← Chapters

အခန်း (၇၂၄-၇၂၆)

Vol. 61 Ch. 724-726

အခန်း (၇၂၄-၇၂၆)

Vol. 61 Ch. 724-726

အခန်း ၇၂၄ -

ဝိညာဉ်ပျက်သုဉ်းခြင်း ချောက်ကမ်းပါး။

ယွမ်လင်းနင်တစ်ယောက် ရှက်ရွံ့မှုနှင့် ဒေါသလှိုင်းလုံးကြီးများ ထပ်မံခံစားလာရသည်။ ဧကရာဇ်ဖြစ်လာပြီးနောက် မည်သူမျှ သူမကို ဤမျှအပြစ်တင်ဝံ့ခြင်း မရှိခဲ့ချေ။

ယခုမူ ဘိုးဘေးတစ်ဦးမှ သားမြေးကို ဆူပူနေသကဲ့သို့ အကူအညီမဲ့မှု၊ စိတ်ပျက်မှုများ အတိုင်းသားမြင်နေရသည်။ သို့တိုင် ထိုအသံရှင် ပြောသည့်အတိုင်း လုပ်ဆောင်နေခဲ့၏။

“ ဝှစ် ... ။ ”

ကြယ်မိစ္ဆာကို လျစ်လျူရှုလျက် အလောင်းပိုးများထံ လှည့်ကာ သတ်ဖြတ် တော့သည်။

အလောင်းပိုးများကြားတွင် ပုန်းအောင်းနေသော ကြေးဒင်္ဂါးအရွယ်ရှိသော အင်းဆက်ကိုမြင်ချိန်၌ မျက်ဝန်းများ တောက်ပလျက် ခုတ်ပိုင်းချလိုက်သည်။

ထိုအဆင်းဆက်ခန္ဓာကိုယ်သည် ရွှေရောင်တာအိုရူရ်များ ချက်ချင်းဖုံးအုပ်လာပြီး မျက်ဝန်းများ၌ ဉာဏ်ရည်ဉာဏ်သွေးများ ပိုင်ဆိုင်ထားချေပြီ။

ဤသည်မှာ မြေအောက် အလောင်းပိုးဘုရင်ဖြစ်၏။ အလောင်းအင်းဆက် တစ်သောင်းတွင် တစ်ကောင်သာ ဘုရင်အဖြစ် မွေးဖွားလာနိုင်သည်။

အင်းဆက်ဘုရင်မှ ချဉ်းကပ်လာသော ဓားစွမ်းအင်ကိုခံစားမိသောအခါ မြေအောက် အထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

လုံးဝရှောင်တိမ်းခြင်း မပြုဘဲ အလောင်းပိုးတစ်အုပ်ကို ရှေ့သို့ပြေးဝင်စေကာ ဓားလမ်းကြောင်းကို ပိတ်ဆို့စေလိုက်၏။

ထိုအချိန်တွင် ကြယ်မိစ္ဆာဝိညာဉ်သည် ယွမ်လင်းနင်ထံ ရောက်ရှိလာခဲ့ပြီဖြစ်လေသည်။ ထိုမြင်ကွင်းက စုရီကို စကားလုံးများ ပျောက်ဆုံးသွားစေသည်။

ပြီးပြည့်စုံသော အခွင့်အရေး လွတ်မြောက်သွားပြီဖြစ်၏။ ယွမ်လင်းနင်ပင် ရှက်ရွံ့သွားပြီး သေချင်စိတ်ပေါက်လာသည်။ အမှန်ပင် သူမသည် မိုက်မဲနေပုံရ၏။ စုရီက သက်ပြင်းချလျက်၊

“ ငါကိုင်တွယ်ပါရစေ။ ”

-ဟု ပြောကြားလိုက်သည်။   

သူ့အသံ ပဲ့တင်ထပ်နေစဉ် မြေအောက် အလောင်းပိုးများသည် သတိထားမိပြီးနောက် သွေးမုန်တိုင်းကဲ့သို့ စုရီထံ အပြေးအလွှား ရောက်ရှိလာခဲ့၏။

ထိုရွေ့လျားမှုသည် လျှပ်စီးအလား မြန်ဆန်ပြီး မိုးကြိုးပစ်လိုက်ကဲ့သို့ ပြင်းထန် ချေပြီ။ အဝေးမှမြင်သူတိုင်း လုံးဝ အသက်မဲ့ သွားနိုင်၏။ သို့သော် စုရီသည် လုံးဝသတိမထား မိဟန်ဖြင့် အင်္ကျီလက်ကိုလှုပ်လိုက်သည်။

“ ဝှစ် ... ။ ”

ဓားအလင်းတစ်လက်သည် နဂါးငွေ့တန်းသဖွယ် ပြန့်ကားလာကာ စူးရှရှ တောက်ပလာ၏။ ထိုအချိန်မှောင်မိုက်နေသော ကမ္ဘာကြီးသို့ ကြယ်မြစ်ကြီး ဆင်းလာချေပြီ။

သိသာထင်ရှားစွာဖြင့် မြေအောက် အလောင်းပိုး မုန်တိုင်းကြီးသည် ထက်ခြမ်းကွဲ သွားတော့သည်။ အလောင်းပိုးများခမျာ ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ ကြယ်မြစ်၏ တိုက်စားခြင်း ခံလိုက်ရ၏။

“ ဟမ့် ... ။ ”

တစ်ဆက်တည်းမှာပင် ကြီးစိုးလွန်းသောအသွင်ဖြင့် စုရီသည် တိုက်ပွဲ အလယ်သို့ ဝင်ရောက်လာသည်။  

“ ဘောင်း ... ဘောင်း ... ။ ”

များမကြာခင် မြေအောက် အလောင်းပိုးများသည် နေရာအနှံ့ပေါက်ကွဲပြီး ပြာများအဖြစ်သို့ ပြောင်းလဲနေ၏။ အလောင်းပိုး ဘုရင်သည် ကြောက်လန့်ကာ ချက်ချင်း ထွက်ပြေးတော့သည်။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

သို့သော် စုရီမှ ခွင့်မပြုချေ။ လက်ဖဝါးကို လွှဲလိုက်သည်နှင့် ကြယ်မြစ်ကြီးသည် ‌ရွေ့လျား သွားပြီးနောက် အမှုန့်ချေပစ်လိုက်‌၏။

စုရီမှ လက်ဖဝါးဖြန့်ကာ အလောင်းပိုးဘုရင်ထံမှ ကျန်ရစ်ခဲ့သော ကြေးဒင်္ဂါးပြားအရွယ် အခွံငယ်ကို ဖမ်းယူလိုက်သည်။

ဤသည်မှာ ဧကရာဇ်အဆင့် တာအိုလက်နက်များသန့်စင်နိုင်သည့် ရှားပါး ရတနာဖြစ်သည်။

အလောင်းပိုးဘုရင် သေဆုံးသွားသည့် ဖြစ်စဉ်ကြောင့် အလောင်းပိုးများမှာ ဦးခေါင်းမဲ့ ယင်ကောင်များကဲ့သို့ ပြန့်ကျဲရှုပ်ထွေးကုန်၏။

ထိုမြင်ကွင်းကို ကြယ်မိစ္ဆာဝိညာဉ်နှင့် တိုက်ခိုက်နေသော ယွမ်လင်းနင်မှ သတိထားမိ သွားလေသည်။ သို့သော် သူမကိုလူမိုက်အဖြစ် အပြစ်တင်ခဲ့သူသည် ထိုစုရီဖြစ်နေသဖြင့် စိတ်မသက်မသာ ဖြစ်လာခဲ့၏။

စုရီက သူမထံ လှမ်းကြည့်ကာ၊

“ ကြယ်မိစ္ဆာဝိညာဉ်ကို သတ်ရမှာ မင်းတာဝန်ပဲ ... သူချန်ထားမဲ့ သွေးဝိညာဉ်ပုလဲ ကိုတော့ ငါယူမယ်။ ”

-ဟု သတ်မှတ်လိုက်သည်။

ထို့နောက် တိုက်ပွဲမြေပြင်မှ ဆုတ်ခွာသွားပြီးနောက် ကုလားထိုင်ထုတ်ကာ ဝိုင်သောက်လျက် စောင့်ကြည့်နေ၏။

ယွမ်လင်းနင်ခမျာ စကားမပြောနိုင်ခဲ့ဘဲ ကြယ်မိစ္ဆာဝိညာဉ်အပေါ် အာရုံစိုက်လိုက်သည်။ ဤသည်မှာ လုယက်ခြင်းမည်နေသော်လည်း နောက်ထပ် လူမိုက်ဟူသော မှတ်ချက်ကို မကြားလိုတော့ချေ။

များမကြာခင် ကြယ်မိစ္ဆာကို အဆုံးသတ်လိုက်ပြီးနောက် သွေးဝိညာဉ်ပုလဲ ယူကာ လျှောက်လှမ်းလာခဲ့၏။

“ ကူညီပေးတဲ့အတွက် ... ကျေးဇူးတင်ပါတယ် ဒီမှာသွေးဝိညာဉ်ပုလဲပါ။ ”

ခိုဥအရွယ် အနီရောင်ပုလဲတစ်လုံးကို စုရီထံကမ်းပေးလိုက်၏။ စုရီက ထိုင်လျက်ဖြင့် လက်ခံကာ သေချာစစ်ဆေးသည်။   

“ ဟမ့် ... ကံမကောင်းစွာနဲ့ ဒီသွေးဝိညာဉ်ပုလဲက သက်တမ်း(၉၀၀၀)သာ ရှိသေးတယ် ... ဒီလိုသွေးတာအိုစွမ်းအား အနည်းငယ်က ငါ့အတွက် အသုံးမဝင်ဘူး။ ”

စုရီက စိတ်ပျက်လက်ပျက်ဖြင့် ပြောကြားလိုက်သည်။ သွေးတာအိုအပြည့်အစုံ ဖန်တီးထားနိုင်သော သွေးဝိညာဉ်ပုလဲသည် ရှားပါးရတနာ ဖြစ်ပေလိမ့်မည်။

သူ့ရှေ့ရှိ ဤသွေးဝိညာဉ်ပုလဲအတွက်မူ သာမန်မျှပေပင်။ ထို့ကြောင့်သွေးဝိညာဉ်ပုလဲကို ယွမ်လင်းနင်ထံ ပစ်ပေးလိုက်၏။

“ မင်းယူလိုက်။ ”

စကားဆုံးသည်နှင့် ချက်ချင်း ထရပ်ကာ ကုလားထိုင်ကိုသိမ်းပြီး ထွက်ခွာသွားလေသည်။ ယွမ်လင်းနင်သည်သာ အံ့အားသင့်လျက် ကျန်ရစ်ခဲ့၏။

သူမအမြင်တွင် ဤသွေးဝိညာဉ်ပုလဲ၏ အရည်အသွေးသည် မဆိုးလှချေ။ ပြင်ပကမ္ဘာ၌ ရွှမ်ယုဧကရာဇ်တစ်ပါးမှ လုယူရန် လုံလောက်လေသည်။

သို့သော် ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်သည် အမှိုက်ကဲ့သို့ ပစ်သွားခဲ့ သည်မှာ ရူးသွပ်စရာဖြစ်၏။

ဆက်မတွေးတော့ဘဲ စိုးရိမ်စွာဖြင့် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်သည်။ အလင်းများ ပျောက်ကွယ်နေသော ဒေသကြီးတစ်လျှောက် အ‌လောင်းပိုးများ အော်ဟစ်နေသံများ ညံနေသည်။

မြူများက မြင်ကွင်းကို ပိတ်ဆို့နေသဖြင့် နတ်အာရုံသည် အလုပ်မဖြစ်ချေ။ ထို့ကြောင့် အံကြိတ်လျက် စုရီနောက်သို့ ချက်ချင်း ပြေးလိုက်သွားတော့သည်။

သူမအတွက် ဤမြို့တော်သည် ပထမဆုံးအကြိမ် စွန့်စားဝင်ရောက်ခြင်းပေပင်။ ကောင်းကင်၌ ထွန်းလင်းနေသော ကြယ်ကိုးပွင့် အကြောင်း သူမ မသိချေ။

သူမ သိထားသည်မှာ ဤဒေသအတွင်း မည်သည့်အရပ်သို့ ဦးတည်ထွက်ခွာရမည်မှန်း မသိတော့ခြင်းဖြစ်သည်။ လမ်းပျောက်ချေပြီ။

စုရီက မျက်ခုံးပင့်လျက် ယွမ်လင်းနင် လိုက်လာသည်ကို သတိထားမိသွားလေသည်။

“ ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ ”

ထို့ကြောင့် လှည့်မကြည့်ဘဲ ပြောကြားလိုက်၏။ သို့တိုင် ယွမ်လင်းနင်သည် လိုက်ပါလာဆဲဖြစ်သည်။ စုရီက လှည့်ကြည့်၏။ ယွမ်လင်းနင်ခမျာ တုန်ရင်သွားပြီး၊

“ တာအိုစု၊ ဒီကိစ္စက မင်းအတွက် ရိုးရှင်းတဲ့ကိစ္စ ဖြစ်နိုင်ပေမယ့် ငါ့အတွက်တော့ အသက်တစ်ချောင်းပါ။ ”

-ဟု အမြန်ရှင်းပြလိုက်သည်။

“ ကောင်းပြီ ... အခုမင်းပြောပြီးပြီ မဟုတ်လား ထွက်သွားပါ။ ”

“ ဒါက ... ။ ”

ယွမ်လင်းနင်ခမျာ တွန့်ဆုတ်သွားပြီး ပတ်ဝန်းကျင်ထံ ထိတ်လန့်စွာ ဝေ့ကြည့်ချေ၏။ ထိုအပြုအမူကြောင့် စုရီက ချက်ချင်း ရပ်လိုက်ပြီး၊

“ မင်း ငါနောက်လိုက်ဖို့ ကြိုးစားနေတာလား။ ”

-ဟု ပြန်မေးလိုက်သည်။

ယွမ်လင်းနင်သည် ဂုဏ်သိက္ခာရှိသော ဧကရာဇ်တစ်ပါးဖြစ်သဖြင့် စုရီအကြည့်တွင် ခေါင်းငုံ့ကာ အဆင်မပြေဖြစ်လာ၏။

“ အမှန်အတိုင်းပြောရရင် ငါ ... ငါလမ်းပျောက်နေတယ်။ ”

“ လမ်းပျောက်နေတာလား။ ”

စုရီက ရယ်ချင်သွား၏။ ရေခဲကဲ့သို့ အေးစက်မောက်မာလွန်းသော ဤဧကရာဇ်တွင် ထိုမျှသာဖြင့် အခက်အခဲဟု ခေါ်နိုင်သည်လော။

“ သိုင်းဦးလေးက မြေပုံတစ်ချပ်ပေးခဲ့ပြီး ငါ့ကိုယင်ယန်လမ်းဆီသွားဖို့ ညွှန်ကြားပါတယ် ဒါပေမယ့် ငါကြည့်လိုက်တော့ ဒီမြို့တော်မှာ တားမြစ်နယ်မြေ ဆယ်ခုကျော်တောင် ဖြတ်ကျော်ရနိုင်ချေရှိနေတယ် ...

... လမ်းကြောင်းကိုလည်း အတိအကျပြမထားဘူး ဒါကြောင့် ဦးတည်ရာ အရပ်ကို ငါရှာမတွေ့ဘူး။ ”

သူမအသံသည် တိုးညှင်းပြီး ဦးခေါင်းမှာ ပြုတ်ကျလုမတတ် ငုံကိုင်းနေသည်။ ဤမတိုင်မီ နက်နဲအဆင့်တာအို ပေါင်းစည်းနိုင်ပြီဖြစ်သဖြင့် လူငယ်နှင့် လက်ရည်စမ်းရန် စဉ်းစားထား၏။

ယခုမူ မတိုက်ခင်ကပင် ခေါင်းငုံ့နေရချေပြီ။ ရှက်စရာကောင်းချေ၏။ စုရီသည် တုန့်ပြန်ခြင်း မပြုသဖြင့်၊

“ တကယ်လို့ မသင့်တော်ဘူးလို့ မင်းခံစားရရင် အဆင်ပြေပါတယ် ငါကိုယ်တိုင် ထွက်သွားလိုက်မယ်။ ”

-ဟု အံကြိတ်ကာ ပြောကြားလိုက်သည်။

သူမအသံသည် အဖျားခတ်တုန်ရီနေ၏။ စုရီတစ်ယောက်အပြုံးများ ပျောက်ကွယ်သွားပြီး သူမကို ပြန်ကြည့်ကာ၊

“ ငါ ယင်ယန်လမ်းကိုသွားမှာပေမယ့် မြေအောက်ကမ္ဘာမြို့ကို အရင်သွားစရာရှိတယ် မင်းလိုက်ချင်ရင် လိုက်ခဲ့နိုင်တယ်။ ”

-ဟု ပြောကြားကာ လှည့်ထွက်လာခဲ့သည်။

ယွမ်လင်းနင်တစ်ယောက် စိတ်သက်သာရသွားပြီး၊

“ ငါလိုက်မယ်။ ”

-ဟု အတည်ပြုကာ ခေါင်းပြန်အမော့တွင် စုရီသည် အဝေးဆီသို့ရောက်ရှိနေပြီ ဖြစ်သဖြင့် ချက်ချင်းပြေးလိုက်သွားရ၏။

ထို့နောက်တွင် စုရီနှင့် သုံးပေအကွာမှ ကပ်လိုက်ကာ တိတ်တဆိတ်ခရီးနှင်နေခဲ့သည်။ အကြောင်းအရင်းကို မသိသော်လည်း သူမ အတွက် သက်တောင့်သက်သာဖြစ်လာ၏။

သူမကဲ့သို့ ဧကရာဇ်တစ်ပါးသည် ဝိညာဉ်တာအိုနယ်ပယ်ရှိ လူငယ်အနားတွင် လိုက်ပါနေရခြင်းဖြင့် လုံခြုံသည်ဟူသော ခံစားချက်သည် ရယ်စရာပေပင်။

သို့သော် တဖက်တွင် ညတစ္ဆေ၊ ဘိုးဘေးမိုဝူဟန်စသည်တို့ကဲ့သို့ ဘီလူးကြီးများ အမြင်၌ပင် လေးစားဖွယ်ကောင်းသော ဤလူငယ်သည် မရိုးရှင်းချေ။

လက်ရှိရွှမ်ယုဧကရာဇ်များဖြစ်သော အကြီးအကဲလုချောင်မင်နှင့် ယွင်စုန့်ကျစ်ကိုပင် ပူးပေါင်းရန် ငြင်းဆန်ခဲ့သဖြင့် နောက်ပါးမှ လိုက်ခွင့်ရခြင်းသည် ရှက်စရာမရှိချေ။

ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် ဂုဏ်ယူစရာဖြစ်သည်။ သည့်ပြင် မန်ပိုနန်းတော် အမွေကိုလည်း နားလည်နေရာ အပြင်လူအဖြစ် မမြင်နိုင်တော့ချေ။ သူမ၏ ကံကောင်းခြင်းသာ ဖြစ်ချေပြီ။

“ ရှေ့ မိုင်သုံးဆယ်အကွာမှာ ကျိုးဝိညာဉ်ပျက်သုဉ်းခြင်း ချောက်ကမ်းပါး ရောက်ပြီ ငါ့စကားကို နားထောင်ပါ။ ”

ရုတ်တရက် စုရီမှ သတိပေးလာသဖြင့် အတွေးများပြတ်တောက်သွားကာ အဝေးသို့ မျှော်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သတိပေးတားမြစ်သံများ မြည်လာ၏။

“ ဝိညာဉ် ပျက်သုဉ်းခြင်းချောက်ကမ်းပါး။ ”

ဤသည်မှာ ဧကရာဇ်များအတွက် တားမြစ်ချောက်ကမ်းပါးဖြစ်၏။ မကောင်းမှုများ ကျူးလွန်သူများအတွက် ထာဝရငရဲကို ခံစားစေရမည့် အရပ်ပေပင်။

မည်သူမဆို ထိုချောက်ကမ်းပါးထံ ဖြတ်သန်းဝံ့ခြင်းမရှိချေ။ တစ်စုံတစ်ယောက်၏ အပြစ်သည် ထိုသူ၏ဝိညာဉ်ကို ပျက်သုဉ်း စေနိုင်၏။

***

အခန်း ၇၂၅ -

ဝိညာဉ်စားငှက်များ ... ။

သမိုင်းတလျှောက် တားမြစ်ထားသော နေရာတစ်ခုအဖြစ် ကျင့်ကြံသူများစွာတို့သည် ဤချောက်ကမ်းပါးအကြောင်း ကြောက်ရွံ့စွာ ပြောဆိုနေခဲ့ကြသည်။

မှားယွင်းစွာ သေဆုံးခြင်း မြို့တော်အတွင်းတွင် အန္တရာယ်အရှိဆုံး တားမြစ်ဒေသကြီးကိုးခုရှိ၏။

ဤကမ်းပါးသည် ၎င်းကိုးခုအတွင်း တစ်ခုဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြား မှုန်ဝါးနေပြီး ကမ်းပါးအောက်တွင် အဖြူရောင် အရိုးများ စီးဆင်းနေသည့် မြစ်ကြီးတစ်စင်းရှိ၏။

ကမ်းပါးအထက်တွင် ကြမ်းတမ်းပြီး ပြင်းထန်သော မိုးကြိုးမုန်တိုင်းများ အစဉ်အမြဲ ဖုံးလွှမ်းနေသည်။

မိုးကြိုးစွမ်းအင်သည် အလွန်ရက်စက် ကြမ်းကြုတ်ကာ လွှမ်းမိုးနိုင်စွမ်းရှိ၏။ ဧကရာဇ် သည်ပင် ခံနိုင်ရည်မရှိချေ။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဝိညာဉ်စားငှက်ဟုခေါ်သော ကြောက်မက်ဖွယ် ငှက်မိစ္ဆာများရှိနေခြင်းပေပင်။

ဒဏ္ဍာရီများအရ ဝိညာဉ်စားငှက် တစ်ကောင်ချင်းစီသည် မှားယွင်းစွာသေဆုံးခြင်း မြို့တော်၌ သေဆုံးသွားသော ဧကရာဇ်များ၏ ဝိညာဉ်ဟုဆိုကြသည်။

ကြောက်စရာကောင်းပြီး သန်မာချေ၏။ ထို့ကြောင့်ဧကရာဇ်များသည် ဝိညာဉ်ပျက်သုဉ်းခြင်း ခြောက်ကမ်းပါးကို ရှောင်ကွင်းသွားကြခြင်းဖြစ်သည်။

“ တာအိုစု ငါတို့လမ်းလွှဲသွားရအောင်လား။ ”

ယွမ်လင်းနင်က အကြံပြု၏။

“ အဲဒီလောက် အချိန်မဖြုန်းနိုင်ဘူး အန္တရာယ်များပေမယ့် မြေအောက်ကမ္ဘာမြို့ကို အမြန်ဆုံးရောက်နိုင်တယ် ပြီးတော့ မြေအောက် လျှပ်စီးတာအိုတွေ စုဆောင်းရမယ်။”

စုရီအဖြေကြောင့် ယွမ်လင်းနင်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ သိုင်းဦးလေးသည် မည်သည့် အခြေအနေတွင် မဆို မချဉ်းကပ်ရန် သတိပေးထားခဲ့၏။

ယခုမူ ဝိညာဉ်တာအိုနယ်ပယ် လူငယ်လေးသည် ထိုအရပ်ထံ ဦးတည်နေကာ မြေအောက် လျှပ်စီးတာအိုကို စုဆောင်းရန် စိတ်ကူးနေသည်။

များမကြာမီ ရှုခင်းများသည် ရုတ်တရက် ပြောင်းလဲသွားတော့၏။ ပေတစ်ထောင်အမြင့်ရှိ တောင်ထိပ်ကြီးသည် မိုးကုပ်စက်ဝိုင်းထံသို့ ထိုးတက်နေချေပြီ။

“ ဂျိန်း ... ။ ”

မိုးကြိုးပစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီး တုန်ခါသွား၏။

တောင်ထိပ်ပေါ်တွင် ကောင်းကင်မှ ကျဆင်းလာနေသော လျှပ်စီးအမျှင်တန်းကြီးကို မြင်လိုက်ရသည်။

၎င်းလျှပ်စီးသည် ဓားကဲ့သို့ ထက်ရှကာ အစွမ်းထက်သော မိုးကြိုးမုန်တိုင်းများ ဖုံးလွှမ်း နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

အဝေးမှပင် အလွန်အမင်း သေစေနိုင်သောခြိမ်းခြောက်မှုကို ခံစားနေ ရလေသည်။

ယွမ်လင်းနင်၏ လှပသောမျက်နှာသည် ချက်ချင်းဖြူဖျော့သွားပြီး အရေပြားပေါ်တွင် ကြက်သီးများထလာခဲ့၏။

ထိုလျှပ်စီးကြောင်း၏ စွမ်းအားသည် သူမဧကရာဇ်အဆင့်သို့ ဝင်ရောက်စဉ်ကထက် သာလွန်သော ကောင်းကင်ဒုက္ခမျိုးပေပင်။ ၎င်းထက်ပင် များစွာပိုမိုပြင်းထန်၏။

ထိုလျှပ်စီးများအောက်တွင် ရက်စက် ကြမ်းကြုတ်သောငှက်အုပ်ကြီး ပေါ်လာသည်ကို မြင်နိုင်သည်။

သံသယဖြစ်စရာမလိုဘဲ ၎င်းတို့သည် ဝိညာဉ်စားငှက်များဖြစ်၏။ ဧကရာဇ် အဆင့် ကျွမ်းကျင်သူနှင့်ယှဉ်နိုင်သော ကြောက်မက်ဖွယ် သတ္တဝါတစ်မျိုးပေပင်။

“ တစ်၊ နှစ်၊ သုံး … ”

ရုတ်တရက် တိုးညှင်းသော ရေတွတ်သံကြောင့် မော့ကြည့်လိုက်ရာ စုရီက ထိုဝိညာဉ်စားငှက်အရေအတွက်ကို ရေတွက် နေချေပြီ။

“ မဆိုးဘူး နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဝိညာဉ်စားငှက် မျိုးဆက် တစ်အုပ်မွေးဖွားလာနိုင်ခဲ့ပုံပဲ။ ”

စုရီသည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ ထိုစဉ်က သစ်ရွက်လေးနှင့် သူသည် မြေအောက်ကမ္ဘာ မိုးကြိုးစွမ်းအင်မှ မွေးဖွားသော ဤဝိညာဉ်စားငှက် (၁၃)ကောင် တိတိကို ဖမ်းယူခဲ့ကြ၏။

ကိုးကောင်ကို သစ်ရွက်လေးအတွက် ဝိညာဉ်ကိုးပါး မိုးကြိုးလှံတံ ပြုလုပ်ရန်အတွက် အသုံးပြုခဲ့သည်။

ကျန်လေးကောင်ကို သူ့အတွက် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ဆေးပြား လေးပြား အဖြစ် သန့်စင်၏။ ဆေးတစ်ပြားကို သူ့အတွက် သိမ်းထားပြီး ကျန်သုံးပြားကို တပည့်ကြီးပင်းမို၊ ဆဋ္ဌမတပည့်နှင့် အငယ်ဆုံးတပည့်ချင်းတျန်ထံ ပေးအပ်ခဲ့သည်။

ဤအဖြစ်အပျက်များသည် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဝိညာဉ်ပျက်သုဉ်းခြင်း ချောက်ကမ်းပါးကို ပြန်မြင်ရချိန်တွင် ပြန်လည်ထင်ရှားလာ၏။

“ ငါနဲ့ ဆယ်ပေအကွာကနေ လိုက်ခဲ့ပါ အဝေးကြီး မကျန်ခဲ့စေနဲ့။ ”

ထိုသို့ဖြင့် စုရီတစ်ယောက် ရှေ့သို့ ဆက်လျှောက်သွားသည်။ ယွမ်လင်းနင်သည် နှောင့်နှေးမှုမရှိဘဲ စုရီနောက်သို့ ချက်ချင်း လိုက်ပါလာ၏။

တောင်ထိပ်နှင့် ပေတစ်ထောင်အကွာသို့ ရောက်ရှိလာသောအခါ စုရီက လက်ဖဝါးဖွင့်ပြီး ကြေးဝါစာအုပ်ပုံစံတံဆိပ်ကို ထုတ်ယူသည်။

ဤရတနာသည် ရိုးရှင်းလွန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံး ပုံသဏ္ဍာန် ပါရှိ၏။

ထူးဆန်းသော တာအိုရူရ်များက မျက်နှာပြင်ကိုဖုံးလွှမ်းလျက် ဆန်းကြယ်သည့် အလင်းတန်းအဖြစ် ရုတ်တရက်ပေါ်လာကာ စုရီနှင့် သူမအပေါ် ဖုံးအုပ်သွားသည်။

အလင်းရောင်သည် မှိန်ဖျော့ဖျော့နှင့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်ပေး၏။

“ ဂျိန်း ... ။ ”

ဝိညာဉ်ပျက်သုဉ်းခြင်း ကမ်းပါးမှ ထွက်ပေါ်လာသော မိုးကြိုးသည် အလင်းလွှာထံ ထိမှန်လျက်တိတ်ဆိတ်စွာ ပျက်ပြယ်သွားသည်။ စိတ်ဝိညာဉ်ကို အနည်းငယ်မျှပင် မထိခိုက်စေ နိုင်တော့ကြောင်း မြင်သာ၏။

“ ဒါက ဘယ်လိုရတနာမျိုးလဲ။ ”

ယွမ်လင်းနင်ခမျာ အံ့အားသင့်စွာ မေးမြန်းလိုက်လေသည်။ သို့သော် စုရီသည် ပြန်မဖြေချေ။

“ ဂျိန်း ... ။ ”

နှစ်ယောက်သား တဖြည်းဖြည်း ချဉ်းကပ်လာစဉ် မိုးကြိုးများအဆက်မပြတ် ပစ်ခတ်ခြင်းခံရသည်။

လေဟာနယ် ပြိုကျလျက် အရပ်မျက်နှာအသီးသီးသို့ တုန်ခါမှုများ ပျံကား ပျက်ပြယ်ကုန်တော့၏။ သူတို့နှစ်ဦးအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု မရှိခဲ့ချေ။

ဤမယုံနိုင်စရာ မြင်ကွင်းသည် ယွမ်လင်းနင်ကို အံ့အားသင့်စေပြီး စုရီလက်ထဲရှိ ရတနာသည် မရိုးရှင်းကြောင်း သိရှိလာသည်။

“ ခဏရပ် ... ။ ”

နှစ်ယောက်သား တောင်ထိပ်နှင့် ပေအနည်းငယ်အကွာတွင် စုရီမှရပ်လိုက်ကာ ကျောက်စိမ်းဘူးသီးကိုဖြုတ်လျက် လေထဲ ပစ်တင်လိုက်တော့၏။

သုံးလက်မအရွယ် ကျောက်စိမ်းဘူးသီးသည် လျင်မြန်စွာ လည်ပတ်လျက် အိပ်မက်ဆန်သော အလင်းတန်းများဖြန့်ကျက်ကာ ရုတ်တရက် ပိုမိုကြီးထွားလာပြီး ဆယ်ပေကျော် အရွယ်အစား ရောက်ရှိလာသည်။

“ ဒါ ... ။ ”

ယွမ်လင်းနင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွား၏။ ထိုစဉ် မြေအောက်ကမ္ဘာ မိုးကြိုးစွမ်းအင်များသည် အလုံးအရင်းဖြင့် ကျောက်စိမ်းဘူးသီးထံ ဆင်းသက်လာသည်။

မိုးကြိုးများသည် ဒေါသထွက်နေသော သားရဲတစ်ကောင်နှင့်တူသည်။ ကောင်းကင်ဘုံ ပြိုကျသွားပြီး နဂါးငွေ့တန်းကြီး ပြုတ်ကျလာ သကဲ့သို့ လျှပ်စီးများခတ်နေသည်။

မော့ကြည့်ရုံဖြင့် အလွန်အမင်း စိတ်ပျက်အားငယ်မှုနှင့် လွတ်မြောက်ရာလမ်း မရှိဟု ခံစားရစေ၏။

သို့သော် ကျောက်စိမ်းဘူးသီးကိုထိမှန်ချိန်၌ အလွန်ပြင်းထန်သည့် ထိုမိုးကြိုးစွမ်းအင်များမှာ စုန်းဝုန်းမြုပ်သွားတော့သည်။

ကျောက်စိမ်းဘူးသီးသည် အောက်ခြေမဲ့ တွင်းနက်အလား မိုးကြိုးများကိုအဆက်မပြတ် ဝါးမျိုချနေခဲ့၏။

သူမ မြင်လိုက်ရသည်များသည် နားလည်မှုနှင့် စိတ်ကူးစိတ်သန်းများကို လုံးဝပြောင်းလဲလာစေသည်။

ရွှမ်ယုအဆင့် ကျွမ်းကျင်သူသည်ပင် ဤမျှစွာသော ကြောက်မက်ဖွယ် မိုးကြိုးများကို တိုက်ရိုက်မခံနိုင်ချေ။ ယခုမူ ထိုကျောက်စိမ်း ဘူးသီးသည် ရေကိုမျိုချနေသော ဝေလငါးကဲ့သို့ အတိုင်းအဆမဲ့နေ၏။

စုရီက ခေါင်းရမ်းသည်။ ကျောက်စိမ်းဘူးသီးအတွင်းတွင် သုံးလက်မ အရွယ် မူလနတ်ဘရားရတနာရှိသည်။

မြေအောက်ကမ္ဘာ မိုးကြိုးသည် မှားယွင်းစွာသေဆုံးခြင်းမြို့တော်၏ မူလတာအို စည်းမျဉ်းများဖြစ်ပြီး မူလနတ်ဘုရား ရတနာ အတွက် အလွန်ကောင်းမွန်သော အာဟာရဖြစ်ချေပြီ။

ကျောက်စိမ်းဘူးသီးတွင် လျှို့ဝှက် ဆန်းကြယ်သောအမိန့်များ ရေးထိုးထားခဲ့ရာ ကောင်းကင်နှင့် မြေကြီးကြား စွမ်းအင်များကို စုပ်ယူနိုင်သည်။ ထိုအမိန့်များအတွင်း ‘မိုးကြိုး ဝါးမျိုခြင်း အမိန့်တော်’ပါရှိ၏။

“ ဒီဘူးသီးထဲမှာ အစွမ်းထက်တဲ့ ရှေးဟောင်းဝိညာဉ်တစ်ခု ရှိနေတာလား။ ”

ယွမ်လင်းနင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ မရှိဘူး ... ။ ”

စုရီက ခေါင်းခါ၏။ စကြာဝဠာနှလုံးသား သုံးလက်မ၌ဝိညာဉ်မရှိချေ။ ဝိညာဉ်အနှစ်သာရ အနည်းငယ်သာရှိသည်။

ယွမ်လင်းနင်ခမျာ နှုတ်ဆိတ်သွား၏။ တစ်ဖက်လူနှင့် ခရီးသွားလေ ဆန်းကြယ်သော မသိနားမလည်မှုများ ပိုမိုမြင်ရလာလေ ဖြစ်သည်။

ထို့ကြောင့် သူမအပေါ် လူမိုက်ဟု သုံးနှုန်းခဲ့သည်မှာ အံ့သြစရာမရှိတော့ချေ။ စုရီနားလည်ပြီး ကိုင်တွယ်နိုင်သော စွမ်းအား အနည်းငယ်သည်ပင် သူမ နားလည်မှုထက် များစွာကျော်လွန်နေသည်။

“ ဟမ့် ... သေခြင်းတရားကို ရှာဖွေနေတာလား။ ”

ယွမ်လင်းနင်တစ်ယောက် သက်ပြင်းချလိုက်၏။ ရုတ်တရက် ကောင်းကင် နှင့် မြေကြီးတစ်လျှောက် အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်လာသည်။

ထို့ကြောင့် ယွမ်လင်းနင်က ရုတ်တရက် မော့ကြည့်လိုက်ရာ မိုးကြိုးမုန်တိုင်းနှင့်အတူ ဧရာမငှက်ကြီးတစ်ကောင် ထွက်ပေါ်လာ သည်ကို မြင်လိုက်ရသည်။

အရွယ်အစားသည် အနည်းဆုံး (၁၀)မီတာခန့်ကြီးမား၏။ ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေကာ သံမဏိကဲ့သို့ မာကျော ထက်ရှသည့် အတောင်ပံတစ်စုံပါရှိသည်။

ကြောက်မက်ဖွယ် လူသားမျက်နှာ၊ သွေးနီရောင်မျက်ဝန်းများနှင့် ခန္ဓာကိုယ်တွင် လျှပ်စီးများ တဖျပ်ဖျပ်ခတ်နေ၏။

“ ဝိညာဉ်စားငှက်။ ”

ဧကရာဇ်အဆင့် ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါပေပင်။ မကောင်းဆိုးဝါးရောင်ဝါသည် တောင်ထိပ်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့၏။

သူ့နောက်တွင် အခြားသော ဝိညာဉ်စားငှက်များ တစ်ကောင်ပြီးတစ်ကောင် ပျံဝဲရောက်ရှိလာ၏။

သူတို့အားလုံးသည် မိုးကြိုးသမုဒ္ဒရာ အတွင်းကနေ မွေးဖွားလာသော ပြိုင်ဘက်ကင်း ငှက်မိစ္ဆာများပေပင်။

“ မကောင်းတော့ဘူး ... ။ ”

ယွမ်လင်းနင်က အော်ဟစ်လျက် မျက်နှာပျက်ယွင်းသွားတော့သည်။ ဝိညာဉ်စား ငှက်မိစ္ဆာများစွာ၏ ပစ်မှတ်ထားခံရခြင်းသည် မည်သို့သော ဧကရာဇ်မဆို လွယ်ကူနိုင်မည် မဟုတ်ချေ။

အဆုံးတွင် ဧကရာဇ်များသည်ပင် ဝိညာဉ်ပျက်သုဉ်းခြင်း ချောက်ကမ်းပါးထံသို့ မဖြတ်ကျော်ဝံ့ရသည့် အကြောင်းရင်းကို သူမ နားလည်လာတော့သည်။

***

အခန်း ၇၂၆ -

မြေအောက်ကမ္ဘာမြို့၏ အပြောင်းအလဲများ ... ။

ဝိညာဉ်စားငှက် ခြောက်ကောင်လုံး အတူတကွ ဆင်းသက်လာခြင်းဖြစ်လေသည်။ ၎င်းတို့၏ စွမ်းအားသည် ဧကရာဇ်ခြောက်ပါး တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသကဲ့သို့ မိုးကြိုးမုန်တိုင်းများ လိုက်ပါလာ၏။

ယွမ်လင်းနင်သည် စဉ်းစားရန် အချိန်မရှိတော့ဘဲ သူမ၏ဓားကိုချက်ချင်း ဆင့်ခေါ်လိုက်သည်။

“ ကလန် ... ။ ”

သို့သော် သူမ လှုပ်ရှားမှုတစ်ခု မပြုလုပ်နိုင်မီတွင် ကျောက်စိမ်းဘူးသီးအတွင်းမှ ဓားအော်သံတစ်သံ ပဲ့တင်ထပ်သွား၏။

ထိုဓားအော်သံသည် မရေမတွက်နိုင်သော ခေတ်ကာလများကို ထိုးဖောက်ဝင်ရောက်သော ကောင်းကင်အသံကဲ့သို့ဖြစ်ပြီး ယှဉ်နိုင်စရာ မရှိသည့် ဖိအားဖြင့် ပျံ့နှံ့သွား၏။

ကောင်းကင်နှင့် မြေကြီးကြား အရာအားလုံး ချက်ချင်းတိတ်ဆိတ်ကုန်ကာ တောင်နှင့်မြစ်များ အပါအဝင် အချိန်များ အေးခဲသွားသည်။

ယွမ်လင်းနင် လက်ထဲတွင်ရှိသော ဓားသည်ပင် ရုတ်တရက် အညံ့ခံပေးနေသကဲ့သို့ ညည်းတွားသံ ပြုတော့၏။

လေဟာနယ်အတွင်း ရှေ့သို့ ပြေးဝင်လာနေသော ဝိညာဉ်စားငှက်များ၏ ခန္ဓာကိုယ်များ ရုတ်တရက်ရပ်တန့်သွားပြီး တုန်လှုပ်လာသည်။

ထိုစဉ် စုရီသည် ညာလက်ကို ဖွင့်လျက်ဘယ်လက်ညှိုးဖြင့် ကြေးဝါတံဆိပ် မျက်နှာပြင်ပေါ်တွင် အမိန့်အချို့ ရေးခြစ် လိုက်လေသည်။

“ ဝူး ... ။ ”

လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားစာအုပ်တစ်အုပ်၏ စာမျက်နှာများကို လှန်လိုက်သကဲ့သို့ အလင်းများ ဖြာထွက်လာ၏။

ပုစဉ်းရင်ကွဲ တောင်ပံနီးပါး ပါးလျသည့် ကြေးဝါစာရွက်တစ်ရွက်သည် ဆန်းကြယ်သော အလင်းများနှင့်အတူ ထွက်ပေါ်လာသည်။

နေ၊ လနှင့် ကြယ်များသည် လေထဲ မျောလွင့်လာပြီး ကောင်းကင်ဖြစ်စဉ်အားလုံး ခဏတာအတွင်း ပြောင်းလဲကာ နတ်ဆိုးများ၊ ဘီလူးများနှင့် တစ္ဆေပုံရိပ်များ ဖြတ်ပြေးသွား၏။

“ ဖရူး ... ။ ”

တစ်ပြိုင်နက်တည်းမှာပင် ဝိညာဉ်စားငှက်ခြောက်ကောင်သည် နာကျင်စွာ ဟစ်အော်လျက် တောင်ပံများ ပြင်းပြင်းထန်ထန် ခတ်လိုက်ကြ၏။

သို့သော် မမြင်နိုင်သောစွမ်းအားတစ်ခုမှ သူတို့ကိုဖိနှိပ်ခံထားသကဲ့သို့ ရုန်းကန်နိုင်စွမ်း ကင်းမဲ့ကုန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းတန်းခြောက်ခုအဖြစ် ပြောင်းသွားကာ စုရီလက်ဖဝါးရှိ ‌ရွှေစာရွက်ထဲသို့ စုပ်ယူခံလိုက်ရလေသည်။

“ ဘရူး ... ။ ”

ထို့နောက်တွင် ရွှေစာရွက်သည် တွန့်လိမ်သွားပြီး ဝိညာဉ်စားငှက်၏ (၆)ကောင် ပုံရိပ်ထွက်ပေါ်လာသည်။

တစ်ဆက်တည်းမှာပင် ထူးဆန်းပြီး ကောက်ကွေ့နေသော စာကြောင်းများလည်း ဖြစ်ပေါ်လာ၏။

( ဝိညာဉ်ကို ဝါးမျိုသောငှက်။ မကောင်းဆိုးဝါးဝိညာဉ်များနှင့် မြေအောက် ကမ္ဘာ၏ ရက်စက်ကြမ်းကြုတ်သော မိုးကြိုးမူလမှ မွေးဖွားလာသည်။

သက်ရှိအားလုံး၏ အနှစ်သာရအပေါ် ဝါးမျိုနိုင်ကာ ပစ်မှတ်ထားခံရသူ၏ အသိစိတ်ကို ဖရိုဖရဲဖြစ်စေ၏။ )

ဤသည်မှာ ငှက်မိစ္ဆာ၏ မူလအစ၊ သဘောသဘာဝ၊ အားနည်းချက်နှင့် အစွမ်း သတ္တိများကို ဖော်ပြထားခြင်းဖြစ်သည်။

“ ဝှစ် ... ။ ”

ထို့နောက် ဝှစ်ခနဲ မြည်သံနှင့်အတူ ရွှေစာရွက်တွင် ထင်ဟပ်နေသော ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်သည့် ပုံများပျောက်ကွယ်ကာ မူလရိုးရှင်းသော အသွင်အပြင်ကို ပြန်ရောက်သွားစေသည်။

ဤသည်မှာ နားထောင်ခြင်းကျမ်း ဖြစ်ချေတော့၏။ ဤသည်မှာ မရဏကမ္ဘာ၏ အုပ်စိုးရှင်နတ်သားရဲမှ ဖန်တီးထားသော ရတနာဖြစ်သည်။ ထိုနတ်သားရဲကို ‘သိထင်နတ်သားရဲ’ဟု‌ခေါ်၏။

ဒဏ္ဍာရီလာနတ်သားရဲဖြစ်ပြီး ကျားခေါင်း၊ ခွေးနားရွက်၊ နဂါးခန္ဓာ၊ ခြင်္သေ့အမြီး၊ ချီလင်ခြေ၊ ဦးချိုစသည်တို့ပါရှိသည်။ အမှန်တရားကို ခွဲခြားသိမြင်နိုင်သော ဗီဇရှိ၏။

ညလူမျိုးရိုးအတွက် အမြင့်ဆုံးသော ရှေးဟောင်းပစ္စည်းဖြစ်၏။ ဤဘဏ္ဍာသည် ရှေးယခင်ကတည်းက တည်ရှိနေခဲ့ပြီး ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးများအားလုံးကို ထိန်းချုပ်နှိမ်နင်းနိုင်သည်။

“ ပြီးသွားပြီလား။ ”

ယွမ်လင်းနင်တစ်ယောက် အလွန်အံ့အားသင့်သွားပြီး သူမ၏စကားများ ထစ်ငေါ့သွား၏။

ကျောက်စိမ်းဘူးသီးမှ ထွက်ပေါ်လာသော ဓားအော်သံသည် သူမ၏တာအိုနှလုံးသားကို တုန်လှုပ်စေပြီး ရေခဲဂူထဲပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

ဝိညာဉ်စားငှက်ခြောက်ကောင်ကို ထူးဆန်းစွာ ပိတ်လှောင်ပစ်လိုက်ခြင်းသည် သူမကို အံ့အားသင့်စေပြီး စိတ်ထဲတွင် ဗလာဖြစ်စေ၏။

ဤကဲ့သို့သော မယုံနိုင်စရာ ရတနာများ မည်သို့ရှိနေနိုင်သည်ကို သူမ စိတ်ကူးကြည့်၍ မရခဲ့ချေ။

စုရီက ပြုံးလိုက်သည်။ ဤသို့သာ မအောင်မြင်သော် စကြာဝဠာနှလုံးသားနှင့် နားထောင်ခြင်းကျမ်းကို စော်ကားရာ ရောက်ပေလိမ့်မည်။

ဓားမြည်သံသည် ပစ်မှတ်ကို အမှန်တကယ်သတ်ရန်မဟုတ်ဘဲ ခြိမ်းခြောက် ရန်သာ အသုံးဝင်ပေသည်။

သိထင်-နားထောင်ခြင်းကျမ်းနှင့် ပေါင်းစပ်လိုက်သော် ဝိညာဉ်စားငှက်များကို အလွယ်တကူ ဖြေရှင်းနိုင်မည်။

အတိုချုပ်ပြောရလျှင် စကြာဝဠာနှလုံးသားသည် ရန်သူများကို ခြိမ်းခြောက်ပြီး နားထောင်ခြင်းကျမ်းသည် ထိုအခွင့်အရေးကို အပြည့်အဝယူ၏။

အပြန်အလှန် ပြီးပြည့်စုံစွာ ဖြည့်စွက်ခြင်းပေပင်။ နောက်ဆုံးတွင် လက်ရှိ သူ့ကျင့်ကြံမှုအဆင့်သည် အားနည်းလွန်း၏။

သာမန်ဧကရာဇ်များမဆိုနှင့် ရွှမ်ယုအဆင့် ဧကရာဇ်များသည်ပင် ဤရတနာနှစ်ပါး၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်ပြသရန် ခက်ခဲသည်။

“ ဘရူး ... ။ ”

လေဟာနယ်အတွင်း မိုးကြိုးများကို ဝါးမျိုနေသော ကျောက်စိမ်းဘူးသီးကြီးသည် ဗိုက်ပြည့်သွားသကဲ့သို့ ယိမ်းနွဲ့လျက် သုံးလက်မ အရွယ် ကျုံ့ဝင်ကာ စုရီလက်ဖဝါးထဲ ပြန်ရောက်လာသည်။

“ သွားကြစို့ ... ။ ”

စုရီက ကျောက်စိမ်းဘူးသီးကို သူ့ခါးတွင် အလှဆင်ပစ္စည်းတစ်ခုလို မထင်မရှား ပြန်ချည် လိုက်တော့၏။

လမ်းတစ်လျှောက် သူလုပ်ခဲ့သမျှ အရေးမကြီးသော ကိစ္စတစ်ခုလို ပေါ့ပေါ့ပါးပါး နိုင်ချေသည်။ ယွမ်လင်းနင်က၊

“ တာအိုစု ... ဒီလိုရတနာကို မင်းရဲ့ကိုယ်ပေါ်မှာ ပြောင်ပြောင်တင်းတင်း ထားတာက လုယူခံရမှာမကြောက်ဘူးလား။ ”

-ဟု မေးမြန်းလိုက်သည်။ စုရီက ခေါင်းယမ်း၏။ ထို့နောက် ခြေတစ်လှမ်းဖြင့် အဝေး ရောက်ရှိသွားသည်။

ယွမ်လင်းနင်ခမျာ မြန်မြန် ပြေးလိုက်သွားရ၏။ သူမမျက်လုံးများသည် စုရီခါးရှိ သုံးလက်မအရွယ် ကျောက်စိမ်း ဘူးသီးထံ စိုက်ကြည့်လျက် လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်သည်။

ယခုအချိန်တွင် ကျောက်စိမ်းဘူးသီးသည် သာမန်ပုံစံနှင့် ထူးခြားသောရောင်ဝါ ကင်းမဲ့နေ တော့၏။

ယခင်က ကြောက်စရာကောင်းသော ဓားအော်သံသည် ထိုဘူးသီးငယ်အတွင်းမှလာ သည်ကို ယုံနိုင်စရာ မရှိချေ။

တောင်ထိပ်သို့ရောက်ချိန်တွင် အောက်ခြေ၌ကြီးမားပြီး အားကောင်းသော မြစ်တစ်စင်း သူတို့ရှေ့၌ ပေါ်လာသည်။

မြစ်သည် ပေတစ်ထောင်ကျယ်ပြီး ရေပြင်သည်ထူးဆန်းကာ အနက်ရောင်ဖြစ်၏။ ရေစီးသန်လျက် အရိုးစုများ မြင်ကွင်းတဆုံး ပေါလောမျောနေသည်။

“ အရိုးဖြူမြစ် ... ။ ”

အန္တရာယ်များလွန်းသော အရပ်ဒေသတစ်ခုပေပင်။ ခေတ်အဆက်ဆက် သေဆုံးခဲ့သော တန်ခိုးကြီးပုဂ္ဂိုလ်များ၏ ရုပ်ကြွင်းများမျောပါနေ၏။

မြစ်အောက်ခြေတွင် ငွေမီးလျှံအရိုးမိစ္ဆာ လို့ခေါ်သော မကောင်းဆိုးဝါး အများအပြားရှိပြီး မြေအောက်အလောင်းပိုးများကဲ့သို့ အုပ်စုဖွဲ့ရှင်သန်သည်။

၎င်းတို့တွင် ဧကရာဇ်တစ်ပါး၏ သွေးနှင့် အသက်ဓာတ်ကို ပျက်စီးစေသောပြင်းထန်သည့် အဆိပ်များ ပိုင်ဆိုင်ထားသည်။ စုရီအတွက်မူ ဂရုမစိုက်ချေ။

နားထောင်ခြင်းကျမ်းကို ထုတ်ယူကာ ဝိညာဉ်စားငှက်တစ်ကောင် ဆင့်ခေါ်လိုက်၏။ ရက်ကြမ်းကြုတ်သော ငှက်မိစ္ဆာသည် နာခံမှု ရှိရှိဖြင့် စုရီခြေရင်း၌ ဦးညွှတ်နေသည်။

“ သွားကြစို့ ... ။ ”

နောက်တစ်ခဏတွင် ယွမ်လင်းနင်နှင့် စုရီတို့ကိုကျောပေါ်တင်ပြီး ဝိညာဉ်စားငှက်သည် အရိုးဖြူမြစ်ကို ဖြတ်ကျော်တော့၏။

“ ဝုန်း ... ။ ”

အနက်ရောင်မြစ်ရေပြင်သည် လှိုင်းထပြီး ဟိန်းဟောက်လျက် အဖြူရောင်အရိုးများစွာတို့ ပေါလောမျောပါနေသည်။ မှိန်ဖျော့ဖျော့နှင့် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်အချို့ ထိုအရိုးများကြား ကူးခတ်နေ၏။

ဤသည်မှာ ငွေမီးတောက် အရိုးမိစ္ဆာများဖြစ်ပြီး ဝိညာဉ်စားငှက်ရောင်ဝါက သူတို့ကိုခေါင်းငုံ့သွားစေသည်။ မျက်နှာပင် မပြရဲတော့ချေ။

နာရီဝက်အတွင်း အရိုးဖြူမြစ်ကို ဖြတ်ကျော်ကာ သွေးနီရောင်ဒေသကြီးတစ်ခုထံ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သွေးများပေကျံနေသကဲ့သို့ အေးစက်သော ကြက်သွေးရောင်များဖြစ်၏။

အိုမင်းနေသော ရှေးဟောင်း မြို့ကြီးတစ်မြို့သည် ထိုသွေးနီရောင်ဒေသကြီး အလယ်၌ ထီးထီးကြီးတည်ရှိသည်။

ဆီမီးအိမ် ထောင်ပေါင်းများစွာ ထွန်းညှိထားကဲ့သို့ မြစိမ်းရောင်မီးတောက်များ မြို့တော်တစ်ဝိုက်တွင် လင်းလက်နေ၏။

မရေမတွက်နိုင်သော ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဝိညာဉ်ဆိုးများ အားလုံး ဉာဏ်ရည်ဉာဏ်သွေးကင်းမဲ့ကာ လှည့်လည်သွားလာနေကြသည်။

တစ်စုံတစ်ယောက်အတွက် သရဲနှင့် နတ်ဆိုးများကမ္ဘာသို့ ဝင်ရောက်မိသည့်အလား ကျောချမ်းစေမည်။

“ ဒါမြေအောက်ကမ္ဘာမြို့လား။ ”

ယွမ်လင်းနင်က ထူးဆန်းပြီး မသက်မသာခံစားချက်များ ခံစားလိုက်ရသည်။ စုရီမှခေါင်းညိတ်ပြ၏။

“ ဒီမြေအောက်ကမ္ဘာမြို့က မှားယွင်းစွာ သေဆုံးခြင်းမြို့တော်ရဲ့ အန္တရာယ်အရှိဆုံးသော တားမြစ်နယ်မြေကိုးခုထဲက တစ်ခုပဲ ...

... ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါး ဝင်သွားရင်တောင် သေလုမျောပါးအန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ် တာအိုစု ... မင်းဘာကြောင့် ဒီကိုလာရတာလဲ။ ”

ယွမ်လင်းနင်က မမေးဘဲ မနေနိုင်တော့ချေ။

“ အချက်အလက်တချို့စုဆောင်းဖို့ပါ။ ”

စုရီက ဝိညာဉ်စားငှက်ကျောပေါ်မှ ခုန်ဆင်းလျက် ပြန်ဖြေလိုက်သည်။ ထို့နောက် လက်နှစ်ဖက်နောက်ပို့ကာ ဝေးလံသော မြေအောက်ကမ္ဘာမြို့ကို ငေးကြည့်လျက် မျက်မှောင်ကြုတ်သွား၏။

ကောင်းကင်နတ်ဆိုးနွယ်ပင်၏ သဘောသဘာဝအရ ဤမြေအောက်ကမ္ဘာမြို့ အနီးတွင် ထိုသို့ဝိညာဉ်ဆိုးများ၊ သေလွန်သူများ လှည့်လည်သွားလာနေသည်ကို မည်သို့ သည်းခံနိုင်မည်နည်း။

နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် တစ်စုံတစ်ရာ ပြောင်းလဲ သွားခဲ့သည်လော။

တွေးတောပြီးနောက် သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်း ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

ကျောက်စိမ်းပုလင်း အတွင်းတွင် တံဆိပ်ခတ်ထားသည်မှာ ခရမ်းရောင်မြို့တော်ရှိ ဖိုးစုကိုယ်တိုင် သန့်စင်ပေးထားသော အမှောင် တာအိုအနှစ်သာရဖြစ်၏။

“ ဝူး ... ။ ”

တံဆိပ်ကို ဖြည်လိုက်သည်နှင့် ကျောက်စိမ်းပုလင်းပေါ်က အစို့ရှင်လွင့်ထွက် လာကာ အေးစက်စက် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

“ ဒီတာအိုစွမ်းအားကို ... ငါတို့ ပတ်ပတ်လည်မှာ ဖုံးလွှမ်းအောင် ထိန်းချုပ်ပါ ... ဒီနည်းလမ်းက မကောင်းဆိုးရွား ဝိညာဉ်ဆိုးတွေနဲ့ ...

... သေလွန်သူတွေ သတိမထားမိစေဘဲ မြေအောက်ကမ္ဘာမြို့ကို အလွယ်တကူ ဝင်နိုင် ပါလိမ့်မယ်။ ”

စုရီက ညွှန်ကြားလိုက်သည်။ သူ့ ကျင့်ကြံမှုအဆင့်ကြောင့် ဤစွမ်းအားအပေါ် မထိန်းချုပ်နိုင်ချေ။ သို့သော် ယွမ်လင်းနင်သည် ဧကရာဇ်တစ်ပါးဖြစ်ရာ ထိန်းချုပ်နိုင်၏။

ယွမ်လင်းနင်မှ ခေါင်းညိတ်ပြီး ချက်ချင်းလုပ်ဆောင်သည်။ များမကြာခင် အနက်ရောင်မြူများသည် သူတို့နှစ်ယောက်ကို ဖုံးလွှမ်းသွားတော့၏။

ထို့နောက် စုရီက ဦးဆောင်လျက် အဝေးရှိကြက်သွေးရောင် မြေပြင်အလယ်တွင် ရှိနေသော မြေအောက်ကမ္ဘာမြို့ဆီသို့ ဦးတည်သွားတော့၏။

***

All Chapters