← Chapters

နောက်တစ်ခါကျရင် ဒီအကျင့်ယုတ်လေး ပြင်ခဲ့ပါ

Vol. 75 Ch. 1486

နောက်တစ်ခါကျရင် ဒီအကျင့်ယုတ်လေး ပြင်ခဲ့ပါ

Vol. 75 Ch. 1486

~“ပြီးခဲ့တဲ့ တစ်ခေါက် ရှောင်ယန်လေး အိပ်ဆေးတွေ သောက်ပြီး သေကြောင်းကြံတာ ဘယ်သူ့ကြောင့်လဲ... အချိန်မီ မတွေ့လိုက်ရင် အသက်ပါ ဆုံးရှုံးသွားနိုင်တယ်... မင်း သူ့ကို ဘယ်တုန်းကများ ဂရုစိုက်ဖူးလို့လဲ...”

အိမ်နီးချင်းများ၏ ဒေါသက အထွတ်အထိပ်သို့ ရောက်လာပြီး ကျန်းရှောင်ချောင်ကို ဝိုင်းဝန်း ပြစ်တင်ရှုတ်ချကြတော့သည်။

ပုံမှန်ဆိုလျှင် လူတိုင်းက ကိုယ့်ကိစ္စမဟုတ်လျှင် ဝင်မပါတတ်ကြပေ။ သို့သော် ဒီတစ်ခါတော့ တကယ်ကို သည်းမခံနိုင်တော့သည့် အဆုံး တရားမျှတမှုအတွက် အသံထွက်လာကြခြင်း ဖြစ်၏။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကျန်းရှောင်ယန်လေး၏ လူချစ်လူခင် ပေါများမှုကို ခန့်မှန်းနိုင်ရပေ၏။

ကျန်းရှောင်ချောင်သည် အရက်မူးနေသော်လည်း အနည်းငယ်တော့ အသိစိတ် ရှိသေးသည်။ လူအများ၏ ဒေါသထွက်မှုကို မြင်သောအခါ ကြောက်ရွံ့သွားပြီး လိပ်တစ်ကောင်လို ခေါင်းကို ပုလိုက်မိ၏။

ထိုအချိန်တွင် ထိပ်ပြောင်နှင့်လူက ရှေ့ထွက်လာပြီး အိမ်နီးချင်းများကို လက်ညှိုးထိုးကာ ဟိန်းဟောက်လိုက်သည်။

“ဟေ့လူတွေ... ဘာဆူညံနေတာလဲ... နောက်ထပ် ပေါက်ကရ တစ်ခွန်း ထပ်ပြောရဲတဲ့ လူ ရှိရင် ဒီကောင် ပေးစရာ ရှိတဲ့ အကြွေးကို မင်းတို့ပဲ ဝင်ဆပ်ပေးလိုက်...”

ထိပ်ပြောင်၏ နောက်တွင် ဗလတောင့်တောင့် လူမိုက်ကြီးများက ရပ်နေကြသည်။ သူတို့၏ မျက်နှာထားများက ကြမ်းတမ်းပြီး လူကောင်းများနှင့် လုံးဝ မတူပေ။

ခုနက တရားမျှတမှုအတွက် အော်ဟစ်နေကြသော အိမ်နီးချင်းများသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။

ကျန်းရှောင်ချောင်လို အသုံးမကျသည့် အကောင်ကိုတော့ သူတို့ ဆဲရဲဆိုရဲ ရှိကြသည်။ ဘာလို့လဲဆိုတော့ ဒီကောင်က ဘာမှပြန်မလုပ်ရဲမှန်း သိနေ၍ပင်။

သို့သော် တကယ့် ဒေသခံ လူမိုက်အစစ်တွေနှင့် တွေ့သောအခါတွင်မူ ဘယ်သူမှ ပါးစပ်မဟရဲကြတော့ပေ။ မဟုတ်လျှင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေမည် မဟုတ်ပါလော။

ကျန်းရှောင်ချောင်သည် အိမ်နီးချင်းများ ငြိမ်ကျသွားသည်ကို မြင်သောအခါ ချက်ချင်းပင် ဘဝင်မြင့်သွားလေ၏။ သူ့နောက်မှာ အားကိုးရမည့် ဆရာသမား ရှိနေပြီ ဆိုသည့် အထာဖြင့် မေးကို စကောလောက်ထောင်လိုက်၏။

ခဏလောက် ကြိတ်ပြီး သာယာနေပြီးနောက် သံတံခါးကို ဆက်လက် ထုရိုက်ပြန်သည်။

“ကျန်းရှောင်ယန်... နင် တံခါးဖွင့်မှာလား မဖွင့်ဘူးလား... ငါ..သုံးအထိ ရေတွက်မယ်... နင် မဖွင့်ရင် ငါ အားနာတော့မှာ မဟုတ်ဘူးနော်...”

“တစ်...”

“နှစ်...”

“သုံး...”

သူ ဘယ်လောက်ပဲ အော်ဟစ်နေပါစေ၊ ကျန်းရှောင်ယန်ကတော့ တံခါးမဖွင့်ပေ။

“ကောင်းပြီလေ... ကောင်းပြီ... နင်က ငါ့ကို အတင်း ဖိအားပေးတာနော်... ငါ့ကို အပြစ်မတင်နဲ့...”

ကျန်းရှောင်ချောင်သည် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ထောင့်တစ်နေရာတွင် ရှိနေသော မီးသတ်ဆေးဘူးကို တွေ့လိုက်ရ၏။

သူ ချက်ချင်းပင် ပြေးသွားပြီး မီးသတ်ဆေးဘူးကို ကောက်မလိုက်သည်။

“ဖွင့်စမ်း...”

ကျန်းရှောင်ချောင်သည် ရှေးခေတ် စစ်ပွဲများတွင် မြို့တံခါးကို သစ်တုံးကြီးဖြင့် ဆောင့်ဖွင့်သကဲ့သို့ မီးသတ်ဆေးဘူးကို ကိုင်ကာ အားကုန် ဆောင့်ထိုးလိုက်လေ၏။

“ဒုန်း...”

မီးသတ်ဆေးဘူးနှင့် သံတံခါးတို့ ထိရိုက်မိသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဟောင်းနွမ်းနေသော သံတံခါးကြီးမှာ ချက်ချင်းပင် ပုံပျက်သွားလေ၏။

“ဒုန်း... ဒုန်း... ဒုန်း...”

ကျန်းရှောင်ချောင်၏ ဆက်တိုက် ဆောင့်ထိုးမှုအောက်တွင် သံတံခါးကြီးမှာ ပိုမို ဆိုးရွားစွာ ပျက်စီးလာလေ၏။

တံခါးကြားမှ မိန်းကလေး၏ ငိုရှိုက်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။

ထိုငိုသံလေးသည် အလွန်အားငယ်ပြီး နာကျင်ကြေကွဲဖွယ်ရာ ကောင်းလှသည်။

ကိုယ့်အစ်ကိုအရင်းက ကိုယ့်ကို ဒီလို ဆက်ဆံနေသည်ကို ခံစားနေရသော သူမ၏ ရင်ထဲတွင် ဘယ်လောက်ထိ နာကျင်နေမည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပါ၏။

သို့သော် ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများသည် လူမိုက်များကို ကြောက်ရွံ့နေကြသဖြင့် ဒေါသသာ ထွက်ရဲကြပြီး ဝင်မပါရဲကြရှာပေ။

နောက်ထပ် အချက်အနည်းငယ် ထပ်ထိုးလိုက်လျှင် တံခါးပွင့်သွားတော့မည့် အနေအထား ဖြစ်နေပြီ။

ထိုအချိန်တွင် လက်တစ်ဖက်သည် မီးသတ်ဆေးဘူးကို ကိုင်ထားသော ကျန်းရှောင်ချောင်၏ လက်မောင်းကို ရုတ်တရက် လှမ်းဆွဲလိုက်လေ၏။

ကျန်းရှောင်ချောင် အတင်း ရုန်းကန်လိုက်သော်လည်း ရုန်းမထွက်နိုင်ပေ။

သူ လှည့်ကြည့်လိုက်သောအခါ သူ့နောက်တွင် ရုပ်ရည်ချောမောသော လူငယ် တစ်ယောက် မည်းမှောင်နေသော မျက်နှာထားဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။

“ဘယ်က ကောင်စုတ်လေးလဲကွ... လွှတ်စမ်း...”

သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ကို ခါထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် တစ်ဖက်လူ၏ ခန္ဓာကိုယ်က သွယ်လျသယောင် ထင်ရသော်လည်း အားအင်ကတော့ အံ့သြဖွယ် ကောင်းလောက်အောင် ကြီးမားလှသည်။ ကျန်းရှောင်ချောင် အားကုန်သုံးပြီး ရုန်းသော်လည်း လုံးဝ မလွတ်မြောက်နိုင်ပေ။

“ဟေ့ကောင်... မင်း သေချင်နေတာလား...”

ကျန်းရှောင်ချောင် ဒေါသထွက်သွားပြီး လက်ထဲမှ မီးသတ်ဆေးဘူးဖြင့် ယဲ့ဖန်ကို ပစ်ပေါက်လိုက်လေ၏။

ယဲ့ဖန်သည် ကိုယ်ကို ယိမ်းနွဲ့ကာ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ခြေထောက်ဖြင့် ကျန်းရှောင်ချောင်၏ ခြေထောက်ကို ခပ်ပါးပါးလေး လှမ်းချိတ်လိုက်သည်။

ကျန်းရှောင်ချောင်သည် အရက်မူးနေသူပီပီ ဟန်ချက်မထိန်းနိုင်ဘဲ ယိုင်နဲ့သွားလေ၏။

အခုချိန်မှာ သူက ဒေါသအဟုန်ဖြင့် အားကုန် ပစ်ပေါက်လိုက်ခြင်း ဖြစ်ရာ ဟန်ချက်ပျက်သွားသောအခါ အရှိန်မထိန်းနိုင်တော့ဘဲ မျက်နှာနှင့် ကြမ်းပြင် မိတ်ဆက်သွားလေတော့သည်။

“ခွပ်...”

သူ့ပါးစပ်နှင့် မီးသတ်ဆေးဘူးတို့ အရှိန်ပြင်းပြင်း မိတ်ဆက်မိသွားကြပြီး သွားနှစ်ချောင်း ကျွတ်ထွက်လာခဲ့လေ၏။

“အား... ခွေးကောင်... ငါ မင်းကို သတ်မယ်...”

ကျန်းရှောင်ချောင်၏ ပါးစပ် တစ်ခုလုံး သွေးများဖြင့် ရဲရဲတောက်နေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ သူသည် ကုန်းရုန်းထကာ ယဲ့ဖန်ဆီသို့ ထပ်မံ ခုန်အုပ်လိုက်ပြန်သည်။

ယဲ့ဖန်က အထင်သေးစွာ ပြုံးလိုက်ပြီး ဘေးသို့ ရှောင်တိမ်းလိုက်ကာ ခြေထောက်ဖြင့် နောက်တစ်ကြိမ် ထပ်ချိတ်လိုက်ပြန်သည်။

ဒီတစ်ခါတွင်တော့ ကျန်းရှောင်ချောင်သည် ပို၍ အရှိန်ပြင်းပြင်းဖြင့် ခုန်အုပ်လိုက်ခြင်း ဖြစ်ရာ ပို၍ ဆိုးရွားစွာ လဲကျသွားလေတော့သည်။

သူ့ခန္ဓာကိုယ်သည် နှစ်မီတာလောက် လွင့်စဉ်သွားပြီး နံရံနှင့် ‘ဝုန်း’ ခနဲ သွားဆောင့်မိလေ၏။

“အား... နာလိုက်တာ...”

သူသည် သွေးသံရဲရဲ ဖြစ်နေသော ခေါင်းကို အုပ်ကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်အော်ဟစ် နေလေတော့သည်။

ဘေးမှ ကြည့်နေကြသော အိမ်နီးချင်းများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

သူတို့က ဘေးကနေ အော်ဟစ်ဆဲဆိုရုံလောက်သာ တတ်နိုင်ကြပြီး လက်တွေ့ ဝင်ပါဖို့ကျတော့ မရဲကြပေ။

သို့သော်၊ ဘယ်ကမှန်းမသိ ရောက်လာသည့် ဒီလူငယ်လေးကတော့ တစ်ယောက်တည်း ရပ်တည်ပြီး ကျန်းရှောင်ချောင်ကို ကောင်းကောင်းကြီး ပညာပေးလိုက်လေပြီ ဖြစ်၏။

ကျန်းရှောင်ချောင်၏ သနားစဖွယ် အဖြစ်အပျက်ကို ကြည့်ပြီး အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။

“ဒီလူငယ်လေးက ဘယ်သူလဲ... လက်ရဲဇက်ရဲ ရှိလိုက်တာ”

“လက်ရဲတော့ ဘာဖြစ်လဲ... ကျန်းရှောင်ချောင်လို ကောင်မျိုးကို ဒီလိုပဲ ပညာပေးမှ ရမှာ”

“ဟုတ်တယ်... လူမိုက်ကို လူမိုက်နည်းနဲ့ပဲ ရှင်းရမယ်... ဒီလူငယ်လေး လုပ်တာ ကောင်းတယ်”

“ရှောင်ယန်လေးရဲ့ ရည်းစားများလား... မဟုတ်ရင် သူက ဘာလို့ ဒီလောက်ထိ ဝင်ပါနေရတာလဲ”

“ရှောင်ယန်လေးမှာသာ ဒီလိုရည်းစားမျိုး ရှိရင် ကောင်းမှာပဲ... အနည်းဆုံးတော့ သူ့ကို ကာကွယ်ပေးနိုင်တယ်လေ”

လူတိုင်း တီးတိုး ဝေဖန်နေကြစဉ်မှာပင် အခန်းထဲမှ ကျန်းရှောင်ယန်သည် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် တံခါးကို အသာဟပြီး ခေါင်းပြူကြည့်လိုက်သည်။

ထို့နောက် သူမ၏ အစ်ကိုဖြစ်သူ သွေးသံရဲရဲဖြင့် လဲကျနေသည်ကို တွေ့လိုက်ရလေ၏။

သူမ ချက်ချင်းပင် ကြက်သေသေသွားပြီး လှပသော မျက်နှာလေးပေါ်တွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာသည်။

ထို့နောက် သူမ၏ အကြည့်က လူစိမ်းလူငယ်လေးဆီသို့ ရောက်သွား၏။

အသက်အရွယ် အရဆိုလျှင် သူမနှင့် ရွယ်တူလောက်သာ ရှိဦးမည်။ ရုပ်ရည်ကလည်း အလွန် ချောမောခန့်ညား၏။

အထူးသဖြင့် သူ့ဆီမှ ထွက်ပေါ်နေသော တည်ငြိမ်အေးဆေးသည့် အငွေ့အသက်က လူကို လုံခြုံမှု ပေးစွမ်းနိုင်သကဲ့သို့ ခံစားရစေသည်။

ကျန်းရှောင်ယန်သည် ယဲ့ဖန်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေစဉ်မှာပင် လူမိုက်များက ယဲ့ဖန်ကို ဝိုင်းထားလိုက်ကြပြီ ဖြစ်၏။ ထိုမြင်ကွင်းက သူမ၏ ရင်ကို ဒိန်းခနဲ ခုန်သွားစေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူက သူမကို ကယ်တင်ဖို့အတွက် ဝင်ပါခဲ့ခြင်း ဖြစ်၏။ တကယ်လို့များ သူမကြောင့် ဒီလူ ဒုက္ခရောက်သွားခဲ့လျှင် သူမ ဘယ်လိုမှ စိတ်ဖြေနိုင်မည် မဟုတ်ပေ။

“ဟေ့ကောင်... မင်းနဲ့ ဘာဆိုင်လို့လဲ... သူများကိစ္စကို မင်းက ဘာကောင်မို့လို့ ဝင်ပါရတာလဲ...”

ထိပ်ပြောင်ခေါင်းဆောင်က ယဲ့ဖန်ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

သူက ကျန်းရှောင်ချောင်ဘက်ကနေ ရပ်တည်ပေးချင်လို့ မဟုတ်ဘဲ သူ့အကြွေး အမြန်ဆုံး ပြန်ရချင်လို့သာ ဖြစ်၏။

ယဲ့ဖန် ရောက်လာခြင်းက သူတို့၏ အစီအစဉ်ကို ဖျက်ဆီးလိုက်သလို ဖြစ်သွား၏။

ယဲ့ဖန်၏ အကြည့်က ထိုလူအုပ်စုကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။

“ဘယ်သူက ခင်ဗျားတို့ကို ပိုက်ဆံပေးစရာ ရှိတာလဲ... ပေးစရာရှိတဲ့လူဆီက သွားတောင်းလေ... ဒီကောင်မလေးက ခင်ဗျားတို့ကို ဘာလုပ်ထားလို့လဲ... ခင်ဗျားတို့ကောင်တွေ မိန်းကလေးတစ်ယောက်ရဲ့ အခန်းရှေ့မှာ လာပိတ်ရပ်ပြီး ရမ်းကားနေကြတာ မရှက်ကြဘူးလား...”

“ဟား... မင်းကများ ငါတို့ကို ဆရာလာလုပ်နေသေးတယ်... ဟေ့ကောင်... မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ သိရဲ့လား... မသေချင်ရင် အခုချက်ချင်း ထွက်သွားစမ်း... မဟုတ်ရင်...”

ထိပ်ပြောင်က ယဲ့ဖန်၏ နှာခေါင်းတည့်တည့်ကို လက်ညှိုးထိုးပြီး ခြိမ်းခြောက်လိုက်သည်။

သို့သော် သူ စကားမဆုံးခင်မှာပင် ယဲ့ဖန်က သူ့လက်ညှိုးကို လှမ်းဖမ်းလိုက်လေ၏။

“လူတစ်ယောက်က ငါ့နှာခေါင်းကို လက်ညှိုးထိုးတာ ငါ အမုန်းဆုံးပဲ... ဒီတစ်ခါတော့ မင်းကို ပညာပေးလိုက်မယ်... နောက်တစ်ခါကျရင် ဒီအကျင့်ယုတ်လေးကို ပြင်ခဲ့ပါ...”

စကားဆုံးသည်နှင့် လက်ညှိုးကို အားကုန် ချိုးပစ်လိုက်လေ၏။

“ဂျွတ်...”

ထိပ်ပြောင်၏ လက်ညှိုးသည် ချက်ချင်းပင် ကျိုးပဲ့သွားလေတော့သည်။

“အား...”

ထိပ်ပြောင်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့နောက်မှ လက်ပါးစေများကို အော်ဟစ် အမိန့်ပေးလိုက်သည်။

“သတ်... ဒီကောင့်ကို သတ်ပစ်စမ်း...”

လက်ပါးစေများသည် ဘာစကားမှ မပြောတော့ဘဲ ယဲ့ဖန်ဆီသို့ အလုအယက် ပြေးဝင်လာကြလေ၏။

စင်္ကြံလမ်း၌ ပွဲကြည့်နေကြသော အိမ်နီးချင်းများသည် ရန်ပွဲဖြစ်တော့မည်ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် ဝေးရာသို့ ထွက်ပြေး ပုန်းရှောင်ကြ

ကုန်လေတော့သည်။

All Chapters