင်းမှ သူခိုး ဘုရင် ဖြစ်၏။ ထောင်ချောက်ဆင်ခြင်း၊ ဖြေရှင်းခြင်းတို့တွင် သူ့လောက် ကျွမ်းကျင်သူ မရှိပေ။
သူ့ကို ခေါ်သွားခြင်းသည် အန္တရာယ်ကင်းရေးအတွက် အာမခံချက် တစ်ခု ပိုရသလို ဖြစ်ပေလိမ့်မည်။
“ပြီးတော့ ရွှီကျင်းရှင်း... သူ့ကို ခေါ်သွားမယ်လို့ ငါ ကတိပေးထားပြီးသားဆိုတော့...”
ဒီတစ်ခါတွင်တော့ သူ စကားမဆုံးခင်မှာပင် မိန်းကလေးနှစ်ယောက်၏ မျက်နှာများ မဲကျသွားသည်ကို တွေ့လိုက်ရလေ၏။
“သခင်... လူရှုပ်...”
“ဟွန်း... ယောက်ျားတွေများ...”
သူမတို့နှစ်ယောက် ရွှီကျင်းရှင်းကို ကောင်းကောင်း ရင်းနှီးကြသည်။ သူမသည် သူမတို့နှစ်ယောက်နှင့် တန်းတူ လှပရုံသာမက သူတို့မှာ မရှိသော တည်ငြိမ်ရင့်ကျက်သည့် အလှတရားကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်၏။
ထို့ကြောင့် သူမတို့၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက်ကို အလိုလို ခံစားလိုက်ကြရ၏။
ထို့အပြင် သူမတို့နှစ်ယောက်သည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အတူတူ နေထိုင်ရင်း ညီအစ်မအရင်းအချာလို ဖြစ်နေကြပြီပင်။ မသိစိတ်က သူမတို့နှစ်ယောက်ကို ဘုံရန်သူတစ်ယောက်အပေါ် တူညီသော မုန်းတီးမှုဖြင့် ပေါင်းစည်းပေးလိုက်သလို ဖြစ်နေလေ၏။
“ရှန်ဘုရင်ရဲ့ လျှို့ဝှက်ရတနာကို ရှာတွေ့တာ ငါပဲ... ဒါကြောင့် ငါ့မှာ ဆုံးဖြတ်ခွင့် အပြည့်ရှိတယ်... မင်းတို့ ကန့်ကွက်ခွင့် မရှိဘူး...”
ယဲ့ဖန်သည် အာဏာရှင် တစ်ယောက်လို ပြတ်ပြတ်သားသား ပြောချလိုက်လေ၏။ မိန်းကလေးနှစ်ယောက်၏ ခံစားချက်ကို လုံးဝ ဂရုမစိုက်ပေ။
“ဟွန်း...”
ကျူးရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာလွှဲသွားလေ၏။
ဖူမာကျန်းဝူက အနည်းငယ် နောက်ကျသွားသော်လည်း ညီအစ်မ စိတ်ဓာတ်ဖြင့် ယဲ့ဖန်ကို နှာခေါင်းရှုံ့ပြကာ ဘေးသို့ မျက်နှာလွှဲလိုက်လေ၏။
ယဲ့ဖန် နားထင်ကို လက်ဖြင့် ဖိနှိပ်လိုက်မိ၏။
အာ။ မိန်းမများရင် တကယ် ဒုက္ခများပါလား။
မိန်းမ သုံးယောက်ဆိုလျှင် ဈေးတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။
‘ဒီမိန်းမ သုံးယောက်သာ ပေါင်းမိရင် ငါ့ဦးနှောက်တော့ ရာဇဝင်တွင်အောင် ရှုပ်ထွေးသွားတော့မှာပဲ။’
‘တွေးကြည့်ရုံနဲ့တင် ခေါင်းကိုက်လာပြီ။
တော်သေးတာက ရွှီကျင်းရှင်းက နည်းနည်း အသိဉာဏ် ရှိတဲ့ပုံ ပေါ်တာပဲ။ ဒီကောင်မလေး နှစ်ယောက်နဲ့အပြိုင် သိပ်ပြီး ရူးကြောင်ကြောင် လုပ်မယ် မထင်ပါဘူးလေ။’
“နောက်ဆုံး တစ်ယောက်ကတော့ ဘူမိဗေဒ ပညာရှင်တစ်ယောက် လိုတယ်... ဒီရတနာသိုက်ထဲကို လူမဝင်တာ နှစ်ပေါင်း ၂၀၀၀ ကျော်နေပြီ... ဘယ်လို မြေပြင်အနေအထားမျိုး ဖြစ်နေလဲ ဘယ်သူမှ မသိနိုင်ဘူး... ဘူမိဗေဒ ပညာရှင် ပါသွားရင် ငါတို့အတွက် နောက်ထပ် အာမခံချက် တစ်ခု ရတာပေါ့...”
ယဲ့ဖန်၏ ရှင်းပြချက်ကို ကြားသောအခါ မိန်းကလေးနှစ်ယောက်လည်း သဘောပေါက်သွားကြသည်။
ဖူမာကျန်းဝူ၏ မျက်လုံးများ အရောင်တောက်လာလေ၏။
“ကျွန်မ လူတစ်ယောက်ကို သွားသတိရတယ်...”
ယဲ့ဖန်သည် သူမ၏ မျက်နှာထားကို ကြည့်ရုံဖြင့် ဘယ်သူ့ကို ပြောချင်နေတာလဲ ဆိုတာ သိလိုက်လေ၏။
“မင်း... အဲ့ဒီတစ်ယောက်ကို ပြောချင်တာလား...”
“ဟုတ်တယ်... သူပဲ... သခင် ဘယ်လို သဘောရလဲ…”