← Chapters

အခန်း (၈၁၁)

Vol. 56 Ch. 811

အခန်း (၈၁၁)

Vol. 56 Ch. 811

" အဲ့ဒါက ကြီးမြတ်သူနဂါးငွေ့တန်းရဲ့ စွမ်းအားလား။ "

" ငါတို့ဘာလုပ်သင့်လဲ။ ငါတို့ လူသားမျိုးနွယ်ကို လုံးဝ အညံ့ခံရင် အသက်ရှင်နိုင်မလား။ "

" လုံးဝအညံ့ခံမယ်။ အဲ့ဒါဆို လူသားမျိုးနွယ်ရဲ့ ကျွန်ဖြစ်သွားမှာပေါ့။ "

" သေတာနဲ့ယှဉ်ရင် ကျွန်ဖြစ်ရင်တောင် ဘာဖြစ်လဲ။ "

ရွှေ့ပြောင်းခွင့်မရရှိသော မျိုးနွယ်ခြား အင်အားကြီးသူများက အတွေးများစွာဖြင့် ရုန်းကန်နေကြသည်။ လုံးဝ အညံ့ခံခြင်း သို့မဟုတ် မိမိကိုယ်ကို ရောင်းစားခြင်းက အရာအားလုံးကို စွန့်လွှတ်ပြီး လူသားမျိုးနွယ်၏ ကျေးကျွန်ဖြစ်လာပေလိမ့်မည်။

မျိုးနွယ်ခြားများက လူသားမျိုးနွယ်ကို အရှုံးပေးခဲ့သော်လည်း သူတို့က လက်အောက်ခံခြင်းမရှိသေးပေ။ သို့သော် ယခု ကြီးမြတ်သူနဂါးငွေ့တန်းကြောင့် စကြာဝဠာပျက်ဆီးခြင်းမှ လူသားမျိုးနွယ်အားလုံး လွတ်မြောက်သွားမည်ကို မြင်သောအခါ သူတို့က လူသားမျိုးနွယ်ကို လုံးဝ အညံ့ခံခြင်းဖြင့် ရှင်သန်နိုင်လိမ့်မည်ဟု တွေးမိကြသည်။

" ကြီးမြတ်သူနဂါးငွေ့တန်းက လူသားမျိုးနွယ်တိုင်းကို ခေါ်ဆောင်ဖို့ စီစဉ်နေတာလား။ "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက စကြာဝဠာရဲ့ တန်ပြန်မှုကို မကြောက်ဘူးလား။ "

အလွှာဆယ့်နှစ် ကြီးမြတ်သူများက ထိုသတင်းကို သိလိုက်ရသောအခါ သူတို့၏ ပထမဆုံးအတွေးမှာ မယုံကြည်နိုင်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ခေါ်ဆောင်သွားခြင်းက စကြာဝဠာ၏ အပြည့်အဝ ဖိနှိပ်မှုကို ခံရပေလိမ့်မည်။ ကြီးမြတ်သူနဂါးငွေ့တန်းက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် သာလွန်သော စွမ်းအားကို ပိုင်ဆိုင်လျှင်တောင် တန်ပြန်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

" ဖြစ်နိုင်ပါတယ်။ ကြီးမြတ်သူ နဂါးငွေ့တန်းရဲ့ စွမ်းအားက ငါတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက စဉ်းစားပြီး ပြောလိုက်သည်။

ကြီးမြတ်သူနဂါးငွေ့တန်းက လူသားမျိုးနွယ်၏ နိုင်ငံသားအားလုံးကို ရွှေ့ပြောင်းရဲသည်မှာ ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ သူက ရူးသွပ်စွာဖြင့် သေခြင်းကို ဖိတ်ခေါ်ခြင်းမဟုတ်လျှင် စကြာဝဠာစိတ်အသိ၏ အပြည့်အဝ ဖိနှိပ်မှုကို ခုခံနိုင်စွမ်းရှိသည်ဟု ယုံကြည်သောကြောင့် ဖြစ်ပေလိမ့်မည်။

" ကြီးမြတ်သူနဂါးငွေ့တန်း။ "

အလွှာဆယ့်နှစ် ကြီးမြတ်သူများက တုန်လှုပ်းစွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

" ရွှေ့ပြောင်းခြင်းကို ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။ "

လင်းယွမ်က အရပ်ရပ်မှ ပို့ဆောင်လာသော မရေတွက်နိုင်သည့် လူသားမျိုးနွယ်များကို ကြည့်ပြီး သူ၏ အတွေးများက လှုပ်ရှားလာသည်။ နိုင်ငံသားများကြား နှုတ်ဆက်ခွဲခွာခြင်းနှင့် မိမိနေရာကို စွန့်လွှတ်ခြင်းများ မရှိတော့သောကြောင့် လူသားမျိုးနွယ်၏ ရွှေ့ပြောင်းခြင်းအစီအစဉ်က ပိုမိုလျင်မြန်လာခဲ့သည်။

" ကမ္ဘာနတ်စွမ်းရည်..."

လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်သည်။ ချက်ချင်း ကြီးမားသော စွမ်းအားတစ်ခုက ထွက်ပေါ်လာပြီး အလင်းနှစ် သန်းနှစ်ဆယ် ကျယ်ဝန်းသော ဧရိယာအတွင်းမှ လူသားမျိုးနွယ်အားလုံးကို လွှမ်းခြုံသွားသည်။

" ရုတ်သိမ်းမယ်။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း အလင်းနှစ်သန်းနှစ်ဆယ်အတွင်းရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး လင်းယွမ်၏ အတွင်းစကြာဝဠာထဲသို့ ရောက်ရှိသွားသည်။

ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သော လူသားမျိုးနွယ်များက ပတ်ဝန်းကျင်မှ အပြောင်းအလဲကို သတိပြုမိကြသည်။ အကြောင်းမှာ မမြင်ရသော ဖိနှိပ်မှုတစ်ခု ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။

လင်းယွမ်က အတွင်းစကြာဝဠာ၏ အချိန်လေဟာနယ်ကို တည်ငြိမ်စေရန် ချိန်ညှိမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းက ပင်မစကြာဝဠာနှင့် ထင်ရှားသော ကွဲပြားမှုများ ရှိနေဆဲ ဖြစ်သည်။ အာရုံခံမှု ပိုအားကောင်းသော ဆင့်ကဲပြောင်းလဲသူများက မူမမှန်မှုများကို သိရှိနိုင်သည်။

သို့သော် သက်ရောက်မှုအနည်းဆုံး ဖြစ်သည်။ တည်ငြိမ်သော အချိန်လေဟာနယ်က သာမန်နိုင်ငံသားများကို အနည်းငယ်သာ ထိခိုက်စေနိုင်သည်။ ၎င်းက အဓိကအားဖြင့် အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများကိုသာ ကန့်သတ်ထားပြီး တည်နေရာရွှေ့ပြောင်းခြင်းနှင့် ဟင်းလင်းပြင်ဆုတ်ဖြဲခြင်းများကို မပြုလုပ်နိုင်ပေ။

အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် လင်းယွမ်၏ အတွင်းစကြာဝဠာထဲမှ ဖိနှိပ်မှုကို ရင်ဆိုင်ရလျှင် ထွက်ပြေးရန် မဖြစ်နိုင်ပေ။

အဆုံးမဲ့ဟင်းလင်းပြင်က အဆုံးစွန်သော ပုံစံအဖြစ် အတွင်းစကြာဝဠာကို ကျင့်ကြံရန် ရည်ရွယ်သည်။ သီအိုရီအရ ပြည့်စုံသောအခါ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်နှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

" လင်းယွမ်ရဲ့ နည်းလမ်းတွေက တကယ် ကြောက်စရာကောင်းတာပဲ။ " လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။

လင်းယွမ်က ခဏအတွင်း အလင်းနှစ် သန်းနှစ်ဆယ် ဧရိယာအတွင်းမှ လူသားမျိုးနွယ်၏ နိုင်ငံသားအားလုံးကို ရွှေ့ပြောင်းပစ်ခဲ့သည်။

" လူသားမျိုးနွယ်ရဲ့ နိုင်ငံသားတွေအားလုံး ငါ့ရဲ့ အတွင်းစကြာဝဠာထဲ ရောက်သွားပြီ။ " လင်းယွမ်က ခြေချိတ်ထိုင်နေပြီး လေးလံသော ဖိအားတစ်ခုက သူ့အပေါ်သို့ သက်ရောက်နေသည်ကို ခံစားလိုက်ရသည်။

အမှန်တော့ ကြီးမြတ်သူရွှမ်ယွမ်နှင့် ကြီးမြတ်သူရှချင်တို့၏ အတွင်းစကြာဝဠာများထဲတွင်လည်း လူသားမျိုးနွယ်၏ နိုင်ငံသားအချို့ ကျန်ရှိနေသေးသည်။ သို့သော် လင်းယွမ်နှင့်ယှဉ်လျှင် သူတို့၏ အရေအတွက်က အနည်းငယ်သာ ဖြစ်သည်။

လင်းယွမ်က လူသားမျိုးနွယ်တစ်ခုလုံးနီးပါးကို သူ၏ အတွင်းစကြာဝဠာထဲသို့ ထည့်ထားခြင်းဖြစ်သည်။ လင်းယွမ်အတွက် ၎င်းက ခက်ခဲမှုသိပ်မရှိပေ။

" ရုတ်ရုတ်သဲသဲ သိပ်မဖြစ်လိုက်ဘူး။ " လင်းယွမ်က ခဏ လေ့လာလိုက်သည်။

မရေတွက်နိုင်သော လူသားများက အခြေအနေကို ထိန်းချုပ်ပြီး နောက်ဆက်တွဲကိစ္စများကို စနစ်တကျ လုပ်ဆောင်နေသည်။ အမှန်တကယ်တွင် ရွှေ့ပြောင်းခြင်းမပြုမီ လူသားမျိုးနွယ်၏ နိုင်ငံသားများအားလုံးက ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများမှ ဖြစ်ပေါ်လာသော ရှုပ်ထွေးမှုများကို ရှောင်ရှားရန်အတွက် VR ကမ္ဘာတွင် ရွှေ့ပြောင်းမှုများက အစမ်းပြုလုပ်ထားခဲ့ပြီးဖြစ်သည်။

" နောက်တစ်ခုက စကြာဝဠာပျက်ဆီးချိန်မှာ နိုင်ငံသားအားလုံးရဲ့ အသက်တံဆိပ်တွေကို ငါ လွှဲပြောင်းယူရမယ်။ " လင်းယွမ်က တွေးလိုက်သည်။

လက်ရှိတွင် သူခေါ်ဆောင်ထားသည်မှာ သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များသာ ဖြစ်သည်။ နိုင်ငံသားတိုင်း၏ အသက်တံဆိပ်များက ပင်မစကြာဝဠာ၏ အချိန်မြစ်ထဲတွင် ကျန်ရှိနေဆဲ ဖြစ်သည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများက အချိန်စီးကြောင်းကို ဆန့်ကျင်ပြီး အချိန်မြစ်အတွင်းမှ အလွှာခြောက်နှင့်အထက် သေဆုံးသွားသော သက်ရှိများကို ပြန်လည်ရှင်သန်စေနိုင်သည်။ သို့သော် အလွှာခြောက်အောက်ရှိ သက်ရှိများအတွက် အသက်တံဆိပ်မရှိဟု မဆိုလိုပေ။

အလွှာဆယ့်နှစ် ကြီးမြတ်သူများအတွက် သူတို့၏ အသက်တံဆိပ်များက အလွန်မှေးမှိန်နေပြီး သေးငယ်နေသောကြောင့်သာ ဖြစ်သည်။ သို့သော် လင်းယွမ်အတွက်က မတူပေ။ အချိန်လေဟာနယ်အပေါ် သူ၏ နားလည်နိုင်စွမ်းနှင့် အချိန်မြစ်အတွင်းမှ အသက်တံဆိပ်များကို အလွယ်တကူ ရှာဖွေနိုင်သည်။

အကယ်၍ သူက နိုင်ငံသားများ၏ အသက်တံဆပ်များကို လွှဲပြောင်းယူခြင်းမရှိလျှင် စကြာဝဠာပျက်ဆီးပြီး အချိန်မြစ် ပြိုလဲသွားသောအခါ လင်းယွမ်က နိုင်ငံသားအားလုံးကို အတွင်းစကြာဝဠာထဲသို့ ထည့်ထားလျှင်တောင် သူတို့အားလုံး သေဆုံးသွားမည်ဖြစ်သည်။

" အဲ့ဒီအချိန်ကျရင် စကြာဝဠာက တန်ပြန်သက်ရောက်မှုရှိလာနိုင်တယ်။ "

ပင်မစကြာဝဠာ၏ အချိန်မြစ်အတွင်းမှ များပြားသော အသက်တံဆိပ်များကို သူ၏ အတွင်းစကြာဝဠာထဲမှ အချိန်မြစ်ထဲသို့ လွှဲပြောင်းယူခြင်းက စကြာဝဠာစိတ်အသိအတွက် သူ၏ ပိုင်ဆိုင်မှုကို လုယူခြင်းဖြစ်သည်။

၎င်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများ အတိတ်မှကျဆုံးသွားသူများကို ပြန်လည်ရှင်သန်စေခြင်းထက်ပင် ပို၍ ဆိုးရွားသည်။ သေဆုံးသူများကို ပြန်လည်ရှင်သန်စေခြင်းက စကြာဝဠာ၏ အခြေခံနိယာမကို ချိုးဖောက်ခြင်းဖြစ်သော်လည်း ပြန်လည်ရှင်သန်လာသော သက်ရှိများက စကြာဝဠာအတွင်း ရှိနေပြီး ၎င်း၏ အစိတ်အပိုင်းများ ဖြစ်နေဆဲ ဖြစ်သည်။

သို့သော် လင်းယွမ်က သူတို့ကို အတွင်းစကြာဝဠာထဲသို့ လွှဲပြောင်းယူခြင်းက သူတို့ကို လုံးဝ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ၎င်းက စကြာဝဠာစိတ်အသိ၏ ကန့်သတ်ချက်များကို လုံးဝချိုးဖောက်ခြင်းဖြစ်သည်။

အမှန်တော့ သူ၏ လက်ရှိခွန်အားနှင့် အသက်တံဆိပ်များကို ချက်ချင်း လွှဲပြောင်းယူနိုင်ပြီး စကြာဝဠာ၏ တန်ပြန်သက်ရောက်မှုက သူ့အတွက် ခြိမ်းခြောက်မှုအနည်းငယ်သာ ရှိသည်။ သို့သော် ထိုသို့လုပ်ရန် မလိုအပ်ပေ။

လက်ရှိတွင် စကြာဝဠာစိတ်အသိက အထွတ်အထိပ်တွင် ရှိနေဆဲ ဖြစ်သည်။ စကြာဝဠာပျက်ဆီးချိန်ထိ စောင့်ဆိုင်းပြီး ၎င်းအားနည်းနေသော အချိန်တွင် အသက်တံဆိပ်များကို လွှဲပြောင်းယူခြင်းက တန်ပြန်သက်ရောက်မှု၏ ပြင်းထန်မှုကို များစွာ လျှော့ချပေးသည်။

ဖရိုဖရဲဟင်းလင်းပြင်။

ကြီးမားသော ဖရိုဖရဲကုန်းမြေတစ်ခု၏ ရွေ့လျားမှုက တဖြည်းဖြည်း နှေးကွေးလာပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ ၎င်းက ကုမင်ဖရိုဖရဲကုန်းမြေဖြစ်သည်။ အရှင်ကုမင်က တွက်ချက်မှုများစွာ ပြုလုပ်ပြီးနောက် ထိုနေရာက ဖရိုဖရဲမဟာသူတော်စင်နှစ်ပါး၏ တိုက်ပွဲသက်ရောက်မှုမှ ကင်းလွတ်သည်ကို ဆုံးဖြတ်နိုင်ခဲ့သည်။

" ရပ်သွားပြီ။ "

" နောက်ဆုံးတော့ ငါ ထွက်လို့ရပြီ။ "

" ဒီနေရာက ဘယ်လိုဖြစ်မလဲမသိဘူး။ အရင်ထက်ပိုအန္တရာယ်များလောက်မလား။ "

ကုမင်ဖရိုဖရဲကုန်းမြေပေါ်ရှိ အင်အားကြီးသူများက အချင်းချင်း ဆွေးနွေးလိုက်ကြသည်။ သူတို့ကလည်း ဤနေရာသို့ ပထမဆုံး ရောက်ရှိခြင်းဖြစ်သော​ကြောင့် ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်အကြောင်း သိချင်နေကြသည်။

" အရှင်ကုမင်က ကရုဏာကြီးမားလို့ ငါတို့ကို ခေါ်လာတာပဲ။ "

" မှန်တယ်။ ငါတို့ ကိုယ်တိုင် ဒီနေရာကို လာရင် အန္တရာယ်တွေ ဘယ်လောက်များရင်ဆိုင်ရမလဲမသိဘူး။ "

သူတို့အားလုံးက ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အန္တရာယ်က နေရာတိုင်းတွင် ရှိနေသည်။ အန္တရာယ်များက လျို့ဝှက်နယ်မြေများမှသာမက အခြားအင်အားကြီးများထံမှလည်း ဖြစ်သည်။ မည်သည့်နေရာတွင်ဖြစ်စေ လုယူခြင်းက အရင်းအမြစ်များ ရရှိရန် အမြန်ဆုံး နည်းလမ်းဖြစ်သည်။

All Chapters