အခန်း (၈၁၃)
Vol. 56 Ch. 813
" ဒီလောက် အန္တရာယ်ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖရိုဖရဲကုန်မြေပေါ် ရောက်လာတာ ငါကုမင်ကို သတိပေးရမယ်။ " ဖရိုဖရဲနဂါးသားရဲ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ဖရိုဖရဲကုန်းမြေ၏ နက်ရှိုင်းရာသို့ ဦးတည်သွားသည်။
သာမန်အခြေအနေများတွင် သူက လင်းယွမ်နှင့် ထိပ်တိုက်ရင်ဆိုင်မည်မဟုတ်သောကြောင့် သူက မည်သည့်အန္တရာယ်မှ ခံစားရမည်မဟုတ်ပေ။ သို့သော သူက လင်းယွမ်ကို ကြည့်လိုက်ချိန်တွင် သူ၏ ကြိုတင်သိမြင်နိုင်စွမ်းကလည်း အသက်ဝင်လာပြီးလင်းယွမ်ကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များက သူ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ဖရိုဖရဲနဂါးသားရဲက ပြိုင်ဘက်ကို အကဲဖြတ်ရန် ထိုစွမ်းရည်ကို အသုံးပြုခဲ့သော်လည်း လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် မမျှော်လင့်ဘဲ သူက ကြိုတင်သိမြင်ခဲ့ရသည်။
ဖရိုဖရဲကုန်းမြေ၏ နက်ရှိုင်းရာတွင် အရှင်ကုမင်က သက်ပြင်းချလိုက်သည်။
" နောက်ဆုံးတော့ လုံခြုံသွားပြီ။ "
ကုမင်ဖရိုဖရဲကုန်းမြေက သာမန်စကြာဝဠာအရွယ်အစားထက် ဆယ်ဆ ပိုမိုကြီးမားပြီး ၎င်းက ရွေ့လျားနေသည့်အချိန်တိုင်း ဖရိုဖရဲသလင်းကျောက်များကို စားသုံးနေသည်။
အရှင်ကုမင်က တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန် ပြင်ဆင်နေစဉ်...
" ကုမင် ကုမင်..." ဖရိုဖရဲနဂါးသားရဲ၏ အသံက ထွက်ပေါ်လာသည်။
" ဟင် ဘာဖြစ်ပြန်ပြီတုန်း..." အရှင်ကုမင်က ဖရိုဖရဲနဂါးသားရဲကို ကြည့်ပြီး မသက်မသာခံစားလိုက်ရသည်။
" ငါ သေစေနိုင်တဲ့ အန္တရာယ်တစ်ခုကို ခံစားလိုက်ရတယ်။ " ဖရိုဖရဲနဂါးသားရဲက ပြောလိုက်သည်။
" သေစေနိုင်တဲ့အန္တရာယ်။ " အရှင်ကုမင်၏ စိတ်က အနည်းငယ် တုန်ယင်သွားသည်။
သေစေနိုင်သော အန္တရာယ်က ခုခံခြင်း သို့မဟုတ် ရှောင်လွှဲခြင်းက အချည်းနှီးသာဖြစ်ပြီး ကိုယ်ပွားများနှင့် အသက်ကယ်နည်းလမ်းများပင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူက ကုမင်ဖရိုဖရဲကုန်းမြေကို ဤနေရာထိ ရောက်အောင် ရွှေ့ပြောင်းလာပြီး ချက်ချင်း သေစေနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ရတော့မှာလား။
" တကယ်တော့ မင်းတွေးနေတဲ့ အန္တရာယ်မျိုးမဟုတ်ဘူး။ " ဖရိုဖရဲနဂါးသားရဲက အရှင်ကုမင်၏ တုန့်ပြန်မှုကို ကြည့်ပြီး သူ၏ အတွေ့အကြုံကို ပြောပြလိုက်သည်။
" ကုမင် သူပဲ။ " ဖရိုဖရဲနဂါးသားရဲ၏ ရှေ့တွင် ဝမ်ချူးနှင့် လင်းယွမ်တို့ စကားပြောနေသော ပုံရိပ်တစ်ခု ပေါ်လာသည်။
" မင်းက သူ့ဆီက သေစေနိုင်တဲ့ အန္တရာယ်ကို ခံစားမိတာလား။ သူ့ကို ဆန့်ကျင်ရင် သေဖို့ သေချာတယ်ပေါ့။ " အရှင်ကုမင်က မြင်ကွင်းကို သေချာစစ်ဆေးနေသည်။
" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ကိုယ်ပွားတစ်ခုလား။ " အရှင်ကုမင်က သံသယဝင်သွားမိသည်။
" ကုမင် အဲ့ဒီလူရဲ့ မူလခန္ဓာကိုယ်က မဟာသူတော်စင်လား။ " ဖရိုဖရဲနဂါးသားရဲက မေးလိုက်သည်။ သူက ဖရိုဖရဲအဆင့်နှင့် နီးစပ်သော်လည်း ထိုအဆင့်မဟုတ်သောကြောင့် လင်းယွမ်၏ မူလခန္ဓာကိုယ်၏ ခွန်အားကို ဆုံးဖြတ်နိုင်ခြင်းမရှိပေ။
" မဟုတ်ဘူး။ သူက ငါ့ကို ဘယ်လိုဖိအားမှမဖြစ်စေဘူး။ " အရှင်ကုမင်က ခေါင်းခါလိုက်သည်။ အကယ်၍ လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်တစ်ပါးဖြစ်လျှင် သူ၏ ခွန်အားက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ထက် ကျော်လွန်ပေလိမ့်မည်။
" မဟုတ်ဘူးပဲ။ " ဖရိုဖရဲနဂါးသားရဲက ၎င်းကို ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။
လင်းယွမ်က ဝမ်ချူးဆီမှ အစိတ်အပိုင်းကမ္ဘာကို ဝယ်ယူနေခြင်းဖြစ်သည်။ အကယ်၍ လင်းယွမ်၏ မူလခန္ဓာကိုယ်က ဖရိုဖရဲမဟာသူတော်စင်ဖြစ်နေလျှင် အစိတ်အပိုင်းကမ္ဘာကို ဝယ်ယူရန် မလိုအပ်ပေ။ ဖရိုဖရဲမဟာသူတော်စင်တစ်ပါးက သာမန်လှုပ်ရှားမှုတစ်ခုဖြင့် ဖရိုဖရဲကုန်းမြေကို ဖန်တီးနိုင်သည်။
" သူက ဖရိုဖရဲမဟာသူတော်စင်မဟုတ်ဘူးဆိုရင် ဘာလို့ ငါ့ကို ဒီလိုသေစေနိုင်တဲ့ ခံစားချက်ကို ပေးနိုင်တာလဲ။ " ဖရိုဖရဲနဂါးသားရဲက စိတ်ရှုပ်ထွေးသွားသည်။
" မင်းခံစားခဲ့ရတဲ့ အန္တရာယ်က အနာဂတ်ကနေ လာတာပဲ။ " အရှင်ကုမင်က စဉ်းစားနေရင်း ပြောလိုက်သည်။
" ဆိုလိုတာက သူက အနာဂတ်မှာ ဖရိုဖရဲမဟာသူတော်စင်ဖြစ်လာမှာပေါ့။ " ဖရိုဖရဲနဂါးသားရဲက အသက်ပြင်းပြင်ရှူလိုက်သည်။
ဖရိုဖရဲအရှင်သခင်များပင် ဖရိုဖရဲမဟာသူတော်စင်အဆင့်သို့ ဝင်ရောက်နိုင်သူက အလွန်ရှားပါးသည်။ သို့သော် သေစေနိုင်သော အန္တရာယ်ကို ပေးနိုင်သည့် လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်ဖြစ်လာရန် ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်ကို ဆိုလိုသည်။ လွှမ်းမိုးခြင်းအဆင့်တစ်ယောက်က ဖရိုဖရဲမဟာသူတော်စင်ဖြစ်လာမည်ဟု မပြောနိုင်ပေ။
" အဲ့လိုဖြစ်နိုင်တယ်။ " အရှင်ကုမင်က သူ၏ အတွေးများကို ထိန်းချုပ်ပြီး ပြောလိုက်သည်။
အမှန်တွင် သူက နောက်ထပခ အတွေးတစ်ခုလည်း ရှိနေသည်။ ၎င်းမှာ လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်ဖြစ်လာလျှင် သာမန် မဟာသူတော်စင်တစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။
" ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ။ " ဖရိုဖရဲနဂါးသားရဲက ခဏစဉ်းစားပြီး မေးလိုက်သည်။
" ဘာလုပ်မှာလဲ။ " အရှင်ကုမင်က ဖရိုဖရဲနဂါးသားရဲကို ကြည့်လိုက်သည်။ " ငါတို့ နည်းလမ်းပေါင်းစုံသုံးပြီး သူနဲ့ ရင်းနှီးအောင်လုပ်ရမှာပေါ့။ "
ခန်းမထဲတွင် လင်းယွမ်နှင့် ဝမ်ချူးတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" နဂါးငွေ့တန်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အစိတ်အပိုင်းကမ္ဘာတွေအားလုံး ဒီမှာရှိတယ်။ လွတ်လွတ်လပ်လပ် ရွေးပါ။ " ဝမ်ချူးက ပြုံး၍ ပြောလိုက်ပြီး သူ၏ ရှေ့တွင် အစိတ်အပိုင်းကမ္ဘာများ ပေါ်လာသည်။
" အားလုံး သင့်တော်ပါတယ်။ " လင်းယွမ်က အစိတ်အပိုင်းကမ္ဘာများကို ကြည့်လိုက်သည်။
သူက အစိတ်အပိုင်းကမ္ဘာများကို ရွေးချယ်ရာတွင် လိုအပ်ချက် နှစ်ခုရှိသည်။ ပထမအချက် အစိတ်အပိုင်းကမ္ဘာများက ဓာတ်ရောင်ခြည်သက်ရောက်မှု အနည်းဆုံးဖြစ်ရမည်။ လူသားမျိုးနွယ်မှ သာမန်လူများက ဖရိုဖရဲဟင်းလင်းပြင်၏ ဓာတ်ရောင်ခြည်သက်ရောက်မှုကို ခံနိုင်ရည်မရှိပေ။ ဒုတိယအချက်မှာ ထိုကမ္ဘာက သေးငယ်၍လည်း မဖြစ်ပေ။ လူသားမျိုးနွယ်က လူဦးရေ များပြာလှပြီး လင်းယွမ်က အားလုံးကို ခေါ်ဆောင်ရန် စီစဉ်ထားသည်။
" ဒီအစိတ်အပိုင်းကမ္ဘာပဲ။ " လင်းယွမ်က အစိတ်အပိုင်းကမ္ဘာတစ်ခုကို ကြည့်လိုက်သည်။
ထိုအစိတ်အပိုင်းကမ္ဘာက ကြီးမားပြီး ပင်မစကြာဝဠာ၏ တစ်ထောင်ပုံတစ်ပုံခန့် ကျယ်ဝန်းသည်။ ထိုနေရာက လူသားမျိုးနွယ်တစ်ခုလုံးကို ထားရှိရန် လုံလောက်သည်။ ထို့အပြင် ထိုအစိတ်အပိုင်းကမ္ဘာက ကြယ်မျက်ရည်ကျောက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကြယ်မျက်ရည်ကျောက်က အလွန်တန်ဖိုးရှိသည်။ ၎င်းက ဓာတ်ရောင်ခြည်ထုတ်လွှတ်မှုရှိသော်လည်း ထိုဓာတ်ရောင်ခြည်က အကျိုးရှိပြီး သက်ရှိများ၏ ကြီးထွားမှုနှင့် ဆင့်ကဲပြောင်းလဲမှုကို မြှင့်တင်ပေးသည်။
" ဒီအစိတ်အပိုင်းကမ္ဘာအတွက် ဖရိုဖရဲသလင်းကျောက် ဘယ်လောက်လဲ။ " လင်းယွမ်က မေးလိုက်သည်။
အစိတ်အပိုင်းကမ္ဘာများထဲတွင် ၎င်းက လူသားမျိုးနွယ်နေထိုင်ရန် အသင့်တော်ဆုံးဖြစ်သည်။
" ဒီအစိတ်အပိုင်းကမ္ဘာက ကြယ်မျက်ရည်ကျောက်နဲ့ ဖွဲ့စည်းထားတာပဲ။ ကြယ်မျက်ရည်ကျောက် သက်သက်တင် ဖရိုဖရဲသလင်းကျောက်အများကြီး တန်ဖိုးရှိတယ်။ ဒီအစိတ်အပိုင်းကမ္ဘာတစ်ခုလုံးဆိုရင် ဖရိုဖရဲသလင်းကျောက် ၁.၂ သန်း ရှိပါတယ်။ " ဝမ်ချူးက ပြောလိုက်သည်။
" ဖရိုဖရဲသလင်းကျောက် ၁.၂သန်း လား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ " ထားလိုက်တော့။ အရမ်းစျေးကြီးတယ်။ "
ကန်ဝေယန်းချန်ခဲ့သော ဖရိုဖရဲအဆင့် ရတနာကို ရောင်းချလျှင်တောင် ဖရိုဖရဲသလင်းကျောက် ၁.၂သန်း မရရှိပေ။ လူသားမျိုးနွယ်၏ စုစုပေါင်းဖရိုဖရဲသလင်းကျောက်ကလည်း နှစ်သိန်းမကျော်ပေ။
" အင်း တကယ်လည်း စျေးကြီးတယ်။ " ဝမ်ချူးက ခေါင်းညိမ့်လိုက်သည်။ အစိတ်အပိုင်းကမ္ဘာ၏ စျေးနှုန်းက သတ်မှတ်ထားပြီးဖြစ်သောကြောင့် စျေးညှိနိုင်ခြင်းမရှိပေ။
" ညီအကိုနဂါးငွေ့တန်း ငါမင်းကို အခြားအစိတ်အပိုင်းကမ္ဘာတွေ ပြပေးမယ်။ " ဝမ်ချူးက လင်းယွမ်ကို အခြားအစိတ်အပိုင်းကမ္ဘာများနှင့် မိတ်ဆက်ပေးလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခုက ဝမ်ချူး၏ နားထဲသို့ ဝင်ရောက်လာသည်။
" အဲ့ဒီ ကြယ်မျက်ရည်ကျောက်ကမ္ဘာကို.... သူ့ကို ပေးလိုက်။ "
" သူ့ကို ပေးလိုက်ရမှာလား။ " ဝမ်ချူးက အပြင်တွင် တည်ငြိမ်နေသော်လည်း စိတ်ထဲမှ အံ့အားသင့်သွားသည်။
ဖရိုဖရဲသလင်းကျောက် ၁.၂ သန်း တန်ဖိုးရှိသော အစိတ်အပိုင်းကမ္ဘာတစ်ခုကို လင်းယွမ်အား တိုက်ရိုက်ပေးလိုက်ရမှာလား။ သို့သော် အသံပို့လွှတ်ပြီး ပြောဆိုသူက သူ၏ ဆရာဖြစ်သူ ဖရိုဖရဲအရှင်သခင် ကုမင်ပင်ဖြစ်သည်။ အရှင်ကုမင်က လင်းယွမ်ကို ပေးရန် ပြောလျှင် သူက ပေးကိုပေးရမည်ဖြစ်သည်။
" ဆရာ ဘယ်လိုပေးရမှာလဲ။ " ဝမ်ချူးက အရှင်ကုမင်၏ တပည့်တစ်ယောက်ဖြစ်သကဲ့သို့ သူ၏ ဆရာကို ဆက်သွယ်ရန် နည်းလမ်းများစွာ ရှိနေသည်။
" ဒီအတိုင်း အကြောင်းပြချက်တစ်ခုရှာပြီး ပေးလိုက်။ သိပ်မသိသာစေနဲ့။ " အရှင်ကုမင်၏ အသံက ဝမ်ချူး၏ နားထဲသို့ ဝင်ရောက်လာသည်။
ဝမ်ချူး၏ အတွေးများက လှုပ်ရှားသွားပြီး လင်းယွမ်ကို လျို့ဝှက်စွာ ကြည့်လိုက်သည်။ သူ၏ ဆရာအသံမှ လင်းယွမ်ကို ကျေနပ်အောင် လုပ်ပေးပြီး မျက်နှာရရန် ရည်ရွယ်သည်ကို သတိထားမိလိုက်သည်။
ဖရိုဖရဲသလင်းကျောက် ၁.၂သန်း တန်ဖိုးရှိသော အစိတ်အပိုင်းကမ္ဘာတစ်ခုကို လင်းယွမ်အားပေးပြီး လင်းယွမ် သံသယမဝင်အောင်လည်း သင့်လျော်သော အကြောင်းပြချက်တစ်ခု ရှာရဦးမည်ဖြစ်သည်။
ဝမ်ချူးက ထိုအရာများနှင့် ရင်းနှီးနေသည်။ သူက ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ တပည့်ဖြစ်သောကြောင့် အခြားအင်အားကြီးသူများက သူ့ကို မျက်နှာလုပ်လေ့ရှိသည်။ သို့သော် ယခု အရှင်ကုမင်ကိုယ်တိုင်ကလည်း လင်းယွမ်ဆီမှ မျက်နှာရရန် တက်ကြွစွာ ကြိုးစားနေသည်။
အရှင်ကုမင်က အစွမ်းထက်သော ဖရိုဖရဲအရှင်သခင်တစ်ယောက် ဖြစ်သည်။ ဖရိုဖရဲအရှင်သခင်တစ်ယောက်ပင် မျက်နှာရရန် ကြိုးစားနေရသူက ဘယ်လိုအဆင့်အတန်းမျိုး ဖြစ်နိုင်မလဲ။
" နဂါးငွေ့တန်းမှာ နက်ရှိုင်းတဲ့ နောက်ခံတစ်ခုများ ရှိနေလား။ " ဝမ်ချူးက စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
" ဒီအစိတ်အပိုင်းကမ္ဘာတွေလား။ " လင်းယွမ်က ကျန်သော အစိတ်အပိုင်းကမ္ဘာများကို သေချာစစ်ဆေးနေသည်။
အရည်အသွေးအရ ပြောလျှင် ၎င်းတို့ လင်းယွမ်၏ လိုအပ်ချက်များနှင့် ကိုက်ညီလေသည်။ ကြယ်မျက်ရည်ကျောက်ကမ္ဘာလောက် အရည်အသွေးမမြင့်သော်လည်း စျေးနှုန်းများက သင့်တော်လေသည်။
" ဒီတစ်ခုယူလိုက်မယ်။ " လင်းယွမ်က သေချာနှိုင်းယှဉ်ပြီးနောက် အစိတ်အပိုင်းကမ္ဘာတစ်ခုကို ရွေးချယ်လိုက်သည်။
ထိုအစိတ်အပိုင်းကမ္ဘာက သာမန်စကြာဝဠာတစ်ခု အရွယ်အစား၏ တစ်သောင်းပုံတစ်ပုံသာ ရှိသည်။ အားသာချက်မှာ ဓာတ်ရောင်ခြည်သက်ရောက်မှု အနည်းဆုံးဖြစ်ပြီး သာမန်လူသားများကိုလည်း ထိခိုက်စေမည်မဟုတ်ပေ။