← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 61 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 61 Ch. 721-723

အခန်း ၇၂၁ –

မှားယွင်းစွာ သေဆုံးခြင်း မြို့တော်သို့။

“ ဘာပဲဖြစ်ဖြစ်၊ ကြိုတင်ပြင်ဆင်မှုတွေ သေချာလုပ်ရမယ် ဒီကောင်လေးသာ တကယ်ပဲ ရောက်လာခဲ့ရင် ဒီတစ်ခါတော့ သေသေချာချာ မြှုပ်နှံထားသင့်တယ်။ ”

ငရဲကျီးကန်းအသံက ပဲ့တင်ထပ်နေခဲ့သည်။ အနက်ဝတ် ဘုန်းကြီးမှ အလျင်အမြန်ပင်၊

“ သခင်... ညတစ္ဆေကို ဘာလုပ်သင့်လဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ အစကတည်းက ဒီရွံစရာအဖိုးကြီးက ခေါင်းငုံ့ခံမယ်လို့ မတွေးခဲ့ဖူးဘူး မနက်ဖြန်ညမှာ အမဲလိုက်မှုစတင်ပါ ယဇ်ပူဇော်ဖို့အတွက် ...

... လုံလောက်တဲ့ စွမ်းအားတွေ စုဆောင်းနိုင်သရွေ့ သခင်ငရဲဘုရင်က ပြန်လာ နိုင်ပါတယ် သူ့ကိုထားလိုက် ... ။”

ထို့နောက်တွင် ငရဲကျီးကန်းအသံသည် လုံးဝပျောက်ကွယ်သွား၏။

မနက်လင်းချိန်၌ တည်းခိုခန်းတစ်ခုတွင် စုရီသည် လက်ဖက်ရည်သောက်လျက် လျှို့ဝှက် ကမ္ပည်းပြားတစ်ခုကို ပေးအပ်ကာ၊

“ ဒီကမ္ပည်းပြားနဲ့ မှားယွင်းစွာ သေဆုံးခြင်းမြို့တော်ရောက်ရင် ငါ့တည်နေရာ ရှာဖို့အတွက် မင်းသုံးနိုင်တယ်။ ”

-ဟု ပြောကြားလိုက်၏။

သူသည် ယခင်ဘဝက ထိုမြို့ထဲသို့ ဝင်ရောက်ဖူးသည်။ ၎င်းမှာ မြို့ဖြစ်သော်လည်း လက်တွေ့တွင်မူ စိတ်ကူးမယဉ်နိုင်သော တားမြစ်ထားသည့် အန္တရာယ်များရှိရာ ဒေသကြီးများစွာရှိ၏။  

 ကောင်းကင်ကပ်ဘေး တောင်ထိပ်၊ ဖရိုဖရဲပျက်စီးခြင်းလျှို့ဝှက်မြေ၊ ငရဲမြို့တော်နှင့် မြေအောက်ကမ္ဘာမြို့ ကဲ့သို့သော တားမြစ် နေရာများသည် ရွှမ်ယုဧကရာဇ်ကိုပင် သတ်ပစ်နိုင်သည်။  

မြို့တော်သို့ ဝင်ရောက်သောအခါ ဒေသဆိုင်ရာ စည်းမျဉ်း အပြောင်းအလဲကြောင့် ကျင့်ကြံသူတစ်ဦးစီကို မတူညီသောဧရိယာသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။  

ဧကရာဇ်များပင်လျှင် ဤအရာကို ပြောင်းလဲရန် တန်ခိုးမရှိချေ။ အတိတ်ကာလ၌ ကံမကောင်းသော လူအများအပြားသည် ကောင်းကင်ကပ်ဘေးတောင်ထိပ် ကဲ့သို့သော အန္တရာယ်အရှိဆုံး တားမြစ်ဒေသအတွင်း တိုက်ရိုက်ပို့ဆောင်ခြင်းခံရပေမည်။

သို့သော် အတွေ့အကြုံရှိ စီနီယာများ အကူအညီဖြင့် မြို့တော်အတွင်းဝင်ရောက်ရန် အကောင်းဆုံးအချိန်ကို ရွေးချယ်ကြသည်။ ဤနည်းဖြင့် အန္တရာယ်အများစုကို ရှောင်ရှားနိုင်၏။

ယွီရွယ်က ပျော်ရွှင်သွားသည်။ အနည်းဆုံးတော့ တစ်ဖက်လူသည် သူမကို ဂရုစိုက်နေသေးသည်။

ထိုအတွေးဖြင့် လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ စုရီအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ စုရီက ခဏလောက် စဉ်းစားပြီး၊

“ ဒါ့အပြင် ဒီမြို့ကြီးဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ သေမျိုးကမ္ဘာတစ်ခုလိုပဲ မင်းငါနဲ့ပြန်မဆုံခင်မှာ မင်းရဲ့အရိပ်အာဝါသကို ဖုံးကွယ်ထားပါ ... သွားရအောင် မြို့ထဲလမ်းလျှောက်ထွက်မယ်။ ”

စုရီက မတ်တတ်ရပ်လိုက်သည်။ ယွီရွယ်မှ ချက်ချင်းလိုက်ပါလာ၏။ ချစ်ရသူနှင့် လမ်းအတူ လျှောက်ခြင်းသည် မဟာတာအိုကို ဖြတ်ကျော် ဝင်ရောက်ခြင်းထက် ပိုမိုစိတ်လှုပ်ရှားဖွယ် ကောင်းချေပြီ။

မနက်လင်းပြီဖြစ်သဖြင့် မြို့တော်သည် စည်ကားပြီး တက်ကြွနေသည်။ ကမ္ဘာတစ်ဝှမ်းမှ စိုက်ပျိုးသူများသည် ထူးဆန်းပြီး အံ့သြဖွယ်ရာ ရတနာမျိုးစုံကို ယူဆောင်လာကြ၏။

စုရီက အသုံးမပြုသော ရတနာများကို ရောင်းချပြီး အနာဂတ်အတွက် လိုအပ်သော ရင်းမြစ်များဖြင့် လဲလှယ်သည်။

နေဝင်ရီတရောအချိန်တွင် ရောင်းဝယ်မှု ပြီးဆုံးသွားကာ ဟိုဟိုသည်သည် လျှောက်လှမ်း နေခဲ့၏။

လမ်းတလျှောက် ရှားပါးသော အဖိုးတန်ရတနာများစွာ တွေ့ခဲ့ရသော်လည်း သူ့ကျင့်ကြံမှုအတွက် အသုံးဝင်သော အရာများ ကိုသာ ထပ်မံဝယ်ယူခဲ့သည်။

နဝမတန်း ဝိညာဉ်ရေး အနှစ်သာရ၊ ဧကရာဇ်အဆင့်ရတနာနှင့် ထိပ်တန်းဝိညာဉ်ရေး တံဆိပ်များ၊ နှစ်တစ်ထောင်ဝိုင်နှင့် တိမ်တိုက် ပိုးမြူလက်ဖက်ရည် စသည်တို့ကဲ့သို့သော ရှားပါးပစ္စည်းများလည်း ဝယ်ယူခဲ့၏။

ထိုပစ္စည်းများကို အခြားသော မြို့ကြီးများတွင် ရှာတွေ့ရန် မဖြစ်နိုင်ချေ။ ယွီရွယ်က ဆံညှပ်၊ လက်ကောက်၊ နားကပ် စသည်ဖြင့် ထူးထူးခြားခြား ၀တ်စုံများကို ဝယ်ယူခဲ့သည်။

စားသောက်ဆိုင်တစ်ခု၌ အနားယူနေစဉ် နေဝင်ချိန်သည် မီးရောင်များဖြင့် မြို့ကိုခမ်းနား တက်ကြွလာစေ၏။

မြို့တော်အနှံ့ စည်ကားနေဆဲဖြစ်ပြီး လမ်းမများနှင့် လမ်းကြားများတွင် လူများနှင့် ရထားလုံးများ သွားလာနေ၏။

“ လောကီရေးရာ ရန်ပွဲတွေသာ ... မရှိတော့ရင် ဒီကမ္ဘာကြီးက ဘယ်လောက်များ အံ့သြစရာသာယာဖွယ် ကောင်းမလဲ။ ”

ယွီရွယ်က ပြတင်းပေါက်မှ မြင်ကွင်းများထံ ကြည့်ကာ သက်ပြင်းချလေသည်။ နှင်းမြို့သည် အမှန်ပင် စည်ကားသိုက်မြိုက်ချေ၏။

“ ဒီကမ္ဘာကြီးမှာ အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်ခဲတယ် နတ်ဘုရားတွေ တောင်မှ ရှောင်လွှဲလို့မရနိုင်တဲ့ အခြေအနေတွေ ရှိတယ် ဒါဟာ ...

... တာအိုရဲ့ ကန့်သတ်ချုပ်ချယ်မှုနဲ့ မငြိမ်မသက်မှုပဲ ... ကမ္ဘာကြီးမှာ ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ငါတို့နှလုံးသားကို ဆုပ်ကိုင်ထားပြီး လောကရဲ့အမြင်တွေကို ခွဲခြမ်းစိပ်ဖြာ ကြည့်ဖို့ပါပဲ။ ”

ယွီရွယ်မှ ပြုံးလိုက်သည်။ စုရွှမ်ကြွယ်သည် သေမျိုးကမ္ဘာကိုဖြတ်သန်းစဉ် သူ့နှလုံးသားမှာ အမှန်ပင် လွတ်လပ်နေ၏။

“ မှောင်လာပြီ၊ ငါတို့က တုနှိုင်းမဲ့တောင်ကြားကို သွားရအောင်။”

စုရီက ကောင်းကင်ကို မော့ကြည့်ကာ ပြောကြားသည်။ တိမ်တိုက်များသည် မီးလျှံများ တောက်လောင်နေသည့်အလား နေဝင်ချိန်တွင် တောက်ပလာ၏။ မိုးကုတ်စက်ဝိုင်းအစပ်၌ သွေးလမင်း ထွက်ပေါ်လာချေပြီ။

ထိုလရောင် ထွန်းလင်းမှသာလျှင် မြို့တံခါးသည် အတုမဲ့တောင်ကြား၌ ပွင့်မည် ဖြစ်၏။ ချက်ခြင်းပင် မြို့အရှေ့ဘက် ဦးတည် လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် သူတို့ကဲ့သို့ ထိုအရပ်ထံ ဦးတည်သွားသောဧကရာဇ်များ၏ အရိပ်အာဝါသကို ကောင်းစွာခံစားနိုင်၏။

လွန်ခဲ့သောရက်အနည်းငယ်က နှင်းမြို့တော်သို့ ရောက်ရှိလာသောဧကရာဇ်များ အားလုံး လှုပ်ရှားလာခြင်းဖြစ်သည်။ မြို့တံခါးမှ လှမ်းထွက်ပြီး မကြာမီ စုရီသည် ရုတ်တရက် ပြန်လှည့်ကြည့်၏။

ခမ်းနားထည်ဝါသော ရှေးဟောင်း မြို့ရိုးကြီးပေါ်တွင် မီးခိုးရောင်ဝတ်အမျိုးသား၏ ရုပ်သွင်ကို မြင်လိုက်ရသည် ။

“ ဂရုစိုက်ပါ ... ။ ”

ထိုအမျိုးသားက နှုတ်လမ်းလှုပ်ရုံပြော၏။ စုရီမှပြုံးပြီး လှည့်ထွက်လာခဲ့သည်။ မြို့တော်နှင့် အရှေ့ဘက် မိုင်သုံးရာအကွာတွင် အတုမဲ့ တောင်ကြားတည်ရှိ၏။

ဤထိုတောင်တန်းကြီးသည် အလွန်ထူးဆန်းပြီး လေထုအလယ်တွင် ဆိုင်းငံ့ ထားသည့်အလား လွင့်မျောနေသည်။

ကောင်းကင်သည် မှောင်မိုက်နေကာ နေဝင်ချိန်မှေးမှိန်လျက် ညအချိန်အခါသည် ပို၍ နီးကပ်လာတော့၏။

သွေးလသည် မိုးကုပ်စက်ဝိုင်းမှ ကောင်းကင်အလယ်သို့ တရွေ့ရွေ့မြင့်တက်လာ နေပြီး ကမ္ဘာကြီးအပေါ် ဖိနှိပ်ချုပ်ချယ်သော အနီရောင်အရိပ်များ သက်ရောက်စေသည်။

အတုမဲ့တောင်ကြားအတွင်း နက်ရှိုင်းကျယ်ပြန့်သော မြူများထွက်လာကာ လေဟာနယ်တုန်ယင်နေ၏။ များမကြာခင် လေဟာနယ်အတွင်း ပေတစ်ရာမြင့်သော ငရဲတံခါးပေါက် ဖြစ်တည်လာသည်။

တောင်တန်းများပေါ်တွင် လူရိပ်များစွာ စောင့်ဆိုင်းနေသည်။ ၎င်းတို့ရှိ အထင်ရှားဆုံးမှာ မန်ပိုနန်းတော်၊ အဝါရောင်နွေဦး နန်းတော်နှင့် နတ်မီးတောက်နန်းတော်တို့ ဖြစ်သည်။

မန်ပိုနန်းတော်သည် ရွှမ်ယုအဆင့် ဧကရာဇ်ဖြစ်သော လုချောင်မင်မှ ဦးဆောင်၏။ အဝါရောင်နွေဦးနန်းတော်၌ ယွင်စုန့်ကျိနှင့် နတ်မီးတောက်အတွက်မူ ဖုန်းယွီကျစ်တို့ ဦးဆောင်လေသည်။

အထူးသဖြင့် ခရမ်းရောင် ငှက်မွေးရောင်၀တ်စုံကို ၀တ်ဆင်ထားသော ဖုန်းယွီကျစ်ဖြစ်၏။

သူမသည် တိမ်များကဲ့သို့ လွင့်မျောနေသော ဆံပင်ရှည်များနှင့် အနက်ရောင် ဓားတစ်လက် ကျောတွင်လွယ်ထားသည်။

သူမ၏ သွယ်လျသော ရုပ်သွင်သည် ပြိုင်ဘက်ကင်း ကျက်သရေမျိုးရှိပြီး အံ့သြဖွယ် ဘုန်းအာနုဘော်ကို ပြသနေ၏။

သူမသည် မန်ပိုနန်းတော်၏ မြစ်ကူးသံတမန်နှင့် ယှဉ်နိုင်သည့် ထူးကဲသော ရာထူးမျိုးပိုင်ဆိုင်သည်။ နတ်မီးတောက် နန်းတော်၏ ကာကွယ်သူဖြစ်သည်။

မရဏကမ္ဘာတွင် သူမကို ကျောက်စိမ်းဓားဧကရီအဖြစ် လေးစားခြင်း ခံရစေသည်။ ရွှမ်ယုအလယ်အလတ်အဆင့် အစွမ်းထက်သော ကျင့်ကြံမှုရှိ၏။

နတ်မီးတောက် ဓားရည်ရွယ်ချက်နှင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်သောရောင်ဝါမှာ သူမခန္ဓာကိုယ်မှ ဖြာထွက်နေသည်။

စင်စစ်အားဖြင့် ဤထိပ်တန်း အင်အားစုသုံးခုရှိ အခြားဧကရာဇ်များထက် အဆပေါင်းများစွာ သာလွန်သည်။

အခြားတစ်ဖက်တွင် အင်အားစုများ၏ ဧကရာဇ်များစွာ ရှိကြပြီး အချို့မှာတစ်ဦးတည်း၊ အချို့သည် အုပ်စုငယ်များအဖြစ် ရပ်နေ၏။

ဤမြင်ကွင်းမျိုးသည် မြင်ရခဲချေပြီ။ ဧကရာဇ်ဟူသည် ပုံမှန်အားဖြင့် သီးသန့်နေထိုင် သူများဖြစ်၏။ ဤကမ္ဘာကြီးရှိ ကျင့်ကြံသူများ အများစုသည် ၎င်းတို့တစ်သက် မြင်ဖူးရန်ပင် မလွယ်ကြချေ။

“ သိုင်းဦးလေး ... မြို့ရဲ့တံခါးပေါ်လာပြီ ငါတို့ဘယ်အချိန် သွားမလဲ။”

ယွမ်လင်းနင်းသည် ဤမြို့သို့ ပထမဆုံးအကြိမ်လာခြင်း ဖြစ်သောကြောင့် စူးစမ်းလိုစိတ်များ ပြင်းပြနေခဲ့သည်။

“ အလျင်စလိုမလုပ်နဲ့ ... သွေးလမင်းကောင်းကင်မှာ ပြည့်လာတဲ့အခါ မြို့တံခါးအနားက အာကာသတာအိုဥပဒေ စည်းမျဉ်းတွေက အတော်လေး တည်ငြိမ်လာလိမ့်မယ် ...

... အဲဒီချိန်မှသာ အလွန်အန္တရာယ်များတဲ့ တားမြစ်နယ်မြေတွေဆီ ကျပန်းပို့ခံရတာကနေ လွတ်မြောက်နိုင်မယ်။ ”

လုချောင်မင်က ပြန်ဖြေသည်။

“ လူတိုင်း၊ မြို့ထဲကို ဝင်ပြီးရင် ချက်ချင်းပြန်ဆုံဖို့ ကြိုးစားကြပါ ... မင်းတို့ရဲ့ သတိကို မလျော့ချနဲ့။ ”

နတ်မီးတောက်နန်းတော်မှ ကာကွယ်ဖုန်းယွင်ကျိက သတိပေးစကားများ ပြောကြား၏။ လူတိုင်း ခေါင်းညိတ်သည်။

မှားယွင်းစွာ သေဆုံးခြင်းမြို့တော်သည် ရှေးခေတ်တည်းက ကမ္ဘာကြီး၌လူသိများသော တားမြစ်နယ်မြေကြီးဖြစ်သည်။

“ ဟမ့် ... ဘာလို့ဒီမှာ ... ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက် ရှိနေရတာလဲ။ ”

ရုတ်တရက်ပင် တစ်စုံတစ်ယောက်မှ အံ့အားသင့်ဖွယ်အသံဖြင့် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ လူတိုင်း သူနှင့်အတူ ချက်ချင်းမော့ကြည့်လာ၏။

အကွာအဝေးတစ်ခုတွင် လူငယ်တစ်ယောက်နှင့် ချောမောလှပသော မိန်းကလေးတစ်ယောက် လေထဲရပ်နေသည်။

လူငယ်၏ ကျောက်စိမ်းရောင် ဝတ်ရုံစများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်ပြီး မိန်းကလေး၏ အဖြူရောင်ဝတ်စုံသည်လည်း မကျန်ရစ်ချေ။

သမိုင်းတစ်လျှောက် ဝိညာဉ်တာအို နယ်ပယ်မျှဖြင့် မှားယွင်းစွာသေဆုံးခြင်းမြို့သို့ လာဝံ့သည့်သူ မရှိသေးကြောင်း ပြောနိုင်၏။

အဖြူဝတ်မိန်းကလေး အတွက်မူ ခံ့ညားထည်ဝါမှုနှင့် သူမ၏အသွင်အပြင်အပေါ် ဖုံးကွယ်ထားသဖြင့် ခွန်အားအစစ်အမှန်ကို ပိုင်းခြား၍မရချေ။

ထို့ပြင် သူမသည် ဤလူငယ်၏ အနားတွင်နာခံမှုရှိစွာ ငြိမ်သက်နေခဲ့သဖြင့် အလွယ်တကူ လျစ်လျူရှုမိစေ၏။

“ မိတ်ဆွေလေး ... မှားယွင်းစွာသေဆုံးခြင်းမြို့တော်ကို မင်းလည်း သွားမလား။ ”

နတ်မီးတောက်နန်းတော်မှ လူတစ်ယောက်က မမေးဘဲ မနေနိုင်တော့ချေ။ စုရီက ခေါင်းညိတ်ပြသည်။ မေးမြန်းသည့် လူမှာ မျက်ခုံးပင့်လျက်၊

“ ဟားဟားဟား ... ငါသာအကြံဉာဏ် ပေးရရင် မင်းရဲ့ကျွန်နဲ့အတူ ဒီကနေ အမြန်ဆုံး ထွက်သွားသင့်တယ် ... ဒီမြို့ဟာ ဘယ်သူမဆို ဝင်သွားနိုင်တဲ့ နေရာမဟုတ်ဘူး။ ”

“ မှန်တယ် ... မင်းသွားမယ်ဆိုရင် မင်းအတွက်တရားမျှတမှုမရှိတဲ့ သေခြင်းကို တွေ့ကြုံရလိမ့်မယ်။ ”

“ ဟားဟားဟား ... မိတ်ဆွေလေး သတိထားပါ။ ”

ထိုလူစကားကြောင့် ဧကရာဇ်များစွာက ဝင်ရောက်ပြောကြားကာ ရယ်မောလာကြ၏။ ဤသည်မှာ ကြောက်အောင်ခြောက်နေခြင်း မဟုတ်ချေ။ အမှန်တရားပေပင်။

သူတို့ကဲ့သို့ ဧကရာဇ်များပင်လျှင် မှားယွင်းစွာသေဆုံးခြင်းမြို့တော်သို့ ဝင်ရောက် သောအခါ အလွန်သတိထားရပေမည်။

ဝိညာဉ်တာအိုနယ်ပယ်မှ ဤလူငယ်လေးသည် အစေခံတစ်ဦးနှင့်အတူ ဝင်ရောက်လိုသည်မှာ သေခြင်းကို တောင်းနေ သည်နှင့် မကွာခြားချေ။

သူတို့၏ အမြင်တွင် လူငယ်သည် မိုက်မဲသောဂျူနီယာဖြစ်၏။ သူတို့အားလုံး၏ အဆင့်အတန်းအရ အကြောင်းမဲ့ လှောင်ပြောင် ပြောကြားမည် မဟုတ်ချေ။

***

အခန်း ၇၂၂ -

အပြစ်ဘုန်းကြီး ... ။

ထိုခဏတွင် အဝါရောင်နွေဦးနန်းတော်မှ အကြီးအကဲယွင်စုန့်ကျိသည် ရှေ့သို့ ချက်ချင်း လှမ်းတက်သွားပြီး စုရီတို့ထံ ရိုသေစွာ ဦးညွှတ်ပြုံးပြလျက်၊

“ တာအိုမိတ်ဆွေ ... ဒီအဘိုးကြီးကို မှတ်မိသေးလား။ ”

-ဟု နှုတ်ဆက်သည်။

လူတိုင်း၏ ရယ်မောနေသံများ ရပ်တန့်သွား၏။ နတ်မီးတောက်နန်းတော်မှ လူနှင့် အခြားသော ဧကရာဇ်များစွာသည် ယွင်စုန့်ကျိအပြုအမူကြောင့် အံ့ဩသွား ကြသည်မှာ သဘာဝပေပင်။

အထူးသဖြင့် လုချောင်မင်ဖြစ်သည်။ ယွင်စုန့်ကျိဟူသည် ခပ်ခွာခွာနေတတ်သူဖြစ်ပြီး မာနကြီးသောသဘောကြောင့် လူသိများ၏။ ထို့ကြောင့် စုရီကို အရိုအသေပေးနေသည်မှာ နားမလည်နိုင်စရာပေပင်။

ဤအဖိုးကြီးသည် စုရီ၏ လျှို့ဝှက်ဆန်းကြယ်သော သဘောသဘာဝကို မြင်နိုင်နေသည်လော။

တစ်ဖက်တွင် စုရီကိုမြင်သောအခါ ယွင်လင်းနင်၏အမူအရာသည် အနည်းငယ် သဘာဝမကျသလို ဖြစ်သွားသည်။

ဧကရာဇ်တစ်ပါးအနေဖြင့် ဝိညာဉ်တာအိုနယ်ပယ်ရှိ လူငယ်တစ်ဦးထံ အရှုံးပေးရခြင်းသည် အလွန်ရှက်စရာဖြစ်၏။

ထိုစဉ် လုချောင်မင်သည် ယွင်စုန့်ကျိအနား တိုးကပ်သွားကာ ပြုံးလျက် စုရီကိုနှုတ်ဆက်ရန် အစပြုလိုက်ပြီဖြစ်သည်။

“ ဆရာစု ငါတို့ ပြန်ဆုံကြပြီ။ ”

ထိုမြင်ကွင်းက စုရီနှင့်ယွီရွယ်ကို ဂျူနီယာအဖြစ် ရှုမြင်နေသော ဧကရာဇ်များ အတွက် အံ့အားသင့်ဖွယ်ဖြစ်လာသည်။

မန်ပိုနန်းတော်နှင့် အဝါရောင်နွေဦး နန်းတော်ကဲ့သို့သော အင်အားစုကြီးနှစ်ခုသည် အဘယ့်ကြောင့် ဤမျှရိုကျိုးနေသနည်း။

ဤအခိုက်အတန့်တွင် နတ်မီးတောက် နန်းတော်မှ ထိုလူနှင့် ဖုန်းယွီကျစ်သည် တစ်ခုခု လွဲချော်နေမှန်း သိရှိလိုက်ကြသည်။

စုရီသည် ထူးဆန်းသောအကြည့်များကို လျစ်လျူရှုလျက် လုချောင်မင်နှင့် ယွင်စုန့်ကျိထံ ခေါင်းညိတ်ကာ နှုတ်ဆက်သည်။

ဤအပြုအမူသည် လူအုပ်ကို ပို၍ပင် အံ့အားသင့်စေ၏။ ကျင့်ကြံသူများ၏ အမြင်တွင် တာအိုသည် ကောင်ကင်ဖြစ်ပြီး ဧကရာဇ်သည် နတ်ဘုရားဖြစ်သည်။

ယွင်စုန့်ကျိနှင့် လုချောင်မင်တို့ကဲ့သို့ ရွှမ်ယုအကြီးအကဲများသည် ဧကရာဇ်များကြား လေးစားကြရသော စီနီယာများပေပင်။

ဝိညာဉ်တာအိုနယ်ပယ် ထိုလူငယ်သည် ဤမြေခွေးအိုကြီးနှစ်ကောင်၏ နှုတ်ဆက်ခြင်း အတွက် ပေါ့ပေါ့တန်တန် တုံ့ပြန်နေသည်မှာ ရူးချင်စရာကောင်း၏။ ဆရာစု ဟူသော နာမ်စားသည် အထူးခြားဆုံးပေပင်။

“ ရွှမ်ကြွယ် ... မနေ့ညက နင်အဲဒီလူကို ထောင်ချောက်ထဲမ၀င်ဖို့ သတိပေးခဲ့ပေမယ့် သူ နင့်ကို မယုံဘူးထင်တယ်။ ”

ယွီရွယ်က သူ့အသံကို ပေးပို့လာသည်။ စုရီမှလက်နှစ်ဖက် နောက်ပို့လျက် မြို့တံခါးထံ စစ်ဆေးကြည့်လိုက်ပြီး၊

“ ဒါသဘာဝပါပဲ နောက်ဆုံးတော့ သူတို့က ဧကရာဇ်တွေအများကြီးနဲ့ လာတယ် ဘယ်သူက လိုလိုလားလား ရပ်တန့်ချင်မှာလဲ ... ။ ”

-ဟု ပြန်ဖြေလိုက်သည်။ မြို့တံခါးရှိ အာကာသတာအိုစည်းမျဉ်းများ၏ စွမ်းအားသည် အနည်းငယ် တည်ငြိမ်လာနေပြီဖြစ်၏။

“ ဆယ့်ငါးမိနစ်အတွင်း ငါတို့ဝင်လို့ရမယ်။ ”

စုရီကအကြည့်ကို ရုပ်သိမ်းလိုက်ပြီး ဝိုင်ပုလင်းကိုထုတ်ယူကာ မော့သောက်လိုက် လေသည်။

ထိုအချိန်တွင် နတ်မီးတောက်နန်းတော်မှ ဖုန်းယွီကျိသည် အသံလုံအစီရင်ကို ဖန်တီးကာ သူတို့အဖွဲ့သားများထံ ဖုံးကွယ်လိုက်၏။

“ တာအိုမိတ်ဆွေ ဒီလူငယ်က ဘယ်သူလဲ။ ”

သူမ မေးခွန်းကြောင့် အခြားသော ဧကရာဇ်များသည် စူးစမ်းလိုစိတ်များ ပြသ၏။ ယွင်စုန့်ကျိက ခဏမျှ တုံ့ဆိုင်းသွားပြီး၊

“ ငါ ဒီတာအိုမိတ်ဆွေကို တစ်ကြိမ်ပဲ တွေ့ဖူးပါတယ် ဒါပေမယ့် သူ့ရဲ့နောက်ခံက ထူးထူးခြားခြားဆိုတာတော့ ငါပြောနိုင်တယ် အသေးစိတ်ကို နောက်မှ ပြောပြပါ့မယ်။ ”

ထို့နောက် လုချောင်မင်ကို လှည့်ကြည့်ကာ၊

“ မင်း ... သူ့ကို ဆရာစုလို့ ခေါ်လိုက်တာ ငါကြားတယ် မင်းလည်း သူ့ကိုသိနေတယ် မဟုတ်လား။”

-ဟု မေးမြန်း၏။ လုချောင်မင်က အမူအရာ ချက်ချင်း ရှုပ်ထွေးလာခဲ့သည်။

“ ငါတို့အားလုံးက မိသားစုတွေမို့ ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး ... ဒါပေမယ့် ဒီလူငယ်ရဲ့နာမည်က စုရီဖြစ်ပြီး မိုးပြာတိုက်ကြီး ကနေ လာတယ် ဆိုတာပဲ ငါသိတယ်။ ”

“ မိုးပြာတိုက်ကြီးကလား။ ”

လူတိုင်း အံ့အားသင့်သွားသည်။ လုချောင်မင်မှ ခေါင်းညိတ်ကာ၊

“ ဆရာစုရဲ့ နောက်ခံသမိုင်းက ထူးထူးခြားခြားပါပဲ ငါတို့ရဲ့သံတမန်ဖြစ်တဲ့ ဘိုးဘေးမိုဝူဟန်က သူ့အပေါ် အလေးအမြတ် အရမ်းထားတယ်။ ”

ထိုစကားကြားချိန်တွင် လူတိုင်း တုန်လှုပ်သွား၏။ မင်ပိုနန်းတော်တွင် မိုဝူဟန်၏ အဆင့်အတန်းကို သူတို့အားလုံး သဘာဝကျကျ သိရှိထားကြသည်။ လုချောင်မင်က သက်ပြင်းချလျက်၊

“ လူတိုင်းရယ်မောခံရမှာကို ငါ မကြောက်ပါဘူး ငါနဲ့ဆရာစုကြား အထင်လွဲမှု တစ်ခုကြောင့် ဘိုးဘေးမိုဝူဟန်က ငါ့ကို ရာထူးကနေ ဖယ်ရှားပစ်လိုက်တယ်။ ” 

“ ဟမ့် ... အဲဒီလောက်တောင်လား။ ”

လုချောင်မင် စကားကြောင့် တုန်လှုပ်သွားကာ လူတိုင်းအကြည့်ချင်းဖလှယ် လိုက်ကြသည်။

နားလည်မှုလွဲမှားရုံဖြင့် ရွှမ်ယုဧကရာဇ်ကို အဓိပတိရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဟူသည် မယုံနိုင်စရာပေပင်။

ဤအရာသည် စုရီအမည်ရှိ လူငယ်ကို ဘီလူးကြီးမိုဝူဟန်မှ မည်မျှလေးစားကြောင်း ပြသရာရောက်ပေမည်။ ဖုန်းယွီကျစ်က ယွင်စုန့်ကျိထံကြည့်ကာ၊

“ တာအိုမိတ်ဆွေ မင်းရဲ့အခြေအနေကို ပြောပြပါ။ ”

-ဟု တောင်းဆိုလိုက်သည်။

“ မနေ့က ညတစ္ဆေတံဆိပ်နဲ့ ပန်းပဲရုံကို ငါသွားခဲ့တယ် ဒါပေမယ့် ပိုင်ရှင်နဲ့တွေ့ခွင့်မရဘဲ သူ့တပည့်ကသာ ငါ့ကိုလက်ခံတယ် ... ။ ”

ယွင်စုန့်ကျိက သက်ပြင်းချကာ ပြောပြလိုက်၏။ မည်သူမဆို ညတစ္ဆေ မည်မျှ ကြောက်စရာ ကောင်းသည်ကို သဘာဝကျကျ သိထားခဲ့ကြသည်။

ထိုသူရှေ့တွင် သူတို့အားလုံးသည် ဂျူနီယာတစ်ယောက်ဟူသော အဆင့်မျိုးပင် မရှိနိုင်ချေ။

“ ဒါပေမယ့် တာအိုစုက ညတစ္ဆေရဲ့ မိတ်ဆွေဟောင်းဆိုပြီး ဒီအတိုင်းဝင်သွားတာ ငါတွေ့လိုက်တယ်။ ”

“ ဒီအတိုင်း ဝင်သွားတာလား ... ။ ”

ဤစကားလုံးများသည် လက်ရှိရှိ ဧကရာဇ်များကို တုန်လှုပ်စေကာ စုရီအမည်ရှိ ဝိညာဉ်တာအိုနယ်ပယ်လူငယ်သည် သာမန်မျှ မဟုတ်ကြောင်း ပို၍သိလာစေသည်။

လုချောင်မင်ပင် တုန်လှုပ်သွား၏။ စုရီ၏နောက်ခံသည် သူ သိထားသည်ထက်ပို၍ ဆန်းကြယ်နေချေပြီ။

ယွမ်လင်းနင်က တိတ်ဆိတ်စွာ သက်ပြင်းချ၏။ ထိုလူကြီးများ၏ အံ့အားသင့် နေသော အမူအရာများကို မြင်လိုက်ပြီးတောက် သူမ၏အရှုံးအပေါ် အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။

“ ငါတို့ သူ့ကို ဖိတ်ခေါ်သင့်လား။ ”

ဖုန်းယင်ကျိမှ အကြံပြု၏။ လုချောင်မင်မှ ကူကယ်ရာမဲ့စွာ ပြုံးပြီး ခေါင်းယမ်းပြလေသည်။

“ ဒီနေ့အတွက် ငါမနေ့ညက ဆရာစုကိုဖိတ်ကြားခဲ့သေးတယ် ဒါပေမယ့် သူ ငြင်းခဲ့တယ်။ ”

ဖုန်းယွင်ကျစ်ခမျာ အံ့အားသင့်သွား၏။ ဤကမ္ဘာကြီးတွင် ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်သည် ရွှမ်ယုဧကရာဇ်ကို ငြင်းဆိုဝံ့သည်လော။

“ ငါအမြင်အရတော့ ဒီစုရီမှာ ... ထူးထူးခြားခြား နောက်ခံရှိနိုင်ပေမယ့် သူ့ရဲ့ ကျင့်ကြံမှုက နိမ့်ပါးနေပါသေးတယ် ...

... မြို့တော်ထဲကို ဝင်ရောက်တဲ့အခါ သူ့အစွမ်းနဲ့ အများကြီး အကူအညီဖြစ်နိုင်မှာ မဟုတ်ဘူး ... စိတ်ထဲမထားနဲ့။ ”

“ မှန်တယ် ... ဒါက အပိုတစ်ခုပဲ။ ”

“ သူ့ရဲ့ဝိသေသလက္ခဏာက အရမ်းထူးခြားလွန်းနေတယ် မြို့တော်ထဲမှာ ကံဆိုးမိုးမှောင်ကျခဲ့ရင် သူ့ဂိုဏ်းက ငါတို့အပေါ် ရန်ငြိုးထားမှာသေချာတယ် ဒီအကျိုးဆက်ကို ဘယ်သူခံနိုင်မှာလဲ။ ”  

အခြားသော ဧကရာဇ်များ၏ သုံးသပ်စကားကြောင့် ဖုန်းယွင်ကျိတစ်ယောက် လက်လျော့လိုက်သည်။

ဧကရာဇ်များကြားတွင် ဝိညာဉ်တာအိုနယ်ပယ်သည် အသုံးမဝင်နိုင်ဘဲ ဝန်ထုပ်ဝန်ပိုးမျှသာ ဖြစ်လာပေလိမ့်မည်။  

“ ဟမ့် ... ။ ”

ထိုစဉ် ကြက်သွေးရောင် လရောင်ခြည်များအောက်တွင် အနက်ရောင် သင်္ကန်းဝတ်ဘုန်းကြီးတစ်ပါး ပျံသန်းရောက်ရှိ လာခဲ့သည်။

သူပေါ်လာသည်နှင့် အေးစက်နေသည့် အငွေ့အသက်တစ်ခု ပျံ့နှံ့လာသဖြင့် ဧကရာဇ် အားလုံးက လှည့်ကြည့်သွားကုန်သည်။

“ ဒီလူ ... ။ ”

ယွင်စုန့်ကျီတစ်ယောက် နှလုံးခုန်သံ မြန်လာသည်။ ဤအနက်ဝတ် ဘုန်းကြီးသည် ယမန်နေ့က ပန်းပဲဆိုင်မှထွက်လာသည်ကို ပြန်သတိရလာ၏။

“ ဒီလူက ဘယ်သူလဲ။ ”

“ ငါ မသိဘူး ... သူ့အငွေ့အသက်က ထူးဆန်းတယ် အပြစ်တွေနဲ့ ပြည့်နှက်နေတာမို့ ငါသတိထားမိသွားတာ။ ”

ယွင်စုန့်ကျိမှ ဖုန်းယွင်ကျစ်မေးခွန်းကို ပြန်ဖြေလိုက်သည်။ သို့လော၊သို့လောဖြစ်နေစဉ် အပြစ်ဘုန်းကြီးသည် စုရီအနား လျှောက်လှမ်းသွားကာ၊

“ မနေ့ညက ... ဒီလူကြီးမင်းတို့ နှစ်ယောက်နဲ့တွေ့ဖို့ ရည်ရွယ်ထားပေမယ့် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရတယ် ကံကောင်းစွာနဲ့ပဲ ဒီနေ့ည မင်းကိုပြန်တွေ့ရပြီ။ ”

-ဟု နှုတ်ဆက်လိုက်လေသည်။

“ လက်စားချေချင်တာလား။ ”

စုရီက တစ်ဖက်လူသည် ဤမျှ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် အံ့အားသင့်ကာ ခပ်ပြတ်ပြတ်မေး၏။

အနက်ဝတ်ဘုန်းကြီးက ခေါင်းယမ်းကာပြုံးသည်။

“ ဒီဘုန်းကြီးက မင်းတို့နှစ်ယောက် အပါအဝင် ဘယ်သူ့ကိုမှ တားနေမှာ မဟုတ်ဘူး ဒါပေမယ့် အတွင်းမှာ ပြန်ဆုံတဲ့အခါ မင်းဝိညာဉ် ငြိမ်းချမ်းဖို့ ဒီဘုန်းကြီး ကူညီပေးမယ်။ ”

စကားဆုံးသည်နှင့် အပြစ်ဘုန်းကြီးသည် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး မြို့တံခါးဆီသို့ ပြေးဝင်သွားလေသည်။

“ စိတ်ဝင်စားစရာပဲ ငရဲနတ်ဘုရား နန်းတော်က ဘယ်လိုလှည့်ကွက်တွေသုံးမလဲ ကြည့်ရအောင်။ ”

စုရီက ပြုံးလျက် ရေရွတ်လိုက်တော့သည်။ စကားဝိုင်းကို နားထောင်နေသော ဧကရာဇ်များ အားလုံးသည် မျက်ခုံးပင့်လျက် စုရီကို ပြန်ကြည့်လိုက်တော့၏။

ဘုန်းကြီးနှင့် ထူးဆန်းသော လူငယ်သည် နောက်ကွယ်၌ အကြောင်းအရာများ ရှိပေမည်။ သို့သော် လူငယ်သည် ကြောက်ရွံ့မှုကင်း နေသည်မှာ အံ့ဩစရာဖြစ်၏။

***

အခန်း ၇၂၃ -

ကြယ်ဝိညာဉ်နှင့် မိုက်မဲသောအမျိုးသမီး။   

ညဉ့်နက်သန်းခေါင်ယံချိန် ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလသည် ကောင်းကင်၌ ထင်ရှားစွာထွန်းလင်လာ၏။ ပေတစ်ရာအမြင့်ရှိ မှားယွင်းစွာသေဆုံးခြင်း မြို့တံခါးပေါက်တွင် ထူးဆန်းသော သွေးနီရောင် အလင်းရောင်တစ်ခု ရောင်ပြန်ဟပ်နေပြီး အေးစက်စက် အငွေ့အသက်ကို ပေးနေသည်။

“ သွားကြစို့ ... ။ ”

စုရီက တံခါးပေါက်ထဲ လှမ်းလိုက်သည်။ ယွီရွယ်တစ်ယောက် အနီးကပ်လိုက်ပါသွား၏။ ပုံရိပ်နှစ်ခု ပျောက်ကွယ်သွားချိန်၌ အခြားသော ဧကရာဇ်များသည်လည်း မစဉ်းစားတော့ဘဲ အချင်းချင်း လှုပ်ရှားလာကြသည်။

များမကြာခင် ဧကရာဇ်များ ပျောက်ကွယ်ကုန်ပြီး အတုမဲ့တောင်ကြားကြီးမှာ လူသူကင်းမဲ့သွားလေသည်။ ကောင်းကင်ရှိ သွေးလသည်လည်း အနက်ရောင် တိမ်များဖြင့် ဖုံးအုပ်မှုန်ဝါးသွားစေသည်။

လေဟာနယ်အတွင်း ထွက်ပေါ်လာသော တံခါးပေါက်သည် တုန်ခါလျက် လေဟာနယ် လှိုင်းတွန့်များ ဖြစ်ပေါ်လာသည်။

နှင်းမြို့တော်ပန်းပဲရုံ။ မီးခိုးရောင်ဝတ် အမျိုးသားက ကောင်းကင်ကို ‌မော့ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။

“ ဆရာ ... အဲဒီဓားသမားအတွက် စိတ်ပူနေလား။ ”

သူ့ဘေးရှိ သန်မာသောလူငယ်က မေးမြန်းလိုက်သည်။ မီးခိုးရောင်ဝတ် အမျိုးသားက ခေါင်းခါပြပြီး၊

“ သူ့ကို စိတ်ပူစရာမလိုပါဘူး။ ”

-ဟု ပြန်ဖြေ၏။

“ ဒါဆို ဆရာက ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ။ ”

“ ကြက်သွေးရောင်လမင်းဟာ မရဏကမ္ဘာကြီးရဲ့ မူလစွမ်းအားရင်းမြစ်တစ်ခုပဲ ဒါပေမယ့် အခုတော့ ကြက်သွေးရောင်လမင်းရဲ့ စွမ်းအားက အရင်လို မပြင်းထန်တော့ဘူး ...

... ဒီနှစ်တွေအတွင်း မှားယွင်းစွာ သေဆုံးခြင်း မြို့တော်မှာဖြစ်စေ၊ နာကျည်းခြင်း ပင်လယ်မှာ ဖြစ်စေ ... ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်။ ”

ထိုမှတ်ချက်ကြောင့် အာချန်းက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်လေသည်။

“ ဆရာ ... မြေအောက်ကမ္ဘာငရဲဘုရင်နဲ့ ငရဲနတ်ဘုရားနန်းတော် ထွက်ပေါ်လာမှုအပြင် နာကျည်းခြင်းပင်လယ်ရဲ့ ...

... ပြောင်းလဲမှုတွေဟာ မရဏကမ္ဘာရဲ့ မူလစွမ်းအား လျော့နည်းလာတာနဲ့ ဆက်စပ်နေ တယ်လို့ ဆိုလိုတာလား။ ”

မီးခိုးရောင်ဝတ် အမျိုးသားက ခေါင်းညိတ်ပြလိုက်၏။ မကြာသေးမီနှစ်များ အတွင်း မရဏကမ္ဘာ၏ မူလစွမ်းအားသည် အမှန်တကယ် အားနည်းနေချေပြီ။

အကြောင်းရင်းကို မည်သူမျှ မသိနိုင်ဖြစ်၏။ ဤကမ္ဘာသည် အလွန်ကျယ်ပြောပြီး ရှေးခေတ် တည်းကပင် အတိုင်းအတာပမာဏကို မတိုင်းတာနိုင်ချေ။

“ ကံကောင်းထောက်မစွာနဲ့ ... အဲဒီလူ ပြန်လာပြီ ... မဟုတ်ရင် ငါတို့ခြေအောက်က ညတစ္ဆေမြို့တောင် ရပ်တည်ဖို့ခက်ခဲလိမ့်မယ် ငရဲဘုရင်ပြန်လည်မွေးဖွားလာချိန်မှာ ...

... ဘယ်လောက် ကြောက်မက်ဖွယ် ကောင်းတဲ့ မုန်တိုင်းတွေ တိုက်ခတ်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ။ ”

မီးခိုးရောင်ဝတ် အမျိုးသားက တစ်ကိုယ်တည်း ညည်းညူလိုက်လေသည်။ ထိုစကားများကြားချိန်တွင် အားချန်သည် သူ့ရင်ထဲတုန်ခါသွားပြီး ကျောရိုးတစ်လျှောက် အေးစက်လာသည်။

“ ဆရာ ... ဒီကပ်ဘေးက တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းလား။”

“ စိတ်မပူပါနဲ့ ... ဒီလူနဲ့ဆိုရင် အဲဒီကပ်ဘေးတွေ ထပ်ဖြစ်မလာတော့ပါဘူး။ ”

ဤသည်မှာ အမှန်တကယ်ပင် အချိန်အတော်ကြာတည်းက စီစဉ်ထားသည့် ကပ်ဘေးကြီးဖြစ်၏။ မရဏကမ္ဘာ၏ ဥပဒေကို ပြောင်းလဲရန် လုံလောက်သည့် ကိစ္စကြီးပေပင်။

သို့သော် ထိုသူ ပြန်လည် မွေးဖွားလာခြင်းနှင့်အတူ ဤကပ်ဘေးကြီးသည် မစတင်ခင်တည်းကပင် ပြီးဆုံးသွားခဲ့သည်။

***

မှားယွင်းစွာ သေဆုံးခြင်းမြို့တော်အတွင်း လူသူကင်းမဲ့သောလွင်ပြင်တစ်နေရာ၌ ငွေရောင် မြူခိုးများ ရစ်သိုင်းနေတော့၏။

ကောင်းကင်သည် မှောင်မိုက်ပြီး မှိုင်းညို့နေသည်။ နတ်ဆိုးမျက်ဝန်းများကဲ့သို့ ကြောက်စရာကောင်းသော သွေးနီမျက်ဝန်းများ ကောင်းကင်တွင် ပြန့်ကျဲနေ၏။

မြေပြင်တွင် စွန့်ပစ်ထားသော ပုပ်သိုးနေသည့်အလောင်းများ ပြည့်နှက်နေပြီး ခြောက်သွေ့ကြမ်းရှလွန်းချေပြီ။

စုရီတစ်ယောက် လက်နှစ်ဖက်ကို နောက်ပို့ကာ တစ်ယောက်တည်း လျှောက်လှမ်း နေခဲ့သည်။ သို့တိုင် ခြေလှမ်းတစ်လှမ်းသည် ပေတစ်ရာမျှ ကျယ်ချေပြီ။

တစ်ခါတစ်ရံတွင် ကောင်းကင်ရှိ သွေးနီရောင်ကြယ်များကို မော့ကြည့်တတ်၏။ ထိုကာလအတွင်း ခြေလှမ်းများကို မရပ်ချေ။ ဤသည်မှာ မှားယွင်းစွာ သေဆုံးခြင်းမြို့အတွင်း အန္တရာယ်ရှိသည့် သွေးကြယ်စွန့်ပစ်မြေဖြစ်၏။

ကောင်းကင်ရှိ သွေးကြယ်ကိုးလုံးသည် နယ်မြေတစ်ခုလုံးအပေါ် လွှမ်းခြုံထားခဲ့သည်။ အန္တရာယ်ပေးနိုင်စွမ်းအရဆိုသော် ကောင်းကင် ကပ်ဘေးတောင်ထိပ်ကဲ့သို့ ပြင်းထန်ခြင်း မရှိချေ။

သို့သော် ဤနယ်မြေတွင် ကြာမြင့်စွာနေထိုင်ခြင်းဖြင့် ဧကရာဇ်များပင် ကြောက်စရာကောင်းသော ပြဿနာများဖြင့် ရင်ဆိုင်ရပေလိမ့်မည်။

သူ့အတွက် မြေအောက်ကမ္ဘာငယ်သို့ ဦးစွာသွားရောက်ပြီး ကောင်းကင်မိစ္ဆာနွယ်ပင်ထံ ကြည့်ရန် စိတ်ကူးထား၏။ သို့မှသာ မှားယွင်းစွာ သေဆုံးခြင်းမြို့တော် အခြေအနေအကြောင်း စုံစမ်းလျက် ရီယုကိုကယ်တင်ရပေမည်။

ဤသွေးကြယ်လွင်ပြင်ကို ဖြတ်ကျော်ပြီးနောက် ဝိညာဉ်ပျက်သုဉ်းခြင်း ချောက်ကမ်းပါးထံ ရောက်ရှိမည်။ ထိုမှတဆင့် အရိုးဖြူမြစ်ကိုဖြတ်ကာ မြေအောက်ကမ္ဘာသို့ ဝင်ရောက်နိုင်၏။

မြေအောက်ကမ္ဘာငယ်သည် မှားယွင်းစွာ သေဆုံးခြင်းမြို့တော်၏ အန္တရာယ်အရှိဆုံးသော တားမြစ်နယ်မြေများအနက် တစ်ခုအဖြစ် သတ်မှတ်နိုင်ပေမည်။

ထိုနေရာသည် ရှေးယခင်ကတည်းက တည်ရှိသော ရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်ပြီး အလွန်ဆိုးရွားသောဝိညာဉ်များ နေထိုင်ကြ၏။

ယခင်ဘဝတွင် နွယ်မိစ္ဆာတစ်ပင်ကို ထိုမြေအောက်ကမ္ဘာကို သိမ်းပိုက်ရန်အတွက် ကူညီပေးခဲ့ပြီး ဧကရာဇ်အဆင့် မကောင်းဆိုးဝါး ဝိညာဉ် (၃၃)ကောင်တိတိသတ်ပစ်ပေးခဲ့၏။

မြေအောက်ကမ္ဘာငယ်၏ အဓိကခံတပ်ဖြစ်သော ကောင်းကင်ကြည့် မျှော်စင်ကို သိမ်းပိုက်ကာ ပေးအပ်ခဲ့သည်။

“ ဟမ့် ... ။ ”

ခရီးသွားနေတုန်း ရုတ်တရက် စွမ်းအင်အကြွင်းအကျန်လှိုင်းများ ပြန့်ကားလာ နေသည်ကို ခံစားလိုက်ရ၏။

“ တစ်ယောက်ယောက် ငရဲအလောင်းကောင် ကပ်ပါးတွေကြားမှာ ပိတ်မိနေပုံပဲ။ ”

သွေးကြယ်လွင်ပြင်တွင် အန္တရာယ်အရှိဆုံးအရာသည် ကောင်းကင်ရှိ ကြယ်ကိုးလုံးပေပင်။ ထိုကြယ်ကိုးလုံးကြောင့် မရေမတွက်နိုင်သော အလောင်းကပ်ပါးပိုးများ မွေးဖွားလာသည်။

သွေးကြယ်လွင်ပြင်အောက် အနက်ပေ သုံးရာအကွာ၌ အလောင်းပုံများရှိကာ ကပ်ပါးပိုး များစွာတို့သည် ထိုအလောင်းများထဲ ပုန်းအောင်း နေထိုင်ကြ၏။

ထိုကပ်ပါးများသည် နှောင့်ယှက်ခံရချိန်၌ မြေအောက်အလောင်းပိုးဘုရင် ဦးဆောင်သော အလောင်းကပ်ပါးပိုးများသည် တိုက်ခိုက်ရန် အစပြုလာပေမည်။

ဧကရာဇ်များပင်လျှင် လွတ်မြောက်ရန် ခက်ခဲပေ၏။ ထိုသွေးကြယ်လွင်ပြင် မြေအောက် ပေသုံးရာအနက်ရှိ အလောင်းများသည် အလောင်းပိုးများကြောင့် သေဆုံးသွားသော ကျင့်ကြံသူများဖြစ်သည်။

၎င်းတို့ထဲတွင် ဧကရာဇ်များပင်ပါဝင်၏။ သူသည်ပင် ဤနယ်မြေမှ အမြန်ဆုံးထွက်ခွာလို သည်မှာ ထိုပိုးများကို ရှောင်ရှားလိုခြင်းကြောင့် ဖြစ်လေသည်။

ထို့နောက် သူ့လမ်းသူ ဆက်၍ လျှောက်လှမ်းလာခဲ့၏။ သူသည် နှလုံးသားမဲ့သူ မဟုတ်သလို တစ်စုံတစ်ယောက် သေဆုံးမည် အရေးတွင် ရပ်ကြည့်နေရန်လည်း ဆန္ဒမရှိချေ။

မှားယွင်းစွာ သေဆုံးခြင်း မြို့တော်သို့ ယခုတစ်ကြိမ် ဝင်ရောက်လာသူများ အားလုံး ဧကရာဇ်များဖြစ်သည်။

“ ဟမ့် ... ။ ”

သင့်လျော်သော နည်းလမ်းရှာတွေ့သော် လွတ်မြောက်နိုင်ချေ၏။ ခဏအကြာတွင် ရပ်ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။

“ ဝှစ် ... ။ ”

ကြောက်စရာကောင်းသော သွေးကြယ်ကိုးလုံးထံမှ သွေးအရိပ်ကြီးတစ်ရိပ် ခုန်ဆင်းလာကာ အလင်းတန်းသဖွယ် ပျံသန်းသွားသည်ကို မြင်လိုက်ရ၏။

ထိုအရပ်တွင် တစ်စုံတစ်ယောက် တိုက်ပွဲဖြစ်ပွားနေသည်။ စုရီခမျာ မျက်ခုံးပင့်ပြီး၊

“ ကြယ်မိစ္ဆာတစ်ကောင် လှုပ်ရှားလာတာလား။ ”

-ဟု ရေရွတ်လိုက်၏။

ဤသည်မှာ သွေးကြယ်လွင်ပြင်၏ ကြောက်စရာအကောင်းဆုံးသော အန္တရာယ် ပေပင်။ ကြယ်ပွင့်များသည် ခေတ်အဆက်ဆက် သွေးနှင့်ယင်စွမ်းအင်ကို စုစည်းထားခြင်းဖြစ်၏။

ထို့ကြောင့် သူတို့တွင် ကြောက်စရာ ကောင်းသည့် မကောင်းဆိုးဝါးဝိညာဉ်များကို မွေးဖွားပေးရာအရပ် ဖြစ်လာခဲ့သည်။

ပုံမှန်အားဖြင့် သွေးကြယ်လွင်ပြင်၌ တစ်စုံတစ်ယောက်သည် ရုန်းရင်းဆန်ခတ်ခြင်း မပြုသရွေ့ ကြယ်မိစ္ဆာသည် စိတ်ဝင်စားမည် မဟုတ်ချေ။

“ နေဦး ... ဒီကြယ်မိစ္ဆာမှာ သွေးဝိညာဉ်ပုလဲကို စုစည်းထားနိုင်သလားလို့ ငါတွေးမိတယ် ... ။ ”

အနည်းငယ် သွေးဆောင်ခံလိုက်ရ၏။ သွေးကြယ်ပုလဲသည် ဧကရာဇ်အဆင့်ရတနာ ဖြစ်သည်။ ရှားပါးပြီး သွေးတာအို၏ ဥပဒေသများပါဝင်သည်။

ရွှမ်ကျောက်အဆင့် ဧကရာဇ်အတွက် သွေးဝိညာဉ်ပုလဲတစ်လုံးကို စုဆောင်းနိုင်သော် ဇာတိဓမ္မပုံရိပ်ဖန်တီးရာတွင် အသုံးဝင်မည်။

“ သွားကြည့်တာကောင်းမယ်။ ”

အတွေးဖြင့် ဦးတည်ချက်ပြောင်းပြီး တိုက်ပွဲအတက်အကျလှိုင်းများ ထွက်ပေါ်ရာ လမ်းကြောင်းသို့ လျှောက်လှမ်းသွားခဲ့သည်။

ခဏအကြာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု၏ မြင်ကွင်းများကို မြင်လာရ၏။ မှောင်မိုက်သောပတ်ဝန်းကျင်တွင် ခရမ်းရောင် ဓားအလင်းသည် စူးရှစွာတောက်ပနေသည်။

ဓားစွမ်းအင်သည် မိုးကြိုးများကဲ့သို့ ဖြတ်သန်းနေပြီး ကျက်သရေရှိသောအမျိုးသမီး တစ်ယောက်ဖြစ်၏။ သို့သော် သူမရောင်ဝါသည် မတည်မငြိမ်ချေ။ ပြိုင်ဘက်မှာ အလောင်းပိုး အုပ်စုကြီးဖြစ်ပြီး ပိတ်ဆို့ခံနေရသည်။

အလောင်းပိုးများသည် လက်သီးဆုပ်အရွယ်ခန့်ရှိကာ သရဲမျက်နှာနှင့် အစွယ်များပါရှိ၏။ ခန္ဓာကိုယ်သည် သွေးရောင် အဆင်းရှိကာ ဓားကဲ့သို့ပါးလွှာထက်ရှသော အတောင်ပံများပါရှိသည်။

အမျိုးသမီးသည် အလောင်းပိုးများကို သတ်ဖြတ်တိုက်ခိုက်နေသော်လည်း အရပ်ရပ်၌ ပို၍ထူထပ်စွာ ပိတ်ဆို့ခံနေရသည်။

အရေးအကြီးဆုံးမှာ သွေးနီရောင်ဝတ် ဖြူဖျော့နေသော အမျိုးသားတစ်ဦး ဖြစ်ချေ၏။ ထိုအမျိုးသားသည် ကြယ်မိစ္ဆာဖြစ်သည်။ အရပ် မြင့်မားပြီး ခန့်ညားထည်ဝါကာ သွေးဆာမှု ရောင်ဝါကို ထုတ်ဖော်ပြသနေသည်။

သူပြုလုပ်သော လှုပ်ရှားမှုတိုင်းသည် ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သည့် ခွန်အား ပြသနေသည်။ သွေးနီရောင်အလင်းများသည် ကြယ်စွမ်းအင်ကဲ့သို့ အဖျက်စွမ်းအားပြင်း၏။

အရှိန်အဝါသည် အကန့်အသတ်မရှိ အမျိုးသမီး၏တိုက်ခိုက်မှုများကို ခိုင်မာစွာ ချိုးနှိပ်ထားနိုင်သည်။

“ ..... ။ ”

ကံဆိုးသည့် အမျိုးသမီးကို မြင်ချိန်၌ စုရီတစ်ယောက် သက်ပြင်းချသည်။ ဤသည်မှာ မန်ပိုနန်းတော်၏ တတိယအကြီးအကဲ ယွမ်လင်းနင်ပေပင်။

ယခင်နှင့်နှိုင်းယှဉ်သော် သူမ၏ နက်နဲအဆင့်တာအိုများသည် ပြီးပြည့်စုံနေ၏။ သို့သော် ယခုအခါ အလွန်အန္တရာယ်များသော အခြေအနေဖြင့် ကြုံနေရချေပြီ။

ကြယ်မိစ္ဆာမှ အသွင်ပြောင်းလာသော သွေးနီရောင်ဝတ် အမျိုးသားသည် သူမထက် အားနည်းသူ မဟုတ်ချေ။ အလောင်းပိုးများ ဝိုင်းရံခံထားရသဖြင့် သာ၍ဆိုးသည်။

“ မင်းက အရမ်းမိုက်မဲတာပဲ ... မင်းရဲ့ပြိုင်ဘက်က သွေးကနေပြောင်းလဲလာတဲ့ ဝိညာဉ်တစ်ကောင်ဆိုတာ သိရက်နဲ့ ... မင်းတို့ မန်ပိုနန်းတော်ရဲ့ အမြင့်ဆုံးအမွေကို ဘာလို့ မသုံးရတာလဲ ...

... နှလုံးသားအိပ်မက်ကျမ်းရဲ့ တတိယအဆင့်မှာပါတဲ့ အိပ်မက်လွင့်ပါးခြင်း အလင်းနည်းစနစ်က မေ့နေတာလား။ ”

ရုတ်တရက် စုရီအသံကြောင့် တိုက်ပွဲအလယ်နစ်မြုပ်နေသော ယွမ်လင်းနင်က ချက်ချင်း စိတ်လှုပ်ရှားသွား၏။

အနားသို့ တစ်ယောက်ယောက် ရောက်ရှိလာပုံပေပင်။ သို့သော် ထိုသူသည် သူမကို လူမိုက်အဖြစ် ရှုမြင်နေ၏။

ရှက်ဒေါသဖြင့် လှည့်ကြည့်လိုသော်လည်း အချိန်မရှိချေ။ ထိုသူ ညွှန်ကြားချက်များအတိုင်း နှလုံးသားအိမ်မက်ကျမ်းကို အသက်သွင်း လိုက်ရသည်။

“ ဝူး ... ။ ”

ခမ်းနားတောက်ပသော အပြာရောင် အလင်းများထွက်ပေါ်လာပြီး အိပ်မက်ဆန်သည့် လေထုကို ပေးအပ်လာသည်။

တောင်နှင့်မြစ်များ ဖြစ်ပေါ်လာကာ သူမအနားတဝိုက် အလင်းကမ္ဘာကြီးပေါ်လာ၏။ ချက်ချင်းပင် ကြယ်မိစ္ဆာဝိညာဉ်သည် ပင့်ကူအိမ် အတွင်းပိတ်မိသွားသော ပိုးဖလံတစ်ကောင်လို လှုပ်ရှားမှုများ နှေးကွေးလာချေပြီ။

ယွမ်လင်းနင်တစ်ယောက် အရမ်းပျော်သွားသည်။ အမှန်ပင် အလုပ် ဖြစ်ချေ၏။ နှလုံးသားအိမ်မက်ကျမ်းဟူသည် ဝိညာဉ်အပေါ် ပစ်မှတ်ထားသော နည်းစနစ်ပေပင်။

သို့သော် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများအပေါ် အသုံးမဝင်နိုင်သဖြင့် အသုံးမပြုခဲ့ခြင်းဖြစ်သည်။ ယခုမူ ကြယ်မိစ္ဆာ အပေါ် အလုပ်ဖြစ်နေ၏။

“ သေလိုက်တော့ ... ။ ”

ထို့ကြောင့် တွန့်ဆုတ်မနေတော့ဘဲ ကြယ်မိစ္ဆာဝိညာဉ်ထံ ဓားတစ်ချက်တည်းဖြင့် သတ်ရန်ရည်ရွယ်လိုက်သည်။

“ ဟမ့် ... ။ ”

သို့သော် ထိုအချိန်တွင် သက်ပြင်းချသံ တစ်သံထပ်မံ ထွက်ပေါ်လာပြီး မှတ်ချက်အချို့ ပဲ့တင်ထပ်လာပြန်သည်။

“ မင်း ... ဘယ်လောက်အထိတောင် မိုက်မဲနေဦးမှာလဲ မင်းရဲ့ကျင့်မှုအဆင့်နဲ့ဆိုရင် ကြယ်မိစ္ဆာဝိညာဉ်ကို ဒီလိုအချိန်တိုအတွင်း သတ်လို့မရဘူး အခုချိန်မှာ အလောင်းပိုးတွေကို အရင်သတ်သင့်ပြီ။ ”

***

All Chapters