အခန်း (၈၁၄)
Vol. 56 Ch. 814
" နဂါးငွေ့တန်း..." ဝမ်ချူးက သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး အစိတ်အပိုင်းကမ္ဘာအားလုံး ပျောက်ကွယ်သွားကာ ကြယ်မျက်ရည်ကျောက်ကမ္ဘာတစ်ခုသာ ကျန်နေခဲ့သည်။
" ဝမ်ချူး။ " လင်းယွမ်က ဝမ်ချူးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
" ငါ ရုတ်တရက် မင်းနဲ့ ရင်းနှီးလာတယ်လို့ ခံစားရတယ်။ မင်း ဒီကြယ်မျက်ရည်ကမ္ဘာကို လိုချင်နယ်ဆိုရင် မင်းယူထားလို့ရတယ်။ ဖရိုဖရဲသလင်းကျောက်တွေက မင်းအဆင်ပြေမှ ပေးလို့ရတယ်။ " ဝမ်ချူးက ပြောလိုက်သည်။
" ငါ့ကို အရင်ပေးထားမှာလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
မည်သည့်နေရာတွင်မဆို တန်ဖိုးပို ပေးချေပြီးမှ ပစ္စည်းကို ရရှိမည်ဖြစ်ပြီး ၎င်းက ကုန်သွယ်မှု၏ အခြေခံအကျဆုံးနိယာမဖြစ်သည်။ အချို့နေရာများတွင် ကြိုတင်စရန်ငွေ ပေးချေခြင်းများရှိသည်။ သို့သော် ပစ္စည်းကို အရင်ယူပြီး တန်ဖိုးကို နောက်မှပေးခြင်းက လက်ဆောင်ပေးခြင်းနှင့် ဘာမှမခြားပေ။
" မတတ်နိုင်ဘူး။ ဒီကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာက အရမ်းစျေးကြီးတော့ ဝယ်သူရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ဒါကို ဒီအတိုင်းထားမယ့်အစား နဂါးငွေ့တန်းကို ပေးလိုက်တာက ပိုကောင်းတယ်လေ။ "
ဝမ်ချူးက ပြုံးလိုက်သည်။ " စိတ်ချပါ နဂါးငွေ့တန်း။ ဒါက ပုံမှန်ကုန်သွယ်မှုတစ်ခုပဲ။ မင်းက ဘာတာဝန် ဘာဖိအားမှ ယူစရာမလိုဘူး။ "
" ပုံမှန်ကုန်သွယ်မှုလား။ " လင်းယွမ်က ဝမ်ချူးကို ကြည့်ပြီး တစ်စုံတစ်ခု ထူးဆန်းနေသည်ကို စိတ်ထဲမှ ခံစားလိုက်ရသည်။
သူက ဝမ်ချူး၏ စကားအဓိပ္ပါယ်ကို နားလည်ပေသည်။ အင်အားကြီးသူများက အခြားတစ်ယောက်ပေါ်တွင် အကြွေးတင်နေမည်ကို မလိုလားကြပေ။ ထို့ကြောင့် ဝမ်ချူးက လင်းယွမ်ကို ဘာတာဝန်မှ မယူစေဘဲ အစိတ်အပိုင်းကမ္ဘာကို လက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်။
" အဲ့ဒါ အရှင်ကုမင်လား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အရှင်ကုမင်၏ တပည့်တစ်ယောက်အနေဖြင့် ဝမ်ချူးက ကြီးမားသော အခွင့်အာဏာကို ပိုင်ဆိုင်သည်။ သို့သော် သူ၏ အခွင့်အာဏာက မည်မျှကြီးမားသည်ဖြစ်စေ ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။ အရှင်ကုမင်၏ ခွင့်ပြုချက်မပါဘဲ ဝမ်ချူးက ဖရိုဖရဲသလင်းကျောက် ၁.၂သန်း တန်ဖိုးရှိသော အစိတ်အပိုင်းကမ္ဘာတစ်ခုကို လက်ဆောင်ပေးရန် မဖြစ်နိုင်ပေ။
" မင်းဘယ်လိုထင်လဲ။ မင်းသဘောတူရင် ဒီကိစ္စကို အပြီးသတ်ပြီး ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာရဲ့ ပိုင်ဆိုင်မှုကို ချက်ချင်း လွှဲပြောင်းပေးနိုင်တယ်။ " ဝမ်ချူးက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က လုံးဝ တုန့်ဆိုင်းမနေပေ။
မည်သည့်အရာမှ တာဝန်ယူစရာမလိုဘဲ ဖရိုဖရဲသလင်းကျောက် ၁.၂ သန်းရှိသော အစိတ်အပိုင်းကမ္ဘာတစ်ခုကို လက်ဆောင်ပေးခြင်းက လက်မခံနိုင်စရာအကြောင်းမရှိပေ။
လူသားမျိုးနွယ်က သူတို့၏ ပင်မစကြာဝဠာမှ ထွက်ခွာလာခြင်းဖြစ်သည်။ သူတို့၏ အိမ်အသစ်က ပိုမိုကောင်းမွန်လေ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုက ပိုအကျိုးရှိလေဖြစ်သည်။ လင်းယွမ်က တွန့်ဆုတ်နေစရာ မကြောင်းမရှိပေ။
" ကောင်းပြီ။ ဒါက ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာရဲ့ ထိန်းချုပ်အမြုတေပဲ။ " ဝမ်ချူးက သူ၏ လက်ဖြန့်ပြီး သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။
ဖရိုဖရဲနဂါးသားရဲက ဥက္ကာခဲများကို ဖျက်ဆီးပြီး အစိတ်အပိုင်းကမ္ဘာများအဖြစ် ဖွဲ့စည်းကာ ကုမင်ဖရိုဖရဲကုန်းမြေ၏ မဟာမှော်အင်းကွက်ထဲသို့ ပေါင်းစည်းခဲ့သည်။ ထိုသလင်းကျောက်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာကို ထိန်းချုပ်နိုင်သည်။
လင်းယွမ်က သလင်းကျောက်ကို လက်ခံပြီး အနည်းငယ် လေ့လာလိုက်သည်။ ထိုနောက် ဝမ်ချူးက လင်းယွမ်နှင့် စကားပြောဆိုနေခဲ့ပြီး အစိတ်အပိုင်းကမ္ဘာအတွက် အသုံးပြုပုံများကို မိတ်ဆက်ပေးခဲ့သည်။ ဝမ်ချူးနှင့် လမ်းခွဲပြီးနောက် လင်းယွမ်က ခန်းမထဲမှ ထွက်ခွာသွားသည်။
" အရှင်ကုမင်က ဘာလို့ ငါ့ကို အစိတ်အပိုင်းကမ္ဘာတစ်ခု လက်ဆောင်ပေးရတာလဲ။ " လင်းယွမ်က လမ်းလျှောက်ရင်း စဉ်းစားနေသည်။
ပထမဆုံး အရှင်ကုမင်က သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်မရှိသည်မှာ သေချာသည်။ ဖရိုဖရဲအရှင်သခင်တစ်ယောက်အနေဖြင့် အရှင်ကုမင်က လင်းယွမ်ကို သတ်ချင်လျှင် ဤကိုယ်ပွားက ယခုအချိန်ထိ ရှိနေတော့မည်မဟုတ်ပေ။
ထို့အပြင် လင်းယွမ်က အရှင်ကုမင်နှင့် ပက်သက်ခြင်းမရှိသောကြောင့် ပြဿနာများ၊ ရန်ငြိုးများ မရှိသည်မှလည်း သေချာသည်။
" ဘာပဲဖြစ်ဖြစ် လူသားမျိုးနွယ်အတွက် နယ်မြေအသစ်ကို စိတ်ပူစရာမလိုတော့ဘူး။ " လင်းယွမ်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာကို ကြည့်ပြီး တွေးလိုက်သည်။
ဖရိုဖရဲကုန်းမြေ၏ နက်ရှိုင်းရာတွင် အရှင်ကုမင်နှင့် ဖရိုဖရဲနဂါးသားရဲတို့က အဖြစ်အပျက်များကို စောင့်ကြည့်နေသည်။
" နဂါးငွေ့တန်းက အစိတ်အပိုင်းကမ္ဘာကို လက်ခံလိုက်ပြီ။ " အရှင်ကုမင်က သက်ပြင်းချပြီး ပြုံးလိုက်သည်။
ဖရိုဖရဲနဂါးသားရဲ၏ ကြိုတင်သိမြင်နိုင်စွမ်းအရ သူက လင်းယွမ်ကို အနာဂတ်တွင် ဖရိုဖရဲမဟာသူတော်စင်တစ်ပါး ဖြစ်လာလိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။ ထိုသို့သော အကန့်အသတ်မဲ့အလားအလာကို ပိုင်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ယောက်ကို ဆန့်ကျင်ခြင်းက ကိုယ်သေတွင်းကိုယ်တူးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
နောက်တစ်ခုမှာ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမည်ဖြစ်သည်။ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရာတွင် တစ်ဖက်လူကို ဖိအားဖြစ်စေခြင်း သို့မဟုတ် စိတ်မသက်မသာ ဖြစ်စေ၍မရပေ။
ဥပမာ ဖရိုဖရဲအရှင်သခင်ကိုယ်တိုင်ပေါ်လာပြီး လင်းယွမ်ကို ရတနာအမျိုးမျိုး ပေးခဲ့လျှင် လင်းယွမ်က ပို၍ သတိထားသွားပေလိမ့်မည်။ ၎င်းက အကျိုးထက် အရှုံးပိုများသွားနိုင်သည်။ တစ်ဖက်က တစ်စုံတစ်ခုကို လိုအပ်နေချိန်တွင် နောက်ကွယ်မှ လျို့ဝှက်စွာ ကူညီပေးခြင်းက အကောင်းဆုံး ချဉ်းကပ်မှုဖြစ်သည်။
" ဝမ်ချူးကို ဒီလိုလုပ်ဖို့ နောက်ကွယ်က ညွှန်ကြားခဲ့တာ မင်းဆိုတာ နဂါးငွေ့တန်းက သိမှာသေချာတယ်။ " ဖရိုဖရဲနဂါးသားရဲက ပြောလိုက်သည်။
" အဲ့ဒါကတော့ သေချာတာပေါ့။ " အရှင်ကုမင်က ခေါင်းညိမ့်လိုက်သည်။
" ဒါပေမယ့် မင်းရဲ့ ကြိုတင်သိမြင်နိုင်စွမ်းက သေချာပေါက် သေမယ့်ဘေးကို ခံစားမိတာက တကယ်ကို ထူးဆန်းလွန်းတယ်။ " အရှင်ကုမင်က အံ့ဩနေဆဲ ဖြစ်သည်။
အနာဂတ်က မသေချာပေ။ သေးငယ်သော လုပ်ဆောင်ချက်တစ်ခုက မရေတွက်နိုင်သော အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်သည်။
ဖရိုဖရဲနဂါးသားရဲက မဟာသူတော်စင်များ၏ ဆက်ခံသူများ သို့မဟုတ် မျိုးဆက်များကဲ့သို့ ပါရမီရှင်များနှင့် မစိမ်းလှပေ။ သို့သော် ထိုသို့သော ပါရမီရှင်များနှင့် ရင်ဆိုင်ရချိန်တွင် ဖရိုဖရဲနဂါးသားရဲက အန္တရာယ်အနည်းငယ်ကိုသာ ခံစားခဲ့ရသည်။ ဆိုလိုသည်မှာ ထိုပါရမီရှင်မထားက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာရန် ဖြစ်နိုင်ခြေအလွန်နည်းသေးသည်ဖြစ်သည်။
သို့သော် လင်းယွမ်ဆီက လုံးဝ သေစေနိုင်သော အန္တရာယ်ကို ခံစားခဲ့ရသည်။ အကယ်၍ လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သာ မဟုတ်လျှင် ဖရိုဖရဲနဂါးသားရဲက လင်းယွမ်ကို မကြာမီ ဖရိုဖရဲမဟာသူတော်စင်အဖြစ်သို့ တက်လှမ်းတော့မည်ဟု ယုံကြည်မိပေလိမ့်မည်။
" အဲ့ဒါက မယုံကြည်နိုင်စရာကောင်းတယ်။ " ဖရိုဖရဲနဂါးသားရဲက ခေါင်းညိမ့်လိုက်သည်။
သူကိုယ်တိုင်လည်း ထိုအချိန်က ထိတ်လန့်သွားခဲ့ပြီး သူ၏ ကြိုတင်သိမြင်နိုင်စွမ်းကိုပင် မှားယွင်နေသလားဟု သံသယဝင်ခဲ့မိသည်။
" မင်းရဲ့ ကြိုတင်သိမြင်နိုင်စွမ်းက အန္တရာယ်တွေကိုပဲ ခံစားလို့ရပြီး အသေးစိတ်အချက်အလက်တွေကို မသိနိုင်တာ နှမြောစရာပဲ။ မဟုတ်ရင် နဂါးငွေ့တန်းနဲ့ ပိုပြီး ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်လို့ရတယ်။ " အရှင်ကုမင်က သက်ပြင်းချပြီး ပြောလိုက်သည်။
လက်ရှိတွင် သူက လင်းယွမ်ကို မနှောက်ယှက်ဘဲ ကောင်းမွန်သော ဆက်ဆံရေးရှိရန်သာ ကြိုးစားပြီး စစ်မှန်သော ရင်းနှီးမှုနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ စစ်မှန်သော ရင်းနှီးမှုကို တည်ဆောက်ခြင်းက ထင်သလောက်မလွယ်ကူပေ။
လင်းယွမ်၏ စိတ်နေသဘောထားကို နက်ရှိုင်းစွာ မသိဘဲ အရှင်ကုမင်က လွန်လွန်ကျူးကျူး မလုပ်ရဲပေ။ သူက လင်းယွမ်ကို စိတ်ပျက်စေပြီး ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်သွားနိုင်သည်။ ထိုအစိတ်အပိုင်းကမ္ဘာကို ပေးအပ်ခဲ့ခြင်းမှာ လင်းယွမ်က ၎င်းကို အမှန်တကယ်အလိုရှိကြောင်း မြင်တွေခဲ့သောကြောင့်သာ ဖြစ်သည်။
" တကယ်လို့ ငါက အန္တရာယ်တွေထက် ကျော်လွန်တဲ့ မြင်ကွင်းတွေကိုသာ မြင်တွေ့နိုင်ရင် လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်မှာ ရပ်နေပါ့မလား။ " ဖရိုဖရဲနဂါးသားရဲက ပြောလိုက်သည်။
ကြိုတင်သိမြင်နိုင်စွမ်းဆိုသည်မှာ အချိန်ကို အခြေခံသော စွမ်းရည်ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုစွမ်းရည်က အလွှာဆယ့်သုံး အချိန်သက်ရှိများအတွက် ဖြစ်သည်။ သူက အန္တရာယ်ကို အာရုံခံနိုင်ခြင်းမှာ သူ၏ ထူးခြားသော အချိန်သွေးမျိုးဆက်ကြောင့်သာ ဖြစ်သည်။
" အလွှာဆယ့်သုံး အချိန်သက်ရှိတွေက အချိန်အတိုင်းအတာတစ်ခုကနေ တစ်ခုကို စောင့်ကြည့်နိုင်တယ်လို့ ပြောကြတယ်။ သူတို့အတွက်တော့ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကို ပုံဖော်ဖို့ ပစ္စုပ္ပန်မှာ စီစဉ်ဆောင်ရွက်နိုင်တာက ဖြစ်နိုင်တဲ့ ကိစ္စပဲ။ " အရှင်ကုမင်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။
၎င်းက အလွှာဆယ့်သုံး အချိန်သက်ရှိသာဖြစ်သည်။ အကယ်၍ အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိများက သူတို့၏ အနာဂတ်ကို စိတ်ကြိုက် ပုံဖော်နိုင်ကြသည်။ သူတိုလက အနာဂတ်ကို စိတ်တိုင်းမကျလျှင် သူတို့ကိုသူတို့ ပြန်လည်စုစည်းပြီး အတိတ်သို့ ပြန်သွားကာ စိတ်ကျေနပ်သော အနာဂတ်ကို ပြောင်းလဲကြမည်ဖြစ်သည်။
" အလွှာဆယ့်သုံး အချိန်သက်ရှိက ဝေးကွာလွန်းတယ်။ သူတို့က စကြာဝဠာခေတ်အဆက်ဆက်မှာ ဖရိုဖရဲမဟာသူတော်စင်တွေရဲ့ လိုက်လံရှာဖွေခြင်း ခံရတဲ့ သူတွေပဲ။ ဖရိုဖရဲဟင်းလင်းပြင်မှာ ရှိပေမယ့် ဘယ်တော့မှ မရှာတွေ့နိုင်တဲ့ တည်ရှိမှုတွေပေါ့။ " ဖရိုဖရဲနဂါးသားရဲက မှတ်ချက်ချလိုက်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များက သူတို့၏ ဘဝတစ်လျှောက်လုံး အလွှာဆယ့်သုံး အချိန်သက်ရှိများကို ရှာဖွေခြင်း ကုန်ဆုံးခဲ့ကြသည်။
" မှန်တယ်။ တကယ်ဝေးကွာလွန်းတယ်။ " အရှင်ကုမင်က ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် နဂါးငွေ့တန်းက ငါတို့အနီးမှာရှိနေတယ်။ "
အနာဂတ် ဖရိုဖရဲမဟာသူတော်စင်တစ်ပါးနှင့် နီးကပ်စွာ နေရခြင်းကြောင့် သူက ဂရုတစိုက် ဆက်ဆံပြီး လိုအပ်သည့်အချိန်တွင် အကူအညီပေးနိုင်သရွေ့ ရရှိမည့်အကျိုးကျေးဇူးက အကန့်အသတ်မရှိပေ။